• နေနိုင်လို့
    နေနေတဲ့လူကို
    နေနိုင်တယ်နော်လို့
    သွားမမေးနဲ့
    မင်းမောသွားမယ်။

    မင်းကိုချစ်တဲ့လူက
    တစ်ရက်မပြောနဲ့
    မင်းနဲ့စကားမပြောပဲ
    တစ်စက္ကန့်လေးတောင်
    နေနိုင်မှာမဟုတ်ဘူး။

    #ယမုံ
    နေနိုင်လို့ နေနေတဲ့လူကို နေနိုင်တယ်နော်လို့ သွားမမေးနဲ့ မင်းမောသွားမယ်။ မင်းကိုချစ်တဲ့လူက တစ်ရက်မပြောနဲ့ မင်းနဲ့စကားမပြောပဲ တစ်စက္ကန့်လေးတောင် နေနိုင်မှာမဟုတ်ဘူး။ #ယမုံ 💔🌹
    Like
    2
    ¡ 0 Comments ¡0 Shares ¡87 Views
  • ဒုတိယ မိသားစုဆိုတာ
    လူတိုင်းလိုလိုမှာ ရှိပါတယ်

    ကိုယ့်ရဲ့မိသားစုအရင်းလို
    ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို
    ကိုယ့်ရဲ့မိသားစုအရင်းထက်တောင်
    ပိုကောင်းတဲ့ ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ်

    ရေစက်ကောင်းတွေပါပြီး
    ဒီဘဝမှာ ပြန်ဆုံရတယ်ပဲပြောရမလား

    သွေးလည်းမတော် သားလည်းမစပ်
    မွေးစားတာမျိုးလည်း မဟုတ်
    ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်.....

    ကိုယ့်အပေါ် မှာ
    တကယ့်မိသားစုတစ်ခုလို
    နွေးထွေးလုံခြုံစေတယ်

    ကြင်နာယုယပေးတယ်။

    ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။

    ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။

    နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။

    ပျော်ရွှင်အေးချမ်းစေတယ်။

    လင်းလက်တောက်ပစေတယ်။

    ဒါဟာ ဒုတိယမိသားစုပါပဲ။

    တချို့အတွက်
    အလုပ်နဲ့ အလုပ်ရှင်။

    တချို့အတွက် လုပ်ဖော်ကိုင်ဖက်။

    တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ။

    တချို့အတွက် အိမ်နီးနားခြင်း။

    တချို့အတွက် သူငယ်ချင်း။

    တချို့အတွက် ချစ်သူ။

    ဒုတိယမိသားစုဟာ
    ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။

    #ဘဝအတွတ်စာဖတ်ပါ
    #ခွန်အားရှိသောစာတ်ိုများ
    #ဆရာအောင်သင်းစာပေ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    ဒုတိယ မိသားစုဆိုတာ လူတိုင်းလိုလိုမှာ ရှိပါတယ် ကိုယ့်ရဲ့မိသားစုအရင်းလို ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို ကိုယ့်ရဲ့မိသားစုအရင်းထက်တောင် ပိုကောင်းတဲ့ ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ် ရေစက်ကောင်းတွေပါပြီး ဒီဘဝမှာ ပြန်ဆုံရတယ်ပဲပြောရမလား သွေးလည်းမတော် သားလည်းမစပ် မွေးစားတာမျိုးလည်း မဟုတ် ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်..... ကိုယ့်အပေါ် မှာ တကယ့်မိသားစုတစ်ခုလို နွေးထွေးလုံခြုံစေတယ် ကြင်နာယုယပေးတယ်။ ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။ ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။ နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။ ပျော်ရွှင်အေးချမ်းစေတယ်။ လင်းလက်တောက်ပစေတယ်။ ဒါဟာ ဒုတိယမိသားစုပါပဲ။ တချို့အတွက် အလုပ်နဲ့ အလုပ်ရှင်။ တချို့အတွက် လုပ်ဖော်ကိုင်ဖက်။ တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ။ တချို့အတွက် အိမ်နီးနားခြင်း။ တချို့အတွက် သူငယ်ချင်း။ တချို့အတွက် ချစ်သူ။ ဒုတိယမိသားစုဟာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။ #ဘဝအတွတ်စာဖတ်ပါ #ခွန်အားရှိသောစာတ်ိုများ #ဆရာအောင်သင်းစာပေ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Care
    Love
    3
    ¡ 0 Comments ¡0 Shares ¡357 Views
  • ꧁ဆန္ဒ နှင့် လောဘ꧂

    ဆန္ဒ ဆိုတာက ဖြစ်ချင်တဲ့စိတ်။
    လောဘဆိုတာက လိုချင်တဲ့စိတ်။
    ဖြစ်ချင်တာနဲ့ လိုချင်တာနဲ့ မတူဘူးလားဆိုတော့
    လုံးဝမတူပါဘူး။

    တရားအားထုတ်ချင်တယ်၊ပညာတတ်ကြီးဖြစ်ချင်တယ်၊ဆင်းရဲချို့တဲ့သူတွေကိုပေးကမ်းစွန့်ကြဲချင်
    တယ် ဆိုတာက ဆန္ဒ။

    ရုပ်ရှင်သွားကြည့်ချင်တယ်၊
    သီချင်းနားထောင်ချင်တယ်၊
    စားကောင်းသောက်ကောင်းလေတွေပဲ
    စားချင်နေတယ် ဆိုတာက လောဘ။

    တစ်နည်းအားဖြင့်
    အများအကျိုးဆောင်ရွက်ချင်တယ်ဆိုတာက ဆန္ဒ။
    ကိုယ့်အတွက်၊ကာမဂုဏ်အာရုံခံစားဖို့အတွက်
    လိုချင်နေတဲ့စိတ်ကလေးက လောဘ။

    လောကီစီးပွားရေး လုပ်တာချင်းအတူတူတောင်
    ဆန္ဒအခြေခံပြီး လုပ်တာနဲ့
    လောဘအခြေခံပြီးလုပ်တာမတူပြန်ဘူး။
    ငါပိုက်ဆံတွေရလာရင် ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ပေးရမယ်၊
    လှူဒါန်းပူဇော်တာတွေလုပ်ရမယ်၊
    ပေးကမ်း စွန့်ကြဲမှုတွေလုပ်ရမယ်
    ဆိုတဲ့ စိတ်ကလေးဟာ
    ဆန္ဒကိုအခြေပြုပြီးလုပ်တဲ့စိတ်ပဲ။

    ဒီလိုမဟုတ်ဘဲ အလုပ်ကြိုးစားမယ်၊
    ပိုက်ဆံတွေရလာရင် ကာမဂုဏ်အာရုံတွေနဲ့
    ပြည့်ပြည့်ဝဝထံစားလိုက်မယ်ဆိုတာက
    လောဘကိုအခြေပြုပြီး လုပ်တဲ့စိတ်သာဖြစ်တယ်။
    လောဘနဲ့စီးပွားရှာရင် ကိုယ့်အတွက်ရလိုမှုပဲကြည့်တဲ့အတွက် သမ္မာအာဇီဝနဲ့မရှာဖွေတော့ဘဲ
    ဝိသမလောဘသားဖြစ်သွားနိုင်တယ်။

    နောက်ပြီး ဒီဆန္ဒ နဲ့ လောဘကို
    အထင်မသေးသင့်ပါဘူး။
    မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ချင်တဲ့
    ဆန္ဒလေးကနေ စတင်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ပြီး
    ဘုရားဖြစ်လာသည်မှာ အားလုံးအသိပင်ဖြစ်သည်။
    ဒါပေမယ့် ဆန္ဒတစ်ခုတည်းရှိနေရုံနဲ့
    အလုပ်ကိစ္စတစ်ခုဟာ ပြီးစီးအောင်မြင်တာတော့မဟုတ်ပါဘူး။
    အဓိပတိတပ်ထားတဲ့ ဆန္ဒ၊တစ်နည်းအားဖြင့်
    ပြင်းထန်တဲ့ဆန္ဒရှိရဦးမှာ ဖြစ်ပါတယ်။
    ဒါ့အပြင် မိမိရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှုဝီရိယကလည်းလိုအပ်ပါသေးတယ်။
    ဒီနေရာမှာလည်း ဝီရိယကလည်း အဓိပတိတပ်ထားတဲ့ ဝီရိယမျိုးဖြစ်ရမယ်။ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုဆိုပါတော့။
    ကြိုးစားနေတဲ့အခါမှာ စိတ်ဓာတ်ကလည်း ခိုင်မာဖို့လိုပြန်သေးတယ်။စိတ်ဓာတ်ကပျော့ညံ့နေမယ်ဆိုရင် ဖြစ်ချင်ဆန္ဒတွေလည်းဖြစ်လာမှာမဟုတ်ဘူး။
    နောက်ဆုံး ဆင်ခြင်ဉာဏ်လည်းရှိရပါမယ်။
    Knowledge ဆိုတဲ့အသိပညာကလည်း အရေးကြီးတယ်၊အသိဉာဏ်မပါဘဲ အလုပ်ကိုလုပ်ရင်
    ဘယ်အလုပ်မှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။
    ဆင်ကန်းတောတိုးသလို ဖြစ်နေမှာပါပဲ။
    ဆိုလိုတာက ဖြစ်ခဲ့တဲ့ဆန္ဒနောက်မှာ
    ဝီရိယ၊စိတ်ဓာတ်၊ပညာဆိုတဲ့ အရာတွေပူးပေါင်းပေးလိုက်မယ်ဆိုရင် မိမိဆန္ဒတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာပါပဲ။
    မြတ်စွာဘုရားဟာ ဒီလိုကြိုးစားပြီး ဘုရားဖြစ်လာခဲ့တာပါ။

    နောက်ပြီး လောဘဆိုတာလည်း လျော့တွက်လို့ရတဲ့အကုသိုလ်မျိုးတော့မဟုတ်ပါဘူး။
    ခဲလုံးလေးဟာ ရေထဲပစ်ချလိုက်တဲ့အခါ သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ နစ်မြုပ်သွားစမြဲသာ ဖြစ်သလို လောဘဆိုတာမျိုးကလည်း
    နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
    အပါယ်လေးပါးကို ပို့ဆောင်ပေးတတ်ပါတယ်။

    အဘိဓမ္မာမှာဖော်ပြထားတာကတော့
    ဆန္ဒဆိုတာက ကုသိုလ် ၊ အကုသိုလ် နှစ်မျိုးလုံနဲ့
    ယှဉ်တဲ့စေတသိက်အမျိုးအစားဖြစ်ပြီး
    လောဘကတော့ အကုသိုလ်စေတသိက်အမျိုးအစားဖြစ်တယ်လို့ဆိုထားပါတယ်။
    သို့သော်ဤနေရာ၌ စာရေးသူသည် ဆန္ဒကို
    ကောင်းသည့်ရှုထောင့်ဘက်မှသာ ယူ၍ရေးသားထားသည်ကို သတိပြုစေချင်ပါသည်။

    ပြည့်စုံ(တောင်ငူ)
    ၉.၃.၂၀၂၅
    Credit Original Uploader
    မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်CRD#
    ꧁ဆန္ဒ နှင့် လောဘ꧂ ဆန္ဒ ဆိုတာက ဖြစ်ချင်တဲ့စိတ်။ လောဘဆိုတာက လိုချင်တဲ့စိတ်။ ဖြစ်ချင်တာနဲ့ လိုချင်တာနဲ့ မတူဘူးလားဆိုတော့ လုံးဝမတူပါဘူး။ တရားအားထုတ်ချင်တယ်၊ပညာတတ်ကြီးဖြစ်ချင်တယ်၊ဆင်းရဲချို့တဲ့သူတွေကိုပေးကမ်းစွန့်ကြဲချင် တယ် ဆိုတာက ဆန္ဒ။ ရုပ်ရှင်သွားကြည့်ချင်တယ်၊ သီချင်းနားထောင်ချင်တယ်၊ စားကောင်းသောက်ကောင်းလေတွေပဲ စားချင်နေတယ် ဆိုတာက လောဘ။ တစ်နည်းအားဖြင့် အများအကျိုးဆောင်ရွက်ချင်တယ်ဆိုတာက ဆန္ဒ။ ကိုယ့်အတွက်၊ကာမဂုဏ်အာရုံခံစားဖို့အတွက် လိုချင်နေတဲ့စိတ်ကလေးက လောဘ။ လောကီစီးပွားရေး လုပ်တာချင်းအတူတူတောင် ဆန္ဒအခြေခံပြီး လုပ်တာနဲ့ လောဘအခြေခံပြီးလုပ်တာမတူပြန်ဘူး။ ငါပိုက်ဆံတွေရလာရင် ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ပေးရမယ်၊ လှူဒါန်းပူဇော်တာတွေလုပ်ရမယ်၊ ပေးကမ်း စွန့်ကြဲမှုတွေလုပ်ရမယ် ဆိုတဲ့ စိတ်ကလေးဟာ ဆန္ဒကိုအခြေပြုပြီးလုပ်တဲ့စိတ်ပဲ။ ဒီလိုမဟုတ်ဘဲ အလုပ်ကြိုးစားမယ်၊ ပိုက်ဆံတွေရလာရင် ကာမဂုဏ်အာရုံတွေနဲ့ ပြည့်ပြည့်ဝဝထံစားလိုက်မယ်ဆိုတာက လောဘကိုအခြေပြုပြီး လုပ်တဲ့စိတ်သာဖြစ်တယ်။ လောဘနဲ့စီးပွားရှာရင် ကိုယ့်အတွက်ရလိုမှုပဲကြည့်တဲ့အတွက် သမ္မာအာဇီဝနဲ့မရှာဖွေတော့ဘဲ ဝိသမလောဘသားဖြစ်သွားနိုင်တယ်။ နောက်ပြီး ဒီဆန္ဒ နဲ့ လောဘကို အထင်မသေးသင့်ပါဘူး။ မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ချင်တဲ့ ဆန္ဒလေးကနေ စတင်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ပြီး ဘုရားဖြစ်လာသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဒါပေမယ့် ဆန္ဒတစ်ခုတည်းရှိနေရုံနဲ့ အလုပ်ကိစ္စတစ်ခုဟာ ပြီးစီးအောင်မြင်တာတော့မဟုတ်ပါဘူး။ အဓိပတိတပ်ထားတဲ့ ဆန္ဒ၊တစ်နည်းအားဖြင့် ပြင်းထန်တဲ့ဆန္ဒရှိရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှုဝီရိယကလည်းလိုအပ်ပါသေးတယ်။ ဒီနေရာမှာလည်း ဝီရိယကလည်း အဓိပတိတပ်ထားတဲ့ ဝီရိယမျိုးဖြစ်ရမယ်။ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုဆိုပါတော့။ ကြိုးစားနေတဲ့အခါမှာ စိတ်ဓာတ်ကလည်း ခိုင်မာဖို့လိုပြန်သေးတယ်။စိတ်ဓာတ်ကပျော့ညံ့နေမယ်ဆိုရင် ဖြစ်ချင်ဆန္ဒတွေလည်းဖြစ်လာမှာမဟုတ်ဘူး။ နောက်ဆုံး ဆင်ခြင်ဉာဏ်လည်းရှိရပါမယ်။ Knowledge ဆိုတဲ့အသိပညာကလည်း အရေးကြီးတယ်၊အသိဉာဏ်မပါဘဲ အလုပ်ကိုလုပ်ရင် ဘယ်အလုပ်မှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။ ဆင်ကန်းတောတိုးသလို ဖြစ်နေမှာပါပဲ။ ဆိုလိုတာက ဖြစ်ခဲ့တဲ့ဆန္ဒနောက်မှာ ဝီရိယ၊စိတ်ဓာတ်၊ပညာဆိုတဲ့ အရာတွေပူးပေါင်းပေးလိုက်မယ်ဆိုရင် မိမိဆန္ဒတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာပါပဲ။ မြတ်စွာဘုရားဟာ ဒီလိုကြိုးစားပြီး ဘုရားဖြစ်လာခဲ့တာပါ။ နောက်ပြီး လောဘဆိုတာလည်း လျော့တွက်လို့ရတဲ့အကုသိုလ်မျိုးတော့မဟုတ်ပါဘူး။ ခဲလုံးလေးဟာ ရေထဲပစ်ချလိုက်တဲ့အခါ သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ နစ်မြုပ်သွားစမြဲသာ ဖြစ်သလို လောဘဆိုတာမျိုးကလည်း နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ အပါယ်လေးပါးကို ပို့ဆောင်ပေးတတ်ပါတယ်။ အဘိဓမ္မာမှာဖော်ပြထားတာကတော့ ဆန္ဒဆိုတာက ကုသိုလ် ၊ အကုသိုလ် နှစ်မျိုးလုံနဲ့ ယှဉ်တဲ့စေတသိက်အမျိုးအစားဖြစ်ပြီး လောဘကတော့ အကုသိုလ်စေတသိက်အမျိုးအစားဖြစ်တယ်လို့ဆိုထားပါတယ်။ သို့သော်ဤနေရာ၌ စာရေးသူသည် ဆန္ဒကို ကောင်းသည့်ရှုထောင့်ဘက်မှသာ ယူ၍ရေးသားထားသည်ကို သတိပြုစေချင်ပါသည်။ ပြည့်စုံ(တောင်ငူ) ၉.၃.၂၀၂၅ Credit Original Uploader ❤️ မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်🙏CRD#
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡211 Views
  • ချစ်ခြင်းမှာ ...
    တစ်ခြား တစ်​ယောက်က
    လုယူမယ်ဆိုရင်​တောင် ရရင်ယူ​ပေါ့ဆိုပြီး

    ခပ်​ချေ​ချေ ပြန်​ပြောနိုင်တဲ့အထိ
    စိတ်လုံခြုံမှု အပြည့်​​ပေးနိုင်တဲ့ ခံစားချက်မျိုးကို
    သ​ဘောကျတယ် .... ☘
    .
    .
    Crd
    #ယမွန်
    ချစ်ခြင်းမှာ ... တစ်ခြား တစ်​ယောက်က လုယူမယ်ဆိုရင်​တောင် ရရင်ယူ​ပေါ့ဆိုပြီး ခပ်​ချေ​ချေ ပြန်​ပြောနိုင်တဲ့အထိ စိတ်လုံခြုံမှု အပြည့်​​ပေးနိုင်တဲ့ ခံစားချက်မျိုးကို သ​ဘောကျတယ် .... ☘🍀 . . Crd #ယမွန်
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡70 Views
  • အချစ်ဆိုတာ ​
    လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်​လေ ..
    ဒါ​ကြောင့်မို့

    သူ​ရွေးချယ်မယ့်သူက ကိုယ်မဖြစ်နိုင်တာလဲ
    ဖြစ်နိုင်တယ်​လေ ..

    ​မျှော်လင့်တိုင်း ဖြစ်မလာတဲ့အခါ
    ပိုပြီး နာကျင်ရတယ်။
    .
    .
    #ယမွန်
    အချစ်ဆိုတာ ​ လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်​လေ .. ဒါ​ကြောင့်မို့ သူ​ရွေးချယ်မယ့်သူက ကိုယ်မဖြစ်နိုင်တာလဲ ဖြစ်နိုင်တယ်​လေ .. ​မျှော်လင့်တိုင်း ဖြစ်မလာတဲ့အခါ ပိုပြီး နာကျင်ရတယ်။ . . #ယမွန်
    Care
    1
    ¡ 0 Comments ¡0 Shares ¡33 Views
  • ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရေမြောင်းသန့်ရှင်းရေးလုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်စူမြို့နယ် ပါရချူလမ်းမကြီး ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်သည့် မြန်မာအလုပ်သမား ၂ ဦး မြေအောက်လှိုဏ်ဂူအတွင်း ဓာတ်လိုက် သေဆုံးသွားကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားကို အကူအညီပေးနေသည့် AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးလှခိုင်က ပြောကြားသည်။

    ယမန်နေ့ မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်အချိန် ဘန်ကောက်မြို့တွင် ရေမြောင်းသန့်ရှင်းရေး လုပ်နေစဉ်တွင် ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးသူများမှာ အသက် ၃၅ နှစ်အရွယ် ကိုလင်းနိုင်နှင့် အသက် ၃၀ အရွယ် ကိုမင်းလွင်ဝင်းတို့ ဖြစ်ကြကြောင်း သိရှိရသည်။

    “အဓိက မေးကြည့်လိုက်တဲ့အခါ တစ်ယောက်က MoU နဲ့လာတာ။ တစ်ယောက်က ထိုင်းမှာ ရောက်နေတာ ကြာပြီ။ အောက်ဆီဂျင်ပြတ်လပ်တဲ့ နေရာမှာ မီးရှော့ခ်လိုက်ပြီး သေသွားတာ။ လုံခြုံရေး အားနည်းတာပေါ့။ ထိုင်းဥပဒေအရ သေဆုံးရင် ပတ်စ်ပို့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နစ်နာကြေးလက်ခံမယ့် သူက မိသားစုဝင်ဖြစ်မယ်၊ အဖေအမေ၊ ဒါမှမဟုတ် သန်းခေါင်စာရင်းတူရင် ထိုင်းဥပဒေအရ လျှော်ကြေး ဘတ် ၇ သိန်း ၈ သောင်းပေးရမယ်လို့ ကြေညာထားတယ်။ သေချာတာက နစ်နာကြေး ပေးကို ပေးရမယ်” ဟု AAC မဟာမိတ်အဖွဲ့ ဒါရိုက် တာ ဦးလှခိုင်က ပြောပြသည်။

    ယနေ့တွင်မူ သေဆုံးသူများ၏ ရုပ်အလောင်းသွားရောက်ထုတ်ယူရန် စီစဉ်နေပြီး နစ်နာကြေးရရှိရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အကယ်၍ နစ်နာကြေးပေးရန် အလုပ်ရှင်က နှောင့်နှေးကြန့်ကြာနေပါက ထိုင်းဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် မတ်လ ၁၅ ရက်နေ့ကလည်း ဘန်ကောက်မြို့ ဖလန်စောင် အဝေးပြေးလမ်းပြိုကျမှုကြောင့် မြန်မာ ၄ ဦးနှင့် ထိုင်း နိုင်ငံသား ၂ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် ထိုင်းနိုင်ငံသား ၂ ဦး သေဆုံး မှုအတွက် သက်ဆိုင်ရာ ကုမ္ပဏီက လျှော်ကြေးပေးခဲ့သော်လည်း လက်ရှိ အချိန်အထိ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးမှုအတွက် လျှော်ကြေး မရရှိသေးကြောင်း၊ နစ်နာကြေးရရှိရေးအတွက် မိသားစုဝင်များနှင့်အတူ လိုက်လံ ကူညီစောင်ရွက်ပေးနေကြောင်း AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးလှခိုင်က ပြောကြားသည်။
    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရေမြောင်းသန့်ရှင်းရေးလုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်စူမြို့နယ် ပါရချူလမ်းမကြီး ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်သည့် မြန်မာအလုပ်သမား ၂ ဦး မြေအောက်လှိုဏ်ဂူအတွင်း ဓာတ်လိုက် သေဆုံးသွားကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားကို အကူအညီပေးနေသည့် AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးလှခိုင်က ပြောကြားသည်။ ယမန်နေ့ မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်အချိန် ဘန်ကောက်မြို့တွင် ရေမြောင်းသန့်ရှင်းရေး လုပ်နေစဉ်တွင် ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးသူများမှာ အသက် ၃၅ နှစ်အရွယ် ကိုလင်းနိုင်နှင့် အသက် ၃၀ အရွယ် ကိုမင်းလွင်ဝင်းတို့ ဖြစ်ကြကြောင်း သိရှိရသည်။ “အဓိက မေးကြည့်လိုက်တဲ့အခါ တစ်ယောက်က MoU နဲ့လာတာ။ တစ်ယောက်က ထိုင်းမှာ ရောက်နေတာ ကြာပြီ။ အောက်ဆီဂျင်ပြတ်လပ်တဲ့ နေရာမှာ မီးရှော့ခ်လိုက်ပြီး သေသွားတာ။ လုံခြုံရေး အားနည်းတာပေါ့။ ထိုင်းဥပဒေအရ သေဆုံးရင် ပတ်စ်ပို့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နစ်နာကြေးလက်ခံမယ့် သူက မိသားစုဝင်ဖြစ်မယ်၊ အဖေအမေ၊ ဒါမှမဟုတ် သန်းခေါင်စာရင်းတူရင် ထိုင်းဥပဒေအရ လျှော်ကြေး ဘတ် ၇ သိန်း ၈ သောင်းပေးရမယ်လို့ ကြေညာထားတယ်။ သေချာတာက နစ်နာကြေး ပေးကို ပေးရမယ်” ဟု AAC မဟာမိတ်အဖွဲ့ ဒါရိုက် တာ ဦးလှခိုင်က ပြောပြသည်။ ယနေ့တွင်မူ သေဆုံးသူများ၏ ရုပ်အလောင်းသွားရောက်ထုတ်ယူရန် စီစဉ်နေပြီး နစ်နာကြေးရရှိရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အကယ်၍ နစ်နာကြေးပေးရန် အလုပ်ရှင်က နှောင့်နှေးကြန့်ကြာနေပါက ထိုင်းဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် မတ်လ ၁၅ ရက်နေ့ကလည်း ဘန်ကောက်မြို့ ဖလန်စောင် အဝေးပြေးလမ်းပြိုကျမှုကြောင့် မြန်မာ ၄ ဦးနှင့် ထိုင်း နိုင်ငံသား ၂ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် ထိုင်းနိုင်ငံသား ၂ ဦး သေဆုံး မှုအတွက် သက်ဆိုင်ရာ ကုမ္ပဏီက လျှော်ကြေးပေးခဲ့သော်လည်း လက်ရှိ အချိန်အထိ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးမှုအတွက် လျှော်ကြေး မရရှိသေးကြောင်း၊ နစ်နာကြေးရရှိရေးအတွက် မိသားစုဝင်များနှင့်အတူ လိုက်လံ ကူညီစောင်ရွက်ပေးနေကြောင်း AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးလှခိုင်က ပြောကြားသည်။
    0 Comments ¡0 Shares ¡54 Views
  • ပြန်လည်နိုးထလာသော
    စစ်ကိုင်းပြတ်ရွေ့ကြော" အကြောင်း

    စစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။

    ၎င်းသည် ဆွန်းဒါး(ဆွန်ဒါ) ကျောက်ထုလွှာနှင့် အိန္ဒိယကျောက်ထုလွှာအကြားတွင် ဖြစ်ပေါ်တည်ရှိနေသည့် ပြတ်ရွေ့ကြောဖြစ်သည်။ ၎င်းသည် မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနှင့် ပဲခူးတို့ကို ဖြတ်သန်းလျှက် တည်ရှိကာ အရှည်အားဖြင့် ၁၂၀၀ ကီလိုမီတာ ရှိ၏ ။

    စစ်ကိုင်းပြတ်ရွေ့ကြောသည် ကပ္ပလီကမ်းလွန်မှ စတင်ခဲ့ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအထိ ဖြစ်သည်။

    ဤပြတ်ရွေ့ကြောသည် အရှေ့ဘက်ကပ်လျက်ရှိသော ရှမ်းပြတ်ရွေ့ငယ်နှင့် နှိုင်းစာသော် ၎င်း၏အလျှားတစ်လျှောက်တွင် မြေမျက်နှာသွင်ပြင်အရ တောင်ကုန်း/တောင်တန်း ထူထပ်မှုနည်းသည်။

    အိန္ဒိယ-ဆွန်းဒါး ကျောက်ချပ်လွှာကြီးနှစ်ခု၏ အကြားရှိ စုစုပေါင်းရွေ့လျားနှုန်းသည် တစ်နှစ်လျှင် ၃၅ မီလီမီတာ ဖြစ်သည်။ ထိုအထဲမှ ၁၈ မီလီမီတာသည် ဂြိုဟ်တုမှ ရရှိသည့်အချက်အလက်များအရ စစ်ကိုင်းပြတ်ရွေ့ကြောတွင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

    ရေးသားသူအများစုက ပြတ်ရွေ့ကြော၏ အရွေ့သည် ၃၆၀ ကီလိုမီတာမှ ၄၀၀ ကီလိုမီတာအကြား ရှိသည်ဟု ခန့်မှန်းကြသော်လည်း အများဆုံးအရွေ့သည် ၁၀၀ ကီလိုမီတာခန့် ရှိသည်။

    ၂၀ ရာစုအစောပိုင်းတွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ အလျားတစ်ဝက်ကျော်သည် ငလျင်များ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများတွင် ပါဝင်ခဲ့သည်။

    #ဖြစ်ရပ်များ
    သမိုင်းမှတ်တမ်းများကို ပြန်ကြည့်ပါက စစ်ကိုင်းပြတ်ရွေ့ကြော၏ မြောက်ဘက်ဆုံးအပိုင်းတွင် ၁၉၀၆ နှင့် ၁၉၀၈ ခုနှစ်များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များသည် အဓိကငလျင်များ ဖြစ်ခဲ့ကြသည်။

    ၁၉၀၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ပူတာအိုငလျင် လှုပ်ခတ်ခဲ့ကာ ပြင်းအား ၇.၀ ရှိသည်။

    ၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် Mw 7.5 ရှိသည်။ ၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် တောင်ဘက်အပိုင်းတွင်ပါ လှုပ်ခတ်မှုကို ခံစားခဲ့ကြရသည်။ ၎င်းနေရာတွင် ၁၉၃၁ ခုနှစ်ငလျင် လှုပ်ခတ်ခဲ့သည့် နေရာပင် ဖြစ်ခဲ့သည်။ ထိုနည်းတူစွာပင် ၁၉၄၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့်င ငလျင်ကြောင့် ၁၉၃၁ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် နေရာများကို ထိခိုက်ခဲ့သည်။

    ပထမဆုံး အဓိကလှုပ်ခါမှုသည် ၁၉၄၆ ခုနှစ်တွင် နှစ်ကြိမ်ဆက်လှုပ်ရှားမှု ဖြစ်ပွားခဲ့ကာ နောက်ထပ် အဓိကလှုပ်ခတ်မှုသည် ပြတ်ရွေ့ကြော၏ တင်းအားအခြေအနေကြောင့် ဖြစ်ခဲ့ရသည်။ ၁၀ နှစ်ကြာမြင့်ပြီးနောက်တွင် မန္တလေးမြို့အနီးတွင် Mw 7.1 ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူအနည်းဆုံး ၄၀ ဦး သေဆုံးခဲ့သည်။ ငလျင်ကြောင့် ၁၉၄၆ ခုနှစ်တွင် ပျက်စီးခဲ့သည့် တောင်ဘက်ပိုင်းကို ကျိုးပျက်ထိခိုက်စေခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ၁၉၄၆ Mw 7.0 ငလျင်နှစ်ခုအကြား ဖြစ်ပေါ်လာခဲ့သည့် ငလျင်အသေးစားတစ်ခုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။ ၁၉၃၀ ခုနှစ် မေလနှင့် ဒီဇင်ဘာလတွင် ပြတ်ရွေ့ကြော၏ လှုပ်ရှားမှုများကြောင့် ငလျင်များ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းငလျင်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိဘဲ မြောက်ပိုင်းတွင် သီးခြားဖြစ်ပေါ်ခဲ့သည့် ငလျင်များဖြစ်သည်။ ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ ငလျင်သည် မေလတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်၏ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

    (ဝီကီပီးဒီးယားမှကူးယူဖော်ပြပါသည်။)

    ------------------------------------

    မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံး ငလျင်များနှင့် အနာဂတ် အန္တရာယ်များ

    မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့ကြော (Sagaing Fault) နှင့် အခြား ပြတ်ရွေ့ကြောများ တွင် တည်ရှိသဖြင့် ငလျင်ကြီးများ ဖြစ်နိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယနေ့ (၂၀၂၅ မတ်လ ၂၈) 7.7 ရစ်ချာစကေး ငလျင် ဖြစ်ပွားခဲ့ခြင်းဖြင့် မြန်မာသမိုင်းတွင် အပြင်းထန်ဆုံး ငလျင်အဖြစ် မှတ်တမ်းတင်နိုင် သည်။

    ---

    1. ယနေ့ 7.7 ငလျင် မြန်မာ့ မှတ်တမ်းတင် အပြင်းထန်ဆုံး!

    ရက်စွဲ: ၂၀၂၅ မတ်လ ၂၈

    နေရာ: စစ်ကိုင်းပြတ်ရွေ့ကြောအနီး

    စကေး: 7.7

    သက်ရောက်မှု: မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အဆောက်အဦများပြိုလဲနိုင်ခြေရှိ

    ပြတ်ရွေ့ကြောကြီး တစ်ခုတည်းပဲလှုပ်ခါနေလား၊ ဒုတိယမြောက်ဖြစ်နိုင်သေးလား?
    ဆူနာမီ ဖြစ်နိုင်သေးလား?
    ဘယ်ဒေသတွေ ထိခိုက်နိုင်သေးလဲ?

    ---

    2. ယခင်သမိုင်းထဲမှ အပြင်းထန်ဆုံး ငလျင်များ

    (၁) ၁၉၃၀ ပျင်လင် ငလျင် (7.3) ရန်ကုန်ထိခိုက်ခဲ့သော ငလျင်

    ရက်စွဲ: ၁၉၃၀ မတ်လ ၅

    နေရာ: ပျင်လင် (Bago)၊ ရန်ကုန်အနီး

    စကေး: 7.3

    သေဆုံးသူ: ~၅၀၀

    သက်ရောက်မှု: ရန်ကုန်မြို့တွင် အဆောက်အဦများ ပြိုကျ

    (၂) ၂၀၁၁ တချိုင့် ငလျင် (6.9) ထိုင်းထိခိုက်ခဲ့သော ငလျင်

    ရက်စွဲ: ၂၀၁၁ မတ်လ ၂၄

    နေရာ: ရှမ်းပြည်နယ်၊ တချိုင့် (Tachileik)

    စကေး: 6.9

    သေဆုံးသူ: ~၁၅၀

    သက်ရောက်မှု: ထိုင်းနှင့် လာအိုပါ ထိခိုက်

    (၃) ၂၀၁၆ ချောက် ငလျင် (6. ပုဂံဘုရားများ ထိခိုက်မှု

    ရက်စွဲ: ၂၀၁၆ သြဂုတ်လ ၂၄

    နေရာ: မကွေးတိုင်း၊ ချောက်

    စကေး: 6.8

    သေဆုံးသူ: ၄

    သက်ရောက်မှု: ပုဂံဘုရားများ ပျက်စီးမှုများ

    ---

    3. နောက်ထပ် ငလျင်များ ဖြစ်လာနိုင်ခြေ

    "Aftershock" (နောက်ဆက်တွဲငလျင်) မဖြစ်နိုင်ဘူးလား?
    7.7 ရှိသော ငလျင်ကြီးများဖြစ်ပြီးနောက် နောက်ဆက်တွဲငလျင်များ (Aftershocks) ဖြစ်နိုင်ခြေ အလွန်မြင့်မား သည်။

    ၇.၀ - ၇. တန်ဖိုးရှိသော နောက်ထပ်ငလျင် ဖြစ်နိုင်သည်။

    တစ်လအတွင်း လျှော့နည်းသွားနိုင်သော်လည်း မတည်ငြိမ်သေးနိုင်။

    ဆူနာမီ ဖြစ်နိုင်ခြေ ရှိသေးလား?
    မြန်မာ့ပြတ်ရွေ့ကြောများသည် ခြောက်သွေ့သောမြေပြန့်ဒေသများတွင်များသည်။ သို့သော်

    အင်ဒိုနီးရှား၊ ဘင်္ဂလားပင်လယ်အော်အနီး တွင် လှုပ်မယ်ဆိုရင် ဆူနာမီဖြစ်နိုင်။

    ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ငလျင် (9.1-9.3) က မြန်မာကမ်းခြေအထိ ဆူနာမီဖြစ်ခဲ့သည်။

    အနာဂတ်တွင် ၈.၀ + ငလျင် ဖြစ်နိုင်သေးလား?
    သုတေသနများအရ မြန်မာနိုင်ငံသည် ၈.၀ + ရှိသော ငလျင် ကြုံနိုင်သည့် ဒေသတစ်ခုဖြစ်သည်။

    စစ်ကိုင်းပြတ်ရွေ့ကြောသည် ၁၅၀ နှစ်မှ ၂၀၀ နှစ်တိုင်း တစ်ကြိမ် တည်ငြိမ်မှု ချိုးဖောက်နိုင်သည်။

    နောက် ၁၀ - ၂၀ နှစ်အတွင်း ၈.၀+ ရှိနိုင်ခြေရှိသည်။

    ---

    4. အနာဂတ်တွင် ဘာလုပ်သင့်လဲ?

    ငလျင်အတွက် အရေးပေါ် ပြင်ဆင်မှု

    လျှပ်စစ်မီးပိတ်ထားရန်

    ရေသန့်၊ ဆေးဝါးများ ကြိုတင်ထားရန်

    ဘေးလွတ်ရာသို့ ထွက်ပြေးရန် လမ်းကြောင်းသိထားရန်

    အဆောက်အဦများ ပြုပြင်မွမ်းမံရန်

    ငလျင်ခံနိုင်ရည်ရှိသော အဆောက်အဦများ တည်ဆောက်ရန်

    ပြိုကျနိုင်သော ပစ္စည်းများ ခိုင်ခံ့စွာ တပ်ဆင်ရန်

    ငလျင်သတင်းများ သေချာစောင့်ကြည့်ရန်

    အသိပညာရရှိရန်

    နောက်ထပ် အန္တရာယ်များကို ကြိုတင်လေ့လာရန်

    ---

    "7.7 ရှိတဲ့ ငလျင်က မြန်မာ့မှတ်တမ်းတင်အပြင်းထန်ဆုံး ဖြစ်လာပြီ! နောက်ထပ် ဖြစ်နိုင်မယ့် အန္တရာယ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။"**
    ငလျင်ဘေးကင်းကြပါစေ

    Crd to Original Writer
    ပြန်လည်နိုးထလာသော စစ်ကိုင်းပြတ်ရွေ့ကြော" အကြောင်း စစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။ ၎င်းသည် ဆွန်းဒါး(ဆွန်ဒါ) ကျောက်ထုလွှာနှင့် အိန္ဒိယကျောက်ထုလွှာအကြားတွင် ဖြစ်ပေါ်တည်ရှိနေသည့် ပြတ်ရွေ့ကြောဖြစ်သည်။ ၎င်းသည် မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနှင့် ပဲခူးတို့ကို ဖြတ်သန်းလျှက် တည်ရှိကာ အရှည်အားဖြင့် ၁၂၀၀ ကီလိုမီတာ ရှိ၏ ။ စစ်ကိုင်းပြတ်ရွေ့ကြောသည် ကပ္ပလီကမ်းလွန်မှ စတင်ခဲ့ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအထိ ဖြစ်သည်။ ဤပြတ်ရွေ့ကြောသည် အရှေ့ဘက်ကပ်လျက်ရှိသော ရှမ်းပြတ်ရွေ့ငယ်နှင့် နှိုင်းစာသော် ၎င်း၏အလျှားတစ်လျှောက်တွင် မြေမျက်နှာသွင်ပြင်အရ တောင်ကုန်း/တောင်တန်း ထူထပ်မှုနည်းသည်။ အိန္ဒိယ-ဆွန်းဒါး ကျောက်ချပ်လွှာကြီးနှစ်ခု၏ အကြားရှိ စုစုပေါင်းရွေ့လျားနှုန်းသည် တစ်နှစ်လျှင် ၃၅ မီလီမီတာ ဖြစ်သည်။ ထိုအထဲမှ ၁၈ မီလီမီတာသည် ဂြိုဟ်တုမှ ရရှိသည့်အချက်အလက်များအရ စစ်ကိုင်းပြတ်ရွေ့ကြောတွင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ ရေးသားသူအများစုက ပြတ်ရွေ့ကြော၏ အရွေ့သည် ၃၆၀ ကီလိုမီတာမှ ၄၀၀ ကီလိုမီတာအကြား ရှိသည်ဟု ခန့်မှန်းကြသော်လည်း အများဆုံးအရွေ့သည် ၁၀၀ ကီလိုမီတာခန့် ရှိသည်။ ၂၀ ရာစုအစောပိုင်းတွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ အလျားတစ်ဝက်ကျော်သည် ငလျင်များ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများတွင် ပါဝင်ခဲ့သည်။ #ဖြစ်ရပ်များ သမိုင်းမှတ်တမ်းများကို ပြန်ကြည့်ပါက စစ်ကိုင်းပြတ်ရွေ့ကြော၏ မြောက်ဘက်ဆုံးအပိုင်းတွင် ၁၉၀၆ နှင့် ၁၉၀၈ ခုနှစ်များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များသည် အဓိကငလျင်များ ဖြစ်ခဲ့ကြသည်။ ၁၉၀၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ပူတာအိုငလျင် လှုပ်ခတ်ခဲ့ကာ ပြင်းအား ၇.၀ ရှိသည်။ ၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် Mw 7.5 ရှိသည်။ ၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် တောင်ဘက်အပိုင်းတွင်ပါ လှုပ်ခတ်မှုကို ခံစားခဲ့ကြရသည်။ ၎င်းနေရာတွင် ၁၉၃၁ ခုနှစ်ငလျင် လှုပ်ခတ်ခဲ့သည့် နေရာပင် ဖြစ်ခဲ့သည်။ ထိုနည်းတူစွာပင် ၁၉၄၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့်င ငလျင်ကြောင့် ၁၉၃၁ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် နေရာများကို ထိခိုက်ခဲ့သည်။ ပထမဆုံး အဓိကလှုပ်ခါမှုသည် ၁၉၄၆ ခုနှစ်တွင် နှစ်ကြိမ်ဆက်လှုပ်ရှားမှု ဖြစ်ပွားခဲ့ကာ နောက်ထပ် အဓိကလှုပ်ခတ်မှုသည် ပြတ်ရွေ့ကြော၏ တင်းအားအခြေအနေကြောင့် ဖြစ်ခဲ့ရသည်။ ၁၀ နှစ်ကြာမြင့်ပြီးနောက်တွင် မန္တလေးမြို့အနီးတွင် Mw 7.1 ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူအနည်းဆုံး ၄၀ ဦး သေဆုံးခဲ့သည်။ ငလျင်ကြောင့် ၁၉၄၆ ခုနှစ်တွင် ပျက်စီးခဲ့သည့် တောင်ဘက်ပိုင်းကို ကျိုးပျက်ထိခိုက်စေခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ၁၉၄၆ Mw 7.0 ငလျင်နှစ်ခုအကြား ဖြစ်ပေါ်လာခဲ့သည့် ငလျင်အသေးစားတစ်ခုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။ ၁၉၃၀ ခုနှစ် မေလနှင့် ဒီဇင်ဘာလတွင် ပြတ်ရွေ့ကြော၏ လှုပ်ရှားမှုများကြောင့် ငလျင်များ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းငလျင်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိဘဲ မြောက်ပိုင်းတွင် သီးခြားဖြစ်ပေါ်ခဲ့သည့် ငလျင်များဖြစ်သည်။ ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ ငလျင်သည် မေလတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်၏ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ (ဝီကီပီးဒီးယားမှကူးယူဖော်ပြပါသည်။) ------------------------------------ မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံး ငလျင်များနှင့် အနာဂတ် အန္တရာယ်များ မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့ကြော (Sagaing Fault) နှင့် အခြား ပြတ်ရွေ့ကြောများ တွင် တည်ရှိသဖြင့် ငလျင်ကြီးများ ဖြစ်နိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယနေ့ (၂၀၂၅ မတ်လ ၂၈) 7.7 ရစ်ချာစကေး ငလျင် ဖြစ်ပွားခဲ့ခြင်းဖြင့် မြန်မာသမိုင်းတွင် အပြင်းထန်ဆုံး ငလျင်အဖြစ် မှတ်တမ်းတင်နိုင် သည်။ --- 1. ယနေ့ 7.7 ငလျင် မြန်မာ့ မှတ်တမ်းတင် အပြင်းထန်ဆုံး! ရက်စွဲ: ၂၀၂၅ မတ်လ ၂၈ နေရာ: စစ်ကိုင်းပြတ်ရွေ့ကြောအနီး စကေး: 7.7 သက်ရောက်မှု: မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အဆောက်အဦများပြိုလဲနိုင်ခြေရှိ ပြတ်ရွေ့ကြောကြီး တစ်ခုတည်းပဲလှုပ်ခါနေလား၊ ဒုတိယမြောက်ဖြစ်နိုင်သေးလား? ဆူနာမီ ဖြစ်နိုင်သေးလား? ဘယ်ဒေသတွေ ထိခိုက်နိုင်သေးလဲ? --- 2. ယခင်သမိုင်းထဲမှ အပြင်းထန်ဆုံး ငလျင်များ (၁) ၁၉၃၀ ပျင်လင် ငလျင် (7.3) ရန်ကုန်ထိခိုက်ခဲ့သော ငလျင် ရက်စွဲ: ၁၉၃၀ မတ်လ ၅ နေရာ: ပျင်လင် (Bago)၊ ရန်ကုန်အနီး စကေး: 7.3 သေဆုံးသူ: ~၅၀၀ သက်ရောက်မှု: ရန်ကုန်မြို့တွင် အဆောက်အဦများ ပြိုကျ (၂) ၂၀၁၁ တချိုင့် ငလျင် (6.9) ထိုင်းထိခိုက်ခဲ့သော ငလျင် ရက်စွဲ: ၂၀၁၁ မတ်လ ၂၄ နေရာ: ရှမ်းပြည်နယ်၊ တချိုင့် (Tachileik) စကေး: 6.9 သေဆုံးသူ: ~၁၅၀ သက်ရောက်မှု: ထိုင်းနှင့် လာအိုပါ ထိခိုက် (၃) ၂၀၁၆ ချောက် ငလျင် (6.😎 ပုဂံဘုရားများ ထိခိုက်မှု ရက်စွဲ: ၂၀၁၆ သြဂုတ်လ ၂၄ နေရာ: မကွေးတိုင်း၊ ချောက် စကေး: 6.8 သေဆုံးသူ: ၄ သက်ရောက်မှု: ပုဂံဘုရားများ ပျက်စီးမှုများ --- 3. နောက်ထပ် ငလျင်များ ဖြစ်လာနိုင်ခြေ "Aftershock" (နောက်ဆက်တွဲငလျင်) မဖြစ်နိုင်ဘူးလား? 7.7 ရှိသော ငလျင်ကြီးများဖြစ်ပြီးနောက် နောက်ဆက်တွဲငလျင်များ (Aftershocks) ဖြစ်နိုင်ခြေ အလွန်မြင့်မား သည်။ ၇.၀ - ၇. တန်ဖိုးရှိသော နောက်ထပ်ငလျင် ဖြစ်နိုင်သည်။ တစ်လအတွင်း လျှော့နည်းသွားနိုင်သော်လည်း မတည်ငြိမ်သေးနိုင်။ ဆူနာမီ ဖြစ်နိုင်ခြေ ရှိသေးလား? မြန်မာ့ပြတ်ရွေ့ကြောများသည် ခြောက်သွေ့သောမြေပြန့်ဒေသများတွင်များသည်။ သို့သော် အင်ဒိုနီးရှား၊ ဘင်္ဂလားပင်လယ်အော်အနီး တွင် လှုပ်မယ်ဆိုရင် ဆူနာမီဖြစ်နိုင်။ ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ငလျင် (9.1-9.3) က မြန်မာကမ်းခြေအထိ ဆူနာမီဖြစ်ခဲ့သည်။ အနာဂတ်တွင် ၈.၀ + ငလျင် ဖြစ်နိုင်သေးလား? သုတေသနများအရ မြန်မာနိုင်ငံသည် ၈.၀ + ရှိသော ငလျင် ကြုံနိုင်သည့် ဒေသတစ်ခုဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့ကြောသည် ၁၅၀ နှစ်မှ ၂၀၀ နှစ်တိုင်း တစ်ကြိမ် တည်ငြိမ်မှု ချိုးဖောက်နိုင်သည်။ နောက် ၁၀ - ၂၀ နှစ်အတွင်း ၈.၀+ ရှိနိုင်ခြေရှိသည်။ --- 4. အနာဂတ်တွင် ဘာလုပ်သင့်လဲ? ငလျင်အတွက် အရေးပေါ် ပြင်ဆင်မှု လျှပ်စစ်မီးပိတ်ထားရန် ရေသန့်၊ ဆေးဝါးများ ကြိုတင်ထားရန် ဘေးလွတ်ရာသို့ ထွက်ပြေးရန် လမ်းကြောင်းသိထားရန် အဆောက်အဦများ ပြုပြင်မွမ်းမံရန် ငလျင်ခံနိုင်ရည်ရှိသော အဆောက်အဦများ တည်ဆောက်ရန် ပြိုကျနိုင်သော ပစ္စည်းများ ခိုင်ခံ့စွာ တပ်ဆင်ရန် ငလျင်သတင်းများ သေချာစောင့်ကြည့်ရန် အသိပညာရရှိရန် နောက်ထပ် အန္တရာယ်များကို ကြိုတင်လေ့လာရန် --- "7.7 ရှိတဲ့ ငလျင်က မြန်မာ့မှတ်တမ်းတင်အပြင်းထန်ဆုံး ဖြစ်လာပြီ! နောက်ထပ် ဖြစ်နိုင်မယ့် အန္တရာယ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။"** ငလျင်ဘေးကင်းကြပါစေ🙏🙏🙏 Crd to Original Writer
    0 Comments ¡0 Shares ¡121 Views

    0 Comments ¡0 Shares ¡122 Views
  • ကသည်း Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အုပ်ချူပ်ရေးမှူးထံ လက်နက် ၃၀၀ကျော်ပြန်လည် အပ်နှံ

    ဖေဖော်ဝါရီ ၂၈ရက် ၂၀၂၅

    အိန္ဒိယ၊ မဏိပူရပြည်နယ်မှာ ကသည်းအကြမ်းဖက်သောင်းကြမ်းသူ Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အစိုးရ အုပ်ချူပ်ရေးမှူးထံ ၂၀၂၅၊ ဖေဖော်ဝါရီလ ၂၇ရက်နေ့က လက်နက်၊ ခဲယမ်းများ ၃၀၀ကျော်ကို ပြန်လည်အပ်နှံခဲ့တယ်လို့ မဏိပူရ သတင်းများတွင်ဖော်ပြထားပါတယ်။

    မဏိပူရမှာ ၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့ကစတင်ခဲ့တဲ့ လူမျိုးရေးကပဋိပက္ခကာလအတွင်း ကသည်းလူထုနဲ့ Arambai Tengol သောင်းကြမ်းသူများက ပြည်နယ်ရဲဌာန အချို့နဲ့ အစိုးရလက်နက်သိုက်များကို အင်အားသုံးစီးနင်းဝင်ရောက်ခဲ့ပြီး လက်နက် ၆‌ထောင် ကျော်နဲ့ ခဲယမ်း ၅သိန်းကျော် လုယူခဲ့ကြတာဖြစ်ပါတယ်။

    မဏိပူရမှာ ဖေဖော်ဝါရီလ ၁၃ရက်နေ့က သမ္မတတိုက်ရိုက်ချုပ်ကိုင် စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၁ရက်နေ့က ပြည်နယ်အုပ်ချုပ်ရေးမှူး အရေးကူမားဗာလားမှ ပြည်နယ်အတွင်း တရားမဝင် လက်နက်ကိုင်များအနေနဲ့ ၇ရက်အတွင်း မိမိတို့ကိုင်ဆောင်ထားတဲ့ လက်နက်များကို အစိုးရထံအသိတရားရှိရှိ ပြန်လည်အပ်နှံကြဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    ဒါ့ကြောင့် ကသည်းသောင်းကြမ်းသူ Arambai Tengol အကြီးအကဲများက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံပြီး အခုလို လက်နက်ပြန်အပ်ဖို့ သဘောတူခဲ့ပြီး ၄င်းတို့ သိမ်းယူထားတဲ့ လက်နက် ၆ထောင်ထဲက မပြောစလောက် လက်နက်အချို့နဲ့ တစ်လုံးခါးချိုးအများအပြားအပါဝင် လက်နက် ၃၀၇လက်ကို ပြန်လည်အပ်နံခဲ့တာလို့ ကူကီး-ဇို အရပ်ဖက်အဖွဲ့အစည်းများကပြောဆိုနေကြ ပါတယ်။

    အခုလို ပြည်နယ်အုပ်ချူပ်ရေးမှူးက ၇ရက်အတွင်း လက်နက်ပြန်လည်အပ်နှံဖို့ ထုတ်ပြန်ထားတာကြောင့် ကူကီ-ဇို လက်နက်ကိုင်များကလည်း လက်နက်အချို့ ပြန်လည်အပ်နှံပြီးဖြစ်တယ်လို့ သတင်းများတွင် ဖော်ပြထားပါတယ်။

    တစ်ဘက်မှာလည်း ပြည်နယ်အုပ်ချူပ်ရေးမှူးအရေးကူမားဗာလားမှ မဏိပူရ်ပြည်နယ်အတွင်းက တရားမဝင်လက်နက်ကိုင်များအနေနဲ့ ၎င်းတို့ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းများကို အစိုးရထံပြန်လည်အပ်နှံဖို့ ဖေဖော်ဝါရီလ ၂၈ရက်‌ယနေ့မှ မတ်လ ၆ရက်နေ့နောက်ဆုံးထား အပ်နှံကြဖို့ အချိန်ထပ်မံ‌ရွှေ့ဆိုင်းထားပြီး သတ်မှတ်ရက်တွင်းပြန်လည်အပ်နှံခြင်းမရှိပါက အင်အားသုံးသိမ်းယူသွားမှာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

    မဏိပူရပြည်နယ်မှာ ၂၀၂၃ခုနှစ် မေလကစတင်ခဲ့တဲ့ ကူကီး-ဇိုနဲ့ ကသည်းအင်အားစုများကြား လူမျိုးရေးပဋိက္ခကနေ လက်နက်ကိုင်တိုက်ပွဲထိ ဖြစ်ပွားခဲ့တာ ၂၂လကြာသည်ထိတိုင် နှစ်ဖက်တင်းမာမှုရှိနေဆဲဖြစ်ပါတယ်။

    သတင်း-PR
    ကသည်း Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အုပ်ချူပ်ရေးမှူးထံ လက်နက် ၃၀၀ကျော်ပြန်လည် အပ်နှံ 👇👇👇👇👇👇👇👇👇👇👇👇👇👇 ဖေဖော်ဝါရီ ၂၈ရက် ၂၀၂၅ အိန္ဒိယ၊ မဏိပူရပြည်နယ်မှာ ကသည်းအကြမ်းဖက်သောင်းကြမ်းသူ Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အစိုးရ အုပ်ချူပ်ရေးမှူးထံ ၂၀၂၅၊ ဖေဖော်ဝါရီလ ၂၇ရက်နေ့က လက်နက်၊ ခဲယမ်းများ ၃၀၀ကျော်ကို ပြန်လည်အပ်နှံခဲ့တယ်လို့ မဏိပူရ သတင်းများတွင်ဖော်ပြထားပါတယ်။ မဏိပူရမှာ ၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့ကစတင်ခဲ့တဲ့ လူမျိုးရေးကပဋိပက္ခကာလအတွင်း ကသည်းလူထုနဲ့ Arambai Tengol သောင်းကြမ်းသူများက ပြည်နယ်ရဲဌာန အချို့နဲ့ အစိုးရလက်နက်သိုက်များကို အင်အားသုံးစီးနင်းဝင်ရောက်ခဲ့ပြီး လက်နက် ၆‌ထောင် ကျော်နဲ့ ခဲယမ်း ၅သိန်းကျော် လုယူခဲ့ကြတာဖြစ်ပါတယ်။ မဏိပူရမှာ ဖေဖော်ဝါရီလ ၁၃ရက်နေ့က သမ္မတတိုက်ရိုက်ချုပ်ကိုင် စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၁ရက်နေ့က ပြည်နယ်အုပ်ချုပ်ရေးမှူး အရေးကူမားဗာလားမှ ပြည်နယ်အတွင်း တရားမဝင် လက်နက်ကိုင်များအနေနဲ့ ၇ရက်အတွင်း မိမိတို့ကိုင်ဆောင်ထားတဲ့ လက်နက်များကို အစိုးရထံအသိတရားရှိရှိ ပြန်လည်အပ်နှံကြဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကသည်းသောင်းကြမ်းသူ Arambai Tengol အကြီးအကဲများက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံပြီး အခုလို လက်နက်ပြန်အပ်ဖို့ သဘောတူခဲ့ပြီး ၄င်းတို့ သိမ်းယူထားတဲ့ လက်နက် ၆ထောင်ထဲက မပြောစလောက် လက်နက်အချို့နဲ့ တစ်လုံးခါးချိုးအများအပြားအပါဝင် လက်နက် ၃၀၇လက်ကို ပြန်လည်အပ်နံခဲ့တာလို့ ကူကီး-ဇို အရပ်ဖက်အဖွဲ့အစည်းများကပြောဆိုနေကြ ပါတယ်။ အခုလို ပြည်နယ်အုပ်ချူပ်ရေးမှူးက ၇ရက်အတွင်း လက်နက်ပြန်လည်အပ်နှံဖို့ ထုတ်ပြန်ထားတာကြောင့် ကူကီ-ဇို လက်နက်ကိုင်များကလည်း လက်နက်အချို့ ပြန်လည်အပ်နှံပြီးဖြစ်တယ်လို့ သတင်းများတွင် ဖော်ပြထားပါတယ်။ တစ်ဘက်မှာလည်း ပြည်နယ်အုပ်ချူပ်ရေးမှူးအရေးကူမားဗာလားမှ မဏိပူရ်ပြည်နယ်အတွင်းက တရားမဝင်လက်နက်ကိုင်များအနေနဲ့ ၎င်းတို့ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းများကို အစိုးရထံပြန်လည်အပ်နှံဖို့ ဖေဖော်ဝါရီလ ၂၈ရက်‌ယနေ့မှ မတ်လ ၆ရက်နေ့နောက်ဆုံးထား အပ်နှံကြဖို့ အချိန်ထပ်မံ‌ရွှေ့ဆိုင်းထားပြီး သတ်မှတ်ရက်တွင်းပြန်လည်အပ်နှံခြင်းမရှိပါက အင်အားသုံးသိမ်းယူသွားမှာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။ မဏိပူရပြည်နယ်မှာ ၂၀၂၃ခုနှစ် မေလကစတင်ခဲ့တဲ့ ကူကီး-ဇိုနဲ့ ကသည်းအင်အားစုများကြား လူမျိုးရေးပဋိက္ခကနေ လက်နက်ကိုင်တိုက်ပွဲထိ ဖြစ်ပွားခဲ့တာ ၂၂လကြာသည်ထိတိုင် နှစ်ဖက်တင်းမာမှုရှိနေဆဲဖြစ်ပါတယ်။ သတင်း-PR
    0 Comments ¡0 Shares ¡163 Views
  • ဟောင်ကောင် ကိုယ်ခံပညာကြယ်ပွင့် Norman Chui ကွယ်လွန်၊ သူ့ဇနီးသည်ကလည်း သူ့ဈာပနကို စီစဥ်နေစဥ်မှာ ထပ်မံသေဆုံး
    ===
    1980 ခုနှစ်များရဲ့ ဟောင်ကောင် ကိုယ်ခံပညာကြယ်ပွင့် Norman Chui Siu Keung သည် စက်တင်ဘာ ၁ ရက်က ဘေဂျင်းတွင် အစာမျိုပြွန်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည်။

    အဆိုပါသတင်းကို ဟောင်ကောင်ရုပ်ရှင်အလုပ်သမားများအစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူနှင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ Tin Kai Man မှ အတည်ပြုပြောကြားခဲ့ပြီး မီဒီယာများမှ စုံစမ်းမေးမြန်းပြီးနောက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါသည်။

    Chui ၏ရုတ်တရက်သေဆုံးမှုကြောင့် ပရိသတ်များနှင့် လုပ်ဖော်ကိုင်ဖက်များအား ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

    သို့သော် ပိုတုန်လှုပ်စရာကောင်းသည်မှာ Chui ကွယ်လွန်ပြီး ရက်အနည်းငယ်အကြာတွင် ၎င်း၏ဇနီးသည် ၎င်း၏အသုဘအခမ်းအနားကျင်းပစဉ် နှလုံးရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

    သူမထက် အသက် 30 ငယ်တဲ့ တရုတ်အကသမားကလွဲရင် သူမအကြောင်း သိပ်မသိပါဘူး။ သူမသည် ဤတတိယမြောက်ဇနီးလည်းဖြစ်သည်။

    သူတို့လင်မယားမှာ သမီးတစ်ယောက်နဲ့ ၁၁ နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ ဒီနှစ်ကတော့ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် နှစ် (၂၀) ​​ပြည့်တော့မယ်။

    "[Norman] ကွယ်လွန်သွားပြီးနောက် သူ့ဇနီးသည်က အသုဘအစီအစဥ်ကို တာဝန်ယူခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတော့ မီးသဂြိုလ်တဲ့လုပ်ငန်းစဉ်ကို ရက်အနည်းငယ်အတွင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အသုဘကို ကိုင်တွယ်စဉ်မှာ သူမနေမကောင်းဖြစ်ပြီး ဆုံးပါးသွားခြင်းလည်း ဖြစ်နိုင်ပါတယ်။ အခု သူတို့သမီးလေး က အစီအမံတွေ လုပ်နေ တယ်” ဟု ဒေါ်တင်က ပြောသည်။

    Hengdian နှင့် Beijing ကြားတွင် သွားလာနေသော Chui သည် သူ့တွင် ကင်ဆာရှိကြောင်း မသိကြောင်း သူပြောပြသည်။

    “မျိုးဆက်ဟောင်းတွေက ကျန်းမာရေး စစ်ဆေးမှု ခံယူရတာကို မကြိုက်တဲ့အတွက် ရုတ်တရက် ဆုံးသွားတာ၊ သိပ်မကြာခင်ကပဲ Hengdian မှာ တွေ့တယ်။ သူငယ်ချင်းတစ်ယောက်က ဒီနှစ် ဇန်နဝါရီ လကုန်လောက်မှာ သူ့ကို ဆက်သွယ်ခဲ့ပြီး သူက ဘေဂျင်းမှာ နေကောင်းနေပုံရတယ်။ ” ဟု ဒေါ်တင်က ပြောသည်။

    "Hong Kong မှာ ဇာတ်ညွှန်းမတင်တဲ့ သရုပ်ဆောင်နှစ်ယောက်ရှိတယ်၊ တစ်ယောက်က Norman ဖြစ်ပြီး နောက်တစ်ယောက်က Ng Man Tat"

    ဝါရင့်သရုပ်ဆောင် နှစ်ဦးစလုံးသည် ၎င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်မှု၊ ရိုက်ကူးရေးမစမီ ၎င်းတို့၏ ဇာတ်ညွှန်းများကို သေချာပြင်ဆင်ကျက်မှတ်ထားသောကြောင့် လူသိများကြပြီး လုပ်ငန်းနယ်ပယ်အတွင်း လေးစားမှုများစွာရရှိခဲ့ကြသည်။

    Ng Man Tat သည် 2021 ခုနှစ်တွင် အသည်းကင်ဆာဖြင့် အသက် 70 တွင် ကွယ်လွန်ခဲ့သည်။
    Norman Chui သည် 1992 ခုနှစ် ကိုယ်ခံပညာဟာသ King Of Beggars တွင် ပါဝင်ခဲ့သည့်အတွက် လူသိများသည်။ (Photo: Sing Tao)

    Chui သည် 1970 နှင့် 1980 ခုနှစ်များတွင် ဟောင်ကောင်ရုပ်ရှင်လုပ်ငန်းတွင် ထူးထူးခြားခြား ကိုယ်ခံပညာပုံစံနှင့် ထူးခြားသောသရုပ်ဆောင်စွမ်းရည်ဖြင့် အထူးသဖြင့် Rediffusion ရုပ်မြင်သံကြားဇာတ်လမ်းတွဲများဖြစ်သည့် The Sword Of The Third Young Master (1977) နှင့် Reincarnated (1979) ကဲ့သို့သော တီဗီစီးရီးများတွင် အောင်မြင်ကျော်ကြားခဲ့သည်။ .

    Stephen Chow ၏ 1992 ခုနှစ်ထုတ် ကိုယ်ခံပညာဟာသ King Of Beggars တွင် ဗီလိန် Chiu Mo Kei အဖြစ် သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောကတွင် သူ၏အဆင့်အတန်းကို ပိုမိုခိုင်မာစေခဲ့သည်။

    မကြာသေးမီနှစ်များအတွင်း အွန်လိုင်းရုပ်ရှင်များထဲသို့ ကူးပြောင်းခဲ့ပြီး ဖျော်ဖြေရေးအဝန်းအဝိုင်းတွင် ဆက်လက်ပါဝင်ခဲ့သည်။

    Chui သည်လည်း ကြွယ်ဝသော အချစ်ရေးသမိုင်းကြောင်းရှိခဲ့သည်။

    သူသည် သုံးကြိမ်တိုင်တိုင် အိမ်ထောင်ကျခဲ့ရုံသာမက Chui သည် ဟောင်ကောင်မင်းသမီးဟောင်း Michelle Yim ၏ ညီမဖြစ်သူ Shirley Yim နှင့် ဆက်ဆံရေးကြောင့်လည်း လူသိများခဲ့ပြီး သားဖြစ်သူ Edward 41 နှစ် နှင့် 37 နှစ်အရွယ် သမီး Erica တို့လည်း ပါဝင်သည်။

    1983 ခုနှစ်တွင် ၎င်း၏ဒုတိယဇနီးဖြစ်သူနှင့်လက်ထပ်စဉ်တွင် Norman သည် သည်းထိတ်ရင်ဖိုစရာ Ghost Nursing ရိုက်ကူးနေစဉ် အသက် 17 နှစ်အရွယ် Shirley Yim နှင့် 7 နှစ်ကြာ ဆက်ဆံရေးစတင်ခဲ့သည်။

    သူတို့စုံတွဲသည် တစ်ခါမှ အိမ်ထောင်မပြုခဲ့ဘဲ Shirley Yim နှင့် Chui ၏ ဆက်ဆံရေးက သူမအား "သခင်မ" ဟု အမည်တပ်ခဲ့သည်။

    Michelle Yim သည် ၎င်းတို့၏ ဆက်ဆံရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး လမ်းခွဲပြီးနောက်တွင် Shirley သည် ယခုအခါ ဟောင်ကောင်တွင် သရုပ်ဆောင်များဖြစ်ကြသည့် ၎င်းတို့၏ ကလေးများကို တစ်ကိုယ်ရေတည်း ပြုစုပျိုးထောင်ခဲ့သလို ၎င်း၏ဖခင်နဲ့လည်း ဆက်ဆံရေးကောင်းခဲ့ကြသည်။

    Chui သည် ၎င်း၏ ပထမအိမ်ထောင်မှ အသက် 51 နှစ်အရွယ် သားတစ်ဦးလည်း ရှိသည်။

    CNA Lifestyle News မှ ကူယူဖေါ်ပြသည်။
    Credit: News source - https://cnalifestyle.channelnewsasia.com/entertainment/norman-chui-martial-arts-actor-and-wife-dead-407696
    ဟောင်ကောင် ကိုယ်ခံပညာကြယ်ပွင့် Norman Chui ကွယ်လွန်၊ သူ့ဇနီးသည်ကလည်း သူ့ဈာပနကို စီစဥ်နေစဥ်မှာ ထပ်မံသေဆုံး === 1980 ခုနှစ်များရဲ့ ဟောင်ကောင် ကိုယ်ခံပညာကြယ်ပွင့် Norman Chui Siu Keung သည် စက်တင်ဘာ ၁ ရက်က ဘေဂျင်းတွင် အစာမျိုပြွန်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည်။ အဆိုပါသတင်းကို ဟောင်ကောင်ရုပ်ရှင်အလုပ်သမားများအစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူနှင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ Tin Kai Man မှ အတည်ပြုပြောကြားခဲ့ပြီး မီဒီယာများမှ စုံစမ်းမေးမြန်းပြီးနောက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါသည်။ Chui ၏ရုတ်တရက်သေဆုံးမှုကြောင့် ပရိသတ်များနှင့် လုပ်ဖော်ကိုင်ဖက်များအား ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ သို့သော် ပိုတုန်လှုပ်စရာကောင်းသည်မှာ Chui ကွယ်လွန်ပြီး ရက်အနည်းငယ်အကြာတွင် ၎င်း၏ဇနီးသည် ၎င်း၏အသုဘအခမ်းအနားကျင်းပစဉ် နှလုံးရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်။ သူမထက် အသက် 30 ငယ်တဲ့ တရုတ်အကသမားကလွဲရင် သူမအကြောင်း သိပ်မသိပါဘူး။ သူမသည် ဤတတိယမြောက်ဇနီးလည်းဖြစ်သည်။ သူတို့လင်မယားမှာ သမီးတစ်ယောက်နဲ့ ၁၁ နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ ဒီနှစ်ကတော့ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် နှစ် (၂၀) ​​ပြည့်တော့မယ်။ "[Norman] ကွယ်လွန်သွားပြီးနောက် သူ့ဇနီးသည်က အသုဘအစီအစဥ်ကို တာဝန်ယူခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတော့ မီးသဂြိုလ်တဲ့လုပ်ငန်းစဉ်ကို ရက်အနည်းငယ်အတွင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အသုဘကို ကိုင်တွယ်စဉ်မှာ သူမနေမကောင်းဖြစ်ပြီး ဆုံးပါးသွားခြင်းလည်း ဖြစ်နိုင်ပါတယ်။ အခု သူတို့သမီးလေး က အစီအမံတွေ လုပ်နေ တယ်” ဟု ဒေါ်တင်က ပြောသည်။ Hengdian နှင့် Beijing ကြားတွင် သွားလာနေသော Chui သည် သူ့တွင် ကင်ဆာရှိကြောင်း မသိကြောင်း သူပြောပြသည်။ “မျိုးဆက်ဟောင်းတွေက ကျန်းမာရေး စစ်ဆေးမှု ခံယူရတာကို မကြိုက်တဲ့အတွက် ရုတ်တရက် ဆုံးသွားတာ၊ သိပ်မကြာခင်ကပဲ Hengdian မှာ တွေ့တယ်။ သူငယ်ချင်းတစ်ယောက်က ဒီနှစ် ဇန်နဝါရီ လကုန်လောက်မှာ သူ့ကို ဆက်သွယ်ခဲ့ပြီး သူက ဘေဂျင်းမှာ နေကောင်းနေပုံရတယ်။ ” ဟု ဒေါ်တင်က ပြောသည်။ "Hong Kong မှာ ဇာတ်ညွှန်းမတင်တဲ့ သရုပ်ဆောင်နှစ်ယောက်ရှိတယ်၊ တစ်ယောက်က Norman ဖြစ်ပြီး နောက်တစ်ယောက်က Ng Man Tat" ဝါရင့်သရုပ်ဆောင် နှစ်ဦးစလုံးသည် ၎င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်မှု၊ ရိုက်ကူးရေးမစမီ ၎င်းတို့၏ ဇာတ်ညွှန်းများကို သေချာပြင်ဆင်ကျက်မှတ်ထားသောကြောင့် လူသိများကြပြီး လုပ်ငန်းနယ်ပယ်အတွင်း လေးစားမှုများစွာရရှိခဲ့ကြသည်။ Ng Man Tat သည် 2021 ခုနှစ်တွင် အသည်းကင်ဆာဖြင့် အသက် 70 တွင် ကွယ်လွန်ခဲ့သည်။ Norman Chui သည် 1992 ခုနှစ် ကိုယ်ခံပညာဟာသ King Of Beggars တွင် ပါဝင်ခဲ့သည့်အတွက် လူသိများသည်။ (Photo: Sing Tao) Chui သည် 1970 နှင့် 1980 ခုနှစ်များတွင် ဟောင်ကောင်ရုပ်ရှင်လုပ်ငန်းတွင် ထူးထူးခြားခြား ကိုယ်ခံပညာပုံစံနှင့် ထူးခြားသောသရုပ်ဆောင်စွမ်းရည်ဖြင့် အထူးသဖြင့် Rediffusion ရုပ်မြင်သံကြားဇာတ်လမ်းတွဲများဖြစ်သည့် The Sword Of The Third Young Master (1977) နှင့် Reincarnated (1979) ကဲ့သို့သော တီဗီစီးရီးများတွင် အောင်မြင်ကျော်ကြားခဲ့သည်။ . Stephen Chow ၏ 1992 ခုနှစ်ထုတ် ကိုယ်ခံပညာဟာသ King Of Beggars တွင် ဗီလိန် Chiu Mo Kei အဖြစ် သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောကတွင် သူ၏အဆင့်အတန်းကို ပိုမိုခိုင်မာစေခဲ့သည်။ မကြာသေးမီနှစ်များအတွင်း အွန်လိုင်းရုပ်ရှင်များထဲသို့ ကူးပြောင်းခဲ့ပြီး ဖျော်ဖြေရေးအဝန်းအဝိုင်းတွင် ဆက်လက်ပါဝင်ခဲ့သည်။ Chui သည်လည်း ကြွယ်ဝသော အချစ်ရေးသမိုင်းကြောင်းရှိခဲ့သည်။ သူသည် သုံးကြိမ်တိုင်တိုင် အိမ်ထောင်ကျခဲ့ရုံသာမက Chui သည် ဟောင်ကောင်မင်းသမီးဟောင်း Michelle Yim ၏ ညီမဖြစ်သူ Shirley Yim နှင့် ဆက်ဆံရေးကြောင့်လည်း လူသိများခဲ့ပြီး သားဖြစ်သူ Edward 41 နှစ် နှင့် 37 နှစ်အရွယ် သမီး Erica တို့လည်း ပါဝင်သည်။ 1983 ခုနှစ်တွင် ၎င်း၏ဒုတိယဇနီးဖြစ်သူနှင့်လက်ထပ်စဉ်တွင် Norman သည် သည်းထိတ်ရင်ဖိုစရာ Ghost Nursing ရိုက်ကူးနေစဉ် အသက် 17 နှစ်အရွယ် Shirley Yim နှင့် 7 နှစ်ကြာ ဆက်ဆံရေးစတင်ခဲ့သည်။ သူတို့စုံတွဲသည် တစ်ခါမှ အိမ်ထောင်မပြုခဲ့ဘဲ Shirley Yim နှင့် Chui ၏ ဆက်ဆံရေးက သူမအား "သခင်မ" ဟု အမည်တပ်ခဲ့သည်။ Michelle Yim သည် ၎င်းတို့၏ ဆက်ဆံရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး လမ်းခွဲပြီးနောက်တွင် Shirley သည် ယခုအခါ ဟောင်ကောင်တွင် သရုပ်ဆောင်များဖြစ်ကြသည့် ၎င်းတို့၏ ကလေးများကို တစ်ကိုယ်ရေတည်း ပြုစုပျိုးထောင်ခဲ့သလို ၎င်း၏ဖခင်နဲ့လည်း ဆက်ဆံရေးကောင်းခဲ့ကြသည်။ Chui သည် ၎င်း၏ ပထမအိမ်ထောင်မှ အသက် 51 နှစ်အရွယ် သားတစ်ဦးလည်း ရှိသည်။ CNA Lifestyle News မှ ကူယူဖေါ်ပြသည်။ Credit: News source - https://cnalifestyle.channelnewsasia.com/entertainment/norman-chui-martial-arts-actor-and-wife-dead-407696
    0 Comments ¡0 Shares ¡906 Views