• အားနာတက်တဲ့သူရဲ့
    အားမနာတက်တော့တဲ့အချိန်ဟာ
    မင်းအတွက်အန္တရာယ်ဖြစ်သွားပြီး

    သိပ်ချစ်တက်တဲ့သူရဲ့
    မချစ်တက်တော့တဲ့အချိန်ဟာ
    မင်းအတွက်ဆုံးရှုံးမှုတခုဖြစ်သွားပြီး

    တခါတလေ လူတချို့ပြောင်းလဲသွားရတာဟာ
    ပြောင်းလဲချင်လို့ပြောင်းလဲတာမျိူးမဟုတ်ဘူး
    ပြောင်းလဲအောင်လုပ်တဲ့သူတွေကြောင့်
    ပြောင်းလဲရတာဖြစ်တယ်

    လူတယောက်ကိုယ့်ကိုဘယ်လိုဆက်ဆံလည်းဆိုတာ
    ကိုယ်သူ့ကိုဘယ်လိုဆက်ဆံခဲ့လိုဆိုတဲ့အပေါ်မှုတည်တယ်

    ဘယ်အရာမှ တဖက်တည်းဖြစ်မနေဘူး
    ကိုယ်မကောင်းခဲ့လို့ ကိုယ်မကောင်းခံရတာပဲရှိမယ်
    ဘယ်သူ့မှတော့ အကြောင်းမဲ့သက်သက်
    ကိုယ့်ကိုမကောင်းမကြံဘူး

    ဝဋ်တွေဟာလည်ပါတယ်
    ကံတွေဟာအကျိူးပြန်ပေးတက်ပါတယ်
    ကောင်းတာလိုချင်ရင် ကိုယ်တိုင်ကကောင်းနေဖို့လိုတယ်

    ကိုယ့်ဘက်ကမဖြုစင်ပဲနဲ့တော့
    တဖက်လူရဲ့ဖြူစင်မှုကိုလိုချငိလို့မရဘူး...။

    မင်းအတွက် ဒုတိယ လူ
    အားနာတက်တဲ့သူရဲ့ အားမနာတက်တော့တဲ့အချိန်ဟာ မင်းအတွက်အန္တရာယ်ဖြစ်သွားပြီး သိပ်ချစ်တက်တဲ့သူရဲ့ မချစ်တက်တော့တဲ့အချိန်ဟာ မင်းအတွက်ဆုံးရှုံးမှုတခုဖြစ်သွားပြီး တခါတလေ လူတချို့ပြောင်းလဲသွားရတာဟာ ပြောင်းလဲချင်လို့ပြောင်းလဲတာမျိူးမဟုတ်ဘူး ပြောင်းလဲအောင်လုပ်တဲ့သူတွေကြောင့် ပြောင်းလဲရတာဖြစ်တယ် လူတယောက်ကိုယ့်ကိုဘယ်လိုဆက်ဆံလည်းဆိုတာ ကိုယ်သူ့ကိုဘယ်လိုဆက်ဆံခဲ့လိုဆိုတဲ့အပေါ်မှုတည်တယ် ဘယ်အရာမှ တဖက်တည်းဖြစ်မနေဘူး ကိုယ်မကောင်းခဲ့လို့ ကိုယ်မကောင်းခံရတာပဲရှိမယ် ဘယ်သူ့မှတော့ အကြောင်းမဲ့သက်သက် ကိုယ့်ကိုမကောင်းမကြံဘူး ဝဋ်တွေဟာလည်ပါတယ် ကံတွေဟာအကျိူးပြန်ပေးတက်ပါတယ် ကောင်းတာလိုချင်ရင် ကိုယ်တိုင်ကကောင်းနေဖို့လိုတယ် ကိုယ့်ဘက်ကမဖြုစင်ပဲနဲ့တော့ တဖက်လူရဲ့ဖြူစင်မှုကိုလိုချငိလို့မရဘူး...။ မင်းအတွက် ဒုတိယ လူ
    Like
    Care
    2
    · 0 Comments ·0 Shares ·44 Views
  • ရန်မဖြစ်တတ်လို့ မဟုတ်ဘူး
    ရန်ဖြစ်ဖို့စကားလုံး တွေးတာနဲ့တင်
    ပူလောင်လို့ပါ။

    ဒေါသမရှိတာမဟုတ်ဘူး
    တစ်ဖက်လူက ဒုတိယ
    ကိုယ်ကပထမ ပူလောင်လို့ပါ။

    မာနမရှိတာမဟုတ်ပါဘူး
    ရေပွက်ပမာ ဘဝခဏတာမှာ
    လူမုန်းမများချင်လို့ပါ။

    အမုန်းမရှိတာ မဟုတ်ပါဘူး
    သူတစ်ပါးအတွက်နဲ့
    မိမိစိတ် အညစ်အကြေးမစွန်းချင်လို့ပါ။

    လောဘမရှိတာမဟုတ်ပါဘူး
    အသောမသတ်တဲ့ သဘောတရားကပူလောင်လို့ပါ။

    အညှိုးအတေးမရှိတာမဟုတ်ပါဘူး
    ပြန်တွေးမိတိုင်း ပူလောင်လွန်းလို့
    ဥပေက္ခာနဲ့ လဲလိုက်တာပါ။

    တကယ်တော့......

    ပူထုဇဉ်လူသားတစ်ယောက်ပဲလေ
    အကုန်ရှိတာပေါ့။

    ဒါပေမယ့်
    အသိကို သတိလေးနဲ့ ထိန်းသိမ်းရင်း
    သူတစ်ပါးအတွက်နဲ့
    မိမိစိတ်ကို
    အရောင်မစွန်းထင်းဖို့
    မိမိစိတ်ချမ်းသာဖို့ လုပ်နေတာ

    ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ပါ။

    #credit
    နှင်းဆီ စာပေ
    #Ingyinnaing 🕊
    #foryoupageシ
    ရန်မဖြစ်တတ်လို့ မဟုတ်ဘူး ရန်ဖြစ်ဖို့စကားလုံး တွေးတာနဲ့တင် ပူလောင်လို့ပါ။ ဒေါသမရှိတာမဟုတ်ဘူး တစ်ဖက်လူက ဒုတိယ ကိုယ်ကပထမ ပူလောင်လို့ပါ။ မာနမရှိတာမဟုတ်ပါဘူး ရေပွက်ပမာ ဘဝခဏတာမှာ လူမုန်းမများချင်လို့ပါ။ အမုန်းမရှိတာ မဟုတ်ပါဘူး သူတစ်ပါးအတွက်နဲ့ မိမိစိတ် အညစ်အကြေးမစွန်းချင်လို့ပါ။ လောဘမရှိတာမဟုတ်ပါဘူး အသောမသတ်တဲ့ သဘောတရားကပူလောင်လို့ပါ။ အညှိုးအတေးမရှိတာမဟုတ်ပါဘူး ပြန်တွေးမိတိုင်း ပူလောင်လွန်းလို့ ဥပေက္ခာနဲ့ လဲလိုက်တာပါ။ တကယ်တော့...... ပူထုဇဉ်လူသားတစ်ယောက်ပဲလေ အကုန်ရှိတာပေါ့။ ဒါပေမယ့် အသိကို သတိလေးနဲ့ ထိန်းသိမ်းရင်း သူတစ်ပါးအတွက်နဲ့ မိမိစိတ်ကို အရောင်မစွန်းထင်းဖို့ မိမိစိတ်ချမ်းသာဖို့ လုပ်နေတာ ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ပါ။ #credit နှင်းဆီ စာပေ #Ingyinnaing 🕊💙 #foryoupageシ
    Like
    Care
    2
    · 0 Comments ·0 Shares ·72 Views
  • သင့်စိတ်ဟာ သင့်အိမ်ပါ။
    အဲဒီအိမ်ထဲကို ဘယ်သူ့ကို ဝင်ခွင့်ပေးမလဲဆိုတာ
    သင်ပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။

    သင့်စိတ်ဟာ
    “သင့်ရဲ့အကောင်းဆုံးနားခိုရာ”
    ဖြစ်ပါစေ။

    အပြင်က လေမုန်တိုင်းတွေ ဘယ်လောက်ပဲပြင်းပြင်း၊ အိမ်တံခါးကို ခိုင်ခံ့စွာပိတ်ပြီး အိမ်တွင်းငြိမ်းချမ်းမှုကို ဖန်တီးနိုင်ပါစေ။

    သုတရသစာပေ(သမီးကြီး)

    #သုတရသ #စာပေ #စိတ် #ငြိမ်းချမ်း #နားခို #အေးချမ်း
    သင့်စိတ်ဟာ သင့်အိမ်ပါ။ အဲဒီအိမ်ထဲကို ဘယ်သူ့ကို ဝင်ခွင့်ပေးမလဲဆိုတာ သင်ပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ သင့်စိတ်ဟာ “သင့်ရဲ့အကောင်းဆုံးနားခိုရာ” ဖြစ်ပါစေ။ အပြင်က လေမုန်တိုင်းတွေ ဘယ်လောက်ပဲပြင်းပြင်း၊ အိမ်တံခါးကို ခိုင်ခံ့စွာပိတ်ပြီး အိမ်တွင်းငြိမ်းချမ်းမှုကို ဖန်တီးနိုင်ပါစေ။ သုတရသစာပေ(သမီးကြီး) #သုတရသ #စာပေ #စိတ် #ငြိမ်းချမ်း #နားခို #အေးချမ်း
    0 Comments ·0 Shares ·45 Views
  • စိတ်ကလေး အချည်ခံထားရတယ်
    အသံလေးကြားရတာနဲ့ အမောတစ်ဝက်ပြေတယ်
    အရိပ်တကြည့်ကြည့် ဖြစ်ရတယ်
    မြတ်နိုးရတယ် တန်ဖိုးထားရတယ်
    တစ်နေ့တာရဲ့ ပထမဆုံး ဝတ္တရားဟာ
    မင်းကို သတိရဖို့ပဲ ဖြစ်ခဲ့တယ် ။


    #Lionel Sn
    စိတ်ကလေး အချည်ခံထားရတယ် အသံလေးကြားရတာနဲ့ အမောတစ်ဝက်ပြေတယ် အရိပ်တကြည့်ကြည့် ဖြစ်ရတယ် မြတ်နိုးရတယ် တန်ဖိုးထားရတယ် တစ်နေ့တာရဲ့ ပထမဆုံး ဝတ္တရားဟာ မင်းကို သတိရဖို့ပဲ ဖြစ်ခဲ့တယ် ။ 🌻🖤 #Lionel Sn
    Like
    Care
    2
    · 0 Comments ·0 Shares ·59 Views
  • လူတိုင်းကို
    သံသယနဲ့ မကြည့်ပါနဲ့
    မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

    လူတိုင်းကို
    အပြစ်ရှာပြီး မကြည့်ပါနဲ့
    ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ

    လူတိုင်းကို
    အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့
    မျှတခြင်း တရားနဲ့ ကြည့်ပါ

    လူတိုင်းကို
    မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့
    ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ

    လူတိုင်းကို
    အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့
    အပြုံးတရားတွေနဲ့ ကြည့်ပါ

    လူတိုင်းကို
    ရလိုမှုတွေနဲ့ မကြည့်ပါနဲ့
    စွန့်လွှတ်ခြင်း . . .တွေနဲ့ ကြည့်ပါ

    ဒါ့ကြောင့်မို့
    မျက်လုံးဟာ နှစ်ဖက်ပါပါ တယ်

    မျှမျှ တတ ကြည့်ပါ
    မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

    မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က

    အမြဲတမ်းဆေးဖက်ဝင်နေ
    ပါလိမ့်မယ် . . .

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    #မင်းထက်တော်တဲ့
    #ဘဝစာပေနှင့်ဗဟုသုတများ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #crd_to_owner_with_respectcrd #foryoupageシforyou #ခွန်အားရှိသောစာတ်ိုများ #fypシ゚viralシfypシ゚viralシalシ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #မလိုအပ်တာငါမသိ #ဂရုစိုက်မခြင်းအနုပညာမှာ #နေညိုအလွမ်း #kokokboss #သတ္တိရှိပါ #ဘဝစာပေနှင့်ဗဟုသုတများ #ခွန်အားရှိသောစာတ်ိုများ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #ဂရုစိုက်မခြင်းအနုပညာမှာ #fypシ゚viralシfypシ゚viralシalシ #foryoupageシforyou
    လူတိုင်းကို သံသယနဲ့ မကြည့်ပါနဲ့ မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ လူတိုင်းကို အပြစ်ရှာပြီး မကြည့်ပါနဲ့ ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ လူတိုင်းကို အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့ မျှတခြင်း တရားနဲ့ ကြည့်ပါ လူတိုင်းကို မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့ ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ လူတိုင်းကို အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့ အပြုံးတရားတွေနဲ့ ကြည့်ပါ လူတိုင်းကို ရလိုမှုတွေနဲ့ မကြည့်ပါနဲ့ စွန့်လွှတ်ခြင်း . . .တွေနဲ့ ကြည့်ပါ ဒါ့ကြောင့်မို့ မျက်လုံးဟာ နှစ်ဖက်ပါပါ တယ် မျှမျှ တတ ကြည့်ပါ မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က အမြဲတမ်းဆေးဖက်ဝင်နေ ပါလိမ့်မယ် . . . #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့် #မင်းထက်တော်တဲ့ #ဘဝစာပေနှင့်ဗဟုသုတများ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #crd_to_owner_with_respectcrd #foryoupageシforyou #ခွန်အားရှိသောစာတ်ိုများ #fypシ゚viralシfypシ゚viralシalシ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #မလိုအပ်တာငါမသိ #ဂရုစိုက်မခြင်းအနုပညာမှာ #နေညိုအလွမ်း #kokokboss #သတ္တိရှိပါ #ဘဝစာပေနှင့်ဗဟုသုတများ #ခွန်အားရှိသောစာတ်ိုများ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #ဂရုစိုက်မခြင်းအနုပညာမှာ #fypシ゚viralシfypシ゚viralシalシ #foryoupageシforyou
    Like
    Care
    2
    · 0 Comments ·0 Shares ·94 Views
  • လူထဲကလူဆိုပေမယ့်

    သူများဦးချတိုင်း
    မျက်စိစုံမိတ် မှန်ပါ့ဘုရားထဲတော့
    ကျွန်တော်မပါဘူး။

    သူများပြောသမျှ
    မျက်စိစုံမိတ် ယုံကြည်ပေးတဲ့ထဲတော့
    ကျွန်တော်မပါဘူး။

    သူများခိုင်းသမျှ
    ပိုက်ဆံရရင်ပြီးရော
    မျက်စိစုံမိတ် အံကြိတ်လုပ်မယ့်ထဲတော့
    ကျွန်တော်မပါဘူး။

    သူများလုပ်တိုင်း
    တရားရား မတရားရား
    မျက်စိစုံမိတ် လိုက်လုပ်တဲ့ထဲတော့
    ကျွန်တော်မပါဘူး။

    သူများမိုးခါးရေသောက်တိုင်း
    အများနည်းတူဆိုပြီး
    မျက်စိစုံမိတ် သိက္ခာမထိန်းတဲ့ထဲတော့
    ကျွန်တော်မပါဘူး။
    လူထဲကလူဆိုပေမယ့် သူများဦးချတိုင်း မျက်စိစုံမိတ် မှန်ပါ့ဘုရားထဲတော့ ကျွန်တော်မပါဘူး။ သူများပြောသမျှ မျက်စိစုံမိတ် ယုံကြည်ပေးတဲ့ထဲတော့ ကျွန်တော်မပါဘူး။ သူများခိုင်းသမျှ ပိုက်ဆံရရင်ပြီးရော မျက်စိစုံမိတ် အံကြိတ်လုပ်မယ့်ထဲတော့ ကျွန်တော်မပါဘူး။ သူများလုပ်တိုင်း တရားရား မတရားရား မျက်စိစုံမိတ် လိုက်လုပ်တဲ့ထဲတော့ ကျွန်တော်မပါဘူး။ သူများမိုးခါးရေသောက်တိုင်း အများနည်းတူဆိုပြီး မျက်စိစုံမိတ် သိက္ခာမထိန်းတဲ့ထဲတော့ ကျွန်တော်မပါဘူး။
    Like
    2
    · 0 Comments ·0 Shares ·31 Views
  • အောင်မြင်အောင်လည်း ကြိုးစားမယ် ။
    ပျော်ရွှင်အောင်လည်း နေထိုင်မယ် ။

    နေ့ရက်တိုင်းကို ဘယ်သူ့အကြောင်းကိုမှ မတွေးဘဲ
    ကိုယ့်စိတ်ကို အအေးချမ်းဆုံး ထားမယ် ။

    ဘယ်လိုကိစ္စပဲ ကြုံလာကြုံလာ
    တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်အောင်
    ရင့်ရင့်ကျက်ကျက် ရှင်သန်မယ် ။

    ရှင်သန်နေတဲ့ ကာလပတ်လုံးလည်း
    ဘယ်သူ့ကိုမှ မထိခိုက်အောင် နေမယ် ။

    နောင်တရစရာမလိုတဲ့ အတိတ်ကိုပဲ ဖန်တီးပြီး
    ကိုယ့်အတွက် ငြိမ်းချမ်းစေတဲ့ နေရာဒေသမှာပဲ
    လက်ကျန်နေ့ရက်ကို
    ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ် ။

    #ဖားစည်ရည်ကျော် (၄.၁.၂၀၂၃)
    အောင်မြင်အောင်လည်း ကြိုးစားမယ် ။ ပျော်ရွှင်အောင်လည်း နေထိုင်မယ် ။ နေ့ရက်တိုင်းကို ဘယ်သူ့အကြောင်းကိုမှ မတွေးဘဲ ကိုယ့်စိတ်ကို အအေးချမ်းဆုံး ထားမယ် ။ ဘယ်လိုကိစ္စပဲ ကြုံလာကြုံလာ တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်အောင် ရင့်ရင့်ကျက်ကျက် ရှင်သန်မယ် ။ ရှင်သန်နေတဲ့ ကာလပတ်လုံးလည်း ဘယ်သူ့ကိုမှ မထိခိုက်အောင် နေမယ် ။ နောင်တရစရာမလိုတဲ့ အတိတ်ကိုပဲ ဖန်တီးပြီး ကိုယ့်အတွက် ငြိမ်းချမ်းစေတဲ့ နေရာဒေသမှာပဲ လက်ကျန်နေ့ရက်ကို ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ် ။ #ဖားစည်ရည်ကျော် (၄.၁.၂၀၂၃)
    Like
    2
    · 0 Comments ·0 Shares ·40 Views
  • အားနာသင့်တာကိုမှ အားနာပြီး
    ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်အောင် ကြိုးစားရဦးမယ် ။

    တချို့သောအရာတွေကို ဥပက္ခာတရားတွေ ထားပြီး တချို့သောအရာတွေကို မေတ္တာတရားတွေနဲ့ သည်းခံပြီး တချို့သောအရာတွေကို ခွင့်လွှတ်တတ်အောင်
    သင်ယူရဦးမယ် ။

    ဒေါသတွေကို အပြုံးတွေနဲ့
    လက်တုံ့ပြန်တတ်အောင် ကြိုးစားရင်း
    လက်သည်းတွေကို နေရာတိုင်းမှာ
    ထုတ်မပြရအောင် ဝှက်ထားရင်း
    အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြား သိမြင်ပြီး အတိအကျ ထပ်တူထပ်မျှ ပြန်ပေးနိုင်အောင်
    သင်ယူရဦးမယ် ။

    ပူလောင်မှုတွေ ကြားထဲက
    အေးမြခြင်းတွေကို ရှာဖွေမယ် ။
    သောကတွေကို ဖယ်ရှားပြီး
    ပျော်ရွှင်စရာတွေကို ဝေမျှပေးမယ် ။
    ယုံကြည်မှုကို အသက်လို တန်ဖိုးထားတဲ့
    ရပ်ဝန်းထဲမှာ နေမယ် ။
    နောက်ကျောကို ဓားနဲ့မထိုးတတ်တဲ့
    ပတ်ဝန်းကျင်မှာ ရှင်သန်မယ် ။

    စိတ်တူကိုယ်တူတွေ ဓာတ်ပြုရင်း
    အိပ်မက်တွေကို အရောင်ခြယ်ကြတာပေါ့ ။

    #ကေသရီ
    #Note_Pages
    အားနာသင့်တာကိုမှ အားနာပြီး ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်အောင် ကြိုးစားရဦးမယ် ။ တချို့သောအရာတွေကို ဥပက္ခာတရားတွေ ထားပြီး တချို့သောအရာတွေကို မေတ္တာတရားတွေနဲ့ သည်းခံပြီး တချို့သောအရာတွေကို ခွင့်လွှတ်တတ်အောင် သင်ယူရဦးမယ် ။ ဒေါသတွေကို အပြုံးတွေနဲ့ လက်တုံ့ပြန်တတ်အောင် ကြိုးစားရင်း လက်သည်းတွေကို နေရာတိုင်းမှာ ထုတ်မပြရအောင် ဝှက်ထားရင်း အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြား သိမြင်ပြီး အတိအကျ ထပ်တူထပ်မျှ ပြန်ပေးနိုင်အောင် သင်ယူရဦးမယ် ။ ပူလောင်မှုတွေ ကြားထဲက အေးမြခြင်းတွေကို ရှာဖွေမယ် ။ သောကတွေကို ဖယ်ရှားပြီး ပျော်ရွှင်စရာတွေကို ဝေမျှပေးမယ် ။ ယုံကြည်မှုကို အသက်လို တန်ဖိုးထားတဲ့ ရပ်ဝန်းထဲမှာ နေမယ် ။ နောက်ကျောကို ဓားနဲ့မထိုးတတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်မယ် ။ စိတ်တူကိုယ်တူတွေ ဓာတ်ပြုရင်း အိပ်မက်တွေကို အရောင်ခြယ်ကြတာပေါ့ ။ #ကေသရီ #Note_Pages
    Like
    Care
    2
    · 0 Comments ·0 Shares ·61 Views
  • #ပြင်ဆင်ပါ

    _နေမယ်ဆို...
    အမှန်တရားနဲ့ အနီးဆုံးမှာ နေပါ

    _ရှာမယ်ဆို...
    နှလုံးသားထဲက အလှတရားကို ရှာပါ

    _နားမယ်ဆို...
    စိတ်နှလုံး အေးချမ်းမယ့် အရိပ်မှာ နားပါ

    _ချည်မယ်ဆို...
    သိက္ခာကို ကိုယ့်တန်ဘိုးနဲ့ ချည်နှောင်ပါ

    _သိမ်းမယ်ဆို...
    ကျေးဇူးတရားကို သိမ်းထားပါ

    _စွန့်မယ်ဆို...
    မကောင်းတဲ့ အကျင့်ကို စွန့်လွှတ်ပါ

    _ပေးမယ်ဆို...
    တန်ဘိုးဖြတ်မထားတဲ့ မေတ္တာကို ပေးပါ

    _ပျော်မယ်ဆို...
    ဘောင်မကျော်ခင်အထိပဲ ပျော်ပါ

    _တွေးမယ်ဆို...
    စိတ်ညစ်စရာ မရောက်ခင်အထိပဲ တွေးပါ

    _မှားမယ်ဆို...
    နောက်လှည့် ပြန်ခွင့်ရှိတဲ့ အထိပဲ မှားပါ

    _နောင်တရမယ်ဆို...
    ဘာမှမလုပ်ခင် အရင် စဉ်းစားပါ

    _ပြင်မယ်ဆို...
    ကိုယ်ကျင့်တရားကို
    အကောင်းဆုံး ဖြစ်အောင်
    ပြင်ဆင်ပါ.... ။

    Credit

    ဓမ္မရိပ်ငြိမ်ဆရာတော်
    😊#ပြင်ဆင်ပါ😊 ⛱️_နေမယ်ဆို... အမှန်တရားနဲ့ အနီးဆုံးမှာ နေပါ ⛱️_ရှာမယ်ဆို... နှလုံးသားထဲက အလှတရားကို ရှာပါ ⛱️_နားမယ်ဆို... စိတ်နှလုံး အေးချမ်းမယ့် အရိပ်မှာ နားပါ ⛱️_ချည်မယ်ဆို... သိက္ခာကို ကိုယ့်တန်ဘိုးနဲ့ ချည်နှောင်ပါ ⛱️_သိမ်းမယ်ဆို... ကျေးဇူးတရားကို သိမ်းထားပါ ⛱️_စွန့်မယ်ဆို... မကောင်းတဲ့ အကျင့်ကို စွန့်လွှတ်ပါ ⛱️_ပေးမယ်ဆို... တန်ဘိုးဖြတ်မထားတဲ့ မေတ္တာကို ပေးပါ ⛱️_ပျော်မယ်ဆို... ဘောင်မကျော်ခင်အထိပဲ ပျော်ပါ ⛱️_တွေးမယ်ဆို... စိတ်ညစ်စရာ မရောက်ခင်အထိပဲ တွေးပါ ⛱️_မှားမယ်ဆို... နောက်လှည့် ပြန်ခွင့်ရှိတဲ့ အထိပဲ မှားပါ ⛱️_နောင်တရမယ်ဆို... ဘာမှမလုပ်ခင် အရင် စဉ်းစားပါ ⛱️_ပြင်မယ်ဆို... ကိုယ်ကျင့်တရားကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ပါ.... ။ 🌻Credit 😊ဓမ္မရိပ်ငြိမ်ဆရာတော်😊
    Care
    1
    · 0 Comments ·0 Shares ·31 Views
  • "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့
    ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ်

    လူ့လောကမှာ မေတ္တာတရား
    ဘယ်လောက်ကြီးမားကြီးမား
    စေတနာဘယ်လောက်ထားထား

    အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ
    လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ

    ဒီလိုမှမဟုတ်ရင် ရေနဲ့ဆီလိုပဲ
    ရေကရေသပ်သပ်
    ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ

    မေ တ္တာ က မေ တ္တာ သပ်သပ်
    ဗီဇက ဗီဇသပ်သပ်
    ဘယ်လိုမှ ထပ်တူကျမနေရင်
    မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ်
    မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို
    လက်ခံနိုင်မှာမဟုတ်ဘူး

    ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ
    အမှန်တရားပါပဲ...

    Poe Ei Phyu
    "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့ ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ် လူ့လောကမှာ မေတ္တာတရား ဘယ်လောက်ကြီးမားကြီးမား စေတနာဘယ်လောက်ထားထား အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ ဒီလိုမှမဟုတ်ရင် ရေနဲ့ဆီလိုပဲ ရေကရေသပ်သပ် ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ မေ တ္တာ က မေ တ္တာ သပ်သပ် ဗီဇက ဗီဇသပ်သပ် ဘယ်လိုမှ ထပ်တူကျမနေရင် မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ် မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို လက်ခံနိုင်မှာမဟုတ်ဘူး ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ အမှန်တရားပါပဲ... Poe Ei Phyu 🍀
    Care
    1
    · 0 Comments ·0 Shares ·38 Views
  • လူတစ်ယောက်ရဲ့
    ဘဝ အနိမ့် အမြင့်ဟာ
    " စိတ်ဓာတ်"အပေါ်
    အများကြီး မူတည်နေပါတယ်။

    " စိတ်ဓာတ် " မြင့်မားရင်
    " ဘဝ "မြင့်မားမှာဖြစ်ပြီး၊

    " စိတ်ဓာတ် " နိမ့်နေရင်…
    ငွေချမ်းသာလည်း
    ဘဝက နိမ့်ကျနေမှာပါ။

    " စိတ်ဓာတ် " မြင့်မားတယ်ဆိုတာ
    ဘယ်လိုဟာကို ခေါ်သလဲ-?

    { ၁ } ရိုးသားမှု။

    { ၂ } ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်
    အပြောတွေအပေါ် တာဝန်ယူမှု။

    { ၃ } အရှိကို အရှိအတိုင်း ရိုးသားစွာ
    ဖော်ပြတတ်မှု။

    { ၄ } မကောင်းတာပဲ လုပ်လုပ်
    ကောင်းတာပဲ လုပ်လုပ်
    စည်းစနစ်ကျမှု။

    { ၅ } ကိုယ်မှားရင် မှားတယ်လို့
    ဝန်ခံရဲတဲ့ သတ္တိရှိမှု။

    { ၆ } အခြားသူရဲ့ နှာခေါင်းပေါက်နဲ့
    အသက်မရှူတတ်သူ။

    { ၇ } အပြောတစ်မျိုး / အလုပ်တစ်မျိုး
    မလုပ်တတ်သူ။

    { ၈ } ကိုယ်မှန်တယ်ထင်ရင်
    ရှင်ဘုရင်တောင် ပြန်ပြောရဲသလို…
    ကိုယ်မှားပြီ ဆိုရင်လည်း
    သူတောင်းစားတောင် တောင်းပန်ဖို့
    ဝန်မလေးတတ်သူ။

    { ၉ } ကိုယ့်ရဲ့ လုပ်ငန်းရှင်
    ဆရာသမားအပေါ် သစ္စာရှိပြီး
    ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ
    အပေါ်ကိုလည်း
    မျှတစွာ ဆက်ဆံတတ်ကာ
    အမှန်တရားကို လက်ကိုင်ထားသူ။

    စသည်တို့ကို ဆိုလိုပါတယ်။

    အရည်အသွေးချင်း
    ယှဉ်ပြိုင်တာ မဟုတ်ဘဲ
    အမြီးကျန်ရင် အမြီး
    ခေါင်းကျန်ရင် ခေါင်းစား ဆိုတဲ့
    စိတ်ဓာတ်ရှိနေတဲ့ လူမျိုးစုတွေကတော့
    တိုးတက်လာလည်း ခဏပါ။

    အခြေမခိုင်ဘဲ ယိုင်လဲနေမှာ
    သေချာသလောက် ရှိပါတယ်။

    စိတ် သည် ဘဝ
    ဘဝ သည် စိတ်ပါ။

    စိတ်ဓာတ် မကောင်းမှတော့
    မှန်လိုပဲ ဘဝလည်း
    ချောလာစရာ အကြောင်း မရှိပါ။

    ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး
    " ဂွင်"ဆိုတဲ့
    တစ်နပ်စား ကြံစည်နေမှတော့
    တစ်နပ်စားပြီး
    စားစရာ မကျန်တော့ရင် ငတ်ပြီပေါ့။

    ပညာတွေ ဘယ်လောက်ပဲ
    တော်တော် တတ်တတ်
    စိတ်ဓာတ်တွေ မကောင်းရင်တော့
    အသုံးမဝင်သလို…

    အရည်အချင်းတွေ
    ဘယ်လောက်ပဲ ရှိရှိပါ
    စည်းကမ်း မရှိရင်တော့…
    ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။

    သူငယ်ချင်း…
    " ဘဝ " မြင့်မားပြီး
    အဆင့်အတန်းမြင့်တဲ့
    လူသား တစ်ယောက် ဖြစ်ချင်ရင်တော့
    " စိတ် "ကို အရင်ပြင်ကြည့်လိုက်ပါ။

    Credit-ဇင်းနစ်(မကွေး)
    လူတစ်ယောက်ရဲ့ ဘဝ အနိမ့် အမြင့်ဟာ " စိတ်ဓာတ်"အပေါ် အများကြီး မူတည်နေပါတယ်။ " စိတ်ဓာတ် " မြင့်မားရင် " ဘဝ "မြင့်မားမှာဖြစ်ပြီး၊ " စိတ်ဓာတ် " နိမ့်နေရင်… ငွေချမ်းသာလည်း ဘဝက နိမ့်ကျနေမှာပါ။ " စိတ်ဓာတ် " မြင့်မားတယ်ဆိုတာ ဘယ်လိုဟာကို ခေါ်သလဲ-? { ၁ } ရိုးသားမှု။ { ၂ } ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ် အပြောတွေအပေါ် တာဝန်ယူမှု။ { ၃ } အရှိကို အရှိအတိုင်း ရိုးသားစွာ ဖော်ပြတတ်မှု။ { ၄ } မကောင်းတာပဲ လုပ်လုပ် ကောင်းတာပဲ လုပ်လုပ် စည်းစနစ်ကျမှု။ { ၅ } ကိုယ်မှားရင် မှားတယ်လို့ ဝန်ခံရဲတဲ့ သတ္တိရှိမှု။ { ၆ } အခြားသူရဲ့ နှာခေါင်းပေါက်နဲ့ အသက်မရှူတတ်သူ။ { ၇ } အပြောတစ်မျိုး / အလုပ်တစ်မျိုး မလုပ်တတ်သူ။ { ၈ } ကိုယ်မှန်တယ်ထင်ရင် ရှင်ဘုရင်တောင် ပြန်ပြောရဲသလို… ကိုယ်မှားပြီ ဆိုရင်လည်း သူတောင်းစားတောင် တောင်းပန်ဖို့ ဝန်မလေးတတ်သူ။ { ၉ } ကိုယ့်ရဲ့ လုပ်ငန်းရှင် ဆရာသမားအပေါ် သစ္စာရှိပြီး ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ အပေါ်ကိုလည်း မျှတစွာ ဆက်ဆံတတ်ကာ အမှန်တရားကို လက်ကိုင်ထားသူ။ စသည်တို့ကို ဆိုလိုပါတယ်။ အရည်အသွေးချင်း ယှဉ်ပြိုင်တာ မဟုတ်ဘဲ အမြီးကျန်ရင် အမြီး ခေါင်းကျန်ရင် ခေါင်းစား ဆိုတဲ့ စိတ်ဓာတ်ရှိနေတဲ့ လူမျိုးစုတွေကတော့ တိုးတက်လာလည်း ခဏပါ။ အခြေမခိုင်ဘဲ ယိုင်လဲနေမှာ သေချာသလောက် ရှိပါတယ်။ စိတ် သည် ဘဝ ဘဝ သည် စိတ်ပါ။ စိတ်ဓာတ် မကောင်းမှတော့ မှန်လိုပဲ ဘဝလည်း ချောလာစရာ အကြောင်း မရှိပါ။ ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး " ဂွင်"ဆိုတဲ့ တစ်နပ်စား ကြံစည်နေမှတော့ တစ်နပ်စားပြီး စားစရာ မကျန်တော့ရင် ငတ်ပြီပေါ့။ ပညာတွေ ဘယ်လောက်ပဲ တော်တော် တတ်တတ် စိတ်ဓာတ်တွေ မကောင်းရင်တော့ အသုံးမဝင်သလို… အရည်အချင်းတွေ ဘယ်လောက်ပဲ ရှိရှိပါ စည်းကမ်း မရှိရင်တော့… ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။ သူငယ်ချင်း… " ဘဝ " မြင့်မားပြီး အဆင့်အတန်းမြင့်တဲ့ လူသား တစ်ယောက် ဖြစ်ချင်ရင်တော့ " စိတ် "ကို အရင်ပြင်ကြည့်လိုက်ပါ။ Credit-ဇင်းနစ်(မကွေး)
    Care
    1
    · 0 Comments ·0 Shares ·69 Views
  • အောင်မြင်အောင်လည်း ကြိုးစားမယ် ။
    ပျော်ရွှင်အောင်လည်း နေထိုင်မယ် ။

    နေ့ရက်တိုင်းကို ဘယ်သူ့အကြောင်းကိုမှ မတွေးဘဲ
    ကိုယ့်စိတ်ကို အအေးချမ်းဆုံး ထားမယ် ။

    ဘယ်လိုကိစ္စပဲ ကြုံလာကြုံလာ
    တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်အောင်
    ရင့်ရင့်ကျက်ကျက် ရှင်သန်မယ် ။

    ရှင်သန်နေတဲ့ ကာလပတ်လုံးလည်း
    ဘယ်သူ့ကိုမှ မထိခိုက်အောင် နေမယ် ။

    နောင်တရစရာမလိုတဲ့ အတိတ်ကိုပဲ ဖန်တီးပြီး
    ကိုယ့်အတွက် ငြိမ်းချမ်းစေတဲ့ နေရာဒေသမှာပဲ
    လက်ကျန်နေ့ရက်ကို
    ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ် ။

    #crd
    အောင်မြင်အောင်လည်း ကြိုးစားမယ် ။ ပျော်ရွှင်အောင်လည်း နေထိုင်မယ် ။ နေ့ရက်တိုင်းကို ဘယ်သူ့အကြောင်းကိုမှ မတွေးဘဲ ကိုယ့်စိတ်ကို အအေးချမ်းဆုံး ထားမယ် ။ ဘယ်လိုကိစ္စပဲ ကြုံလာကြုံလာ တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်အောင် ရင့်ရင့်ကျက်ကျက် ရှင်သန်မယ် ။ ရှင်သန်နေတဲ့ ကာလပတ်လုံးလည်း ဘယ်သူ့ကိုမှ မထိခိုက်အောင် နေမယ် ။ နောင်တရစရာမလိုတဲ့ အတိတ်ကိုပဲ ဖန်တီးပြီး ကိုယ့်အတွက် ငြိမ်းချမ်းစေတဲ့ နေရာဒေသမှာပဲ လက်ကျန်နေ့ရက်ကို ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ် ။ #crd
    Care
    1
    · 0 Comments ·0 Shares ·27 Views
More Results