• . ဆင်ပြောင်ကြီး အမြီးကျမှတစ်
    ****************************

    >> ရော့.. ဒီမှာပုလင်းတစ်လုံး အဲ့ဒီပုလင်းထဲကို
    ဆင်တစ်ကောင်ဖမ်းပြီးထည့်ခဲ့ ...
    ပြီးရင်ကျသင့်ငွေ တင်တောင်းလိုက် ...

    >> ဗျာ ... ဆင်အကြီးကြီးကို ဒီပုလင်း ...
    အသေးလေးထဲ ဘယ်လိုထည့်လို့ရမှာလဲဗျာ ...

    >> တော်တော်အသုံးမကျတဲ့ကောင်
    ကြိုးစားကြည့်မယ်မရှိဘူး. ...

    နောက်ထပ်ဘာအလုပ်မှမပေးတော့ဘူး.. ...
    သွားတော့ ...
    နောက်တစ်ယောက် ...

    >> မင်းကတော့ ပညာရှင်ဆိုတော့ ပုလင်းထဲကို
    ဆင်ဘယ်လိုထည့်ရမယ်ဆိုတာသိမှာပေါ့ ...
    ငါ့ကိုအဲ့ကိစ္စလေး မြန်မြန်လုပ်ပေးစမ်းကွာ ..
    မင်းရဲ့ပညာကြေးကိုလည်း ကျသလောက်ယူသွား ...

    >> ဒီလိုပါဗျ သီအိုရီအရ အထည့်ခံရမယ်ပစ္စည်းဟာ
    ထည့်မယ့်ပစ္စည်းထက်ကြီးရမှာဖြစ်သလို...
    ထည့်မယ့်ပစ္စည်းရဲ့ အလေးချိန်ကိုလည်းခံနိုင်မယ့်
    ကြံ့ခိုင်မှုမျိုးရှိရပါမယ် ပြီးတော့ ...

    >> အာ အဲ့ဒါတွေမသိချင်ဘူး မင်းလုပ်နိုင်လား
    မလုပ်နိုင်ဘူးလားပဲပြော ... 🗣

    >> သီအိုရီအရ မဖြစ်နိုင်လို့ပါခင်ဗျ

    >> တော်ပြီး မင်းမလုပ်နိုင်လည်း လုပ်နိုင်တဲ့သူပဲ ခိုင်းမယ် ...
    အလကားကောင် သူအသုံးမကျတာကို
    သီအိုရီကြောင့် ဘာကြောင့်နဲ့လွှဲချတယ် ... 🗣

    နောက်တစ်ယောက် ...

    >> မင်းကရော ဘာအလုပ်လုပ်လဲ ...

    >> ကျွန်တော်လား အကုန်လုပ်ပါတယ်ဗျ
    ဘာဖြစ်ဖြစ်ခိုင်းပါ ဖြစ်အောင်လုပ်ပေးပါ့မယ်ဗျ ...

    >> အေး ကြိုက်သွားပြီ ဒီလိုလူမျိုးကို
    ငါက ရှာနေတာ ...

    >> ဒီလိုကွာ ဒီပုလင်းအသေးလေးထဲကို
    ဆင်တစ်ကောင်ဖမ်းပြီးထည့်ချင်တာကွ ...
    ရမလား ... 🗣

    >> ဟုတ် ရတော့ ရမှာပါ ....
    သိပ်တော့မလွယ်လောက်ဖူး ...
    ဒါပေမယ့် ဖြစ်အောင်ကြိုးစားပြီးလုပ်ပေးပါ့မယ် ...

    အချိန်တော့နည်းနည်းပေးပါဗျ ...
    ပြီးတော့ ပိုက်ဆံလည်း နည်းနည်းတော့
    ကုန်မယ်နော် ...

    >> အာ ရတယ် အချိန်လည်းယူ သိပ်တော့
    မကြာစေနဲ့ ပိုက်ဆံကတော့ မင်းလိုသလောက်
    တင်ပြီး အရစ်ကျထုတ်လိုက်ကွာ ...

    >> ခုလောလောဆယ်တော့ ကြိုငွေလေး
    ထုတ်သွားလိုက်ပါ့မယ် ...
    .
    .
    .
    >> ဟေ့မင်းအလုပ်အဆင်ပြေလား
    ဘယ်အခြေအနေရောက်ပြီလဲ ... 🗣

    >> အခု ဆင်တော့ဖမ်းမိထားပါပြီ
    နောက်နှစ်ရက်လောက်ဆို လိုအပ်တာ
    ပြင်ဆင်ပြီး ပုလင်းထဲစထည့်ပါမယ် ...
    ခုပိုက်ဆံလိုလို့လာထုတ်တာပါ ...

    >> အေးအေးလိုတာယူသွား မြန်မြန်တော့လုပ် ...
    .
    .
    .

    >> ဟေ့မင်းလာတာနဲ့အတော်ပဲ ပြောပါအုန်းကွ
    လုပ်ငန်းအခြေအနေလေး ငါလည်း လူကြီးကို
    ပြန်ပြောရမှာကွ....

    >> အဆင်ပြေပါတယ် ခေါင်းနဲ့ရှေ့
    ခြေနှစ်ချောင်းတော့ ဝင်သွားပါပြီ ဆက်လုပ်ဖို့
    အသုံးလိုလို့ ပိုက်ဆံလာထုတ်တာပါ ...

    >> ဟုတ်လား တော်တော်နီးစပ်နေပြီပဲ
    ဆက်လုပ်ဆက်လုပ် ပိုက်ဆံလည်းယူသွား
    ငါလည်း သတင်းကောင်းလေးသွား
    ပြောလိုက်အုံးမယ် ...
    .
    .
    .

    >> ဟေ့ ရပြီလား ဘယ်မှာလဲ ...

    >> ရတော့ပါမယ်ဗျ ခုတစ်ကိုယ်လုံး
    ထည့်ပြီးပါပြီဗျ အမြှီးလေးပဲကျန်ပါတော့တယ်

    နောက်၅ရက်လောက်ဆို လာပေးပါ့မယ်ဗျ ...
    ခုတော့ အသုံးလိုနေတာလေး ...

    >> ဟေ့ဟေ့ သူ့ကိုလိုတဲ့ပိုက်ဆံထုတ်ပေးလိုက်ကြ ...
    .
    .
    .
    >> ဟေ့ မင်းပြောတော့ ၅ရက်လောက်
    ကြာအုန်းမယ်ဆို ဘယ်လိုဖြစ်လို့ ...

    >> ဟုတ်ပါတယ်ဗျာ ကျွန်တော်တို့အဖွဲ့လည်း
    နေ့မအိပ် ညမအိပ်ကြိုးစားပြီး လုပ်ကြပါတယ်ဗျာ ...
    ခုဟာက တော်တော်လေးလဲပြီးနေပါပြီ တကိုယ်လုံး
    လည်းထည့်လို့ရနေပြီ ...

    အမြှီးလေးကျန်တော့မှ အတင်းထည့်လိုက်တာ
    ပုလင်းနဲ့မဆိုသလောက်လေးကြပ်ပြီး
    ကွဲသွားတယ်ဗျာ ...
    ကျွန်တော် ထပ်ကြိုးစားပေးရမလား ...

    >> အင်းတော်ပါပြီကွာ မင်းလည်းကြိုးစားတာပဲ
    ခုဟာက ရခါနီးမှ အဆင်မပြေဖြစ်သွားတာကိုး
    ထားလိုက်ပါတော့ ...

    >> ဟုတ်ကဲ့ပါဗျ နောက်လိုတာရှိလည်းခိုင်းပါ ...

    >> အေးအေး ငါလည်းလူကြီးတွေကိုသွားပြီး
    တင်ပြလိုက်အုံးမယ် မင်းကိုလည်းနောက်မှ
    ဆုပေးအုန်းမယ် ...

    အဲ့သလိုနဲ့ ...
    ဆင်ပြောင်ကြီး အမြှီးမှတစ်တဲ့အကြောင်း
    လူကြီးတွေအကြားမှာ စွန့်စားခန်းကြီးတစ်ခုလို
    ပြောစမှတ်ဖြစ်နေတာပေါ့ ...

    ဆင်ကြီးကိုပုလင်းထဲထည့်ခိုင်းသူကတော့
    ရာထူးတွေတက်ပြီး ဆင်ကြီးကိုပုလင်းထဲ
    ထည့်ပေးတဲ့သူကတော့ ဂုဏ်ပြုခံရပြီ
    နောက်လုပ်ငန်းတွေလည်း ထပ်လုပ်ခွင့်
    ရသွားတာပေါ့ ...

    ဒါပါပဲ ..

    ခင်ဗျားတို့ကိုပြောပြရတာလည်း
    မောလိုက်တာဗျာ ... မအားရတဲ့ကြားထဲ ...

    ကျွန်တော်လား??? ..
    မအားသေးဘူးလေဗျာ ...

    ဆင်လိုက်ဖမ်းရအုန်းမယ် ...

    crd
    via jack sparrow
    . 🐘 ဆင်ပြောင်ကြီး အမြီးကျမှတစ် 🐘 **************************** >> ရော့.. ဒီမှာပုလင်းတစ်လုံး အဲ့ဒီပုလင်းထဲကို ဆင်တစ်ကောင်ဖမ်းပြီးထည့်ခဲ့ ... 🐘 ပြီးရင်ကျသင့်ငွေ တင်တောင်းလိုက် ... 💵 >> ဗျာ ... ဆင်အကြီးကြီးကို ဒီပုလင်း ... 🐘 အသေးလေးထဲ ဘယ်လိုထည့်လို့ရမှာလဲဗျာ ... 🧂 >> တော်တော်အသုံးမကျတဲ့ကောင် ကြိုးစားကြည့်မယ်မရှိဘူး. ... 😏 နောက်ထပ်ဘာအလုပ်မှမပေးတော့ဘူး.. ... သွားတော့ ... နောက်တစ်ယောက် ... 🚶 >> မင်းကတော့ ပညာရှင်ဆိုတော့ ပုလင်းထဲကို ဆင်ဘယ်လိုထည့်ရမယ်ဆိုတာသိမှာပေါ့ ... ငါ့ကိုအဲ့ကိစ္စလေး မြန်မြန်လုပ်ပေးစမ်းကွာ .. မင်းရဲ့ပညာကြေးကိုလည်း ကျသလောက်ယူသွား ... 💵 >> ဒီလိုပါဗျ သီအိုရီအရ အထည့်ခံရမယ်ပစ္စည်းဟာ ထည့်မယ့်ပစ္စည်းထက်ကြီးရမှာဖြစ်သလို... ထည့်မယ့်ပစ္စည်းရဲ့ အလေးချိန်ကိုလည်းခံနိုင်မယ့် ကြံ့ခိုင်မှုမျိုးရှိရပါမယ် ပြီးတော့ ... >> အာ အဲ့ဒါတွေမသိချင်ဘူး မင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလားပဲပြော ... 🗣 >> သီအိုရီအရ မဖြစ်နိုင်လို့ပါခင်ဗျ >> တော်ပြီး မင်းမလုပ်နိုင်လည်း လုပ်နိုင်တဲ့သူပဲ ခိုင်းမယ် ... အလကားကောင် သူအသုံးမကျတာကို သီအိုရီကြောင့် ဘာကြောင့်နဲ့လွှဲချတယ် ... 🗣 နောက်တစ်ယောက် ... >> မင်းကရော ဘာအလုပ်လုပ်လဲ ... >> ကျွန်တော်လား အကုန်လုပ်ပါတယ်ဗျ ဘာဖြစ်ဖြစ်ခိုင်းပါ ဖြစ်အောင်လုပ်ပေးပါ့မယ်ဗျ ... >> အေး ကြိုက်သွားပြီ ဒီလိုလူမျိုးကို ငါက ရှာနေတာ ... >> ဒီလိုကွာ ဒီပုလင်းအသေးလေးထဲကို ဆင်တစ်ကောင်ဖမ်းပြီးထည့်ချင်တာကွ ... 🐘 ရမလား ... 🗣 >> ဟုတ် ရတော့ ရမှာပါ .... သိပ်တော့မလွယ်လောက်ဖူး ... ဒါပေမယ့် ဖြစ်အောင်ကြိုးစားပြီးလုပ်ပေးပါ့မယ် ... အချိန်တော့နည်းနည်းပေးပါဗျ ... ပြီးတော့ ပိုက်ဆံလည်း နည်းနည်းတော့ ကုန်မယ်နော် ... 💵 >> အာ ရတယ် အချိန်လည်းယူ သိပ်တော့ မကြာစေနဲ့ ပိုက်ဆံကတော့ မင်းလိုသလောက် တင်ပြီး အရစ်ကျထုတ်လိုက်ကွာ ... 💵 >> ခုလောလောဆယ်တော့ ကြိုငွေလေး ထုတ်သွားလိုက်ပါ့မယ် ... 💵 . . . >> ဟေ့မင်းအလုပ်အဆင်ပြေလား ဘယ်အခြေအနေရောက်ပြီလဲ ... 🗣 >> အခု ဆင်တော့ဖမ်းမိထားပါပြီ နောက်နှစ်ရက်လောက်ဆို လိုအပ်တာ ပြင်ဆင်ပြီး ပုလင်းထဲစထည့်ပါမယ် ... ခုပိုက်ဆံလိုလို့လာထုတ်တာပါ ... 💵 >> အေးအေးလိုတာယူသွား မြန်မြန်တော့လုပ် ... . . . >> ဟေ့မင်းလာတာနဲ့အတော်ပဲ ပြောပါအုန်းကွ လုပ်ငန်းအခြေအနေလေး ငါလည်း လူကြီးကို ပြန်ပြောရမှာကွ.... >> အဆင်ပြေပါတယ် ခေါင်းနဲ့ရှေ့ ခြေနှစ်ချောင်းတော့ ဝင်သွားပါပြီ ဆက်လုပ်ဖို့ အသုံးလိုလို့ ပိုက်ဆံလာထုတ်တာပါ ... 💵 >> ဟုတ်လား တော်တော်နီးစပ်နေပြီပဲ ဆက်လုပ်ဆက်လုပ် ပိုက်ဆံလည်းယူသွား ငါလည်း သတင်းကောင်းလေးသွား ပြောလိုက်အုံးမယ် ... 💵 . . . >> ဟေ့ ရပြီလား ဘယ်မှာလဲ ... >> ရတော့ပါမယ်ဗျ ခုတစ်ကိုယ်လုံး ထည့်ပြီးပါပြီဗျ အမြှီးလေးပဲကျန်ပါတော့တယ် နောက်၅ရက်လောက်ဆို လာပေးပါ့မယ်ဗျ ... ခုတော့ အသုံးလိုနေတာလေး ... 😊 >> ဟေ့ဟေ့ သူ့ကိုလိုတဲ့ပိုက်ဆံထုတ်ပေးလိုက်ကြ ... . . . >> ဟေ့ မင်းပြောတော့ ၅ရက်လောက် ကြာအုန်းမယ်ဆို ဘယ်လိုဖြစ်လို့ ... >> ဟုတ်ပါတယ်ဗျာ ကျွန်တော်တို့အဖွဲ့လည်း နေ့မအိပ် ညမအိပ်ကြိုးစားပြီး လုပ်ကြပါတယ်ဗျာ ... ခုဟာက တော်တော်လေးလဲပြီးနေပါပြီ တကိုယ်လုံး လည်းထည့်လို့ရနေပြီ ... အမြှီးလေးကျန်တော့မှ အတင်းထည့်လိုက်တာ ပုလင်းနဲ့မဆိုသလောက်လေးကြပ်ပြီး ကွဲသွားတယ်ဗျာ ... ကျွန်တော် ထပ်ကြိုးစားပေးရမလား ... >> အင်းတော်ပါပြီကွာ မင်းလည်းကြိုးစားတာပဲ ခုဟာက ရခါနီးမှ အဆင်မပြေဖြစ်သွားတာကိုး ထားလိုက်ပါတော့ ... >> ဟုတ်ကဲ့ပါဗျ နောက်လိုတာရှိလည်းခိုင်းပါ ... >> အေးအေး ငါလည်းလူကြီးတွေကိုသွားပြီး တင်ပြလိုက်အုံးမယ် မင်းကိုလည်းနောက်မှ ဆုပေးအုန်းမယ် ... အဲ့သလိုနဲ့ ... ဆင်ပြောင်ကြီး အမြှီးမှတစ်တဲ့အကြောင်း လူကြီးတွေအကြားမှာ စွန့်စားခန်းကြီးတစ်ခုလို ပြောစမှတ်ဖြစ်နေတာပေါ့ ... 🐘 ဆင်ကြီးကိုပုလင်းထဲထည့်ခိုင်းသူကတော့ ရာထူးတွေတက်ပြီး ဆင်ကြီးကိုပုလင်းထဲ ထည့်ပေးတဲ့သူကတော့ ဂုဏ်ပြုခံရပြီ နောက်လုပ်ငန်းတွေလည်း ထပ်လုပ်ခွင့် ရသွားတာပေါ့ ... ဒါပါပဲ .. ခင်ဗျားတို့ကိုပြောပြရတာလည်း မောလိုက်တာဗျာ ... မအားရတဲ့ကြားထဲ ... ကျွန်တော်လား??? .. မအားသေးဘူးလေဗျာ ... 🚶 ဆင်လိုက်ဖမ်းရအုန်းမယ် ... 🐘 crd via jack sparrow
    Like
    Care
    2
    ¡ 2 Comments ¡0 Shares ¡3K Views
  • သေခါနီး ဘာကို နှလုံးသွင်းမလဲ
    *********************

    ထွက်လေ ဝင်လေကိုလည်း အားမကိုးပါနဲ့။
    သေဝေဒနာကို အာနာပါနအဆင့်နဲ့ မဖြိုနိုင်ပါဘူး။ အဖေ အမေ ချစ်သူ ခင်သူ ဘယ်သူ့ကိုမှ အားကိုးဖို့ မမျှော်လင့်ပါနဲ့။ ဝိပဿနာကိုသာ အားကိုးပါ။

    မနေခင် အမြဲနှလုံးသွင်းနေတာက လောဘ - ဒေါသ - မောဟ။ လောဘနှင့်သေ
    ပြိတ္တာ၊ ဒေါသနှင့်သေ ငရဲ၊ မောဟနှင့်သေ တိရစ္ဆာန်။ ကြိုက်ရာလမ်းကိုရွေး။ဒီလမ်းတွေကို မကြိုက်မှန်းသိရင် ဒီစိတ်နဲ့ မသေနဲ့ပေါ့ရှင်းရှင်းလေးပါ။

    လောဘ၊ ဒေါသ၊ မောဟနဲ့ရောပြီး အာသန္နကံအဖြတ်ကောင်းလို့ လူဖြစ်သော်လည်း အဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။ တိရစ္ဆာန်အသိစိတ်နဲ့ လူဖြစ်လေတော့ မဂ်ရဖို့ အတော်ဝေးဝေးပဲ။

    အလောဘ၊ အဒေါသ ဒီနှစ်ပါးနဲ့သေရင် ဒွိဟိတ်ပုဂ္ဂိုလ်၊ ကလျာဏပုထုဇဉ်၊ သူတော်ကောင်းဖြစ်လိမ့်မယ်။ အလောဘ၊ အဒေါသ၊ အမောဟနဲ့ သေရင်(ဝိပဿနာ နှလုံးသွင်း၍ သေသောသူ) တိဟိတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။

    ရောက်ရာ သုဂတိဘဝ၌ အပါယ်ပိတ်တရားနှင့် တွေ့ရပါမည်။ ယခုဘဝမှာ သစ္စာတရားကို အလွန်ကြိုက်လျှင်၊ သံသရာမှလွတ်မြောက်လိုသော စိတ်အလျဉ်အားကောင်းလျှင် တိဟိတ်ပုဂ္ဂိုလ်။

    ယခုဘဝမှာပင် အပါယ်တံခါးပိတ်၍ သုဂတိမှ နိဗ္ဗာန်ထိအောင်ပါပဲ။ တရားလည်းနာ နာတဲ့အတိုင်းလည်း ကျင့်ကြံနေသူတွေပါ။ ယခုဘဝမှာ ဒါနတရား၊ သီလတရားနှင့်သာ ပျော်မွေ့နေရင် ဒွိဟိတ်ပုဂ္ဂိုလ်။ သူတော်ကောင်းပါပဲ။ သို့သော် အပါယ်တံခါး မပိတ်သေးပါဘူး။

    ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ ဘုရားတရားကိုနာရ၍သော်လည်းကောင်း၊ သက္ကာယဒိဋ္ဌိပြုတ်အောင်ဟောနိုင်တဲ့ ဘုရားသားတော် တပည့်သားများနဲ့ဆရာသမားများနဲ့တွေ့လို့ အဲ့ဒီတရားမျိုးကိုနာရ၍သော်
    လည်းကောင်းဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုရင် အရင်နာဖူးတဲ့တရားကို ကိုယ့်ဟာကိုယ်ရှုပွားပြီး၊ ဒါကလည်း နာဖူးတဲ့တရားရှိမှနော်၊ သက္ကာယဒိဋ္ဌိဖြုတ်တဲ့ တရားကိုနားဖူးမှသာ ရပါမယ်။

    ပန်းကလေးလှူတာ အောက်မေ့ပါတယ်၊ ညောင်ရေအိုးကလေး အောက်မေ့ပါတယ်၊ ဒီလောက်ပြောနေတာမဟုတ်ဘူး။ ပန်း ညောင်ရေအိုးဆိုတာက ဒါနကုသိုလ်မို့ နတ်ပြည် သုဂတိကိုတော့ မုချကျေးဇူးများမယ်။

    ဒီမှာက ဒီလိုမဟုတ်ဘူး....... ဝေဒနာနိရောဓာ ဖြစ်တဲ့အတွက် တဏှာနိရောဓော ဒိဋ္ဌိနိရောဓော အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်ပါတယ်။

    ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး၊ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကိုလုပ်ပြီး သေမယ်ဆိုရင် မသေခင်စပ်ကြား သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်နိုင်ပါတယ်။ သို့တည်းမဟုတ် အရိယာမဖြစ်ဘဲ သေခဲ့သည်ရှိသော်လည်း နောင်ဘဝမှာ အရိယာဖြစ်နိုင်ပါတယ်။

    မိုးကုတ်ဆရာတော်ဘုရားကြီး

    သေခါနီး ဘာကို နှလုံးသွင်းမလဲ ********************* ထွက်လေ ဝင်လေကိုလည်း အားမကိုးပါနဲ့။ သေဝေဒနာကို အာနာပါနအဆင့်နဲ့ မဖြိုနိုင်ပါဘူး။ အဖေ အမေ ချစ်သူ ခင်သူ ဘယ်သူ့ကိုမှ အားကိုးဖို့ မမျှော်လင့်ပါနဲ့။ ဝိပဿနာကိုသာ အားကိုးပါ။ မနေခင် အမြဲနှလုံးသွင်းနေတာက လောဘ - ဒေါသ - မောဟ။ လောဘနှင့်သေ ပြိတ္တာ၊ ဒေါသနှင့်သေ ငရဲ၊ မောဟနှင့်သေ တိရစ္ဆာန်။ ကြိုက်ရာလမ်းကိုရွေး။ဒီလမ်းတွေကို မကြိုက်မှန်းသိရင် ဒီစိတ်နဲ့ မသေနဲ့ပေါ့ရှင်းရှင်းလေးပါ။ လောဘ၊ ဒေါသ၊ မောဟနဲ့ရောပြီး အာသန္နကံအဖြတ်ကောင်းလို့ လူဖြစ်သော်လည်း အဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။ တိရစ္ဆာန်အသိစိတ်နဲ့ လူဖြစ်လေတော့ မဂ်ရဖို့ အတော်ဝေးဝေးပဲ။ အလောဘ၊ အဒေါသ ဒီနှစ်ပါးနဲ့သေရင် ဒွိဟိတ်ပုဂ္ဂိုလ်၊ ကလျာဏပုထုဇဉ်၊ သူတော်ကောင်းဖြစ်လိမ့်မယ်။ အလောဘ၊ အဒေါသ၊ အမောဟနဲ့ သေရင်(ဝိပဿနာ နှလုံးသွင်း၍ သေသောသူ) တိဟိတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။ ရောက်ရာ သုဂတိဘဝ၌ အပါယ်ပိတ်တရားနှင့် တွေ့ရပါမည်။ ယခုဘဝမှာ သစ္စာတရားကို အလွန်ကြိုက်လျှင်၊ သံသရာမှလွတ်မြောက်လိုသော စိတ်အလျဉ်အားကောင်းလျှင် တိဟိတ်ပုဂ္ဂိုလ်။ ယခုဘဝမှာပင် အပါယ်တံခါးပိတ်၍ သုဂတိမှ နိဗ္ဗာန်ထိအောင်ပါပဲ။ တရားလည်းနာ နာတဲ့အတိုင်းလည်း ကျင့်ကြံနေသူတွေပါ။ ယခုဘဝမှာ ဒါနတရား၊ သီလတရားနှင့်သာ ပျော်မွေ့နေရင် ဒွိဟိတ်ပုဂ္ဂိုလ်။ သူတော်ကောင်းပါပဲ။ သို့သော် အပါယ်တံခါး မပိတ်သေးပါဘူး။ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ ဘုရားတရားကိုနာရ၍သော်လည်းကောင်း၊ သက္ကာယဒိဋ္ဌိပြုတ်အောင်ဟောနိုင်တဲ့ ဘုရားသားတော် တပည့်သားများနဲ့ဆရာသမားများနဲ့တွေ့လို့ အဲ့ဒီတရားမျိုးကိုနာရ၍သော် လည်းကောင်းဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုရင် အရင်နာဖူးတဲ့တရားကို ကိုယ့်ဟာကိုယ်ရှုပွားပြီး၊ ဒါကလည်း နာဖူးတဲ့တရားရှိမှနော်၊ သက္ကာယဒိဋ္ဌိဖြုတ်တဲ့ တရားကိုနားဖူးမှသာ ရပါမယ်။ ပန်းကလေးလှူတာ အောက်မေ့ပါတယ်၊ ညောင်ရေအိုးကလေး အောက်မေ့ပါတယ်၊ ဒီလောက်ပြောနေတာမဟုတ်ဘူး။ ပန်း ညောင်ရေအိုးဆိုတာက ဒါနကုသိုလ်မို့ နတ်ပြည် သုဂတိကိုတော့ မုချကျေးဇူးများမယ်။ ဒီမှာက ဒီလိုမဟုတ်ဘူး....... ဝေဒနာနိရောဓာ ဖြစ်တဲ့အတွက် တဏှာနိရောဓော ဒိဋ္ဌိနိရောဓော အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး၊ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကိုလုပ်ပြီး သေမယ်ဆိုရင် မသေခင်စပ်ကြား သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်နိုင်ပါတယ်။ သို့တည်းမဟုတ် အရိယာမဖြစ်ဘဲ သေခဲ့သည်ရှိသော်လည်း နောင်ဘဝမှာ အရိယာဖြစ်နိုင်ပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး 🌿🌺🙏🙏🙏🙏🙏🙏🙏🙏🙏🙏🌺🌿
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡2K Views
  • ဘယ်ဘက်စောင်း အိပ်ခြင်းဟာ ကျန်းမာရေးစနစ်များစွာကို အကျိုးပြုတဲ့အတွက် ဆရာဝန်များနဲ့ ကျန်းမာရေးပညာရှင်များက မကြာခဏ အကြံပြုလေ့ရှိပါတယ်။ အထူးသဖြင့် အူလမ်းကြောင်း၊ နှလုံးနဲ့ အညစ်အကြေးအရည် (Lymph) လည်ပတ်မှုကို အထူးကောင်းမွန်စေပါတယ်။
    ဘယ်ဘက်စောင်း အိပ်ခြင်း၏ အကျိုးကျေးဇူးများ
    1. အစာချေဖျက်ခြင်းနှင့် ဝမ်းသွားခြင်းကို ကောင်းမွန်စေ
    • အူမကြီးရဲ့ ဖွဲ့စည်းပုံက ညာဘက်ကနေ ဘယ်ဘက်ကို စီးဆင်းပါတယ်။
    • ဘယ်ဘက်စောင်းအိပ်ခြင်းက အညစ်အကြေးတွေကို ဆွဲအားအရ စီးဆင်းစေပါတယ်။
    • ဝမ်းချုပ်တာ၊ ဗိုက်ပြည့်တာ၊ အူလှုပ်ရှားမှုနှေးသူများ အတွက် သင့်တော်ပါတယ်။
    2. အက်ဆစ်ပြန်ဆန်တက်ခြင်းနှင့် ရင်ပူခြင်းကို လျှော့ချ
    • အစာအိမ်က ဘယ်ဘက်မှာ ရှိပါတယ်။
    • ဘယ်ဘက်စောင်းအိပ်ခြင်းက အစာအိမ်အက်ဆစ်တွေကို အစာပြွန်ဆီ ပြန်မဆန်တက်အောင် ကာကွယ်ပေးပါတယ်။
    • အက်ဆစ်ပြန်ဆန်တက်သူများ (GERD) / ညဘက် ရင်ပြည့်ရင်ကယ်ဖြစ်သူများ အတွက် သင့်တော်ပါတယ်။
    3. နှလုံးကို ဝန်ပိမှု လျှော့ချ
    • နှလုံးပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးပါတယ်။
    • သွေးတွေ နှလုံးဆီ ပြန်လည်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။
    • ပင်ပန်းလွယ်သူများ၊ သွေးတိုးရှိသူများ၊ သွေးလည်ပတ်မှု မကောင်းသူများ အတွက် သင့်တော်ပါတယ်။
    4. အညစ်အကြေးအရည် (Lymph) စနစ် ကောင်းမွန်စွာ စီးဆင်း
    • အဓိက အညစ်အကြေးအရည်ပြွန် (Thoracic duct) က ဘယ်ဘက်မှာ ရှိပါတယ်။
    • အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်ခန္ဓာ ဖောရောင်ခြင်းကို လျှော့ချပေးပါတယ်။
    • ခြေထောက်/ကိုယ်ခန္ဓာဖောရောင်သူများ၊ မနက်ခင်း မျက်နှာဖောရောင်သူများ အတွက် ကောင်းမွန်ပါတယ်။
    5. ကိုယ်ဝန်ဆောင်မိခင်များအတွက် အသင့်တော်ဆုံး
    • သားအိမ်က သွေးကြောမကြီးပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးပါတယ်။
    • ကလေးဆီ သွေးစီးဆင်းမှု ပိုမိုတိုးစေပါတယ်။
    • မူးဝေခြင်း၊ မျက်စိစုံမှိတ်သွားခြင်းကို လျှော့ချပေးပါတယ်။
    6. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေ
    • အာရုံကြောစနစ်ကို ဖြေလျော့ပေးပါတယ်။
    • ညဘက် အလန့်တကြား နိုးခြင်းကို လျှော့ချပေးပါတယ်။
    • အိပ်မပျော်သူများ၊ ညဘက် နှလုံးတုန်သူများ အတွက် သင့်တော်ပါတယ်။
    သတိပြုရမည့်သူများ
    • ဘယ်ဘက်ပခုံး သို့မဟုတ် တင်ပါး နာကျင်သူများ → နာကျင်မှု လျှော့ချရန် ခေါင်းအုံးခံသင့်ပါတယ်။
    • အိပ်တဲ့အခါ လက်ထုံကျင်တတ်သူများ → လည်ပင်းခေါင်းအုံး အမြင့်ကို ချိန်ညှိသင့်ပါတယ်။
    ဘယ်ဘက်စောင်းအိပ်ရတာကို ကြိုက်နှစ်သက်သူများ လက်မလေး ထောင်ပြလိုက်ပါဦး!

    #ShweKhitMedia
    #crd
    ဘယ်ဘက်စောင်း အိပ်ခြင်းဟာ ကျန်းမာရေးစနစ်များစွာကို အကျိုးပြုတဲ့အတွက် ဆရာဝန်များနဲ့ ကျန်းမာရေးပညာရှင်များက မကြာခဏ အကြံပြုလေ့ရှိပါတယ်။ အထူးသဖြင့် အူလမ်းကြောင်း၊ နှလုံးနဲ့ အညစ်အကြေးအရည် (Lymph) လည်ပတ်မှုကို အထူးကောင်းမွန်စေပါတယ်။ 🌿 ဘယ်ဘက်စောင်း အိပ်ခြင်း၏ အကျိုးကျေးဇူးများ 1. အစာချေဖျက်ခြင်းနှင့် ဝမ်းသွားခြင်းကို ကောင်းမွန်စေ • အူမကြီးရဲ့ ဖွဲ့စည်းပုံက ညာဘက်ကနေ ဘယ်ဘက်ကို စီးဆင်းပါတယ်။ • ဘယ်ဘက်စောင်းအိပ်ခြင်းက အညစ်အကြေးတွေကို ဆွဲအားအရ စီးဆင်းစေပါတယ်။ • ဝမ်းချုပ်တာ၊ ဗိုက်ပြည့်တာ၊ အူလှုပ်ရှားမှုနှေးသူများ အတွက် သင့်တော်ပါတယ်။ 2. အက်ဆစ်ပြန်ဆန်တက်ခြင်းနှင့် ရင်ပူခြင်းကို လျှော့ချ • အစာအိမ်က ဘယ်ဘက်မှာ ရှိပါတယ်။ • ဘယ်ဘက်စောင်းအိပ်ခြင်းက အစာအိမ်အက်ဆစ်တွေကို အစာပြွန်ဆီ ပြန်မဆန်တက်အောင် ကာကွယ်ပေးပါတယ်။ • အက်ဆစ်ပြန်ဆန်တက်သူများ (GERD) / ညဘက် ရင်ပြည့်ရင်ကယ်ဖြစ်သူများ အတွက် သင့်တော်ပါတယ်။ 3. နှလုံးကို ဝန်ပိမှု လျှော့ချ • နှလုံးပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးပါတယ်။ • သွေးတွေ နှလုံးဆီ ပြန်လည်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ • ပင်ပန်းလွယ်သူများ၊ သွေးတိုးရှိသူများ၊ သွေးလည်ပတ်မှု မကောင်းသူများ အတွက် သင့်တော်ပါတယ်။ 4. အညစ်အကြေးအရည် (Lymph) စနစ် ကောင်းမွန်စွာ စီးဆင်း • အဓိက အညစ်အကြေးအရည်ပြွန် (Thoracic duct) က ဘယ်ဘက်မှာ ရှိပါတယ်။ • အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်ခန္ဓာ ဖောရောင်ခြင်းကို လျှော့ချပေးပါတယ်။ • ခြေထောက်/ကိုယ်ခန္ဓာဖောရောင်သူများ၊ မနက်ခင်း မျက်နှာဖောရောင်သူများ အတွက် ကောင်းမွန်ပါတယ်။ 5. ကိုယ်ဝန်ဆောင်မိခင်များအတွက် အသင့်တော်ဆုံး • သားအိမ်က သွေးကြောမကြီးပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးပါတယ်။ • ကလေးဆီ သွေးစီးဆင်းမှု ပိုမိုတိုးစေပါတယ်။ • မူးဝေခြင်း၊ မျက်စိစုံမှိတ်သွားခြင်းကို လျှော့ချပေးပါတယ်။ 6. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေ • အာရုံကြောစနစ်ကို ဖြေလျော့ပေးပါတယ်။ • ညဘက် အလန့်တကြား နိုးခြင်းကို လျှော့ချပေးပါတယ်။ • အိပ်မပျော်သူများ၊ ညဘက် နှလုံးတုန်သူများ အတွက် သင့်တော်ပါတယ်။ ⚠️ သတိပြုရမည့်သူများ • ဘယ်ဘက်ပခုံး သို့မဟုတ် တင်ပါး နာကျင်သူများ → နာကျင်မှု လျှော့ချရန် ခေါင်းအုံးခံသင့်ပါတယ်။ • အိပ်တဲ့အခါ လက်ထုံကျင်တတ်သူများ → လည်ပင်းခေါင်းအုံး အမြင့်ကို ချိန်ညှိသင့်ပါတယ်။ ဘယ်ဘက်စောင်းအိပ်ရတာကို ကြိုက်နှစ်သက်သူများ လက်မလေး ထောင်ပြလိုက်ပါဦး! 👋 #ShweKhitMedia #crd
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡845 Views
  • Respect ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အရည်အသွေးနဲ့ လူဖြစ်မှုကို ဖော်ပြပေးတဲ့ အရေးကြီးဆုံး အရာတစ်ခုပါ။ လေးစားမှုရှိတဲ့ လူဟာ ဘယ်နေရာမှာမဆို ယုံကြည်မှု၊ လက်ခံမှုနဲ့ တန်ဖိုးကို ရရှိတတ်ပါတယ်။ Respect ကို အောက်ပါ ၁၀ မျိုးအဖြစ် နားလည်နိုင်ပါတယ်။

    ၁။ Respect for Others
    (တစ်ဖက်သားကို လေးစားခြင်း)
    သူတစ်ပါးရဲ့ အမြင်၊ ခံစားချက်၊ အခွင့်အရေးတွေကို တန်ဖိုးထားနိုင်ခြင်းပါ။ မထိခိုက်စေဘဲ ပြောဆိုဆက်ဆံနိုင်တာက လေးစားမှုပါ။

    ၂။ Self-Respect
    (ကိုယ့်ကိုယ်ကိုယ် လေးစားခြင်း)
    ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သိပြီး မတန်တဲ့အရာတွေကို ငြင်းပယ်နိုင်ခြင်းပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှ သူတစ်ပါးကိုလည်း လေးစားနိုင်ပါတယ်။

    ၃။ Mutual Respect
    (အပြန်အလှန် လေးစားခြင်း)
    အနိုင်အရှုံးမထားဘဲ တန်းတူညီမျှ ဆက်ဆံနိုင်ခြင်းပါ။ နားလည်မှုနဲ့ ယုံကြည်မှုအပေါ် အခြေခံထားတဲ့ လေးစားမှုပါ။

    ၄။ Cultural and Social Respect
    (ယဉ်ကျေးမှုနှင့် လူမှုဘဝကို လေးစားခြင်း)
    ကိုယ့်ယဉ်ကျေးမှုသာမက သူတစ်ပါးရဲ့ ယဉ်ကျေးမှု၊ အလေ့အကျင့်တွေကိုပါ လက်ခံလေးစားနိုင်ခြင်းပါ။

    ၅။ Respect for Nature and Environment
    (သဘာဝနှင့် ပတ်ဝန်းကျင်ကို လေးစားခြင်း)
    သဘာဝကို မဖျက်ဆီးဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းပါ။ အနာဂတ်မျိုးဆက်အတွက် အရေးကြီးပါတယ်။

    ၆။ Respect for Time
    (အချိန်ကို လေးစားခြင်း)
    ကိုယ့်အချိန်၊ သူတစ်ပါးရဲ့ အချိန်ကို တန်ဖိုးထားနိုင်ခြင်းပါ။ အချိန်ကို လေးစားတတ်သူဟာ ယုံကြည်ရတဲ့ လူဖြစ်ပါတယ်။

    ၇။ Respect for Knowledge and Learning
    (ပညာနှင့် သင်ယူမှုကို လေးစားခြင်း)
    မသိတာကို လက်ခံနိုင်ပြီး ဆက်လက်လေ့လာချင်စိတ်ရှိခြင်းပါ။ သိတတ်နားလည်မှုကို တန်ဖိုးထားခြင်းပါ။

    ၈။ Respect for Responsibility
    (တာဝန်ယူမှုကို လေးစားခြင်း)
    ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူနိုင်ခြင်း၊ အမှားရှိရင် ဝန်ခံပြင်ဆင်နိုင်ခြင်းပါ။

    ၉။ Respect for Elders and Authority
    (အကြီးအကဲများနှင့် တာဝန်ရှိသူများကို လေးစားခြင်း)
    အတွေ့အကြုံရှိသူများ၊ တာဝန်ယူထားသူများကို နားထောင်လေးစားနိုင်ခြင်းပါ။

    ၁၀။ Respect for Partners
    (ချစ်သူ၊ အိမ်ထောင်ဖက်ကို လေးစားခြင်း)
    အမြင်မတူတဲ့အချိန်မှာတောင် မလျှော့ချဘဲ နားလည်မှုနဲ့ ဆက်ဆံနိုင်ခြင်းပါ။ စကား၊ အပြုအမူ၊ ဆုံးဖြတ်ချက်တွေမှာ တန်းတူတန်ဖိုးထားနိုင်ခြင်းက အမှန်တကယ် လေးစားခြင်းပါ။

    နိဂုံးချုပ်

    Respect ဆိုတာ စကားနဲ့မဟုတ်ဘဲ နေထိုင်ပုံအမူအကျင့်နဲ့ ပြသရတဲ့ အရာပါ။ လေးစားမှု ၁၀ မျိုးကို နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်ရင် ကိုယ့်တန်ဖိုးလည်း မြင့်လာပြီး လူမှုအသိုင်းအဝိုင်းထဲမှာ ယုံကြည်မှုနဲ့ လက်ခံမှုကိုပါ ရရှိလာပါလိမ့်မယ်။

    Kh,John(Hantharwaddy)
    Respect ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အရည်အသွေးနဲ့ လူဖြစ်မှုကို ဖော်ပြပေးတဲ့ အရေးကြီးဆုံး အရာတစ်ခုပါ။ လေးစားမှုရှိတဲ့ လူဟာ ဘယ်နေရာမှာမဆို ယုံကြည်မှု၊ လက်ခံမှုနဲ့ တန်ဖိုးကို ရရှိတတ်ပါတယ်။ Respect ကို အောက်ပါ ၁၀ မျိုးအဖြစ် နားလည်နိုင်ပါတယ်။ ၁။ Respect for Others (တစ်ဖက်သားကို လေးစားခြင်း) သူတစ်ပါးရဲ့ အမြင်၊ ခံစားချက်၊ အခွင့်အရေးတွေကို တန်ဖိုးထားနိုင်ခြင်းပါ။ မထိခိုက်စေဘဲ ပြောဆိုဆက်ဆံနိုင်တာက လေးစားမှုပါ။ ၂။ Self-Respect (ကိုယ့်ကိုယ်ကိုယ် လေးစားခြင်း) ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သိပြီး မတန်တဲ့အရာတွေကို ငြင်းပယ်နိုင်ခြင်းပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှ သူတစ်ပါးကိုလည်း လေးစားနိုင်ပါတယ်။ ၃။ Mutual Respect (အပြန်အလှန် လေးစားခြင်း) အနိုင်အရှုံးမထားဘဲ တန်းတူညီမျှ ဆက်ဆံနိုင်ခြင်းပါ။ နားလည်မှုနဲ့ ယုံကြည်မှုအပေါ် အခြေခံထားတဲ့ လေးစားမှုပါ။ ၄။ Cultural and Social Respect (ယဉ်ကျေးမှုနှင့် လူမှုဘဝကို လေးစားခြင်း) ကိုယ့်ယဉ်ကျေးမှုသာမက သူတစ်ပါးရဲ့ ယဉ်ကျေးမှု၊ အလေ့အကျင့်တွေကိုပါ လက်ခံလေးစားနိုင်ခြင်းပါ။ ၅။ Respect for Nature and Environment (သဘာဝနှင့် ပတ်ဝန်းကျင်ကို လေးစားခြင်း) သဘာဝကို မဖျက်ဆီးဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းပါ။ အနာဂတ်မျိုးဆက်အတွက် အရေးကြီးပါတယ်။ ၆။ Respect for Time (အချိန်ကို လေးစားခြင်း) ကိုယ့်အချိန်၊ သူတစ်ပါးရဲ့ အချိန်ကို တန်ဖိုးထားနိုင်ခြင်းပါ။ အချိန်ကို လေးစားတတ်သူဟာ ယုံကြည်ရတဲ့ လူဖြစ်ပါတယ်။ ၇။ Respect for Knowledge and Learning (ပညာနှင့် သင်ယူမှုကို လေးစားခြင်း) မသိတာကို လက်ခံနိုင်ပြီး ဆက်လက်လေ့လာချင်စိတ်ရှိခြင်းပါ။ သိတတ်နားလည်မှုကို တန်ဖိုးထားခြင်းပါ။ ၈။ Respect for Responsibility (တာဝန်ယူမှုကို လေးစားခြင်း) ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူနိုင်ခြင်း၊ အမှားရှိရင် ဝန်ခံပြင်ဆင်နိုင်ခြင်းပါ။ ၉။ Respect for Elders and Authority (အကြီးအကဲများနှင့် တာဝန်ရှိသူများကို လေးစားခြင်း) အတွေ့အကြုံရှိသူများ၊ တာဝန်ယူထားသူများကို နားထောင်လေးစားနိုင်ခြင်းပါ။ ၁၀။ Respect for Partners (ချစ်သူ၊ အိမ်ထောင်ဖက်ကို လေးစားခြင်း) အမြင်မတူတဲ့အချိန်မှာတောင် မလျှော့ချဘဲ နားလည်မှုနဲ့ ဆက်ဆံနိုင်ခြင်းပါ။ စကား၊ အပြုအမူ၊ ဆုံးဖြတ်ချက်တွေမှာ တန်းတူတန်ဖိုးထားနိုင်ခြင်းက အမှန်တကယ် လေးစားခြင်းပါ။ နိဂုံးချုပ် Respect ဆိုတာ စကားနဲ့မဟုတ်ဘဲ နေထိုင်ပုံအမူအကျင့်နဲ့ ပြသရတဲ့ အရာပါ။ လေးစားမှု ၁၀ မျိုးကို နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်ရင် ကိုယ့်တန်ဖိုးလည်း မြင့်လာပြီး လူမှုအသိုင်းအဝိုင်းထဲမှာ ယုံကြည်မှုနဲ့ လက်ခံမှုကိုပါ ရရှိလာပါလိမ့်မယ်။ Kh,John(Hantharwaddy)
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡518 Views
  • #စာနာတတ်သော
    နှလုံးသားတစ်စုံ

    လောကမှာ
    လူတွေသင့်ကို
    ဘယ်လိုမြင်တယ်၊
    ဘယ်လိုထင်တယ်
    ဆိုတာက
    အရေးမကြီးပါဘူး..။

    အရေးကြီးတာက
    သင့်ကိုယ်သင်
    လူပီသတဲ့လူကောင်း
    တစ်ယောက်
    ဖြစ်အောင်ရှင်သန်
    ရပ်တည်နိုင်ဖို့ပါ...။

    ဘဝမှာ
    လူတစ်ချို့က
    သင့်ရဲ့ဘွဲ့ထူး၊ဂုဏ်ထူး
    တွေနဲ့သင့်ရဲ့
    ပိုင်ဆိုင်မှုတွေအပေါ်
    အကဲခတ်ပြီး သင့်ရဲ့
    အဆင့်အတန်းကို
    ဆုံးဖြတ်ကြပါလိမ့်မယ်။

    တကယ်လို့သင့်ဆီမှာ
    သူတို့သတ်မှတ်ထားတဲ့
    အရည်အချင်းတွေ
    မရှိခဲ့ဘူး ဆိုရင်

    သူတို့ကသင့်ကို
    လူတစ်ယောက်အဖြစ်
    အသိမှတ်ပြုပေးကြမှာ
    မဟုတ်ပါဘူး...။

    ဒါပေမယ့်..
    စိတ်မပျက်ပါနဲ့..။

    အဲဒီလူတွေထဲမှာ
    လူပီသပြီးလူသားဆန်တဲ့
    လူကောင်းတစ်ယောက်မှ
    မပါခဲ့ဘူးဆိုတာကို
    သိထားပါ...။

    ဉာဏ်ပညာအမြော်မြင်
    နဲ့ပြည့်စုံပြီးထက်မြက်တဲ့
    လူတော်လူကောင်းတွေက

    လူတစ်ယောက်ရဲ့အဆင့်
    အတန်းကိုဘယ်တော့မှ

    သူ့ရဲ့ဘွဲ့ထူး၊ရာထူးနဲ့
    သူ့ရဲ့ကြွယ်ဝချမ်းသာမှု
    တွေနဲ့
    မတိုင်းတာကြပါဘူး....။

    လူတစ်ယောက်ရဲ့
    အဆင့်အတန်းဆိုတာ

    သူ့ရဲ့အပြုအမူ...
    သူ့ရဲ့အပြောအဆို....
    သူ့ရဲ့စကားလုံးတွေနဲ့

    သူ့ရဲ့
    လုပ်ဆောင်ချက်တွေကို
    ကြည့်ပြီးမှပဲအကဲခတ်
    ဝေဖန်ဆုံးဖြတ်ကြတာပါ....။

    ဘယ်လောက်ပင်
    ပညာတတ်နေပါစေ
    ဘယ်လောက်ပင်
    ချမ်းသာနေပါစေ

    လူလူချင်းအတူတူ
    ဒီလိုအဆင့်အတန်း
    ခွဲခြားပြီးဆက်ဆံတတ်တဲ့

    လူတွေကို
    လောကကြီးကလည်း
    လူပိုတွေအဖြစ်
    သတ်မှတ်ပေးထားပါတယ်။

    အဲဒီလူတွေက
    သင်အောင်မြင်နေရင်
    သင့်ကိုချီးမွမ်းပြီးဝန်းရံ
    ပေးကြပါလိမ့်မယ်...။

    ဒါပေမယ့်...
    သင်ကျရှုံးနေတဲ့
    အချိန်မွာတော့သင့်ကို

    ဆွဲထူပြီးတွဲခေါ်ပေး
    ကြမှာတော့
    မဟုတ်ပါဘူး......။

    ကမ္ဘာကြီးမှာ
    အဲဒီလိုလူမျိုးတွေ
    နေရာတိုင်းလိုလိုမွာ
    ရှိနေတတ်ကြပါတယ်...။

    သူတို့ကအရာရာကို
    ငွေနဲ့တိုင်းတာပြီး
    ကြည့်နေတဲ့အတွက်

    သူတို့ရဲ့ကမ္ဘာဟာလည်း
    အမှောင်ကျ
    နေတတ်ပါတယ်....။

    ဒါကြောင့်
    သူတို့ရဲ့နှလုံးသားနဲ့
    အသိစိတ်တွေထဲမှာ

    ကိုယ်ချင်းစာတရား
    တွေလည်းပျောက်ကွယ်
    ပျက်သုဉ်းခဲ့ကြပါတယ်...။

    သူတို့က
    ဆင်းရဲချို့တဲ့ပြီး
    အားနည်းနေတဲ့သူတွေကို
    ထပ်ပြီးနင်းချေကာ
    ကဲ့ရဲ့ တတ်ကြပါတယ်..။

    ဘဝမှာ
    အဲဒီလိုလူတွေနဲ့
    ကြုံဆုံလာခဲ့တယ်ဆိုရင်
    ထိုသူတို့ကို
    သင့်ဘဝထဲက
    ဖယ်ထုတ်လိုက်ပါ....။

    အတွေးအခေါ်၊
    အယူအဆနဲ့ခံယူချက်
    မတူညီတဲ့လူတွေနဲ့

    အမြင်ချင်းဖလှယ်ရတာ
    ငြင်းခုန်မှုသက်သက်
    ဖြစ်နေတတ်ပါတယ်။

    ဒါကြောင့်သင့်ဘက်က
    အလျှော့ပေးပြီး
    လှည့်ပြန်ထွက်ခဲ့လိုက်ပါ...။

    လောကကြီးမှာ
    လူဆင်းရဲပေမယ့်
    လေးစားဂုဏ်ပြုထိုက်တဲ့

    စိတ်ကောင်း၊
    စေတနာကောင်းရှိတဲ့
    နှလုံးသားပိုင်ရှင်တွေ

    အများကြီးရှိနေတာကို
    လည်းငြင်းလို့မရနိုင်
    ပါဘူး....။

    သင့်ဘက်ကကောင်းတာ
    ဘယ်လောက်ပဲလုပ်လုပ်

    သင့်ကိုမနာလိုသူ
    အတွက်တော့
    သင့်ရဲ့လုပ်ဆောင်ချက်
    တွေအားလုံးဟာအမှား
    တွေချည်းဖြစ်နေမှာပါ...။

    လူတွေအပေါ်
    သင်ဘယ်လောက်ပင်
    ကောင်းနေပါစေ

    သင့်ကိုကြည့်မရတဲ့
    လူတစ်ယောက်အတွက်
    တော့

    သင့်ရဲ့စိတ်
    စေတနာတွေဟာ
    ဝေဒနာတွေ
    ဖြစ်နေနိုင်ပါတယ်....။

    ဘဝမှာ
    သင်ဘယ်လောက်ပင်
    အစွမ်းကုန်
    ကြိုးစားနေပါစေ

    သင်မအောင်မြင်
    သေးသရွေ့တော့
    လူတွေကသင့်ရဲ့
    ကြိုးစားအား
    ထုတ်မှုတွေကို
    အသိအမှတ်ပြုပေး
    ကြမှာမဟုတ်ပါဘူး....။

    (သူတို့ရဲ့အသိမှတ်ပြုခံရဖို့
    လည်းမလိုအပ်ပါဘူး)

    ဒါကြောင့်...
    လောကကြီးမှာ

    လူတွေရဲ့အထင်ကြီး
    လေးစားမှုနဲ့အသိမှတ်
    ပြုမှုတွေကို
    ရရှိဖို့ထက်

    လူပီသတဲ့ လူကောင်း
    တစ်ယောက်ဖြစ်အောင်
    အသက်ရှင်နေ
    ထိုင်တတ်ဖို့ကအဓိကပါ...။

    ဒါဆိုရင်လောကမှာ
    လူပီသတဲ့လူကောင်း
    တစ်ယောက်ဖြစ်ဖို့
    အတွက်

    ဘယ်လိုအရည်အချင်းမျိုး
    တွေလိုအပ်ပါသလဲ....?

    လူပီသပြီး
    လူသားဆန်တဲ့လူကောင်း
    တစ်ယောက်ဖြစ်ဖို့အတွက်

    ဘာအရည်အချင်းမှ
    မလိုအပ်ပါဘူး...။

    သင့်ရဲ့ရင်ဘတ်ကြီးထဲမှာ

    ကိုယ်ချင်းစာတရား"
    ဆိုတဲ့

    လူလူချင်းအပေါ်
    စာနာတတ်တဲ့
    နှလုံးသားတစ်စုံရှိနေဖို့ပဲ
    လိုအပ်တာပါ....။

    လောကကြီးမှာ
    ငွေကြေးချမ်းသာ
    ပြည့်စုံသော်လည်း

    လောကကြီးနဲ့လူတွေ
    အတွက်

    ဘာအကျိုးမှမပြုဘဲ
    လောဘစိတ်တွေပိပြီး
    သောကမီးတွေကြားမှာ

    အရှင်လတ်လတ်နဲ့
    ငရဲကျနေတဲ့သူတွေလည်း
    အများကြီးပါ...။

    သင်မအောင်မြင်နိုင်
    သေးသရွေ့တော့

    အောင်မြင်ကျော်ကြား
    နေသူတွေရဲ့ကြားမှာ
    လူရာဝင်ဆန့်နိုင်မှာ
    မဟုတ်ပါဘူး...။

    သင်မချမ်းသာသေး
    သရွေ့တော့
    ချမ်းသာနေတဲ့သူတွေ
    ကြားမှာ

    ရင်ကော့ခေါင်းမော့နိုင်
    မှာမဟုတ်ပါဘူး......။

    ဒါပေမယ့်
    စိတ်ဓာတ်ကျပြီး
    သိမ်ငယ်နေဖို့မလိုပါဘူး....။

    လောကကြီးက
    သင်နဲ့ထိုက်တန်တဲ့
    အရာကို
    သင့်အတွက်ကြိုတင်
    ပြင်ဆင်ပြီး

    သင့်ကိုလက်ဆောင်
    အဖြစ်နဲ့ပေးအပ်ပြီး
    သားပါ...။

    ဒါကိုသင့်ဘက်က
    စိတ်သဘောထားကြီးကြီးနဲ့
    လက်ခံရယူတတ်ဖို့ပဲ
    လိုအပ်တာပာ...။

    ဘဝမှာ
    သင့်ကိုချီးမွမ်းသူပဲ
    ဖြစ်ဖြစ်

    သင့်ကိုရှုတ်ချကဲ့ရဲ့
    သူပဲဖြစ်ဖြစ်

    သင်ဒုက္ခရောက်နေတဲ့
    အချိန်မှာတော့

    သင့်ကိုလာကူညီ
    ပေးကြမှာမဟုတ်ဘူး။

    ဒါကြောင့်
    သင့်ရဲ့ဘဝမှာ

    ချီးမွမ်းသံကြားရတဲ့
    အချိန်မှာလည်း
    သာယာနေဖို့မလိုအပ်
    သလို

    ကဲ့ရဲ့သံကြားရရင်လည်း
    ဝမ်းနည်းနေဖို့မလိုပါဘူး....။

    လောကမှာ
    သင်သည်သာလျင်
    သင့်ဘဝရဲ့ပဲ့ကိုင်ရှင်
    ဆိုတာ
    သိထားပါ....။

    ဘဝမှာ
    အလှပဆုံးနဲ့ရှင်သန်ပါ။

    အတောက်ပဆုံး
    ဖြစ်အောင်
    လင်းလက်ပါ.....။

    အရိုးသားဆုံးနဲ့
    ကြိုးစားပါ။

    လူတွေသင့်ကို
    ဘယ်လိုကြည့်နေတယ်
    ဆိုတာက
    အရေးမကြီပါဘူးး။

    သင့်ကိုယ်သင်
    ယုံကြည်မှုတိုးတက်
    အောင်တည်ဆောက်ပြီး

    သင့်ဘဝကိုပုံဖော်
    ထုဆစ်တတ်ဖို့ပဲလိုအပ်
    တာပါ...။

    လဲနေသူကိုထူပေးပါ

    အားငယ်သူကို
    အားပေးပါ။

    ဆာလောင်နေသူကို
    သင့်အထဲက ဝေမျှပါ...။

    ဒီလိုလုပ်ဆောင်မှုဟာ
    လူတွေရဲ့
    အသိအမှတ်ပြုခြင်းကို
    ခံရဖို့မဟုတ်ပါဘူး။

    လူပီသပြီး
    လူသားဆန်တဲ့လူကောင်း
    တစ်ယောက်ရဲ့
    အရည်အချင်းတွေ
    သင့်ဆီမွာရှိနေလို့
    သင်လုပ်နိုင်တာပါ...။

    ဒါဆိုရင်
    လူတွေကသင့်ကို
    အသိမှတ်မပြုပေး
    ကြပေမယ့်

    လောကကြီးကတော့
    သင့်ကို
    လူပီသတဲ့လူကောင်း
    တစ်ယောက်အဖြစ်နဲ့
    အသိမှတ်ပြုပေးနေပါ
    တယ်...။

    ကမ္ဘာကြီးမှာ
    ငွေရှိသူ၊ဂုဏ်ရှိသူ
    အောင်မြင်
    ကျော်ကြားနေသူ
    တွေအများကြီးပါ.....။

    ဒါပေမယ့်...
    လူတိုင်း ဆီမှာတော့
    စာနာတတ်တဲ့နှလုံးသား
    ဆိုတာမရှိပါဘူး...။

    အောင်မြင်ကျော်ကြားပြီး
    ကြွယ်ဝချမ်းသာတဲ့

    လူတွေ ဆီမှာတောင်
    မရှိတဲ့
    ကိုယ်ချင်းစာတရား

    သင့်ဆီမှာရှိနေခြင်းဟာ

    ထိုသူတို့ထက်
    အဆပေါင်းများစွာ
    ပိုပြီးသာလွန်နေတယ်
    ဆိုတာသိထားပါ...။

    ကမ္ဘာကြီးက
    လိုအပ်နေတဲ့အရာ
    တွေက

    ဂုဏ်ထူး၊ဘွဲ့ထူးနဲ့စည်းစ်ိမ်
    ချမ်းသာမှုတွေ
    မဟုတ်ပါဘူး...။

    ကမ္ဘာကြီးကအမှန်
    တကယ်
    လိုအပ်နေတာက

    မေတ္တာတရားတွေ...
    အကြင်နာတရားတွေ..
    စာနာဖေးမမှုတွေနဲ့

    ကိုယ်ချင်းစာ
    တရားတွေကိုဘဲ
    လိုအပ်နေတာပါ။

    #HelloEveryone #fbreelsfypシ゚viralfbreelsfypシ゚viral #GeminiAI #fypviralシ
    #စာနာတတ်သော နှလုံးသားတစ်စုံ လောကမှာ လူတွေသင့်ကို ဘယ်လိုမြင်တယ်၊ ဘယ်လိုထင်တယ် ဆိုတာက အရေးမကြီးပါဘူး..။ အရေးကြီးတာက သင့်ကိုယ်သင် လူပီသတဲ့လူကောင်း တစ်ယောက် ဖြစ်အောင်ရှင်သန် ရပ်တည်နိုင်ဖို့ပါ...။ ဘဝမှာ လူတစ်ချို့က သင့်ရဲ့ဘွဲ့ထူး၊ဂုဏ်ထူး တွေနဲ့သင့်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် အကဲခတ်ပြီး သင့်ရဲ့ အဆင့်အတန်းကို ဆုံးဖြတ်ကြပါလိမ့်မယ်။ တကယ်လို့သင့်ဆီမှာ သူတို့သတ်မှတ်ထားတဲ့ အရည်အချင်းတွေ မရှိခဲ့ဘူး ဆိုရင် သူတို့ကသင့်ကို လူတစ်ယောက်အဖြစ် အသိမှတ်ပြုပေးကြမှာ မဟုတ်ပါဘူး...။ ဒါပေမယ့်.. စိတ်မပျက်ပါနဲ့..။ အဲဒီလူတွေထဲမှာ လူပီသပြီးလူသားဆန်တဲ့ လူကောင်းတစ်ယောက်မှ မပါခဲ့ဘူးဆိုတာကို သိထားပါ...။ ဉာဏ်ပညာအမြော်မြင် နဲ့ပြည့်စုံပြီးထက်မြက်တဲ့ လူတော်လူကောင်းတွေက လူတစ်ယောက်ရဲ့အဆင့် အတန်းကိုဘယ်တော့မှ သူ့ရဲ့ဘွဲ့ထူး၊ရာထူးနဲ့ သူ့ရဲ့ကြွယ်ဝချမ်းသာမှု တွေနဲ့ မတိုင်းတာကြပါဘူး....။ လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ သူ့ရဲ့အပြုအမူ... သူ့ရဲ့အပြောအဆို.... သူ့ရဲ့စကားလုံးတွေနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးမှပဲအကဲခတ် ဝေဖန်ဆုံးဖြတ်ကြတာပါ....။ ဘယ်လောက်ပင် ပညာတတ်နေပါစေ ဘယ်လောက်ပင် ချမ်းသာနေပါစေ လူလူချင်းအတူတူ ဒီလိုအဆင့်အတန်း ခွဲခြားပြီးဆက်ဆံတတ်တဲ့ လူတွေကို လောကကြီးကလည်း လူပိုတွေအဖြစ် သတ်မှတ်ပေးထားပါတယ်။ အဲဒီလူတွေက သင်အောင်မြင်နေရင် သင့်ကိုချီးမွမ်းပြီးဝန်းရံ ပေးကြပါလိမ့်မယ်...။ ဒါပေမယ့်... သင်ကျရှုံးနေတဲ့ အချိန်မွာတော့သင့်ကို ဆွဲထူပြီးတွဲခေါ်ပေး ကြမှာတော့ မဟုတ်ပါဘူး......။ ကမ္ဘာကြီးမှာ အဲဒီလိုလူမျိုးတွေ နေရာတိုင်းလိုလိုမွာ ရှိနေတတ်ကြပါတယ်...။ သူတို့ကအရာရာကို ငွေနဲ့တိုင်းတာပြီး ကြည့်နေတဲ့အတွက် သူတို့ရဲ့ကမ္ဘာဟာလည်း အမှောင်ကျ နေတတ်ပါတယ်....။ ဒါကြောင့် သူတို့ရဲ့နှလုံးသားနဲ့ အသိစိတ်တွေထဲမှာ ကိုယ်ချင်းစာတရား တွေလည်းပျောက်ကွယ် ပျက်သုဉ်းခဲ့ကြပါတယ်...။ သူတို့က ဆင်းရဲချို့တဲ့ပြီး အားနည်းနေတဲ့သူတွေကို ထပ်ပြီးနင်းချေကာ ကဲ့ရဲ့ တတ်ကြပါတယ်..။ ဘဝမှာ အဲဒီလိုလူတွေနဲ့ ကြုံဆုံလာခဲ့တယ်ဆိုရင် ထိုသူတို့ကို သင့်ဘဝထဲက ဖယ်ထုတ်လိုက်ပါ....။ အတွေးအခေါ်၊ အယူအဆနဲ့ခံယူချက် မတူညီတဲ့လူတွေနဲ့ အမြင်ချင်းဖလှယ်ရတာ ငြင်းခုန်မှုသက်သက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်သင့်ဘက်က အလျှော့ပေးပြီး လှည့်ပြန်ထွက်ခဲ့လိုက်ပါ...။ လောကကြီးမှာ လူဆင်းရဲပေမယ့် လေးစားဂုဏ်ပြုထိုက်တဲ့ စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့ နှလုံးသားပိုင်ရှင်တွေ အများကြီးရှိနေတာကို လည်းငြင်းလို့မရနိုင် ပါဘူး....။ သင့်ဘက်ကကောင်းတာ ဘယ်လောက်ပဲလုပ်လုပ် သင့်ကိုမနာလိုသူ အတွက်တော့ သင့်ရဲ့လုပ်ဆောင်ချက် တွေအားလုံးဟာအမှား တွေချည်းဖြစ်နေမှာပါ...။ လူတွေအပေါ် သင်ဘယ်လောက်ပင် ကောင်းနေပါစေ သင့်ကိုကြည့်မရတဲ့ လူတစ်ယောက်အတွက် တော့ သင့်ရဲ့စိတ် စေတနာတွေဟာ ဝေဒနာတွေ ဖြစ်နေနိုင်ပါတယ်....။ ဘဝမှာ သင်ဘယ်လောက်ပင် အစွမ်းကုန် ကြိုးစားနေပါစေ သင်မအောင်မြင် သေးသရွေ့တော့ လူတွေကသင့်ရဲ့ ကြိုးစားအား ထုတ်မှုတွေကို အသိအမှတ်ပြုပေး ကြမှာမဟုတ်ပါဘူး....။ (သူတို့ရဲ့အသိမှတ်ပြုခံရဖို့ လည်းမလိုအပ်ပါဘူး) ဒါကြောင့်... လောကကြီးမှာ လူတွေရဲ့အထင်ကြီး လေးစားမှုနဲ့အသိမှတ် ပြုမှုတွေကို ရရှိဖို့ထက် လူပီသတဲ့ လူကောင်း တစ်ယောက်ဖြစ်အောင် အသက်ရှင်နေ ထိုင်တတ်ဖို့ကအဓိကပါ...။ ဒါဆိုရင်လောကမှာ လူပီသတဲ့လူကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် ဘယ်လိုအရည်အချင်းမျိုး တွေလိုအပ်ပါသလဲ....? လူပီသပြီး လူသားဆန်တဲ့လူကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ဘာအရည်အချင်းမှ မလိုအပ်ပါဘူး...။ သင့်ရဲ့ရင်ဘတ်ကြီးထဲမှာ ကိုယ်ချင်းစာတရား" ဆိုတဲ့ လူလူချင်းအပေါ် စာနာတတ်တဲ့ နှလုံးသားတစ်စုံရှိနေဖို့ပဲ လိုအပ်တာပါ....။ လောကကြီးမှာ ငွေကြေးချမ်းသာ ပြည့်စုံသော်လည်း လောကကြီးနဲ့လူတွေ အတွက် ဘာအကျိုးမှမပြုဘဲ လောဘစိတ်တွေပိပြီး သောကမီးတွေကြားမှာ အရှင်လတ်လတ်နဲ့ ငရဲကျနေတဲ့သူတွေလည်း အများကြီးပါ...။ သင်မအောင်မြင်နိုင် သေးသရွေ့တော့ အောင်မြင်ကျော်ကြား နေသူတွေရဲ့ကြားမှာ လူရာဝင်ဆန့်နိုင်မှာ မဟုတ်ပါဘူး...။ သင်မချမ်းသာသေး သရွေ့တော့ ချမ်းသာနေတဲ့သူတွေ ကြားမှာ ရင်ကော့ခေါင်းမော့နိုင် မှာမဟုတ်ပါဘူး......။ ဒါပေမယ့် စိတ်ဓာတ်ကျပြီး သိမ်ငယ်နေဖို့မလိုပါဘူး....။ လောကကြီးက သင်နဲ့ထိုက်တန်တဲ့ အရာကို သင့်အတွက်ကြိုတင် ပြင်ဆင်ပြီး သင့်ကိုလက်ဆောင် အဖြစ်နဲ့ပေးအပ်ပြီး သားပါ...။ ဒါကိုသင့်ဘက်က စိတ်သဘောထားကြီးကြီးနဲ့ လက်ခံရယူတတ်ဖို့ပဲ လိုအပ်တာပာ...။ ဘဝမှာ သင့်ကိုချီးမွမ်းသူပဲ ဖြစ်ဖြစ် သင့်ကိုရှုတ်ချကဲ့ရဲ့ သူပဲဖြစ်ဖြစ် သင်ဒုက္ခရောက်နေတဲ့ အချိန်မှာတော့ သင့်ကိုလာကူညီ ပေးကြမှာမဟုတ်ဘူး။ ဒါကြောင့် သင့်ရဲ့ဘဝမှာ ချီးမွမ်းသံကြားရတဲ့ အချိန်မှာလည်း သာယာနေဖို့မလိုအပ် သလို ကဲ့ရဲ့သံကြားရရင်လည်း ဝမ်းနည်းနေဖို့မလိုပါဘူး....။ လောကမှာ သင်သည်သာလျင် သင့်ဘဝရဲ့ပဲ့ကိုင်ရှင် ဆိုတာ သိထားပါ....။ ဘဝမှာ အလှပဆုံးနဲ့ရှင်သန်ပါ။ အတောက်ပဆုံး ဖြစ်အောင် လင်းလက်ပါ.....။ အရိုးသားဆုံးနဲ့ ကြိုးစားပါ။ လူတွေသင့်ကို ဘယ်လိုကြည့်နေတယ် ဆိုတာက အရေးမကြီပါဘူးး။ သင့်ကိုယ်သင် ယုံကြည်မှုတိုးတက် အောင်တည်ဆောက်ပြီး သင့်ဘဝကိုပုံဖော် ထုဆစ်တတ်ဖို့ပဲလိုအပ် တာပါ...။ လဲနေသူကိုထူပေးပါ အားငယ်သူကို အားပေးပါ။ ဆာလောင်နေသူကို သင့်အထဲက ဝေမျှပါ...။ ဒီလိုလုပ်ဆောင်မှုဟာ လူတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရဖို့မဟုတ်ပါဘူး။ လူပီသပြီး လူသားဆန်တဲ့လူကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေ သင့်ဆီမွာရှိနေလို့ သင်လုပ်နိုင်တာပါ...။ ဒါဆိုရင် လူတွေကသင့်ကို အသိမှတ်မပြုပေး ကြပေမယ့် လောကကြီးကတော့ သင့်ကို လူပီသတဲ့လူကောင်း တစ်ယောက်အဖြစ်နဲ့ အသိမှတ်ပြုပေးနေပါ တယ်...။ ကမ္ဘာကြီးမှာ ငွေရှိသူ၊ဂုဏ်ရှိသူ အောင်မြင် ကျော်ကြားနေသူ တွေအများကြီးပါ.....။ ဒါပေမယ့်... လူတိုင်း ဆီမှာတော့ စာနာတတ်တဲ့နှလုံးသား ဆိုတာမရှိပါဘူး...။ အောင်မြင်ကျော်ကြားပြီး ကြွယ်ဝချမ်းသာတဲ့ လူတွေ ဆီမှာတောင် မရှိတဲ့ ကိုယ်ချင်းစာတရား သင့်ဆီမှာရှိနေခြင်းဟာ ထိုသူတို့ထက် အဆပေါင်းများစွာ ပိုပြီးသာလွန်နေတယ် ဆိုတာသိထားပါ...။ ကမ္ဘာကြီးက လိုအပ်နေတဲ့အရာ တွေက ဂုဏ်ထူး၊ဘွဲ့ထူးနဲ့စည်းစ်ိမ် ချမ်းသာမှုတွေ မဟုတ်ပါဘူး...။ ကမ္ဘာကြီးကအမှန် တကယ် လိုအပ်နေတာက မေတ္တာတရားတွေ... အကြင်နာတရားတွေ.. စာနာဖေးမမှုတွေနဲ့ ကိုယ်ချင်းစာ တရားတွေကိုဘဲ လိုအပ်နေတာပါ။ #HelloEveryone #fbreelsfypシ゚viralfbreelsfypシ゚viral #GeminiAI #fypviralシ
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡1K Views
  • ***ကျန်းမာသော လူတစ်ယောက် ဖြစ်ချင်ရင် ဖတ်ချိန်တစ်မိနစ်*** ဆိုပြီး ဆရာကြီးဦးရန်အောင် မှာကြားခဲ့တဲ့ အဖိုးတန် ကျန်းမာရေး အသိပညာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    ကျန်းမာဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ကတော့ ခန္ဓာကိုယ်တွင်းက လေ၊ သွေး၊ ဆီး၊ ဝမ်း ညီညွတ်မျှတပြီး သန့်ရှင်းနေဖို့ပါပဲ။ ဝမ်းနှုတ်ဆေးမလိုဘဲ ဝမ်းမှန်မယ်၊ ဆီးရွှင်မယ်၊ သွေးသန့်မယ်ဆိုရင် ရောဂါတွေ ဝေးပြီပေါ့။

    ဒီတော့ "သန့်လေးသန့်" ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။

    (၁) လေသန့်အောင် စွမ်းဆောင်မယ်
    ^^^^^^^^^^^^^^^^^
    ညှော်နံ့၊ အနံ့ဆိုးတွေကို ရှောင်ပါ။
    အသက်ရှူလေ့ကျင့်ခန်းကို တစ်နေ့ နှစ်ကြိမ် ပုံမှန်လုပ်ပေးပါ။
    ညအိပ်ရာဝင်တိုင်း ကရမက်ရည် ကျဲကျဲလေး လိမ်းအိပ်ပါ။

    (၂) သွေးသန့်အောင် ပြုပြင်မယ် (အဆိပ်နိုင်သော ကန်စွန်းရိုးနီ)
    ^^^^^^^^^^^^^^^^^^^^
    သွေးသန့်ဖို့အတွက် အဆိပ်အတောက်တွေကို နိုင်တဲ့ "ကန်စွန်းရိုးနီ" ကို စားသုံးပေးရပါမယ်။

    ပြုလုပ်နည်း - ကန်စွန်းရိုးနီ (၁၅-၂၀) ပင်လောက်ကို သန့်စင်၊ တောက်တောက်စင်းပြီး ရေမြုပ်ရုံထည့် ပြုတ်ပါ။
    ပွက်ပွက်ဆူလာလို့ အရွက်တွေနွမ်းပြီး အရောင်ဖြူသွားရင် အရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။
    အရွက်ဖတ်တွေကို စစ်ယူလိုက်ပါ (သုပ်စားနိုင်ပါတယ်)။
    ကျန်တဲ့ အရည်ထဲကို ထန်းလျက်တစ်ခဲ၊ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းနဲ့ တစ်ပွက်နှစ်ပွက်လောက် ထပ်ဆူအောင် တည်ပါ။
    ရလာတဲ့ ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်သုံးပေးပါ။

    (၃) ဆီးသန့်အောင် ဆောင်ရွက်မယ်
    ^^^^^^^^^^^^^^^^^^
    ဆီး လုံးဝ (လုံးဝ) အောင့်မထားပါနဲ့။ (အထူးသဖြင့် မနက် ၄ နာရီဝန်းကျင်)။ ဆီးအောင့်ထားခြင်းက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်စေပါတယ်။
    ကျောက်ဖရုံသီးအစိမ်းကို ဟင်းချို၊ အသားဟင်းなどで ချက်စားပါ။
    ဆေးကုလားမ (ရှားစောင်းလက်ပပ်) ဖျော်ရည် သောက်ပါ။
    အုန်းနုရည်ကို အသားပါ ခြစ်ထည့်ပြီး ရက်ခြား သောက်ပေးပါ။

    (၄) ဝမ်းသန့်အောင် စားသောက်မယ်
    ^^^^^^^^^^^^^^^^^^
    အောက်ပါ သဘာဝအစားအစာ တစ်ခုခုကို မှီဝဲပါ။

    မန်ကျည်းမှည့် ဖျော်ရည် (ချဉ်ချိုအရသာလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ)။
    ဒိန်ချဉ် စစ်စစ် (ရေခဲမပါ၊ ထန်းလျက် အနည်းငယ်သာ ထည့်ပါ)။
    ဖီးကြမ်းငှက်ပျောသီးမှည့် (သို့) ငှက်ပျောချဉ်မှည့် စားပါ။

    (၂၁) ရက် စိန်ခေါ်မှု
    ^^^^^^^^^^^^^^^
    ဒီအချက်တွေကို (၂၁) ရက်တိတိ လုပ်ဆောင်ကြည့်ပါ။ ဖောရောင်တာတွေ ကျသွားပြီး လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်စင်သွားတဲ့အတွက် ကျောက်တည်ခြင်းကအစ ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

    ဆရာကြီး၏ ထပ်ဆောင်းမှာကြားချက်
    ^^^^^^^^^^^^^^^^^^^^^^^^
    ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပါ။
    ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။

    ဒီနည်းလမ်းကောင်းလေးကို မိမိမိတ်ဆွေတွေလည်း ကျန်းမာစေဖို့ လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦးနော်။

    မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
    ( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
    #ကျန်းမာရေး
    ***ကျန်းမာသော လူတစ်ယောက် ဖြစ်ချင်ရင် ဖတ်ချိန်တစ်မိနစ်*** ဆိုပြီး ဆရာကြီးဦးရန်အောင် မှာကြားခဲ့တဲ့ အဖိုးတန် ကျန်းမာရေး အသိပညာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကျန်းမာဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ကတော့ ခန္ဓာကိုယ်တွင်းက လေ၊ သွေး၊ ဆီး၊ ဝမ်း ညီညွတ်မျှတပြီး သန့်ရှင်းနေဖို့ပါပဲ။ ဝမ်းနှုတ်ဆေးမလိုဘဲ ဝမ်းမှန်မယ်၊ ဆီးရွှင်မယ်၊ သွေးသန့်မယ်ဆိုရင် ရောဂါတွေ ဝေးပြီပေါ့။ ဒီတော့ "သန့်လေးသန့်" ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ 🌬️ (၁) လေသန့်အောင် စွမ်းဆောင်မယ် ^^^^^^^^^^^^^^^^^ ညှော်နံ့၊ အနံ့ဆိုးတွေကို ရှောင်ပါ။ အသက်ရှူလေ့ကျင့်ခန်းကို တစ်နေ့ နှစ်ကြိမ် ပုံမှန်လုပ်ပေးပါ။ ညအိပ်ရာဝင်တိုင်း ကရမက်ရည် ကျဲကျဲလေး လိမ်းအိပ်ပါ။ 🩸 (၂) သွေးသန့်အောင် ပြုပြင်မယ် (အဆိပ်နိုင်သော ကန်စွန်းရိုးနီ) ^^^^^^^^^^^^^^^^^^^^ သွေးသန့်ဖို့အတွက် အဆိပ်အတောက်တွေကို နိုင်တဲ့ "ကန်စွန်းရိုးနီ" ကို စားသုံးပေးရပါမယ်။ ပြုလုပ်နည်း - ကန်စွန်းရိုးနီ (၁၅-၂၀) ပင်လောက်ကို သန့်စင်၊ တောက်တောက်စင်းပြီး ရေမြုပ်ရုံထည့် ပြုတ်ပါ။ ပွက်ပွက်ဆူလာလို့ အရွက်တွေနွမ်းပြီး အရောင်ဖြူသွားရင် အရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။ အရွက်ဖတ်တွေကို စစ်ယူလိုက်ပါ (သုပ်စားနိုင်ပါတယ်)။ ကျန်တဲ့ အရည်ထဲကို ထန်းလျက်တစ်ခဲ၊ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းနဲ့ တစ်ပွက်နှစ်ပွက်လောက် ထပ်ဆူအောင် တည်ပါ။ ရလာတဲ့ ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်သုံးပေးပါ။ 💧 (၃) ဆီးသန့်အောင် ဆောင်ရွက်မယ် ^^^^^^^^^^^^^^^^^^ ဆီး လုံးဝ (လုံးဝ) အောင့်မထားပါနဲ့။ (အထူးသဖြင့် မနက် ၄ နာရီဝန်းကျင်)။ ဆီးအောင့်ထားခြင်းက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်စေပါတယ်။ ကျောက်ဖရုံသီးအစိမ်းကို ဟင်းချို၊ အသားဟင်းなどで ချက်စားပါ။ ဆေးကုလားမ (ရှားစောင်းလက်ပပ်) ဖျော်ရည် သောက်ပါ။ အုန်းနုရည်ကို အသားပါ ခြစ်ထည့်ပြီး ရက်ခြား သောက်ပေးပါ။ 💩 (၄) ဝမ်းသန့်အောင် စားသောက်မယ် ^^^^^^^^^^^^^^^^^^ အောက်ပါ သဘာဝအစားအစာ တစ်ခုခုကို မှီဝဲပါ။ မန်ကျည်းမှည့် ဖျော်ရည် (ချဉ်ချိုအရသာလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ)။ ဒိန်ချဉ် စစ်စစ် (ရေခဲမပါ၊ ထန်းလျက် အနည်းငယ်သာ ထည့်ပါ)။ ဖီးကြမ်းငှက်ပျောသီးမှည့် (သို့) ငှက်ပျောချဉ်မှည့် စားပါ။ ⏳ (၂၁) ရက် စိန်ခေါ်မှု ^^^^^^^^^^^^^^^ ဒီအချက်တွေကို (၂၁) ရက်တိတိ လုပ်ဆောင်ကြည့်ပါ။ ဖောရောင်တာတွေ ကျသွားပြီး လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်စင်သွားတဲ့အတွက် ကျောက်တည်ခြင်းကအစ ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ 🌟 ဆရာကြီး၏ ထပ်ဆောင်းမှာကြားချက် ^^^^^^^^^^^^^^^^^^^^^^^^ ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပါ။ ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။ ဒီနည်းလမ်းကောင်းလေးကို မိမိမိတ်ဆွေတွေလည်း ကျန်းမာစေဖို့ လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦးနော်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။ ( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ) #ကျန်းမာရေး
    Care
    1
    ¡ 0 Comments ¡0 Shares ¡554 Views
  • #မသုံးတတ်ရင် ဘေးဖြစ်စေမယ့် ဆေးဖက်ဝင်အပင်များ (မချစ်ဥ၊ ဆီမီးတောက်၊ ဆင်တုံးမနွယ်) Save ထားပါ

    "တန်ဆေး လွန်ဘေး" ဆိုတာ လူတိုင်းသိပေမယ့် "ဆေးမတိုးဘဲ အဆိပ်သင့်" သွားတတ်တဲ့ အပင်တွေကိုတော့ လူတိုင်း သတိမထားမိတတ်ကြပါဘူး။

    သဘာဝဆေးဘက်ဝင်အပင်မို့ ဘေးကင်းမယ်လို့ ယူဆပြီး ကိုယ့်သဘောနဲ့ကိုယ် သုံးစွဲနေကြသူတွေ ရှိပါသလား? ဒါဆိုရင်တော့ ဒီစာလေးကို အဆုံးထိ ဖတ်ကြည့်ဖို့ မေတ္တာရပ်ခံပါရစေ။

    တချို့အပင်တွေက အမြစ်ကနေ အပင်အထိ ဆေးဖက်ဝင်ပေမယ့် တချို့အပင်တွေကတော့ အစွမ်းထက်လွန်းသလို အထိန်းအကွပ်မပါရင် အသက်အန္တရာယ်ပေးနိုင်တဲ့အထိ "အဆိပ်" ပြင်းတတ်ပါတယ်။ ဥပမာအားဖြင့် -

    ဆီမီးတောက် (Queen of Poisons):
    ^^^^^^^^^^^^^^^^
    အလှစိုက်ကြတဲ့ ဂလောနွယ် (Flame Lily) နဲ့ ကုလားဆီမီးတောက်ပင်တွေဟာ အဆိပ်ပြင်းလွန်းလို့ သူ့ချည်းသက်သက် စားမိရင် သေစေနိုင်ပါတယ်။ ဆေးအဖြစ်သုံးမယ်ဆိုရင်တောင် ကျွမ်းကျင်သူတွေက အဆင့်ဆင့် အဆိပ်ဖြေ (အခိုးသတ်) ပြီးမှ ပမာဏ အနည်းငယ်သာ သုံးစွဲရတာပါ။

    မချစ်ဥ နဲ့ နနွင်းခါး:
    ^^^^^^^^^^^^^^^^^^
    တချိန်က "မချစ်ဥ" ကို အသက်ရှည်ဆေးမှတ်ပြီး သုံးစွဲရာကနေ ကင်ဆာဖြစ်၊ အသက်ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ပျားရည်နဲ့ စိမ်ထားတဲ့ "နနွင်းခါး" ဆေးလုံးတွေဆိုရင်တောင် ပျားရည်ခန်းသွားရင် နနွင်းခါးက သေဆေးပမာ ဖြစ်သွားတတ်ပါတယ်။

    ဆင်တုံးမနွယ်:
    ^^^^^^^^^^^^^^^^
    မသုံးတတ်ရင် ပါးစပ်ကနေ စအိုအထိ အစေးလောင်ကျွမ်းစေနိုင်ပါတယ်။ အသက်ရှည်ချင်လို့ ဆင်စီးကာမှ ဆင်နင်းခံရသလို မဖြစ်ရလေအောင် သတိပြုသင့်ပါတယ်။

    အနှစ်ချုပ်အားဖြင့် -
    ^^^^^^^^^^
    ဒီအပင်တွေက အဆိပ်ရှိသလို၊ အစွမ်းလည်း ထက်ပါတယ်။ ဒါပေမဲ့ "အခိုးသတ်" တတ်ဖို့၊ စနစ်တကျ ဖော်စပ်တတ်ဖို့က အရေးကြီးဆုံးပါ။
    မိမိကိုယ်တိုင် ဆရာလုပ်ပြီး စမ်းသပ်မသောက်သုံးပါနဲ့။
    နားလည်တတ်ကျွမ်းတဲ့ ဆရာသမားတွေရဲ့ ညွှန်ကြားချက်မပါဘဲ မမှီဝဲပါနဲ့။

    အပင်တိုင်း ဆေးဖက်ဝင်ပေမယ့်... ဘေးမဖြစ်ဘဲ ဆေးဖြစ်အောင် သုံးတတ်ဖို့က မိမိရဲ့ သတိနဲ့ ဉာဏ်ပညာအပေါ်မှာ မူတည်ပါတယ်ရှင်။

    ကျန်းမာပြီး ဘေးကင်းကြပါစေ။
    မသိသေးတဲ့ မိတ်ဆွေတွေအတွက်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။
    မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
    ( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
    #ကျန်းမာရေး
    #မသုံးတတ်ရင် ဘေးဖြစ်စေမယ့် ဆေးဖက်ဝင်အပင်များ (မချစ်ဥ၊ ဆီမီးတောက်၊ ဆင်တုံးမနွယ်) Save ထားပါ🥰 "တန်ဆေး လွန်ဘေး" ဆိုတာ လူတိုင်းသိပေမယ့် "ဆေးမတိုးဘဲ အဆိပ်သင့်" သွားတတ်တဲ့ အပင်တွေကိုတော့ လူတိုင်း သတိမထားမိတတ်ကြပါဘူး။ 🌿💀 သဘာဝဆေးဘက်ဝင်အပင်မို့ ဘေးကင်းမယ်လို့ ယူဆပြီး ကိုယ့်သဘောနဲ့ကိုယ် သုံးစွဲနေကြသူတွေ ရှိပါသလား? ဒါဆိုရင်တော့ ဒီစာလေးကို အဆုံးထိ ဖတ်ကြည့်ဖို့ မေတ္တာရပ်ခံပါရစေ။ တချို့အပင်တွေက အမြစ်ကနေ အပင်အထိ ဆေးဖက်ဝင်ပေမယ့် တချို့အပင်တွေကတော့ အစွမ်းထက်လွန်းသလို အထိန်းအကွပ်မပါရင် အသက်အန္တရာယ်ပေးနိုင်တဲ့အထိ "အဆိပ်" ပြင်းတတ်ပါတယ်။ ဥပမာအားဖြင့် - 🔥 ဆီမီးတောက် (Queen of Poisons): ^^^^^^^^^^^^^^^^ အလှစိုက်ကြတဲ့ ဂလောနွယ် (Flame Lily) နဲ့ ကုလားဆီမီးတောက်ပင်တွေဟာ အဆိပ်ပြင်းလွန်းလို့ သူ့ချည်းသက်သက် စားမိရင် သေစေနိုင်ပါတယ်။ ဆေးအဖြစ်သုံးမယ်ဆိုရင်တောင် ကျွမ်းကျင်သူတွေက အဆင့်ဆင့် အဆိပ်ဖြေ (အခိုးသတ်) ပြီးမှ ပမာဏ အနည်းငယ်သာ သုံးစွဲရတာပါ။ 🥔 မချစ်ဥ နဲ့ နနွင်းခါး: ^^^^^^^^^^^^^^^^^^ တချိန်က "မချစ်ဥ" ကို အသက်ရှည်ဆေးမှတ်ပြီး သုံးစွဲရာကနေ ကင်ဆာဖြစ်၊ အသက်ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ပျားရည်နဲ့ စိမ်ထားတဲ့ "နနွင်းခါး" ဆေးလုံးတွေဆိုရင်တောင် ပျားရည်ခန်းသွားရင် နနွင်းခါးက သေဆေးပမာ ဖြစ်သွားတတ်ပါတယ်။ 🌱 ဆင်တုံးမနွယ်: ^^^^^^^^^^^^^^^^ မသုံးတတ်ရင် ပါးစပ်ကနေ စအိုအထိ အစေးလောင်ကျွမ်းစေနိုင်ပါတယ်။ အသက်ရှည်ချင်လို့ ဆင်စီးကာမှ ဆင်နင်းခံရသလို မဖြစ်ရလေအောင် သတိပြုသင့်ပါတယ်။ အနှစ်ချုပ်အားဖြင့် - ^^^^^^^^^^ ဒီအပင်တွေက အဆိပ်ရှိသလို၊ အစွမ်းလည်း ထက်ပါတယ်။ ဒါပေမဲ့ "အခိုးသတ်" တတ်ဖို့၊ စနစ်တကျ ဖော်စပ်တတ်ဖို့က အရေးကြီးဆုံးပါ။ ✅ မိမိကိုယ်တိုင် ဆရာလုပ်ပြီး စမ်းသပ်မသောက်သုံးပါနဲ့။ ✅ နားလည်တတ်ကျွမ်းတဲ့ ဆရာသမားတွေရဲ့ ညွှန်ကြားချက်မပါဘဲ မမှီဝဲပါနဲ့။ အပင်တိုင်း ဆေးဖက်ဝင်ပေမယ့်... ဘေးမဖြစ်ဘဲ ဆေးဖြစ်အောင် သုံးတတ်ဖို့က မိမိရဲ့ သတိနဲ့ ဉာဏ်ပညာအပေါ်မှာ မူတည်ပါတယ်ရှင်။ ကျန်းမာပြီး ဘေးကင်းကြပါစေ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။ 👇 မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။ ( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ) #ကျန်းမာရေး
    Care
    1
    ¡ 1 Comments ¡0 Shares ¡629 Views
  • ဉာဏ်ပညာရှိသူထံ ချဉ်းကပ်ပါ
    ---------------------------------
    ရှေးအခါတုန်းက ချမ်းသာကြွယ်ဝတဲ့ ဇနီးမောင်နှံ နှစ်ယောက်တွင် ေ,သနကဟု အမည်ရသော သားတစ် ယောက်ရှိလေသည်။ မိဘနှစ်ပါးက သူတို့၏သား ေ.သနက ကို တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခဆရာကြီးထံသို့ အပ်နှံကာ အဠာရသ တစ်ဆယ့်ရှစ်ရပ်သော ပညာများကို သင်ကြားစေလေသည်။

    ေ,သနကသည် တစ်ဆယ့်ရှစ်ရပ်သော ပညာများကို စနစ်တကျလေ့ကျင့်ပြီး နှံ့စပ်အောင် သင်ကြားနာယူသဖြင့် ကျွမ်းကျင်တတ်မြောက်ခဲ့လေသည်။

    ထိုစဉ်အချိန်အခါက ဗာရာဏသီပြည်၏ အရှင် မင်းမြတ်သည် ဇနကဟု အမည်တွင်လေသည်။ ေ.သနက၏ ပညာပြည့်ဝသော သတင်းကို ကြားသိသော ဇနကမင်းက ေ,သနကကို ပညာရှိအမတ်ကြီးအဖြစ် ချီးမြှင့်မြှောက်စားလေ၏။

    ဗာရာဏသီပြည်၏ မနီးမဝေးနေရာ၌ တောင်း ရမ်းစားသောက်သောမျိုးနွယ်များ နေထိုင်သည့် ရွာတစ်ရွာ ရှိလေသည်။ ထိုရွာ၌ အဘိုးအိုတစ်ဦး၏ ဇနီးသည် အသက်အရွယ် ငယ်ရွယ်လွန်းပြီး ရုပ်ရည်က အလွန်ချောမောလှပသည်။

    အဘိုးအိုက ချောမောလှပသော သူ၏ဇနီးကိုအလွန် ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ထားသည်။ ဇနီးသည်က ခိုင်းစေသမျှကို စိတ်ချမ်းသာအောင်လုပ်ပေးသည်။သည် တော့ ဇနီးသည်က လင်သားအပေါ် ဆိုးချင်တိုင်းဆိုးနေ ပေတော့သည်။

    တစ်နေ့မနက်တွင် အဘိုးအိုက အရပ်တကာ လှည့်လည်ပြီး တောင်းရမ်းရန် အိမ်က ထွက်မည် အပြုတွင် ဇနီးသည်က... “ယောကျာ်း… ဒီနေ့ အသပြာတစ်ထောင်ပြည့် အောင် တောင်းလာခဲ့ပါ။ အသပြာတစ်ထောင်မပြည့်မချင်း အိမ်ကို ပြန်မလာခဲ့နဲ့။ မိန်းမမှာဝယ်စရာရှိလို့... ပြောတာ ကြားတယ်နော်" ဟု မှာကြားလေ၏။

    အဘိုးအိုက....“ စိတ်ချ။ ငါ့မိန်းမ စိတ်ချမ်းသာစေရမယ်။ အသပြာတစ်ထောင်ရအောင် တောင်းခဲ့မယ်”ဟုဆိုကာ တောင်းရမ်းရန် အိမ်က ထွက်လာခဲ့လေ၏။ အဘိုးအိုသည် တစ်ရွာဝင် တစ်ရွာထွက် လိုက်၍ တောင်းရမ်းလေ၏။

    “ဟင်း... အခုမှ အသပြာလေးရာပဲ ရပါသေးလား။အသပြာတစ်ထောင်ဆိုတာ နည်းတာမဟုတ်ဘူး။ ငါ့မိန်းမက ငါ့လိုအိုကြီး အိုမကြီးကို ယူထားတာ။ ငါ့မိန်းမ စိတ်ချမ်းသာရအောင် အသပြာတစ်ထောင် မရမချင်း လှည့်လည် တောင်းခံရမယ် ”

    အဖိုးအိုက ထိုသို့ မာန်တင်းပြီး ကြိုးစားပန်းစား မမောနိုင် မပန်းနိုင် တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းပါတယ်။

    ထိုကဲ့သို့ လှည့်လည်ပြီးတောင်းရမ်းရင်း မွန်းတည့်ချိန်သို့ရောက်လာသည်။ အဘိုးအိုသည် ပူပြင်းသောနေရောင်၏ အပူရှိန်ကြောင့် နွမ်းလျလာသည်။ တစ်ကိုယ်လုံးတွင် ချွေးများကလည်း စိုရွှဲလာသည်။ နေပူဒဏ်ကြောင့် လျှောက်နေသောခြေလှမ်းများက မမှန်တော့ပေ။

    တောင်းရမ်းရသည့် အသပြာကလည်း တစ်ထောင်ပြည့်ရန် သုံးရာလိုသေးသည်။ လိုနေသော အသပြာရရန် နောက်တစ်ရွာသို့ သွားရောက်တောင်းရမ်းရပေဦးမည်။ ထိုရွာသို့ ရောက်ရန် ခရီးက အတော်အလှမ်းဝေးလေသည်။

    “အင်း... ခဏနားပြီး အမောအပန်းဖြေရမယ်။ ပြီးမှ ခရီးဆက်ရင် ကောင်းမယ်”ဟု အဘိုးအိုက တွေးပြီး သစ်ပင်ရိပ်တွင် ထိုင်ကာ အမောအပန်းဖြေလေသည်။ ဗိုက်ကလည်း ဆာလောင်သည်မို့ သားရေအိတ်နှင့် ထည့်လာသော ထမင်းထုပ်ကို ဖြေ၍ စားလေသည်။

    မောပန်းနေ သောကြောင့် ထမင်းထုပ်ထဲမှ ထမင်းတစ်ဝက်ကိုသာ စားနိုင်လေသည်။ ကျန်သည့် ထမင်းကို ပြန်ထုပ်ကာ သားရေအိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်...“ဟင်း...အဆာကတော့ ပြေသွားပြီ။ အခုမှ ရေဘူး ပါမလာတာကို သတိရတယ်။ ရေ သောက်ချင် လိုက်တာ။ အနီးအနားမှာ ရေရှာကြည့်ဦးမှ”

    အဘိုးအိုကအနီးအနား၌ ရေရလိုရငြား လိုက်ရှာလျက် သားရေအိတ်ကို နားနေရာ သစ်ပင်ရင်း၌ ချထားခဲ့ သည်။ စမ်းချောင်းတစ်ခုကိုတွေ့လျှင် ရေသောက်ပြီး စမ်းချောင်းဘေး၌ ခဏနားနေလိုက်သည်။ ထိုအချိန်တွင် မြွေဟောက်တစ်ကောင်က အဘိုးအို၏ သားရေအိတ်ထဲ သို့ဝင်ကာ ခွေနေလေသည်။

    အဘိုးအိုက အမောပြေလျှင် ပထမထိုင်၍ နားခဲ့သောနေရာရှိ သားရေအိတ်ကိုကြိုးဖြင့် ပြန်ချည်ကာ လွယ်၍ အခြားရွာသို့ ခရီးဆက်ခဲ့သည်။ အခြားရွာထဲ၌ လှည့်လည်တောင်းရမ်းသည်။ အသပြာက တစ်ထောင် မပြည့်သေးပေ။

    ထို့ကြောင့် အခြားတစ်ရွာသို့ ခရီးဆက်ရန် အဘိုးအိုက စဉ်းစားသည်။ အချိန်ကလည်း ရှိနေသေးသည်။ အဘိုးအိုသည်အခြားရွာထိပ်သို့ရောက်လျှင် မောပန်းလွန်းသဖြင့် သစ်ပင်ရိပ် အောက်သို့သွားကာ သစ်ပင်ကိုမှီရင်းမျက်စိကို စုံမှိတ်ရင်း မှေးနေလိုက်သည်။

    မောပန်းလွန်းသောကြောင့် အိပ်ပျော်သကဲ့သို့ ဖြစ်သွား သည်။ ထိုစဉ် အဘိုးအို၏နားထဲ၌...“အဘိုးအို… ဒီနေ့ သင် အိမ်ကို မပြန်ဖြစ်ရင် သင် ေ.သရမယ်။ အိမ်ကို ပြန်ဖြစ်ရင် သင့်ဇနီး ေ.သလိမ့်မယ်။

    “ဟင်”

    အထက်ပါ သတိပေးစကားကြောင့် အဘိုးအိုမှာ လန့်နိုးသွားသည်.... "ဟင်...ငါ ဒီနေ့ အိမ်မပြန်ပဲနေရင် ငါေ,သမယ်။ ငါအိမ်ပြန်သွားရင် ငါ့ဇနီးေ.သမယ်ဆိုပါလား။ ငါ့ဇနီးက အခုမှ အသက်ငယ်ငယ်လေးရှိသေးတာ၊ အေ,သမခံနိုင်ပါဘူး”

    အဘိုးအိုသည် ရွာထဲတွင် လှည့်လည်တောင်းရာ သူ့ဇနီးလိုချင်သော အသပြာတစ်ထောင်က ပြည့်သွားသည်။ ထိုအချိန်တွင် ထိုရွာမှ ရွာသူရွာသားများသည် တစ်နေရာသို့ အုပ်စုလိုက်သွားလာနေကြသည်ကို အဘိုးအို မြင်တွေ့လေသည်။

    အဘိုးအိုသည် လာလမ်းအတိုင်း ပြန်လာရာ ဗာရာဏသီမြို့အနီးသို့ ရောက်လာလေသည်။ ထိုမှဤမှ လာနေကြသောလူများကို တွေ့နေရသည်....“ သင်တို့ ဘယ်ကိုသွားပြီး ဘာလုပ်ကြမှာလဲ” ဟု အဘိုးအိုက လမ်း၌ တွေ့သူတစ်ဦးကို မေးသည်။

    “ဒီနေ့ လပြည့်နေ့လေ။ ပညာရှိအမတ်ကြီး ေ,သနက တရားဟောပြောမှာမို့ တရားနာဖို့ သွားနေ ကြတာ”

    “ဟာ..ဟုတ်ပြီ။ ငါ့နားထဲမှာ ကြားခဲ့ရတဲ့ အသံရဲ့အဓိပ္ပာယ်ကို ပညာရှိအမတ်ကြီးကို မေးမြန်းကြည့်ရရင်ကောင်းမယ်”

    အဘိုးအိုက ပညာရှိအမတ်ကြီးေ.သနကထံကို ရောက်အောင်သွားပြီး သည်နေ့ သူ့ဇနီးက ငွေအသပြာ တစ်ထောင်ရရန် တောင်းရမ်းခိုင်းစေ၍ သွားလာလှုပ်ရှား ခဲ့ရပုံ၊ မှေးခနဲ အိပ်ပျော်သွားစဉ် ကြားရသောအသံ ၏အဓိပ္ပာယ်တို့ကို ေ.သနကအမတ်ကို မေးမြန်းလေသည်။

    ပညာရှိအမတ်ကြီးက... “ အဘိုးအို၊ သင် ရေဆာလို့ စမ်းချောင်းဆီ ရေသွားသောက်နေချိန် သင် ဖွင့်ထားခဲ့ တဲ့ သားရေအိတ်ထဲကို မြွေဆိုးတစ်ကောင် ဝင်ခွေနေ တယ်။ သင်က ဒီနေ့ အိမ်မပြန်ပဲ ရောက်တဲ့နေရာမှာ အိပ်စက်ဖို့ စဉ်းစားရင်း သားရေအိတ်ကြိုးကို ဖြေပြီး ကျန်တဲ့ ထမင်းထုပ်ကို ယူစားမယ်။

    အဲဒါဆိုရင် အိတ်ထဲက မြွေက သင့်လက်ကို ပေါက်လို့ သင်ေ,သမယ်။ သင်က ညမအိပ်ပဲ အိမ်ကိုအရောက်ပြန်ခဲ့ရင် သင့်ဇနီးက အိတ်ကို ဖြေကြည့်မယ်။ ဒါဆိုရင် သင့်ဇနီးက မြွေပေါက်ခံရပြီး ေ,သရလိမ့်မယ်။ သင့်သားရေအိတ်ကိုဖြေပြီး အဝေးကို သွားနေလိုက်ပါ၊ သင့်နားထဲမှာ ကြားရတဲ့အသံရဲ့အဖြေကို သင် သိရပေလိမ့်မယ်" ဟု အဘိုးအိုကို ရှင်းပြလေသည်။

    အဘိုးအိုက သားရေအိတ်ကို ကြိုးဖြေပြီး အဝေးသို့ သွားနေလိုက် သည်။ထိုအခါ အိတ်ထဲမှမြွေဟောက်ကြီး ထွက်လာကာ ပါးပျဉ်းထောင်နေလေသည်။ တရားနာပရိသတ်များက အဝေးသို့ မောင်းထုတ်ကြလေသည်။

    “အင်း...ပညာရှိအမတ်ကြီးသေနကက ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးအသက်ကို ကယ်တင်ခဲ့လို့ ကျေးဇူးကြီးမားလှ ပါတယ်။ ပညာရှိအမတ်ကြီးရဲ့ တရားကို နာကြားပြီးမှ ရွာကိုပြန်ပါတော့မယ်”

    “သာဓု…သာဓု…သာဓု….”

    အဘိုးအိုသည် ပညာရှိထံ ချဉ်းကပ်ခဲ့မိသေ ကြောင့် သူနှင့် သူ့ဇနီးတို့ အသက်ရှင် ချမ်းသာရာရခဲ့ကြောင်း သူ့ဇနီးကို ပြောပြလေတယ်။

    ထိုအခါမှ အဖိုးအို၏ ဇနီးဖြစ်သူမှာ အမြင်မှန်ရသွားပြီ သူ၏ယောင်္ကျားအား ကန်တော့ တောင်းပန်ပြီးလျှင် ယခုအချိန်မှ စပြီး လိမ္မာစွာ နေထိုင်ပါတော့မည်ဟု ကတိပေးလေသည်.........။

    with respect - credit - ရွှေသွေးဂျာနယ်- kaunghtet
    #knowledge #Moral story
    ဉာဏ်ပညာရှိသူထံ ချဉ်းကပ်ပါ --------------------------------- ရှေးအခါတုန်းက ချမ်းသာကြွယ်ဝတဲ့ ဇနီးမောင်နှံ နှစ်ယောက်တွင် ေ,သနကဟု အမည်ရသော သားတစ် ယောက်ရှိလေသည်။ မိဘနှစ်ပါးက သူတို့၏သား ေ.သနက ကို တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခဆရာကြီးထံသို့ အပ်နှံကာ အဠာရသ တစ်ဆယ့်ရှစ်ရပ်သော ပညာများကို သင်ကြားစေလေသည်။ ေ,သနကသည် တစ်ဆယ့်ရှစ်ရပ်သော ပညာများကို စနစ်တကျလေ့ကျင့်ပြီး နှံ့စပ်အောင် သင်ကြားနာယူသဖြင့် ကျွမ်းကျင်တတ်မြောက်ခဲ့လေသည်။ ထိုစဉ်အချိန်အခါက ဗာရာဏသီပြည်၏ အရှင် မင်းမြတ်သည် ဇနကဟု အမည်တွင်လေသည်။ ေ.သနက၏ ပညာပြည့်ဝသော သတင်းကို ကြားသိသော ဇနကမင်းက ေ,သနကကို ပညာရှိအမတ်ကြီးအဖြစ် ချီးမြှင့်မြှောက်စားလေ၏။ ဗာရာဏသီပြည်၏ မနီးမဝေးနေရာ၌ တောင်း ရမ်းစားသောက်သောမျိုးနွယ်များ နေထိုင်သည့် ရွာတစ်ရွာ ရှိလေသည်။ ထိုရွာ၌ အဘိုးအိုတစ်ဦး၏ ဇနီးသည် အသက်အရွယ် ငယ်ရွယ်လွန်းပြီး ရုပ်ရည်က အလွန်ချောမောလှပသည်။ အဘိုးအိုက ချောမောလှပသော သူ၏ဇနီးကိုအလွန် ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ထားသည်။ ဇနီးသည်က ခိုင်းစေသမျှကို စိတ်ချမ်းသာအောင်လုပ်ပေးသည်။သည် တော့ ဇနီးသည်က လင်သားအပေါ် ဆိုးချင်တိုင်းဆိုးနေ ပေတော့သည်။ တစ်နေ့မနက်တွင် အဘိုးအိုက အရပ်တကာ လှည့်လည်ပြီး တောင်းရမ်းရန် အိမ်က ထွက်မည် အပြုတွင် ဇနီးသည်က... “ယောကျာ်း… ဒီနေ့ အသပြာတစ်ထောင်ပြည့် အောင် တောင်းလာခဲ့ပါ။ အသပြာတစ်ထောင်မပြည့်မချင်း အိမ်ကို ပြန်မလာခဲ့နဲ့။ မိန်းမမှာဝယ်စရာရှိလို့... ပြောတာ ကြားတယ်နော်" ဟု မှာကြားလေ၏။ အဘိုးအိုက....“ စိတ်ချ။ ငါ့မိန်းမ စိတ်ချမ်းသာစေရမယ်။ အသပြာတစ်ထောင်ရအောင် တောင်းခဲ့မယ်”ဟုဆိုကာ တောင်းရမ်းရန် အိမ်က ထွက်လာခဲ့လေ၏။ အဘိုးအိုသည် တစ်ရွာဝင် တစ်ရွာထွက် လိုက်၍ တောင်းရမ်းလေ၏။ “ဟင်း... အခုမှ အသပြာလေးရာပဲ ရပါသေးလား။အသပြာတစ်ထောင်ဆိုတာ နည်းတာမဟုတ်ဘူး။ ငါ့မိန်းမက ငါ့လိုအိုကြီး အိုမကြီးကို ယူထားတာ။ ငါ့မိန်းမ စိတ်ချမ်းသာရအောင် အသပြာတစ်ထောင် မရမချင်း လှည့်လည် တောင်းခံရမယ် ” အဖိုးအိုက ထိုသို့ မာန်တင်းပြီး ကြိုးစားပန်းစား မမောနိုင် မပန်းနိုင် တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းပါတယ်။ ထိုကဲ့သို့ လှည့်လည်ပြီးတောင်းရမ်းရင်း မွန်းတည့်ချိန်သို့ရောက်လာသည်။ အဘိုးအိုသည် ပူပြင်းသောနေရောင်၏ အပူရှိန်ကြောင့် နွမ်းလျလာသည်။ တစ်ကိုယ်လုံးတွင် ချွေးများကလည်း စိုရွှဲလာသည်။ နေပူဒဏ်ကြောင့် လျှောက်နေသောခြေလှမ်းများက မမှန်တော့ပေ။ တောင်းရမ်းရသည့် အသပြာကလည်း တစ်ထောင်ပြည့်ရန် သုံးရာလိုသေးသည်။ လိုနေသော အသပြာရရန် နောက်တစ်ရွာသို့ သွားရောက်တောင်းရမ်းရပေဦးမည်။ ထိုရွာသို့ ရောက်ရန် ခရီးက အတော်အလှမ်းဝေးလေသည်။ “အင်း... ခဏနားပြီး အမောအပန်းဖြေရမယ်။ ပြီးမှ ခရီးဆက်ရင် ကောင်းမယ်”ဟု အဘိုးအိုက တွေးပြီး သစ်ပင်ရိပ်တွင် ထိုင်ကာ အမောအပန်းဖြေလေသည်။ ဗိုက်ကလည်း ဆာလောင်သည်မို့ သားရေအိတ်နှင့် ထည့်လာသော ထမင်းထုပ်ကို ဖြေ၍ စားလေသည်။ မောပန်းနေ သောကြောင့် ထမင်းထုပ်ထဲမှ ထမင်းတစ်ဝက်ကိုသာ စားနိုင်လေသည်။ ကျန်သည့် ထမင်းကို ပြန်ထုပ်ကာ သားရေအိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်...“ဟင်း...အဆာကတော့ ပြေသွားပြီ။ အခုမှ ရေဘူး ပါမလာတာကို သတိရတယ်။ ရေ သောက်ချင် လိုက်တာ။ အနီးအနားမှာ ရေရှာကြည့်ဦးမှ” အဘိုးအိုကအနီးအနား၌ ရေရလိုရငြား လိုက်ရှာလျက် သားရေအိတ်ကို နားနေရာ သစ်ပင်ရင်း၌ ချထားခဲ့ သည်။ စမ်းချောင်းတစ်ခုကိုတွေ့လျှင် ရေသောက်ပြီး စမ်းချောင်းဘေး၌ ခဏနားနေလိုက်သည်။ ထိုအချိန်တွင် မြွေဟောက်တစ်ကောင်က အဘိုးအို၏ သားရေအိတ်ထဲ သို့ဝင်ကာ ခွေနေလေသည်။ အဘိုးအိုက အမောပြေလျှင် ပထမထိုင်၍ နားခဲ့သောနေရာရှိ သားရေအိတ်ကိုကြိုးဖြင့် ပြန်ချည်ကာ လွယ်၍ အခြားရွာသို့ ခရီးဆက်ခဲ့သည်။ အခြားရွာထဲ၌ လှည့်လည်တောင်းရမ်းသည်။ အသပြာက တစ်ထောင် မပြည့်သေးပေ။ ထို့ကြောင့် အခြားတစ်ရွာသို့ ခရီးဆက်ရန် အဘိုးအိုက စဉ်းစားသည်။ အချိန်ကလည်း ရှိနေသေးသည်။ အဘိုးအိုသည်အခြားရွာထိပ်သို့ရောက်လျှင် မောပန်းလွန်းသဖြင့် သစ်ပင်ရိပ် အောက်သို့သွားကာ သစ်ပင်ကိုမှီရင်းမျက်စိကို စုံမှိတ်ရင်း မှေးနေလိုက်သည်။ မောပန်းလွန်းသောကြောင့် အိပ်ပျော်သကဲ့သို့ ဖြစ်သွား သည်။ ထိုစဉ် အဘိုးအို၏နားထဲ၌...“အဘိုးအို… ဒီနေ့ သင် အိမ်ကို မပြန်ဖြစ်ရင် သင် ေ.သရမယ်။ အိမ်ကို ပြန်ဖြစ်ရင် သင့်ဇနီး ေ.သလိမ့်မယ်။ “ဟင်” အထက်ပါ သတိပေးစကားကြောင့် အဘိုးအိုမှာ လန့်နိုးသွားသည်.... "ဟင်...ငါ ဒီနေ့ အိမ်မပြန်ပဲနေရင် ငါေ,သမယ်။ ငါအိမ်ပြန်သွားရင် ငါ့ဇနီးေ.သမယ်ဆိုပါလား။ ငါ့ဇနီးက အခုမှ အသက်ငယ်ငယ်လေးရှိသေးတာ၊ အေ,သမခံနိုင်ပါဘူး” အဘိုးအိုသည် ရွာထဲတွင် လှည့်လည်တောင်းရာ သူ့ဇနီးလိုချင်သော အသပြာတစ်ထောင်က ပြည့်သွားသည်။ ထိုအချိန်တွင် ထိုရွာမှ ရွာသူရွာသားများသည် တစ်နေရာသို့ အုပ်စုလိုက်သွားလာနေကြသည်ကို အဘိုးအို မြင်တွေ့လေသည်။ အဘိုးအိုသည် လာလမ်းအတိုင်း ပြန်လာရာ ဗာရာဏသီမြို့အနီးသို့ ရောက်လာလေသည်။ ထိုမှဤမှ လာနေကြသောလူများကို တွေ့နေရသည်....“ သင်တို့ ဘယ်ကိုသွားပြီး ဘာလုပ်ကြမှာလဲ” ဟု အဘိုးအိုက လမ်း၌ တွေ့သူတစ်ဦးကို မေးသည်။ “ဒီနေ့ လပြည့်နေ့လေ။ ပညာရှိအမတ်ကြီး ေ,သနက တရားဟောပြောမှာမို့ တရားနာဖို့ သွားနေ ကြတာ” “ဟာ..ဟုတ်ပြီ။ ငါ့နားထဲမှာ ကြားခဲ့ရတဲ့ အသံရဲ့အဓိပ္ပာယ်ကို ပညာရှိအမတ်ကြီးကို မေးမြန်းကြည့်ရရင်ကောင်းမယ်” အဘိုးအိုက ပညာရှိအမတ်ကြီးေ.သနကထံကို ရောက်အောင်သွားပြီး သည်နေ့ သူ့ဇနီးက ငွေအသပြာ တစ်ထောင်ရရန် တောင်းရမ်းခိုင်းစေ၍ သွားလာလှုပ်ရှား ခဲ့ရပုံ၊ မှေးခနဲ အိပ်ပျော်သွားစဉ် ကြားရသောအသံ ၏အဓိပ္ပာယ်တို့ကို ေ.သနကအမတ်ကို မေးမြန်းလေသည်။ ပညာရှိအမတ်ကြီးက... “ အဘိုးအို၊ သင် ရေဆာလို့ စမ်းချောင်းဆီ ရေသွားသောက်နေချိန် သင် ဖွင့်ထားခဲ့ တဲ့ သားရေအိတ်ထဲကို မြွေဆိုးတစ်ကောင် ဝင်ခွေနေ တယ်။ သင်က ဒီနေ့ အိမ်မပြန်ပဲ ရောက်တဲ့နေရာမှာ အိပ်စက်ဖို့ စဉ်းစားရင်း သားရေအိတ်ကြိုးကို ဖြေပြီး ကျန်တဲ့ ထမင်းထုပ်ကို ယူစားမယ်။ အဲဒါဆိုရင် အိတ်ထဲက မြွေက သင့်လက်ကို ပေါက်လို့ သင်ေ,သမယ်။ သင်က ညမအိပ်ပဲ အိမ်ကိုအရောက်ပြန်ခဲ့ရင် သင့်ဇနီးက အိတ်ကို ဖြေကြည့်မယ်။ ဒါဆိုရင် သင့်ဇနီးက မြွေပေါက်ခံရပြီး ေ,သရလိမ့်မယ်။ သင့်သားရေအိတ်ကိုဖြေပြီး အဝေးကို သွားနေလိုက်ပါ၊ သင့်နားထဲမှာ ကြားရတဲ့အသံရဲ့အဖြေကို သင် သိရပေလိမ့်မယ်" ဟု အဘိုးအိုကို ရှင်းပြလေသည်။ အဘိုးအိုက သားရေအိတ်ကို ကြိုးဖြေပြီး အဝေးသို့ သွားနေလိုက် သည်။ထိုအခါ အိတ်ထဲမှမြွေဟောက်ကြီး ထွက်လာကာ ပါးပျဉ်းထောင်နေလေသည်။ တရားနာပရိသတ်များက အဝေးသို့ မောင်းထုတ်ကြလေသည်။ “အင်း...ပညာရှိအမတ်ကြီးသေနကက ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးအသက်ကို ကယ်တင်ခဲ့လို့ ကျေးဇူးကြီးမားလှ ပါတယ်။ ပညာရှိအမတ်ကြီးရဲ့ တရားကို နာကြားပြီးမှ ရွာကိုပြန်ပါတော့မယ်” “သာဓု…သာဓု…သာဓု….” အဘိုးအိုသည် ပညာရှိထံ ချဉ်းကပ်ခဲ့မိသေ ကြောင့် သူနှင့် သူ့ဇနီးတို့ အသက်ရှင် ချမ်းသာရာရခဲ့ကြောင်း သူ့ဇနီးကို ပြောပြလေတယ်။ ထိုအခါမှ အဖိုးအို၏ ဇနီးဖြစ်သူမှာ အမြင်မှန်ရသွားပြီ သူ၏ယောင်္ကျားအား ကန်တော့ တောင်းပန်ပြီးလျှင် ယခုအချိန်မှ စပြီး လိမ္မာစွာ နေထိုင်ပါတော့မည်ဟု ကတိပေးလေသည်.........။ with respect - credit - ရွှေသွေးဂျာနယ်- kaunghtet #knowledge #Moral story
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡469 Views
  • စိတ်ဓာတ် ယုတ်မာသူ အတွက်
    ပညာတတ်ခြင်းဟာ အလကားပဲ…

    မျော်လင့်ချက် မရှိသူအတွက်
    မနက်ဖြန် ဆိုတာ အလကားပဲ…

    သင်္ခန်းစာ မယူတတ်သူအတွက်
    အတွေ့ကြုံ ဆိုတာ အလကားပဲ…

    ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
    ကူညီပေးမှု့ဟာ အလကားပဲ…

    အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
    ခေါင်းဆောင် ဆိုတာ အလကားပဲ…

    ခံစားချက် မရှိသူ အတွက်
    နှလုံးသား တစ်စုံဟာ အလကားပဲ…

    မကြိုးစားသူ အတွက်
    အခွင့်အရေး ဆိုတာ အလကားဘဲ…

    နှမြောတွန့်တိုတတ်သူ အတွက်
    ချမ်းသာခြင်းဟာ အလကားပဲ…

    စိတ်ထားယုတ်သူ အတွက်
    ရုပ်လှခြင်းဟာ အလကားပဲ…

    မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
    ဆရာကောင်းဟာ အလကားပဲ…

    ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက်
    ပေါမျအတွက်ားခြင်းဟာ အလကားပဲ…

    ကုသိုလ်မပြုသူ
    ဘဝဖြစ်တည်ခြင်းက အလကားပဲ…

    ပိုင်ဆိုင်ခွင့် ရတိုင်း
    ပျော်ရွှင်ရမယ် မထင်နဲ့
    လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်…

    ဆုံးရှုံးသွားတိုင်း
    ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
    မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်…

    အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
    တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
    မကြည်နိူင်ရင် ရှုံးတာပါပဲ…

    အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
    ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
    အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ…

    စွန့်လွတ်တိုင်းလည်း
    ဆုံးရှူံးရတာ မဟုတ်ဘူး
    ပိုင်ဆိုင်ရတိုင်းလည်း
    ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်…

    နားလည်မှု့မရှိရင် နီးနေလည်း
    အလကားပဲ…
    တစ်ယောက်နဲ့တစ်ယောက်
    စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း
    ရှိမလာနိူင်ဘူး…

    ဘယ်လောက် ဝေးဝေး
    စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ
    အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
    အလိုလိုရောက်လာမှာလေ……။

    Crd to owner with respect #
    စိတ်ဓာတ် ယုတ်မာသူ အတွက် ပညာတတ်ခြင်းဟာ အလကားပဲ… မျော်လင့်ချက် မရှိသူအတွက် မနက်ဖြန် ဆိုတာ အလကားပဲ… သင်္ခန်းစာ မယူတတ်သူအတွက် အတွေ့ကြုံ ဆိုတာ အလကားပဲ… ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက် ကူညီပေးမှု့ဟာ အလကားပဲ… အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက် ခေါင်းဆောင် ဆိုတာ အလကားပဲ… ခံစားချက် မရှိသူ အတွက် နှလုံးသား တစ်စုံဟာ အလကားပဲ… မကြိုးစားသူ အတွက် အခွင့်အရေး ဆိုတာ အလကားဘဲ… နှမြောတွန့်တိုတတ်သူ အတွက် ချမ်းသာခြင်းဟာ အလကားပဲ… စိတ်ထားယုတ်သူ အတွက် ရုပ်လှခြင်းဟာ အလကားပဲ… မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက် ဆရာကောင်းဟာ အလကားပဲ… ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက် ပေါမျအတွက်ားခြင်းဟာ အလကားပဲ… ကုသိုလ်မပြုသူ ဘဝဖြစ်တည်ခြင်းက အလကားပဲ… ပိုင်ဆိုင်ခွင့် ရတိုင်း ပျော်ရွှင်ရမယ် မထင်နဲ့ လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်… ဆုံးရှုံးသွားတိုင်း ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့ မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်… အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့ တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင် မကြည်နိူင်ရင် ရှုံးတာပါပဲ… အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင် အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ… စွန့်လွတ်တိုင်းလည်း ဆုံးရှူံးရတာ မဟုတ်ဘူး ပိုင်ဆိုင်ရတိုင်းလည်း ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်… နားလည်မှု့မရှိရင် နီးနေလည်း အလကားပဲ… တစ်ယောက်နဲ့တစ်ယောက် စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း ရှိမလာနိူင်ဘူး… ဘယ်လောက် ဝေးဝေး စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း အလိုလိုရောက်လာမှာလေ……။ Crd to owner with respect #
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡486 Views
  • " လည်တာ" နဲ့ "လူပါးဝတာ" က အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။
    တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။
    "လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို လျင်မြန်စွာ သုံးသပ်နိုင်စွမ်းရှိတာ၊ အခြေအနေအရပ်ရပ်ကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်တတ်တာ၊ ပြောဆိုဆက်ဆံရာမှာ ယဉ်ကျေးလိမ္မာပြီး ချောမွေ့တာမျိုးပါ။ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် လမ်းကြောင်းကို ရှာဖွေနိုင်တာကို ဆိုလိုတာပါ။
    "လူပါးဝတယ်" ဆိုတာကတော့ သူတစ်ပါးရဲ့ အခွင့်အရေးကို ယူတာ၊ အားနည်းချက်ကို အမြတ်ထုတ်တာ၊ ကလိမ်ကကျစ်လုပ်တာ၊ ဒါမှမဟုတ် တခြားလူတွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ရေရှည်မှာ ဘယ်သူ့ကိုမှ မကောင်းစေပါဘူး။
    ဒါကြောင့် ကိုယ်က "လည်တဲ့သူ" ဖြစ်အောင် ကြိုးစားပါ။ ပညာရှိရှိ၊ သတိရှိရှိ၊ အများအကျိုးကို ရှေ့ရှုပြီး လှုပ်ရှားပါ။ ဒါပေမဲ့ "လူပါးဝတဲ့သူ" တော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ဖို့က လိမ္မာပါးနပ်မှု (လည်ပတ်မှု) နဲ့ စာရိတ္တကောင်းမွန်မှု (လူမှုကျင့်ဝတ်) နှစ်ခုစလုံး လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။
    " လည်တာ" နဲ့ "လူပါးဝတာ" က အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။ တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။ "လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို လျင်မြန်စွာ သုံးသပ်နိုင်စွမ်းရှိတာ၊ အခြေအနေအရပ်ရပ်ကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်တတ်တာ၊ ပြောဆိုဆက်ဆံရာမှာ ယဉ်ကျေးလိမ္မာပြီး ချောမွေ့တာမျိုးပါ။ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် လမ်းကြောင်းကို ရှာဖွေနိုင်တာကို ဆိုလိုတာပါ။ "လူပါးဝတယ်" ဆိုတာကတော့ သူတစ်ပါးရဲ့ အခွင့်အရေးကို ယူတာ၊ အားနည်းချက်ကို အမြတ်ထုတ်တာ၊ ကလိမ်ကကျစ်လုပ်တာ၊ ဒါမှမဟုတ် တခြားလူတွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ရေရှည်မှာ ဘယ်သူ့ကိုမှ မကောင်းစေပါဘူး။ ဒါကြောင့် ကိုယ်က "လည်တဲ့သူ" ဖြစ်အောင် ကြိုးစားပါ။ ပညာရှိရှိ၊ သတိရှိရှိ၊ အများအကျိုးကို ရှေ့ရှုပြီး လှုပ်ရှားပါ။ ဒါပေမဲ့ "လူပါးဝတဲ့သူ" တော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ဖို့က လိမ္မာပါးနပ်မှု (လည်ပတ်မှု) နဲ့ စာရိတ္တကောင်းမွန်မှု (လူမှုကျင့်ဝတ်) နှစ်ခုစလုံး လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡212 Views
  • ရန်ကုန်မြို့က ကော်ဖီဆိုင်တွေမှာ ထိုင်ကြည့်လိုက်ပါ။ တချို့လူတွေက တံဆိပ်ကြီးတဲ့ အင်္ကျီတွေဝတ်၊ ဖုန်းအသစ်တွေကိုင်ပြီး သူဌေးပုံ ပေါက်နေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အကောင့်ထဲမှာ ငွေအရေးပေါ် ၅ သိန်းတောင် ရှိချင်မှ ရှိမှာပါ။ ဒါကို "Fake Rich" (အပေါ်ယံသူဌေး) လို့ ခေါ်ပါတယ်။ သူတို့ မွဲနေစေတဲ့ အကြောင်းရင်း (၅) ချက်ကတော့...

    ၁။ မင်္ဂလာဆောင်ကို အကြွေးယူ ကျင်းပခြင်း (The Wedding Trap) တစ်ရက်တည်း လှပဖို့အတွက် နှစ်ပေါင်းများစွာ ပိုက်ဆံစုတာ (သို့) အကြွေးယူတာဟာ မြန်မာလူငယ်တွေရဲ့ အကြီးမားဆုံး ငွေကြေးအမှားပါပဲ။ အိမ်ထောင်ရေးက အရေးကြီးပါတယ်၊ မင်္ဂလာပွဲက အရေးမကြီးပါဘူး။

    ၂။ ကားကို အရင်ဝယ်ခြင်း (Buying Depreciating Assets) အိမ်မပိုင်သေးဘဲ ကားအရင်ဝယ်တာဟာ စီးပွားရေးအရ တွက်ခြေမကိုက်ပါဘူး။ ကားက ဝယ်လိုက်တာနဲ့ တန်ဖိုးကျသွားသလို၊ ဆီဖိုး/ပြင်ဖိုးနဲ့ သင့်ပိုက်ဆံကို လစဉ် စုပ်ယူနေမယ့် "Liability" (ကြွေးမြီ) သက်သက်သာ ဖြစ်ပါတယ်။

    ၃။ ကလေးတွေကို ငွေအကြောင်း မသင်ပေးခြင်း မိဘတွေက "ပိုက်ဆံဆိုတာ သစ်ပင်ပေါ်က ခူးလို့ရတာ မဟုတ်ဘူး" လို့ပဲ ပြောတတ်ကြတယ်။ ဒါပေမဲ့ ပိုက်ဆံကို ဘယ်လိုပွားအောင် လုပ်ရမလဲဆိုတာ မသင်ပေးကြပါဘူး။ ဒါကြောင့် သားသမီးတွေက မိဘရှာသမျှ ထိုင်ဖြုန်းတဲ့သူတွေ ဖြစ်လာကြတာပါ။

    ၄။ ကျန်းမာရေးကို လျစ်လျူရှုခြင်း ကျန်းမာရေး မကောင်းရင် ရှာထားသမျှ ငွေတွေက ဆေးရုံစရိတ် ဖြစ်ကုန်မှာပါ။ သူဌေးတွေက ကျန်းမာရေးကို "Investment" (ရင်းနှီးမြှုပ်နှံမှု) လို့ သဘောထားပြီး၊ ဆင်းရဲသားတွေက "Expense" (ကုန်ကျစရိတ်) လို့ ထင်ကြပါတယ်။

    ၅။ ငွေကြေးဖောင်းပွမှုကို နားမလည်ခြင်း (Inflation) ဘဏ်ထဲမှာ သိန်း ၁၀၀၀ စုထားရင် ချမ်းသာပြီလို့ ထင်နေပါသလား? ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ သင့်ပိုက်ဆံတန်ဖိုးက နေ့တိုင်း ကျဆင်းနေတာပါ။ ပိုက်ဆံကို ငြိမ်ငြိမ်လေး ထားထားတာက အန္တရာယ် အများဆုံးပါပဲ။

    #MediaOne #FinancialLiteracy #ငွေကြေးအသိပညာ #MoneyMindset #RichVsPoor
    ရန်ကုန်မြို့က ကော်ဖီဆိုင်တွေမှာ ထိုင်ကြည့်လိုက်ပါ။ တချို့လူတွေက တံဆိပ်ကြီးတဲ့ အင်္ကျီတွေဝတ်၊ ဖုန်းအသစ်တွေကိုင်ပြီး သူဌေးပုံ ပေါက်နေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အကောင့်ထဲမှာ ငွေအရေးပေါ် ၅ သိန်းတောင် ရှိချင်မှ ရှိမှာပါ။ ဒါကို "Fake Rich" (အပေါ်ယံသူဌေး) လို့ ခေါ်ပါတယ်။ သူတို့ မွဲနေစေတဲ့ အကြောင်းရင်း (၅) ချက်ကတော့... ၁။ မင်္ဂလာဆောင်ကို အကြွေးယူ ကျင်းပခြင်း (The Wedding Trap) တစ်ရက်တည်း လှပဖို့အတွက် နှစ်ပေါင်းများစွာ ပိုက်ဆံစုတာ (သို့) အကြွေးယူတာဟာ မြန်မာလူငယ်တွေရဲ့ အကြီးမားဆုံး ငွေကြေးအမှားပါပဲ။ အိမ်ထောင်ရေးက အရေးကြီးပါတယ်၊ မင်္ဂလာပွဲက အရေးမကြီးပါဘူး။ ၂။ ကားကို အရင်ဝယ်ခြင်း (Buying Depreciating Assets) အိမ်မပိုင်သေးဘဲ ကားအရင်ဝယ်တာဟာ စီးပွားရေးအရ တွက်ခြေမကိုက်ပါဘူး။ ကားက ဝယ်လိုက်တာနဲ့ တန်ဖိုးကျသွားသလို၊ ဆီဖိုး/ပြင်ဖိုးနဲ့ သင့်ပိုက်ဆံကို လစဉ် စုပ်ယူနေမယ့် "Liability" (ကြွေးမြီ) သက်သက်သာ ဖြစ်ပါတယ်။ ၃။ ကလေးတွေကို ငွေအကြောင်း မသင်ပေးခြင်း မိဘတွေက "ပိုက်ဆံဆိုတာ သစ်ပင်ပေါ်က ခူးလို့ရတာ မဟုတ်ဘူး" လို့ပဲ ပြောတတ်ကြတယ်။ ဒါပေမဲ့ ပိုက်ဆံကို ဘယ်လိုပွားအောင် လုပ်ရမလဲဆိုတာ မသင်ပေးကြပါဘူး။ ဒါကြောင့် သားသမီးတွေက မိဘရှာသမျှ ထိုင်ဖြုန်းတဲ့သူတွေ ဖြစ်လာကြတာပါ။ ၄။ ကျန်းမာရေးကို လျစ်လျူရှုခြင်း ကျန်းမာရေး မကောင်းရင် ရှာထားသမျှ ငွေတွေက ဆေးရုံစရိတ် ဖြစ်ကုန်မှာပါ။ သူဌေးတွေက ကျန်းမာရေးကို "Investment" (ရင်းနှီးမြှုပ်နှံမှု) လို့ သဘောထားပြီး၊ ဆင်းရဲသားတွေက "Expense" (ကုန်ကျစရိတ်) လို့ ထင်ကြပါတယ်။ ၅။ ငွေကြေးဖောင်းပွမှုကို နားမလည်ခြင်း (Inflation) ဘဏ်ထဲမှာ သိန်း ၁၀၀၀ စုထားရင် ချမ်းသာပြီလို့ ထင်နေပါသလား? ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ သင့်ပိုက်ဆံတန်ဖိုးက နေ့တိုင်း ကျဆင်းနေတာပါ။ ပိုက်ဆံကို ငြိမ်ငြိမ်လေး ထားထားတာက အန္တရာယ် အများဆုံးပါပဲ။ #MediaOne #FinancialLiteracy #ငွေကြေးအသိပညာ #MoneyMindset #RichVsPoor
    Care
    1
    ¡ 0 Comments ¡0 Shares ¡700 Views
  • တကယ်လုပ်လို့ တကယ်မပျောက်ရင်....
    ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။

    ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို
    စေတနာမှန်း မသိနိုင်တဲ့အထိ ...
    သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး
    ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။

    တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့...
    ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့
    လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး
    ပြောပြတာကိုတောင် ...
    ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။

    ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။
    ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ
    ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို...

    အပေါ်မှာပြောခဲ့သလို...
    ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ...
    ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်...
    မလုပ်ပါနဲ့ မောင်လင်းရာ ....
    အလကားနေ အလကား သေသွားမှဖြင့် ..
    သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ...
    လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ...
    ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့....

    အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့...
    ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ...
    ဟုတ်ပါပြီ ငါ့ အမရယ်...
    ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။
    အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။

    သည်းချေ ကျောက်တည်တဲ့ဝေဒနာက
    အတော်ခံစားရခက်ပါတယ်ဗျ။
    တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး..
    အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။

    အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့...
    ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။
    ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ
    ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး...
    သူ့အမျိုးသားက လာမေးတာကြောင့်...
    ရှိပါတယ်။

    သည်းချေ မှာ ကျောက်တည်သော်၎င်း
    ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း
    ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း...
    တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။
    လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး
    ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။
    ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။
    ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်...
    ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။
    ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး..
    ရှင်းပြလိုက်တာ...

    ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့...
    မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်...
    တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ...

    ကဲ ....
    မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး...
    ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..?
    သက်သာပျောက်ကင်းမယ်လို့ရော..
    ယုံကြည်ပါသလား...

    အမစန်းစန်းမြင့်ကတော့....
    ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည်
    ဝယ်ပြီး အိမ်အထိ လာပို့သွားသလို...
    ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း
    ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့
    ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။

    ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။

    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)
    #crd_to_owner_with_respect
    #alinthitmedia
    တကယ်လုပ်လို့ တကယ်မပျောက်ရင်.... ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။ ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို စေတနာမှန်း မသိနိုင်တဲ့အထိ ... သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။ တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့... ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့ လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး ပြောပြတာကိုတောင် ... ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။ ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။ ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို... အပေါ်မှာပြောခဲ့သလို... ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ... ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်... မလုပ်ပါနဲ့ မောင်လင်းရာ .... အလကားနေ အလကား သေသွားမှဖြင့် .. သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ... လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ... ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့.... အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့... ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ... ဟုတ်ပါပြီ ငါ့ အမရယ်... ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။ အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။ သည်းချေ ကျောက်တည်တဲ့ဝေဒနာက အတော်ခံစားရခက်ပါတယ်ဗျ။ တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး.. အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။ အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့... ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။ ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး... သူ့အမျိုးသားက လာမေးတာကြောင့်... ရှိပါတယ်။ သည်းချေ မှာ ကျောက်တည်သော်၎င်း ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း... တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။ လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။ ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။ ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်... ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။ ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး.. ရှင်းပြလိုက်တာ... ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့... မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်... တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ... ကဲ .... မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး... ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..? သက်သာပျောက်ကင်းမယ်လို့ရော.. ယုံကြည်ပါသလား... အမစန်းစန်းမြင့်ကတော့.... ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည် ဝယ်ပြီး အိမ်အထိ လာပို့သွားသလို... ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့ ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။ ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။ ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ) #crd_to_owner_with_respect #alinthitmedia
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡555 Views
More Results