• တစ်နေ့တာ ပြီးဆုံးခြင်းရဲ့
    ညတစ်ည ဖြစ်တယ်...

    ပျော်ခဲ့တာရှိမယ် စိတ်မကောင်းဖြစ်ခဲ့မိတာရှိမယ်
    ဒါတွေအားလုံးက ပြီးဆုံးခဲ့ပါပြီ

    ဘယ်သူ့အပေါ်မှာမှ
    မတရားလုပ်ခဲ့တာ မရှိတဲ့နေ့အတွက်ဂုဏ်ယူလိုက်ပါ...
    ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်ပါ...
    အိပ်မက်လှလှမက်ပါစေ ကလေးငယ်
    တစ်နေ့တာ ပြီးဆုံးခြင်းရဲ့ ညတစ်ည ဖြစ်တယ်... ပျော်ခဲ့တာရှိမယ် စိတ်မကောင်းဖြစ်ခဲ့မိတာရှိမယ် ဒါတွေအားလုံးက ပြီးဆုံးခဲ့ပါပြီ ဘယ်သူ့အပေါ်မှာမှ မတရားလုပ်ခဲ့တာ မရှိတဲ့နေ့အတွက်ဂုဏ်ယူလိုက်ပါ... ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်ပါ... အိပ်မက်လှလှမက်ပါစေ ကလေးငယ် ✨
    0 Comments ·0 Shares ·193 Views
  • ဆက်ဆံရေး တချို့...
    အရင်လို ဟက်ဟက်ပက်ပက်
    မရှိတော့တဲ့အခါ..
    ဝမ်းနည်းစရာ မလိုပါဘူး...

    တစ်အိမ်ထဲမှာ အတူတူနေကြပြီး
    တစ်မိဘထဲက မွေးတဲ့...
    ညီအစ်ကို မောင်နှမတွေတောင်
    မသင့်မြတ်ကြတာ...

    ရင်ဘတ်ကြီးနဲ့ ရင်းပြီး
    ဘယ်သူ့ကိုမှ အောက်ကျခံပြီး
    ပေါင်းစရာ မလိုပါဘူး...

    အပေါ်ယံနဲ့ တန်တဲ့သူကို
    အပေါ်ယံပဲ ပြန်ဆက်ဆံရုံပေါ့..
    လေနဲ့ လာတဲ့သူကို
    လေပဲ ပြန်ပေးလိုက်ပါ...

    လောကမှာ...
    တန်ရာ တန်ရာပေါ့..
    မျှတပါတယ်...

    မေတ္တာ ပေးပြီး
    ဥပေက္ခာတွေပဲ ပြန်ရတဲ့အခါ..
    ကိုယ်ပဲ စိတ်တိုရတာလေ...

    ဒါကြောင့်..
    မလိုအပ်ရင်..
    လူတိုင်းကို အရောမဝင်ပါနဲ့..
    ရောလို့ မကောင်းတဲ့ အထဲမှာ
    လူတွေက ထိပ်ဆုံးက ပါတယ်...။
    ဆက်ဆံရေး တချို့... အရင်လို ဟက်ဟက်ပက်ပက် မရှိတော့တဲ့အခါ.. ဝမ်းနည်းစရာ မလိုပါဘူး... တစ်အိမ်ထဲမှာ အတူတူနေကြပြီး တစ်မိဘထဲက မွေးတဲ့... ညီအစ်ကို မောင်နှမတွေတောင် မသင့်မြတ်ကြတာ... ရင်ဘတ်ကြီးနဲ့ ရင်းပြီး ဘယ်သူ့ကိုမှ အောက်ကျခံပြီး ပေါင်းစရာ မလိုပါဘူး... အပေါ်ယံနဲ့ တန်တဲ့သူကို အပေါ်ယံပဲ ပြန်ဆက်ဆံရုံပေါ့.. လေနဲ့ လာတဲ့သူကို လေပဲ ပြန်ပေးလိုက်ပါ... လောကမှာ... တန်ရာ တန်ရာပေါ့.. မျှတပါတယ်... မေတ္တာ ပေးပြီး ဥပေက္ခာတွေပဲ ပြန်ရတဲ့အခါ.. ကိုယ်ပဲ စိတ်တိုရတာလေ... ဒါကြောင့်.. မလိုအပ်ရင်.. လူတိုင်းကို အရောမဝင်ပါနဲ့.. ရောလို့ မကောင်းတဲ့ အထဲမှာ လူတွေက ထိပ်ဆုံးက ပါတယ်...။
    0 Comments ·0 Shares ·211 Views
  • ငွေတွေရွှေတွေငါ့ဆီကိုအစုလိုက်အပြုံလိုက်ဝင်လာပြီ
    ငွေတွေရွှေတွေငါ့ဆီကိုအစုလိုက်အပြုံလိုက်ဝင်လာပြီ
    Love
    1
    · 0 Comments ·0 Shares ·130 Views
  • သတိရခြင်းမှာ ပိုင်ဆိုင်လိုစိတ်မပါဘူး
    ကိုယ်မင်းကို ရိုးရိုးလေးပဲသတိရပါတယ်

    လွမ်းတဲ့စကားမှာ မျှော်လင့်ချက်မပါဘူး
    အဖြစ်အပျက်ကို တမ်းတမိရုံလေးပါပဲ

    စိုးရိမ်စိတ်မှာ တစုံတခုရယူလိုမှု့မပါဘူး
    အဆင်ပြေနေတယ်ဆိုတာလေးပဲ
    ကြားချင်မိရုံပါပဲ
    သတိရခြင်းမှာ ပိုင်ဆိုင်လိုစိတ်မပါဘူး ကိုယ်မင်းကို ရိုးရိုးလေးပဲသတိရပါတယ် လွမ်းတဲ့စကားမှာ မျှော်လင့်ချက်မပါဘူး အဖြစ်အပျက်ကို တမ်းတမိရုံလေးပါပဲ စိုးရိမ်စိတ်မှာ တစုံတခုရယူလိုမှု့မပါဘူး အဆင်ပြေနေတယ်ဆိုတာလေးပဲ ကြားချင်မိရုံပါပဲ
    Like
    Care
    2
    · 0 Comments ·0 Shares ·268 Views
  • တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။

    #crd_to_owner_with_respect
    တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။ #crd_to_owner_with_respect
    Like
    2
    · 0 Comments ·0 Shares ·419 Views
  • ကိုယ့်အချိုး ၊
    ကိုယ့်အထာနဲ့ကိုယ့်ဘဝမှာ ကိုယ်နေပါ ။
    ရင်ဘတ်မတူလို့ မပေါင်းတာကိုလဲ စိတ်မဆိုးပါဘူး ။
    မကောင်းဘူးထင်လို့
    မပတ်သတ်ချင်ရင်လဲ
    အပြုံးမပျက်ပါဘူး ။
    မျက်နှာချို မ​သွေးတတ်တော့ အဖက်မလုပ်လဲ အေးဆေးပါ ။
    စိတ်ဒုက္ခတွေပေးပြီး
    မလေးမစားတော့ လာမဆက်ဆံပါနဲ့ ။
    #KAIA
    #ဘဝစာပေနှင့်ဗဟုသုတများ
    #crd_to_owner_with_respectcrd
    ကိုယ့်အချိုး ၊ ကိုယ့်အထာနဲ့ကိုယ့်ဘဝမှာ ကိုယ်နေပါ ။ ရင်ဘတ်မတူလို့ မပေါင်းတာကိုလဲ စိတ်မဆိုးပါဘူး ။ မကောင်းဘူးထင်လို့ မပတ်သတ်ချင်ရင်လဲ အပြုံးမပျက်ပါဘူး ။ မျက်နှာချို မ​သွေးတတ်တော့ အဖက်မလုပ်လဲ အေးဆေးပါ ။ စိတ်ဒုက္ခတွေပေးပြီး မလေးမစားတော့ လာမဆက်ဆံပါနဲ့ ။ #KAIA✍️✍️✍️ #ဘဝစာပေနှင့်ဗဟုသုတများ #crd_to_owner_with_respectcrd
    Like
    Love
    2
    · 0 Comments ·0 Shares ·443 Views
  • အလုပ်တစ်ခုတည်း အပေါ် မမှီခိုပါနဲ့...

    အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအလုပ်ကနေ ထွက်ရတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့....

    အရံအလုပ်လေး တစ်ခုခုတော့ ကိုယ့်မှာ ရှိနေဖို့လိုပါတယ်...

    စီးပွားရေး လုပ်ငန်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့...

    အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီ စီးပွားရေးလုပ်ငန်း ပြိုလဲသွားတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့....

    အခြား စီးပွားရေးလုပ်ငန်း တစ်ခုခုတော့ စလုပ်ထားဖို့ လိုအပ်ပါတယ်....

    ကိုယ့်ယောကျာ်း / ဇနီးမယား ရဲ့ ဝင်ငွေ တစ်ခုတည်းအပေါ် မမှီခိုပါနဲ့...

    အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ယောကျာ်း/ ဇနီးမယား မရှိတော့တဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့...

    ကိုယ်ပိုင် ဝင်ငွေလေးတွေ ရှိထားသင့်ပါတယ်...

    ကားတွေမှာတောင် ဘီး အပိုတွေဆိုတာ ပါပါတယ်...

    လမ်းခရီးမှာ ဘီးပေါက်သွားတဲ့အခါ ဒုက္ခမရောက်ပဲ လိုရာခရီးကို ဆက်သွားနိုင်ဖို့ ဘီးအပိုတွေ ရှိနေသလိုပဲ....

    ကိုယ့်ရဲ့ ဘဝမှာလဲ တစ်ခုမရှိတော့တဲ့အခါ အခြားတစ်ခုနဲ့ ရှေ့ဆက်ရှင်သန်ရပ်တည်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။

    ဘယ်တော့မှ တစ်ခုတည်းအပေါ်မှာ မမှီခိုပါနဲ့...

    #ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့

    Book.mm

    #ထိုင်းနိုင်ငံ #bookshop #booklover

    #bookworm #bookrecommendations
    🖤 အလုပ်တစ်ခုတည်း အပေါ် မမှီခိုပါနဲ့... အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအလုပ်ကနေ ထွက်ရတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့.... အရံအလုပ်လေး တစ်ခုခုတော့ ကိုယ့်မှာ ရှိနေဖို့လိုပါတယ်... 🖤 စီးပွားရေး လုပ်ငန်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့... အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီ စီးပွားရေးလုပ်ငန်း ပြိုလဲသွားတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့.... အခြား စီးပွားရေးလုပ်ငန်း တစ်ခုခုတော့ စလုပ်ထားဖို့ လိုအပ်ပါတယ်.... 🖤 ကိုယ့်ယောကျာ်း / ဇနီးမယား ရဲ့ ဝင်ငွေ တစ်ခုတည်းအပေါ် မမှီခိုပါနဲ့... အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ယောကျာ်း/ ဇနီးမယား မရှိတော့တဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့... ကိုယ်ပိုင် ဝင်ငွေလေးတွေ ရှိထားသင့်ပါတယ်... ကားတွေမှာတောင် ဘီး အပိုတွေဆိုတာ ပါပါတယ်... လမ်းခရီးမှာ ဘီးပေါက်သွားတဲ့အခါ ဒုက္ခမရောက်ပဲ လိုရာခရီးကို ဆက်သွားနိုင်ဖို့ ဘီးအပိုတွေ ရှိနေသလိုပဲ.... ကိုယ့်ရဲ့ ဘဝမှာလဲ တစ်ခုမရှိတော့တဲ့အခါ အခြားတစ်ခုနဲ့ ရှေ့ဆက်ရှင်သန်ရပ်တည်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်တော့မှ တစ်ခုတည်းအပေါ်မှာ မမှီခိုပါနဲ့... #ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့✅❤️ Book.mm ✨🍀 #ထိုင်းနိုင်ငံ #bookshop #booklover #bookworm #bookrecommendations
    Like
    1
    · 0 Comments ·0 Shares ·329 Views
  • ဘယ်သူတွေဘာပြောပြော
    ကိုယ်မှန်တယ်ထင်တဲ့လမ်းကို
    လျှောက်ရတာပါပဲ။

    ဘယ်သူတွေ
    ဘယ်လိုဝေဖန်ဝေဖန်
    ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို
    လုပ်ရတာပါပဲ။

    သူတပါးအပြောမှာ
    လမ်းမဆုံးအောင်
    စကားတွေကို
    သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။

    ချီးကျူးသူက ချီးကျူးမယ်
    ကဲ့ရဲ့သူက ကဲ့ရဲ့မယ်
    ဒါသူတို့အလုပ်
    ကိုယ့်အလုပ်မှမဟုတ်တာ။

    ကိုယ့်အလုပ်က
    သူတပါးကိုမထိခိုက်ဖို့နဲ့
    ကိုယ်ကိုယ်တိုင်
    အရှိတရားတွေကို
    လက်ခံတတ်ဖို့ပါပဲ။

    မမြဲရင်မတွဲနဲ့တော့
    မတွဲရင်မဆွဲနဲ့တော့
    ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင်
    တစ်ခါထဲသာနာကျင်ခံလိုက်ပါ။

    သူကမချစ်လ်ို့ဆိုပြီးလဲ
    သူ့ကို မမုန်းနဲ့

    သူကချစ်လို့ဆိုပြီးလဲ
    အချိန်တိုင်း ပြုံးမနေနဲ့

    အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့
    တနေ့ကျရင်
    ရင့်ကျက်အောင်သာ
    သင်ယူလိုက်ပါ။

    ခရီးဘယ်လောက်ဝေးဝေး
    သတ်မှတ်ထားတဲ့နေရာရောက်ရင်
    အကုန်ထားခဲ့ပြီး
    ဆင်းခဲ့ရမှာပဲလေ

    ဘာတစ်ခုမှ
    သယ်ဆောင်လို့မရတဲ့ဘဝမှာ
    ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ
    အာရုံစိုက်လိုက်ပါ။

    #သျှင်လွန်း
    ဘယ်သူတွေဘာပြောပြော ကိုယ်မှန်တယ်ထင်တဲ့လမ်းကို လျှောက်ရတာပါပဲ။ ဘယ်သူတွေ ဘယ်လိုဝေဖန်ဝေဖန် ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို လုပ်ရတာပါပဲ။ သူတပါးအပြောမှာ လမ်းမဆုံးအောင် စကားတွေကို သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။ ချီးကျူးသူက ချီးကျူးမယ် ကဲ့ရဲ့သူက ကဲ့ရဲ့မယ် ဒါသူတို့အလုပ် ကိုယ့်အလုပ်မှမဟုတ်တာ။ ကိုယ့်အလုပ်က သူတပါးကိုမထိခိုက်ဖို့နဲ့ ကိုယ်ကိုယ်တိုင် အရှိတရားတွေကို လက်ခံတတ်ဖို့ပါပဲ။ မမြဲရင်မတွဲနဲ့တော့ မတွဲရင်မဆွဲနဲ့တော့ ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင် တစ်ခါထဲသာနာကျင်ခံလိုက်ပါ။ သူကမချစ်လ်ို့ဆိုပြီးလဲ သူ့ကို မမုန်းနဲ့ သူကချစ်လို့ဆိုပြီးလဲ အချိန်တိုင်း ပြုံးမနေနဲ့ အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့ တနေ့ကျရင် ရင့်ကျက်အောင်သာ သင်ယူလိုက်ပါ။ ခရီးဘယ်လောက်ဝေးဝေး သတ်မှတ်ထားတဲ့နေရာရောက်ရင် အကုန်ထားခဲ့ပြီး ဆင်းခဲ့ရမှာပဲလေ ဘာတစ်ခုမှ သယ်ဆောင်လို့မရတဲ့ဘဝမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ အာရုံစိုက်လိုက်ပါ။ #သျှင်လွန်း
    0 Comments ·0 Shares ·235 Views
  • ကိုယ့်စိတ်က မယူရင်
    ဘယ်အရာမှ မပူလောင်ဘူး။

    ကိုယ့်စိတ်ကြောင့်
    ကိုယ့်အတွေးတွေကို
    အနှောင့်အယှက်မဖြစ်စေနဲ့။

    ဓားတစ်လတ်ထက်
    အတွေးတစ်စကြောင့်သာ
    လူကိုပိုေ-သစေနိူင်တယ်။

    အဲ့ဒီအတွေးတွေ ဖြစ်လာဖို့
    ကိုယ့်စိတ်ကို
    ထိန်းချုပ်နိူင်မှ ဖြစ်မှာပါ။

    ဘယ်သူတွေ ဘာပြောနေတယ်
    ဘယ်သူတွေ ဘာလုပ်နေတယ်
    ဆိုတာထက် ကိုယ့်လုပ်ရပ်အပေါ်
    ကိုယ်လိပ်ပြာသန့်ရတယ်။

    တန်ပြန်သက်ရောက်ပြီး
    မှန်လိုကျင့်နေသမျှတော့
    သူကောက်ကျစ်တိုင်း
    ကိုယ်ကောက်ကျစ်နေရမယ်။

    သူရက်စက်တိုင်း
    ကိုယ်ရက်စက်နေရမယ်။

    နောက်ဆုံး
    သူ့အကုသိုလ်အရိပ်က
    ကိုယ့်နောက်ကိုပါ
    ကူးပြီးလိုက်လာတတ်တယ်။

    ဒါကြောင့် လူတစ်ယောက်ကို
    အနိူင်ယူဖို့ စကားလုံးတွေနဲ့
    နစ်နစ်နာနာပြောပြီး
    အရှက်သိက္ခာ မဲ့နေဖို့မလိုဘူး။

    ကိုယ့်စိတ်ထဲ က
    ထုတ်ထားလိုက်ရင်
    အလိုလိုနိုင်ပြီးသားပါပဲ ။

    ကိုယ်ကတော့ အဲလိုပဲအနိုင်ယူတယ်။

    #ခံစားချက် ကဗျာစာတို
    ကိုယ့်စိတ်က မယူရင် ဘယ်အရာမှ မပူလောင်ဘူး။ ကိုယ့်စိတ်ကြောင့် ကိုယ့်အတွေးတွေကို အနှောင့်အယှက်မဖြစ်စေနဲ့။ ဓားတစ်လတ်ထက် အတွေးတစ်စကြောင့်သာ လူကိုပိုေ-သစေနိူင်တယ်။ အဲ့ဒီအတွေးတွေ ဖြစ်လာဖို့ ကိုယ့်စိတ်ကို ထိန်းချုပ်နိူင်မှ ဖြစ်မှာပါ။ ဘယ်သူတွေ ဘာပြောနေတယ် ဘယ်သူတွေ ဘာလုပ်နေတယ် ဆိုတာထက် ကိုယ့်လုပ်ရပ်အပေါ် ကိုယ်လိပ်ပြာသန့်ရတယ်။ တန်ပြန်သက်ရောက်ပြီး မှန်လိုကျင့်နေသမျှတော့ သူကောက်ကျစ်တိုင်း ကိုယ်ကောက်ကျစ်နေရမယ်။ သူရက်စက်တိုင်း ကိုယ်ရက်စက်နေရမယ်။ နောက်ဆုံး သူ့အကုသိုလ်အရိပ်က ကိုယ့်နောက်ကိုပါ ကူးပြီးလိုက်လာတတ်တယ်။ ဒါကြောင့် လူတစ်ယောက်ကို အနိူင်ယူဖို့ စကားလုံးတွေနဲ့ နစ်နစ်နာနာပြောပြီး အရှက်သိက္ခာ မဲ့နေဖို့မလိုဘူး။ ကိုယ့်စိတ်ထဲ က ထုတ်ထားလိုက်ရင် အလိုလိုနိုင်ပြီးသားပါပဲ ။ ကိုယ်ကတော့ အဲလိုပဲအနိုင်ယူတယ်။ #ခံစားချက် ကဗျာစာတို 🥀
    0 Comments ·0 Shares ·232 Views
  • အဖော်ကောင်းဆိုတာ
    ပူလောင်စေတဲ့သူ မဟုတ်ပဲ
    ကိုယ့်ကို အေးမြတဲ့
    အရိပ်ပေးသူကိုခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    စိတ်ပူစေတဲ့သူ မဟုတ်ဘဲ
    ကိုယ့်ကို စိတ်ပူပေးတဲ့သူကိုခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    အခက်အခဲကို နားလည်ပေးတဲ့သူကို
    ခေါ်တာမဟုတ်ဘဲ
    အခက်အခဲကို နှစ်ယောက်အတူ
    ဖြေရှင်းပေးတဲ့သူကိုခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    စာနာနားလည်သူကို ခေါ်တာမဟုတ်ဘဲ
    မျှဝေခံစားပေးတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    အပြုစုခံချင်သူ မဟုတ်ဘဲ
    ပြု စုပေးတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    ဂရုစိုက်ခံချင်သူ မဟုတ်ဘဲ
    ဂရုစိုက်ပေးတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    ကိုယ့်ကို ယုံကြည်ပေးတဲ့သူ မဟုတ်ဘဲ
    ကိုယ်က ယုံကြည်ရတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    အယူသမားကို ခေါ်တာမဟုတ်ဘဲ
    အပေးသမားကိုခေါ်တယ်။

    တကယ်တော့
    ဘဝရဲ့ အဖော်ကောင်းဆိုတာ
    ကိုယ့်အားနည်းချက်ကို သိသည့်တိုင်
    တွေဝေ နောက်ဆုတ်မသွားဘဲ
    လက်ကို ရဲရဲလာတွဲရဲတဲ့သူကို ခေါ်တယ်။

    #မေတ္တာဖြင့်ပြန်လှန်မျှဝေသည်
    #crd
    အဖော်ကောင်းဆိုတာ ပူလောင်စေတဲ့သူ မဟုတ်ပဲ ကိုယ့်ကို အေးမြတဲ့ အရိပ်ပေးသူကိုခေါ်တယ်။ အဖော်ကောင်းဆိုတာ စိတ်ပူစေတဲ့သူ မဟုတ်ဘဲ ကိုယ့်ကို စိတ်ပူပေးတဲ့သူကိုခေါ်တယ်။ အဖော်ကောင်းဆိုတာ အခက်အခဲကို နားလည်ပေးတဲ့သူကို ခေါ်တာမဟုတ်ဘဲ အခက်အခဲကို နှစ်ယောက်အတူ ဖြေရှင်းပေးတဲ့သူကိုခေါ်တယ်။ အဖော်ကောင်းဆိုတာ စာနာနားလည်သူကို ခေါ်တာမဟုတ်ဘဲ မျှဝေခံစားပေးတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ အပြုစုခံချင်သူ မဟုတ်ဘဲ ပြု စုပေးတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ ဂရုစိုက်ခံချင်သူ မဟုတ်ဘဲ ဂရုစိုက်ပေးတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ ကိုယ့်ကို ယုံကြည်ပေးတဲ့သူ မဟုတ်ဘဲ ကိုယ်က ယုံကြည်ရတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ အယူသမားကို ခေါ်တာမဟုတ်ဘဲ အပေးသမားကိုခေါ်တယ်။ တကယ်တော့ ဘဝရဲ့ အဖော်ကောင်းဆိုတာ ကိုယ့်အားနည်းချက်ကို သိသည့်တိုင် တွေဝေ နောက်ဆုတ်မသွားဘဲ လက်ကို ရဲရဲလာတွဲရဲတဲ့သူကို ခေါ်တယ်။ #မေတ္တာဖြင့်ပြန်လှန်မျှဝေသည် #crd
    0 Comments ·0 Shares ·239 Views
  • လူတိုင်းကတော့ သူတို့ကို
    တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊
    ကူညီပေးတာ၊ အခွင့်အရေးပေးတာကို
    ကြိုက်ကြသူတွေချည်းပါပဲ။

    ဒါပေမဲ့ ပေးပါများလာတဲ့အခါ
    အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။
    လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။

    မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။
    အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
    မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။

    အဲ့ဒီအခါ အရင်လို
    စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
    သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊
    အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊
    မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း
    ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။

    မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့
    မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။

    အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။
    ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ
    အားမနာမိပါစနေဲ့။
    တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။

    #crd_to_owner_with_respect
    လူတိုင်းကတော့ သူတို့ကို တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊ ကူညီပေးတာ၊ အခွင့်အရေးပေးတာကို ကြိုက်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ပေးပါများလာတဲ့အခါ အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။ လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။ မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။ အရင်က မင်းလုပ်ပေးခဲ့သမျှဟာ မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။ အဲ့ဒီအခါ အရင်လို စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက် သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊ အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊ မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။ မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့ မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။ အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။ ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ အားမနာမိပါစနေဲ့။ တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။ #crd_to_owner_with_respect
    0 Comments ·0 Shares ·369 Views
  • စိတ်အေအေးထာပြီးဖတ်ပါနော်
    ကျရှုံးချိန်မှာ ခေါင်းမော့ပါ

    ကြိုးစားချိန်မှာ နှုတ်လုံပါ

    အောင်မြင်ချိန်မှာ မာန်ချပါ

    ပြည့်ဝချိန်မှာ မျှဝေပါ

    ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

    ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။

    အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။

    ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။

    အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။

    လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။

    ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ

    ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ

    ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

    ရည်မှန်းချက်တွေပျက်ရင် ဘဝတခုလုံး ပျက်စီးသွားနိုင်တယ်

    ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ

    ရည်မှန်းချက်တွေမပျက်ပါစေနဲ့။

    အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့

    သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်

    တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။

    မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။

    ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။

    လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။

    ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။

    မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့

    ရုန်းထွက်နိုင်အောင်ကြိုးစားပါ။

    စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ

    သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။

    ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
    အချိန်ကုန်ခံမနေပါနဲ့။

    ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။

    လူကိုမကြည့်နဲ့. မူကိုကြည့်။

    ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။

    အပြောမကြည့်နဲ့. မနောကိုကြည့်။

    အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
    အဓိပ်ပါယျဟာ လွှဲမှားနေအုံးမှာပါ။

    စာပေချစ်သူ

    Crd
    စိတ်အေအေးထာပြီးဖတ်ပါနော် ကျရှုံးချိန်မှာ ခေါင်းမော့ပါ ကြိုးစားချိန်မှာ နှုတ်လုံပါ အောင်မြင်ချိန်မှာ မာန်ချပါ ပြည့်ဝချိန်မှာ မျှဝေပါ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။ ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။ အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။ လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။ ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။ ရည်မှန်းချက်တွေပျက်ရင် ဘဝတခုလုံး ပျက်စီးသွားနိုင်တယ် ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ ရည်မှန်းချက်တွေမပျက်ပါစေနဲ့။ အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့ သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့် တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။ မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။ ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။ လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။ ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။ မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။ စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။ ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို အချိန်ကုန်ခံမနေပါနဲ့။ ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။ လူကိုမကြည့်နဲ့. မူကိုကြည့်။ ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။ အပြောမကြည့်နဲ့. မနောကိုကြည့်။ အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ အဓိပ်ပါယျဟာ လွှဲမှားနေအုံးမှာပါ။ စာပေချစ်သူ😊 Crd
    0 Comments ·0 Shares ·323 Views
More Results