• ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ


    နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား
    ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ပြင်....

    အတိတ်မှာငိုခဲ့ဖူးပြီ မဟုတ်လား
    ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့....

    ဒီနေ့က မလွယ်ကူဘူး
    မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ်

    အခု ဒုက္ခရောက်နေတယ်
    နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး

    အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက
    အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့

    အဆိုးဆုံး အခြေအနေကို
    လက်ခံနိုင်ခြင်းဟာ
    အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ

    နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး
    အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ်

    ဘဝင်မြင့် နေတယ်ဆိုပြီး
    ကဲ့ရဲ့စရာ မလိုဘူး
    အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ

    ဘဝထဲမှာ.....
    သူက ထွက်သွားတာ ရှိသလို
    ကိုယ်က ထွက်လာတာလဲ ရှိမယ်

    ကိုယ်မပါလဲ
    သူဆက်လျှောက်ရမှာ ဖြစ်သလို
    သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ

    လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ်
    အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့်
    ပတ်ဝန်းကျင် အသစ်မှာ အခြေချရမယ်
    အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ်

    ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်
    စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့
    ကိုယ့်ဘက်က အကောင်းဆုံး
    ပြင်ဆင်ထားရမယ်

    ခဏခဏ တွေ့ဆုံရမယ်
    ပြီးရင် ခဏခဏ လမ်းခွဲရမယ်

    ဒီစိတ်ကူးတွေ ပျက်သွားရင်
    နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ်

    အလားတူပဲ
    နောက်ထပ် အကြိမ်များစွာ
    နာကျင်ရဦးမယ်

    ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို
    ရင်နာစရာတွေအတွက် နှစ်ခါပြန် မငိုပါနဲ့

    အမှတ်တရတွေကို ပြန်တွေးပြီး
    ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့

    တစ်ယောက် အလုပ် လုပ်လို့
    တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ
    အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ်

    အမှားတွေကို အမှန်ထင်
    အတုတွေကို အစစ်လို ထင်လာတဲ့အခါ
    ဘွဲ့လက်မှက်က ပညာမဟုတ်မှန်း
    သိလိမ့်မယ်

    စိတ်ဖီစီးမှု အများဆုံး
    ဖြစ်နေတဲ့ သူတွေဟာ
    အောင်မြင်နေ သူတွေပဲလို့
    သိလာတဲ့အခါ....
    အောင်မြင်မှု အစစ်ဆိုတာ
    ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ်

    ကောက်ကျစ်မှုတွေကို
    မင်း မုန်းလာတဲ့နေ့
    ရိုးသားမှုနဲ့ လူဖြစ်ခွင့် ရတာဟာ
    ဘယ်လောက် အဖိုးတန်မှန်
    သိလာလိမ့်မယ်

    ဘဝက ခယောင်းလမ်း မဟုတ်ဘူး
    တစ်ခါတလေ ဆူးခင်းလမ်းလဲ
    လျှောက်ရတယ် ခလုတ်တိုက်မှာ
    စိုးလို့ မလျှောက်ဘူး ဆိုရင်တော့
    မင်းခြေထောက်တွေ သန်မာလာမှာ
    မဟုတ်ဘူး

    အချိန်နာရီတွေနဲ့ မဆိုင်ဘူး
    မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ
    မင်းကိုယ်တ်ိုင်း ပြောင်းလဲချင်စိတ်
    ရှိမှ ဖြစ်တာ

    အောက်ခြေမခိုင်ရင်
    ပြန် ပြုတ်ကျတတ်တာမို့
    အရည်အချင်း မရှိဘဲနဲ့
    အမြင့်ကို မတတ်ချင်ပါ

    ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့
    နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့
    ယုံကြည်ပါ မင်းလုပ်နိုင်တယ်ဆိုတာ ။
    crd.

    အောင်ဆွေဝင်း
    🤔 ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ 🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠 နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ပြင်.... အတိတ်မှာငိုခဲ့ဖူးပြီ မဟုတ်လား ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့.... ဒီနေ့က မလွယ်ကူဘူး မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ် အခု ဒုက္ခရောက်နေတယ် နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့ အဆိုးဆုံး အခြေအနေကို လက်ခံနိုင်ခြင်းဟာ အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ် ဘဝင်မြင့် နေတယ်ဆိုပြီး ကဲ့ရဲ့စရာ မလိုဘူး အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ ဘဝထဲမှာ..... သူက ထွက်သွားတာ ရှိသလို ကိုယ်က ထွက်လာတာလဲ ရှိမယ် ကိုယ်မပါလဲ သူဆက်လျှောက်ရမှာ ဖြစ်သလို သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ် အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့် ပတ်ဝန်းကျင် အသစ်မှာ အခြေချရမယ် အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ် ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့ ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင်ထားရမယ် ခဏခဏ တွေ့ဆုံရမယ် ပြီးရင် ခဏခဏ လမ်းခွဲရမယ် ဒီစိတ်ကူးတွေ ပျက်သွားရင် နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ် အလားတူပဲ နောက်ထပ် အကြိမ်များစွာ နာကျင်ရဦးမယ် ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို ရင်နာစရာတွေအတွက် နှစ်ခါပြန် မငိုပါနဲ့ အမှတ်တရတွေကို ပြန်တွေးပြီး ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့ တစ်ယောက် အလုပ် လုပ်လို့ တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ် အမှားတွေကို အမှန်ထင် အတုတွေကို အစစ်လို ထင်လာတဲ့အခါ ဘွဲ့လက်မှက်က ပညာမဟုတ်မှန်း သိလိမ့်မယ် စိတ်ဖီစီးမှု အများဆုံး ဖြစ်နေတဲ့ သူတွေဟာ အောင်မြင်နေ သူတွေပဲလို့ သိလာတဲ့အခါ.... အောင်မြင်မှု အစစ်ဆိုတာ ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ် ကောက်ကျစ်မှုတွေကို မင်း မုန်းလာတဲ့နေ့ ရိုးသားမှုနဲ့ လူဖြစ်ခွင့် ရတာဟာ ဘယ်လောက် အဖိုးတန်မှန် သိလာလိမ့်မယ် ဘဝက ခယောင်းလမ်း မဟုတ်ဘူး တစ်ခါတလေ ဆူးခင်းလမ်းလဲ လျှောက်ရတယ် ခလုတ်တိုက်မှာ စိုးလို့ မလျှောက်ဘူး ဆိုရင်တော့ မင်းခြေထောက်တွေ သန်မာလာမှာ မဟုတ်ဘူး အချိန်နာရီတွေနဲ့ မဆိုင်ဘူး မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ မင်းကိုယ်တ်ိုင်း ပြောင်းလဲချင်စိတ် ရှိမှ ဖြစ်တာ အောက်ခြေမခိုင်ရင် ပြန် ပြုတ်ကျတတ်တာမို့ အရည်အချင်း မရှိဘဲနဲ့ အမြင့်ကို မတတ်ချင်ပါ ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့ နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့ ယုံကြည်ပါ မင်းလုပ်နိုင်တယ်ဆိုတာ ။ crd. အောင်ဆွေဝင်း
    Like
    Care
    3
    · 0 Comments ·0 Shares ·126 Views
  • တစ်ခါတလေမှာ
    ကိုယ်သည်လဲဆန္ဒနဲ့ဘဝ
    တထပ်ထဲကျချင်ခဲ့တာပေါ့။
    တချို့အရာတွေက ခါးမှန်းသိလဲကြိတ်မှိတ်
    မြိုချခဲ့ရတယ် ဆေးဖက်ဝင်လို့တော့မဟုတ်ပါဘူး
    အဲ့ဒီဒုက္ခတွေကနေပြေးမထွက်နိုင်သေးလို့ပါ။
    ပျော်စရာရှိရင်တောင်မှ
    အပြည့်အဝပျော်ခွင့်မရတဲ့ဘဝမှာ နာကျင်စရာတွေကိုလဲမေ့ထားလို့မရပြန်ဘူး။
    ဘဝမှာမတွေးပဲနေလို့ရတဲ့ နာကျင်မှုတွေရှိသလို
    မတွေးလဲ ကိုယ့်အသိစိတ်ထဲကိုရောက်ရောက်လာတဲ့နာကျင်မှုတွေလဲရှိတယ်။
    အတတ်နိုင်ဆုံးမေ့ပျောက်နိုင်အောင်
    ကြိုးစားပေမယ့်လဲ
    တချို့သောအတိတ်တွေကအရိပ်လိုကပ်လိုက်လာနေတော့ရုတ်တရက် ဖျက်ထုတ်ဖို့အရမ်းခက်တယ်။
    #crd
    #စာသား
    #စာပေကြိုက်သူများ
    တစ်ခါတလေမှာ ကိုယ်သည်လဲဆန္ဒနဲ့ဘဝ တထပ်ထဲကျချင်ခဲ့တာပေါ့။ တချို့အရာတွေက ခါးမှန်းသိလဲကြိတ်မှိတ် မြိုချခဲ့ရတယ် ဆေးဖက်ဝင်လို့တော့မဟုတ်ပါဘူး အဲ့ဒီဒုက္ခတွေကနေပြေးမထွက်နိုင်သေးလို့ပါ။ ပျော်စရာရှိရင်တောင်မှ အပြည့်အဝပျော်ခွင့်မရတဲ့ဘဝမှာ နာကျင်စရာတွေကိုလဲမေ့ထားလို့မရပြန်ဘူး။ ဘဝမှာမတွေးပဲနေလို့ရတဲ့ နာကျင်မှုတွေရှိသလို မတွေးလဲ ကိုယ့်အသိစိတ်ထဲကိုရောက်ရောက်လာတဲ့နာကျင်မှုတွေလဲရှိတယ်။ အတတ်နိုင်ဆုံးမေ့ပျောက်နိုင်အောင် ကြိုးစားပေမယ့်လဲ တချို့သောအတိတ်တွေကအရိပ်လိုကပ်လိုက်လာနေတော့ရုတ်တရက် ဖျက်ထုတ်ဖို့အရမ်းခက်တယ်။ #crd #စာသား #စာပေကြိုက်သူများ
    Like
    Love
    4
    · 0 Comments ·0 Shares ·91 Views
  • ညီလေး
    ဘဝဆိုတာ နေတတ်ဖို့ပဲအရေးကြီးတယ်
    အလိုမကြီးနဲ့ မကောက်ကျစ်နဲ့
    ကိုယ်နဲ့မဆိုင်ရင် မတောင့်တနဲ့...။

    မျက်မမြင်တစ်ယောက်အတွက်တော့
    မှန်တစ်ချပ်ဟာ အလကားပဲလေ...။

    စိတ်ဓာတ်ယုတ်ညံ့သူအတွက်
    ပညာတတ်ခြင်းဟာ အချည်းနှီးပါ...။

    ဘဝမှာကိုယ်လုပ်တဲ့အမှားကို ဝန်ခံရဲရတယ်
    ပြီးရင်လည်း တောင်းပန်ရဲရတယ်...။

    နှိမ့်ချတတ်တာဟာ တကယ်နိမ့်ကျတာမဟုတ်
    နိမ့်ကျသူတွေ မလုပ်နိုင်တဲ့အလုပ်ပါ....။

    #ဟိန်းထက်ရောင်ဝါ
    Feb,28-2025
    ညီလေး ဘဝဆိုတာ နေတတ်ဖို့ပဲအရေးကြီးတယ် အလိုမကြီးနဲ့ မကောက်ကျစ်နဲ့ ကိုယ်နဲ့မဆိုင်ရင် မတောင့်တနဲ့...။ မျက်မမြင်တစ်ယောက်အတွက်တော့ မှန်တစ်ချပ်ဟာ အလကားပဲလေ...။ စိတ်ဓာတ်ယုတ်ညံ့သူအတွက် ပညာတတ်ခြင်းဟာ အချည်းနှီးပါ...။ ဘဝမှာကိုယ်လုပ်တဲ့အမှားကို ဝန်ခံရဲရတယ် ပြီးရင်လည်း တောင်းပန်ရဲရတယ်...။ နှိမ့်ချတတ်တာဟာ တကယ်နိမ့်ကျတာမဟုတ် နိမ့်ကျသူတွေ မလုပ်နိုင်တဲ့အလုပ်ပါ....။ #ဟိန်းထက်ရောင်ဝါ Feb,28-2025
    Like
    2
    · 0 Comments ·0 Shares ·51 Views
  • #အနှုတ်သမားများနှင့်ကင်းအောင်နေပါ
    #ဘဝမှာကိုယ်နဲ့အမြင်မတူတဲ့သူ
    ကိုယ်ဘာလုပ်လုပ် မကောင်:မြင်တဲ့သူ
    အကောင်းမြင် မပေးတတ်တဲ့သူ
    ကိုယ်အဆင်ပြေနေရင် မပျော်ပေးနိုင်သူ

    #အဲ့လိုNegativeသမားတွေနဲ့တွေ့ရင်
    သူ့တို့ဆီက အနှုတ်ဓာတ်တွေ ကိုယ့်ဆီ
    မကူးလာအောင် နေနိုင်တာအကောင်းဆုံးပဲ

    #ငါ့ကိုမှအပြ-စ်မြင်ရက်လေခြင်းဆိုပြီး
    စိတ်ညစ်နေရင်
    ကိုယ့်ရဲ့အကြည်ဓာတ်ကို ထိခိုက်စေပါတယ်

    #လူတိုင်းက ကိုယ့်က်ို သဘောမကျနိုင်ပါဘူး
    ချစ်တဲ့သူရှိသလို မုန်:တဲ့သူလဲရှိမယ်။

    #မကောင်းမြင်တဲ့သူအတွက်နဲ့
    ကိုယ်ရဲ့ပျော်ရွှင်မှုတွေ မလျော့ပါးစေပါနဲ့
    အဲ့လိုလူတွေတွေ့ရင်
    ဥပေ-က္ခာပြုပါ ,ရှောင်လိုက်ပါ။

    #ကိုယ်တိုင်က အပေါင်းလက္ခဏာလေးဆောင်
    အကောင်းစိတ်ဓာတ်လေးမွေးမြူထားရင်
    ဘယ်သူတွေ ဘယ်လိုလာ
    အနှုတ်သဘောဆောင်ဆောင်
    ကိုယ်က အပြုံးလေးနဲ့ တုံ့ပြန်နိုင်ပါလိမ့်မယ်။

    စာ - အနောနီးမတ်စ်မိုနစ်ခ်
    #credit #moetmoet #motivation #စာပေ #mindfulness #mindset #ကျင့်ဝတ်
    #စိတ်ခွန်အား
    #အနှုတ်သမားများနှင့်ကင်းအောင်နေပါ #ဘဝမှာကိုယ်နဲ့အမြင်မတူတဲ့သူ ကိုယ်ဘာလုပ်လုပ် မကောင်:မြင်တဲ့သူ အကောင်းမြင် မပေးတတ်တဲ့သူ ကိုယ်အဆင်ပြေနေရင် မပျော်ပေးနိုင်သူ #အဲ့လိုNegativeသမားတွေနဲ့တွေ့ရင် သူ့တို့ဆီက အနှုတ်ဓာတ်တွေ ကိုယ့်ဆီ မကူးလာအောင် နေနိုင်တာအကောင်းဆုံးပဲ #ငါ့ကိုမှအပြ-စ်မြင်ရက်လေခြင်းဆိုပြီး စိတ်ညစ်နေရင် ကိုယ့်ရဲ့အကြည်ဓာတ်ကို ထိခိုက်စေပါတယ် #လူတိုင်းက ကိုယ့်က်ို သဘောမကျနိုင်ပါဘူး ချစ်တဲ့သူရှိသလို မုန်:တဲ့သူလဲရှိမယ်။ #မကောင်းမြင်တဲ့သူအတွက်နဲ့ ကိုယ်ရဲ့ပျော်ရွှင်မှုတွေ မလျော့ပါးစေပါနဲ့ အဲ့လိုလူတွေတွေ့ရင် ဥပေ-က္ခာပြုပါ ,ရှောင်လိုက်ပါ။ #ကိုယ်တိုင်က အပေါင်းလက္ခဏာလေးဆောင် အကောင်းစိတ်ဓာတ်လေးမွေးမြူထားရင် ဘယ်သူတွေ ဘယ်လိုလာ အနှုတ်သဘောဆောင်ဆောင် ကိုယ်က အပြုံးလေးနဲ့ တုံ့ပြန်နိုင်ပါလိမ့်မယ်။ စာ - အနောနီးမတ်စ်မိုနစ်ခ် #credit #moetmoet #motivation #စာပေ #mindfulness #mindset #ကျင့်ဝတ် #စိတ်ခွန်အား
    Care
    2
    · 0 Comments ·0 Shares ·133 Views
  • ပြောင်းလဲသွားတဲ့အရာတွေအတွက်
    ငါ့မှာ အချိန်မရှိဘူး။

    ဘဝမှာ ဘာဆိုဘာမှ နှစ်ခါ ပြန်မရဘူး
    ဒါကြောင့် လူတစ်ယောက်ကိုလည်း
    ငါနှစ်ကြိမ်ပြန်မချစ်ဘူး။

    တကယ့်ချစ်ခြင်းမေတ္တာ အစစ်အမှန်မှာ
    အဲဒီလူက သူ့ကို နှစ်ကြိမ်ပြန်ချစ်စေမယ့်
    လုပ်ရပ်မျိုး သူလုပ်မှာ မဟုတ်ဘူး။

    ပြောင်းလဲသွားတဲ့အရာတွေအတွက် ငါ့မှာ အချိန်မရှိဘူး။ ဘဝမှာ ဘာဆိုဘာမှ နှစ်ခါ ပြန်မရဘူး ဒါကြောင့် လူတစ်ယောက်ကိုလည်း ငါနှစ်ကြိမ်ပြန်မချစ်ဘူး။ တကယ့်ချစ်ခြင်းမေတ္တာ အစစ်အမှန်မှာ အဲဒီလူက သူ့ကို နှစ်ကြိမ်ပြန်ချစ်စေမယ့် လုပ်ရပ်မျိုး သူလုပ်မှာ မဟုတ်ဘူး။
    Like
    Love
    Care
    3
    · 0 Comments ·0 Shares ·68 Views
  • အမှောင်ထုသာမရှိရင်
    ကြယ်လေးတွေရဲ့
    အလင်း မတောက်ပနိုင်ဘူး။

    ဟောင်နေတဲ့ခွေးတွေသာမရှိရင်
    ပန်းတိုင်ဆီ ပြေးနေသူကို
    လူတွေ အာရုံစိုက်မိမှာမဟုတ်ဘူး။

    ထိုးနေတဲ့
    လက်ညှိုးတွေသာမရှိရင်
    အမြင့်ရောက်နေသူကို
    လူတွေ သတိထားမိမှာမဟုတ်ဘူး။

    ကဲ့ရဲ့နေတဲ့
    ပါးစပ်တွေသာမရှိရင်
    အရည်အချင်းရှိသူကို
    လူတွေ အကဲဖြတ်
    အမှတ်ပေးမိမှာမဟုတ်ဘူး။

    နောက်ဆုံးမှာတော့....

    အမှောင်ထုမို့
    မှောင်နေတယ်ဆိုတာရယ်
    ခွေးမို့လို့
    ဟောင်တတ်တယ်ဆိုတာရယ်

    တန်ဖိုးမဲ့သူမို့လို့
    လက်ညှိုးထိုးတတ်တယ်ဆိုတာရယ်
    အရည်အချင်းညံ့ဖျင်းသူမို့
    ကဲ့ရဲ့တတ်တယ်ဆိုတာရယ်
    ဒါတွေကို ဘေးလူတွေကပဲ
    ဆုံးဖြတ်သတ်မှတ်ပေးသွားပါတယ်။

    အသိဥာဏ် ရင့်သန်ပြီး
    အရည်အချင်း ရှိသူတွေကတော့
    ဘဝမှာကြုံလာသမျှ
    လောကဓံကို ဇွဲရှိရှိ
    ခံနိုင်ရည်အပြည့်နဲ့
    ရင်ဆိုင်ကျော်ဖြတ်ရင်း
    အမြင့်တစ်နေရာမှာ
    ဆက်လက် တောက်ပနေမှာပါ။

    ဘဝကို ဖြတ်သန်းတဲ့အခါ
    ဒုက္ခပေး
    ခလောက်ဆန်သူတွေနဲ့လည်း ကြုံရမှာပဲ။

    အတိုက်အခိုက်မျိုးစုံနဲ့လည်း တွေ့ရမှာပဲ။

    လူယုတ်လူညံ့တွေနဲ့လည်း ဆုံရမှာပဲ။

    ထိုက်သင့်တဲ့ အောင်မြင်မှုတွေဆွတ်ခူးပြီး
    အဓိပ္ပါယ်ရှိတဲ့ဘဝမှာ အဆင့်အတန်းရှိရှိနဲ့
    ရှင်သန်နေထိုင်သူဖြစ်ဖို့ ဆိုတာကတော့…..

    ကြုံလာသမျှ အခက်အခဲ
    ပြဿနာတွေကို
    ဘယ်လို ကိုင်တွယ်ရင်ဆိုင်ရမယ်
    ဆိုတာကိုသိတဲ့
    အသိဥာဏ်ပညာ အားကောင်းဖို့ရယ်....

    သူတစ်ပါးဘဝကို မဖျက်ဆီးဘဲ
    မိမိဘဝကို ဖန်တီးတည်ဆောက်
    တတ်ဖို့ရယ်....

    အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး
    ဖြတ်ထိုးဥာဏ်ကို ပါးပါးနပ်နပ်
    အသုံးချတတ်ဖို့ရယ်....

    ဘုရား တရား သံဃာ မိဘ ဆရာများတို့၏
    အဆုံးအမကို သိနားလည်ပြီး
    ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာ
    ထားတတ်ဖို့ရယ်.....

    မကောင်းသူဟာ သူတစ်ပါး
    ကောင်းသူက မိမိဖြစ်နေဖို့ရယ်ပါပဲ။

    #everyoneシ
    #everyoneシ゚viralシviralシfypシ゚viralシalシ
    #ဘဝအတွတ်စာဖတ်ပါ
    #followerseveryone
    #highlightsシ
    #ဘဝစာပေနှင့်ဗဟုသုတများ
    #အရှင်သုမန
    #crd_to_owner_with_respect
    #photocrd
    အမှောင်ထုသာမရှိရင် ကြယ်လေးတွေရဲ့ အလင်း မတောက်ပနိုင်ဘူး။ ဟောင်နေတဲ့ခွေးတွေသာမရှိရင် ပန်းတိုင်ဆီ ပြေးနေသူကို လူတွေ အာရုံစိုက်မိမှာမဟုတ်ဘူး။ ထိုးနေတဲ့ လက်ညှိုးတွေသာမရှိရင် အမြင့်ရောက်နေသူကို လူတွေ သတိထားမိမှာမဟုတ်ဘူး။ ကဲ့ရဲ့နေတဲ့ ပါးစပ်တွေသာမရှိရင် အရည်အချင်းရှိသူကို လူတွေ အကဲဖြတ် အမှတ်ပေးမိမှာမဟုတ်ဘူး။ နောက်ဆုံးမှာတော့.... အမှောင်ထုမို့ မှောင်နေတယ်ဆိုတာရယ် ခွေးမို့လို့ ဟောင်တတ်တယ်ဆိုတာရယ် တန်ဖိုးမဲ့သူမို့လို့ လက်ညှိုးထိုးတတ်တယ်ဆိုတာရယ် အရည်အချင်းညံ့ဖျင်းသူမို့ ကဲ့ရဲ့တတ်တယ်ဆိုတာရယ် ဒါတွေကို ဘေးလူတွေကပဲ ဆုံးဖြတ်သတ်မှတ်ပေးသွားပါတယ်။ အသိဥာဏ် ရင့်သန်ပြီး အရည်အချင်း ရှိသူတွေကတော့ ဘဝမှာကြုံလာသမျှ လောကဓံကို ဇွဲရှိရှိ ခံနိုင်ရည်အပြည့်နဲ့ ရင်ဆိုင်ကျော်ဖြတ်ရင်း အမြင့်တစ်နေရာမှာ ဆက်လက် တောက်ပနေမှာပါ။ ဘဝကို ဖြတ်သန်းတဲ့အခါ ဒုက္ခပေး ခလောက်ဆန်သူတွေနဲ့လည်း ကြုံရမှာပဲ။ အတိုက်အခိုက်မျိုးစုံနဲ့လည်း တွေ့ရမှာပဲ။ လူယုတ်လူညံ့တွေနဲ့လည်း ဆုံရမှာပဲ။ ထိုက်သင့်တဲ့ အောင်မြင်မှုတွေဆွတ်ခူးပြီး အဓိပ္ပါယ်ရှိတဲ့ဘဝမှာ အဆင့်အတန်းရှိရှိနဲ့ ရှင်သန်နေထိုင်သူဖြစ်ဖို့ ဆိုတာကတော့….. 👉 ကြုံလာသမျှ အခက်အခဲ ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ရင်ဆိုင်ရမယ် ဆိုတာကိုသိတဲ့ အသိဥာဏ်ပညာ အားကောင်းဖို့ရယ်.... 👉 သူတစ်ပါးဘဝကို မဖျက်ဆီးဘဲ မိမိဘဝကို ဖန်တီးတည်ဆောက် တတ်ဖို့ရယ်.... 👉 အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး ဖြတ်ထိုးဥာဏ်ကို ပါးပါးနပ်နပ် အသုံးချတတ်ဖို့ရယ်.... 👉 ဘုရား တရား သံဃာ မိဘ ဆရာများတို့၏ အဆုံးအမကို သိနားလည်ပြီး ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာ ထားတတ်ဖို့ရယ်..... 👉 မကောင်းသူဟာ သူတစ်ပါး ကောင်းသူက မိမိဖြစ်နေဖို့ရယ်ပါပဲ။ #everyoneシ゚ #everyoneシ゚viralシviralシfypシ゚viralシalシ #ဘဝအတွတ်စာဖတ်ပါ #followerseveryone #highlightsシ゚ #ဘဝစာပေနှင့်ဗဟုသုတများ #အရှင်သုမန #crd_to_owner_with_respect #photocrd
    Like
    Love
    3
    · 0 Comments ·0 Shares ·172 Views
  • ဘဝမှာ လိုချင်တာတွေ မရခဲ့
    ဖြစ်ချင်တာတွေလည်း မဖြစ်ခဲ့

    ဒဏ်ရာတွေ ဗရပွနဲ့ လဲကျနေခဲ့ပေါ့...

    "လဲကျလိုက် ပြန်ထလိုက်"ဆိုတာ
    အပြေားသာ လွယ်တာ

    လဲကျသွားရင် တစ်ခါပြန်ထဖို့
    နှစ်တွေ ချီ...ဘဝတွေ ချီ...

    #crd
    ဘဝမှာ လိုချင်တာတွေ မရခဲ့ ဖြစ်ချင်တာတွေလည်း မဖြစ်ခဲ့ ဒဏ်ရာတွေ ဗရပွနဲ့ လဲကျနေခဲ့ပေါ့... "လဲကျလိုက် ပြန်ထလိုက်"ဆိုတာ အပြေားသာ လွယ်တာ လဲကျသွားရင် တစ်ခါပြန်ထဖို့ နှစ်တွေ ချီ...ဘဝတွေ ချီ... #crd
    0 Comments ·0 Shares ·50 Views
  • လူသားတစ်ဦးကို ရှာယူပါ။
    ဘယ်လိုလူမျိုးလဲဆိုတော့ ဘဝမှာ
    မင်းနဲ့တွေ့ခွင့်ရတာ၊မင်းကိုပိုင်ဆိုင်ခွင့်ရတာကို ပြုံးပြုံးကြီး ဂုဏ်ယူပြီး ပြောတက်တဲ့သူမျိုး လူတိုင်းဟာ သူ့ဟာနဲ့သူတန်ဖိုးရှိတယ်။အချစ်ခံရဖို့ထိုက်တန်တယ်။တခုပဲ ကိုယ်တန်ဖိုးကိုအသိအမှတ်မပြုတဲ့ လူနဲ့တွေ့ရင်တော့ပျော်ရမှာထက် ဝမ်းနည်းမှု၊နာကျင်မှု၊သိမ်ငယ်မှုတွေ တသီတတန်းကြီး ခံစားရလိမ်မယ်။ မင်းကိုဆုံးရှုံးရမှာ ကြောက်တဲ့သူကိုရွေးချယ်ပါ။
    အဲလိုလူမျိုးကိုပဲချစ်ပါ၊‌၊ရွေးချယ်ပါ၊လက်တွဲပါ။
    လူသားတစ်ဦးကို ရှာယူပါ။ ဘယ်လိုလူမျိုးလဲဆိုတော့ ဘဝမှာ မင်းနဲ့တွေ့ခွင့်ရတာ၊မင်းကိုပိုင်ဆိုင်ခွင့်ရတာကို ပြုံးပြုံးကြီး ဂုဏ်ယူပြီး ပြောတက်တဲ့သူမျိုး လူတိုင်းဟာ သူ့ဟာနဲ့သူတန်ဖိုးရှိတယ်။အချစ်ခံရဖို့ထိုက်တန်တယ်။တခုပဲ ကိုယ်တန်ဖိုးကိုအသိအမှတ်မပြုတဲ့ လူနဲ့တွေ့ရင်တော့ပျော်ရမှာထက် ဝမ်းနည်းမှု၊နာကျင်မှု၊သိမ်ငယ်မှုတွေ တသီတတန်းကြီး ခံစားရလိမ်မယ်။ မင်းကိုဆုံးရှုံးရမှာ ကြောက်တဲ့သူကိုရွေးချယ်ပါ။ အဲလိုလူမျိုးကိုပဲချစ်ပါ၊‌၊ရွေးချယ်ပါ၊လက်တွဲပါ။
    Love
    1
    · 0 Comments ·0 Shares ·70 Views
  • ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက
    ကိုယ့်အတွက်ကြောင့်
    ဘယ်သူ့ကိုမှ
    စိတ်မဆင်းရဲစေချင်ဘူး...။

    ကိုယ့်ကြောင့်
    ဝန်ထုပ်ဖြစ်ပြီး
    လေးလံမနေစေချင်ဘူး...။

    ကိုယ်နဲ့ပတ်သက်တဲ့လူတိုင်းကို
    ပျော်ရွှင်စေချင်တယ်။
    စိတ်ချမ်းသာစေချင်တယ်...။

    လွတ်လပ်ပေါ့ပါး
    နေစေချင်ပါတယ်...။

    ကိုယ့်အပေါ်ကောင်းသူပဲ ဖြစ်ဖြစ်
    မကောင်းသူပဲ ဖြစ်ဖြစ်
    ‌အေးချမ်းပျော်ရွှင်နေစေချင်တယ်...။

    မပျော်ရတဲ့ကမ္ဘာရဲ့
    အပျော်ရှားတဲ့နေရာမှာ
    တခဏပဲဖြစ်ဖြစ်
    ပျော်ခွင့်ရစေချင်တယ်...။

    ကိုယ့်ကြောင့်
    ဘယ်သူမှ
    စိတ်ဒဏ်ရာမရစေချင်သလို
    ကိုယ်လဲ ဘယ်သူ့ကြောင့်မှ
    စိတ်အနာတရ မဖြစ်စေချင်ဘူး...။

    မပျော်ရွင်တဲ့ လူတစ်ယောက်က
    သူများကိုလဲ ပျော်ရွှင်အောင်
    လုပ်မပေးနိုင်ပါဘူး...။

    ဒါကြောင့်
    အတတ်နိုင်ဆုံး စိတ်ပျော်ရွှင်အောင်
    ကြိုးစားနေထိုင်ဖြစ်ပါတယ်...။

    crd..ပွင့်ပန်းဝေလှိုင်
    ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ကိုယ့်အတွက်ကြောင့် ဘယ်သူ့ကိုမှ စိတ်မဆင်းရဲစေချင်ဘူး...။ ကိုယ့်ကြောင့် ဝန်ထုပ်ဖြစ်ပြီး လေးလံမနေစေချင်ဘူး...။ ကိုယ်နဲ့ပတ်သက်တဲ့လူတိုင်းကို ပျော်ရွှင်စေချင်တယ်။ စိတ်ချမ်းသာစေချင်တယ်...။ လွတ်လပ်ပေါ့ပါး နေစေချင်ပါတယ်...။ ကိုယ့်အပေါ်ကောင်းသူပဲ ဖြစ်ဖြစ် မကောင်းသူပဲ ဖြစ်ဖြစ် ‌အေးချမ်းပျော်ရွှင်နေစေချင်တယ်...။ မပျော်ရတဲ့ကမ္ဘာရဲ့ အပျော်ရှားတဲ့နေရာမှာ တခဏပဲဖြစ်ဖြစ် ပျော်ခွင့်ရစေချင်တယ်...။ ကိုယ့်ကြောင့် ဘယ်သူမှ စိတ်ဒဏ်ရာမရစေချင်သလို ကိုယ်လဲ ဘယ်သူ့ကြောင့်မှ စိတ်အနာတရ မဖြစ်စေချင်ဘူး...။ မပျော်ရွင်တဲ့ လူတစ်ယောက်က သူများကိုလဲ ပျော်ရွှင်အောင် လုပ်မပေးနိုင်ပါဘူး...။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ပျော်ရွှင်အောင် ကြိုးစားနေထိုင်ဖြစ်ပါတယ်...။ crd..ပွင့်ပန်းဝေလှိုင်
    Love
    Care
    Like
    10
    · 0 Comments ·0 Shares ·90 Views
  • အချစ်ဆိုတာ..ကိုယ်ချင်းစာစိတ်ပဲ။ (သဝန်အတိုခံနေရရင်)..

    "အရမ်းချစ်လို့" လို့တွေးပေး။ (တားစီးချုပ်ချယ်ခံရရင်)..

    "အသေးစိတ်ဂရုစိုက်ခံနေရတယ်" လို့ တွေးပေး။

    (ဖုန်းတွေခဏခဏအခေါ် ခံရရင်)..

    "အမြဲ ကိုယ့်အသံကြားချင်လို့"လို့ တွေးပေး။

    (မက်စေ့တွေခဏခဏပို့တာခံရရင်)...

    "အသေးဖွဲကစ အသိပေးတန်ဖိုးထားခံရတယ်"လို့ တွေးပေး။

    (စာတွေတသီတတန်းကြီးပို့တာခံရရင်)...

    "ကိုယ်ဟာအရေးပါအရာရောက်နေတယ်" လို့ တွေးပေး။

    (သူငယ်ချင်းတွေနဲ့ပါ သဝန်တိုတာခံရရင်)..

    "အဆုံးရှုံးမခံနိုင်လောက်အောင်အချစ်ခံနေရ တယ်"လို့

    တွေးပေး။

    အဲ့လိုလူကိုပိုင်ဆိုင်ရလို့ စိတ်ပင်ပန်းချင် ပင်ပန်းပါ လိမ့်မယ်..ဒါပေမယ့်..

    အဲ့လိုလူမျိုးဟာ ဘယ်တော့မှသစ္စာဖောက်မှာ မဟုတ်ပါဘူး။

    "ဖောက်ပြန်ဖို့လွယ်ကူလွန်းတဲ့ ခေတ်မှာ

    ရှေ့သွားလို့ နောက်ဖြောင့်ရတဲ့လက်တစ်စုံဟာ ဘုရားပေးတဲ့ ဆုလဒ်ပါပဲ။"

    အချစ်ခံနေရရင် အချစ်ခံရတယ်လို့သိရမယ်။ တန်ဖိုးရှိတဲ့အရာကိုပိုင်ဆိုင်ရတယ်လို့ မြင်ရမယ်။ လူတိုင်းအချစ်မခံရပါဘူး။ "သူ့နေရာမှာ ငါဆိုလည်း ဒီလိုပဲ နေမှာ"ဆိုပြီး ကိုယ်ချင်းစာ တွေးပေးပါ။ (ချစ်ပေးရတဲ့လူနေရာက အဖြစ်က ကိုယ်တိုင်အဲ့နေရာရောက်ဖူးမှ သိတာပါ။)

    နောက်ဆုံးပြောချင်တာက

    "ကိုယ့်လူအကြောင်း ကိုယ်သိပါ။

    ချစ်တတ်တဲ့လူဟာ အတွေးလွန်တတ်သလို.. အမြဲ ပူလောင်နေတတ်လို့ နားလည်နှစ်သိပ်ပေးပါ။ ပစ်မထားပါနဲ့။"

    အဲ့လိုလူတွေဟာ ဘဝမှာ နှစ်ခါပြန်မရနိုင်ဘူး။
    #NNK #credit
    #foryou
    @highlight
    အချစ်ဆိုတာ..ကိုယ်ချင်းစာစိတ်ပဲ။ (သဝန်အတိုခံနေရရင်).. "အရမ်းချစ်လို့" လို့တွေးပေး။ (တားစီးချုပ်ချယ်ခံရရင်).. "အသေးစိတ်ဂရုစိုက်ခံနေရတယ်" လို့ တွေးပေး။ (ဖုန်းတွေခဏခဏအခေါ် ခံရရင်).. "အမြဲ ကိုယ့်အသံကြားချင်လို့"လို့ တွေးပေး။ (မက်စေ့တွေခဏခဏပို့တာခံရရင်)... "အသေးဖွဲကစ အသိပေးတန်ဖိုးထားခံရတယ်"လို့ တွေးပေး။ (စာတွေတသီတတန်းကြီးပို့တာခံရရင်)... "ကိုယ်ဟာအရေးပါအရာရောက်နေတယ်" လို့ တွေးပေး။ (သူငယ်ချင်းတွေနဲ့ပါ သဝန်တိုတာခံရရင်).. "အဆုံးရှုံးမခံနိုင်လောက်အောင်အချစ်ခံနေရ တယ်"လို့ တွေးပေး။ အဲ့လိုလူကိုပိုင်ဆိုင်ရလို့ စိတ်ပင်ပန်းချင် ပင်ပန်းပါ လိမ့်မယ်..ဒါပေမယ့်.. အဲ့လိုလူမျိုးဟာ ဘယ်တော့မှသစ္စာဖောက်မှာ မဟုတ်ပါဘူး။ "ဖောက်ပြန်ဖို့လွယ်ကူလွန်းတဲ့ ခေတ်မှာ ရှေ့သွားလို့ နောက်ဖြောင့်ရတဲ့လက်တစ်စုံဟာ ဘုရားပေးတဲ့ ဆုလဒ်ပါပဲ။" အချစ်ခံနေရရင် အချစ်ခံရတယ်လို့သိရမယ်။ တန်ဖိုးရှိတဲ့အရာကိုပိုင်ဆိုင်ရတယ်လို့ မြင်ရမယ်။ လူတိုင်းအချစ်မခံရပါဘူး။ "သူ့နေရာမှာ ငါဆိုလည်း ဒီလိုပဲ နေမှာ"ဆိုပြီး ကိုယ်ချင်းစာ တွေးပေးပါ။ (ချစ်ပေးရတဲ့လူနေရာက အဖြစ်က ကိုယ်တိုင်အဲ့နေရာရောက်ဖူးမှ သိတာပါ။) နောက်ဆုံးပြောချင်တာက "ကိုယ့်လူအကြောင်း ကိုယ်သိပါ။ ချစ်တတ်တဲ့လူဟာ အတွေးလွန်တတ်သလို.. အမြဲ ပူလောင်နေတတ်လို့ နားလည်နှစ်သိပ်ပေးပါ။ ပစ်မထားပါနဲ့။" အဲ့လိုလူတွေဟာ ဘဝမှာ နှစ်ခါပြန်မရနိုင်ဘူး။ #NNK #credit #foryou @highlight
    Like
    1
    · 0 Comments ·0 Shares ·186 Views
  • ဘဝမှာ ကိုယ့်ကို ညှာတဲ့လူကိုရွေးချယ်ပါတဲ့

    ဒီစကားကို ကိုယ့် တီချယ် တစ်ယောက်ကပြောဖူးတယ်
    အစကတော့ အမှတ်တမဲ့ပဲ သေချာ တွေးကြည့် လိုက်ရင်
    ကိုယ့်ရဲ့ life partner ရွေးချယ်တဲ့ နေရာမှာ
    ဒါက အရေးကြီးဆုံး ဖြစ်လိမ့်မယ်
    ပိုက်ဆံချမ်းသာဖို့ ထက်
    စိတ်ချမ်းသာဖို့က အရေးကြီးတယ်မဟုတ်လား
    ကိစ္စသေးသေးလေးက အစ ကိုယ့်ဘက် ငှဲ့ကြည့်တတ်တဲ့ သူမျိုး , ကိုယ်ငိုမှာကို ကြောက်တဲ့သူမျိုး , ဝမ်းနည်းသွားမှာ စိုးလို့ လေသံတောင် မမာတဲ့သူမျိုး ဒီအချက်တွေ အကုန်လုံးက ညှာတယ် ဆိုတဲ့ စကားလုံး တစ်လုံးအောက်မှာ အကုန် ပါ နေတာမဟုတ်လား
    တစ်ချို့သော သူတွေက ချစ်သာချစ်တာ မညှာတတ်ကြဘူး
    အနိုင်လိုချင်တဲ့စိတ်က တစ်ခါတစ်ရံ ပိုတတ်ကြတယ်

    ဘဝမှာ စိတ်ချမ်းသာချင်တဲ့အခါ
    တကယ်ချစ်ပြီး ကိုယ့်အပေါ်ညှာတဲ့ သူကို ရွေးချယ်ပါ
    ဘဝမှာ ကိုယ့်ကို ညှာတဲ့လူကိုရွေးချယ်ပါတဲ့💕 ဒီစကားကို ကိုယ့် တီချယ် တစ်ယောက်ကပြောဖူးတယ် အစကတော့ အမှတ်တမဲ့ပဲ သေချာ တွေးကြည့် လိုက်ရင် ကိုယ့်ရဲ့ life partner ရွေးချယ်တဲ့ နေရာမှာ ဒါက အရေးကြီးဆုံး ဖြစ်လိမ့်မယ် ပိုက်ဆံချမ်းသာဖို့ ထက် စိတ်ချမ်းသာဖို့က အရေးကြီးတယ်မဟုတ်လား ကိစ္စသေးသေးလေးက အစ ကိုယ့်ဘက် ငှဲ့ကြည့်တတ်တဲ့ သူမျိုး , ကိုယ်ငိုမှာကို ကြောက်တဲ့သူမျိုး , ဝမ်းနည်းသွားမှာ စိုးလို့ လေသံတောင် မမာတဲ့သူမျိုး ဒီအချက်တွေ အကုန်လုံးက ညှာတယ် ဆိုတဲ့ စကားလုံး တစ်လုံးအောက်မှာ အကုန် ပါ နေတာမဟုတ်လား တစ်ချို့သော သူတွေက ချစ်သာချစ်တာ မညှာတတ်ကြဘူး အနိုင်လိုချင်တဲ့စိတ်က တစ်ခါတစ်ရံ ပိုတတ်ကြတယ် ဘဝမှာ စိတ်ချမ်းသာချင်တဲ့အခါ တကယ်ချစ်ပြီး ကိုယ့်အပေါ်ညှာတဲ့ သူကို ရွေးချယ်ပါ ❤️
    Like
    1
    · 0 Comments ·0 Shares ·118 Views
  • ရင်ခြင်းဆက်ချည်တဲ့ကြိုး - ဖိုးကာ


    တစ်ယောက်တည်း

    အထီးကျန်ဘဝမှာ
    ရဖူးခဲ့တာလေးများ
    အိပ်မက်အဖြစ်နဲ့
    အလွမ်းတို့ငွေ့ရည်သီဖွဲ့

    တစ်ခါလောက်ချစ်မိခြင်းက
    တစ်ဘဝလုံးအတွက်ကျေနပ်ရ
    မပေါင်းစပ်ရလည်း
    အချစ်တွေပိုင်ဆိုင်ထား

    ကိုယ်ရတဲ့ဘဝလေးမှာ

    နေတတ်ဖို့သာကြိုးစား
    ပိုင်ဆိုင်တိုင်းလည်း
    အချစ်မှမဟုတ်တာ

    ရင်ချင်းဆက်ချည်ထားခဲ့

    ခံစားထပ်တူကျတဲ့
    အကြင်နာမျိုး
    နားလည်မှု့အပြည့်နဲ့
    အဝေးကအချစ်နဲ့
    ချစ်မဲ့ဘဝမျိုး

    မျှော်လင့်ချက်တွေရှိတယ်
    မျှော်လင့်ကြည့်ပါအုံးမယ်
    ဘာမှဖြစ်မလာမှန်းလည်း
    သိနေပါတယ်

    တခါလောက်တွေ့ချင်သေးတယ်

    ခဏလောက်တွေ့ရုံလေးပဲ
    ရူးတဲ့စိတ်နဲ့
    မျှော်လင့်ခဲ့မိပါတယ်

    ကိုယ်ရတဲ့ဘဝလေးမှာ

    နေတတ်ဖို့သာကြိုးစား
    ပိုင်ဆိုင်တိုင်းလည်း
    အချစ်မှမဟုတ်တာ

    ရင်ချင်းဆက်ချည်ထားခဲ့

    ခံစားထပ်တူကျတဲ့
    အကြင်နာမျိုး
    နားလည်မှု့အပြည့်နဲ့
    အဝေးကအချစ်နဲ့
    ချစ်မဲ့ဘဝမျိုး

    ကိုယ်ရတဲ့ဘဝလေးမှာ

    နေတတ်ဖို့သာကြိုးစား
    ပိုင်ဆိုင်တိုင်းလည်း
    အချစ်မှမဟုတ်တာ

    ရင်ချင်းဆက်ချည်ထားခဲ့

    ခံစားထပ်တူကျတဲ့
    အကြင်နာမျိုး
    နားလည်မှု့အပြည့်နဲ့
    အဝေးကအချစ်နဲ့
    ချစ်မယ်

    ကိုယ်ရတဲ့ဘဝလေးမှာ

    နေထိုင်နိုင်ဖို့ကြိုးစား
    ပိုင်ဆိုင်ရမှ
    အချစ်လို့ခေါ်မလား

    ရင်ချင်းဆက်ချည်ထားခဲ့

    ခံစားထပ်တူကျတဲ့
    အကြင်နာမျိုး
    နားလည်မှု့အပြည့်နဲ့
    အဝေးကအချစ်နဲ့
    ချစ်မဲ့

    ဘဝမျိုး

    #phokar #music #hello
    ရင်ခြင်းဆက်ချည်တဲ့ကြိုး - ဖိုးကာ 🎶🎧🎵 တစ်ယောက်တည်း အထီးကျန်ဘဝမှာ ရဖူးခဲ့တာလေးများ အိပ်မက်အဖြစ်နဲ့ အလွမ်းတို့ငွေ့ရည်သီဖွဲ့ တစ်ခါလောက်ချစ်မိခြင်းက တစ်ဘဝလုံးအတွက်ကျေနပ်ရ မပေါင်းစပ်ရလည်း အချစ်တွေပိုင်ဆိုင်ထား ကိုယ်ရတဲ့ဘဝလေးမှာ နေတတ်ဖို့သာကြိုးစား ပိုင်ဆိုင်တိုင်းလည်း အချစ်မှမဟုတ်တာ ရင်ချင်းဆက်ချည်ထားခဲ့ ခံစားထပ်တူကျတဲ့ အကြင်နာမျိုး နားလည်မှု့အပြည့်နဲ့ အဝေးကအချစ်နဲ့ ချစ်မဲ့ဘဝမျိုး မျှော်လင့်ချက်တွေရှိတယ် မျှော်လင့်ကြည့်ပါအုံးမယ် ဘာမှဖြစ်မလာမှန်းလည်း သိနေပါတယ် တခါလောက်တွေ့ချင်သေးတယ် ခဏလောက်တွေ့ရုံလေးပဲ ရူးတဲ့စိတ်နဲ့ မျှော်လင့်ခဲ့မိပါတယ် ကိုယ်ရတဲ့ဘဝလေးမှာ နေတတ်ဖို့သာကြိုးစား ပိုင်ဆိုင်တိုင်းလည်း အချစ်မှမဟုတ်တာ ရင်ချင်းဆက်ချည်ထားခဲ့ ခံစားထပ်တူကျတဲ့ အကြင်နာမျိုး နားလည်မှု့အပြည့်နဲ့ အဝေးကအချစ်နဲ့ ချစ်မဲ့ဘဝမျိုး ကိုယ်ရတဲ့ဘဝလေးမှာ နေတတ်ဖို့သာကြိုးစား ပိုင်ဆိုင်တိုင်းလည်း အချစ်မှမဟုတ်တာ ရင်ချင်းဆက်ချည်ထားခဲ့ ခံစားထပ်တူကျတဲ့ အကြင်နာမျိုး နားလည်မှု့အပြည့်နဲ့ အဝေးကအချစ်နဲ့ ချစ်မယ် ကိုယ်ရတဲ့ဘဝလေးမှာ နေထိုင်နိုင်ဖို့ကြိုးစား ပိုင်ဆိုင်ရမှ အချစ်လို့ခေါ်မလား ရင်ချင်းဆက်ချည်ထားခဲ့ ခံစားထပ်တူကျတဲ့ အကြင်နာမျိုး နားလည်မှု့အပြည့်နဲ့ အဝေးကအချစ်နဲ့ ချစ်မဲ့ ဘဝမျိုး #phokar #music #hello
    Love
    3
    · 0 Comments ·0 Shares ·141 Views
More Results