• ဆေးသောက်တာထက် ပိုကောင်းတဲ့ အလေ့အကျင့်များ

    ရယ်မောခြင်းက-စိတ်ဖိစီးမှူ ဟော်မုန်းကို
    လျော့ချပေးပြီး နှလုံးကျန်းမာရေး ကောင်းစေတယ်ိ

    နေ့ခင်းဖက် ခဏတာအိပ်စက်ခြင်း-မှတ်ညဏ်အားကောင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေ
    နည်းပါးစေပါတယ်

    အစာစားပြီးနောက် လမ်းလျှောက်ခြင်း-သွေးတွင်းသကြားဓါတ်နှင့်အစာခြေဖျက်မှူကို ထိန်းညှိပေးပါတယ်

    ကော်ဖီမသောက်ခင် ရေသောက်ပါ- သင့်ခန္ဓာကိုယ်ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးပြီ
    အစာအိမ်ကို ကာကွယ်ပါတယ်

    ဖြည်းဖြည်းစားခြင်း-အလွန်အကျွံစားခြင်းကိုလျော့ချပေးပြီး အာဟာရစုပ်ယူမှူကောင်း
    စေတယ်

    မိနစ်၄၀ ထိုင်ပြီးတိုင်း မတ်တပ် ၁၀ မိနစ်ကျော်ရပ်ပါ-ဆီးချိုရောဂါနှင့် နလုံးရောဂါ ဖြစ်နိုင်ခြေ
    လျော့ချပေးပါတယ်

    လေ့ကျင့်ခန်းပြုလုပ်ခြင်း လမ်းလျှောက်ခြင်း-
    အသက်ကြီးလာတာအမျှ ကြွက်သားနှင့်အရိုး
    ကျန်းမာရေးကောင်မွန်ပါတယ်လမ်းလျှောက်ခြင်းကြောင်း သင့်ရဲ့ကျန်းမာရေး ၅၀% လမ်းလျှောက်ခြင်းကရရှိပါတယ်

    အသက်ပြင်းပြင်းရှူသွင်းခြင်း-သွေးဖိအားနှင့်
    စိတ်ဖိစီးမှူလျော့ချပေးပြီးသင့်နှလုံးအတွက် အထောက်အပံပေးပါတယ်

    ချစ်တဲ့ကေခိုင်

    #ကျန်းမာရေးဗဟုသုတရကြပါစေ
    #creditပေးပါတယ်ရှင့်
    ✅ဆေးသောက်တာထက် ပိုကောင်းတဲ့ အလေ့အကျင့်များ ✅ရယ်မောခြင်းက-စိတ်ဖိစီးမှူ ဟော်မုန်းကို လျော့ချပေးပြီး နှလုံးကျန်းမာရေး ကောင်းစေတယ်ိ ✅နေ့ခင်းဖက် ခဏတာအိပ်စက်ခြင်း-မှတ်ညဏ်အားကောင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးစေပါတယ် ✅အစာစားပြီးနောက် လမ်းလျှောက်ခြင်း-သွေးတွင်းသကြားဓါတ်နှင့်အစာခြေဖျက်မှူကို ထိန်းညှိပေးပါတယ် ✅ကော်ဖီမသောက်ခင် ရေသောက်ပါ- သင့်ခန္ဓာကိုယ်ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးပြီ အစာအိမ်ကို ကာကွယ်ပါတယ် ✅ဖြည်းဖြည်းစားခြင်း-အလွန်အကျွံစားခြင်းကိုလျော့ချပေးပြီး အာဟာရစုပ်ယူမှူကောင်း စေတယ် ✅မိနစ်၄၀ ထိုင်ပြီးတိုင်း မတ်တပ် ၁၀ မိနစ်ကျော်ရပ်ပါ-ဆီးချိုရောဂါနှင့် နလုံးရောဂါ ဖြစ်နိုင်ခြေ လျော့ချပေးပါတယ် ✅လေ့ကျင့်ခန်းပြုလုပ်ခြင်း လမ်းလျှောက်ခြင်း- အသက်ကြီးလာတာအမျှ ကြွက်သားနှင့်အရိုး ကျန်းမာရေးကောင်မွန်ပါတယ်လမ်းလျှောက်ခြင်းကြောင်း သင့်ရဲ့ကျန်းမာရေး ၅၀% လမ်းလျှောက်ခြင်းကရရှိပါတယ် ✅အသက်ပြင်းပြင်းရှူသွင်းခြင်း-သွေးဖိအားနှင့် စိတ်ဖိစီးမှူလျော့ချပေးပြီးသင့်နှလုံးအတွက် အထောက်အပံပေးပါတယ် ချစ်တဲ့ကေခိုင် #ကျန်းမာရေးဗဟုသုတရကြပါစေ #creditပေးပါတယ်ရှင့်
    Love
    1
    ¡ 0 Comments ¡0 Shares ¡29 Views
  • ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။

    ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။

    နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။
    အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။

    ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်-
    1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း
    • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။
    လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။

    2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း
    • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။
    • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။

    အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။

    မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!

    #newfun
    #crd_to_owner_with_respect
    ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။ နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။ ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်- 1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။ •📛 လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။ 2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။ • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။ အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။ မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်! 🙏 #newfun #crd_to_owner_with_respect
    Love
    1
    ¡ 2 Comments ¡0 Shares ¡56 Views
  • ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။

    ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။

    နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။
    အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။

    ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်-
    1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း
    • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။
    လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။

    2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း
    • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။
    • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။

    အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။

    မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!

    #newfun
    #crd_to_owner_with_respect
    ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။ နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။ ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်- 1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။ •📛 လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။ 2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။ • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။ အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။ မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်! 🙏 #newfun #crd_to_owner_with_respect
    Love
    1
    ¡ 0 Comments ¡0 Shares ¡57 Views
  • ဒီနေ့ကစပြီး နာနတ်သီးဖျော်ရည် နေ့စဥ်သောက်တော့မယ်...

    နာနတ်သီးဖျော်ရည်၏ အစွမ်းသတ္တိ- က'င်ဆာကို တိုက်ဖျက်ရာတွင် အရေးပါသော အခန်းကဏ္ဍ
    နာနတ်သီးဖျော်ရည်သည် က'င်ဆာကို နှိမ်နင်းရာတွင် ကူညီပေးရုံသာမက က'င်ဆာကို တိုက်ဖျက်ရာ၌လည်း အဓိက အထောက်အကူတစ်ခု ဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနများအရ နာနတ်သီး ထဲတွင် သဘာဝအတိုင်း တွေ့ရှိရသော ဓာတ်ပေါင်းများသည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အပေါ့ပ်တိုဆစ် (apoptosis) ဟုခေါ်သော ကင်ဆာဆဲလ်များ သေဆုံးမှုကို ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်ကို လှုံ့ဆော်ပေးနိုင်ကြောင်း ထုတ်ဖော်ပြသထားသည်။

    နာနတ်သီးထဲတွင် ကြွယ်ဝစွာ ပါဝင်သော အင်ဇိုင်းဓာတ်ပေါင်းတစ်မျိုးဖြစ်သည့် ဘရိုမီလိန်း (Bromelain) သည် အဓိကသော့ချက် ဖြစ်သည်။ သုတေသီများက ဘရိုမီလိန်းသည် က'င်ဆာဆဲလ်များ ကြီးထွားပျံ့နှံ့စေသော ဆဲလ်ယန္တရားများကို နှောင့်ယှက်ခြင်းအားဖြင့် ပုံမှန်ဆဲလ်များကို မပျက်စီးစေဘဲ က'င်ဆာဆဲလ်များကိုသာ ရွေးချယ် ပစ်မှတ်ထားနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ရောဂါသည် သူ့အလိုလို ပျက်စီးသွားစေသည်။ ဤတွေ့ရှိချက်ကြောင့် နာနတ်သီးဖျော်ရည်သည် ဓာတ်ခွဲခန်း လေ့လာမှုများအရရော၊ ပေါ်ပေါက်လာဆဲ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများအရပါ “က'င်ဆာတိုက်ဖျက်ရေးအတွက် မရှိမဖြစ် ကိရိယာ” တစ်ခု ဖြစ်လာခဲ့သည်။

    ဘရိုမီလိန်းအပြင် နာနတ်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)၊ ဗီတာမင် စီ (Vitamin C) နှင့် အခြားသော ဇီဝ-မော်လီကျူးများ ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေသည်။ ဤဓာတ်ပေါင်းများသည် ရောင်ရမ်းမှုနှင့် ဓာတ်တိုး ဖိစီးမှု (oxidative stress) တို့ကို လျှော့ချပေးရာတွင် အထောက်အကူပြုပြီး ၎င်းတို့ နှစ်ခုစလုံးသည် က'င်ဆာရောဂါ ပိုမိုဆိုးရွားလာခြင်းနှင့် ဆက်စပ်နေသည်။ နာနတ်သီးကို ပုံမှန် စားသုံးခြင်းသည် ဆဲလ်များ၏ ကျန်းမာရေးကို မြှင့်တင်ပေးပြီး က'င်ဆာဆဲလ်များကို ခန္ဓာကိုယ်၏ သဘာဝ ကာကွယ်ရေးစနစ်ဖြင့် တိုက်ထုတ်ရာတွင် အားဖြည့်ပေးနိုင်သည်။

    နာနတ်သီးဖျော်ရည် တစ်မျိုးတည်းနှင့် ဆေးဘက်ဆိုင်ရာ ကုသမှုများကို အစားထိုးနိုင်မည် မဟုတ်သော်လည်း ၎င်း၏ သဘာဝ က'င်ဆာဆန့်ကျင်ဂုဏ်သတ္တိများက အဖိုးတန်သော ဖြည့်စွက်ဗျူဟာ (supplementary strategy) တစ်ခု ဖြစ်စေသည်။ သုတေသီများသည် ပုံမှန်ကုသမှုများနှင့် တွဲဖက်၍ နာနတ်သီးမှ ထုတ်ယူသော အဆီအနှစ်များကို အာရုံစိုက် ထုတ်ယူကာ ရလဒ်များကို ပိုမို ကောင်းမွန်စေရန်နှင့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်အတွက် မည်သို့ အသုံးပြုနိုင်ကြောင်းကို ဆက်လက် လေ့လာနေကြသည်။

    ဤတွေ့ရှိချက်သည် နေ့စဉ် စားသုံးနေကျဖြစ်ပြီး တစ်ခါတစ်ရံ လျစ်လျူရှုခံထားရသည့် အစားအစာများက ဆဲလ်အဆင့်တွင် ကျန်းမာရေးကို မြှင့်တင်ပေးရာ၌ မည်သို့ အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်းကို ဖော်ပြနေသည်။ နာနတ်သီးဖျော်ရည် တစ်ဖန်ခွက်သောက်ခြင်းသည် က'င်ဆာကို ကာကွယ်သည့် ပိုမိုကျယ်ပြန့်သော ဗျူဟာကို အားပေးနိုင်ပြီး သဘာဝတရားတွင် အစွမ်းထက်သော ဖြေရှင်းနည်းများ မကြာခဏ ရှိနေသည်ဟူသော အယူအဆကို အခိုင်အမာ ပြသနေပါသည်။
    #yoyocooking
    ဒီနေ့ကစပြီး နာနတ်သီးဖျော်ရည် နေ့စဥ်သောက်တော့မယ်... နာနတ်သီးဖျော်ရည်၏ အစွမ်းသတ္တိ- က'င်ဆာကို တိုက်ဖျက်ရာတွင် အရေးပါသော အခန်းကဏ္ဍ နာနတ်သီးဖျော်ရည်သည် က'င်ဆာကို နှိမ်နင်းရာတွင် ကူညီပေးရုံသာမက က'င်ဆာကို တိုက်ဖျက်ရာ၌လည်း အဓိက အထောက်အကူတစ်ခု ဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနများအရ နာနတ်သီး ထဲတွင် သဘာဝအတိုင်း တွေ့ရှိရသော ဓာတ်ပေါင်းများသည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အပေါ့ပ်တိုဆစ် (apoptosis) ဟုခေါ်သော ကင်ဆာဆဲလ်များ သေဆုံးမှုကို ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်ကို လှုံ့ဆော်ပေးနိုင်ကြောင်း ထုတ်ဖော်ပြသထားသည်။ နာနတ်သီးထဲတွင် ကြွယ်ဝစွာ ပါဝင်သော အင်ဇိုင်းဓာတ်ပေါင်းတစ်မျိုးဖြစ်သည့် ဘရိုမီလိန်း (Bromelain) သည် အဓိကသော့ချက် ဖြစ်သည်။ သုတေသီများက ဘရိုမီလိန်းသည် က'င်ဆာဆဲလ်များ ကြီးထွားပျံ့နှံ့စေသော ဆဲလ်ယန္တရားများကို နှောင့်ယှက်ခြင်းအားဖြင့် ပုံမှန်ဆဲလ်များကို မပျက်စီးစေဘဲ က'င်ဆာဆဲလ်များကိုသာ ရွေးချယ် ပစ်မှတ်ထားနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ရောဂါသည် သူ့အလိုလို ပျက်စီးသွားစေသည်။ ဤတွေ့ရှိချက်ကြောင့် နာနတ်သီးဖျော်ရည်သည် ဓာတ်ခွဲခန်း လေ့လာမှုများအရရော၊ ပေါ်ပေါက်လာဆဲ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများအရပါ “က'င်ဆာတိုက်ဖျက်ရေးအတွက် မရှိမဖြစ် ကိရိယာ” တစ်ခု ဖြစ်လာခဲ့သည်။ ဘရိုမီလိန်းအပြင် နာနတ်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)၊ ဗီတာမင် စီ (Vitamin C) နှင့် အခြားသော ဇီဝ-မော်လီကျူးများ ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေသည်။ ဤဓာတ်ပေါင်းများသည် ရောင်ရမ်းမှုနှင့် ဓာတ်တိုး ဖိစီးမှု (oxidative stress) တို့ကို လျှော့ချပေးရာတွင် အထောက်အကူပြုပြီး ၎င်းတို့ နှစ်ခုစလုံးသည် က'င်ဆာရောဂါ ပိုမိုဆိုးရွားလာခြင်းနှင့် ဆက်စပ်နေသည်။ နာနတ်သီးကို ပုံမှန် စားသုံးခြင်းသည် ဆဲလ်များ၏ ကျန်းမာရေးကို မြှင့်တင်ပေးပြီး က'င်ဆာဆဲလ်များကို ခန္ဓာကိုယ်၏ သဘာဝ ကာကွယ်ရေးစနစ်ဖြင့် တိုက်ထုတ်ရာတွင် အားဖြည့်ပေးနိုင်သည်။ နာနတ်သီးဖျော်ရည် တစ်မျိုးတည်းနှင့် ဆေးဘက်ဆိုင်ရာ ကုသမှုများကို အစားထိုးနိုင်မည် မဟုတ်သော်လည်း ၎င်း၏ သဘာဝ က'င်ဆာဆန့်ကျင်ဂုဏ်သတ္တိများက အဖိုးတန်သော ဖြည့်စွက်ဗျူဟာ (supplementary strategy) တစ်ခု ဖြစ်စေသည်။ သုတေသီများသည် ပုံမှန်ကုသမှုများနှင့် တွဲဖက်၍ နာနတ်သီးမှ ထုတ်ယူသော အဆီအနှစ်များကို အာရုံစိုက် ထုတ်ယူကာ ရလဒ်များကို ပိုမို ကောင်းမွန်စေရန်နှင့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်အတွက် မည်သို့ အသုံးပြုနိုင်ကြောင်းကို ဆက်လက် လေ့လာနေကြသည်။ ဤတွေ့ရှိချက်သည် နေ့စဉ် စားသုံးနေကျဖြစ်ပြီး တစ်ခါတစ်ရံ လျစ်လျူရှုခံထားရသည့် အစားအစာများက ဆဲလ်အဆင့်တွင် ကျန်းမာရေးကို မြှင့်တင်ပေးရာ၌ မည်သို့ အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်းကို ဖော်ပြနေသည်။ နာနတ်သီးဖျော်ရည် တစ်ဖန်ခွက်သောက်ခြင်းသည် က'င်ဆာကို ကာကွယ်သည့် ပိုမိုကျယ်ပြန့်သော ဗျူဟာကို အားပေးနိုင်ပြီး သဘာဝတရားတွင် အစွမ်းထက်သော ဖြေရှင်းနည်းများ မကြာခဏ ရှိနေသည်ဟူသော အယူအဆကို အခိုင်အမာ ပြသနေပါသည်။ #yoyocooking
    Love
    Care
    2
    ¡ 1 Comments ¡0 Shares ¡63 Views
  • 👁‍ ဒီရက်ပိုင်း မျက်လုံးမှုန်တာ၊ မျက်လုံးမှာ မြူခိုးတွေကွယ်နေသလို ခံစားရတာ ဒါမှမဟုတ် မျက်လုံးဝါးတဲ့ပြဿနာတွေ စဖြစ်နေပြီဆိုရင် ကျွန်မတို့ နေ့တိုင်းလုပ်နေကျ ရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းကို စမ်းကြည့်နိုင်ပါတယ်
    ကျွန်မကိုယ်တိုင်လည်း ဒီလိုလက္ခဏာမျိုးတွေ ကြုံဖူးပါတယ်။ အိမ်မှာ ကိုယ်တိုင် ဖော်စပ်သောက်ကြည့်တော့ လွယ်ကူတဲ့ပစ္စည်းလေးတွေနဲ့ အများကြီး အထောက်အကူပြုတာကို တွေ့ရပါတယ်။

    သုံးစွဲရမည့် ပါဝင်ပစ္စည်းများ...
    • အောင်မဲညိုပန်း အစို သို့မဟုတ် အခြောက် ၅ ပွင့် ၈ ပွင့်ခန့်
    • ရေနွေး အသင့်အတင့်
    • သံပရာသီးတစ်ခြမ်း (ချဉ်ငံအရသာ ကြိုက်သူများအတွက်)

    ပြုလုပ်နည်း က အရမ်းလွယ်ပါတယ်။
    အောင်မဲညိုပန်းတွေကို ဖန်ခွက်ထဲထည့်၊ ရေနွေးလောင်းထည့်ပြီး ခရမ်းရောင်ရင့်ရင့်ရတဲ့အထိ စိမ်ထားလိုက်ပါ။ ပြီးရင် စစ်ပြီး မနက်ခင်းစောစောမှာ သောက်သုံးပါ။
    အရသာကို ပိုမိုနူးညံ့ချင်ရင် သံပရာရည်လေး နည်းနည်းညှစ်ထည့်လိုက်ပါ။ ဒါဆိုရင် ချဉ်ငံချို အရသာရှိပြီး လန်းဆန်းစေတဲ့အပြင် အာဟာရဓာတ်တွေကိုလည်း ပိုမိုစုပ်ယူနိုင်ပါတယ်။

    ကျွန်မ ဒီလိုမျိုး နေ့တိုင်း ဆက်တိုက်သောက်ခဲ့တာ တစ်ခဏအကြာမှာ မျက်လုံးတွေ ပိုကြည်လာပြီး အရင်လို မဝါးတော့ဘူးလို့ ခံစားရပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှု ပိုကောင်းလာတယ်၊ ဦးနှောက်ကြည်လင်တယ်၊ ဆံပင်တွေလည်း ပိုထူပြီး သန်မာလာတယ်

    တန်ဖိုးကြီးတဲ့ ဆေးဝါးတွေ မသုံးဘဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်းစားပစ္စည်းလေးပါ။ စမ်းကြည့်ပါ၊ တကယ်ကို အလုပ်ဖြစ်တယ်လို့ ကျွန်မထင်ပါတယ်

    ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻

    MON SOUNG
    #MONSOUNG
    👁‍ ဒီရက်ပိုင်း မျက်လုံးမှုန်တာ၊ မျက်လုံးမှာ မြူခိုးတွေကွယ်နေသလို ခံစားရတာ ဒါမှမဟုတ် မျက်လုံးဝါးတဲ့ပြဿနာတွေ စဖြစ်နေပြီဆိုရင် ကျွန်မတို့ နေ့တိုင်းလုပ်နေကျ ရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းကို စမ်းကြည့်နိုင်ပါတယ် 🌿 ကျွန်မကိုယ်တိုင်လည်း ဒီလိုလက္ခဏာမျိုးတွေ ကြုံဖူးပါတယ်။ အိမ်မှာ ကိုယ်တိုင် ဖော်စပ်သောက်ကြည့်တော့ လွယ်ကူတဲ့ပစ္စည်းလေးတွေနဲ့ အများကြီး အထောက်အကူပြုတာကို တွေ့ရပါတယ်။ 🍵 သုံးစွဲရမည့် ပါဝင်ပစ္စည်းများ... • အောင်မဲညိုပန်း အစို သို့မဟုတ် အခြောက် ၅ ပွင့် ၈ ပွင့်ခန့် • ရေနွေး အသင့်အတင့် • သံပရာသီးတစ်ခြမ်း (ချဉ်ငံအရသာ ကြိုက်သူများအတွက်) ပြုလုပ်နည်း က အရမ်းလွယ်ပါတယ်။ အောင်မဲညိုပန်းတွေကို ဖန်ခွက်ထဲထည့်၊ ရေနွေးလောင်းထည့်ပြီး ခရမ်းရောင်ရင့်ရင့်ရတဲ့အထိ စိမ်ထားလိုက်ပါ။ ပြီးရင် စစ်ပြီး မနက်ခင်းစောစောမှာ သောက်သုံးပါ။ ☀️ အရသာကို ပိုမိုနူးညံ့ချင်ရင် သံပရာရည်လေး နည်းနည်းညှစ်ထည့်လိုက်ပါ။ ဒါဆိုရင် ချဉ်ငံချို အရသာရှိပြီး လန်းဆန်းစေတဲ့အပြင် အာဟာရဓာတ်တွေကိုလည်း ပိုမိုစုပ်ယူနိုင်ပါတယ်။ ကျွန်မ ဒီလိုမျိုး နေ့တိုင်း ဆက်တိုက်သောက်ခဲ့တာ တစ်ခဏအကြာမှာ မျက်လုံးတွေ ပိုကြည်လာပြီး အရင်လို မဝါးတော့ဘူးလို့ ခံစားရပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှု ပိုကောင်းလာတယ်၊ ဦးနှောက်ကြည်လင်တယ်၊ ဆံပင်တွေလည်း ပိုထူပြီး သန်မာလာတယ် 🌸 တန်ဖိုးကြီးတဲ့ ဆေးဝါးတွေ မသုံးဘဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်းစားပစ္စည်းလေးပါ။ စမ်းကြည့်ပါ၊ တကယ်ကို အလုပ်ဖြစ်တယ်လို့ ကျွန်မထင်ပါတယ် 💜 ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻 MON SOUNG #MONSOUNG
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡102 Views
  • "ကျန်းမာရေးအတွက် ဤစာကို ဖတ်ဖြစ်အောင် ဖတ်ပါ " **************************

    ဒေါက်တာ လျှူရီပင်းက ဤသတင်းကို
    လူဆယ်ယောက်ကိုဖြန့်ဝေပေးပါက

    လူတစ်ယောက်၏အသက်ကို ကယ်နိုင် ကောင်းတယ် လို့ဆိုပါတယ်။

    ကျွန်တော်လုပ်ရမဲ့အပိုင်းကိုကျွန်တော်လုပ်ပြီးပြီ။
    ......................................

    သင့်အပိုင်းကို သင်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ ကျေးဇူးတင်ပါတယ်။
    .....................................

    သံပယိုရည်နဲ့ ရေနွေးကို သောက်သုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။

    သကြား မထည့်ပါနဲ့။

    ပူနေတဲ့သံပယိုရေနွေးဟာ အေးနေတဲ့ သံပယိုရည်ထက်ပိုပြီး အကျိုးကျေးဇူးရှိပါတယ်။

    ကဇွန်းဥ အဝါနဲ့ခရမ်းရောင်တို့မှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့ အရာကောင်းများပါဝင်ပါတယ်။

    ၁။ ညနှောင်းပိုင်း အစားအစာစားခြင်းဟာ
    အစာအိမ်ကင်ဆာကို ဖြစ်နိုင်ခြေများစေပါတယ်။

    ၂။ တစ်ပတ်တွင် ကြက်ဥ၄လုံးထက်ပို၍ မစားမိပါစေနဲ့။

    ၃။ ကြက်အဆီဘူးကို စားခြင်းဟာ အစာအိမ်ကင်ဆာကို ဖြစ်စေပါတယ်။

    ၄။အစာစားပြီး အသီးကို မစားပါနှင့်။
    အသီးကို အစာမစားမီ စားသုံးပါ။

    ၅။ ရာသီလာချိန်တွင်
    လက်ဖက်ရည်မသောက်ပါနှင့်။

    ၆။ ပဲနို့ကိုလျှော့သောက်ပါ။ ပဲနို့ထဲတွင်သကြားနှင့်ကြက်ဥထည့်မသောက်ပါနှင့်။

    ၇။ အစာမရှိဘဲ ခရမ်းချဉ်သီး မစားပါနဲ့။

    ၈။ သည်းခြေတွင်ကျောက်တည်ခြင်းမှ ကာကွယ်ရန် နံနက်အစာအစားမီ ရေတစ်ခွက်သောက်ပါ။

    ၉။ ညမအိပ်မီ ၃နာရီအလို မည်သည့်အစားအစာမှ မစားပါနှင့်။

    ၁၀။ Teh Tarik နွားနို့နှင့်ရောစပ်ဖျော်ထားသော လက်ဖက်ရည်လျှော့သောက်ပါ။
    အာဟာရမရှိသောအရာများက ဆီးချိုနှင့်သွေးတိုး ရောဂါကိုဖြစ်စေသည်။

    ၁၁။ ပေါင်မုန့်မီးကင်စက် သို့မဟုတ် မီးဖိုတွင် ပေါင်မုန့်ကိုဖုတ်ပြီးနောက်ပူနေစဉ် မစားပါနှင့်။

    ၁၂။ သင်အိပ်နေစဉ်သင့်နားတွင် ဆဲလ်ဖုံး သို့မဟုတ်မည်သည့်လျှပ်စစ်အားသွင်းခြင်းကိုမဆို အနားတွင်ထား၍ မအိပ်ပါနှင့်။

    ၁၃။ သည်းခြေကင်ဆာဖြစ်ဖြင်းမှ ကာကွယ်ရန် တစ်နေ့လျှင်ရေ ၁၀ခွက်ခန့်သောက်ပေးပါ။

    ၁၄။ နေ့ပိုင်းတွင် ရေကိုများများသောက်၍ ညပိုင်းတွင် လျှော့သောက်ပါ။

    ၁၅။ တစ်နေ့လျှင်ကော်ဖီကို၂ခွက်ထက်ပို၍ မသောက်ပါနှင့် သို့မဟုတ်ပါက အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါ ရရှိနိုင်သည်။

    ၁၆။ ဆီပါဝင်မှုနည်းသော အစားအစာကိုစားပါ။

    ဆီပါဝင်မှုရှိပါက ၅နာရီမှ၇နာရီကြာမျှ ယင်းအစာကို ကြေညက်အောင် ချက်ရသည့်အတွက် သင့်ကိုပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေသည်။

    ၁၇။ ညနေ၅နာရီနောက်ပိုင်း အစားကိုလျော့စားပါ။

    ၁၈။ အစားအစာ၆မျိုးသည် သင့်ကိုပျော်ရွှင်မှု ပေးနိုင်သည်။ ငှက်ပျောသီး၊ ဂရိတ်ဖရု၊ ဂျုံပေါင်မုန့်၊ စပင်းနပ်ခ်ျ၊ ရွှေဖရုံသီး၊ မက်မွန်သီး၊

    ၁၉။ တနေ့ ၈နာရီထက် လျော့နည်းစွာအိပ်လျှင် ဦးဏှောက်လည်ပတ်ဆောင်ရွက်နိုင်မှုကို တဖြည်းဖြည်းချို့ယွင်းစေပါသည်။

    မွန်းလွဲပိုင်းအနားယူမှေးစက်မှုက သင့်အား ငယ်ရွယ်နုပျိုစေပါသည်။.

    ချက်ထားသည့် ခရမ်းချဉ်သီးက ခရမ်းချဉ်သီး အစိမ်းထက်ပိုပြီး ဝေဒနာများကုသပေးနိုင်စွမ်းသတ္တိ ရှိသည်။

    ပူနေသော သံပယိုရေနွေးရည်သည် သင့်ကျန်းမာရေးကို ထိန်းထားနိုင်ပြီး အသက်ကိ်ုပိုမိုရှည်စေသည်။

    ပူသောသံပယိုရည်သည် ကင်ဆာဆဲလ်များကိုသတ်နိုင်စွမ်းရှိသည်။

    ရေနွေးပူပူထဲသို့ အကွင်းလိုက်လှီးထားသော သံပယိုကွင်း၂ခု-၃ခုခန့်ကို ထည့်ပါ။
    နေ့စဉ်သောက်သုံးပေးပါ။

    သံကယိုရည်ပူပူတွင်ရှိ ခါးသက်သက်ဓါတ်သည် ကင်ဆာဆဲလ်များကို သတ်နိုင်သည့် အကောင်းဆုံးသောဒြဗ်ပင်ဖြစ်သည်။

    သံပယိုရည်အေးတွင် ဗီတာမင်စီသာရှိပြီး ကင်ဆာကာကွယ်နိုင်စွမ်းမရှိပါ။

    ပူသော သံပယိုရည်သည် ကင်ဆာကျုမာကြီးထွားမှုကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

    ဓာတ်ခွဲခန်းစမ်းသပ်မှုအရ သံပယိုပူရည်သည် အလုပ်ဖြစ်ကြောင်းသက်သေပြခဲ့သည်။

    မကောင်းသောကင်ဆာဆဲလ်များကို ထိုသံပယိုတွင်ရှိသည့်ဓာတ်သတ္တိဖြင့် ကုသမှုကဖျက်ဆီးနိုင်စွမ်းရှိသည်။

    ထိုအရာက ကောင်းမွန်သောဆဲလ်များကို ထိခိုက်မှုမရှိပါ။

    နောက်တစ်ခုမှာ သံပယိုရည်အတွင်းရှိ စီထရစ်အက်စစ်(Citric acid) နှင့် သံပယို ပိုလီဖင်နော် (lemon polyphenol) သည်သွေးတိုးခြင်းကို ကျဆင်းစေနိုင်စွမ်းရှိသည်။

    သွေးကြောပိတ်ခြင်းကို လျော့နည်းစေခြင်း၊ သွေးလှည်ပတ်မှုကို တိုးတက်ကောင်းမွန်စေခြင်းနှင့် နက်ရှိုင်းစွာအတွင်းတွင်ရှိသည့် သွေးကြောတွင်းပိတ်ဆို့ခြင်းကို ကာကွယ်မှုပေးနိုင်သည်။

    သင်မည်မျှအလုပ်ရှုပ်နေပါစေ။
    ဤစာကိုဖတ်ဖြစ်အောင်ဖတ်ပါ။ အခြားသူများကိုချစ်မေတ္တာဖြင့် ဖြန့်ဝေပါ။ သင့်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။

    (Ko Htun Aung Gyaw ဘာသာပြန်ပေးပို့သည်။)
    via Zawana Shen
    #yoyocooking
    Credit: Thorn Nay Soe
    "ကျန်းမာရေးအတွက် ဤစာကို ဖတ်ဖြစ်အောင် ဖတ်ပါ " ************************** ဒေါက်တာ လျှူရီပင်းက ဤသတင်းကို လူဆယ်ယောက်ကိုဖြန့်ဝေပေးပါက လူတစ်ယောက်၏အသက်ကို ကယ်နိုင် ကောင်းတယ် လို့ဆိုပါတယ်။ ကျွန်တော်လုပ်ရမဲ့အပိုင်းကိုကျွန်တော်လုပ်ပြီးပြီ။ ...................................... သင့်အပိုင်းကို သင်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ ကျေးဇူးတင်ပါတယ်။ ..................................... သံပယိုရည်နဲ့ ရေနွေးကို သောက်သုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ သကြား မထည့်ပါနဲ့။ ပူနေတဲ့သံပယိုရေနွေးဟာ အေးနေတဲ့ သံပယိုရည်ထက်ပိုပြီး အကျိုးကျေးဇူးရှိပါတယ်။ ကဇွန်းဥ အဝါနဲ့ခရမ်းရောင်တို့မှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့ အရာကောင်းများပါဝင်ပါတယ်။ ၁။ ညနှောင်းပိုင်း အစားအစာစားခြင်းဟာ အစာအိမ်ကင်ဆာကို ဖြစ်နိုင်ခြေများစေပါတယ်။ ၂။ တစ်ပတ်တွင် ကြက်ဥ၄လုံးထက်ပို၍ မစားမိပါစေနဲ့။ ၃။ ကြက်အဆီဘူးကို စားခြင်းဟာ အစာအိမ်ကင်ဆာကို ဖြစ်စေပါတယ်။ ၄။အစာစားပြီး အသီးကို မစားပါနှင့်။ အသီးကို အစာမစားမီ စားသုံးပါ။ ၅။ ရာသီလာချိန်တွင် လက်ဖက်ရည်မသောက်ပါနှင့်။ ၆။ ပဲနို့ကိုလျှော့သောက်ပါ။ ပဲနို့ထဲတွင်သကြားနှင့်ကြက်ဥထည့်မသောက်ပါနှင့်။ ၇။ အစာမရှိဘဲ ခရမ်းချဉ်သီး မစားပါနဲ့။ ၈။ သည်းခြေတွင်ကျောက်တည်ခြင်းမှ ကာကွယ်ရန် နံနက်အစာအစားမီ ရေတစ်ခွက်သောက်ပါ။ ၉။ ညမအိပ်မီ ၃နာရီအလို မည်သည့်အစားအစာမှ မစားပါနှင့်။ ၁၀။ Teh Tarik နွားနို့နှင့်ရောစပ်ဖျော်ထားသော လက်ဖက်ရည်လျှော့သောက်ပါ။ အာဟာရမရှိသောအရာများက ဆီးချိုနှင့်သွေးတိုး ရောဂါကိုဖြစ်စေသည်။ ၁၁။ ပေါင်မုန့်မီးကင်စက် သို့မဟုတ် မီးဖိုတွင် ပေါင်မုန့်ကိုဖုတ်ပြီးနောက်ပူနေစဉ် မစားပါနှင့်။ ၁၂။ သင်အိပ်နေစဉ်သင့်နားတွင် ဆဲလ်ဖုံး သို့မဟုတ်မည်သည့်လျှပ်စစ်အားသွင်းခြင်းကိုမဆို အနားတွင်ထား၍ မအိပ်ပါနှင့်။ ၁၃။ သည်းခြေကင်ဆာဖြစ်ဖြင်းမှ ကာကွယ်ရန် တစ်နေ့လျှင်ရေ ၁၀ခွက်ခန့်သောက်ပေးပါ။ ၁၄။ နေ့ပိုင်းတွင် ရေကိုများများသောက်၍ ညပိုင်းတွင် လျှော့သောက်ပါ။ ၁၅။ တစ်နေ့လျှင်ကော်ဖီကို၂ခွက်ထက်ပို၍ မသောက်ပါနှင့် သို့မဟုတ်ပါက အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါ ရရှိနိုင်သည်။ ၁၆။ ဆီပါဝင်မှုနည်းသော အစားအစာကိုစားပါ။ ဆီပါဝင်မှုရှိပါက ၅နာရီမှ၇နာရီကြာမျှ ယင်းအစာကို ကြေညက်အောင် ချက်ရသည့်အတွက် သင့်ကိုပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေသည်။ ၁၇။ ညနေ၅နာရီနောက်ပိုင်း အစားကိုလျော့စားပါ။ ၁၈။ အစားအစာ၆မျိုးသည် သင့်ကိုပျော်ရွှင်မှု ပေးနိုင်သည်။ ငှက်ပျောသီး၊ ဂရိတ်ဖရု၊ ဂျုံပေါင်မုန့်၊ စပင်းနပ်ခ်ျ၊ ရွှေဖရုံသီး၊ မက်မွန်သီး၊ ၁၉။ တနေ့ ၈နာရီထက် လျော့နည်းစွာအိပ်လျှင် ဦးဏှောက်လည်ပတ်ဆောင်ရွက်နိုင်မှုကို တဖြည်းဖြည်းချို့ယွင်းစေပါသည်။ မွန်းလွဲပိုင်းအနားယူမှေးစက်မှုက သင့်အား ငယ်ရွယ်နုပျိုစေပါသည်။. ချက်ထားသည့် ခရမ်းချဉ်သီးက ခရမ်းချဉ်သီး အစိမ်းထက်ပိုပြီး ဝေဒနာများကုသပေးနိုင်စွမ်းသတ္တိ ရှိသည်။ ပူနေသော သံပယိုရေနွေးရည်သည် သင့်ကျန်းမာရေးကို ထိန်းထားနိုင်ပြီး အသက်ကိ်ုပိုမိုရှည်စေသည်။ ပူသောသံပယိုရည်သည် ကင်ဆာဆဲလ်များကိုသတ်နိုင်စွမ်းရှိသည်။ ရေနွေးပူပူထဲသို့ အကွင်းလိုက်လှီးထားသော သံပယိုကွင်း၂ခု-၃ခုခန့်ကို ထည့်ပါ။ နေ့စဉ်သောက်သုံးပေးပါ။ သံကယိုရည်ပူပူတွင်ရှိ ခါးသက်သက်ဓါတ်သည် ကင်ဆာဆဲလ်များကို သတ်နိုင်သည့် အကောင်းဆုံးသောဒြဗ်ပင်ဖြစ်သည်။ သံပယိုရည်အေးတွင် ဗီတာမင်စီသာရှိပြီး ကင်ဆာကာကွယ်နိုင်စွမ်းမရှိပါ။ ပူသော သံပယိုရည်သည် ကင်ဆာကျုမာကြီးထွားမှုကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ဓာတ်ခွဲခန်းစမ်းသပ်မှုအရ သံပယိုပူရည်သည် အလုပ်ဖြစ်ကြောင်းသက်သေပြခဲ့သည်။ မကောင်းသောကင်ဆာဆဲလ်များကို ထိုသံပယိုတွင်ရှိသည့်ဓာတ်သတ္တိဖြင့် ကုသမှုကဖျက်ဆီးနိုင်စွမ်းရှိသည်။ ထိုအရာက ကောင်းမွန်သောဆဲလ်များကို ထိခိုက်မှုမရှိပါ။ နောက်တစ်ခုမှာ သံပယိုရည်အတွင်းရှိ စီထရစ်အက်စစ်(Citric acid) နှင့် သံပယို ပိုလီဖင်နော် (lemon polyphenol) သည်သွေးတိုးခြင်းကို ကျဆင်းစေနိုင်စွမ်းရှိသည်။ သွေးကြောပိတ်ခြင်းကို လျော့နည်းစေခြင်း၊ သွေးလှည်ပတ်မှုကို တိုးတက်ကောင်းမွန်စေခြင်းနှင့် နက်ရှိုင်းစွာအတွင်းတွင်ရှိသည့် သွေးကြောတွင်းပိတ်ဆို့ခြင်းကို ကာကွယ်မှုပေးနိုင်သည်။ သင်မည်မျှအလုပ်ရှုပ်နေပါစေ။ ဤစာကိုဖတ်ဖြစ်အောင်ဖတ်ပါ။ အခြားသူများကိုချစ်မေတ္တာဖြင့် ဖြန့်ဝေပါ။ သင့်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ (Ko Htun Aung Gyaw ဘာသာပြန်ပေးပို့သည်။) via Zawana Shen #yoyocooking Credit: Thorn Nay Soe
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡194 Views
  • နှင်းဆီပန်းနှင့် ကဗျာဆရာ

    ------------------------

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    ဆူးက ဖျက်နေသည်တကား။

    အို ... ကဗျာဆရာ
    ငါ့မှာရန်စွယ်၊ အန္တရာယ်ကို
    ကာကွယ်လို့ငှာ၊ ဆူးရှိပါသည်
    ငါသည် သူသွမ်း မဟုတ်ပါ။

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    နွမ်းလျရော်ရီ၊ စိုမပြည်၍
    မြေဆီ ကြွေတတ်သည်တကား။

    အို ... ကဗျာဆရာ
    ကြွေရာပျက်ရာ၊ ဓမ္မတာမို့
    ကြွေကာပျက်မှု၊ ငါ မမှုပါ
    ငါမှုသည်ကား မြေသို့လား၍
    လွင့်ပါးရော်ရီ၊ မကြွေမီလျှင်
    ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို
    သည်ပိုးဆောင်မှု ဖြစ်ပါသည်။

    အို ... ပန်းနှင်းဆီ
    သင်သည် မြေထက်၊ မကြွေပျက်မီ
    သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို
    ဘဇာ ရွက်ဆောင်ပါသနည်း။

    အို ... ကဗျာဆရာ
    ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ
    ငါစွမ်းသမျှ၊ ငါ့အလှဖြင့်
    လောကသာယာ၊ စိုပြည်လာ၍
    သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင်
    ကြိုးပမ်း ဆောင်ပါသည်တကား။

    မင်းယုဝေ
    ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း )

    ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား
    လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ

    ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ
    ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ
    ကူးယူဖော်ပြခွင့် မပြုပါခင်မျာ

    #thebookbazaar
    #မင်းသုဝဏ်
    #နှင်းဆီပန်းနှင့်ကဗျာဆရာ
    နှင်းဆီပန်းနှင့် ကဗျာဆရာ ------------------------ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း ဆူးက ဖျက်နေသည်တကား။ အို ... ကဗျာဆရာ ငါ့မှာရန်စွယ်၊ အန္တရာယ်ကို ကာကွယ်လို့ငှာ၊ ဆူးရှိပါသည် ငါသည် သူသွမ်း မဟုတ်ပါ။ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း နွမ်းလျရော်ရီ၊ စိုမပြည်၍ မြေဆီ ကြွေတတ်သည်တကား။ အို ... ကဗျာဆရာ ကြွေရာပျက်ရာ၊ ဓမ္မတာမို့ ကြွေကာပျက်မှု၊ ငါ မမှုပါ ငါမှုသည်ကား မြေသို့လား၍ လွင့်ပါးရော်ရီ၊ မကြွေမီလျှင် ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို သည်ပိုးဆောင်မှု ဖြစ်ပါသည်။ အို ... ပန်းနှင်းဆီ သင်သည် မြေထက်၊ မကြွေပျက်မီ သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို ဘဇာ ရွက်ဆောင်ပါသနည်း။ အို ... ကဗျာဆရာ ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ ငါစွမ်းသမျှ၊ ငါ့အလှဖြင့် လောကသာယာ၊ စိုပြည်လာ၍ သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင် ကြိုးပမ်း ဆောင်ပါသည်တကား။ 🔹 မင်းယုဝေ ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း ) ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟 ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ ကူးယူဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟 #thebookbazaar #မင်းသုဝဏ် #နှင်းဆီပန်းနှင့်ကဗျာဆရာ
    Care
    1
    ¡ 0 Comments ¡0 Shares ¡187 Views
  • နှ”လုံးကျန်းမာရေးအတွက်သလဲသီးဖျော်ရည်၏ အံ့ဖွယ်အကျိုးကျေးဇူးများ
    .......................................................

    သလဲသီး(pomegranate) ဖျော်ရည်သည် လန်းဆန်းစေရုံသာမက နှလုံးကျန်းမာရေးအတွက် သဘာဝ စွမ်းအားတစ်ခုဖြစ်သည်။

    လေ့လာမှုအသစ်တစ်ခုအရ တစ်နေ့လျှင် တစ်ခွက် သောက်သုံးခြင်းသည် သွေးလွှတ်ကြောပိတ်ဆို့မှုများကို ၃၀% အထိ လျှော့ချပေးနိုင်ပြီး သင့်နှလုံးသွေးကြောစနစ်ကို ပြင်းထန်သောအန္တရာယ်များမှ ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

    သလဲသီး(pomegranate) ထဲမှာ ပါဝင်တဲ့ Antioxidants တွေဟာ free radicals တွေကို တိုက်ဖျက်ပေးပြီး အောက်ဆီဒေးရှင်းဖိစီးမှုကို လျှော့ချကာ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးတာကြောင့် သွေးလွှတ်ကြောထဲမှာ ချေး (plaque) များ စုပုံလာခြင်းကို လျော့နဲ စေပါတယ်။

    ဒါ့အပြင် သလဲသီး(pomegranate)ဖျော်ရည်ဟာ LDL (မကောင်းတဲ့ ကိုလက်စထရော) ကို လျှော့ချပေးပြီး HDL (ကောင်းတဲ့ ကိုလက်စထရော) ကို မြှင့်တင်ပေးကာ ကိုလက်စထရောကို ထိန်းညှိပေးပါတယ်။

    ၎င်းသည် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပြီး ကျန်းမာသော သွေးပေါင်ချိန်ကို ထောက်ပံ့ပေးကာ သင့်နှလုံးကို အားကောင်းသော ကာကွယ်မှုများ ပေးစွမ်းနိုင်ပါတယ်

    နေ့စဉ် ရိုးရိုးဖန်ခွက်တစ်ခွက်စာ သောက်သုံးခြင်းသည် ရေရှည်နှလုံးကျန်းမာရေးကို သဘာဝအတိုင်း ထောက်ပံ့ပေးရန်အလွယ်ကူဆုံးနည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

    #ကျန်းမာရေးဗဟုသုတရကြပါစေ
    #Creditပေးပါတယ်
    ✅နှ”လုံးကျန်းမာရေးအတွက်သလဲသီးဖျော်ရည်၏ အံ့ဖွယ်အကျိုးကျေးဇူးများ ....................................................... ✅သလဲသီး(pomegranate) ဖျော်ရည်သည် လန်းဆန်းစေရုံသာမက နှလုံးကျန်းမာရေးအတွက် သဘာဝ စွမ်းအားတစ်ခုဖြစ်သည်။ ✅လေ့လာမှုအသစ်တစ်ခုအရ တစ်နေ့လျှင် တစ်ခွက် သောက်သုံးခြင်းသည် သွေးလွှတ်ကြောပိတ်ဆို့မှုများကို ၃၀% အထိ လျှော့ချပေးနိုင်ပြီး သင့်နှလုံးသွေးကြောစနစ်ကို ပြင်းထန်သောအန္တရာယ်များမှ ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။ ✅သလဲသီး(pomegranate) ထဲမှာ ပါဝင်တဲ့ Antioxidants တွေဟာ free radicals တွေကို တိုက်ဖျက်ပေးပြီး အောက်ဆီဒေးရှင်းဖိစီးမှုကို လျှော့ချကာ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးတာကြောင့် သွေးလွှတ်ကြောထဲမှာ ချေး (plaque) များ စုပုံလာခြင်းကို လျော့နဲ စေပါတယ်။ ✅ဒါ့အပြင် သလဲသီး(pomegranate)ဖျော်ရည်ဟာ LDL (မကောင်းတဲ့ ကိုလက်စထရော) ကို လျှော့ချပေးပြီး HDL (ကောင်းတဲ့ ကိုလက်စထရော) ကို မြှင့်တင်ပေးကာ ကိုလက်စထရောကို ထိန်းညှိပေးပါတယ်။ ✅၎င်းသည် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပြီး ကျန်းမာသော သွေးပေါင်ချိန်ကို ထောက်ပံ့ပေးကာ သင့်နှလုံးကို အားကောင်းသော ကာကွယ်မှုများ ပေးစွမ်းနိုင်ပါတယ် ✅နေ့စဉ် ရိုးရိုးဖန်ခွက်တစ်ခွက်စာ သောက်သုံးခြင်းသည် ရေရှည်နှလုံးကျန်းမာရေးကို သဘာဝအတိုင်း ထောက်ပံ့ပေးရန်အလွယ်ကူဆုံးနည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ #ကျန်းမာရေးဗဟုသုတရကြပါစေ #Creditပေးပါတယ်
    Love
    2
    ¡ 0 Comments ¡0 Shares ¡211 Views
  • အသ”က်ကြီးလာလို လေဖြတ်မှကြောက်တယ်ဆို

    (၁) ကြင်သွန်ဖြူ တစ်နေ့ ၃ လုံးစားပေး
    ကျမ တို့ မြန်မာပြည်မှာဆို တစ်လုံးဥ ခေါ်လား
    ဒီကြက်သွန်က သိပ်ဆေးဖက်ဝင်တာ
    (လိပ်ခေါင်းရောဂါရှိနေတဲ့ လူ
    မစားသင့်ဘူး)

    (၂) နနွင်း(စစ်စစ်ဖြစ်ဖို့လိုအပ်တယ်)
    ဟင်းချက်တဲ့ အချိန် တစ်နေ့ တစ်ဇွန်း (သေး)
    ထည့်ချက်

    ဒါတွေ့က ပိတ်ဆံကုန်ကျသက်သာပြီ
    လေဖြတ် နိုင်တဲ့ အခြေအနေ ၅၀% ကာကွယ်ထားတယ်

    (၃) ငါးကြီးဆီ တစ်နေ့တစ်လုံး စားပေး

    သင့်အတွက် လေဖြတ်နိုင်တဲ့ အခြေအနေ
    ကာကွယ်ထားနိုင်တယ်

    ဒေါက်တာကေခိုင်
    #creditပေးပါတယ်ရှင့်
    #ကျန်းမာရေးဗဟုသုတရကြပါစေ
    ✅အသ”က်ကြီးလာလို လေဖြတ်မှကြောက်တယ်ဆို (၁) ကြင်သွန်ဖြူ တစ်နေ့ ၃ လုံးစားပေး ကျမ တို့ မြန်မာပြည်မှာဆို တစ်လုံးဥ ခေါ်လား ဒီကြက်သွန်က သိပ်ဆေးဖက်ဝင်တာ (လိပ်ခေါင်းရောဂါရှိနေတဲ့ လူ မစားသင့်ဘူး) (၂) နနွင်း(စစ်စစ်ဖြစ်ဖို့လိုအပ်တယ်) ဟင်းချက်တဲ့ အချိန် တစ်နေ့ တစ်ဇွန်း (သေး) ထည့်ချက် ဒါတွေ့က ပိတ်ဆံကုန်ကျသက်သာပြီ လေဖြတ် နိုင်တဲ့ အခြေအနေ ၅၀% ကာကွယ်ထားတယ် (၃) ငါးကြီးဆီ တစ်နေ့တစ်လုံး စားပေး ✅သင့်အတွက် လေဖြတ်နိုင်တဲ့ အခြေအနေ ကာကွယ်ထားနိုင်တယ် ဒေါက်တာကေခိုင် #creditပေးပါတယ်ရှင့် #ကျန်းမာရေးဗဟုသုတရကြပါစေ
    Love
    2
    ¡ 0 Comments ¡0 Shares ¡191 Views
  • #အိမ်မှာရှိတဲ့ဩဇာရွက်က

    ရောဂါအတွက်
    ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်...

    မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်...

    ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်...
    အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။

    အေးကွ ...
    ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့...
    ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့..
    စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ...
    ခေတ်ကလည်း မတူဘူးမို့လား..?
    ဒို့ခေတ် ဒို့အခါတုန်းက
    ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်...
    သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို...
    တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း
    မလွယ်ကူဘူးလေ...

    ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ
    ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က
    ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ...
    ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ...

    ခု ငါ့တူကြီးပြောမှပဲ...
    အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....

    သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့...
    အတော်စွမ်းပါလား မောင်ရေ...

    အမှန်ပဲ ဖိုးလေးရေ...
    ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက
    သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။
    အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်..
    စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။
    (ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)

    အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့....
    ဩဇာပင်နဲ့ပတ်သက်ပြီး ...
    ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက်
    အသုံးပြုနိုင်ကြောင်း...

    အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား
    မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...

    ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ...
    ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...

    ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ...
    ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့
    ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း...
    ဖော်ပြထားတယ် ဖိုးလေးရေ...

    တယ်ဟုတ်ပါလား ကွ...
    ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က
    အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..

    မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ...
    တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်!

    ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့...
    ဩဇာသီး အခြောက်လာခူးတာဆိုတော့...
    မဟုတ်မှလွဲ ...
    ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး
    ဖိုးလေးက မေးလာတာကြောင့်...

    အမှန်ပဲပေါ့ဖိုးလေးရေ....
    မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ...
    ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက်
    မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့...
    ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ!


    ဟ...
    အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး
    ဖိုးလေးက မေးပြန်တာကြောင့်...
    အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ...
    အ‌ဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ...
    ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!

    အလားလား တယ်စွမ်းပါလား ဟ...
    ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!

    #crd #ကျန်းမာရေးဗဟုသုတ
    #အိမ်မှာရှိတဲ့ဩဇာရွက်က ရောဂါအတွက် ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်... မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်... ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်... အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။ ✅✅ အေးကွ ... ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့... ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့.. စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ... ခေတ်ကလည်း မတူဘူးမို့လား..? ဒို့ခေတ် ဒို့အခါတုန်းက ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်... သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို... တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း မလွယ်ကူဘူးလေ...✅ ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ... ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ... ခု ငါ့တူကြီးပြောမှပဲ... အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....✅✅ သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့... အတော်စွမ်းပါလား မောင်ရေ...✅ အမှန်ပဲ ဖိုးလေးရေ... ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။ အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်.. စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။ (ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)✅✅ အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့.... ဩဇာပင်နဲ့ပတ်သက်ပြီး ... ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက် အသုံးပြုနိုင်ကြောင်း...✅ အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...✅✅ ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ... ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...✅✅ ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ... ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့ ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း... ဖော်ပြထားတယ် ဖိုးလေးရေ...✅✅ တယ်ဟုတ်ပါလား ကွ... ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..✅ မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ... တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်! ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့... ဩဇာသီး အခြောက်လာခူးတာဆိုတော့... မဟုတ်မှလွဲ ... ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး ဖိုးလေးက မေးလာတာကြောင့်...✅✅ အမှန်ပဲပေါ့ဖိုးလေးရေ.... မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ... ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက် မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့... ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ! ✅✅ ဟ... အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး ဖိုးလေးက မေးပြန်တာကြောင့်... အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ... အ‌ဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ... ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!✅ အလားလား တယ်စွမ်းပါလား ဟ... ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!✅ #crd #ကျန်းမာရေးဗဟုသုတ
    Like
    Love
    2
    ¡ 0 Comments ¡0 Shares ¡251 Views
  • ညဘက်မှာ မျက်လုံးပြူးပြီး အိပ်မပျော်သူများ၊ ဘယ်လောက်အိပ်အိပ် မျက်လုံးက အိပ်ငိုက်မလာဘဲ ဥကြီးလို မျက်လုံးကြီးတွေနဲ့ ဖြစ်နေသူများ၊ မနက်မိုးလင်းတော့လည်း ပင်ပန်းနွမ်းနယ်ပြီး ဦးနှောက်တွေ တုံးနေလို့ အလုပ်မတွင်သူများ၊ အကြောင်းမဲ့ စိတ်တို၊ စိတ်ဆိုးလွယ်သူများ...

    စိတ်မပူပါနဲ့။ ရိုးရှင်းတဲ့ ဒီသဘာဝနည်းလမ်းလေးကို အရင်ဆုံး စမ်းသပ်ကြည့်လိုက်ပါ-

    ရှောက်နူသီး (၁) လုံးရဲ့ အခွံကိုပါးပါးလှီးပြီး ရေနဲ့ ပြုတ်ပါ။ အိပ်ယာမဝင်မီ ညတိုင်း နွေးနွေးလေး သောက်ပေးပါ။

    ဒီနည်းလမ်းက-

    ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပြီး ညလယ်မှာ လန့်နိုးခြင်းမရှိအောင် ကူညီပေးပါတယ်။

    နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်မက်လှလှတွေ မက်စေပါတယ်။

    နိုးလာတဲ့အခါ ခေါင်းကိုက်ခြင်း မရှိတော့ပါဘူး။

    ကျန်းမာရေးအတွက် အခြားကောင်းကျိုးများ
    အိပ်ပျော်စေတဲ့အပြင် အစာခြေစနစ်အတွက်လည်း ကောင်းကျိုးများစွာ ရှိပါတယ်-

    လေပူတွေကို ထုတ်ပစ်တယ်

    ရင်ပြည့်ရင်ကယ်တာကို လျှော့ချပေးတယ်

    အောင့်တတ်တဲ့ ဝေဒနာတွေ ပျောက်စေတယ်

    အူလမ်းကြောင်းထဲက ဓာတ်ငွေ့ကြောင့် ဗိုက်ပူတာကို သက်သာစေတယ်

    သေးငယ်တဲ့ လျှို့ဝှက်ချက်
    ရှောက်နူသီးအခွံတွေကို ပါးပါးလှီးပြီး နေရောင်ပြပြီး အခြောက်လှန်းပါ။ ပြီးရင် ပုလင်းထဲထည့်ပြီး လိုအပ်တဲ့အခါ သုံးဖို့ သိမ်းထားနိုင်ပါတယ်။

    လိုအပ်တဲ့အခါ ယူပြီး ပြုတ်သောက်ရုံပဲ။ မွှေးရနံ့သင်းပြီး လန်းဆန်းစေတယ်၊ သောက်လိုက်ရင် စိတ်လက်ပေါ့ပါးပြီး အိပ်မပျော်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

    #ရှောက်နူသီးအခွံကအိပ်ပျော်စေ #ညအိပ်ယာမဝင်မီသောက်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ #သဘာဝရဲ့ကောင်းကျိုးများ
    #yoyocooking #fblifestyle
    ညဘက်မှာ မျက်လုံးပြူးပြီး အိပ်မပျော်သူများ၊ ဘယ်လောက်အိပ်အိပ် မျက်လုံးက အိပ်ငိုက်မလာဘဲ ဥကြီးလို မျက်လုံးကြီးတွေနဲ့ ဖြစ်နေသူများ၊ မနက်မိုးလင်းတော့လည်း ပင်ပန်းနွမ်းနယ်ပြီး ဦးနှောက်တွေ တုံးနေလို့ အလုပ်မတွင်သူများ၊ အကြောင်းမဲ့ စိတ်တို၊ စိတ်ဆိုးလွယ်သူများ... စိတ်မပူပါနဲ့။ ရိုးရှင်းတဲ့ ဒီသဘာဝနည်းလမ်းလေးကို အရင်ဆုံး စမ်းသပ်ကြည့်လိုက်ပါ- ရှောက်နူသီး (၁) လုံးရဲ့ အခွံကိုပါးပါးလှီးပြီး ရေနဲ့ ပြုတ်ပါ။ အိပ်ယာမဝင်မီ ညတိုင်း နွေးနွေးလေး သောက်ပေးပါ။ ဒီနည်းလမ်းက- ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပြီး ညလယ်မှာ လန့်နိုးခြင်းမရှိအောင် ကူညီပေးပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်မက်လှလှတွေ မက်စေပါတယ်။ နိုးလာတဲ့အခါ ခေါင်းကိုက်ခြင်း မရှိတော့ပါဘူး။ ✨ ကျန်းမာရေးအတွက် အခြားကောင်းကျိုးများ အိပ်ပျော်စေတဲ့အပြင် အစာခြေစနစ်အတွက်လည်း ကောင်းကျိုးများစွာ ရှိပါတယ်- လေပူတွေကို ထုတ်ပစ်တယ် ရင်ပြည့်ရင်ကယ်တာကို လျှော့ချပေးတယ် အောင့်တတ်တဲ့ ဝေဒနာတွေ ပျောက်စေတယ် အူလမ်းကြောင်းထဲက ဓာတ်ငွေ့ကြောင့် ဗိုက်ပူတာကို သက်သာစေတယ် 💡 သေးငယ်တဲ့ လျှို့ဝှက်ချက် ရှောက်နူသီးအခွံတွေကို ပါးပါးလှီးပြီး နေရောင်ပြပြီး အခြောက်လှန်းပါ။ ပြီးရင် ပုလင်းထဲထည့်ပြီး လိုအပ်တဲ့အခါ သုံးဖို့ သိမ်းထားနိုင်ပါတယ်။ လိုအပ်တဲ့အခါ ယူပြီး ပြုတ်သောက်ရုံပဲ။ မွှေးရနံ့သင်းပြီး လန်းဆန်းစေတယ်၊ သောက်လိုက်ရင် စိတ်လက်ပေါ့ပါးပြီး အိပ်မပျော်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ #ရှောက်နူသီးအခွံကအိပ်ပျော်စေ #ညအိပ်ယာမဝင်မီသောက်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ #သဘာဝရဲ့ကောင်းကျိုးများ #yoyocooking #fblifestyle
    Like
    Love
    2
    ¡ 0 Comments ¡0 Shares ¡229 Views
  • နားလည်မှုဆိုတာ

    နားလည်မှုဆိုတာ
    တော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူး

    နားလည်မှုဆိုတာ
    တကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာ

    တစ်ခါတလေ ကိုယ့်ဘက်ကမမှားလံ တောင်းပန်ပေးလိုက်တာတွေ

    ကိုယ့်ဘက်က မလွန်လဲ စခေါ်ပေးခဲ့ရတာတွေ
    တုန့်ပြန်ချင်ပါလျှက် မျိုသိပ်လိုက်ရတဲ့ ဝေဒနာတွေ

    ကိုယ့်စိတ်နဲ့ကိုယ်
    ပြ-တ်သားလိုက်ချင်ပေမယ့်
    ကိုယ့်အတ္တထက် တဖတ်သူဘက်ကို
    ဖြည့်တွေးပြီး လိုတာထက် စိတ်ကိုပိုရှည်ပေးထားရတဲ့

    ကိုယ်မှ အလျှော့မပေးရင်
    ပြ-တ်တောက်သွားတော့မယ်
    ဆက်ဆံရေးတွေဒါကြောင့်နားလည်မှုဆိုတာ

    တော်ရုံလူ မပေးနိုင်ဘူးလို့ ပြောတာ
    ဒါပေမယ့်ကိုယ့်ပေါ်နားလည်မှု ပေးနိုင်တဲ့သူဆို
    လူတွေက သိပ်တန်ဖိုး မထားတတ်ကြဘူး
    အနိုင်ကျင့်ချင်ကြတယ်အထက်စီးက ဆက်ဆံချင်ကြတယ်

    ငါ့သဘော ငါ့ဆန္ဒ
    နေရာတကာ ငါအမှန်ပဲလုပ်ချင်ကြတယ်
    ဒါ ကအတိုင်းအတာတစ်ခုထိဘဲကောင်းတယ်
    အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အခါ
    ကိုယ့်ပေါ် တကယ်နားလည်ပေးနိုင်တဲ့သူတွေ
    အလျှော့ပေးဆက်ဆံတဲ့သူတွေအနားက ထွက်သွားတဲ့အခါဆုံးရှူံးသွားတဲ့အခါ

    ကိုယ့်နားမှာ အထီးကျန်မှုနဲ့အပေါ်ယံလူတွေဘဲ ကျန်ခဲ့လိမ့်မယ်အဆင်ပြေနေချိန်အနားမှာ အဖော်ရှိနေချိန်
    တွဲထားတဲ့ လက်တွေ မြဲနေချိန်
    ခဏမှာတော့ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး အရေးလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့

    ဒါပေမယ့်ဘဝမှာ ဘယ်အရာမှာ အကြာကြီး
    အမြဲတမ်း ရှိမနေနိုင်ဘူး ပြောင်းလဲခြင်းတရားတွေဆိုတာ ကြုံ လာ ရ ဦး မှာ ဘဲ

    အဲ့အခါကျမှ
    အတောင်ကျိုးတဲ့ ငှက်လိုမျိုး ဘယ်ကောင်းကင် ပျံရမှန်းမသိဖြစ်မယ်

    ကိုယ်ဘယ်လိုစိတ်မျိုးထားလဲ
    ကိုယ် ဘယ်လို တုန့်ပြန်မှုတွေပြုတတ်သလဲ
    ဘဝမှာ ဒါအရေးကြီးတယ်
    ကိုယ့်အလှည့်ကျမှ လူတွေက လုပ်ရက်လေခြင်းလို့ အပြစ်မတင်နဲ့လေ

    ပြန်စဉ်းစားကြည့်ပေါ့ ကိုယ့်အလှည့်တုန်းကရော ငါ လူတွေပေါ် ဘယ်လိုလုပ်ခဲ့လဲလို့
    ဝဋ်တွေက တကယ်လည်တတ်ပါတယ် တစ်ခါတလေ ဘဝတောင် မကူးလိုက်ဘူး

    နားလည်ပေးတတ်စေချင်တယ်
    ဒါထက် ကိုယ့်ပေါ်နားလည်ပေးတဲ့သူကို ပို တန် ဖိုး ထား ပါ

    လူတိုင်းကို နားလည်မပေးနိုင်ရင်တောင် ကိုယ့်အပေါ်ကိုတကယ် စိတ်ရင်းအမှန်နဲ့ ပေါင်းတဲ့သူမျိုးကိုတော့ ပြန်တန်ဖိုးထား နားလည်ပေးစေချင်တယ်

    တကယ်တော့
    နား လည် မှု ဆို တာ
    နားလည်ခံရတဲ့သူက
    ပျော် ဖို့ ကောင်း သ လောက်
    နားလည်ပေးလိုက်ရတဲ့သူက

    တစ်ခါတလေမှာ
    နာကျင်နေရတတ်တယ်
    ဒါကြောင့် အနာကျင်ခံပြီး နားလည်ပေးတဲ့သူကို ပိုတန်ဖိုးထားပါ

    ဘယ်အရာကိုပဲဖြစ်ဖြစ်
    မရှိတော့မှ တန်ဖိုးနားလည်လာမယ့်အစား ရှိနေချိန်မှာ တန်ဖိုးထားပါ

    တစ်ချို့အရာတွေက မင်းဘဝထဲကို အကြိမ်ကြိမ် ပြန်လာမှာ မဟုတ်ဘူး

    နားလည်မှုဆိုတဲ့
    စကားရဲ့ အဓိပ္ပာယ်ကို
    အမြဲ နားလည်ပေးနေရတဲ့သူတွေပဲ သိတယ်
    အမြဲအနိုင်ယူနေတဲ့သူတွေ မသိဘူး။

    #ဗန်းမော် သိန်းဖေ Page မှ ပြန်လည်မျှဝေခြင်းသာဖြစ်သည်။
    #Facebook
    နားလည်မှုဆိုတာ နားလည်မှုဆိုတာ တော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူး နားလည်မှုဆိုတာ တကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာ တစ်ခါတလေ ကိုယ့်ဘက်ကမမှားလံ တောင်းပန်ပေးလိုက်တာတွေ ကိုယ့်ဘက်က မလွန်လဲ စခေါ်ပေးခဲ့ရတာတွေ တုန့်ပြန်ချင်ပါလျှက် မျိုသိပ်လိုက်ရတဲ့ ဝေဒနာတွေ ကိုယ့်စိတ်နဲ့ကိုယ် ပြ-တ်သားလိုက်ချင်ပေမယ့် ကိုယ့်အတ္တထက် တဖတ်သူဘက်ကို ဖြည့်တွေးပြီး လိုတာထက် စိတ်ကိုပိုရှည်ပေးထားရတဲ့ ကိုယ်မှ အလျှော့မပေးရင် ပြ-တ်တောက်သွားတော့မယ် ဆက်ဆံရေးတွေဒါကြောင့်နားလည်မှုဆိုတာ တော်ရုံလူ မပေးနိုင်ဘူးလို့ ပြောတာ ဒါပေမယ့်ကိုယ့်ပေါ်နားလည်မှု ပေးနိုင်တဲ့သူဆို လူတွေက သိပ်တန်ဖိုး မထားတတ်ကြဘူး အနိုင်ကျင့်ချင်ကြတယ်အထက်စီးက ဆက်ဆံချင်ကြတယ် ငါ့သဘော ငါ့ဆန္ဒ နေရာတကာ ငါအမှန်ပဲလုပ်ချင်ကြတယ် ဒါ ကအတိုင်းအတာတစ်ခုထိဘဲကောင်းတယ် အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အခါ ကိုယ့်ပေါ် တကယ်နားလည်ပေးနိုင်တဲ့သူတွေ အလျှော့ပေးဆက်ဆံတဲ့သူတွေအနားက ထွက်သွားတဲ့အခါဆုံးရှူံးသွားတဲ့အခါ ကိုယ့်နားမှာ အထီးကျန်မှုနဲ့အပေါ်ယံလူတွေဘဲ ကျန်ခဲ့လိမ့်မယ်အဆင်ပြေနေချိန်အနားမှာ အဖော်ရှိနေချိန် တွဲထားတဲ့ လက်တွေ မြဲနေချိန် ခဏမှာတော့ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး အရေးလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ဒါပေမယ့်ဘဝမှာ ဘယ်အရာမှာ အကြာကြီး အမြဲတမ်း ရှိမနေနိုင်ဘူး ပြောင်းလဲခြင်းတရားတွေဆိုတာ ကြုံ လာ ရ ဦး မှာ ဘဲ အဲ့အခါကျမှ အတောင်ကျိုးတဲ့ ငှက်လိုမျိုး ဘယ်ကောင်းကင် ပျံရမှန်းမသိဖြစ်မယ် ကိုယ်ဘယ်လိုစိတ်မျိုးထားလဲ ကိုယ် ဘယ်လို တုန့်ပြန်မှုတွေပြုတတ်သလဲ ဘဝမှာ ဒါအရေးကြီးတယ် ကိုယ့်အလှည့်ကျမှ လူတွေက လုပ်ရက်လေခြင်းလို့ အပြစ်မတင်နဲ့လေ ပြန်စဉ်းစားကြည့်ပေါ့ ကိုယ့်အလှည့်တုန်းကရော ငါ လူတွေပေါ် ဘယ်လိုလုပ်ခဲ့လဲလို့ ဝဋ်တွေက တကယ်လည်တတ်ပါတယ် တစ်ခါတလေ ဘဝတောင် မကူးလိုက်ဘူး နားလည်ပေးတတ်စေချင်တယ် ဒါထက် ကိုယ့်ပေါ်နားလည်ပေးတဲ့သူကို ပို တန် ဖိုး ထား ပါ လူတိုင်းကို နားလည်မပေးနိုင်ရင်တောင် ကိုယ့်အပေါ်ကိုတကယ် စိတ်ရင်းအမှန်နဲ့ ပေါင်းတဲ့သူမျိုးကိုတော့ ပြန်တန်ဖိုးထား နားလည်ပေးစေချင်တယ် တကယ်တော့ နား လည် မှု ဆို တာ နားလည်ခံရတဲ့သူက ပျော် ဖို့ ကောင်း သ လောက် နားလည်ပေးလိုက်ရတဲ့သူက တစ်ခါတလေမှာ နာကျင်နေရတတ်တယ် ဒါကြောင့် အနာကျင်ခံပြီး နားလည်ပေးတဲ့သူကို ပိုတန်ဖိုးထားပါ ဘယ်အရာကိုပဲဖြစ်ဖြစ် မရှိတော့မှ တန်ဖိုးနားလည်လာမယ့်အစား ရှိနေချိန်မှာ တန်ဖိုးထားပါ တစ်ချို့အရာတွေက မင်းဘဝထဲကို အကြိမ်ကြိမ် ပြန်လာမှာ မဟုတ်ဘူး နားလည်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို အမြဲ နားလည်ပေးနေရတဲ့သူတွေပဲ သိတယ် အမြဲအနိုင်ယူနေတဲ့သူတွေ မသိဘူး။ #ဗန်းမော် သိန်းဖေ Page မှ ပြန်လည်မျှဝေခြင်းသာဖြစ်သည်။ #Facebook
    Care
    1
    ¡ 0 Comments ¡0 Shares ¡546 Views
More Results