• ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ
    ငွေချေးပြီး လူပျောက်သွားတာမျိုးမဖြစ်သင့်ဘူး။
    ဘယ်လောက်ပဲ ခက်ခဲခက်ခဲ
    ကတိပေးပြီး ဖျက်တာမျိုးမလုပ်သင့်ဘူး။
    ဘာကိစ္စ ဘာပြဿနာဖြစ်ဖြစ်
    ရှင်းရှင်းလင်းလင်းမပြောဘဲ
    ခေါင်းရှောင် ဖုန်းမကိုင်တော့တာမျိုး မလုပ်သင့်ဘူး။
    ဖြောင့်ဖြောင့်မတ်မတ် လူလုပ်ပါ၊
    ရိုးရိုးသားသား အလုပ်လုပ်ပါတဲ့၊
    ငယ်ငယ်က ဖတ်စာအုပ်မှာ သင်ခဲ့ရတယ်။
    ကိုယ့်ကိုယုံကြည်တဲ့ တခြားသူရဲ့ယုံကြည်မှုကို ပစ်မထုတ်မိပါစေနဲ့၊
    ကိုယ့်ကို သူယုံကြည်တယ်ဆိုတာသူ့ရင်ထဲသိမ်းထားလို့ရတဲ့တန်ဖိုးတစ်ခု ကိုယ့်မှာရှိလို့ပါ။
    ဘ၀နဲ့သိက္ခာကိုမလဲချင်ကြပါနဲ့ သူငယ်ချင်း မိတ်ဆွေတို့ရေ..
    #crd
    ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ငွေချေးပြီး လူပျောက်သွားတာမျိုးမဖြစ်သင့်ဘူး။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကတိပေးပြီး ဖျက်တာမျိုးမလုပ်သင့်ဘူး။ ဘာကိစ္စ ဘာပြဿနာဖြစ်ဖြစ် ရှင်းရှင်းလင်းလင်းမပြောဘဲ ခေါင်းရှောင် ဖုန်းမကိုင်တော့တာမျိုး မလုပ်သင့်ဘူး။ ဖြောင့်ဖြောင့်မတ်မတ် လူလုပ်ပါ၊ ရိုးရိုးသားသား အလုပ်လုပ်ပါတဲ့၊ ငယ်ငယ်က ဖတ်စာအုပ်မှာ သင်ခဲ့ရတယ်။ ကိုယ့်ကိုယုံကြည်တဲ့ တခြားသူရဲ့ယုံကြည်မှုကို ပစ်မထုတ်မိပါစေနဲ့၊ ကိုယ့်ကို သူယုံကြည်တယ်ဆိုတာသူ့ရင်ထဲသိမ်းထားလို့ရတဲ့တန်ဖိုးတစ်ခု ကိုယ့်မှာရှိလို့ပါ။ ဘ၀နဲ့သိက္ခာကိုမလဲချင်ကြပါနဲ့ သူငယ်ချင်း မိတ်ဆွေတို့ရေ.. #crd
    Care
    1
    ¡ 0 Comments ¡0 Shares ¡21 Views
  • သွေးလေစီးဆင်းမှု မကောင်းတာ၊ လက်ဖျားခြေဖျားတွေ မကြာခဏ ထုံကျင်တာ၊ ဒါမှမဟုတ် ရင်ဘတ်အလယ်မှာ အောင့်တာ၊ ကျပ်တာမျိုး ခံစားရတယ်ဆိုရင် အိမ်တွင်းဖြစ် သမားရိုးကျ ပင်စိမ်းနဲ့ ဂျင်းကို အသုံးပြုတဲ့ ဆေးဖက်ဝင်နည်းလမ်းလေးကို စမ်းကြည့်သင့်ပါတယ်။ ဒီနည်းလမ်းက ရိုးရှင်းပေမယ့် ထင်ထားတာထက် အစွမ်းထက်ပါတယ်။
    လိုအပ်တဲ့ ပစ္စည်းများ
    • ပင်စိမ်းရွက် အသစ် ၁ ဆုပ်
    • ဂျင်း (ချင်း) အဖတ် ၁၀ ချပ် (လက်မဝက်လောက် အရှည်ခန့်)
    • သန့်ရှင်းသော ရေ ၁.၅ လီတာ
    ပြုလုပ်နည်း
    1. ပင်စိမ်းရွက်နဲ့ ဂျင်းတို့ကို ရေ ၁.၅ လီတာနဲ့အတူ အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။
    2. မွှေးကြိုင်တဲ့ရနံ့ သင်းသင်းလေး ရလာပြီဆိုရင် မီးလျှော့ပြီး ဆေးအာနိသင် အပြည့်အဝ ထွက်လာအောင် ခဏလေး ဆက်တည်ထားပေးပါ။
    သောက်သုံးပုံ
    • နွေးနွေးလေးကို တစ်နေ့ ၂ ကြိမ်၊ မနက်စာနဲ့ ညစာ စားပြီးတိုင်း ကော်ဖီခွက် ၁ ခွက်စာ ပမာဏကို တစ်ငုံချင်း စိမ့်ပြီး သောက်သုံးပေးနိုင်ပါတယ်။
    မျှော်လင့်နိုင်တဲ့ အကျိုးကျေးဇူးများ
    • သွေးလေစီးဆင်းမှုကို ကောင်းမွန်စေခြင်း။
    • လက်ဖျားခြေဖျား ထုံကျင်ခြင်းကို သက်သာစေခြင်း။
    • ရင်ပြည့်ရင်ကယ်၊ ဗိုက်အောင့် ဗိုက်နာခြင်းကို လျှော့ချပေးခြင်း။
    • အစာအိမ်အက်ဆစ် အထက်ဆန်ခြင်းသို့မဟုတ် အချွဲအကျိများခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
    ပင်စိမ်းနဲ့ ဂျင်းလို အိမ်မှာ အလွယ်တကူရတဲ့ ပစ္စည်းတွေဟာ ရှာရလွယ်ပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။ ပုံမှန်သောက်သုံးပေးခြင်းဖြင့် သဘာဝနည်းလမ်းနဲ့ ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်နိုင်ပါပြီ!
    #forevermmmedia #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပင်စိမ်း #ဂျင်း #သွေးလေမမှန်ခြင်း #လက်ဖျားခြေဖျားထုံကျင် #ရင်ပြည့်ရင်ကယ် #ရိုးရာဆေးနည်း
    သွေးလေစီးဆင်းမှု မကောင်းတာ၊ လက်ဖျားခြေဖျားတွေ မကြာခဏ ထုံကျင်တာ၊ ဒါမှမဟုတ် ရင်ဘတ်အလယ်မှာ အောင့်တာ၊ ကျပ်တာမျိုး ခံစားရတယ်ဆိုရင် အိမ်တွင်းဖြစ် သမားရိုးကျ ပင်စိမ်းနဲ့ ဂျင်းကို အသုံးပြုတဲ့ ဆေးဖက်ဝင်နည်းလမ်းလေးကို စမ်းကြည့်သင့်ပါတယ်။ ဒီနည်းလမ်းက ရိုးရှင်းပေမယ့် ထင်ထားတာထက် အစွမ်းထက်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းများ • ပင်စိမ်းရွက် အသစ် ၁ ဆုပ် • ဂျင်း (ချင်း) အဖတ် ၁၀ ချပ် (လက်မဝက်လောက် အရှည်ခန့်) • သန့်ရှင်းသော ရေ ၁.၅ လီတာ ပြုလုပ်နည်း 1. ပင်စိမ်းရွက်နဲ့ ဂျင်းတို့ကို ရေ ၁.၅ လီတာနဲ့အတူ အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ 2. မွှေးကြိုင်တဲ့ရနံ့ သင်းသင်းလေး ရလာပြီဆိုရင် မီးလျှော့ပြီး ဆေးအာနိသင် အပြည့်အဝ ထွက်လာအောင် ခဏလေး ဆက်တည်ထားပေးပါ။ သောက်သုံးပုံ • နွေးနွေးလေးကို တစ်နေ့ ၂ ကြိမ်၊ မနက်စာနဲ့ ညစာ စားပြီးတိုင်း ကော်ဖီခွက် ၁ ခွက်စာ ပမာဏကို တစ်ငုံချင်း စိမ့်ပြီး သောက်သုံးပေးနိုင်ပါတယ်။ မျှော်လင့်နိုင်တဲ့ အကျိုးကျေးဇူးများ • သွေးလေစီးဆင်းမှုကို ကောင်းမွန်စေခြင်း။ • လက်ဖျားခြေဖျား ထုံကျင်ခြင်းကို သက်သာစေခြင်း။ • ရင်ပြည့်ရင်ကယ်၊ ဗိုက်အောင့် ဗိုက်နာခြင်းကို လျှော့ချပေးခြင်း။ • အစာအိမ်အက်ဆစ် အထက်ဆန်ခြင်းသို့မဟုတ် အချွဲအကျိများခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ပင်စိမ်းနဲ့ ဂျင်းလို အိမ်မှာ အလွယ်တကူရတဲ့ ပစ္စည်းတွေဟာ ရှာရလွယ်ပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။ ပုံမှန်သောက်သုံးပေးခြင်းဖြင့် သဘာဝနည်းလမ်းနဲ့ ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်နိုင်ပါပြီ! 🌿💛 #forevermmmedia #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပင်စိမ်း #ဂျင်း #သွေးလေမမှန်ခြင်း #လက်ဖျားခြေဖျားထုံကျင် #ရင်ပြည့်ရင်ကယ် #ရိုးရာဆေးနည်း
    Care
    1
    ¡ 0 Comments ¡0 Shares ¡23 Views
  • ငြီးငွေ့နေပြီလား? မကြာခဏ ဖျားနာ၊ လွယ်လွယ်နဲ့ မောပန်း၊ ခန္ဓာကိုယ်စနစ်တွေ ယိုယွင်းနေပြီလား...
    သင့်ထမင်းပန်းကန်ထဲက "ခရမ်းကစော့သီး" လေးတွေကို ကြည့်လိုက်ပါ။ ဒီသေးငယ်တဲ့ အသီးလေးတွေက သင့်ကျန်းမာရေး စနစ်တစ်ခုလုံးကို ပြောင်းလဲပေးနိုင်ပါတယ်။

    သွေးတွင်းအဆီဓာတ်များပြီး နှလုံးရောဂါဖြစ်မှာစိုးရိမ်ရလား ?
    ခရမ်းကစော့သီးကို ပုံမှန်ဝါးစားပါ။ အဆီဓာတ်တွေကို ပျော်ဝင်စေပြီး ဖြစ်နိုင်ခြေ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

    သကြားဓာတ်များပြီး လွယ်လွယ်မောပန်းနေလား ?
    ခရမ်းကစော့သီးမှာ သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးတဲ့ အထူးဓာတ်တစ်မျိုး ပါဝင်ပါတယ်။

    ဘာစားစား အစာမကျေ၊ ဗိုက်ပြည့်၊ ဝမ်းချုပ်တာ ခံစားနေရလား ?
    ခရမ်းကစော့သီးမှာ အမျှင်ဓာတ် မြင့်မားတာကြောင့် အူလမ်းကြောင်းကို လှုပ်ရှားလွယ်စေပါတယ်။

    အစားအစာထဲက အဆိပ်အတောက်တွေ စိုးရိမ်ရလား ?
    ခရမ်းကစော့သီးက စွန့်ပစ်ပစ္စည်းတွေကို ဖမ်းယူပြီး အူတွေကို သဘာဝအတိုင်း ဆေးကြောပေးပါတယ်။

    ဆေးဝါးတွေ အများကြီးသောက်လို့ အသည်းအားနည်းနေလား ?
    အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီထောက်ပံ့ပေးပြီး ပြန်လည်ကောင်းမွန်လာအောင် ပြုစုပေးပါတယ်။

    အစာအိမ်အက်ဆစ် အထက်ဆန်တာ ခဏခဏ ဖြစ်နေလား ?
    ခရမ်းကစော့သီးပြုတ်ရည် နွေးနွေးလေး သောက်ပါ။ အစာအိမ်ကို အလွှာလိုက် ကာကွယ်ပေးလို့ အပူလောင်တာ သက်သာစေပါတယ်။

    မေ့တတ်လွယ်ပြီး အမှတ်မရှိဖြစ်နေလား ?
    ခရမ်းကစော့သီးက ဦးနှောက်ကို သွေးရောက်ရှိမှုကို လှုံ့ဆော်ပေးပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

    သွေးပေါင်ချိန် တက်လိုက်ကျလိုက် ဖြစ်နေလား ?
    သွေးပေါင်ချိန်ကို မျှတအောင် ချိန်ညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    ချောင်းခြောက်၊ သလိပ်ပါတဲ့ ချောင်းဆိုး မပျောက်နိုင်ဘူးလား ?
    ခရမ်းကစော့သီးက သလိပ်တွေကို ဖယ်ရှားပေးပြီး လည်ချောင်းထဲက အကျိအချွဲတွေကို ပျော်ဝင်စေပါတယ်။

    အစာမျိုချရင် လည်ချောင်းနာနေလား ?
    ခရမ်းကစော့သီးပြုတ်ရည် နွေးနွေးက လည်ချောင်းကို စိုစွတ်စေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။

    ဗိုက်ပွ၊ လေပွပြီး လေချဉ်တက်နေလား ?
    လေကောင်းကောင်း ထုတ်ပေးနိုင်ပါတယ်။ အစိမ်းလိုက် စားရုံနဲ့တင် အထောက်အကူပြုပါတယ်။

    ညဘက် မှုန်ဝါးဝါးနဲ့ မျက်စိမကြည်ဘူးလား ?
    ခရမ်းကစော့သီးထဲက ဗီတာမင်အေက အမြင်အာရုံကို အားဖြည့်ပေးပါတယ်။

    အအေးမိလွယ်ပြီး ရာသီဥတုပြောင်းတိုင်း မလွတ်ဘူးလား ?
    အာဟာရဖြည့်ဆေး သောက်စရာမလိုဘဲ သဘာဝအတိုင်း ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

    အိပ်ရာကနိုးရင် အဆစ်နာ၊ အဆစ်ရောင်တာ ခံစားရလား ?
    ရောင်ရမ်းမှုကို ကောင်းစွာ ဆန့်ကျင်ပေးနိုင်ပြီး အဆစ်တွေကို ပျော့ပြောင်းစေပါတယ်။

    အစားအစာ မသန့်လို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေလား ?
    ခရမ်းကစော့သီးက အူလမ်းကြောင်းထဲက ပိုးမွှားတွေကို သ'တ်ပေးပြီး ဝမ်းလျှောတာကို လျှင်မြန်စွာ လျှော့ချပေးနိုင်ပါတယ်။

    သွားပိုးစားလွယ်ပြီး ပါးစပ်နံ့ပြင်းနေလား ?
    ပါးစပ်ထဲက ပိုးမွှားတွေကို လျှော့ချပေးပြီး သွားတွေကို ခိုင်မာ၊ သွားဖုံးတွေကို ကျန်းမာစေပါတယ်။

    ကလေးမွေးပြီး မိခင်တွေ မောပန်းလွယ်ပြီး ပြန်နာလန်ထူဖို့ ခက်နေလား ?
    သားအိမ်ကို အားဖြည့်ပေးပြီး အတွင်းကနေ ခွန်အားကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

    လက်တွေခြေတွေ အေးစက်ပြီး သွေးခုန်နှုန်း နှေးနေလား ?
    သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စွာ ပြန်လည်လုပ်ဆောင်နိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။

    ဒီသေးငယ်တဲ့ အသီးလေးက ဒီလိုလေးနက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်
    ခရမ်းကစော့သီးကို နေ့စဉ်စားသုံးဖို့ မမေ့ပါနဲ့နော် !

    ကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    MON SOUNG
    #MONSOUNG
    ငြီးငွေ့နေပြီလား? မကြာခဏ ဖျားနာ၊ လွယ်လွယ်နဲ့ မောပန်း၊ ခန္ဓာကိုယ်စနစ်တွေ ယိုယွင်းနေပြီလား... သင့်ထမင်းပန်းကန်ထဲက "ခရမ်းကစော့သီး" လေးတွေကို ကြည့်လိုက်ပါ။ ဒီသေးငယ်တဲ့ အသီးလေးတွေက သင့်ကျန်းမာရေး စနစ်တစ်ခုလုံးကို ပြောင်းလဲပေးနိုင်ပါတယ်။ 👉 သွေးတွင်းအဆီဓာတ်များပြီး နှလုံးရောဂါဖြစ်မှာစိုးရိမ်ရလား ? ခရမ်းကစော့သီးကို ပုံမှန်ဝါးစားပါ။ အဆီဓာတ်တွေကို ပျော်ဝင်စေပြီး ဖြစ်နိုင်ခြေ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ 👉 သကြားဓာတ်များပြီး လွယ်လွယ်မောပန်းနေလား ? ခရမ်းကစော့သီးမှာ သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးတဲ့ အထူးဓာတ်တစ်မျိုး ပါဝင်ပါတယ်။ 👉 ဘာစားစား အစာမကျေ၊ ဗိုက်ပြည့်၊ ဝမ်းချုပ်တာ ခံစားနေရလား ? ခရမ်းကစော့သီးမှာ အမျှင်ဓာတ် မြင့်မားတာကြောင့် အူလမ်းကြောင်းကို လှုပ်ရှားလွယ်စေပါတယ်။ 👉 အစားအစာထဲက အဆိပ်အတောက်တွေ စိုးရိမ်ရလား ? ခရမ်းကစော့သီးက စွန့်ပစ်ပစ္စည်းတွေကို ဖမ်းယူပြီး အူတွေကို သဘာဝအတိုင်း ဆေးကြောပေးပါတယ်။ 👉 ဆေးဝါးတွေ အများကြီးသောက်လို့ အသည်းအားနည်းနေလား ? အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီထောက်ပံ့ပေးပြီး ပြန်လည်ကောင်းမွန်လာအောင် ပြုစုပေးပါတယ်။ 👉 အစာအိမ်အက်ဆစ် အထက်ဆန်တာ ခဏခဏ ဖြစ်နေလား ? ခရမ်းကစော့သီးပြုတ်ရည် နွေးနွေးလေး သောက်ပါ။ အစာအိမ်ကို အလွှာလိုက် ကာကွယ်ပေးလို့ အပူလောင်တာ သက်သာစေပါတယ်။ 👉 မေ့တတ်လွယ်ပြီး အမှတ်မရှိဖြစ်နေလား ? ခရမ်းကစော့သီးက ဦးနှောက်ကို သွေးရောက်ရှိမှုကို လှုံ့ဆော်ပေးပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ 👉 သွေးပေါင်ချိန် တက်လိုက်ကျလိုက် ဖြစ်နေလား ? သွေးပေါင်ချိန်ကို မျှတအောင် ချိန်ညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ 👉 ချောင်းခြောက်၊ သလိပ်ပါတဲ့ ချောင်းဆိုး မပျောက်နိုင်ဘူးလား ? ခရမ်းကစော့သီးက သလိပ်တွေကို ဖယ်ရှားပေးပြီး လည်ချောင်းထဲက အကျိအချွဲတွေကို ပျော်ဝင်စေပါတယ်။ 👉 အစာမျိုချရင် လည်ချောင်းနာနေလား ? ခရမ်းကစော့သီးပြုတ်ရည် နွေးနွေးက လည်ချောင်းကို စိုစွတ်စေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ 👉 ဗိုက်ပွ၊ လေပွပြီး လေချဉ်တက်နေလား ? လေကောင်းကောင်း ထုတ်ပေးနိုင်ပါတယ်။ အစိမ်းလိုက် စားရုံနဲ့တင် အထောက်အကူပြုပါတယ်။ 👉 ညဘက် မှုန်ဝါးဝါးနဲ့ မျက်စိမကြည်ဘူးလား ? ခရမ်းကစော့သီးထဲက ဗီတာမင်အေက အမြင်အာရုံကို အားဖြည့်ပေးပါတယ်။ 👉 အအေးမိလွယ်ပြီး ရာသီဥတုပြောင်းတိုင်း မလွတ်ဘူးလား ? အာဟာရဖြည့်ဆေး သောက်စရာမလိုဘဲ သဘာဝအတိုင်း ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ 👉 အိပ်ရာကနိုးရင် အဆစ်နာ၊ အဆစ်ရောင်တာ ခံစားရလား ? ရောင်ရမ်းမှုကို ကောင်းစွာ ဆန့်ကျင်ပေးနိုင်ပြီး အဆစ်တွေကို ပျော့ပြောင်းစေပါတယ်။ 👉 အစားအစာ မသန့်လို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေလား ? ခရမ်းကစော့သီးက အူလမ်းကြောင်းထဲက ပိုးမွှားတွေကို သ'တ်ပေးပြီး ဝမ်းလျှောတာကို လျှင်မြန်စွာ လျှော့ချပေးနိုင်ပါတယ်။ 👉 သွားပိုးစားလွယ်ပြီး ပါးစပ်နံ့ပြင်းနေလား ? ပါးစပ်ထဲက ပိုးမွှားတွေကို လျှော့ချပေးပြီး သွားတွေကို ခိုင်မာ၊ သွားဖုံးတွေကို ကျန်းမာစေပါတယ်။ 👉 ကလေးမွေးပြီး မိခင်တွေ မောပန်းလွယ်ပြီး ပြန်နာလန်ထူဖို့ ခက်နေလား ? သားအိမ်ကို အားဖြည့်ပေးပြီး အတွင်းကနေ ခွန်အားကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ 👉 လက်တွေခြေတွေ အေးစက်ပြီး သွေးခုန်နှုန်း နှေးနေလား ? သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စွာ ပြန်လည်လုပ်ဆောင်နိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီသေးငယ်တဲ့ အသီးလေးက ဒီလိုလေးနက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် ခရမ်းကစော့သီးကို နေ့စဉ်စားသုံးဖို့ မမေ့ပါနဲ့နော် ! 💚 ကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 MON SOUNG #MONSOUNG
    Care
    1
    ¡ 0 Comments ¡0 Shares ¡33 Views
  • အကြွေးကင်းတဲ့ ဘဝဖြစ်အောင် ကြိုးစားပါ
    -----------------------------------
    စိတ်ပင်ပန်းတာကို မခံချင်ရင်တော့
    ဘယ်သူ့ အပေါ်မှာမှ
    ဘာမျှော်လင့်ချက်မှ မထားပဲနဲ့
    အမှီအခိုကင်းပြီး
    တကိုယ်တည်း ရှင်သန်တောက်ပ နိုင်အောင်
    ကြိုးစားရပါမယ်။

    လူပင်ပန်းတာကို မခံချင်ရင်တော့
    ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို
    ဦးနှောက်ဉာဏ်ကို ပါးပါးလေး လွှာပြီး
    သုံးတတ်မှ ရမယ်။

    ဆင်းရဲတဲ့ဒဏ်ကို မခံချင်ရင်တော့
    ဝင်ငွေနဲ့ ထွက်ငွေကို
    အချိုးကျ မျှတစွာ သုံးစွဲ တတ်ဖို့နဲ့
    ဝင်ငွေကို ပိုနိုင်သမျှ ပိုပါစေ
    ထွက်ငွေကို တတ်နိုင်သမျှ လျှော့နိုင်ရမယ်။

    အသုံးနဲ့ အဖြုန်းကိုလည်း ခွဲခြားတတ်ရမယ်။
    အရမ်းကြီး မလိုအပ်ရင် မဝယ်ပါနဲ့။
    မိမိရဲ့ ပစ္စည်းတွေကိုလည်း စည်းနဲ့ကမ်းနဲ့
    ကိုင်တွယ်တတ်ရမယ် ဒါမှရေရှည် ခံမှာပါ။
    ဒါက ချွေတာခြင်းတစ်မျိုးပဲ။

    သူများအကြွေး မတင်အောင်
    နေတတ်ဖို့လည်း အရေးကြီးပါတယ်။
    အကြွေးကင်းတဲ့ ဘဝကို ပိုင်ဆိုင်နေရင်ပဲ
    အတော်လေးကို အဆင်ပြေနေပါပြီ။

    ကိုယ်ချင်းစာတရား ထားရှိခြင်းက
    ကိုယ့်အတွက်ရော တပါးသူအတွက်ပါ
    စိတ်နှလုံး ချမ်းမြေ့ခြင်းကို ရရှိစေမှာပါ.............။
    အကြွေးကင်းတဲ့ ဘဝဖြစ်အောင် ကြိုးစားပါ ----------------------------------- စိတ်ပင်ပန်းတာကို မခံချင်ရင်တော့ ဘယ်သူ့ အပေါ်မှာမှ ဘာမျှော်လင့်ချက်မှ မထားပဲနဲ့ အမှီအခိုကင်းပြီး တကိုယ်တည်း ရှင်သန်တောက်ပ နိုင်အောင် ကြိုးစားရပါမယ်။ လူပင်ပန်းတာကို မခံချင်ရင်တော့ ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို ဦးနှောက်ဉာဏ်ကို ပါးပါးလေး လွှာပြီး သုံးတတ်မှ ရမယ်။ ဆင်းရဲတဲ့ဒဏ်ကို မခံချင်ရင်တော့ ဝင်ငွေနဲ့ ထွက်ငွေကို အချိုးကျ မျှတစွာ သုံးစွဲ တတ်ဖို့နဲ့ ဝင်ငွေကို ပိုနိုင်သမျှ ပိုပါစေ ထွက်ငွေကို တတ်နိုင်သမျှ လျှော့နိုင်ရမယ်။ အသုံးနဲ့ အဖြုန်းကိုလည်း ခွဲခြားတတ်ရမယ်။ အရမ်းကြီး မလိုအပ်ရင် မဝယ်ပါနဲ့။ မိမိရဲ့ ပစ္စည်းတွေကိုလည်း စည်းနဲ့ကမ်းနဲ့ ကိုင်တွယ်တတ်ရမယ် ဒါမှရေရှည် ခံမှာပါ။ ဒါက ချွေတာခြင်းတစ်မျိုးပဲ။ သူများအကြွေး မတင်အောင် နေတတ်ဖို့လည်း အရေးကြီးပါတယ်။ အကြွေးကင်းတဲ့ ဘဝကို ပိုင်ဆိုင်နေရင်ပဲ အတော်လေးကို အဆင်ပြေနေပါပြီ။ ကိုယ်ချင်းစာတရား ထားရှိခြင်းက ကိုယ့်အတွက်ရော တပါးသူအတွက်ပါ စိတ်နှလုံး ချမ်းမြေ့ခြင်းကို ရရှိစေမှာပါ.............။
    Love
    1
    ¡ 0 Comments ¡0 Shares ¡92 Views
  • တကယ်လုပ်လို့ တကယ်မပျောက်ရင်....
    ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။

    ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို
    စေတနာမှန်း မသိနိုင်တဲ့အထိ ...
    သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး
    ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။

    တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့...
    ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့
    လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး
    ပြောပြတာကိုတောင် ...
    ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။

    ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။
    ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ
    ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို...

    အပေါ်မှာပြောခဲ့သလို...
    ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ...
    ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်...
    မလုပ်ပါနဲ့ မောင်လင်းရာ ....
    အလကားနေ အလကား သေသွားမှဖြင့် ..
    သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ...
    လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ...
    ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့....

    အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့...
    ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ...
    ဟုတ်ပါပြီ ငါ့ အမရယ်...
    ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။
    အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။

    သည်းချေ ကျောက်တည်တဲ့ဝေဒနာက
    အတော်ခံစားရခက်ပါတယ်ဗျ။
    တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး..
    အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။

    အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့...
    ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။
    ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ
    ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး...
    သူ့အမျိုးသားက လာမေးတာကြောင့်...
    ရှိပါတယ်။

    သည်းချေ မှာ ကျောက်တည်သော်၎င်း
    ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း
    ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း...
    တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။
    လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး
    ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။
    ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။
    ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်...
    ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။
    ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး..
    ရှင်းပြလိုက်တာ...

    ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့...
    မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်...
    တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ...

    ကဲ ....
    မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး...
    ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..?
    သက်သာပျောက်ကင်းမယ်လို့ရော..
    ယုံကြည်ပါသလား...

    အမစန်းစန်းမြင့်ကတော့....
    ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည်
    ဝယ်ပြီး အိမ်အထိ လာပို့သွားသလို...
    ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း
    ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့
    ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။

    ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။

    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)
    #crd_to_owner_with_respect
    #alinthitmedia
    တကယ်လုပ်လို့ တကယ်မပျောက်ရင်.... ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။ ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို စေတနာမှန်း မသိနိုင်တဲ့အထိ ... သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။ တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့... ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့ လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး ပြောပြတာကိုတောင် ... ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။ ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။ ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို... အပေါ်မှာပြောခဲ့သလို... ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ... ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်... မလုပ်ပါနဲ့ မောင်လင်းရာ .... အလကားနေ အလကား သေသွားမှဖြင့် .. သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ... လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ... ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့.... အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့... ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ... ဟုတ်ပါပြီ ငါ့ အမရယ်... ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။ အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။ သည်းချေ ကျောက်တည်တဲ့ဝေဒနာက အတော်ခံစားရခက်ပါတယ်ဗျ။ တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး.. အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။ အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့... ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။ ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး... သူ့အမျိုးသားက လာမေးတာကြောင့်... ရှိပါတယ်။ သည်းချေ မှာ ကျောက်တည်သော်၎င်း ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း... တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။ လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။ ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။ ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်... ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။ ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး.. ရှင်းပြလိုက်တာ... ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့... မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်... တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ... ကဲ .... မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး... ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..? သက်သာပျောက်ကင်းမယ်လို့ရော.. ယုံကြည်ပါသလား... အမစန်းစန်းမြင့်ကတော့.... ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည် ဝယ်ပြီး အိမ်အထိ လာပို့သွားသလို... ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့ ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။ ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။ ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ) #crd_to_owner_with_respect #alinthitmedia
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡141 Views
  • ငယ်ငယ်ကလောက် ***ဉာဏ်မကောင်းတော့ဘူး၊ ခုတလော ခဏခဏ မေ့တတ်လာတယ်***ဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့နော်။

    ဦးနှောက်ဆိုတာ ဓားတစ်လက်လိုပါပဲ။ သွေးလေလေ ထက်လေလေမို့ ပြန်လည်သွေးယူလို့ ရပါတယ်။ ကိုယ့်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေ ပြန်ကောင်းလာဖို့ ဒီနည်းလမ်း (၅) ခုကို ပုံမှန်လေး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

    (၁) တရားထိုင်ပါ
    *******************
    တရားထိုင်တာက စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။ နေ့စဉ် ပုံမှန်လေး တရားထိုင်ပေးတာက မှတ်ဉာဏ်စွမ်းရည်ကို သိသိသာသာ မြင့်တက်လာစေမှာပါ။

    (၂) ချရေးပါ၊ မှတ်စုထုတ်ပါ
    ***************************
    "နှစ်ထပ်ရှိမှ မှတ်မိတယ်" ဆိုတဲ့ စကားလိုပါပဲ။ ခေါင်းထဲမှာပဲ မှတ်ထားမယ့်အစား စာအုပ်ထဲမှာ ချရေးလိုက်တာက ဦးနှောက်ကို ပိုစွဲမြဲစေပါတယ်။ မေ့သွားရင်လည်း ပြန်လှန်ကြည့်လိုက်ရုံပဲလေ။

    (၃) အိပ်ချိန်၊ ထချိန် မှန်ပါစေ
    ******************************
    ဦးနှောက်က ညဘက် လူအိပ်ပျော်နေတဲ့အချိန်မှာ အလုပ်လုပ်ပါတယ်။ မလိုအပ်တဲ့ အချက်အလက်တွေကို ဖျက်၊ လိုအပ်တာတွေကို သိမ်းဆည်းပြီး ဦးနှောက်ကို ‘သန့်ရှင်းရေး’ လုပ်တာပါ။ ဒါကြောင့် ညဘက်တွေမှာ ပြည့်ဝစွာ အိပ်စက်ဖို့ လိုပါတယ်။

    (၄) လေ့လာမှုတွေ မရပ်လိုက်ပါနဲ့
    **********************
    စက်ပစ္စည်းတွေတောင် မသုံးဘဲ ပစ်ထားရင် သံချေးတက်သွားသလို ဦးနှောက်ကလည်း မသုံးရင် လေးလံသွားတတ်ပါတယ်။ စာဖတ်ပါ၊ အသစ်အဆန်းတွေ လေ့လာပါ။ ဦးနှောက်ကို အမြဲတမ်း Active ဖြစ်နေအောင် ထားပါ။

    (၅) စိတ်ဖိစီးမှုတွေ လျှော့ချပါ
    ****************************
    Stress များလာရင် ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပြီး နေထိုင်တာက မှတ်ဉာဏ်အတွက် အကောင်းဆုံး ဆေးတစ်လက်ပါပဲ။

    ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ အကျင့်လုပ်ပြီး လိုက်နာကြည့်မယ်ဆိုရင် ဉာဏ်ကောင်းပြီး ထက်မြက်တဲ့သူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲနော်။

    သူငယ်ချင်းတွေလည်း သိရအောင် ဒီ Post လေးကို Share ပေးသွားပါဦး။

    Family Cooking
    ++++++++++++++++
    #ဆေးနည်း #ကျန်းမာရေး #familycooking #မေ့ #ခဏခဏ
    ငယ်ငယ်ကလောက် ***ဉာဏ်မကောင်းတော့ဘူး၊ ခုတလော ခဏခဏ မေ့တတ်လာတယ်***ဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့နော်။ 🤗 ဦးနှောက်ဆိုတာ ဓားတစ်လက်လိုပါပဲ။ သွေးလေလေ ထက်လေလေမို့ ပြန်လည်သွေးယူလို့ ရပါတယ်။ ကိုယ့်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေ ပြန်ကောင်းလာဖို့ ဒီနည်းလမ်း (၅) ခုကို ပုံမှန်လေး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 👇 (၁) တရားထိုင်ပါ 🧘‍♀️ ******************* တရားထိုင်တာက စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။ နေ့စဉ် ပုံမှန်လေး တရားထိုင်ပေးတာက မှတ်ဉာဏ်စွမ်းရည်ကို သိသိသာသာ မြင့်တက်လာစေမှာပါ။ (၂) ချရေးပါ၊ မှတ်စုထုတ်ပါ ✍️ *************************** "နှစ်ထပ်ရှိမှ မှတ်မိတယ်" ဆိုတဲ့ စကားလိုပါပဲ။ ခေါင်းထဲမှာပဲ မှတ်ထားမယ့်အစား စာအုပ်ထဲမှာ ချရေးလိုက်တာက ဦးနှောက်ကို ပိုစွဲမြဲစေပါတယ်။ မေ့သွားရင်လည်း ပြန်လှန်ကြည့်လိုက်ရုံပဲလေ။ (၃) အိပ်ချိန်၊ ထချိန် မှန်ပါစေ ⏰ ****************************** ဦးနှောက်က ညဘက် လူအိပ်ပျော်နေတဲ့အချိန်မှာ အလုပ်လုပ်ပါတယ်။ မလိုအပ်တဲ့ အချက်အလက်တွေကို ဖျက်၊ လိုအပ်တာတွေကို သိမ်းဆည်းပြီး ဦးနှောက်ကို ‘သန့်ရှင်းရေး’ လုပ်တာပါ။ ဒါကြောင့် ညဘက်တွေမှာ ပြည့်ဝစွာ အိပ်စက်ဖို့ လိုပါတယ်။ (၄) လေ့လာမှုတွေ မရပ်လိုက်ပါနဲ့ 📚 ********************** စက်ပစ္စည်းတွေတောင် မသုံးဘဲ ပစ်ထားရင် သံချေးတက်သွားသလို ဦးနှောက်ကလည်း မသုံးရင် လေးလံသွားတတ်ပါတယ်။ စာဖတ်ပါ၊ အသစ်အဆန်းတွေ လေ့လာပါ။ ဦးနှောက်ကို အမြဲတမ်း Active ဖြစ်နေအောင် ထားပါ။ (၅) စိတ်ဖိစီးမှုတွေ လျှော့ချပါ 💆‍♂️ **************************** Stress များလာရင် ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပြီး နေထိုင်တာက မှတ်ဉာဏ်အတွက် အကောင်းဆုံး ဆေးတစ်လက်ပါပဲ။ ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ အကျင့်လုပ်ပြီး လိုက်နာကြည့်မယ်ဆိုရင် ဉာဏ်ကောင်းပြီး ထက်မြက်တဲ့သူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲနော်။ 💪✨ သူငယ်ချင်းတွေလည်း သိရအောင် ဒီ Post လေးကို Share ပေးသွားပါဦး။ Family Cooking ++++++++++++++++ #ဆေးနည်း #ကျန်းမာရေး #familycooking #မေ့ #ခဏခဏ
    Like
    1
    ¡ 0 Comments ¡0 Shares ¡133 Views
  • #အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ်ကနေ
    လမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး
    ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။

    #လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့တပည့်မျိုးနဲ့ကြုံဖူးတယ်။

    #တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့် တပည့်မျိုးလည်း ကြုံဖူးတယ်။

    #ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာဆီချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်းကြုံဖူးခဲ့တယ်။

    #အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့လေးတွေအတွက် ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိက ပေးပြီး ကြိုးစားခဲ့မိတယ်။

    #အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။
    #ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ ဘဝကိုရုန်းကန်နေတဲ့တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။

    #တစ်ချို့ဆယ်တန်းအောင်တပည့်တွေက ကိုယ့်ကိုနှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။

    #ဂုဏ်ထူးရဖို့ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။

    #လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။

    #ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။
    #ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။

    #အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့တပည့်လေးတွေက ဂုဏ်ငယ်စရာတွေပေးသလိုဖြစ်နေခဲ့တယ်။

    #အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။
    စိတ်ဓာတ်လေးတွေကိုပြင်ပေးဖို့ထက် ကျက်ထား၊ တွက်ထားတဲ့စာအမှားတွေကိုပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။
    လူ့ဘောင်စည်းမျဉ်းနဲ့အညီနေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။

    #တက္ကသိုလ်မှာအပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲသင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ်ထိန်းနည်းတွေမသင်ပေးခဲ့မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။

    #ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စိတ်ကမ်းကောင်းရင် ထိပ်ဆုံးရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမိကြိမ်ဆွံ့အ ခဲ့မိတယ်။

    #တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေဖြစ်နေတော့ စိတ်ဓာတ်နဲ့စည်းကမ်းပိုင်းကို တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။

    #စာရိတ္တအချိန်တိုင်း physics စာအုပ်ယူခိုင်းတုန်းကယူခိုင်းပြီးမှ ကျွန်တော်တပည့်တွေထဲက တစ်ချို့က ဆရာတွေကို နှုတ်ဆက်ဖော်တော်မရဘူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။

    #ကာယအချိန်အတိုင်းအင်္ဂလိပ်စာတွေသင်ပေးခဲ့ပြီးမှ နောက်လာတဲ့ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။

    #ပန်ချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုးတွန်းတိုက်သင်တုန်းကသင်ပြီးမှ ခေတ်ကလေးတွေ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့အကြောင်း အာမချောင်ချင်တော့ဘူး။

    #ဘဝချိန်မှာ ဘာသင်ရတာလဲတောင် မသိတဲ့ ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။

    #အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူးတကလာသင်ပေးနေရင်ရော ဘယ်သူက အလေးထားပါ့မလဲ။

    #ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။

    #အစွယ်လိုသူရယ် အသွားစေခိုင်းသူရယ်
    #လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲလျှောက်လာတာပဲလေ။

    #ပညာတော်ပေမယ့် စိတ်ဓာတ်ပျက်လာတဲ့တပည့်တွေနဲ့စည်ကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါတစ်ယောက်ဖြစ်ခဲ့သလို ခံစားမိရင်း.......။

    crd

    #Credit:......
    #အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ်ကနေ လမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။ #လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့တပည့်မျိုးနဲ့ကြုံဖူးတယ်။ #တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့် တပည့်မျိုးလည်း ကြုံဖူးတယ်။ #ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာဆီချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်းကြုံဖူးခဲ့တယ်။ #အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့လေးတွေအတွက် ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိက ပေးပြီး ကြိုးစားခဲ့မိတယ်။ #အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။ #ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ ဘဝကိုရုန်းကန်နေတဲ့တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။ #တစ်ချို့ဆယ်တန်းအောင်တပည့်တွေက ကိုယ့်ကိုနှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။ #ဂုဏ်ထူးရဖို့ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။ #လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။ #ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။ #ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။ #အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့တပည့်လေးတွေက ဂုဏ်ငယ်စရာတွေပေးသလိုဖြစ်နေခဲ့တယ်။ #အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။ စိတ်ဓာတ်လေးတွေကိုပြင်ပေးဖို့ထက် ကျက်ထား၊ တွက်ထားတဲ့စာအမှားတွေကိုပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။ လူ့ဘောင်စည်းမျဉ်းနဲ့အညီနေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။ #တက္ကသိုလ်မှာအပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲသင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ်ထိန်းနည်းတွေမသင်ပေးခဲ့မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။ #ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စိတ်ကမ်းကောင်းရင် ထိပ်ဆုံးရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမိကြိမ်ဆွံ့အ ခဲ့မိတယ်။ #တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေဖြစ်နေတော့ စိတ်ဓာတ်နဲ့စည်းကမ်းပိုင်းကို တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။ #စာရိတ္တအချိန်တိုင်း physics စာအုပ်ယူခိုင်းတုန်းကယူခိုင်းပြီးမှ ကျွန်တော်တပည့်တွေထဲက တစ်ချို့က ဆရာတွေကို နှုတ်ဆက်ဖော်တော်မရဘူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။ #ကာယအချိန်အတိုင်းအင်္ဂလိပ်စာတွေသင်ပေးခဲ့ပြီးမှ နောက်လာတဲ့ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။ #ပန်ချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုးတွန်းတိုက်သင်တုန်းကသင်ပြီးမှ ခေတ်ကလေးတွေ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့အကြောင်း အာမချောင်ချင်တော့ဘူး။ #ဘဝချိန်မှာ ဘာသင်ရတာလဲတောင် မသိတဲ့ ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။ #အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူးတကလာသင်ပေးနေရင်ရော ဘယ်သူက အလေးထားပါ့မလဲ။ #ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။ #အစွယ်လိုသူရယ် အသွားစေခိုင်းသူရယ် #လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲလျှောက်လာတာပဲလေ။ #ပညာတော်ပေမယ့် စိတ်ဓာတ်ပျက်လာတဲ့တပည့်တွေနဲ့စည်ကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါတစ်ယောက်ဖြစ်ခဲ့သလို ခံစားမိရင်း.......။ crd #Credit:......
    Like
    1
    ¡ 0 Comments ¡0 Shares ¡157 Views
  • အိမ်တိုင်းအိမ်တိုင်းမှာ မုရိုးပင် တပင်လောက်တော့
    စိုက်ထားသင့်တဲ့ အကြောင်းအရင်း

    အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။ အသီးက စိမ်တစ်လုံး သရက်လို ပုံသဏ္ဌာန်ရှိတယ်။

    ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ် ကျွဲမရိုးလည်း ခေါ်တယ် တောင်မရိုးပင်လည်း ခေါ်တယ်။ အညာဒေသမှာတော့

    မရိုးပင်လို့ ခေါ်ပါတယ်။ ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။ ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ ငဖြူ ကြီးပင်လို့လည်းခေါ်ပါတယ်။ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။

    ဆေးနည်းများ

    (၁) ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။ ပြီးတော့ အရွက်ကို မီးကင်ပြီး ၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို ပျောက်ပါတယ်။

    (၂) လေးဘက်နာပျောက်တယ် အပင်ရော အမြစ်ပါမကျန်နူတ်ပြီး အိုးထဲမှာထည့် အပေါ်ကနေ ဆေးရွက်ကြီးအုပ် ရေထည့်ပြုတ်ပါ။ အဲဒီရေကို ချိုးပေးပါ။ နောက်တနည်းကတော့ မရိုး အမြစ်နဲ့ ဆန်ဆေးရည် သွေးပြီး လိမ်းရင်လည်း အဆစ်အမြစ်ရောင် လေးဖက်နာ ပျောက်ပါတယ်။

    (၃) ခြေထောက်ခေါက်လဲလို့ မျက်သွားပြီး ယောင်ကိုင်းနေရင် မုရိုးစေးကို အသာလေး ပွတ်လိမ်းပေးပြီး အရွက်ကို မီးကင် လက်လေးနဲ့ အသာလေးချေ အပြန့်လိုက် ကပ်ပြီး ပိတ်စနဲ့ စည်းထားလိုက်ပါ။

    (၄) ကြွက်နို့ကိုဖြတ်ပြီး အစေးနဲ့ တို့ထားရင် အမြစ်ပါ စားပြီး ကျင်းခွက်လို ဖြစ်သွားတယ်။ ပြီးတော့ ပျောက်သွားတယ်။ ငါးမျက်စိ ပေါက်နေသူများ မုရိုးရွက်ကို ချိုးလိုက်တဲ့အခါ ထွက်လာသော အစေးနဲ့ ခဏခဏ တို့ပေးပါ။ အလိုလို ထွက်ကျလာမည်။

    (၅) ခြေထောက်မှာ ဝတ်ဆံတည်တာကို ခြေပူနာလို့ ခေါ်ပါသည်။ ကြက်ဆူး ထည့်သွားပြီဆိုရင် ခဲနင်းမိပါက အမလေး တ ရတဲ့ အနာပါ။ အနာထိပ်ကို ဓားနှင့် လှီးပြီး အစေးကို သုတ်လိမ်းပေးပါက ပျောက်ပါသည်။

    (၆) အမျိုးသမီးများ သားအိမ်အတွင်း သွေးလုံး လေလုံးဖြစ်ခဲ့ပါလျှင် မုရိုး၅ပွင့်ကို နှမ်းဆီနှင့်ကြော်စား၊ ဝမ်းဗိုက်ကို မုရိုးစေးနှင့် ဆနွင်းမှုန့် ဆတူရောစပ် လိမ်းပေးပါက တဖြည်းဖြည်း

    သေးငယ်ပြီး သက်သာပျောက်ကင်းစေပါတယ်။ ဓမ္မတာမမှန်တာ သွေးမပေါ်တာဆိုရင် အရည်ညှစ်ပြီး နှစ်ခေါင်းထဲကို တစ်စက်ဆီ ထဲ့ပေးပါ။ သွေးချက်ချင်း ဆင်းပါတယ်။

    (၇)ပန်းနာ ရင်ကြပ် ရောဂါ ပျောက်ပါတယ်

    မရိုးပင်ကို ၃လက်မ လောက်ဖြတ်ပြီး နေလှမ်းပါ။ ခြောက်သွေ့တဲ့အခါ မီးရှို့ပြာချပါ။ ပြာကို ရေစိမ် မွှေပေးပြီး အနယ်ထိုင်ရင် အရေကြည်ကို ဆားချက်ပါ။ မုရိုးကြီးရုက္ခမူ ဆားရမယ်။ အဲဒီဆား တစ်ပဲသားကို ပျားရည် တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ပါ။

    (၈) ဆူး စူးပြီး ဆူးကိုထွင်လို့ မရတဲ့အခါ ဒီအပင်ရဲ့အစေးကို ထည့်လိုက်ပါ။ နာရီ အနည်းငယ်ကြာတဲ့အခါ ဆူးက သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။ ဆူး စူးပြီး အနာဝ ပိတ်သွားလို့ ဆူးကျန်ပြီး အထဲက နာနေလျှင်လည်း အနာဝကို ဖွင့်ပြီး အစေးချ အရွက်မီးကင် ကပ်လိုက်တာ ညောင့်ထွက်လာပါတယ်။

    ခြေထောက်မှာ ဆူးစူးလို့ ရှာမရဖြစ်နေရင် အစေးကို အနာဝပေါ် တို့ပြီး အရွက်ကို မီးကင်ကပ်ရင် ဆူးထွက်ပါတယ်။ ပတ်တီးဖွဖွလေး စည်းထားရင်လည်း အဆင်ပြေပါတယ်။

    ကန္တာရဆူး စူးပြီး တော်တော်နာနေတာ အပ်နဲ့ကော်ထုတ်လဲ မရပါ။ အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ ကပ်လိုက်တာ နောက်နေ့ အနာကိုညှစ်လိုက်တော့ ဆူးပါသွားတယ်။

    (၉) ချောင်းဆိုး တီဘီ အဆုတ်နာ မုရိုးရွက် တစ်ရွက်၊ ကွမ်းရွက်တစ်ရွက်၊ ဆားအနည်းငယ် ထည့်ပြီး ပြာချပါ။ အဲဒီပြာကို လျှက်ဆားလို တစ်နေ့ အနည်းငယ် လျှက်ပေး ပါ ပျောက်ပါတယ်။

    (၁၀) အနာစိမ်း မွှေးကျွတ်နာ အနာလုံးများပေါက်ရင် အနာပေါ်မှာ အရွက်ကို မီးလေးပြပြီး ကပ်ထားပါက အလျှင်အမြန် ပျောက်ကင်းပါသည်။

    (၁၀) ထိပ်ကပ်နာခေါ်တဲ့ နှာပိတ်ရောဂါကို မရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲ ထည့်ပေးပြီး ၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များ ထွက်လာကာ သက်သာ-ပျောက်ကင်းပါသည်။ ထိတ်ခတ်နာကို အရွက်ကိုနေလှန်း ဆေးလိပ်လိုလိပ်၍ မီးရှို့ပြီး ရှူပါ။

    ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်။ ထိပ်ကပ်နာ နားခေါင်းယားလျှင် အရွက်ကို ချေပြီး ရှူပေးပါ။ မရိုးရွက်ကို အခြောက်လှမ်း ဆေးလိပ်တွင် ထည့်ကာ မီးခိုးကို ရှူပါက

    နှာရည်များကျကာ ပွင့်သွားပါသည်။ တစ်သက်လုံး မယားတော့ပါ။ နှာခေါင်းပိတ်(ထိပ်ကပ်နာ) အသက်ရှူကြပ်ရောဂါရှိသူများ မရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ ညှစ်ထည့်ပါ။

    ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှ အဝါရောင် အညစ်ကြေးများ ထွက်လာပြီး လုံးဝကောင်းသွားပါမည်။

    ဆေးလိပ် အသောက်များသူများ မရိုး အရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍ တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။ နှာခေါင်း ခဏခဏ ပိတ်ရင် မုရိုးရွက် အခြောက်ကို မီးခဲပေါ်တင် ရှူပါက သက်သာတယ်။

    မုရိုးခေါ် မရွေး တစ်နည်း ဖြူကြီးရွက် ၇ ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါ။ ထပ်ပြီးရင် ကတော့ထိုးပါ။ ကတော့ထဲမှာ ဆားထည့်ပြီး မီးဖြင့်ဖုတ်ပါ။ ရလာသော ဆားမီးဖုတ်ကို တစ်နေ့ သုံးကြိမ် ရွေးစေ့ငယ်ခန့် လျှက်ပေးပါက ပန်းနာရင်ကြပ် လုံးဝ အမြစ်ပြတ် ပျောက်ပါတယ်။ တစ်လလောက် သီးခံလျှက်ပေးပါ။

    (၁၁) အစာအိမ်ရောဂါ ဖြစ်ပါက မုရိုးရွက်တစ်ရွက်ကို အရင်းအဖျား စတိပယ်ပါ။ ရှောက်ရွက် ခုနစ်ရွက်၊ အိမ်သုံးဆား ခုနစ်ကျပ်သား ရောပြီး အိုးထဲထည့် အလုံပိတ် မီးဖုတ်။ ပြာကျ သွားပါက အစာစားပြီးတိုင်း လျှက်ပေးပါ။ ပျောက်ကင်း၏။

    (၁၂) သွားကိုက်ရင် သွားအခေါင်းထဲကို ဂွမ်းစလေးနဲ့ သူ့အစေးကိုတို့ပြီး သိပ်ထားပါ။ ခဏနဲ့ ပျောက်ပါတယ်။ သွားအခြေကို အစေးတို့ပြီး ငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင် အလွယ်တကူ ကျွတ်ပါတယ်။

    အသံမထွက်တဲ့လူများ အသံ ထွက်လာပါလိမ့်မယ်။ ဆေးနည်းကတော့ အရွက်ကို ခြောက်အောင်နေလှမ်းပါ။ ခြောက်တဲ့အရွက်ကို မီးကင်ပါ။ ပြာဖြစ်အောင် ကင်ရမှာပါ။ အဲဒီကင်ပြီးသား အရွက်ကို

    အမှုန့်ကြိတ်ပြီး ပျားရေနဲ့ နယ်ကာ လက်ဖက်စားဇွန်းနဲ့ တစ်နေ့ သုံးကြိမ် နံနက် နေ့ ညနေ စားပေးပါ။ ၃လကြာရင် အသံထွက်လာပါမယ်(မွေးရာပါ စကားမပြောနိုင်တဲ့ လူများ မပါပါ။)

    မြင်းစဂုံနီမြစ် မရိုးမြစ် မိုးနံမြစ်တို့ကို သွေးပြီး လိမ်းပါက အနာမျိုးစုံပျောက်ပါသည်။ သံနဲ့ ထိခိုက်မိရင် ချက်ချင်း
    သူရဲ့အစေး အဖြူရောင်ကို အနာမှာထည့်ပါ။

    မူရင်းရေးသားသူများအားလေး စားစွာခရက်ဒစ်ပေးပါသည်။
    #မြန်မာတိုင်းရင်းဆေး
    #ကျန်းမာရေးဗဟုသုတရကြပါစေ #sweswe #frypanシ゚viralシ
    အိမ်တိုင်းအိမ်တိုင်းမှာ မုရိုးပင် တပင်လောက်တော့ စိုက်ထားသင့်တဲ့ အကြောင်းအရင်း🌿🌿🌳 အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။ အသီးက စိမ်တစ်လုံး သရက်လို ပုံသဏ္ဌာန်ရှိတယ်။ ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ် ကျွဲမရိုးလည်း ခေါ်တယ် တောင်မရိုးပင်လည်း ခေါ်တယ်။ အညာဒေသမှာတော့ မရိုးပင်လို့ ခေါ်ပါတယ်။ ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။ ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ ငဖြူ ကြီးပင်လို့လည်းခေါ်ပါတယ်။ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။ ဆေးနည်းများ (၁) ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။ ပြီးတော့ အရွက်ကို မီးကင်ပြီး ၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို ပျောက်ပါတယ်။ (၂) လေးဘက်နာပျောက်တယ် အပင်ရော အမြစ်ပါမကျန်နူတ်ပြီး အိုးထဲမှာထည့် အပေါ်ကနေ ဆေးရွက်ကြီးအုပ် ရေထည့်ပြုတ်ပါ။ အဲဒီရေကို ချိုးပေးပါ။ နောက်တနည်းကတော့ မရိုး အမြစ်နဲ့ ဆန်ဆေးရည် သွေးပြီး လိမ်းရင်လည်း အဆစ်အမြစ်ရောင် လေးဖက်နာ ပျောက်ပါတယ်။ (၃) ခြေထောက်ခေါက်လဲလို့ မျက်သွားပြီး ယောင်ကိုင်းနေရင် မုရိုးစေးကို အသာလေး ပွတ်လိမ်းပေးပြီး အရွက်ကို မီးကင် လက်လေးနဲ့ အသာလေးချေ အပြန့်လိုက် ကပ်ပြီး ပိတ်စနဲ့ စည်းထားလိုက်ပါ။ (၄) ကြွက်နို့ကိုဖြတ်ပြီး အစေးနဲ့ တို့ထားရင် အမြစ်ပါ စားပြီး ကျင်းခွက်လို ဖြစ်သွားတယ်။ ပြီးတော့ ပျောက်သွားတယ်။ ငါးမျက်စိ ပေါက်နေသူများ မုရိုးရွက်ကို ချိုးလိုက်တဲ့အခါ ထွက်လာသော အစေးနဲ့ ခဏခဏ တို့ပေးပါ။ အလိုလို ထွက်ကျလာမည်။ (၅) ခြေထောက်မှာ ဝတ်ဆံတည်တာကို ခြေပူနာလို့ ခေါ်ပါသည်။ ကြက်ဆူး ထည့်သွားပြီဆိုရင် ခဲနင်းမိပါက အမလေး တ ရတဲ့ အနာပါ။ အနာထိပ်ကို ဓားနှင့် လှီးပြီး အစေးကို သုတ်လိမ်းပေးပါက ပျောက်ပါသည်။ (၆) အမျိုးသမီးများ သားအိမ်အတွင်း သွေးလုံး လေလုံးဖြစ်ခဲ့ပါလျှင် မုရိုး၅ပွင့်ကို နှမ်းဆီနှင့်ကြော်စား၊ ဝမ်းဗိုက်ကို မုရိုးစေးနှင့် ဆနွင်းမှုန့် ဆတူရောစပ် လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ပြီး သက်သာပျောက်ကင်းစေပါတယ်။ ဓမ္မတာမမှန်တာ သွေးမပေါ်တာဆိုရင် အရည်ညှစ်ပြီး နှစ်ခေါင်းထဲကို တစ်စက်ဆီ ထဲ့ပေးပါ။ သွေးချက်ချင်း ဆင်းပါတယ်။ (၇)ပန်းနာ ရင်ကြပ် ရောဂါ ပျောက်ပါတယ် မရိုးပင်ကို ၃လက်မ လောက်ဖြတ်ပြီး နေလှမ်းပါ။ ခြောက်သွေ့တဲ့အခါ မီးရှို့ပြာချပါ။ ပြာကို ရေစိမ် မွှေပေးပြီး အနယ်ထိုင်ရင် အရေကြည်ကို ဆားချက်ပါ။ မုရိုးကြီးရုက္ခမူ ဆားရမယ်။ အဲဒီဆား တစ်ပဲသားကို ပျားရည် တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ပါ။ (၈) ဆူး စူးပြီး ဆူးကိုထွင်လို့ မရတဲ့အခါ ဒီအပင်ရဲ့အစေးကို ထည့်လိုက်ပါ။ နာရီ အနည်းငယ်ကြာတဲ့အခါ ဆူးက သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။ ဆူး စူးပြီး အနာဝ ပိတ်သွားလို့ ဆူးကျန်ပြီး အထဲက နာနေလျှင်လည်း အနာဝကို ဖွင့်ပြီး အစေးချ အရွက်မီးကင် ကပ်လိုက်တာ ညောင့်ထွက်လာပါတယ်။ ခြေထောက်မှာ ဆူးစူးလို့ ရှာမရဖြစ်နေရင် အစေးကို အနာဝပေါ် တို့ပြီး အရွက်ကို မီးကင်ကပ်ရင် ဆူးထွက်ပါတယ်။ ပတ်တီးဖွဖွလေး စည်းထားရင်လည်း အဆင်ပြေပါတယ်။ ကန္တာရဆူး စူးပြီး တော်တော်နာနေတာ အပ်နဲ့ကော်ထုတ်လဲ မရပါ။ အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ ကပ်လိုက်တာ နောက်နေ့ အနာကိုညှစ်လိုက်တော့ ဆူးပါသွားတယ်။ (၉) ချောင်းဆိုး တီဘီ အဆုတ်နာ မုရိုးရွက် တစ်ရွက်၊ ကွမ်းရွက်တစ်ရွက်၊ ဆားအနည်းငယ် ထည့်ပြီး ပြာချပါ။ အဲဒီပြာကို လျှက်ဆားလို တစ်နေ့ အနည်းငယ် လျှက်ပေး ပါ ပျောက်ပါတယ်။ (၁၀) အနာစိမ်း မွှေးကျွတ်နာ အနာလုံးများပေါက်ရင် အနာပေါ်မှာ အရွက်ကို မီးလေးပြပြီး ကပ်ထားပါက အလျှင်အမြန် ပျောက်ကင်းပါသည်။ (၁၀) ထိပ်ကပ်နာခေါ်တဲ့ နှာပိတ်ရောဂါကို မရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲ ထည့်ပေးပြီး ၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များ ထွက်လာကာ သက်သာ-ပျောက်ကင်းပါသည်။ ထိတ်ခတ်နာကို အရွက်ကိုနေလှန်း ဆေးလိပ်လိုလိပ်၍ မီးရှို့ပြီး ရှူပါ။ ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်။ ထိပ်ကပ်နာ နားခေါင်းယားလျှင် အရွက်ကို ချေပြီး ရှူပေးပါ။ မရိုးရွက်ကို အခြောက်လှမ်း ဆေးလိပ်တွင် ထည့်ကာ မီးခိုးကို ရှူပါက နှာရည်များကျကာ ပွင့်သွားပါသည်။ တစ်သက်လုံး မယားတော့ပါ။ နှာခေါင်းပိတ်(ထိပ်ကပ်နာ) အသက်ရှူကြပ်ရောဂါရှိသူများ မရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ ညှစ်ထည့်ပါ။ ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှ အဝါရောင် အညစ်ကြေးများ ထွက်လာပြီး လုံးဝကောင်းသွားပါမည်။ ဆေးလိပ် အသောက်များသူများ မရိုး အရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍ တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။ နှာခေါင်း ခဏခဏ ပိတ်ရင် မုရိုးရွက် အခြောက်ကို မီးခဲပေါ်တင် ရှူပါက သက်သာတယ်။ မုရိုးခေါ် မရွေး တစ်နည်း ဖြူကြီးရွက် ၇ ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါ။ ထပ်ပြီးရင် ကတော့ထိုးပါ။ ကတော့ထဲမှာ ဆားထည့်ပြီး မီးဖြင့်ဖုတ်ပါ။ ရလာသော ဆားမီးဖုတ်ကို တစ်နေ့ သုံးကြိမ် ရွေးစေ့ငယ်ခန့် လျှက်ပေးပါက ပန်းနာရင်ကြပ် လုံးဝ အမြစ်ပြတ် ပျောက်ပါတယ်။ တစ်လလောက် သီးခံလျှက်ပေးပါ။ (၁၁) အစာအိမ်ရောဂါ ဖြစ်ပါက မုရိုးရွက်တစ်ရွက်ကို အရင်းအဖျား စတိပယ်ပါ။ ရှောက်ရွက် ခုနစ်ရွက်၊ အိမ်သုံးဆား ခုနစ်ကျပ်သား ရောပြီး အိုးထဲထည့် အလုံပိတ် မီးဖုတ်။ ပြာကျ သွားပါက အစာစားပြီးတိုင်း လျှက်ပေးပါ။ ပျောက်ကင်း၏။ (၁၂) သွားကိုက်ရင် သွားအခေါင်းထဲကို ဂွမ်းစလေးနဲ့ သူ့အစေးကိုတို့ပြီး သိပ်ထားပါ။ ခဏနဲ့ ပျောက်ပါတယ်။ သွားအခြေကို အစေးတို့ပြီး ငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင် အလွယ်တကူ ကျွတ်ပါတယ်။ အသံမထွက်တဲ့လူများ အသံ ထွက်လာပါလိမ့်မယ်။ ဆေးနည်းကတော့ အရွက်ကို ခြောက်အောင်နေလှမ်းပါ။ ခြောက်တဲ့အရွက်ကို မီးကင်ပါ။ ပြာဖြစ်အောင် ကင်ရမှာပါ။ အဲဒီကင်ပြီးသား အရွက်ကို အမှုန့်ကြိတ်ပြီး ပျားရေနဲ့ နယ်ကာ လက်ဖက်စားဇွန်းနဲ့ တစ်နေ့ သုံးကြိမ် နံနက် နေ့ ညနေ စားပေးပါ။ ၃လကြာရင် အသံထွက်လာပါမယ်(မွေးရာပါ စကားမပြောနိုင်တဲ့ လူများ မပါပါ။) မြင်းစဂုံနီမြစ် မရိုးမြစ် မိုးနံမြစ်တို့ကို သွေးပြီး လိမ်းပါက အနာမျိုးစုံပျောက်ပါသည်။ သံနဲ့ ထိခိုက်မိရင် ချက်ချင်း သူရဲ့အစေး အဖြူရောင်ကို အနာမှာထည့်ပါ။ မူရင်းရေးသားသူများအားလေး စားစွာခရက်ဒစ်ပေးပါသည်။ #မြန်မာတိုင်းရင်းဆေး #ကျန်းမာရေးဗဟုသုတရကြပါစေ #sweswe #frypanシ゚viralシ
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡149 Views
  • အရင်က ဦးလေးဟာ မကြာခဏဆိုသလို ပင်ပန်းလွယ်တယ်၊ ခြေကုန်လက်ပန်းကျပြီး နုံးချိနေတာ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသည်းက ကောင်းကောင်း အလုပ်မလုပ်တာ၊ အသည်းအဆီဖုံးနေတာ ကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဦးလေးက မန်ကျည်းရွက်စိမ်း ရေနွေး ကို ပြုတ်သောက်ဖို့ ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။
    ဦးလေးက ပြုတ်သောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးသွားပြီး၊ လေပြေ၊ ဗိုက်ချောင်သွားတယ် လို့ ပြောပါတယ်။ အခုထိလည်း ရံဖန်ရံခါ ပြန်ပြုတ်သောက်နေတုန်းပဲတဲ့။
    "မန်ကျည်းရွက်စိမ်း" ရဲ့ အစွမ်းသတ္တိများ
    • သွေးသန့်တယ်: သွေးလည်ပတ်မှု ကောင်းစေတယ်။
    • လေခိုတာ ထုတ်တယ်: ဗိုက်ပွတာ၊ လေထိုးလေအောင့်တာကို သက်သာစေတယ်။
    • အဆိပ်အတောက်တွေ ဖယ်ရှားတယ်: အစာချေစနစ်ကို သန့်စင် ဆေးကြောပေးတယ်။
    • အအေးမိ၊ ချောင်းဆိုးတာပါ သက်သာစေနိုင်တယ်။
    ပြုလုပ်နည်း (အရမ်းလွယ်ကူပါတယ်)
    1. ပါဝင်ပစ္စည်း: မန်ကျည်းရွက်စိမ်း လက်တစ်ဆုပ်စာ ယူပါ။
    2. ပြုတ်ခြင်း: ရေ ၁ လီတာ (တစ်ပုလင်း) ထည့်ပြီး ၁၅ မိနစ်ခန့် ဆူအောင် ပြုတ်ပါ။
    3. သောက်သုံးပုံ: မနက်စာနဲ့ ညစာ စားပြီးတဲ့အခါ တစ်နေ့ ၂ ကြိမ်၊ နွေးနွေးလေး သောက်ပါ။
    4. ပုံမှန်သောက်သုံးမှု: ၃ ရက်မှ ၅ ရက် ဆက်တိုက် သောက်ပြီးရင် ၅ ရက် နား ပါ။ ပြီးမှ ပြန်လုပ်ပါ။
    ကိုယ့်ကိုယ်ကိုယ် လေးလံနေတယ်၊ မောပန်းနွမ်းနယ်နေတယ်၊ အားမရှိဘူး၊ ဒါမှမဟုတ် အသည်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ (မျက်လုံးဝါတာ၊ အသားဝါတာ) ရှိတယ်ဆိုရင်တော့ ဒီသဘာဝနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်နော်!

    #alinthitmedia
    အရင်က ဦးလေးဟာ မကြာခဏဆိုသလို ပင်ပန်းလွယ်တယ်၊ ခြေကုန်လက်ပန်းကျပြီး နုံးချိနေတာ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသည်းက ကောင်းကောင်း အလုပ်မလုပ်တာ၊ အသည်းအဆီဖုံးနေတာ ကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဦးလေးက မန်ကျည်းရွက်စိမ်း ရေနွေး ကို ပြုတ်သောက်ဖို့ ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။ ဦးလေးက ပြုတ်သောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးသွားပြီး၊ လေပြေ၊ ဗိုက်ချောင်သွားတယ် လို့ ပြောပါတယ်။ အခုထိလည်း ရံဖန်ရံခါ ပြန်ပြုတ်သောက်နေတုန်းပဲတဲ့။ 🌱 "မန်ကျည်းရွက်စိမ်း" ရဲ့ အစွမ်းသတ္တိများ • သွေးသန့်တယ်: သွေးလည်ပတ်မှု ကောင်းစေတယ်။ • လေခိုတာ ထုတ်တယ်: ဗိုက်ပွတာ၊ လေထိုးလေအောင့်တာကို သက်သာစေတယ်။ • အဆိပ်အတောက်တွေ ဖယ်ရှားတယ်: အစာချေစနစ်ကို သန့်စင် ဆေးကြောပေးတယ်။ • အအေးမိ၊ ချောင်းဆိုးတာပါ သက်သာစေနိုင်တယ်။ 🍵 ပြုလုပ်နည်း (အရမ်းလွယ်ကူပါတယ်) 1. ပါဝင်ပစ္စည်း: မန်ကျည်းရွက်စိမ်း လက်တစ်ဆုပ်စာ ယူပါ။ 2. ပြုတ်ခြင်း: ရေ ၁ လီတာ (တစ်ပုလင်း) ထည့်ပြီး ၁၅ မိနစ်ခန့် ဆူအောင် ပြုတ်ပါ။ 3. သောက်သုံးပုံ: မနက်စာနဲ့ ညစာ စားပြီးတဲ့အခါ တစ်နေ့ ၂ ကြိမ်၊ နွေးနွေးလေး သောက်ပါ။ 4. ပုံမှန်သောက်သုံးမှု: ၃ ရက်မှ ၅ ရက် ဆက်တိုက် သောက်ပြီးရင် ၅ ရက် နား ပါ။ ပြီးမှ ပြန်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးလံနေတယ်၊ မောပန်းနွမ်းနယ်နေတယ်၊ အားမရှိဘူး၊ ဒါမှမဟုတ် အသည်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ (မျက်လုံးဝါတာ၊ အသားဝါတာ) ရှိတယ်ဆိုရင်တော့ ဒီသဘာဝနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်နော်! #alinthitmedia
    Like
    Love
    Care
    3
    ¡ 2 Comments ¡0 Shares ¡195 Views
  • "လူမထွက်ပါနဲ့ သားရယ်"

    အ မေ
    သား ပစ္စည်းလေးပါးမပြည့်စုံဘူးအမေ
    သာသနာ့ဝန်ထမ်းရတာ ပင်ပမ်းလို့
    လူထွက်ပါရစေနော် အမေ

    - - - - - - -

    သား

    အခု သားတို့ ငယ်လတ်ကြီး စာပေတွေသင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေမဟုတ်လား

    အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဖြစ် ကပ်ဆိုက်နေတဲ့အချိန်မှာ
    တနိ ုင်ငံလုံးကိုယ်တော်တွေ အကုန်လူထွက်ကြတယ် ဒါပေမဲ့ သူဟာ အသက်သာသေရင်သေပါစေ ယုတ်ညံ့တဲ့အဝတ်နဲ့မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချုပီး
    လူမထွက်ခဲ့ဘူးသား

    သင်္ကန်းလှူမဲ့လူမရှိလို့ နှစ်ထပ်သင်္ကန်းကြီးကို
    တခြမ်းခွဲပြီး ဆွမ်းနဲ့လဲစားခဲ့ရတယ်
    ဖိနပ်လှူမဲ့သူမရှိလို့ ပေါက်နေတဲ့ဖိနပ်ကိုဖာပြီးစီးရတယ်
    အချိုပွဲဆိုတာ ဘာမှန်းမသိခဲ့ဘူး လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို သုတ်စားခဲ့ရသတဲ့ လယ်သမားတယောက်လှူတဲ့
    ဘဲဥဆွမ်းဟာ အကောင်းဆွမ်းဆိုပြီး မှတ်တမ်း
    တင်ထားခဲ့တယ်သားရဲ့

    သား ဆွမ်းကွမ်းပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက်
    ဆိုးနေလို့လား

    ဗုံးကြဲလေယာဉ်တွေလာလို့ စာမူတွေပွေ့ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်းမနည်းဘူးသားရဲ့

    အဲဒီလိုအသက်ဘေးကြားထဲကနေ သားတို့့အခုလို ပညာတွေသင်နိ ုင်အောင် ကျမ်းပေါင်းမြောက်များစွာကို ရေးသားပေးခဲ့တာပါသားရယ် ဆရာတော်ကြီး
    အသက်နဲ့ရင်းပြီး ရေးခဲ့ရတဲ့ကျမ်းတွေကို သားတို့က လွယ်လင့်တကူ သင်ယူကြရတာပါ အဲဒါကို
    သားတို့က ပစ္စည်းလေးပါးမပြည်စုံယုံနဲ့ လူထွက်မယ်ဆိုတော့ မရှက်ဘူးလားသားရယ်

    မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း
    စစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို အရယူသွားခဲ့တာပါ

    လယ်တီဆရာတော်ဘုရားကြီးတို့ဆိုရင်
    စာဖတ်စရာလျှပ်စစ်မီး မရှိခဲ့ပါဘူး အဲဒီလောက်
    မပြည့်စုံတဲ့ကြားထဲကနေ စာတွေချ ကျမ်းတွေပြုစု
    ပြီး အရိယာစခန်းကို တက်လှမ်းခဲ့တာပါသားရယ်

    သား အခု မပြည့်စုံဘူးဆိုတာ
    အဲဒီဆရာတော်ကြီးတွေလောက် ဆိုးနေလို့လား

    သာသနာပြုနေလျှက်တဲ့လူတွေကဲ့ရဲ့ ဝေဖန်ခံနေရတာကို ခံစားနေရလို့ ဝမ်းနည်းနေတာလား

    သားရယ်
    ဘုရားရှင်ဟာ အဆဲခံရဘူးတယ် တံတွေးနဲ့အထွေးခံရဘူးတယ် တဝါတွင်းလုံးဆွမ်းမရလို့
    မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေးခဲ့ရဘူးတယ် အလောင်ကအဝတ်ကိုခွါပြီး သင်္ကန်းရုံခဲ့ရဘူးတယ်
    အသက်ကို ရန်ရှာခံရဘူးတယ်

    ကဲ ဘုရားရှင်တောင်မလွတ်တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့လား

    သား ရဟန်းဝတ်နဲ့နေသမျှကာလပတ်လုံး
    အမေ ဂုဏ်ရှိနေပါတယ်သားရယ်
    သားကို အမေရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေတာပါ ဘုရားရှင်တောင် ပါရမီဖြည့်ရာကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာပါ သားအခု ရဟန်းဘဝကို ရ နေတာဟာ ဘယ်လောက်ထိကံကောင်းလည်း
    တွေးကြည့်ပေါ့

    သားရယ်

    ငါ့သားရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ့
    အမေရပ်တည်နေတာပါ အမေဘယ်လောက်ပဲ
    ပင်ပမ်းပါစေ ကြမ်းတမ်းပါစေ သားကိုရဟန်းဝတ်နဲ့တွေ့နေသမျှ အမေ ကျေနပ်နေမှာပါ
    သားလူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့
    လူတွေကို ပြရမလဲသားရယ်

    အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ

    အမေမစားရချင်နေပါစေ သားကို လှူမှာပါ

    အမေ ရှာသမျှ သားအတွက်ပါ

    တခုပဲ တောင်းဆိုချင်တာပါ

    ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ သတ္တိမျိုးနဲ့
    သာသနာပြုပါသားရယ်

    အမေ့ကို ရှိခိုးတာ မကြည်ပါရစေနဲ့
    အမေကပဲ ရှိခိုးပါရစေနော်

    လူ မထွက်ပါနဲ့
    သားရယ်

    သာသနာတော်ကြီးဟာ
    အသက်ငင်နေလို့

    ဘုရားရှင်သာသနာတော်ကို အသက်နဲ့လဲပြီး
    စောင့်ထိမ်းနေတဲ့
    သားရဟန်းရဲ့ မယ်တော်ဖြစ်ပါရစေ
    သားရယ်

    Credit ဦးမြင့်ခိုင်
    "လူမထွက်ပါနဲ့ သားရယ်" အ မေ သား ပစ္စည်းလေးပါးမပြည့်စုံဘူးအမေ သာသနာ့ဝန်ထမ်းရတာ ပင်ပမ်းလို့ လူထွက်ပါရစေနော် အမေ - - - - - - - သား အခု သားတို့ ငယ်လတ်ကြီး စာပေတွေသင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေမဟုတ်လား အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဖြစ် ကပ်ဆိုက်နေတဲ့အချိန်မှာ တနိ ုင်ငံလုံးကိုယ်တော်တွေ အကုန်လူထွက်ကြတယ် ဒါပေမဲ့ သူဟာ အသက်သာသေရင်သေပါစေ ယုတ်ညံ့တဲ့အဝတ်နဲ့မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချုပီး လူမထွက်ခဲ့ဘူးသား သင်္ကန်းလှူမဲ့လူမရှိလို့ နှစ်ထပ်သင်္ကန်းကြီးကို တခြမ်းခွဲပြီး ဆွမ်းနဲ့လဲစားခဲ့ရတယ် ဖိနပ်လှူမဲ့သူမရှိလို့ ပေါက်နေတဲ့ဖိနပ်ကိုဖာပြီးစီးရတယ် အချိုပွဲဆိုတာ ဘာမှန်းမသိခဲ့ဘူး လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို သုတ်စားခဲ့ရသတဲ့ လယ်သမားတယောက်လှူတဲ့ ဘဲဥဆွမ်းဟာ အကောင်းဆွမ်းဆိုပြီး မှတ်တမ်း တင်ထားခဲ့တယ်သားရဲ့ သား ဆွမ်းကွမ်းပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက် ဆိုးနေလို့လား ဗုံးကြဲလေယာဉ်တွေလာလို့ စာမူတွေပွေ့ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်းမနည်းဘူးသားရဲ့ အဲဒီလိုအသက်ဘေးကြားထဲကနေ သားတို့့အခုလို ပညာတွေသင်နိ ုင်အောင် ကျမ်းပေါင်းမြောက်များစွာကို ရေးသားပေးခဲ့တာပါသားရယ် ဆရာတော်ကြီး အသက်နဲ့ရင်းပြီး ရေးခဲ့ရတဲ့ကျမ်းတွေကို သားတို့က လွယ်လင့်တကူ သင်ယူကြရတာပါ အဲဒါကို သားတို့က ပစ္စည်းလေးပါးမပြည်စုံယုံနဲ့ လူထွက်မယ်ဆိုတော့ မရှက်ဘူးလားသားရယ် မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း စစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို အရယူသွားခဲ့တာပါ လယ်တီဆရာတော်ဘုရားကြီးတို့ဆိုရင် စာဖတ်စရာလျှပ်စစ်မီး မရှိခဲ့ပါဘူး အဲဒီလောက် မပြည့်စုံတဲ့ကြားထဲကနေ စာတွေချ ကျမ်းတွေပြုစု ပြီး အရိယာစခန်းကို တက်လှမ်းခဲ့တာပါသားရယ် သား အခု မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးတွေလောက် ဆိုးနေလို့လား သာသနာပြုနေလျှက်တဲ့လူတွေကဲ့ရဲ့ ဝေဖန်ခံနေရတာကို ခံစားနေရလို့ ဝမ်းနည်းနေတာလား သားရယ် ဘုရားရှင်ဟာ အဆဲခံရဘူးတယ် တံတွေးနဲ့အထွေးခံရဘူးတယ် တဝါတွင်းလုံးဆွမ်းမရလို့ မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေးခဲ့ရဘူးတယ် အလောင်ကအဝတ်ကိုခွါပြီး သင်္ကန်းရုံခဲ့ရဘူးတယ် အသက်ကို ရန်ရှာခံရဘူးတယ် ကဲ ဘုရားရှင်တောင်မလွတ်တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့လား သား ရဟန်းဝတ်နဲ့နေသမျှကာလပတ်လုံး အမေ ဂုဏ်ရှိနေပါတယ်သားရယ် သားကို အမေရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေတာပါ ဘုရားရှင်တောင် ပါရမီဖြည့်ရာကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာပါ သားအခု ရဟန်းဘဝကို ရ နေတာဟာ ဘယ်လောက်ထိကံကောင်းလည်း တွေးကြည့်ပေါ့ သားရယ် ငါ့သားရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ့ အမေရပ်တည်နေတာပါ အမေဘယ်လောက်ပဲ ပင်ပမ်းပါစေ ကြမ်းတမ်းပါစေ သားကိုရဟန်းဝတ်နဲ့တွေ့နေသမျှ အမေ ကျေနပ်နေမှာပါ သားလူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့ လူတွေကို ပြရမလဲသားရယ် အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ အမေမစားရချင်နေပါစေ သားကို လှူမှာပါ အမေ ရှာသမျှ သားအတွက်ပါ တခုပဲ တောင်းဆိုချင်တာပါ ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ သတ္တိမျိုးနဲ့ သာသနာပြုပါသားရယ် အမေ့ကို ရှိခိုးတာ မကြည်ပါရစေနဲ့ အမေကပဲ ရှိခိုးပါရစေနော် လူ မထွက်ပါနဲ့ သားရယ် သာသနာတော်ကြီးဟာ အသက်ငင်နေလို့ ဘုရားရှင်သာသနာတော်ကို အသက်နဲ့လဲပြီး စောင့်ထိမ်းနေတဲ့ သားရဟန်းရဲ့ မယ်တော်ဖြစ်ပါရစေ သားရယ် Credit ဦးမြင့်ခိုင်
    Love
    Care
    3
    ¡ 0 Comments ¡0 Shares ¡200 Views
  • ကလေးဘဝကတည်းက လူကြီးတွေ ပြောတာကို အမြဲကြားဖူးခဲ့ရတယ်... " သားရေ ခါးတဲ့အရာတွေက၊ တကယ်ကောင်းတဲ့ ဆေးတွေပဲ... လျစ်လျူမရှုသင့်ဘူး" တဲ့။

    ကျွန်တော်တို့ အဘွားနဲ့ နေတုန်းက အဘွားက ခြံစည်းရိုးဘေးမှာ ကြက်ဟင်းခါးသီးပင် တစ်ပင်နှစ်ပင်လောက် အမြဲတမ်း စိုက်ထားတတ်တယ်။ အသီးတွေကလည်း သေးသေးလေးတွေပဲ၊ ဒါပေမယ့် ရာသီဥတုမရွေး ခူးလို့ရနေတယ်။

    အဘွားက ရယ်ပြီး ပြောတတ်တယ်... "လျှာခဏလေး ခါးတာ၊ ဒါပေမယ့် အတွင်းထဲထိ ကောင်းတယ်" တဲ့။

    ကိုယ်မအီမသာ ဖြစ်တဲ့အခါ၊ ဗိုက်တင်းပြီး မအီမသာ ခံစားရတဲ့အခါ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်နေတဲ့အခါမျိုးဆိုရင်...

    အဘွားက ခြံနောက်ဖေးကို ထွက်သွားပြီး ကြက်ဟင်းခါးသီး တစ်ဆုပ်လောက် ခူးလာတယ်။

    ရေနဲ့ ပြုတ်ပြီး နွေးနွေးလေး သောက်လိုက်တယ်။

    မကြာခင်မှာပဲ အဘွားက ပြုံးပြီး ဗိုက်ထဲမှာ သိပ်ကို လေဟာသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ပြောပြတယ်။

    တကယ်လို့ ညဘက် အိပ်မပျော်ဘူး၊ စိတ်ထဲ လွင့်မျောနေသလို ဖြစ်နေရင်လည်း အလားတူ လုပ်တယ်။ ညအိပ်ရာမဝင်ခင် ပြုတ်ပြီး သောက်လိုက်တာ... နာရီဝက်တောင် မကြာဘဲ မနက်ထိ အိပ်ပျော်သွားတတ်တယ် ။

    ဒီအပင်လေးရဲ့ အားသာချက်တွေကတော့...

    နွယ်တက်တာ အရမ်းကောင်းပြီး စိုက်ပျိုးရ လွယ်ကူတယ်။

    ဘယ်အစိတ်အပိုင်းကိုမဆို ဟင်းချက်ဖို့ သုံးလို့ရတယ်။

    ရိုးရိုးလေး ကြော်စားနိုင်တယ်။

    ငါးခြောက်နဲ့ ရောပြီး မွှေးမွှေးလေး ဟင်းချိုချက်စားလို့ရတယ်။

    နွေးနွေးလေး ပြုတ်ပြီး သောက်လို့လည်း ရတယ်။

    ကိုယ်တိုင် စိုက်ပျိုးတာဆိုတော့ ဓာတုပစ္စည်းတွေ ပတ်သက်မှာ စိတ်ပူစရာ မလိုဘူး။ စားလိုက်ရင် ခန္ဓာကိုယ်ထဲမှာ လေဟာသွားပြီး ကြည်လင်ပေါ့ပါးသွားသလို ခံစားရတယ်။

    ရှေးလူကြီးတွေက ဒီအပင်ရဲ့ တန်ဖိုးကို သိထားတာ ကြာပြီ။ ဒါကြောင့် အိမ်တိုင်းလိုလိုမှာ စိုက်ထားလေ့ ရှိတယ်။ ခြံစည်းရိုးဘေးမှာ တွယ်ကပ်နေတဲ့ ဒီအပင်လေးကို မြင်ရုံနဲ့တင် ကိုယ့်ကို အနီးကပ် ဂရုစိုက်ပေးနေတဲ့ ရတနာတစ်ပါး ရှိနေသလိုမျိုး ခံစားရပါတယ်နော် ။

    #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ကြက်ဟင်းခါးသီး #အိပ်မပျော် #လေပွသက်သာ
    ကလေးဘဝကတည်းက လူကြီးတွေ ပြောတာကို အမြဲကြားဖူးခဲ့ရတယ်... " သားရေ ခါးတဲ့အရာတွေက၊ တကယ်ကောင်းတဲ့ ဆေးတွေပဲ... လျစ်လျူမရှုသင့်ဘူး" တဲ့။ ကျွန်တော်တို့ အဘွားနဲ့ နေတုန်းက အဘွားက ခြံစည်းရိုးဘေးမှာ ကြက်ဟင်းခါးသီးပင် တစ်ပင်နှစ်ပင်လောက် အမြဲတမ်း စိုက်ထားတတ်တယ်။ အသီးတွေကလည်း သေးသေးလေးတွေပဲ၊ ဒါပေမယ့် ရာသီဥတုမရွေး ခူးလို့ရနေတယ်။ အဘွားက ရယ်ပြီး ပြောတတ်တယ်... "လျှာခဏလေး ခါးတာ၊ ဒါပေမယ့် အတွင်းထဲထိ ကောင်းတယ်" တဲ့။ ကိုယ်မအီမသာ ဖြစ်တဲ့အခါ၊ ဗိုက်တင်းပြီး မအီမသာ ခံစားရတဲ့အခါ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်နေတဲ့အခါမျိုးဆိုရင်... အဘွားက ခြံနောက်ဖေးကို ထွက်သွားပြီး ကြက်ဟင်းခါးသီး တစ်ဆုပ်လောက် ခူးလာတယ်။ ရေနဲ့ ပြုတ်ပြီး နွေးနွေးလေး သောက်လိုက်တယ်။ မကြာခင်မှာပဲ အဘွားက ပြုံးပြီး ဗိုက်ထဲမှာ သိပ်ကို လေဟာသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ပြောပြတယ်။ တကယ်လို့ ညဘက် အိပ်မပျော်ဘူး၊ စိတ်ထဲ လွင့်မျောနေသလို ဖြစ်နေရင်လည်း အလားတူ လုပ်တယ်။ ညအိပ်ရာမဝင်ခင် ပြုတ်ပြီး သောက်လိုက်တာ... နာရီဝက်တောင် မကြာဘဲ မနက်ထိ အိပ်ပျော်သွားတတ်တယ် 😳။ ဒီအပင်လေးရဲ့ အားသာချက်တွေကတော့... နွယ်တက်တာ အရမ်းကောင်းပြီး စိုက်ပျိုးရ လွယ်ကူတယ်။ ဘယ်အစိတ်အပိုင်းကိုမဆို ဟင်းချက်ဖို့ သုံးလို့ရတယ်။ ရိုးရိုးလေး ကြော်စားနိုင်တယ်။ ငါးခြောက်နဲ့ ရောပြီး မွှေးမွှေးလေး ဟင်းချိုချက်စားလို့ရတယ်။ နွေးနွေးလေး ပြုတ်ပြီး သောက်လို့လည်း ရတယ်။ ကိုယ်တိုင် စိုက်ပျိုးတာဆိုတော့ ဓာတုပစ္စည်းတွေ ပတ်သက်မှာ စိတ်ပူစရာ မလိုဘူး။ စားလိုက်ရင် ခန္ဓာကိုယ်ထဲမှာ လေဟာသွားပြီး ကြည်လင်ပေါ့ပါးသွားသလို ခံစားရတယ်။ ရှေးလူကြီးတွေက ဒီအပင်ရဲ့ တန်ဖိုးကို သိထားတာ ကြာပြီ။ ဒါကြောင့် အိမ်တိုင်းလိုလိုမှာ စိုက်ထားလေ့ ရှိတယ်။ ခြံစည်းရိုးဘေးမှာ တွယ်ကပ်နေတဲ့ ဒီအပင်လေးကို မြင်ရုံနဲ့တင် ကိုယ့်ကို အနီးကပ် ဂရုစိုက်ပေးနေတဲ့ ရတနာတစ်ပါး ရှိနေသလိုမျိုး ခံစားရပါတယ်နော် 💛။ #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ကြက်ဟင်းခါးသီး #အိပ်မပျော် #လေပွသက်သာ
    Like
    Care
    2
    ¡ 1 Comments ¡0 Shares ¡226 Views
  • ကျွန်တော်တို့ အသားစားတာကို လျှော့ချပြီး ကျန်းမာရေးအတွက် ပိုကောင်းတဲ့ အစားအစာကို ရှာဖွေနေကြပြီလား? အဖြေကတော့ သင့်ခြံထဲက အံ့ဩဖွယ် စူပါအစားအစာတစ်မျိုး ဖြစ်တဲ့ 'မျက်ထောင့်ပင်' (ခေါ်) တီကျစ်ပင်ပဲ ဖြစ်ပါတယ်။ အသားထက်တောင် ပိုပြီး အရသာရှိတဲ့အပြင် အာဟာရလည်း ပိုပြည့်ဝတဲ့ ဒီအပင်ကို ဘာကြောင့် မဖြစ်မနေ စိုက်ထားသင့်လဲဆိုတဲ့ အကြောင်းရင်း (၈) ချက်ကို ကြည့်လိုက်ရအောင်!

    'မျက်ထောင့်ပင်'ကို ခြံထဲမှာ စိုက်ထားသင့်တဲ့ အကြောင်းရင်း (၈) ချက်:

    ၁။ အရသာရှိပြီး အာဟာရပြည့်ဝခြင်း: သူ့အရွက်ကို တို့စရာအနေနဲ့ပဲဖြစ်ဖြစ်၊ ဟင်းချိုပဲဖြစ်ဖြစ် ချက်စားရင် အသားဟင်းကိုတောင် မေ့သွားစေလောက်အောင် အရသာရှိပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။

    ၂။ အလွယ်တကူ စိုက်ပျိုးနိုင်ခြင်း: မျက်ထောင့်ပင်ဟာ မြေကြီးအမျိုးအစားမရွေး၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး အိမ်နောက်ဖေး ခြံကျဉ်းလေးမှာတောင် အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။

    ၃။ အရိုးအဆစ် ကျန်းမာရေး: ကယ်လ်စီယမ်ဓာတ် အများအပြားပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပြီး အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

    ၄။ အသားအရေနှင့် ဆံပင်ကို လှပစေခြင်း: ဗီတာမင် E နဲ့ C ကြောင့် အသားအရေကို ကြည်လင်ဝင်းပစေပြီး ဆံပင်ကိုလည်း သန်စွမ်းစေပါတယ်။

    ၅။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း: ဆီးချိုသမားတွေအတွက် အထူးသင့်လျော်ပြီး သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ပါတယ်။

    ၆။ ခန္ဓာကိုယ် ခုခံအား မြှင့်တင်ပေးခြင်း: ဗီတာမင် C ကြွယ်ဝတာကြောင့် ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

    ၇။ စွမ်းအင်တိုးစေပြီး မောပန်းမှု လျော့ကျစေခြင်း: ကိုယ်လက်ပင်ပန်း နွမ်းနယ်နေချိန်မှာ သူ့ကိုစားသုံးရင် လန်းဆန်းတက်ကြွတဲ့ စွမ်းအင်ကို ပြန်လည်ရရှိစေပါတယ်။

    ၈။ သဘာဝ ဆေးစွမ်းကောင်း: မြန်မာ့ရိုးရာဆေးနည်းတွေမှာ 'မျက်ထောင့်ပင်'ရဲ့ အစိတ်အပိုင်းအားလုံးကို ဆေးဖက်ဝင်အဖြစ် အသုံးပြုကြပြီး အိမ်တွင်းဆေးဝါးအဖြစ် ဆောင်ထားနိုင်ပါတယ်။

    ဒီလိုကောင်းကျိုးတွေ အများကြီးရှိတဲ့ ဒညင်းသီးပင်ကို သင့်ရဲ့ အိမ်နောက်ဖေး ခြံဝန်းလေးမှာ မစိုက်ထားဘဲ နေတော့မလား?

    #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #မျက်ထောင့်ပင် #တီကျစ်ပင် #စူပါအစားအစာ #အိမ်တွင်းစိုက်ပျိုးရေးညစာစားပြီးနောက် လုပ်နေကျ အကျင့်တွေဟာ သင့်ရဲ့ အစာခြေစနစ်ကို ပျက်စီးစေပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ညနေပိုင်းမှာ ဘယ်အရာတွေ ရှောင်သင့်လဲ ကြည့်လိုက်ရအောင်!
    ကျွန်တော်တို့ အသားစားတာကို လျှော့ချပြီး ကျန်းမာရေးအတွက် ပိုကောင်းတဲ့ အစားအစာကို ရှာဖွေနေကြပြီလား? အဖြေကတော့ သင့်ခြံထဲက အံ့ဩဖွယ် စူပါအစားအစာတစ်မျိုး ဖြစ်တဲ့ 'မျက်ထောင့်ပင်' (ခေါ်) တီကျစ်ပင်ပဲ ဖြစ်ပါတယ်။ အသားထက်တောင် ပိုပြီး အရသာရှိတဲ့အပြင် အာဟာရလည်း ပိုပြည့်ဝတဲ့ ဒီအပင်ကို ဘာကြောင့် မဖြစ်မနေ စိုက်ထားသင့်လဲဆိုတဲ့ အကြောင်းရင်း (၈) ချက်ကို ကြည့်လိုက်ရအောင်! 'မျက်ထောင့်ပင်'ကို ခြံထဲမှာ စိုက်ထားသင့်တဲ့ အကြောင်းရင်း (၈) ချက်: ၁။ အရသာရှိပြီး အာဟာရပြည့်ဝခြင်း: သူ့အရွက်ကို တို့စရာအနေနဲ့ပဲဖြစ်ဖြစ်၊ ဟင်းချိုပဲဖြစ်ဖြစ် ချက်စားရင် အသားဟင်းကိုတောင် မေ့သွားစေလောက်အောင် အရသာရှိပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ၂။ အလွယ်တကူ စိုက်ပျိုးနိုင်ခြင်း: မျက်ထောင့်ပင်ဟာ မြေကြီးအမျိုးအစားမရွေး၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး အိမ်နောက်ဖေး ခြံကျဉ်းလေးမှာတောင် အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။ ၃။ အရိုးအဆစ် ကျန်းမာရေး: ကယ်လ်စီယမ်ဓာတ် အများအပြားပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပြီး အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ၄။ အသားအရေနှင့် ဆံပင်ကို လှပစေခြင်း: ဗီတာမင် E နဲ့ C ကြောင့် အသားအရေကို ကြည်လင်ဝင်းပစေပြီး ဆံပင်ကိုလည်း သန်စွမ်းစေပါတယ်။ ၅။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း: ဆီးချိုသမားတွေအတွက် အထူးသင့်လျော်ပြီး သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ပါတယ်။ ၆။ ခန္ဓာကိုယ် ခုခံအား မြှင့်တင်ပေးခြင်း: ဗီတာမင် C ကြွယ်ဝတာကြောင့် ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ ၇။ စွမ်းအင်တိုးစေပြီး မောပန်းမှု လျော့ကျစေခြင်း: ကိုယ်လက်ပင်ပန်း နွမ်းနယ်နေချိန်မှာ သူ့ကိုစားသုံးရင် လန်းဆန်းတက်ကြွတဲ့ စွမ်းအင်ကို ပြန်လည်ရရှိစေပါတယ်။ ၈။ သဘာဝ ဆေးစွမ်းကောင်း: မြန်မာ့ရိုးရာဆေးနည်းတွေမှာ 'မျက်ထောင့်ပင်'ရဲ့ အစိတ်အပိုင်းအားလုံးကို ဆေးဖက်ဝင်အဖြစ် အသုံးပြုကြပြီး အိမ်တွင်းဆေးဝါးအဖြစ် ဆောင်ထားနိုင်ပါတယ်။ ဒီလိုကောင်းကျိုးတွေ အများကြီးရှိတဲ့ ဒညင်းသီးပင်ကို သင့်ရဲ့ အိမ်နောက်ဖေး ခြံဝန်းလေးမှာ မစိုက်ထားဘဲ နေတော့မလား? #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #မျက်ထောင့်ပင် #တီကျစ်ပင် #စူပါအစားအစာ #အိမ်တွင်းစိုက်ပျိုးရေးညစာစားပြီးနောက် လုပ်နေကျ အကျင့်တွေဟာ သင့်ရဲ့ အစာခြေစနစ်ကို ပျက်စီးစေပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ညနေပိုင်းမှာ ဘယ်အရာတွေ ရှောင်သင့်လဲ ကြည့်လိုက်ရအောင်!
    Like
    3
    ¡ 1 Comments ¡0 Shares ¡359 Views
More Results