• အကြွေးကင်းတဲ့ ဘဝဖြစ်အောင် ကြိုးစားပါ
    -----------------------------------
    စိတ်ပင်ပန်းတာကို မခံချင်ရင်တော့
    ဘယ်သူ့ အပေါ်မှာမှ
    ဘာမျှော်လင့်ချက်မှ မထားပဲနဲ့
    အမှီအခိုကင်းပြီး
    တကိုယ်တည်း ရှင်သန်တောက်ပ နိုင်အောင်
    ကြိုးစားရပါမယ်။

    လူပင်ပန်းတာကို မခံချင်ရင်တော့
    ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို
    ဦးနှောက်ဉာဏ်ကို ပါးပါးလေး လွှာပြီး
    သုံးတတ်မှ ရမယ်။

    ဆင်းရဲတဲ့ဒဏ်ကို မခံချင်ရင်တော့
    ဝင်ငွေနဲ့ ထွက်ငွေကို
    အချိုးကျ မျှတစွာ သုံးစွဲ တတ်ဖို့နဲ့
    ဝင်ငွေကို ပိုနိုင်သမျှ ပိုပါစေ
    ထွက်ငွေကို တတ်နိုင်သမျှ လျှော့နိုင်ရမယ်။

    အသုံးနဲ့ အဖြုန်းကိုလည်း ခွဲခြားတတ်ရမယ်။
    အရမ်းကြီး မလိုအပ်ရင် မဝယ်ပါနဲ့။
    မိမိရဲ့ ပစ္စည်းတွေကိုလည်း စည်းနဲ့ကမ်းနဲ့
    ကိုင်တွယ်တတ်ရမယ် ဒါမှရေရှည် ခံမှာပါ။
    ဒါက ချွေတာခြင်းတစ်မျိုးပဲ။

    သူများအကြွေး မတင်အောင်
    နေတတ်ဖို့လည်း အရေးကြီးပါတယ်။
    အကြွေးကင်းတဲ့ ဘဝကို ပိုင်ဆိုင်နေရင်ပဲ
    အတော်လေးကို အဆင်ပြေနေပါပြီ။

    ကိုယ်ချင်းစာတရား ထားရှိခြင်းက
    ကိုယ့်အတွက်ရော တပါးသူအတွက်ပါ
    စိတ်နှလုံး ချမ်းမြေ့ခြင်းကို ရရှိစေမှာပါ.............။
    အကြွေးကင်းတဲ့ ဘဝဖြစ်အောင် ကြိုးစားပါ ----------------------------------- စိတ်ပင်ပန်းတာကို မခံချင်ရင်တော့ ဘယ်သူ့ အပေါ်မှာမှ ဘာမျှော်လင့်ချက်မှ မထားပဲနဲ့ အမှီအခိုကင်းပြီး တကိုယ်တည်း ရှင်သန်တောက်ပ နိုင်အောင် ကြိုးစားရပါမယ်။ လူပင်ပန်းတာကို မခံချင်ရင်တော့ ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို ဦးနှောက်ဉာဏ်ကို ပါးပါးလေး လွှာပြီး သုံးတတ်မှ ရမယ်။ ဆင်းရဲတဲ့ဒဏ်ကို မခံချင်ရင်တော့ ဝင်ငွေနဲ့ ထွက်ငွေကို အချိုးကျ မျှတစွာ သုံးစွဲ တတ်ဖို့နဲ့ ဝင်ငွေကို ပိုနိုင်သမျှ ပိုပါစေ ထွက်ငွေကို တတ်နိုင်သမျှ လျှော့နိုင်ရမယ်။ အသုံးနဲ့ အဖြုန်းကိုလည်း ခွဲခြားတတ်ရမယ်။ အရမ်းကြီး မလိုအပ်ရင် မဝယ်ပါနဲ့။ မိမိရဲ့ ပစ္စည်းတွေကိုလည်း စည်းနဲ့ကမ်းနဲ့ ကိုင်တွယ်တတ်ရမယ် ဒါမှရေရှည် ခံမှာပါ။ ဒါက ချွေတာခြင်းတစ်မျိုးပဲ။ သူများအကြွေး မတင်အောင် နေတတ်ဖို့လည်း အရေးကြီးပါတယ်။ အကြွေးကင်းတဲ့ ဘဝကို ပိုင်ဆိုင်နေရင်ပဲ အတော်လေးကို အဆင်ပြေနေပါပြီ။ ကိုယ်ချင်းစာတရား ထားရှိခြင်းက ကိုယ့်အတွက်ရော တပါးသူအတွက်ပါ စိတ်နှလုံး ချမ်းမြေ့ခြင်းကို ရရှိစေမှာပါ.............။
    Love
    1
    ¡ 0 Comments ¡0 Shares ¡92 Views
  • • နင့်ဟာက ဟုတ်ပါ့မလား မောင်လင်းရယ် ...
    ငါ့အသက် ၆၅‌ နှစ် ကျော် လာပြီ...
    အိုးတိုက် အိုးဆေး ၊ချေးတိုက် ချေးတွန်း အတွက်ပဲ..ဒီ အသီးကို သုံးခဲ့တာ...

    [ ခု နင်ပြောမှပဲ ဒီအသီးက ...?

    • ဒါနဲ့နေပါအုန်း နင်ပြောသလိုဆို ဟို ...ခါလန်းရွာက ဆီးချိုသမားတွေ စားနေတဲ့ အစေ့လေးတွေက
    ဒီအသီးက အစေ့တွေပေါ့ ဟုတ်လား တဲ့။

    • အမှန်ပဲပေါ့ အရီးလေးရယ်...
    ဒါကြောင့် ကျနော်က ပြောတာ...
    အရီးလေးအိမ်နောက်မှ ပြုတ်သိပ်နေအောင်သီးနေတဲ့ သပွတ်ခါးသီးတွေ ရှိနေပါလျက်နဲ့...
    ဘာကိစ္စ ပိုက်‌ဆံအကုန်ခံပြီး ဆီးချိုကျဆေး ‌
    ဝယ်သောက်နေရတာတုန်း...?

    • ဟဲ့ ငါက ပေါက်ကရတွေ မစားရဲမသောက်ရဲ့လို့လေ..ပြီးတော့ ခုလိုလည်း သိမှ မသိတာ...
    ကောင်လေး တကယ်သက်သာတာရော ဟုတ်ရဲ့လား တဲ့။

    • အရီးမယုံရင် အမတင်မြတို့ညီမကို သွားမေးကြည့်ဗျာ။ သူတို့ကိုလည်း ဒီနည်းလမ်းပဲပေးထားတာ အဆင်ပြေနေပြီ။

    • ဆီးချိုဆိုတဲ့ရောဂါက အရှင်းပျောက်ဖို့ဆိုတာ အလွန်ခက်တယ်မို့လား..? အဓိက က ဆီချိုပိုပြီးမတက်ဖို့နဲ့ ဖြည်းဖြည်းခြင်း လျော့ချသွားအောင် လုပ်နိုင်ရင် အဆင်ပြေတာပဲ။

    • ဒီ သပွတ်ခါးသီးအစေ့ကတော့ အဲ့ဒီလို လုပ်ပေးနိုင်တဲ့ အာနိသင် အပြည့်ရှိတယ်။

    • ဒီမှာအရီးလေး...ဒီသပွတ်ခါးသီး အစေ့ကို အခွံခွာပြီး ပထမဆုံး စပြီးစားတဲ့နေ့မှာ ၂စေ့ စား၊
    (စပြီး မစားခင် ဆီးချိုတိုင်းထား)
    နောက်နေ့တွေမှာ နေ့စဉ် အစေ့ တစ်စေ့ ပုံမှန် စားပေး။ (၇ ရက် ပြည့်တဲ့အခါ ဆီးချိုပြန်တိုင်းကြည့်)
    မူလတိုင်းထားတာထက် တိုးနေတာမျိုးဖြစ်ခဲ့ရင်
    ကြိုက်သလိုသာ ပြော။ တခုတော့ရှိတယ် ကျနော်က အာမခံတယ်ဆိုတာနဲ့ မတည့်တာတွေတော့ မစားနဲ့ပေါ့။

    [ မိတ်ဆွေတို့သိလား...?
    • ရွာထဲကမြက် ရွာနွားမစားဘူး ဆိုတဲ့ စကား...
    အမှန်တော့ အဲ့ဒီစကားရဲ့ရည်ရွယ်ချက်က
    အနားမှာရှိတဲ့အရာဆို တန်ဖိုးမထားချင်ကြတဲ့
    အကောင်းမထင်ကြတဲ့ သူတွေကို နွားတွေလို့ ပြောတာ (ဟိဟိ)
    ကျနော်က မြက် ဖြစ်သည်ပေါ့

    • ယုံကြည်လို့ပဲ လုပ်လုပ်
    ငွေကုန်ကြေးကျ သက်သာလို့ပဲ လုပ်လုပ်
    စမ်းသက်ကြည့်ချင်တံ့သဘောနဲ့
    သံသယစိတ်နဲ့ပဲလုပ်လုပ်...
    ကျနော်ပြောတဲ့နည်းလမ်းအတိုင်း လုပ်လိုက်လို့...
    အရီးတို့လို အဆင်ပြေ သက်သာသွားခဲ့မယ်ဆိုရင်..

    • ကျေးဇူးတင်လိုက်တာ မောင်လင်းရေဆိုတဲ့ စကားက ကျနော့်အတွက်တော့ အဖိုးအခ ရတာထက် ပိုပြီး.. ပီတိဖြစ်ရသလို နေ့စဉ်နဲ့အမျှ ဝေဒနာသက်သာကြောင်း၊ ကျေးဇူးတင်ကြောင်း လာရောက် ပြောဆိုသူတွေရှိလို့ စိတ်ချမ်းသာရပါတယ်။

    • ဆိုတော့..မိတ်ဆွေတို့အနေနဲ့လဲ လိုအပ်ပါက စမ်းကြည့်ပါ။ဆီးချိုရောဂါအတွက်မှ မဟုတ်ပါဘူး..? သပွတ်ခါးသီးဟာ ကျန်းမားရေးအတွက် အလွန်အသုံးဝင်သလို အခြားသောရောဂါများစွာအတွက်လည်း အသုံးဝင်ပါတယ်။

    • လေဖျန်း လေဖြတ်ရောဂါဖြစ်မှာကြောက်တဲ့သူတွေ သပွတ်အူကို ဆားကြမ်းနဲ့နှယ်ပြီး ခြေဖဝါးနဲ့
    ခြေထောက်တလျောက် ‌ပွတ်တိုက်ပေးပါ။

    ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ။

    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #ကျန်းမာရေး #ဗဟုသုတ #စာပေ
    #နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
    #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
    #လေးစားစွာဖြင့်မူရင်းရေးသားသူကို
    #creditပေးပါတယ် #P_Chan #hashtag
    #fbviralpost2025シ #fblifestyles
    • နင့်ဟာက ဟုတ်ပါ့မလား မောင်လင်းရယ် ... ငါ့အသက် ၆၅‌ နှစ် ကျော် လာပြီ... အိုးတိုက် အိုးဆေး ၊ချေးတိုက် ချေးတွန်း အတွက်ပဲ..ဒီ အသီးကို သုံးခဲ့တာ... [ ခု နင်ပြောမှပဲ ဒီအသီးက ...? • ဒါနဲ့နေပါအုန်း နင်ပြောသလိုဆို ဟို ...ခါလန်းရွာက ဆီးချိုသမားတွေ စားနေတဲ့ အစေ့လေးတွေက ဒီအသီးက အစေ့တွေပေါ့ ဟုတ်လား တဲ့။ • အမှန်ပဲပေါ့ အရီးလေးရယ်... ဒါကြောင့် ကျနော်က ပြောတာ... အရီးလေးအိမ်နောက်မှ ပြုတ်သိပ်နေအောင်သီးနေတဲ့ သပွတ်ခါးသီးတွေ ရှိနေပါလျက်နဲ့... ဘာကိစ္စ ပိုက်‌ဆံအကုန်ခံပြီး ဆီးချိုကျဆေး ‌ ဝယ်သောက်နေရတာတုန်း...? • ဟဲ့ ငါက ပေါက်ကရတွေ မစားရဲမသောက်ရဲ့လို့လေ..ပြီးတော့ ခုလိုလည်း သိမှ မသိတာ... ကောင်လေး တကယ်သက်သာတာရော ဟုတ်ရဲ့လား တဲ့။ • အရီးမယုံရင် အမတင်မြတို့ညီမကို သွားမေးကြည့်ဗျာ။ သူတို့ကိုလည်း ဒီနည်းလမ်းပဲပေးထားတာ အဆင်ပြေနေပြီ။ • ဆီးချိုဆိုတဲ့ရောဂါက အရှင်းပျောက်ဖို့ဆိုတာ အလွန်ခက်တယ်မို့လား..? အဓိက က ဆီချိုပိုပြီးမတက်ဖို့နဲ့ ဖြည်းဖြည်းခြင်း လျော့ချသွားအောင် လုပ်နိုင်ရင် အဆင်ပြေတာပဲ။ • ဒီ သပွတ်ခါးသီးအစေ့ကတော့ အဲ့ဒီလို လုပ်ပေးနိုင်တဲ့ အာနိသင် အပြည့်ရှိတယ်။ • ဒီမှာအရီးလေး...ဒီသပွတ်ခါးသီး အစေ့ကို အခွံခွာပြီး ပထမဆုံး စပြီးစားတဲ့နေ့မှာ ၂စေ့ စား၊ (စပြီး မစားခင် ဆီးချိုတိုင်းထား) နောက်နေ့တွေမှာ နေ့စဉ် အစေ့ တစ်စေ့ ပုံမှန် စားပေး။ (၇ ရက် ပြည့်တဲ့အခါ ဆီးချိုပြန်တိုင်းကြည့်) မူလတိုင်းထားတာထက် တိုးနေတာမျိုးဖြစ်ခဲ့ရင် ကြိုက်သလိုသာ ပြော။ တခုတော့ရှိတယ် ကျနော်က အာမခံတယ်ဆိုတာနဲ့ မတည့်တာတွေတော့ မစားနဲ့ပေါ့။ [ မိတ်ဆွေတို့သိလား...? • ရွာထဲကမြက် ရွာနွားမစားဘူး ဆိုတဲ့ စကား... အမှန်တော့ အဲ့ဒီစကားရဲ့ရည်ရွယ်ချက်က အနားမှာရှိတဲ့အရာဆို တန်ဖိုးမထားချင်ကြတဲ့ အကောင်းမထင်ကြတဲ့ သူတွေကို နွားတွေလို့ ပြောတာ😎 (ဟိဟိ) ကျနော်က မြက် ဖြစ်သည်ပေါ့🤣 • ယုံကြည်လို့ပဲ လုပ်လုပ် ငွေကုန်ကြေးကျ သက်သာလို့ပဲ လုပ်လုပ် စမ်းသက်ကြည့်ချင်တံ့သဘောနဲ့ သံသယစိတ်နဲ့ပဲလုပ်လုပ်... ကျနော်ပြောတဲ့နည်းလမ်းအတိုင်း လုပ်လိုက်လို့... အရီးတို့လို အဆင်ပြေ သက်သာသွားခဲ့မယ်ဆိုရင်.. • ကျေးဇူးတင်လိုက်တာ မောင်လင်းရေဆိုတဲ့ စကားက ကျနော့်အတွက်တော့ အဖိုးအခ ရတာထက် ပိုပြီး.. ပီတိဖြစ်ရသလို နေ့စဉ်နဲ့အမျှ ဝေဒနာသက်သာကြောင်း၊ ကျေးဇူးတင်ကြောင်း လာရောက် ပြောဆိုသူတွေရှိလို့ စိတ်ချမ်းသာရပါတယ်။ • ဆိုတော့..မိတ်ဆွေတို့အနေနဲ့လဲ လိုအပ်ပါက စမ်းကြည့်ပါ။ဆီးချိုရောဂါအတွက်မှ မဟုတ်ပါဘူး..? သပွတ်ခါးသီးဟာ ကျန်းမားရေးအတွက် အလွန်အသုံးဝင်သလို အခြားသောရောဂါများစွာအတွက်လည်း အသုံးဝင်ပါတယ်။ • လေဖျန်း လေဖြတ်ရောဂါဖြစ်မှာကြောက်တဲ့သူတွေ သပွတ်အူကို ဆားကြမ်းနဲ့နှယ်ပြီး ခြေဖဝါးနဲ့ ခြေထောက်တလျောက် ‌ပွတ်တိုက်ပေးပါ။ ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ။ ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ) ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #ကျန်းမာရေး #ဗဟုသုတ #စာပေ #နွယ်မြက်သစ်ပင်ဆေးဖက်ဝင် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကို #creditပေးပါတယ် #P_Chan #hashtag #fbviralpost2025シ #fblifestyles
    Care
    1
    ¡ 1 Comments ¡0 Shares ¡146 Views
  • ကင်ဆာ ထိတောင် ပျောက်ကင်းနိုင်ပြီး ဆီးချို၊ သွေးတိုး၊ မီးယပ်ရောဂါနဲ့ လေးဖက်နာတွေအတွက် အစွမ်းထက်တဲ့ လက်ပံပွင့်

    အညာဒေသ များမှာ ”လက်ပံပွင့်’ အများ ပေါက်လေ့ရှိကြပါတယ်။ အညာဒေသ အခေါ်အဝေါ် အမျိုးမျိုး ရှိကြပါတယ်။

    ကရင်ပြည်နယ်ဒေသများတွင်”လက်ပံပွင်’အနည်းအများအလိုက်ပေါက်လေ့ရှိကြပါတယ်။

    ကျမတို့ ကရင်ပြည်နယ် ကောကရိတ်မြိုနယ်ကျုံဒိုးမြို့ အမှတ်( ၄ ) ရပ်ကွက် အဘိုအဘွားခေတ်ကဆိုရင် ကျွန်းကလေးများမှာ လက်ပံပွင် အများအပြား ကျမတို့ အဘို အဘွား လက်ထက်ကတည်းက ရှိကြပါတယ်။

    ယခုကျမတို့လက်ထဲမှာ” လက်ပံပွင်” တစ်ပင်တည်း ပဲရှိပါတော့တယ်။

    လက်ပံပွင်’”ဆေး ဖက် ဝင် တယ်ဆိုတာ တောရုံတန်ရုံဘယ်သူကများမသိကြပါဘူး။ တချို့ဒေသ များမှာ စားလေ့ရှိကြပါတယ်။

    ဆေး ဖက် ဝင်မှန်လည်မသိကြပါဘူး။တစ်ချို့ဒေသများလည်” လက်ပံပွင်”ကိုစားရမှန်မသိကြပါဘူး။

    ထိုင်း နိုင်း ငံရွေကျောင်း/ ငွေကျောင်းနာမှာဆိုရင်” လက်ပံပွင်” ထိုင်းလူမျိုးများက စားလေ့ မရှိကြပါဘူး။ စားလည်မစားကြပါဘူး။

    ကျ မ တို့မင်္ဂလာဆောင်ပြီးထိုင်းနိုင်ငံအလည်အပတ်သွားကြပါတယ်။ကျမတို့ရွေကျောင်းဘုရားသွားဖူကြပါတယ်။

    ငွေကျောင်း ဘုရားသွား ဖူးကြပါတယ်။ငွေကျောင်းဘုရားသွားဖူတော” လက်ပံပွင်’”အပင်ကြီးကြီးကို ထိုင်းလူမျိုးကဆိုရင်” လက်ပံပွင်”ကောက်ပြီးအမှိုက်ပုံထဲထည်ကြပါတယ်။

    ငွေကျောင်းဘုရားသန်ရှင်ရေအဖွဲ့ခေါင်ဆောင်းကိုကျမမေးကြည်လိုက်ပါတယ်။ ထိုင်းဘာသာစကားဖြင့်မေးကြည်ပါတယ်။

    အ နိ ထန် မလိုင် မေးကြည်တော ထိုင်းနိုင်ငံ သန့်ရှင်းရေး အဖွဲ့က ကင်မိတ်ဒိုင် ( စာလို့မရဘူးဟုတယ် ) ထိုင်းဘာသာ ဖြင့် ပြန်ပြောပါတယ်။ ကျမ ကပြောပြပါ တယ်။ ကင်ဒိုင်= စားလိုရတယ်။

    ထိုင်း နိုင်ငံသား တွေက ပြုံးကြပါတယ်။ သူတို့ အံ့သြကြပါတယ်။ စားလို့ရလို့ ဆိုတော သူတိုအံ့သြကြလို ကျမအတွက်ကတော လက်ပံပွင့်ဟာ ဆေး အဲဒီဆေး အကြောင်း ဆက်ပြောပြမယ်နော်။

    ကျမတို့ အဘိုအဘွား လက်ထက်က ဆေးဖက်ဝင်တဲ့ လက်ပံပွင့် လက်ပံပွင့် ဆေးဖက်ဝင်ပုံ

    ( က ) ဆီးချိုး ရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။ လက်ပံပွင်ကိုဟင်းချိုချက်စားပါ။

    ( ခ ) သွေးတိုး ရောဂါသမားအတွက် ဇီသီးနဲလက်ပံပွင် ရောပြီး ဟင်းချို ချက်စားပါ။

    ( ဂ ) မီးယပ် ရောဂါသမားအတွက် လက်ပံအခေါက် ပြုတ်ပြီးသောက်ပါ။

    ( ဃ ) လေးဖက်နားသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။ ပြီးလျှင်ခြေဆစ် လက်ဆစ်ကို လိမ်းပေးပါ။

    လေးဖက်နားရောဂါ( ၃ ) မျိုးရှိကြပါတယ်။

    နံ ပါတ်( ၁) ပိုးလေးဖက်နား

    နံပါတ်( ၂ ) သွေးလေးဖက်နား

    နံပါတ်( ၃ ) အရေပြာလေးဖက်နာ လေးဖက်နာအမျိုးအစားသုံးမျိုးရှိကြပါတယ်။

    လေးဖက်နားရောဂါရှိပြီဆိုရင် လက်ပံပွင့်အမြစ်ကို ကျောက်ပျဉ်နဲ့ သွေးပြီး ဆားအနည်းငယ် ထည့်ပြီးသောက်ပါ။လေးဖက်နာ ပိုးတွေ အားလုံး သေစေမည်။

    နံပါတ်( ၄ ) ရင်သားကင်ဆာဆေးနည်း

    လက်ပံအခေါက်ကိုသွေးပြီးရင်သာကင်ဆားသမားအတွက်သောက်ပေးပါ။ ရင်သာအနားတစ်ဝိုက်လိမ်းပေးပါ။

    ရင်သားကင်ဆာ( ၃ ) မျိုး

    အဆင့်( ၁ ) ရင်သာကင်ဆာ ပထမအဆင့်ကတော့ လက်ပံပွင်အရွက်ကိုခြွေလိုက်ပါ။ လက်ပံပွင် အလွာပွင်လေးကို ဇွန်းနဲ့ခြစ်ယူပြီး သကြားနဲ့ ဖျော်ပြီးသောက်ပါ။ အရသာ ချွဲပျစ်ပျစ် ကလေးနဲ့ ချဉ်ပြုံးလေးနဲ့ ပါ။

    အဆင့်( ၂ ) လက်ပံပွင့် အခေါက်ကို ကျောက်ပျဉ်နဲ့ သွေးပါ။ ရင်သား တစ်ဝိုက် ထူထူလိမ်းပေးပါ။ ရင်သားနာခြင်း အလုံးတည်ခြင်း လျော့နည်း စေပြီး ပဂတိအတိုင်း သက်သာ ပျောက်ကင်းပါတယ်။

    အဆင်( ၃ ) လက်ပံပွင်အခေါက်ကိုသွေးလိမ်းပါ။ သွေး ပြီးသောက်ပါ။ ရင်သား တစ်ဝိုက် လိမ်းပေးပါ။ ရင်သား ကင်ဆာကုလို့မရတဲ့ အထိဖြစ်သွားပြီဆိုရင် မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ် ( ၃ ) လတိတိ လိမ်းပေးယုံဖြင့် ပျောက်ကင်း ပါသည်။

    ရှေးခေတ် လူကြီးပေးသော ဆေးနည်းတစ်လက် ဆေးဒါန ဖြန်ဝေ ပေးဝေ နေပါသည်။

    Credit: Edkza_ယမင်း ဖြူ
    #ကျန်းမာရေးဗဟုသုတရကြပါစေ #sweswe #frypanシ゚viralシ
    #fblifestyle
    ကင်ဆာ ထိတောင် ပျောက်ကင်းနိုင်ပြီး ဆီးချို၊ သွေးတိုး၊ မီးယပ်ရောဂါနဲ့ လေးဖက်နာတွေအတွက် အစွမ်းထက်တဲ့ လက်ပံပွင့် အညာဒေသ များမှာ ”လက်ပံပွင့်’ အများ ပေါက်လေ့ရှိကြပါတယ်။ အညာဒေသ အခေါ်အဝေါ် အမျိုးမျိုး ရှိကြပါတယ်။ ကရင်ပြည်နယ်ဒေသများတွင်”လက်ပံပွင်’အနည်းအများအလိုက်ပေါက်လေ့ရှိကြပါတယ်။ ကျမတို့ ကရင်ပြည်နယ် ကောကရိတ်မြိုနယ်ကျုံဒိုးမြို့ အမှတ်( ၄ ) ရပ်ကွက် အဘိုအဘွားခေတ်ကဆိုရင် ကျွန်းကလေးများမှာ လက်ပံပွင် အများအပြား ကျမတို့ အဘို အဘွား လက်ထက်ကတည်းက ရှိကြပါတယ်။ ယခုကျမတို့လက်ထဲမှာ” လက်ပံပွင်” တစ်ပင်တည်း ပဲရှိပါတော့တယ်။ လက်ပံပွင်’”ဆေး ဖက် ဝင် တယ်ဆိုတာ တောရုံတန်ရုံဘယ်သူကများမသိကြပါဘူး။ တချို့ဒေသ များမှာ စားလေ့ရှိကြပါတယ်။ ဆေး ဖက် ဝင်မှန်လည်မသိကြပါဘူး။တစ်ချို့ဒေသများလည်” လက်ပံပွင်”ကိုစားရမှန်မသိကြပါဘူး။ ထိုင်း နိုင်း ငံရွေကျောင်း/ ငွေကျောင်းနာမှာဆိုရင်” လက်ပံပွင်” ထိုင်းလူမျိုးများက စားလေ့ မရှိကြပါဘူး။ စားလည်မစားကြပါဘူး။ ကျ မ တို့မင်္ဂလာဆောင်ပြီးထိုင်းနိုင်ငံအလည်အပတ်သွားကြပါတယ်။ကျမတို့ရွေကျောင်းဘုရားသွားဖူကြပါတယ်။ ငွေကျောင်း ဘုရားသွား ဖူးကြပါတယ်။ငွေကျောင်းဘုရားသွားဖူတော” လက်ပံပွင်’”အပင်ကြီးကြီးကို ထိုင်းလူမျိုးကဆိုရင်” လက်ပံပွင်”ကောက်ပြီးအမှိုက်ပုံထဲထည်ကြပါတယ်။ ငွေကျောင်းဘုရားသန်ရှင်ရေအဖွဲ့ခေါင်ဆောင်းကိုကျမမေးကြည်လိုက်ပါတယ်။ ထိုင်းဘာသာစကားဖြင့်မေးကြည်ပါတယ်။ အ နိ ထန် မလိုင် မေးကြည်တော ထိုင်းနိုင်ငံ သန့်ရှင်းရေး အဖွဲ့က ကင်မိတ်ဒိုင် ( စာလို့မရဘူးဟုတယ် ) ထိုင်းဘာသာ ဖြင့် ပြန်ပြောပါတယ်။ ကျမ ကပြောပြပါ တယ်။ ကင်ဒိုင်= စားလိုရတယ်။ ထိုင်း နိုင်ငံသား တွေက ပြုံးကြပါတယ်။ သူတို့ အံ့သြကြပါတယ်။ စားလို့ရလို့ ဆိုတော သူတိုအံ့သြကြလို ကျမအတွက်ကတော လက်ပံပွင့်ဟာ ဆေး အဲဒီဆေး အကြောင်း ဆက်ပြောပြမယ်နော်။ ကျမတို့ အဘိုအဘွား လက်ထက်က ဆေးဖက်ဝင်တဲ့ လက်ပံပွင့် လက်ပံပွင့် ဆေးဖက်ဝင်ပုံ ( က ) ဆီးချိုး ရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။ လက်ပံပွင်ကိုဟင်းချိုချက်စားပါ။ ( ခ ) သွေးတိုး ရောဂါသမားအတွက် ဇီသီးနဲလက်ပံပွင် ရောပြီး ဟင်းချို ချက်စားပါ။ ( ဂ ) မီးယပ် ရောဂါသမားအတွက် လက်ပံအခေါက် ပြုတ်ပြီးသောက်ပါ။ ( ဃ ) လေးဖက်နားသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။ ပြီးလျှင်ခြေဆစ် လက်ဆစ်ကို လိမ်းပေးပါ။ လေးဖက်နားရောဂါ( ၃ ) မျိုးရှိကြပါတယ်။ နံ ပါတ်( ၁) ပိုးလေးဖက်နား နံပါတ်( ၂ ) သွေးလေးဖက်နား နံပါတ်( ၃ ) အရေပြာလေးဖက်နာ လေးဖက်နာအမျိုးအစားသုံးမျိုးရှိကြပါတယ်။ လေးဖက်နားရောဂါရှိပြီဆိုရင် လက်ပံပွင့်အမြစ်ကို ကျောက်ပျဉ်နဲ့ သွေးပြီး ဆားအနည်းငယ် ထည့်ပြီးသောက်ပါ။လေးဖက်နာ ပိုးတွေ အားလုံး သေစေမည်။ နံပါတ်( ၄ ) ရင်သားကင်ဆာဆေးနည်း လက်ပံအခေါက်ကိုသွေးပြီးရင်သာကင်ဆားသမားအတွက်သောက်ပေးပါ။ ရင်သာအနားတစ်ဝိုက်လိမ်းပေးပါ။ ရင်သားကင်ဆာ( ၃ ) မျိုး အဆင့်( ၁ ) ရင်သာကင်ဆာ ပထမအဆင့်ကတော့ လက်ပံပွင်အရွက်ကိုခြွေလိုက်ပါ။ လက်ပံပွင် အလွာပွင်လေးကို ဇွန်းနဲ့ခြစ်ယူပြီး သကြားနဲ့ ဖျော်ပြီးသောက်ပါ။ အရသာ ချွဲပျစ်ပျစ် ကလေးနဲ့ ချဉ်ပြုံးလေးနဲ့ ပါ။ အဆင့်( ၂ ) လက်ပံပွင့် အခေါက်ကို ကျောက်ပျဉ်နဲ့ သွေးပါ။ ရင်သား တစ်ဝိုက် ထူထူလိမ်းပေးပါ။ ရင်သားနာခြင်း အလုံးတည်ခြင်း လျော့နည်း စေပြီး ပဂတိအတိုင်း သက်သာ ပျောက်ကင်းပါတယ်။ အဆင်( ၃ ) လက်ပံပွင်အခေါက်ကိုသွေးလိမ်းပါ။ သွေး ပြီးသောက်ပါ။ ရင်သား တစ်ဝိုက် လိမ်းပေးပါ။ ရင်သား ကင်ဆာကုလို့မရတဲ့ အထိဖြစ်သွားပြီဆိုရင် မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ် ( ၃ ) လတိတိ လိမ်းပေးယုံဖြင့် ပျောက်ကင်း ပါသည်။ ရှေးခေတ် လူကြီးပေးသော ဆေးနည်းတစ်လက် ဆေးဒါန ဖြန်ဝေ ပေးဝေ နေပါသည်။ Credit: Edkza_ယမင်း ဖြူ #ကျန်းမာရေးဗဟုသုတရကြပါစေ #sweswe #frypanシ゚viralシ #fblifestyle
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡199 Views
  • ယောင်္ကျားတစ်ယောက် က
    ကာမပိုင် မိန်းမတစ်ယောက်
    ရှိပြီးသွားရင်

    ကြောင် ၅ ကောင်ကို သတ်ရတယ်

    ဇီဇာ / သဝန် / သရဲဘော / သတ္တိ/ ဖွန်
    ဆိုတဲ့ ကြောင် (၅)ကောင် ကို
    အသေသတ်ရပါတယ်တဲ့

    အဲ့ဒါကို
    မယားနေ စ ကြောင်သေမှ
    လို့ခေါ်တယ်

    မိန်းမတစ်ယောက် က
    ကာမပိုင် ယောင်္ကျားတစ်ယောက်
    ရှိပြီးသွားရင်

    ဆင် ၅ ကောင်ကို သတ်ရတယ်

    အပြောအဆို / အနေအထိုင် / အသွားအလာ / အသုံးအစွဲ / အပျံ့အလွင့် ဆိုတဲ့ ဆင်ခြင်စရာ ဆင်(၅)ကောင် ကို
    အသေသတ်နိုင်ရမယ်

    အဲ့ဒါကို
    လင်နေစ ဆင်သေမှလို့
    ခေါ်ပါတယ်

    လင်နဲ့မယားဆိုတာ
    လျှာနဲ့သွား ဖြစ်တဲ့အပြင်
    ဘဝ
    နောက်ဆုံးအချိန်တွေရဲ့
    လက်တွဲဖော်ဆိုလဲ ဟုတ်တယ်
    အဲ့အတွက်ကြောင့်
    တဦးအပေါ်တဦးက
    ဘယ်လိုပြသာနာအခက်အခဲတွေ
    ရှိလာရှိလာ
    ဖေးမကူတွဲပြီး
    နားလည်မှုအပြည့်နဲ့သစ္စာရှိဖို့
    ရှေ့ဆက်
    လက်တွဲခိုင်မြဲဖို့သာ
    အဓိက မို့
    အမြဲ ၂ယောက်လုံး
    အဆင်ပြေပြေနေကြမယ်ဆိုတဲ့
    အတွေးပဲ နှလုံးသွင်းထားဘို့
    လိုအပ်လှပါတယ်ဆိုတဲ့အကြောင်းးး
    လေးပြောချင်လို့ပါ
    ယောင်္ကျားတစ်ယောက် က ကာမပိုင် မိန်းမတစ်ယောက် ရှိပြီးသွားရင် ကြောင် ၅ ကောင်ကို သတ်ရတယ် ဇီဇာ / သဝန် / သရဲဘော / သတ္တိ/ ဖွန် ဆိုတဲ့ ကြောင် (၅)ကောင် ကို အသေသတ်ရပါတယ်တဲ့ အဲ့ဒါကို မယားနေ စ ကြောင်သေမှ လို့ခေါ်တယ် မိန်းမတစ်ယောက် က ကာမပိုင် ယောင်္ကျားတစ်ယောက် ရှိပြီးသွားရင် ဆင် ၅ ကောင်ကို သတ်ရတယ် အပြောအဆို / အနေအထိုင် / အသွားအလာ / အသုံးအစွဲ / အပျံ့အလွင့် ဆိုတဲ့ ဆင်ခြင်စရာ ဆင်(၅)ကောင် ကို အသေသတ်နိုင်ရမယ် အဲ့ဒါကို လင်နေစ ဆင်သေမှလို့ ခေါ်ပါတယ် လင်နဲ့မယားဆိုတာ လျှာနဲ့သွား ဖြစ်တဲ့အပြင် ဘဝ နောက်ဆုံးအချိန်တွေရဲ့ လက်တွဲဖော်ဆိုလဲ ဟုတ်တယ် အဲ့အတွက်ကြောင့် တဦးအပေါ်တဦးက ဘယ်လိုပြသာနာအခက်အခဲတွေ ရှိလာရှိလာ ဖေးမကူတွဲပြီး နားလည်မှုအပြည့်နဲ့သစ္စာရှိဖို့ ရှေ့ဆက် လက်တွဲခိုင်မြဲဖို့သာ အဓိက မို့ အမြဲ ၂ယောက်လုံး အဆင်ပြေပြေနေကြမယ်ဆိုတဲ့ အတွေးပဲ နှလုံးသွင်းထားဘို့ လိုအပ်လှပါတယ်ဆိုတဲ့အကြောင်းးး လေးပြောချင်လို့ပါ
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡117 Views
  • အိမ်တိုင်းအိမ်တိုင်းမှာ မုရိုးပင် တပင်လောက်တော့
    စိုက်ထားသင့်တဲ့ အကြောင်းအရင်း

    အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။ အသီးက စိမ်တစ်လုံး သရက်လို ပုံသဏ္ဌာန်ရှိတယ်။

    ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ် ကျွဲမရိုးလည်း ခေါ်တယ် တောင်မရိုးပင်လည်း ခေါ်တယ်။ အညာဒေသမှာတော့

    မရိုးပင်လို့ ခေါ်ပါတယ်။ ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။ ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ ငဖြူ ကြီးပင်လို့လည်းခေါ်ပါတယ်။ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။

    ဆေးနည်းများ

    (၁) ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။ ပြီးတော့ အရွက်ကို မီးကင်ပြီး ၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို ပျောက်ပါတယ်။

    (၂) လေးဘက်နာပျောက်တယ် အပင်ရော အမြစ်ပါမကျန်နူတ်ပြီး အိုးထဲမှာထည့် အပေါ်ကနေ ဆေးရွက်ကြီးအုပ် ရေထည့်ပြုတ်ပါ။ အဲဒီရေကို ချိုးပေးပါ။ နောက်တနည်းကတော့ မရိုး အမြစ်နဲ့ ဆန်ဆေးရည် သွေးပြီး လိမ်းရင်လည်း အဆစ်အမြစ်ရောင် လေးဖက်နာ ပျောက်ပါတယ်။

    (၃) ခြေထောက်ခေါက်လဲလို့ မျက်သွားပြီး ယောင်ကိုင်းနေရင် မုရိုးစေးကို အသာလေး ပွတ်လိမ်းပေးပြီး အရွက်ကို မီးကင် လက်လေးနဲ့ အသာလေးချေ အပြန့်လိုက် ကပ်ပြီး ပိတ်စနဲ့ စည်းထားလိုက်ပါ။

    (၄) ကြွက်နို့ကိုဖြတ်ပြီး အစေးနဲ့ တို့ထားရင် အမြစ်ပါ စားပြီး ကျင်းခွက်လို ဖြစ်သွားတယ်။ ပြီးတော့ ပျောက်သွားတယ်။ ငါးမျက်စိ ပေါက်နေသူများ မုရိုးရွက်ကို ချိုးလိုက်တဲ့အခါ ထွက်လာသော အစေးနဲ့ ခဏခဏ တို့ပေးပါ။ အလိုလို ထွက်ကျလာမည်။

    (၅) ခြေထောက်မှာ ဝတ်ဆံတည်တာကို ခြေပူနာလို့ ခေါ်ပါသည်။ ကြက်ဆူး ထည့်သွားပြီဆိုရင် ခဲနင်းမိပါက အမလေး တ ရတဲ့ အနာပါ။ အနာထိပ်ကို ဓားနှင့် လှီးပြီး အစေးကို သုတ်လိမ်းပေးပါက ပျောက်ပါသည်။

    (၆) အမျိုးသမီးများ သားအိမ်အတွင်း သွေးလုံး လေလုံးဖြစ်ခဲ့ပါလျှင် မုရိုး၅ပွင့်ကို နှမ်းဆီနှင့်ကြော်စား၊ ဝမ်းဗိုက်ကို မုရိုးစေးနှင့် ဆနွင်းမှုန့် ဆတူရောစပ် လိမ်းပေးပါက တဖြည်းဖြည်း

    သေးငယ်ပြီး သက်သာပျောက်ကင်းစေပါတယ်။ ဓမ္မတာမမှန်တာ သွေးမပေါ်တာဆိုရင် အရည်ညှစ်ပြီး နှစ်ခေါင်းထဲကို တစ်စက်ဆီ ထဲ့ပေးပါ။ သွေးချက်ချင်း ဆင်းပါတယ်။

    (၇)ပန်းနာ ရင်ကြပ် ရောဂါ ပျောက်ပါတယ်

    မရိုးပင်ကို ၃လက်မ လောက်ဖြတ်ပြီး နေလှမ်းပါ။ ခြောက်သွေ့တဲ့အခါ မီးရှို့ပြာချပါ။ ပြာကို ရေစိမ် မွှေပေးပြီး အနယ်ထိုင်ရင် အရေကြည်ကို ဆားချက်ပါ။ မုရိုးကြီးရုက္ခမူ ဆားရမယ်။ အဲဒီဆား တစ်ပဲသားကို ပျားရည် တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ပါ။

    (၈) ဆူး စူးပြီး ဆူးကိုထွင်လို့ မရတဲ့အခါ ဒီအပင်ရဲ့အစေးကို ထည့်လိုက်ပါ။ နာရီ အနည်းငယ်ကြာတဲ့အခါ ဆူးက သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။ ဆူး စူးပြီး အနာဝ ပိတ်သွားလို့ ဆူးကျန်ပြီး အထဲက နာနေလျှင်လည်း အနာဝကို ဖွင့်ပြီး အစေးချ အရွက်မီးကင် ကပ်လိုက်တာ ညောင့်ထွက်လာပါတယ်။

    ခြေထောက်မှာ ဆူးစူးလို့ ရှာမရဖြစ်နေရင် အစေးကို အနာဝပေါ် တို့ပြီး အရွက်ကို မီးကင်ကပ်ရင် ဆူးထွက်ပါတယ်။ ပတ်တီးဖွဖွလေး စည်းထားရင်လည်း အဆင်ပြေပါတယ်။

    ကန္တာရဆူး စူးပြီး တော်တော်နာနေတာ အပ်နဲ့ကော်ထုတ်လဲ မရပါ။ အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ ကပ်လိုက်တာ နောက်နေ့ အနာကိုညှစ်လိုက်တော့ ဆူးပါသွားတယ်။

    (၉) ချောင်းဆိုး တီဘီ အဆုတ်နာ မုရိုးရွက် တစ်ရွက်၊ ကွမ်းရွက်တစ်ရွက်၊ ဆားအနည်းငယ် ထည့်ပြီး ပြာချပါ။ အဲဒီပြာကို လျှက်ဆားလို တစ်နေ့ အနည်းငယ် လျှက်ပေး ပါ ပျောက်ပါတယ်။

    (၁၀) အနာစိမ်း မွှေးကျွတ်နာ အနာလုံးများပေါက်ရင် အနာပေါ်မှာ အရွက်ကို မီးလေးပြပြီး ကပ်ထားပါက အလျှင်အမြန် ပျောက်ကင်းပါသည်။

    (၁၀) ထိပ်ကပ်နာခေါ်တဲ့ နှာပိတ်ရောဂါကို မရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲ ထည့်ပေးပြီး ၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များ ထွက်လာကာ သက်သာ-ပျောက်ကင်းပါသည်။ ထိတ်ခတ်နာကို အရွက်ကိုနေလှန်း ဆေးလိပ်လိုလိပ်၍ မီးရှို့ပြီး ရှူပါ။

    ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်။ ထိပ်ကပ်နာ နားခေါင်းယားလျှင် အရွက်ကို ချေပြီး ရှူပေးပါ။ မရိုးရွက်ကို အခြောက်လှမ်း ဆေးလိပ်တွင် ထည့်ကာ မီးခိုးကို ရှူပါက

    နှာရည်များကျကာ ပွင့်သွားပါသည်။ တစ်သက်လုံး မယားတော့ပါ။ နှာခေါင်းပိတ်(ထိပ်ကပ်နာ) အသက်ရှူကြပ်ရောဂါရှိသူများ မရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ ညှစ်ထည့်ပါ။

    ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှ အဝါရောင် အညစ်ကြေးများ ထွက်လာပြီး လုံးဝကောင်းသွားပါမည်။

    ဆေးလိပ် အသောက်များသူများ မရိုး အရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍ တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။ နှာခေါင်း ခဏခဏ ပိတ်ရင် မုရိုးရွက် အခြောက်ကို မီးခဲပေါ်တင် ရှူပါက သက်သာတယ်။

    မုရိုးခေါ် မရွေး တစ်နည်း ဖြူကြီးရွက် ၇ ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါ။ ထပ်ပြီးရင် ကတော့ထိုးပါ။ ကတော့ထဲမှာ ဆားထည့်ပြီး မီးဖြင့်ဖုတ်ပါ။ ရလာသော ဆားမီးဖုတ်ကို တစ်နေ့ သုံးကြိမ် ရွေးစေ့ငယ်ခန့် လျှက်ပေးပါက ပန်းနာရင်ကြပ် လုံးဝ အမြစ်ပြတ် ပျောက်ပါတယ်။ တစ်လလောက် သီးခံလျှက်ပေးပါ။

    (၁၁) အစာအိမ်ရောဂါ ဖြစ်ပါက မုရိုးရွက်တစ်ရွက်ကို အရင်းအဖျား စတိပယ်ပါ။ ရှောက်ရွက် ခုနစ်ရွက်၊ အိမ်သုံးဆား ခုနစ်ကျပ်သား ရောပြီး အိုးထဲထည့် အလုံပိတ် မီးဖုတ်။ ပြာကျ သွားပါက အစာစားပြီးတိုင်း လျှက်ပေးပါ။ ပျောက်ကင်း၏။

    (၁၂) သွားကိုက်ရင် သွားအခေါင်းထဲကို ဂွမ်းစလေးနဲ့ သူ့အစေးကိုတို့ပြီး သိပ်ထားပါ။ ခဏနဲ့ ပျောက်ပါတယ်။ သွားအခြေကို အစေးတို့ပြီး ငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင် အလွယ်တကူ ကျွတ်ပါတယ်။

    အသံမထွက်တဲ့လူများ အသံ ထွက်လာပါလိမ့်မယ်။ ဆေးနည်းကတော့ အရွက်ကို ခြောက်အောင်နေလှမ်းပါ။ ခြောက်တဲ့အရွက်ကို မီးကင်ပါ။ ပြာဖြစ်အောင် ကင်ရမှာပါ။ အဲဒီကင်ပြီးသား အရွက်ကို

    အမှုန့်ကြိတ်ပြီး ပျားရေနဲ့ နယ်ကာ လက်ဖက်စားဇွန်းနဲ့ တစ်နေ့ သုံးကြိမ် နံနက် နေ့ ညနေ စားပေးပါ။ ၃လကြာရင် အသံထွက်လာပါမယ်(မွေးရာပါ စကားမပြောနိုင်တဲ့ လူများ မပါပါ။)

    မြင်းစဂုံနီမြစ် မရိုးမြစ် မိုးနံမြစ်တို့ကို သွေးပြီး လိမ်းပါက အနာမျိုးစုံပျောက်ပါသည်။ သံနဲ့ ထိခိုက်မိရင် ချက်ချင်း
    သူရဲ့အစေး အဖြူရောင်ကို အနာမှာထည့်ပါ။

    မူရင်းရေးသားသူများအားလေး စားစွာခရက်ဒစ်ပေးပါသည်။
    #မြန်မာတိုင်းရင်းဆေး
    #ကျန်းမာရေးဗဟုသုတရကြပါစေ #sweswe #frypanシ゚viralシ
    အိမ်တိုင်းအိမ်တိုင်းမှာ မုရိုးပင် တပင်လောက်တော့ စိုက်ထားသင့်တဲ့ အကြောင်းအရင်း🌿🌿🌳 အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။ အသီးက စိမ်တစ်လုံး သရက်လို ပုံသဏ္ဌာန်ရှိတယ်။ ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ် ကျွဲမရိုးလည်း ခေါ်တယ် တောင်မရိုးပင်လည်း ခေါ်တယ်။ အညာဒေသမှာတော့ မရိုးပင်လို့ ခေါ်ပါတယ်။ ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။ ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ ငဖြူ ကြီးပင်လို့လည်းခေါ်ပါတယ်။ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။ ဆေးနည်းများ (၁) ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။ ပြီးတော့ အရွက်ကို မီးကင်ပြီး ၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို ပျောက်ပါတယ်။ (၂) လေးဘက်နာပျောက်တယ် အပင်ရော အမြစ်ပါမကျန်နူတ်ပြီး အိုးထဲမှာထည့် အပေါ်ကနေ ဆေးရွက်ကြီးအုပ် ရေထည့်ပြုတ်ပါ။ အဲဒီရေကို ချိုးပေးပါ။ နောက်တနည်းကတော့ မရိုး အမြစ်နဲ့ ဆန်ဆေးရည် သွေးပြီး လိမ်းရင်လည်း အဆစ်အမြစ်ရောင် လေးဖက်နာ ပျောက်ပါတယ်။ (၃) ခြေထောက်ခေါက်လဲလို့ မျက်သွားပြီး ယောင်ကိုင်းနေရင် မုရိုးစေးကို အသာလေး ပွတ်လိမ်းပေးပြီး အရွက်ကို မီးကင် လက်လေးနဲ့ အသာလေးချေ အပြန့်လိုက် ကပ်ပြီး ပိတ်စနဲ့ စည်းထားလိုက်ပါ။ (၄) ကြွက်နို့ကိုဖြတ်ပြီး အစေးနဲ့ တို့ထားရင် အမြစ်ပါ စားပြီး ကျင်းခွက်လို ဖြစ်သွားတယ်။ ပြီးတော့ ပျောက်သွားတယ်။ ငါးမျက်စိ ပေါက်နေသူများ မုရိုးရွက်ကို ချိုးလိုက်တဲ့အခါ ထွက်လာသော အစေးနဲ့ ခဏခဏ တို့ပေးပါ။ အလိုလို ထွက်ကျလာမည်။ (၅) ခြေထောက်မှာ ဝတ်ဆံတည်တာကို ခြေပူနာလို့ ခေါ်ပါသည်။ ကြက်ဆူး ထည့်သွားပြီဆိုရင် ခဲနင်းမိပါက အမလေး တ ရတဲ့ အနာပါ။ အနာထိပ်ကို ဓားနှင့် လှီးပြီး အစေးကို သုတ်လိမ်းပေးပါက ပျောက်ပါသည်။ (၆) အမျိုးသမီးများ သားအိမ်အတွင်း သွေးလုံး လေလုံးဖြစ်ခဲ့ပါလျှင် မုရိုး၅ပွင့်ကို နှမ်းဆီနှင့်ကြော်စား၊ ဝမ်းဗိုက်ကို မုရိုးစေးနှင့် ဆနွင်းမှုန့် ဆတူရောစပ် လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ပြီး သက်သာပျောက်ကင်းစေပါတယ်။ ဓမ္မတာမမှန်တာ သွေးမပေါ်တာဆိုရင် အရည်ညှစ်ပြီး နှစ်ခေါင်းထဲကို တစ်စက်ဆီ ထဲ့ပေးပါ။ သွေးချက်ချင်း ဆင်းပါတယ်။ (၇)ပန်းနာ ရင်ကြပ် ရောဂါ ပျောက်ပါတယ် မရိုးပင်ကို ၃လက်မ လောက်ဖြတ်ပြီး နေလှမ်းပါ။ ခြောက်သွေ့တဲ့အခါ မီးရှို့ပြာချပါ။ ပြာကို ရေစိမ် မွှေပေးပြီး အနယ်ထိုင်ရင် အရေကြည်ကို ဆားချက်ပါ။ မုရိုးကြီးရုက္ခမူ ဆားရမယ်။ အဲဒီဆား တစ်ပဲသားကို ပျားရည် တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ပါ။ (၈) ဆူး စူးပြီး ဆူးကိုထွင်လို့ မရတဲ့အခါ ဒီအပင်ရဲ့အစေးကို ထည့်လိုက်ပါ။ နာရီ အနည်းငယ်ကြာတဲ့အခါ ဆူးက သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။ ဆူး စူးပြီး အနာဝ ပိတ်သွားလို့ ဆူးကျန်ပြီး အထဲက နာနေလျှင်လည်း အနာဝကို ဖွင့်ပြီး အစေးချ အရွက်မီးကင် ကပ်လိုက်တာ ညောင့်ထွက်လာပါတယ်။ ခြေထောက်မှာ ဆူးစူးလို့ ရှာမရဖြစ်နေရင် အစေးကို အနာဝပေါ် တို့ပြီး အရွက်ကို မီးကင်ကပ်ရင် ဆူးထွက်ပါတယ်။ ပတ်တီးဖွဖွလေး စည်းထားရင်လည်း အဆင်ပြေပါတယ်။ ကန္တာရဆူး စူးပြီး တော်တော်နာနေတာ အပ်နဲ့ကော်ထုတ်လဲ မရပါ။ အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ ကပ်လိုက်တာ နောက်နေ့ အနာကိုညှစ်လိုက်တော့ ဆူးပါသွားတယ်။ (၉) ချောင်းဆိုး တီဘီ အဆုတ်နာ မုရိုးရွက် တစ်ရွက်၊ ကွမ်းရွက်တစ်ရွက်၊ ဆားအနည်းငယ် ထည့်ပြီး ပြာချပါ။ အဲဒီပြာကို လျှက်ဆားလို တစ်နေ့ အနည်းငယ် လျှက်ပေး ပါ ပျောက်ပါတယ်။ (၁၀) အနာစိမ်း မွှေးကျွတ်နာ အနာလုံးများပေါက်ရင် အနာပေါ်မှာ အရွက်ကို မီးလေးပြပြီး ကပ်ထားပါက အလျှင်အမြန် ပျောက်ကင်းပါသည်။ (၁၀) ထိပ်ကပ်နာခေါ်တဲ့ နှာပိတ်ရောဂါကို မရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲ ထည့်ပေးပြီး ၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များ ထွက်လာကာ သက်သာ-ပျောက်ကင်းပါသည်။ ထိတ်ခတ်နာကို အရွက်ကိုနေလှန်း ဆေးလိပ်လိုလိပ်၍ မီးရှို့ပြီး ရှူပါ။ ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်။ ထိပ်ကပ်နာ နားခေါင်းယားလျှင် အရွက်ကို ချေပြီး ရှူပေးပါ။ မရိုးရွက်ကို အခြောက်လှမ်း ဆေးလိပ်တွင် ထည့်ကာ မီးခိုးကို ရှူပါက နှာရည်များကျကာ ပွင့်သွားပါသည်။ တစ်သက်လုံး မယားတော့ပါ။ နှာခေါင်းပိတ်(ထိပ်ကပ်နာ) အသက်ရှူကြပ်ရောဂါရှိသူများ မရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ ညှစ်ထည့်ပါ။ ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှ အဝါရောင် အညစ်ကြေးများ ထွက်လာပြီး လုံးဝကောင်းသွားပါမည်။ ဆေးလိပ် အသောက်များသူများ မရိုး အရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍ တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။ နှာခေါင်း ခဏခဏ ပိတ်ရင် မုရိုးရွက် အခြောက်ကို မီးခဲပေါ်တင် ရှူပါက သက်သာတယ်။ မုရိုးခေါ် မရွေး တစ်နည်း ဖြူကြီးရွက် ၇ ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါ။ ထပ်ပြီးရင် ကတော့ထိုးပါ။ ကတော့ထဲမှာ ဆားထည့်ပြီး မီးဖြင့်ဖုတ်ပါ။ ရလာသော ဆားမီးဖုတ်ကို တစ်နေ့ သုံးကြိမ် ရွေးစေ့ငယ်ခန့် လျှက်ပေးပါက ပန်းနာရင်ကြပ် လုံးဝ အမြစ်ပြတ် ပျောက်ပါတယ်။ တစ်လလောက် သီးခံလျှက်ပေးပါ။ (၁၁) အစာအိမ်ရောဂါ ဖြစ်ပါက မုရိုးရွက်တစ်ရွက်ကို အရင်းအဖျား စတိပယ်ပါ။ ရှောက်ရွက် ခုနစ်ရွက်၊ အိမ်သုံးဆား ခုနစ်ကျပ်သား ရောပြီး အိုးထဲထည့် အလုံပိတ် မီးဖုတ်။ ပြာကျ သွားပါက အစာစားပြီးတိုင်း လျှက်ပေးပါ။ ပျောက်ကင်း၏။ (၁၂) သွားကိုက်ရင် သွားအခေါင်းထဲကို ဂွမ်းစလေးနဲ့ သူ့အစေးကိုတို့ပြီး သိပ်ထားပါ။ ခဏနဲ့ ပျောက်ပါတယ်။ သွားအခြေကို အစေးတို့ပြီး ငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင် အလွယ်တကူ ကျွတ်ပါတယ်။ အသံမထွက်တဲ့လူများ အသံ ထွက်လာပါလိမ့်မယ်။ ဆေးနည်းကတော့ အရွက်ကို ခြောက်အောင်နေလှမ်းပါ။ ခြောက်တဲ့အရွက်ကို မီးကင်ပါ။ ပြာဖြစ်အောင် ကင်ရမှာပါ။ အဲဒီကင်ပြီးသား အရွက်ကို အမှုန့်ကြိတ်ပြီး ပျားရေနဲ့ နယ်ကာ လက်ဖက်စားဇွန်းနဲ့ တစ်နေ့ သုံးကြိမ် နံနက် နေ့ ညနေ စားပေးပါ။ ၃လကြာရင် အသံထွက်လာပါမယ်(မွေးရာပါ စကားမပြောနိုင်တဲ့ လူများ မပါပါ။) မြင်းစဂုံနီမြစ် မရိုးမြစ် မိုးနံမြစ်တို့ကို သွေးပြီး လိမ်းပါက အနာမျိုးစုံပျောက်ပါသည်။ သံနဲ့ ထိခိုက်မိရင် ချက်ချင်း သူရဲ့အစေး အဖြူရောင်ကို အနာမှာထည့်ပါ။ မူရင်းရေးသားသူများအားလေး စားစွာခရက်ဒစ်ပေးပါသည်။ #မြန်မာတိုင်းရင်းဆေး #ကျန်းမာရေးဗဟုသုတရကြပါစေ #sweswe #frypanシ゚viralシ
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡149 Views
  • တစ်နေ့ကို (၁၀) လုံးပဲ အစိမ်းလိုက်ဝါးစားပါ။
    ကင်ဆာကို ကာကွယ်ပေးတယ်၊ ကျောက်ကပ်နဲ့ အသည်းကို အားကောင်းစေတယ်၊ အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးတယ်။ နေ့တိုင်း ဝါးစားရင် ဆီးချိုကျတယ်၊ သွေးတိုးနဲ့ သွေးတွင်းက ပုံမှန်မဟုတ်တဲ့ သွေးဥတွေကို လျှော့ချပေးတယ်။ သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

    ခရမ်းကစော့သီးလို့ခေါ်ပါတယ်။ တကယ်ကို အကျိုးရှိတဲ့ အသီးပါ

    မကြာခဏ စားပေးတာ ကောင်းပါတယ်။
    မောပန်းလွယ်တာ၊ သွေးတွင်းအဆီများတာဆိုရင် ခရမ်းကစော့သီးကို ဝါးစားပါ။ အဆီကျစေဖို့ ကူညီပေးပါတယ်။

    ကျွန်တော့်အဘွားကတော့ နေ့တိုင်းခူးပြီး စားရတာ ကြိုက်တယ်။ ဝမ်းမှန်စေပြီး ဝမ်းကိုလည်း ပျော့စေတာကြောင့် ဝမ်းသွားရတာ ပိုလွယ်ကူစေပါတယ်။ အသက်ကြီးလို့ ဝမ်းချုပ်တတ်သူတွေ စားပေးသင့်ပါတယ်။ ဖန်ခွက်ထဲထည့်ပြီး ရေနွေးနဲ့ သောက်လို့လည်း ရပါတယ်။ ကျန်းမာရေး ယိုယွင်းမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ပူပူနွေးနွေးလေးသောက်ရင် အစာအိမ်ကို ကောင်းမွန်စွာ အကျိုးပြုပါတယ်နော်.....။

    အားလုံးပဲ အဆင်ပြေ ကျန်းမာ ပျော်ရွှင်ကြပါစေ
    #ShweKhitMedia
    တစ်နေ့ကို (၁၀) လုံးပဲ အစိမ်းလိုက်ဝါးစားပါ။ ကင်ဆာကို ကာကွယ်ပေးတယ်၊ ကျောက်ကပ်နဲ့ အသည်းကို အားကောင်းစေတယ်၊ အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးတယ်။ နေ့တိုင်း ဝါးစားရင် ဆီးချိုကျတယ်၊ သွေးတိုးနဲ့ သွေးတွင်းက ပုံမှန်မဟုတ်တဲ့ သွေးဥတွေကို လျှော့ချပေးတယ်။ သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းကစော့သီးလို့ခေါ်ပါတယ်။ တကယ်ကို အကျိုးရှိတဲ့ အသီးပါ မကြာခဏ စားပေးတာ ကောင်းပါတယ်။ မောပန်းလွယ်တာ၊ သွေးတွင်းအဆီများတာဆိုရင် ခရမ်းကစော့သီးကို ဝါးစားပါ။ အဆီကျစေဖို့ ကူညီပေးပါတယ်။ ကျွန်တော့်အဘွားကတော့ နေ့တိုင်းခူးပြီး စားရတာ ကြိုက်တယ်။ ဝမ်းမှန်စေပြီး ဝမ်းကိုလည်း ပျော့စေတာကြောင့် ဝမ်းသွားရတာ ပိုလွယ်ကူစေပါတယ်။ အသက်ကြီးလို့ ဝမ်းချုပ်တတ်သူတွေ စားပေးသင့်ပါတယ်။ ဖန်ခွက်ထဲထည့်ပြီး ရေနွေးနဲ့ သောက်လို့လည်း ရပါတယ်။ ကျန်းမာရေး ယိုယွင်းမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ပူပူနွေးနွေးလေးသောက်ရင် အစာအိမ်ကို ကောင်းမွန်စွာ အကျိုးပြုပါတယ်နော်.....။ အားလုံးပဲ အဆင်ပြေ ကျန်းမာ ပျော်ရွှင်ကြပါစေ #ShweKhitMedia
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡304 Views
  • ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။

    ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။

    နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။
    အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။

    ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်-
    1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း
    • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။
    လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။

    2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း
    • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။
    • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။

    အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။

    မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!

    #newfun
    #crd_to_owner_with_respect
    ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။ နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။ ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်- 1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။ •📛 လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။ 2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။ • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။ အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။ မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်! 🙏 #newfun #crd_to_owner_with_respect
    Love
    Care
    2
    ¡ 2 Comments ¡0 Shares ¡370 Views
  • ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။

    ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။

    နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။
    အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။

    ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်-
    1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း
    • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။
    လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။

    2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း
    • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။
    • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။

    အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။

    မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!

    #newfun
    #crd_to_owner_with_respect
    ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။ နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။ ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်- 1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။ •📛 လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။ 2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။ • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။ အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။ မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်! 🙏 #newfun #crd_to_owner_with_respect
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡352 Views
  • ဒီနေ့ကစပြီး နာနတ်သီးဖျော်ရည် နေ့စဥ်သောက်တော့မယ်...

    နာနတ်သီးဖျော်ရည်၏ အစွမ်းသတ္တိ- က'င်ဆာကို တိုက်ဖျက်ရာတွင် အရေးပါသော အခန်းကဏ္ဍ
    နာနတ်သီးဖျော်ရည်သည် က'င်ဆာကို နှိမ်နင်းရာတွင် ကူညီပေးရုံသာမက က'င်ဆာကို တိုက်ဖျက်ရာ၌လည်း အဓိက အထောက်အကူတစ်ခု ဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနများအရ နာနတ်သီး ထဲတွင် သဘာဝအတိုင်း တွေ့ရှိရသော ဓာတ်ပေါင်းများသည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အပေါ့ပ်တိုဆစ် (apoptosis) ဟုခေါ်သော ကင်ဆာဆဲလ်များ သေဆုံးမှုကို ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်ကို လှုံ့ဆော်ပေးနိုင်ကြောင်း ထုတ်ဖော်ပြသထားသည်။

    နာနတ်သီးထဲတွင် ကြွယ်ဝစွာ ပါဝင်သော အင်ဇိုင်းဓာတ်ပေါင်းတစ်မျိုးဖြစ်သည့် ဘရိုမီလိန်း (Bromelain) သည် အဓိကသော့ချက် ဖြစ်သည်။ သုတေသီများက ဘရိုမီလိန်းသည် က'င်ဆာဆဲလ်များ ကြီးထွားပျံ့နှံ့စေသော ဆဲလ်ယန္တရားများကို နှောင့်ယှက်ခြင်းအားဖြင့် ပုံမှန်ဆဲလ်များကို မပျက်စီးစေဘဲ က'င်ဆာဆဲလ်များကိုသာ ရွေးချယ် ပစ်မှတ်ထားနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ရောဂါသည် သူ့အလိုလို ပျက်စီးသွားစေသည်။ ဤတွေ့ရှိချက်ကြောင့် နာနတ်သီးဖျော်ရည်သည် ဓာတ်ခွဲခန်း လေ့လာမှုများအရရော၊ ပေါ်ပေါက်လာဆဲ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများအရပါ “က'င်ဆာတိုက်ဖျက်ရေးအတွက် မရှိမဖြစ် ကိရိယာ” တစ်ခု ဖြစ်လာခဲ့သည်။

    ဘရိုမီလိန်းအပြင် နာနတ်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)၊ ဗီတာမင် စီ (Vitamin C) နှင့် အခြားသော ဇီဝ-မော်လီကျူးများ ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေသည်။ ဤဓာတ်ပေါင်းများသည် ရောင်ရမ်းမှုနှင့် ဓာတ်တိုး ဖိစီးမှု (oxidative stress) တို့ကို လျှော့ချပေးရာတွင် အထောက်အကူပြုပြီး ၎င်းတို့ နှစ်ခုစလုံးသည် က'င်ဆာရောဂါ ပိုမိုဆိုးရွားလာခြင်းနှင့် ဆက်စပ်နေသည်။ နာနတ်သီးကို ပုံမှန် စားသုံးခြင်းသည် ဆဲလ်များ၏ ကျန်းမာရေးကို မြှင့်တင်ပေးပြီး က'င်ဆာဆဲလ်များကို ခန္ဓာကိုယ်၏ သဘာဝ ကာကွယ်ရေးစနစ်ဖြင့် တိုက်ထုတ်ရာတွင် အားဖြည့်ပေးနိုင်သည်။

    နာနတ်သီးဖျော်ရည် တစ်မျိုးတည်းနှင့် ဆေးဘက်ဆိုင်ရာ ကုသမှုများကို အစားထိုးနိုင်မည် မဟုတ်သော်လည်း ၎င်း၏ သဘာဝ က'င်ဆာဆန့်ကျင်ဂုဏ်သတ္တိများက အဖိုးတန်သော ဖြည့်စွက်ဗျူဟာ (supplementary strategy) တစ်ခု ဖြစ်စေသည်။ သုတေသီများသည် ပုံမှန်ကုသမှုများနှင့် တွဲဖက်၍ နာနတ်သီးမှ ထုတ်ယူသော အဆီအနှစ်များကို အာရုံစိုက် ထုတ်ယူကာ ရလဒ်များကို ပိုမို ကောင်းမွန်စေရန်နှင့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်အတွက် မည်သို့ အသုံးပြုနိုင်ကြောင်းကို ဆက်လက် လေ့လာနေကြသည်။

    ဤတွေ့ရှိချက်သည် နေ့စဉ် စားသုံးနေကျဖြစ်ပြီး တစ်ခါတစ်ရံ လျစ်လျူရှုခံထားရသည့် အစားအစာများက ဆဲလ်အဆင့်တွင် ကျန်းမာရေးကို မြှင့်တင်ပေးရာ၌ မည်သို့ အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်းကို ဖော်ပြနေသည်။ နာနတ်သီးဖျော်ရည် တစ်ဖန်ခွက်သောက်ခြင်းသည် က'င်ဆာကို ကာကွယ်သည့် ပိုမိုကျယ်ပြန့်သော ဗျူဟာကို အားပေးနိုင်ပြီး သဘာဝတရားတွင် အစွမ်းထက်သော ဖြေရှင်းနည်းများ မကြာခဏ ရှိနေသည်ဟူသော အယူအဆကို အခိုင်အမာ ပြသနေပါသည်။
    #yoyocooking
    ဒီနေ့ကစပြီး နာနတ်သီးဖျော်ရည် နေ့စဥ်သောက်တော့မယ်... နာနတ်သီးဖျော်ရည်၏ အစွမ်းသတ္တိ- က'င်ဆာကို တိုက်ဖျက်ရာတွင် အရေးပါသော အခန်းကဏ္ဍ နာနတ်သီးဖျော်ရည်သည် က'င်ဆာကို နှိမ်နင်းရာတွင် ကူညီပေးရုံသာမက က'င်ဆာကို တိုက်ဖျက်ရာ၌လည်း အဓိက အထောက်အကူတစ်ခု ဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနများအရ နာနတ်သီး ထဲတွင် သဘာဝအတိုင်း တွေ့ရှိရသော ဓာတ်ပေါင်းများသည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အပေါ့ပ်တိုဆစ် (apoptosis) ဟုခေါ်သော ကင်ဆာဆဲလ်များ သေဆုံးမှုကို ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်ကို လှုံ့ဆော်ပေးနိုင်ကြောင်း ထုတ်ဖော်ပြသထားသည်။ နာနတ်သီးထဲတွင် ကြွယ်ဝစွာ ပါဝင်သော အင်ဇိုင်းဓာတ်ပေါင်းတစ်မျိုးဖြစ်သည့် ဘရိုမီလိန်း (Bromelain) သည် အဓိကသော့ချက် ဖြစ်သည်။ သုတေသီများက ဘရိုမီလိန်းသည် က'င်ဆာဆဲလ်များ ကြီးထွားပျံ့နှံ့စေသော ဆဲလ်ယန္တရားများကို နှောင့်ယှက်ခြင်းအားဖြင့် ပုံမှန်ဆဲလ်များကို မပျက်စီးစေဘဲ က'င်ဆာဆဲလ်များကိုသာ ရွေးချယ် ပစ်မှတ်ထားနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ရောဂါသည် သူ့အလိုလို ပျက်စီးသွားစေသည်။ ဤတွေ့ရှိချက်ကြောင့် နာနတ်သီးဖျော်ရည်သည် ဓာတ်ခွဲခန်း လေ့လာမှုများအရရော၊ ပေါ်ပေါက်လာဆဲ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများအရပါ “က'င်ဆာတိုက်ဖျက်ရေးအတွက် မရှိမဖြစ် ကိရိယာ” တစ်ခု ဖြစ်လာခဲ့သည်။ ဘရိုမီလိန်းအပြင် နာနတ်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)၊ ဗီတာမင် စီ (Vitamin C) နှင့် အခြားသော ဇီဝ-မော်လီကျူးများ ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေသည်။ ဤဓာတ်ပေါင်းများသည် ရောင်ရမ်းမှုနှင့် ဓာတ်တိုး ဖိစီးမှု (oxidative stress) တို့ကို လျှော့ချပေးရာတွင် အထောက်အကူပြုပြီး ၎င်းတို့ နှစ်ခုစလုံးသည် က'င်ဆာရောဂါ ပိုမိုဆိုးရွားလာခြင်းနှင့် ဆက်စပ်နေသည်။ နာနတ်သီးကို ပုံမှန် စားသုံးခြင်းသည် ဆဲလ်များ၏ ကျန်းမာရေးကို မြှင့်တင်ပေးပြီး က'င်ဆာဆဲလ်များကို ခန္ဓာကိုယ်၏ သဘာဝ ကာကွယ်ရေးစနစ်ဖြင့် တိုက်ထုတ်ရာတွင် အားဖြည့်ပေးနိုင်သည်။ နာနတ်သီးဖျော်ရည် တစ်မျိုးတည်းနှင့် ဆေးဘက်ဆိုင်ရာ ကုသမှုများကို အစားထိုးနိုင်မည် မဟုတ်သော်လည်း ၎င်း၏ သဘာဝ က'င်ဆာဆန့်ကျင်ဂုဏ်သတ္တိများက အဖိုးတန်သော ဖြည့်စွက်ဗျူဟာ (supplementary strategy) တစ်ခု ဖြစ်စေသည်။ သုတေသီများသည် ပုံမှန်ကုသမှုများနှင့် တွဲဖက်၍ နာနတ်သီးမှ ထုတ်ယူသော အဆီအနှစ်များကို အာရုံစိုက် ထုတ်ယူကာ ရလဒ်များကို ပိုမို ကောင်းမွန်စေရန်နှင့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်အတွက် မည်သို့ အသုံးပြုနိုင်ကြောင်းကို ဆက်လက် လေ့လာနေကြသည်။ ဤတွေ့ရှိချက်သည် နေ့စဉ် စားသုံးနေကျဖြစ်ပြီး တစ်ခါတစ်ရံ လျစ်လျူရှုခံထားရသည့် အစားအစာများက ဆဲလ်အဆင့်တွင် ကျန်းမာရေးကို မြှင့်တင်ပေးရာ၌ မည်သို့ အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်းကို ဖော်ပြနေသည်။ နာနတ်သီးဖျော်ရည် တစ်ဖန်ခွက်သောက်ခြင်းသည် က'င်ဆာကို ကာကွယ်သည့် ပိုမိုကျယ်ပြန့်သော ဗျူဟာကို အားပေးနိုင်ပြီး သဘာဝတရားတွင် အစွမ်းထက်သော ဖြေရှင်းနည်းများ မကြာခဏ ရှိနေသည်ဟူသော အယူအဆကို အခိုင်အမာ ပြသနေပါသည်။ #yoyocooking
    Love
    Care
    2
    ¡ 1 Comments ¡0 Shares ¡290 Views
  • နှင်းဆီပန်းနှင့် ကဗျာဆရာ

    ------------------------

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    ဆူးက ဖျက်နေသည်တကား။

    အို ... ကဗျာဆရာ
    ငါ့မှာရန်စွယ်၊ အန္တရာယ်ကို
    ကာကွယ်လို့ငှာ၊ ဆူးရှိပါသည်
    ငါသည် သူသွမ်း မဟုတ်ပါ။

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    နွမ်းလျရော်ရီ၊ စိုမပြည်၍
    မြေဆီ ကြွေတတ်သည်တကား။

    အို ... ကဗျာဆရာ
    ကြွေရာပျက်ရာ၊ ဓမ္မတာမို့
    ကြွေကာပျက်မှု၊ ငါ မမှုပါ
    ငါမှုသည်ကား မြေသို့လား၍
    လွင့်ပါးရော်ရီ၊ မကြွေမီလျှင်
    ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို
    သည်ပိုးဆောင်မှု ဖြစ်ပါသည်။

    အို ... ပန်းနှင်းဆီ
    သင်သည် မြေထက်၊ မကြွေပျက်မီ
    သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို
    ဘဇာ ရွက်ဆောင်ပါသနည်း။

    အို ... ကဗျာဆရာ
    ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ
    ငါစွမ်းသမျှ၊ ငါ့အလှဖြင့်
    လောကသာယာ၊ စိုပြည်လာ၍
    သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင်
    ကြိုးပမ်း ဆောင်ပါသည်တကား။

    မင်းယုဝေ
    ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း )

    ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား
    လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ

    ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ
    ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ
    ကူးယူဖော်ပြခွင့် မပြုပါခင်မျာ

    #thebookbazaar
    #မင်းသုဝဏ်
    #နှင်းဆီပန်းနှင့်ကဗျာဆရာ
    နှင်းဆီပန်းနှင့် ကဗျာဆရာ ------------------------ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း ဆူးက ဖျက်နေသည်တကား။ အို ... ကဗျာဆရာ ငါ့မှာရန်စွယ်၊ အန္တရာယ်ကို ကာကွယ်လို့ငှာ၊ ဆူးရှိပါသည် ငါသည် သူသွမ်း မဟုတ်ပါ။ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း နွမ်းလျရော်ရီ၊ စိုမပြည်၍ မြေဆီ ကြွေတတ်သည်တကား။ အို ... ကဗျာဆရာ ကြွေရာပျက်ရာ၊ ဓမ္မတာမို့ ကြွေကာပျက်မှု၊ ငါ မမှုပါ ငါမှုသည်ကား မြေသို့လား၍ လွင့်ပါးရော်ရီ၊ မကြွေမီလျှင် ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို သည်ပိုးဆောင်မှု ဖြစ်ပါသည်။ အို ... ပန်းနှင်းဆီ သင်သည် မြေထက်၊ မကြွေပျက်မီ သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို ဘဇာ ရွက်ဆောင်ပါသနည်း။ အို ... ကဗျာဆရာ ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ ငါစွမ်းသမျှ၊ ငါ့အလှဖြင့် လောကသာယာ၊ စိုပြည်လာ၍ သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင် ကြိုးပမ်း ဆောင်ပါသည်တကား။ 🔹 မင်းယုဝေ ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း ) ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟 ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ ကူးယူဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟 #thebookbazaar #မင်းသုဝဏ် #နှင်းဆီပန်းနှင့်ကဗျာဆရာ
    Care
    1
    ¡ 0 Comments ¡0 Shares ¡350 Views
  • ငါတို့ သူငယ်ချင်းတွေ ပြိုင်စရာ မလိုဘူး

    ငါတို့ ပြန်တွေ့ကြရင် . . . .

    နင်ဘာစီးပွားရေးလုပ်နေသလဲ အရင်မပြောပါနဲ့

    နင်ဘာရာထူးရှိသလဲ အရင်မပြောပါနဲ့

    နင်ဘယ်လောက်ချမ်းသာနေလဲ အရင်မပြောပါနဲ့

    နင်ဘာတွေပိုင်ဆိုင်နေလဲ အရင်မပြောပါနဲ့

    နင်ဘယ်အဆင့်အတန်းရောက်နေလဲ
    အရင်မပြောပါနဲ့

    ငါတို့ ပြန်တွေ့ရင် အရင်တုန်းကလို

    မကျေနပ်ချက်တွေ ရင်ဖွင့်ကြမယ်၊
    အတင်းတွေပြောကြမယ်၊
    လှဖို့ ဘာလုပ်မလဲ ဆွေးနွေးကြမယ်၊
    ခရီးထွက်ဖို့ စိတ်ကူးယဉ်ကြမယ်၊
    လမ်းဘေးက စျေးပေါတဲ့ဆိုင်မှာ အတူစားကြမယ်၊
    လက်တွေချိတ်ပြီး လမ်းလျှောက်ကြမယ်၊
    ရယ်စရာတွေပြောကြမယ်၊
    စိတ်လွတ်ကိုယ်လွတ် အော်ရယ်ကြမယ်၊

    ဘာမှထူးခြားတာတွေမရှိပါဘူး
    အရင်တုန်းက ငါတို့ လုပ်နေကြပဲလေ

    ဒါပေမယ့် ငါတို့ အရင်ချိန်ပြန်ရောက်သလို ခံစားရပြီး အရင်က ခံစားချက်တွေအတိုင်းဘဲ ပေါ့ပါးပျော်ရွှင်ကြမှာလေ

    ဒီလိုမဟုတ်ဘဲ နင့်ပိုင်ဆိုင်မှုတွေပြဖို့အတွက်
    နင့်တန်ဖိုးတွေ တွက်ပြဖို့အတွက်
    နင့် အသိုင်းအဝိုင်းအကြောင်း ပြောပြဖို့အတွက်ဆိုရင်တော့ ငါ့ကိုတွေ့လည်း မခေါ်ပါနဲ့ဟာ . . . . .

    ငါတို့ဆိုတာ ယှဉ်ပြိုင်စရာ မလိုသလို
    ကြွားစရာလည်း လိုမှမလိုတာလေ . . . . . နော်
    ငါတို့ သူငယ်ချင်းတွေ ပြိုင်စရာ မလိုဘူး ငါတို့ ပြန်တွေ့ကြရင် . . . . နင်ဘာစီးပွားရေးလုပ်နေသလဲ အရင်မပြောပါနဲ့ 🤫 နင်ဘာရာထူးရှိသလဲ အရင်မပြောပါနဲ့🤫 နင်ဘယ်လောက်ချမ်းသာနေလဲ အရင်မပြောပါနဲ့🤫 နင်ဘာတွေပိုင်ဆိုင်နေလဲ အရင်မပြောပါနဲ့🤫 နင်ဘယ်အဆင့်အတန်းရောက်နေလဲ အရင်မပြောပါနဲ့ 🤫 ငါတို့ ပြန်တွေ့ရင် အရင်တုန်းကလို မကျေနပ်ချက်တွေ ရင်ဖွင့်ကြမယ်၊😩 အတင်းတွေပြောကြမယ်၊😳 လှဖို့ ဘာလုပ်မလဲ ဆွေးနွေးကြမယ်၊🤓 ခရီးထွက်ဖို့ စိတ်ကူးယဉ်ကြမယ်၊ 😌 လမ်းဘေးက စျေးပေါတဲ့ဆိုင်မှာ အတူစားကြမယ်၊🤤 လက်တွေချိတ်ပြီး လမ်းလျှောက်ကြမယ်၊ 👭 ရယ်စရာတွေပြောကြမယ်၊ 👌 စိတ်လွတ်ကိုယ်လွတ် အော်ရယ်ကြမယ်၊😀 ဘာမှထူးခြားတာတွေမရှိပါဘူး အရင်တုန်းက ငါတို့ လုပ်နေကြပဲလေ ဒါပေမယ့် ငါတို့ အရင်ချိန်ပြန်ရောက်သလို ခံစားရပြီး အရင်က ခံစားချက်တွေအတိုင်းဘဲ ပေါ့ပါးပျော်ရွှင်ကြမှာလေ ဒီလိုမဟုတ်ဘဲ နင့်ပိုင်ဆိုင်မှုတွေပြဖို့အတွက် နင့်တန်ဖိုးတွေ တွက်ပြဖို့အတွက် နင့် အသိုင်းအဝိုင်းအကြောင်း ပြောပြဖို့အတွက်ဆိုရင်တော့ ငါ့ကိုတွေ့လည်း မခေါ်ပါနဲ့ဟာ . . . . . ငါတို့ဆိုတာ ယှဉ်ပြိုင်စရာ မလိုသလို ကြွားစရာလည်း လိုမှမလိုတာလေ . . . . . နော်
    Care
    1
    ¡ 0 Comments ¡0 Shares ¡170 Views
  • အိုးး! မိုးတွေရွာတိုင်း သတိထားရမယ့် အိမ်ထဲဝင်လာတတ်တဲ့ ဧည့်သည်များ ကင်းခြေများနဲ့ ကင်းမြီးကောက်တွေဟာ အိမ်ထဲမှာ မကြာခဏ အံ့အားသင့်စရာ ဝင်ရောက်လာတတ်တယ်။
    လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော့်အိမ်ကလူတစ်ယောက် ကင်းခြေများ ကိုက်ခံရတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အိမ်တွင်းနည်းလမ်းလေးတစ်ခုက မြန်မြန်ဆန်ဆန် အကူအညီဖြစ်စေခဲ့လို့ အဲဒီအကြောင်းကို ပြောပြပေးချင်ပါတယ်။
    ကျွန်တော်တို့က သံပုရာသီးအစစ်ကို အသင့်အတင့်ညှစ်ပြီး အချိုမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်နဲ့ ရောလိုက်တယ်။ ပြီးရင် သမအောင်မွှေပြီး အကိုက်ခံရတဲ့ ဒါမှမဟုတ် အဆိပ်ရှိသတ္တဝါ တစ်ခုခုနဲ့ ထိုးခံရတဲ့ နေရာပေါ်မှာ အုံလိုက်တယ်။
    (၅) မိနစ်တောင် မပြည့်ခင်မှာ နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုတွေက အံ့သြစရာကောင်းလောက်အောင် အမြန်ပျောက်ကင်းသွားတယ်။ အဆိပ်ကို စုပ်ထုတ်လိုက်သလိုပါပဲ။
    ဒါပေမဲ့ အရေးကြီးတဲ့ သတိပေးချက်တစ်ခုတော့ ပေးချင်ပါတယ်။
    တစ်ကိုယ်လုံး ရောင်ရမ်းတာ၊ နှုတ်ခမ်းထုံကျင်တာ ဒါမှမဟုတ် အဆိပ်ကြောင့် နှလုံးခုန်နှုန်း မြန်လာတာစတဲ့ ပြင်းထန်တဲ့ဓာတ်မတည့်မှု လက္ခဏာတွေရှိတဲ့သူတွေကတော့ လုံးဝမစောင့်ဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ဦးချင်းစီရဲ့ တုံ့ပြန်ပုံချင်းက မတူကြဘူး။
    ကျွန်တော်တို့ ကိုယ်တိုင် စမ်းသပ်ကြည့်တော့ အဆင်ပြေတယ်၊ ဒါကြောင့် အရေးပေါ်အခြေအနေအတွက် မှတ်သားထားနိုင်ပါတယ်။
    #အိမ်တွင်းလျှို့ဝှက်ချက် #မိုးရာသီအဆိပ်ရှိသတ္တဝါသတိထား #သဘာဝနည်းလမ်း #မှတ်ထားရင်မမှားဘူး #alinthitmedia
    😖 အိုးး! မိုးတွေရွာတိုင်း သတိထားရမယ့် အိမ်ထဲဝင်လာတတ်တဲ့ ဧည့်သည်များ 🦂 ကင်းခြေများနဲ့ 🪳 ကင်းမြီးကောက်တွေဟာ အိမ်ထဲမှာ မကြာခဏ အံ့အားသင့်စရာ ဝင်ရောက်လာတတ်တယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော့်အိမ်ကလူတစ်ယောက် ကင်းခြေများ ကိုက်ခံရတယ်။ 😰 ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အိမ်တွင်းနည်းလမ်းလေးတစ်ခုက မြန်မြန်ဆန်ဆန် အကူအညီဖြစ်စေခဲ့လို့ အဲဒီအကြောင်းကို ပြောပြပေးချင်ပါတယ်။ 🌿 ကျွန်တော်တို့က သံပုရာသီးအစစ်ကို အသင့်အတင့်ညှစ်ပြီး အချိုမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်နဲ့ ရောလိုက်တယ်။ ပြီးရင် သမအောင်မွှေပြီး အကိုက်ခံရတဲ့ ဒါမှမဟုတ် အဆိပ်ရှိသတ္တဝါ တစ်ခုခုနဲ့ ထိုးခံရတဲ့ နေရာပေါ်မှာ အုံလိုက်တယ်။ 🐜 (၅) မိနစ်တောင် မပြည့်ခင်မှာ နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုတွေက အံ့သြစရာကောင်းလောက်အောင် အမြန်ပျောက်ကင်းသွားတယ်။ 😌✨ အဆိပ်ကို စုပ်ထုတ်လိုက်သလိုပါပဲ။ ဒါပေမဲ့ အရေးကြီးတဲ့ သတိပေးချက်တစ်ခုတော့ ပေးချင်ပါတယ်။ ⚠️ တစ်ကိုယ်လုံး ရောင်ရမ်းတာ၊ နှုတ်ခမ်းထုံကျင်တာ ဒါမှမဟုတ် အဆိပ်ကြောင့် နှလုံးခုန်နှုန်း မြန်လာတာစတဲ့ ပြင်းထန်တဲ့ဓာတ်မတည့်မှု လက္ခဏာတွေရှိတဲ့သူတွေကတော့ လုံးဝမစောင့်ဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ဦးချင်းစီရဲ့ တုံ့ပြန်ပုံချင်းက မတူကြဘူး။ 💉🚑 ကျွန်တော်တို့ ကိုယ်တိုင် စမ်းသပ်ကြည့်တော့ အဆင်ပြေတယ်၊ ဒါကြောင့် အရေးပေါ်အခြေအနေအတွက် မှတ်သားထားနိုင်ပါတယ်။ 🍋 #အိမ်တွင်းလျှို့ဝှက်ချက် #မိုးရာသီအဆိပ်ရှိသတ္တဝါသတိထား #သဘာဝနည်းလမ်း #မှတ်ထားရင်မမှားဘူး #alinthitmedia
    Like
    Love
    2
    ¡ 0 Comments ¡0 Shares ¡291 Views
More Results