• ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ
    ငွေချေးပြီး လူပျောက်သွားတာမျိုးမဖြစ်သင့်ဘူး။
    ဘယ်လောက်ပဲ ခက်ခဲခက်ခဲ
    ကတိပေးပြီး ဖျက်တာမျိုးမလုပ်သင့်ဘူး။
    ဘာကိစ္စ ဘာပြဿနာဖြစ်ဖြစ်
    ရှင်းရှင်းလင်းလင်းမပြောဘဲ
    ခေါင်းရှောင် ဖုန်းမကိုင်တော့တာမျိုး မလုပ်သင့်ဘူး။
    ဖြောင့်ဖြောင့်မတ်မတ် လူလုပ်ပါ၊
    ရိုးရိုးသားသား အလုပ်လုပ်ပါတဲ့၊
    ငယ်ငယ်က ဖတ်စာအုပ်မှာ သင်ခဲ့ရတယ်။
    ကိုယ့်ကိုယုံကြည်တဲ့ တခြားသူရဲ့ယုံကြည်မှုကို ပစ်မထုတ်မိပါစေနဲ့၊
    ကိုယ့်ကို သူယုံကြည်တယ်ဆိုတာသူ့ရင်ထဲသိမ်းထားလို့ရတဲ့တန်ဖိုးတစ်ခု ကိုယ့်မှာရှိလို့ပါ။
    ဘ၀နဲ့သိက္ခာကိုမလဲချင်ကြပါနဲ့ သူငယ်ချင်း မိတ်ဆွေတို့ရေ..
    #crd
    ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ငွေချေးပြီး လူပျောက်သွားတာမျိုးမဖြစ်သင့်ဘူး။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကတိပေးပြီး ဖျက်တာမျိုးမလုပ်သင့်ဘူး။ ဘာကိစ္စ ဘာပြဿနာဖြစ်ဖြစ် ရှင်းရှင်းလင်းလင်းမပြောဘဲ ခေါင်းရှောင် ဖုန်းမကိုင်တော့တာမျိုး မလုပ်သင့်ဘူး။ ဖြောင့်ဖြောင့်မတ်မတ် လူလုပ်ပါ၊ ရိုးရိုးသားသား အလုပ်လုပ်ပါတဲ့၊ ငယ်ငယ်က ဖတ်စာအုပ်မှာ သင်ခဲ့ရတယ်။ ကိုယ့်ကိုယုံကြည်တဲ့ တခြားသူရဲ့ယုံကြည်မှုကို ပစ်မထုတ်မိပါစေနဲ့၊ ကိုယ့်ကို သူယုံကြည်တယ်ဆိုတာသူ့ရင်ထဲသိမ်းထားလို့ရတဲ့တန်ဖိုးတစ်ခု ကိုယ့်မှာရှိလို့ပါ။ ဘ၀နဲ့သိက္ခာကိုမလဲချင်ကြပါနဲ့ သူငယ်ချင်း မိတ်ဆွေတို့ရေ.. #crd
    Care
    1
    ¡ 0 Comments ¡0 Shares ¡10 Views
  • စိတ်ဓာတ် ယုတ်မာသူ အတွက်
    ပညာတတ်ခြင်းဟာ အလကားပဲ…

    မျော်လင့်ချက် မရှိသူအတွက်
    မနက်ဖြန် ဆိုတာ အလကားပဲ…

    သင်္ခန်းစာ မယူတတ်သူအတွက်
    အတွေ့ကြုံ ဆိုတာ အလကားပဲ…

    ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
    ကူညီပေးမှု့ဟာ အလကားပဲ…

    အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
    ခေါင်းဆောင် ဆိုတာ အလကားပဲ…

    ခံစားချက် မရှိသူ အတွက်
    နှလုံးသား တစ်စုံဟာ အလကားပဲ…

    မကြိုးစားသူ အတွက်
    အခွင့်အရေး ဆိုတာ အလကားဘဲ…

    နှမြောတွန့်တိုတတ်သူ အတွက်
    ချမ်းသာခြင်းဟာ အလကားပဲ…

    စိတ်ထားယုတ်သူ အတွက်
    ရုပ်လှခြင်းဟာ အလကားပဲ…

    မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
    ဆရာကောင်းဟာ အလကားပဲ…

    ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက်
    ပေါမျအတွက်ားခြင်းဟာ အလကားပဲ…

    ကုသိုလ်မပြုသူ
    ဘဝဖြစ်တည်ခြင်းက အလကားပဲ…

    ပိုင်ဆိုင်ခွင့် ရတိုင်း
    ပျော်ရွှင်ရမယ် မထင်နဲ့
    လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်…

    ဆုံးရှုံးသွားတိုင်း
    ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
    မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်…

    အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
    တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
    မကြည်နိူင်ရင် ရှုံးတာပါပဲ…

    အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
    ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
    အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ…

    စွန့်လွတ်တိုင်းလည်း
    ဆုံးရှူံးရတာ မဟုတ်ဘူး
    ပိုင်ဆိုင်ရတိုင်းလည်း
    ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်…

    နားလည်မှု့မရှိရင် နီးနေလည်း
    အလကားပဲ…
    တစ်ယောက်နဲ့တစ်ယောက်
    စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း
    ရှိမလာနိူင်ဘူး…

    ဘယ်လောက် ဝေးဝေး
    စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ
    အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
    အလိုလိုရောက်လာမှာလေ……။

    Crd to owner with respect #
    စိတ်ဓာတ် ယုတ်မာသူ အတွက် ပညာတတ်ခြင်းဟာ အလကားပဲ… မျော်လင့်ချက် မရှိသူအတွက် မနက်ဖြန် ဆိုတာ အလကားပဲ… သင်္ခန်းစာ မယူတတ်သူအတွက် အတွေ့ကြုံ ဆိုတာ အလကားပဲ… ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက် ကူညီပေးမှု့ဟာ အလကားပဲ… အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက် ခေါင်းဆောင် ဆိုတာ အလကားပဲ… ခံစားချက် မရှိသူ အတွက် နှလုံးသား တစ်စုံဟာ အလကားပဲ… မကြိုးစားသူ အတွက် အခွင့်အရေး ဆိုတာ အလကားဘဲ… နှမြောတွန့်တိုတတ်သူ အတွက် ချမ်းသာခြင်းဟာ အလကားပဲ… စိတ်ထားယုတ်သူ အတွက် ရုပ်လှခြင်းဟာ အလကားပဲ… မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက် ဆရာကောင်းဟာ အလကားပဲ… ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက် ပေါမျအတွက်ားခြင်းဟာ အလကားပဲ… ကုသိုလ်မပြုသူ ဘဝဖြစ်တည်ခြင်းက အလကားပဲ… ပိုင်ဆိုင်ခွင့် ရတိုင်း ပျော်ရွှင်ရမယ် မထင်နဲ့ လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်… ဆုံးရှုံးသွားတိုင်း ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့ မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်… အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့ တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင် မကြည်နိူင်ရင် ရှုံးတာပါပဲ… အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင် အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ… စွန့်လွတ်တိုင်းလည်း ဆုံးရှူံးရတာ မဟုတ်ဘူး ပိုင်ဆိုင်ရတိုင်းလည်း ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်… နားလည်မှု့မရှိရင် နီးနေလည်း အလကားပဲ… တစ်ယောက်နဲ့တစ်ယောက် စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း ရှိမလာနိူင်ဘူး… ဘယ်လောက် ဝေးဝေး စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း အလိုလိုရောက်လာမှာလေ……။ Crd to owner with respect #
    Care
    1
    ¡ 0 Comments ¡0 Shares ¡23 Views
  • နာမကျန်း ဖြစ်ချိန်မှာ ဆေးပေး မီးယူ ပြုစုပေးသူ .... ။

    ချို့တဲ့ချိန်မှာ အကျိုးအမြတ်မတွက်ပဲ ကူညီသူ .... ။

    ဒုက္ခရောက်ချိန်မှာ ကိုယ်နှင့် တစ်သားတည်း ရှိပေးသူ ...။

    အရာရာ ခက်ခဲနေချိန်မှာ နောက်ကျောကနေ ပံ့ပိုး ကူညီပေးသူ...။

    ဘာမျှ မရှိချိန်မှာ
    မှန်ကန်သော စိတ်နှလုံးသားဖြင့် မြတ်နိုးသူ....။

    ဘာမှမသိ နားမလည်ချိန်မှာ စိတ်ပါ လက်ပါနဲ့ မေတ္တာရှေ့ထား လမ်းညွှန်ပေးသူ ... ။

    ဘဝမှာ အခက်အခဲ အကြပ်အတည်းဆုံး ဖြစ်ချိန်မှာ စွန့်ခွာမသွားဘဲ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်းများဖြင့် ကူညီဖေးမသူ .... ။

    ထိုသူများကို ကျေးဇူး မကန်းမိစေနဲ့ ။

    မူရင်း Credit ပေးပါသည်

    #crd_to_owner_with_respect
    နာမကျန်း ဖြစ်ချိန်မှာ ဆေးပေး မီးယူ ပြုစုပေးသူ .... ။ ချို့တဲ့ချိန်မှာ အကျိုးအမြတ်မတွက်ပဲ ကူညီသူ .... ။ ဒုက္ခရောက်ချိန်မှာ ကိုယ်နှင့် တစ်သားတည်း ရှိပေးသူ ...။ အရာရာ ခက်ခဲနေချိန်မှာ နောက်ကျောကနေ ပံ့ပိုး ကူညီပေးသူ...။ ဘာမျှ မရှိချိန်မှာ မှန်ကန်သော စိတ်နှလုံးသားဖြင့် မြတ်နိုးသူ....။ ဘာမှမသိ နားမလည်ချိန်မှာ စိတ်ပါ လက်ပါနဲ့ မေတ္တာရှေ့ထား လမ်းညွှန်ပေးသူ ... ။ ဘဝမှာ အခက်အခဲ အကြပ်အတည်းဆုံး ဖြစ်ချိန်မှာ စွန့်ခွာမသွားဘဲ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်းများဖြင့် ကူညီဖေးမသူ .... ။ ထိုသူများကို ကျေးဇူး မကန်းမိစေနဲ့ ။ မူရင်း Credit ပေးပါသည် #crd_to_owner_with_respect
    Care
    1
    ¡ 0 Comments ¡0 Shares ¡63 Views
  • "ဆင်တုံးမနွယ်" ကျန်းမာရေးလိုက်စားတဲ့ သူများအတွက် အသက်ရှည်ဆေး!
    လူတော်တော်များများ လျစ်လျူရှုထားတဲ့ ခါးသက်တဲ့ ဆေးဖက်ဝင်အပင်။ ဒါပေမဲ့... ဆေးဘက်ဝင်အာနိသင်ကတော့ နံပါတ်တစ်ပါပဲ!

    ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသည်။
    သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။
    အပူအပုပ်ကျစေသည်၊ ရေငတ်ပြေစေသည်။
    ခန္ဓာကိုယ်ကို အားဖြည့်ပေးသည်၊
    စွမ်းအင်ပြန်လည်ပြည့်ဖြိုးစေသည်။
    အေးတဲ့သတ္တိရှိလို့ အစာစားချင်စိတ်ကို တိုးစေသည်။
    "ခါးသက်သက် အာနိသင်ကြောင့်" အသက်အရွယ်ကို
    ထိန်းသိမ်းပေးနိုင်ပြီး ရောဂါများကို တိုက်ထုတ်နိုင်သည်ဟု
    ယုံကြည်ကြသည်!

    ဆင်တုံးမနွယ် စိမ်နည်း (ပြုလုပ်ရလွယ်ကူပြီး အကျိုးကျေးဇူးများ)
    ၁။ ဆင်တုံးမနွယ်ကို အကွင်းလိုက် ပါးပါးလှီးပါ။
    ၂။ နေလှန်းပြီး ၂ ရက်ကြာ အတော်အသင့် ခြောက်သွေ့အောင်ထားပါ။
    ၃။ ဖန်အိုးထဲသို့ ထည့်ကာ ၄၀ ဒီဂရီရှိတဲ့ အရက်ဖြူ ဒါမှမဟုတ် ပျားရည်စစ်စစ် / သကြားခဲ တို့ဖြင့် ဖြည့်ပါ။
    ၄။ ၇ ရက်ခန့် စိမ်ထားပါ။

    သောက်သုံးနည်း...
    မနက်–ည အစာမစားမီ လက်ဖက်ရည်ဇွန်း ၁–၂ ဇွန်း တစ်နေ့ ၂ ကြိမ် သောက်ပါ။
    အရည်ကုန်သွားပါက ပြန်ဖြည့်ပြီး ဆက်လက်စိမ်ထားကာ သောက်သုံးနိုင်ပါတယ်။
    ပုံမှန်သောက်သုံးပါက ကျန်းမာရေးကောင်းမွန်လာမည်မှာ သေချာပါသည်။

    အားလုံးကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    #crd_to_owner_with_respect
    #ShweKhitMedia
    "ဆင်တုံးမနွယ်" ကျန်းမာရေးလိုက်စားတဲ့ သူများအတွက် အသက်ရှည်ဆေး! လူတော်တော်များများ လျစ်လျူရှုထားတဲ့ ခါးသက်တဲ့ ဆေးဖက်ဝင်အပင်။ ဒါပေမဲ့... ဆေးဘက်ဝင်အာနိသင်ကတော့ နံပါတ်တစ်ပါပဲ! ✅ ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသည်။ ✅ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။ ✅ အပူအပုပ်ကျစေသည်၊ ရေငတ်ပြေစေသည်။ ✅ ခန္ဓာကိုယ်ကို အားဖြည့်ပေးသည်၊ စွမ်းအင်ပြန်လည်ပြည့်ဖြိုးစေသည်။ ✅ အေးတဲ့သတ္တိရှိလို့ အစာစားချင်စိတ်ကို တိုးစေသည်။ ✅ "ခါးသက်သက် အာနိသင်ကြောင့်" အသက်အရွယ်ကို ထိန်းသိမ်းပေးနိုင်ပြီး ရောဂါများကို တိုက်ထုတ်နိုင်သည်ဟု ယုံကြည်ကြသည်! 📌 ဆင်တုံးမနွယ် စိမ်နည်း (ပြုလုပ်ရလွယ်ကူပြီး အကျိုးကျေးဇူးများ) ၁။ ဆင်တုံးမနွယ်ကို အကွင်းလိုက် ပါးပါးလှီးပါ။ ၂။ နေလှန်းပြီး ၂ ရက်ကြာ အတော်အသင့် ခြောက်သွေ့အောင်ထားပါ။ ၃။ ဖန်အိုးထဲသို့ ထည့်ကာ ၄၀ ဒီဂရီရှိတဲ့ အရက်ဖြူ ဒါမှမဟုတ် ပျားရည်စစ်စစ် / သကြားခဲ တို့ဖြင့် ဖြည့်ပါ။ ၄။ ၇ ရက်ခန့် စိမ်ထားပါ။ 📌 သောက်သုံးနည်း... 🕘 မနက်–ည အစာမစားမီ လက်ဖက်ရည်ဇွန်း ၁–၂ ဇွန်း တစ်နေ့ ၂ ကြိမ် သောက်ပါ။ အရည်ကုန်သွားပါက ပြန်ဖြည့်ပြီး ဆက်လက်စိမ်ထားကာ သောက်သုံးနိုင်ပါတယ်။ ပုံမှန်သောက်သုံးပါက ကျန်းမာရေးကောင်းမွန်လာမည်မှာ သေချာပါသည်။ အားလုံးကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 #crd_to_owner_with_respect #ShweKhitMedia
    Love
    Care
    2
    ¡ 2 Comments ¡0 Shares ¡92 Views
  • တကယ်လုပ်လို့ တကယ်မပျောက်ရင်....
    ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။

    ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို
    စေတနာမှန်း မသိနိုင်တဲ့အထိ ...
    သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး
    ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။

    တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့...
    ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့
    လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး
    ပြောပြတာကိုတောင် ...
    ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။

    ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။
    ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ
    ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို...

    အပေါ်မှာပြောခဲ့သလို...
    ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ...
    ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်...
    မလုပ်ပါနဲ့ မောင်လင်းရာ ....
    အလကားနေ အလကား သေသွားမှဖြင့် ..
    သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ...
    လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ...
    ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့....

    အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့...
    ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ...
    ဟုတ်ပါပြီ ငါ့ အမရယ်...
    ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။
    အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။

    သည်းချေ ကျောက်တည်တဲ့ဝေဒနာက
    အတော်ခံစားရခက်ပါတယ်ဗျ။
    တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး..
    အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။

    အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့...
    ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။
    ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ
    ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး...
    သူ့အမျိုးသားက လာမေးတာကြောင့်...
    ရှိပါတယ်။

    သည်းချေ မှာ ကျောက်တည်သော်၎င်း
    ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း
    ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း...
    တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။
    လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး
    ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။
    ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။
    ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်...
    ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။
    ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး..
    ရှင်းပြလိုက်တာ...

    ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့...
    မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်...
    တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ...

    ကဲ ....
    မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး...
    ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..?
    သက်သာပျောက်ကင်းမယ်လို့ရော..
    ယုံကြည်ပါသလား...

    အမစန်းစန်းမြင့်ကတော့....
    ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည်
    ဝယ်ပြီး အိမ်အထိ လာပို့သွားသလို...
    ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း
    ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့
    ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။

    ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။

    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)
    #crd_to_owner_with_respect
    #alinthitmedia
    တကယ်လုပ်လို့ တကယ်မပျောက်ရင်.... ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။ ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို စေတနာမှန်း မသိနိုင်တဲ့အထိ ... သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။ တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့... ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့ လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး ပြောပြတာကိုတောင် ... ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။ ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။ ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို... အပေါ်မှာပြောခဲ့သလို... ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ... ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်... မလုပ်ပါနဲ့ မောင်လင်းရာ .... အလကားနေ အလကား သေသွားမှဖြင့် .. သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ... လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ... ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့.... အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့... ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ... ဟုတ်ပါပြီ ငါ့ အမရယ်... ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။ အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။ သည်းချေ ကျောက်တည်တဲ့ဝေဒနာက အတော်ခံစားရခက်ပါတယ်ဗျ။ တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး.. အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။ အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့... ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။ ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး... သူ့အမျိုးသားက လာမေးတာကြောင့်... ရှိပါတယ်။ သည်းချေ မှာ ကျောက်တည်သော်၎င်း ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း... တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။ လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။ ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။ ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်... ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။ ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး.. ရှင်းပြလိုက်တာ... ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့... မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်... တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ... ကဲ .... မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး... ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..? သက်သာပျောက်ကင်းမယ်လို့ရော.. ယုံကြည်ပါသလား... အမစန်းစန်းမြင့်ကတော့.... ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည် ဝယ်ပြီး အိမ်အထိ လာပို့သွားသလို... ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့ ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။ ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။ ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ) #crd_to_owner_with_respect #alinthitmedia
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡141 Views
  • #အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ်ကနေ
    လမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး
    ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။

    #လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့တပည့်မျိုးနဲ့ကြုံဖူးတယ်။

    #တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့် တပည့်မျိုးလည်း ကြုံဖူးတယ်။

    #ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာဆီချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်းကြုံဖူးခဲ့တယ်။

    #အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့လေးတွေအတွက် ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိက ပေးပြီး ကြိုးစားခဲ့မိတယ်။

    #အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။
    #ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ ဘဝကိုရုန်းကန်နေတဲ့တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။

    #တစ်ချို့ဆယ်တန်းအောင်တပည့်တွေက ကိုယ့်ကိုနှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။

    #ဂုဏ်ထူးရဖို့ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။

    #လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။

    #ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။
    #ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။

    #အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့တပည့်လေးတွေက ဂုဏ်ငယ်စရာတွေပေးသလိုဖြစ်နေခဲ့တယ်။

    #အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။
    စိတ်ဓာတ်လေးတွေကိုပြင်ပေးဖို့ထက် ကျက်ထား၊ တွက်ထားတဲ့စာအမှားတွေကိုပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။
    လူ့ဘောင်စည်းမျဉ်းနဲ့အညီနေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။

    #တက္ကသိုလ်မှာအပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲသင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ်ထိန်းနည်းတွေမသင်ပေးခဲ့မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။

    #ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စိတ်ကမ်းကောင်းရင် ထိပ်ဆုံးရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမိကြိမ်ဆွံ့အ ခဲ့မိတယ်။

    #တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေဖြစ်နေတော့ စိတ်ဓာတ်နဲ့စည်းကမ်းပိုင်းကို တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။

    #စာရိတ္တအချိန်တိုင်း physics စာအုပ်ယူခိုင်းတုန်းကယူခိုင်းပြီးမှ ကျွန်တော်တပည့်တွေထဲက တစ်ချို့က ဆရာတွေကို နှုတ်ဆက်ဖော်တော်မရဘူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။

    #ကာယအချိန်အတိုင်းအင်္ဂလိပ်စာတွေသင်ပေးခဲ့ပြီးမှ နောက်လာတဲ့ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။

    #ပန်ချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုးတွန်းတိုက်သင်တုန်းကသင်ပြီးမှ ခေတ်ကလေးတွေ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့အကြောင်း အာမချောင်ချင်တော့ဘူး။

    #ဘဝချိန်မှာ ဘာသင်ရတာလဲတောင် မသိတဲ့ ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။

    #အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူးတကလာသင်ပေးနေရင်ရော ဘယ်သူက အလေးထားပါ့မလဲ။

    #ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။

    #အစွယ်လိုသူရယ် အသွားစေခိုင်းသူရယ်
    #လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲလျှောက်လာတာပဲလေ။

    #ပညာတော်ပေမယ့် စိတ်ဓာတ်ပျက်လာတဲ့တပည့်တွေနဲ့စည်ကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါတစ်ယောက်ဖြစ်ခဲ့သလို ခံစားမိရင်း.......။

    crd

    #Credit:......
    #အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ်ကနေ လမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။ #လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့တပည့်မျိုးနဲ့ကြုံဖူးတယ်။ #တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့် တပည့်မျိုးလည်း ကြုံဖူးတယ်။ #ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာဆီချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်းကြုံဖူးခဲ့တယ်။ #အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့လေးတွေအတွက် ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိက ပေးပြီး ကြိုးစားခဲ့မိတယ်။ #အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။ #ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ ဘဝကိုရုန်းကန်နေတဲ့တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။ #တစ်ချို့ဆယ်တန်းအောင်တပည့်တွေက ကိုယ့်ကိုနှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။ #ဂုဏ်ထူးရဖို့ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။ #လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။ #ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။ #ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။ #အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့တပည့်လေးတွေက ဂုဏ်ငယ်စရာတွေပေးသလိုဖြစ်နေခဲ့တယ်။ #အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။ စိတ်ဓာတ်လေးတွေကိုပြင်ပေးဖို့ထက် ကျက်ထား၊ တွက်ထားတဲ့စာအမှားတွေကိုပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။ လူ့ဘောင်စည်းမျဉ်းနဲ့အညီနေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။ #တက္ကသိုလ်မှာအပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲသင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ်ထိန်းနည်းတွေမသင်ပေးခဲ့မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။ #ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စိတ်ကမ်းကောင်းရင် ထိပ်ဆုံးရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမိကြိမ်ဆွံ့အ ခဲ့မိတယ်။ #တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေဖြစ်နေတော့ စိတ်ဓာတ်နဲ့စည်းကမ်းပိုင်းကို တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။ #စာရိတ္တအချိန်တိုင်း physics စာအုပ်ယူခိုင်းတုန်းကယူခိုင်းပြီးမှ ကျွန်တော်တပည့်တွေထဲက တစ်ချို့က ဆရာတွေကို နှုတ်ဆက်ဖော်တော်မရဘူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။ #ကာယအချိန်အတိုင်းအင်္ဂလိပ်စာတွေသင်ပေးခဲ့ပြီးမှ နောက်လာတဲ့ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။ #ပန်ချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုးတွန်းတိုက်သင်တုန်းကသင်ပြီးမှ ခေတ်ကလေးတွေ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့အကြောင်း အာမချောင်ချင်တော့ဘူး။ #ဘဝချိန်မှာ ဘာသင်ရတာလဲတောင် မသိတဲ့ ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။ #အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူးတကလာသင်ပေးနေရင်ရော ဘယ်သူက အလေးထားပါ့မလဲ။ #ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။ #အစွယ်လိုသူရယ် အသွားစေခိုင်းသူရယ် #လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲလျှောက်လာတာပဲလေ။ #ပညာတော်ပေမယ့် စိတ်ဓာတ်ပျက်လာတဲ့တပည့်တွေနဲ့စည်ကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါတစ်ယောက်ဖြစ်ခဲ့သလို ခံစားမိရင်း.......။ crd #Credit:......
    Like
    1
    ¡ 0 Comments ¡0 Shares ¡157 Views
  • ရှေးလူကြီးသူမတို့‌၏ အမှာစကားများထဲ၌ ...
    အိမ်ရှေ့မှာ တမာ၊ အိမ်နောက်မှာ ကတက်
    မလုပ်ပဲလည်း စီးပွားတက် ဟု ဆိုခဲ့၏။

    ယနေ့ခေတ်၌ ထိုသို့ ပြောမည်ဆိုလျင်...
    ရူးပကွာ မလုပ်ပဲနဲ့တော့ ဘယ်လိုလုပ်စီးပွား
    ကြီးပွားမှာလဲ ဟု အငြင်းပွားကြမည်မှာ အမှန်။ ။

    အရိုးသားဆုံး ဝန်ခံရလျင်...
    ထိုစကား၏ အနက်အဓိပ္ပါယ်အား သိချင်လွန်း၍ လေ့လာကြည့်သော်လဲ....
    အကျယ်တဝန်း ဖော်ပြထားခြင်းကို မတွေ့ရသောကြောင့်....
    ဆိုလိုရင်းအမှန်ကို ကျနော်လည်းပဲ တိတိကျကျ မသိပါ။

    သေခြာသည့်အချက်ကတော့...
    အိမ်ရှေ့တမာ အိမ်နောက်ကတက် ရှိသော မိသားစုနှင့်
    သာမာန်မိသားစု မည်သည့်အလုပ်ကိုဖြစ်စေ၊ မည်သည့်စီးပွားရေးကိုဖြစ်စေ ပြိုင်၍ ပြုလုပ်မည်ဆိုပါက
    ရှေးလူတို့ဆိုခဲ့သည့်အတိုင်း ...
    မည်သို့မှပြိုင်မရကြောင်း...
    အတွေ့အကြုံအရ ကျနော်ကောင်းကောင်း သိသည်။

    ထို့အပြင်...
    တမာပင်သည် ဆေးဖက်ဝင်သော အပင်ဖြစ်ပြီး
    လူသားတို့အတွက် အလွန်အထောက်အကူ‌ပြုသလို
    ကတက်ပင်သည်လည်း ဆေးဖက်ဝင်အပင်ဖြစ်ပြီး
    လူသားတို့အတွက် အလွန်အကျိုးပြုသော အပင်များဖြစ်နေခြင်းကြောင့်...
    ထိုအပင်များ စိုက်ထားခြင်းက....
    ကောင်းကျိုးများစွာ ရနိုငကြောင်း သေခြာသည်။

    ကတက်ရွက်ကို ကျနော်တို့နိုင်ငံရှိ လူမျိုးတိုင်းက နှစ်သက်စွာ စားသုံးကြပြီး..
    ကတက်ပင်၏ ပဉ္စငါးပါးလုံးက ဆေးဖက်ဝင်သည်။

    ကတက်ရွက်ကို အချဉ်တည်ပြီး တို့စရာအဖြစ်စားကြသလို..
    အခြားသော အသားငါးများဖြင့်လည်း ကြော်စား ချက်စားကြပါသည်။

    ထိုသို့ စားပေးခြင်းက လေကို နိုင်စေပြီး...
    လေနာရောဂါရှင်များအတွက် ဆေးကုပြီးဖြစ်သလို
    သွေးအားနည်း သွေးပေါင်ကျတတ်သူများအတွက် အလွန်အထောက်အကူဖြစ်စေသည်။

    မြန်မာ့တိုင်းရင်းဆေးကျမ်း၏ အဆိုအရ...
    ကတက်သည် ခါး သက် ၏ ပူ၏ ဝမ်းမီးကိုတောက်စေ၏။ အနည်းငယ် ဝမ်းကို သက်စေ၏။။
    လေသလိပ်ကို ကြေစေ၏
    ဆီးအောင့်ရောဂါ ဆီးပူ ဆီးကျင်ရောဂါ၊
    ဆီးချို၊ ကျောက်တည်၊ အကိုက်အခဲ ဖျားနာခြင်းနှင့်
    ရောဂါပေါင်းများစွာကို ကုသရာ၌ အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါသည်။

    လေးဖက်နာ ကဲ့သို့သော ဝေဒနာ
    အဆစ်အမြစ်ရောင် ခြင်း စတဲ့ ခံစားနေရပါက...
    ကတက်ရွက်ကိုထောင်းပြီး သတ္တုရည်ယူ ကွမ်းရွက်ကိုထောင်းပြီး သတ္တုရည်ယူ ထိုအရည်၂မျိုးအား ဆတူရောပြီး ထောပက်သင့်ရုံထည့် သောက်ပါက
    ရောဂါသက်သာစေမည်။

    လေနှင့်ဆိုသော ရောဂါဝေဒနာရှိသူများ ...
    အပေါ်လေ အောက်လေ ပိတ်တတ်သူများ
    လေခွေ့ လေထိုး လေအောက် ခဏခဏဖြစ်သူများ
    ကတက်ရွက် ကတက်ချဉ်ကို မကြာမကြာ စားပေးပါက ဝေဒနာ သက်သာစေမည်။

    ဆီးလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ
    ဆီးချို ရောဂါ ဆီးအိမ်ရောင်ခြင်း နှင့် မည်သည့်နေရာ ကျောက်တည်နေသည်ဖြစ်စေ ..
    ကတက်မြစ်ကို အသုံးပြု၍ ကုသနိုင်ပါသည်။
    ဖော်ပြပါ ရောဂါအတွက်...
    ကတက်မြစ် ၁၀သား ရေသန့်၄၀သား ကို
    တစ်ခွက်ကျန်တဲ့အထိ ပြုတ်သောက်ပေးရပါမည်။
    ရောဂါအပေါ်မူတည်၍ နေ့စဉ် ပုံမှန် သောက်ပေးပါ ဝေဒနာ သက်သာစေပါမည်။

    ကတက်ခေါက်ကို အနာပဆုပ် သွေးဆူးနာ
    ဂရင်ဂျီနာ သက်တန့်နာ စတဲ့ အနာများပေါက်ပါက
    ပရန္နဝါနှင့်ရောသွေးပြီး လိမ်းပေးပါက
    နုလျင်ပိန် ရင့်လျင်ပေါက်ပြီး အနာရောဂါ သက်သာစေမည်။

    အပြင်းဖျားသော ဖျားနာရောဂါအတွက်..
    ကတက်ခေါ်ကိုသော်၎င်း၊ ကတက်အမြစ်ကိုသော်၎င်း
    သုံးခွက်တစ်ခွက်တင် ကျိုပြီးပြုတ်ရေကို
    သောက်ပါက ဖျားနာရောဂါ သက်သာပါမည်။

    ဗ‌ဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပြီး...
    လိုအပ်လာပါက ယုံကြည်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍....
    #crd
    #သမားတော်တိုင်းရင်းဆေး ..
    ရှေးလူကြီးသူမတို့‌၏ အမှာစကားများထဲ၌ ... အိမ်ရှေ့မှာ တမာ၊ အိမ်နောက်မှာ ကတက် မလုပ်ပဲလည်း စီးပွားတက် ဟု ဆိုခဲ့၏။ ယနေ့ခေတ်၌ ထိုသို့ ပြောမည်ဆိုလျင်... ရူးပကွာ မလုပ်ပဲနဲ့တော့ ဘယ်လိုလုပ်စီးပွား ကြီးပွားမှာလဲ ဟု အငြင်းပွားကြမည်မှာ အမှန်။ ။ အရိုးသားဆုံး ဝန်ခံရလျင်... ထိုစကား၏ အနက်အဓိပ္ပါယ်အား သိချင်လွန်း၍ လေ့လာကြည့်သော်လဲ.... အကျယ်တဝန်း ဖော်ပြထားခြင်းကို မတွေ့ရသောကြောင့်.... ဆိုလိုရင်းအမှန်ကို ကျနော်လည်းပဲ တိတိကျကျ မသိပါ။ သေခြာသည့်အချက်ကတော့... အိမ်ရှေ့တမာ အိမ်နောက်ကတက် ရှိသော မိသားစုနှင့် သာမာန်မိသားစု မည်သည့်အလုပ်ကိုဖြစ်စေ၊ မည်သည့်စီးပွားရေးကိုဖြစ်စေ ပြိုင်၍ ပြုလုပ်မည်ဆိုပါက ရှေးလူတို့ဆိုခဲ့သည့်အတိုင်း ... မည်သို့မှပြိုင်မရကြောင်း... အတွေ့အကြုံအရ ကျနော်ကောင်းကောင်း သိသည်။ ထို့အပြင်... တမာပင်သည် ဆေးဖက်ဝင်သော အပင်ဖြစ်ပြီး လူသားတို့အတွက် အလွန်အထောက်အကူ‌ပြုသလို ကတက်ပင်သည်လည်း ဆေးဖက်ဝင်အပင်ဖြစ်ပြီး လူသားတို့အတွက် အလွန်အကျိုးပြုသော အပင်များဖြစ်နေခြင်းကြောင့်... ထိုအပင်များ စိုက်ထားခြင်းက.... ကောင်းကျိုးများစွာ ရနိုငကြောင်း သေခြာသည်။ ကတက်ရွက်ကို ကျနော်တို့နိုင်ငံရှိ လူမျိုးတိုင်းက နှစ်သက်စွာ စားသုံးကြပြီး.. ကတက်ပင်၏ ပဉ္စငါးပါးလုံးက ဆေးဖက်ဝင်သည်။ ကတက်ရွက်ကို အချဉ်တည်ပြီး တို့စရာအဖြစ်စားကြသလို.. အခြားသော အသားငါးများဖြင့်လည်း ကြော်စား ချက်စားကြပါသည်။ ထိုသို့ စားပေးခြင်းက လေကို နိုင်စေပြီး... လေနာရောဂါရှင်များအတွက် ဆေးကုပြီးဖြစ်သလို သွေးအားနည်း သွေးပေါင်ကျတတ်သူများအတွက် အလွန်အထောက်အကူဖြစ်စေသည်။ မြန်မာ့တိုင်းရင်းဆေးကျမ်း၏ အဆိုအရ... ကတက်သည် ခါး သက် ၏ ပူ၏ ဝမ်းမီးကိုတောက်စေ၏။ အနည်းငယ် ဝမ်းကို သက်စေ၏။။ လေသလိပ်ကို ကြေစေ၏ ဆီးအောင့်ရောဂါ ဆီးပူ ဆီးကျင်ရောဂါ၊ ဆီးချို၊ ကျောက်တည်၊ အကိုက်အခဲ ဖျားနာခြင်းနှင့် ရောဂါပေါင်းများစွာကို ကုသရာ၌ အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါသည်။ လေးဖက်နာ ကဲ့သို့သော ဝေဒနာ အဆစ်အမြစ်ရောင် ခြင်း စတဲ့ ခံစားနေရပါက... ကတက်ရွက်ကိုထောင်းပြီး သတ္တုရည်ယူ ကွမ်းရွက်ကိုထောင်းပြီး သတ္တုရည်ယူ ထိုအရည်၂မျိုးအား ဆတူရောပြီး ထောပက်သင့်ရုံထည့် သောက်ပါက ရောဂါသက်သာစေမည်။ လေနှင့်ဆိုသော ရောဂါဝေဒနာရှိသူများ ... အပေါ်လေ အောက်လေ ပိတ်တတ်သူများ လေခွေ့ လေထိုး လေအောက် ခဏခဏဖြစ်သူများ ကတက်ရွက် ကတက်ချဉ်ကို မကြာမကြာ စားပေးပါက ဝေဒနာ သက်သာစေမည်။ ဆီးလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ဆီးချို ရောဂါ ဆီးအိမ်ရောင်ခြင်း နှင့် မည်သည့်နေရာ ကျောက်တည်နေသည်ဖြစ်စေ .. ကတက်မြစ်ကို အသုံးပြု၍ ကုသနိုင်ပါသည်။ ဖော်ပြပါ ရောဂါအတွက်... ကတက်မြစ် ၁၀သား ရေသန့်၄၀သား ကို တစ်ခွက်ကျန်တဲ့အထိ ပြုတ်သောက်ပေးရပါမည်။ ရောဂါအပေါ်မူတည်၍ နေ့စဉ် ပုံမှန် သောက်ပေးပါ ဝေဒနာ သက်သာစေပါမည်။ ကတက်ခေါက်ကို အနာပဆုပ် သွေးဆူးနာ ဂရင်ဂျီနာ သက်တန့်နာ စတဲ့ အနာများပေါက်ပါက ပရန္နဝါနှင့်ရောသွေးပြီး လိမ်းပေးပါက နုလျင်ပိန် ရင့်လျင်ပေါက်ပြီး အနာရောဂါ သက်သာစေမည်။ အပြင်းဖျားသော ဖျားနာရောဂါအတွက်.. ကတက်ခေါ်ကိုသော်၎င်း၊ ကတက်အမြစ်ကိုသော်၎င်း သုံးခွက်တစ်ခွက်တင် ကျိုပြီးပြုတ်ရေကို သောက်ပါက ဖျားနာရောဂါ သက်သာပါမည်။ ဗ‌ဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပြီး... လိုအပ်လာပါက ယုံကြည်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍.... #crd #သမားတော်တိုင်းရင်းဆေး ..
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡163 Views
  • -----နနွင်းနက်-----

    မြန်မာ့ဆေးကျမ်း အလိုအရ နနွင်းနက် ဟာ -
    (က) မြွေဆိပ်သာမက၊ သတ္တဝါအမျိ်ုးမျိုးတို့၏ အဆိပ္ကို ပြီးစေပါတယ်တဲ့။ မြွေအပါအ၀င် အဆိပ်ရှိ သတ္တဝါတွေ အကိုက်ခံရပါက နနွင်းနက် ကို သွေး၍လိမ်းပေးခြင်းဖြင့် အဆိပ်တွေ သူ့အလိုလို ပြန်ထွက်လာစေပါတယ်။

    (ခ) နနွင်းနက် ကို ဆန်ဖြင့် ရောချက်လိုက်တဲ့အခါ၊ ထမင်းဟာ အနက်ရောင်ပြောင်းသွားပါတယ်။ သို့သော် ထမင်း အနံ့ရော အရသာပါ စားလို့အရသာရှိပါတယ်။ ၄င်းထမင်းကို စားခြင်းဖြင့် အာဟာရ သိဒ္ဓိပြည့်၀ပါတယ် တဲ့။

    (ဂ) တရုတ် လူမျိုးများနဲ့၊ အိန္ဒိလူမျိုးများဟာ ကျားခွန်အား (ကာမ) အားတိုးဆေးအဖြစ် နနွင်းနက်ကို ပါးပါးလွီး၍ ပျားရည်ဖြင့်စိမ်၍ သောက်ကြပါတယ်တဲ့။

    #နနွင်းနက်

    ၁။ ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တားဆီးပါတယ် ။
    ကင်ဆာဖြစ်မယ့်အနေအထားကို ပြောင်းပေးနိုင်ပါတယ် ။

    ၂။ အဆုပ်ရောဂါများဖြစ်သည့် လေပြွန်ရောင်ခြင်း ၊ နမိုးနီးယား ၊
    ပန်းနာရင်ကြပ် ဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ် ။

    ၃။ အင်တီအောက်ဆီဒင့်သတ္တိ ရှိတဲ့အတွက် အိုမင်း ယိုယွင်းခြင်း
    တို့ကို တားပေးနိုင်ပါတယ် ။

    ၄။ ရောင်ရမ်းခြင်းတွေကို တားပေးပါတယ် ။
    ရောဂါမှန်သမျှရဲ့ အစဦးဖြစ်စဉ်ဟာ ရောင်ရမ်းခြင်း ဖြစ်ပါတယ် ။

    ၅။ နာကျင်မှုတွေ ပျောက်စေပါတယ် ။
    သြားနာ သွားကိုက် ၊ အဆစ်အမြစ် ကိုက်ခဲခြင်း တွေကို ပျောက်စေပါတယ် ။

    .

    ဆေးဝါးအဖြစ် ထုတ်လုပ်ထားတာတွေ ရှိပါတယ် ။
    အညွှန်းကြည့်ပြီး သုံးနိုင်ပါတယ် ။

    ကိုယ့်မှာ နနွင်းမှုန့် ရှိခဲ့ရင်တော့ ဟင်းထဲ ထည့်ချက်လို့ပဲ ဖြစ်ဖြစ် ၊
    ဖျော်လို့ပဲ သောက်သောက် ၊ အလျှင်းသင့်သလို သုံးနိုင်ပါတယ် ။
    ခါးတော့ တော်တော် ခါးပါတယ် တဲ့ ။

    နနွင်းနက်ရဲ့ဆေးဖက်ဝင်ပုံကိုတော့ ရှေ့နေကြီး ကိုအောင်ဇော်ဦးနည်းလမ်းပေးလို့ ဖောက်သည်ချလိုက်ပါ့မယ်
    ကိုအောင်ဇော်ဦးကိုယ်တိုင် ရသာယနဆေးကျမ်းကနေကူးယူပြီးဖော်စပ်ထားတာပါ
    လက်တွေ့လည်း သူ့ရဲ့မိခင်ကြီးကိုလည်းသုံးစွဲစေပြီး အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို သူကိုယ်တိုင်လည်းသုံးစွဲရင်း လက်တွေ့အကျိုးထူးရနေကြောင်းပြောပြပါတယ်

    ဆေးဖော်စပ်နည်းကတော့
    နနွင်းခါးအမှုန့် ၂၅ ကျပ်သား (ပရဆေးဆိုင်မှာ မေးဝယ်ပါ အိမ်သုံးနနွင်းထက် အရောင်နည်းနည်းဖျော့ပြီး လိမ္မော်ရောင်ဆန်ပါတယ် ပိုလည်းခါးပါတယ်) နနွင်းနက်အမှုန့် ၅ ကျပ်သား မကျည်းမှည့်အနှစ် ၂ က်ပြ္ခဲသား ရိုးရိုးဆား ၁ ကျပ်သား (အိုင်အိုဒင်းဆားမဟုတ်) ဆင်တုံးမနွယ်အမှုန့် ၅ ကျပ်သား (ပရဆေးဆိုင်မှာဝယ်ပါ ဆင်တုံးမနွယ်ပေါရင် ကိုယ်တိုင်အခြောက်ခံ ထောင်းပါ) အဲဒီအမှုန့်အချိန်အဆအားလုံးကို ပျားရည်စစ်စစ်နဲ့ သမပါ ပျားရည်က အများကြီးမလိုပါ နှံ့နှံ့စပ်စပ်မွှေပြီး ဆေးလုံးလို့ရရုံသာထည့်ပါ ဒီလိုတေထားတဲ့ဆေးကို ညအိပ်ယာဝင်တိုင်း မန်ကျည်းစေ့တစ်စေ့စာလောက်ပဲ ရေအေးနဲ့သောက်ပေးရပါတယ် အိုမင်းမစွမ်းရှိသော် အားအင်တို့ကိုပြည့်ဖြိုးစေပြီး အသက်ကိုလည်းရှည်စေပါတယ် က်ားက်ားမမ အသက်ငယ်သော် အကုန်လန်းတယ်လို့ အဆိုရှိပါတယ် အဲ အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို ဆိုလိုခြင်းဖြစ်ပါတယ် အားလုံးကျန်းမာချမ်းသာကြပါစေ ။

    CRD....ဆရာတောင်တွင်းကြီးမဟာတံခွန်[ မြန်မာ့တိုင်းရင်းဆေးပညာ ]
    -----နနွင်းနက်----- မြန်မာ့ဆေးကျမ်း အလိုအရ နနွင်းနက် ဟာ - (က) မြွေဆိပ်သာမက၊ သတ္တဝါအမျိ်ုးမျိုးတို့၏ အဆိပ္ကို ပြီးစေပါတယ်တဲ့။ မြွေအပါအ၀င် အဆိပ်ရှိ သတ္တဝါတွေ အကိုက်ခံရပါက နနွင်းနက် ကို သွေး၍လိမ်းပေးခြင်းဖြင့် အဆိပ်တွေ သူ့အလိုလို ပြန်ထွက်လာစေပါတယ်။ (ခ) နနွင်းနက် ကို ဆန်ဖြင့် ရောချက်လိုက်တဲ့အခါ၊ ထမင်းဟာ အနက်ရောင်ပြောင်းသွားပါတယ်။ သို့သော် ထမင်း အနံ့ရော အရသာပါ စားလို့အရသာရှိပါတယ်။ ၄င်းထမင်းကို စားခြင်းဖြင့် အာဟာရ သိဒ္ဓိပြည့်၀ပါတယ် တဲ့။ (ဂ) တရုတ် လူမျိုးများနဲ့၊ အိန္ဒိလူမျိုးများဟာ ကျားခွန်အား (ကာမ) အားတိုးဆေးအဖြစ် နနွင်းနက်ကို ပါးပါးလွီး၍ ပျားရည်ဖြင့်စိမ်၍ သောက်ကြပါတယ်တဲ့။ #နနွင်းနက် ၁။ ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တားဆီးပါတယ် ။ ကင်ဆာဖြစ်မယ့်အနေအထားကို ပြောင်းပေးနိုင်ပါတယ် ။ ၂။ အဆုပ်ရောဂါများဖြစ်သည့် လေပြွန်ရောင်ခြင်း ၊ နမိုးနီးယား ၊ ပန်းနာရင်ကြပ် ဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ် ။ ၃။ အင်တီအောက်ဆီဒင့်သတ္တိ ရှိတဲ့အတွက် အိုမင်း ယိုယွင်းခြင်း တို့ကို တားပေးနိုင်ပါတယ် ။ ၄။ ရောင်ရမ်းခြင်းတွေကို တားပေးပါတယ် ။ ရောဂါမှန်သမျှရဲ့ အစဦးဖြစ်စဉ်ဟာ ရောင်ရမ်းခြင်း ဖြစ်ပါတယ် ။ ၅။ နာကျင်မှုတွေ ပျောက်စေပါတယ် ။ သြားနာ သွားကိုက် ၊ အဆစ်အမြစ် ကိုက်ခဲခြင်း တွေကို ပျောက်စေပါတယ် ။ . ဆေးဝါးအဖြစ် ထုတ်လုပ်ထားတာတွေ ရှိပါတယ် ။ အညွှန်းကြည့်ပြီး သုံးနိုင်ပါတယ် ။ ကိုယ့်မှာ နနွင်းမှုန့် ရှိခဲ့ရင်တော့ ဟင်းထဲ ထည့်ချက်လို့ပဲ ဖြစ်ဖြစ် ၊ ဖျော်လို့ပဲ သောက်သောက် ၊ အလျှင်းသင့်သလို သုံးနိုင်ပါတယ် ။ ခါးတော့ တော်တော် ခါးပါတယ် တဲ့ ။ နနွင်းနက်ရဲ့ဆေးဖက်ဝင်ပုံကိုတော့ ရှေ့နေကြီး ကိုအောင်ဇော်ဦးနည်းလမ်းပေးလို့ ဖောက်သည်ချလိုက်ပါ့မယ် ကိုအောင်ဇော်ဦးကိုယ်တိုင် ရသာယနဆေးကျမ်းကနေကူးယူပြီးဖော်စပ်ထားတာပါ လက်တွေ့လည်း သူ့ရဲ့မိခင်ကြီးကိုလည်းသုံးစွဲစေပြီး အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို သူကိုယ်တိုင်လည်းသုံးစွဲရင်း လက်တွေ့အကျိုးထူးရနေကြောင်းပြောပြပါတယ် ဆေးဖော်စပ်နည်းကတော့ နနွင်းခါးအမှုန့် ၂၅ ကျပ်သား (ပရဆေးဆိုင်မှာ မေးဝယ်ပါ အိမ်သုံးနနွင်းထက် အရောင်နည်းနည်းဖျော့ပြီး လိမ္မော်ရောင်ဆန်ပါတယ် ပိုလည်းခါးပါတယ်) နနွင်းနက်အမှုန့် ၅ ကျပ်သား မကျည်းမှည့်အနှစ် ၂ က်ပြ္ခဲသား ရိုးရိုးဆား ၁ ကျပ်သား (အိုင်အိုဒင်းဆားမဟုတ်) ဆင်တုံးမနွယ်အမှုန့် ၅ ကျပ်သား (ပရဆေးဆိုင်မှာဝယ်ပါ ဆင်တုံးမနွယ်ပေါရင် ကိုယ်တိုင်အခြောက်ခံ ထောင်းပါ) အဲဒီအမှုန့်အချိန်အဆအားလုံးကို ပျားရည်စစ်စစ်နဲ့ သမပါ ပျားရည်က အများကြီးမလိုပါ နှံ့နှံ့စပ်စပ်မွှေပြီး ဆေးလုံးလို့ရရုံသာထည့်ပါ ဒီလိုတေထားတဲ့ဆေးကို ညအိပ်ယာဝင်တိုင်း မန်ကျည်းစေ့တစ်စေ့စာလောက်ပဲ ရေအေးနဲ့သောက်ပေးရပါတယ် အိုမင်းမစွမ်းရှိသော် အားအင်တို့ကိုပြည့်ဖြိုးစေပြီး အသက်ကိုလည်းရှည်စေပါတယ် က်ားက်ားမမ အသက်ငယ်သော် အကုန်လန်းတယ်လို့ အဆိုရှိပါတယ် အဲ အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို ဆိုလိုခြင်းဖြစ်ပါတယ် အားလုံးကျန်းမာချမ်းသာကြပါစေ ။ CRD....ဆရာတောင်တွင်းကြီးမဟာတံခွန်[ မြန်မာ့တိုင်းရင်းဆေးပညာ ]
    Love
    Care
    2
    ¡ 2 Comments ¡0 Shares ¡210 Views
  • ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။
    ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲက
    သင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်ရဲယိုပင်ကိုသာ ရွေးချယ်လိုက်ပါတဲ့။

    မိမိအိမ်ရဲ့ မြေမှာ
    အနည်းဆုံး ရဲယိုပင် တစ်ပင် စိုက်လိုက်ပါ။

    တိုက်ခန်း, ကွန်ဒိုနဲ့
    နေတဲ့သူများကတော့
    ပန်းအိုးတစ်အိုး နဲ့ စိုက်လိုက်ပါ။

    ဒါမှသာ ရဲယိုရွက်လေးတွေ
    ထွက်လာတာ မြင်နေရမှ
    ရဲယိုရွက်ကို စားဖို့ မမေ့မှာပါ။

    တစ်ကယ်လို့ အကြောင်း အမျိုးမျိုးကြောင့်
    မစိုက်ဖြစ်ကြဘူး ဆိုရင်လည်း

    ရဲယိုရွက်ကို ချက်စားကြဖို့
    စေတနာ အရင်းခံနဲ့ တိုက်တွန်းပါတယ်။

    ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်း

    ရဲယိုရွက် ဘဲဥ အချပ်လိုက်ကြော်

    ရဲယိုရွက် ငါးဘတ်မွှေ

    ရဲယိုရွက် ငါးခူဟင်း

    ရဲယိုရွက် ကြက်ဥမွှေကြော်

    ရဲယိုရွက်ကြော်

    ရဲယိုရွက် ကြက်ကြော်သုပ်

    ရဲယိုရွက် ငါးခူစင်းကော

    ရဲယိုရွက် ကြက်သားဟင်း

    ကျန်းမာရေးအတွက် ကောင်းလွန်းလို့
    ထပ်ချက်စားတဲ့ ရဲယိုရွက်

    အသစ် ဟင်းလျှာတွေကို
    ထပ်ထပ်ပြီး ဖြည့်ပေးသွားပါမယ်။

    အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ။

    Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ

    ရဲယို နဲ့ ကျန်းမာရေး
    **********

    အစားအစာတိုင်းက
    အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။

    ခန္ဓာကိုယ်အတွက်
    ကျန်းမာရေး အကျိုးကျေးဇူးတွေ
    အများကြီးရစေတာပါ။

    ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊

    ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး
    စားလို့ရသလို

    ရဲယိုသီးကိုလည်း
    ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။

    ရဲယိုပင်က
    တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။

    ရဲယို က
    ဘယ်လိုများဆေးဖက်ဝင်တာလဲ

    ရဲယိုသီးရော ရဲယိုရွက်ကပါ
    ကျန်းမာရေးအကျိုးကျေးဇူး
    တော်တော်လေးများပါတယ်။

    သက်ကြီးရွယ်အိုတွေအတွက်ရော

    လူငယ်တွေအတွက်ပါ
    အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။

    ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး
    အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။

    ရှေးယခင်ကာလတွေကတည်းက
    အရေပြားအတွက်ဆေးအဖြစ်

    အသုံးပြုခဲ့ကြပါတယ်။

    အသီးနဲ့ အရွက်တင် မကပါဘူး။
    အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း
    ဆေးဖက်ဝင်ပါသေးတယ်။

    ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ

    ရဲယိုရွက်၊ ရဲယိုသီးတို့မှာ
    ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊

    ဗီတာမင် A၊ ဗီတာမင် C နဲ့
    သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။

    ဒါတွေအပြင်
    ကင်ဆာ နဲ့ နှလုံးရောဂါတွေကို

    ကာကွယ်ပေးနိုင်တဲ့
    ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း
    ပါဝင်နေပါသေးတယ်။

    အစာလည်းဆေး၊
    ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို

    အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။
    မကြိုက်တဲ့သူတွေအတွက်တော့

    အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။
    ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။

    ရဲယိုရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများကတော့

    အကိုက်အခဲပျောက်စေတယ်

    ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်
    အကိုက်အခဲပျောက်ပင်လို့တောင်
    ခေါ်ကြတာမျိုးရှိပါတယ်။

    လေ့လာမှုတွေအရ ရဲယိုပင်က
    အကိုက်အခဲပျောက်စေနိုင်ပြီး

    လေးဖက်နာ ဝေဒနာနဲ့
    အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို
    သက်သာစေနိုင်ပါတယ်။

    ကိုယ်ခံအားကောင်းစေတယ်။


    ကိုယ်ခံအားကောင်းစေဖို့
    အထောက်အကူပြုပေးပါတယ်။

    ဘက်တီးရီးယားတွေ

    အန္တရာယ်ကနေ ကာကွယ်ပေးသလို
    တုပ်ကွေးလိုမျိုး

    ကူးစက်တတ်တဲ့ ရောဂါတွေကနေ
    ကာကွယ်ပေးနိုင်ပါတယ်။

    အိပ်ပျော်စေတယ်။

    ရဲယိုသီး နဲ့ ရဲယိုရွက်က
    ဆီရိုတိုနင်ဟော်မုန်းနဲ့
    မယ်လ်လာတိုနင်ဟော်မုန်းတွေကို
    လှုံ့ဆော်ပေးပါတယ်။

    စိတ်ခံစားမှု ကောင်းမွန်စေပြီး

    စိတ်ဓာတ်မကျစေဖို့နဲ့
    အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို
    လှုံ့ဆော်ပေးမှတော့

    စိတ်ဓာတ်ကျမှာ
    အိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။

    အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။

    ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့

    ဂုဏ်သတ္တိတွေက
    အသားအရေကို နုပျိုစေပြီး

    ဆံသားကို သန်စွမ်းစေနိုင်သလို
    ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။


    ကင်ဆာကာကွယ်ပေးနိုင်တယ်

    ရဲယို ရွက် နဲ့ ရဲယိုသီးတွေက
    နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင်
    လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။

    ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို
    တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို

    ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း
    ဟန့်တားပေးနိုင်ပါတယ်။

    သွေးတိုးကျစေနိုင်တယ်

    phytonutrients ပါဝင်နေသလို
    ဗီတာမင် C နဲ့ ဆီလီနီယမ်တို့

    ပါဝင်နေတာကြောင့်
    သွေးကြောနံရံတွေကို

    Free Radical တွေကြောင့်
    ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

    ပိုတက်ဆီယမ်ပါဝင်မှုကြောင့်

    သွေးတိုးကျစေနိုင်ပါတယ်။
    နောက်ထပ်အာနိသင်တစ်ခုက

    သွေးကြောတွေကို ပြေလျော့စေတာပါ။

    သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။

    သွေးတွင်းက အကျိုးမပြုတဲ့
    ကိုလက်စထရောတွေကို ကျဆင်းစေပြီး

    သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်
    ကာကွယ်ပေးနိုင်ပါတယ်။

    မှတ်ဉာဏ်ကောင်းစေနိုင်တယ်

    သွေးတွင်းကိုလက်စထရောကို

    ကျဆင်းစေနိုင်ပြီး
    သွေးကြောတွေထဲမှာ

    သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့်
    ဦးနှောက်ထဲကို

    သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး
    ဦးနှောက်ကို ကျန်းမာစေနိုင်သလို
    မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။

    ဝမ်းမှန်စေနိုင်တယ်

    ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ

    ပါဝင်နေတာကြောင့်
    အူတွေအတွင်းမှာ

    စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး
    ဝမ်းမှန်စေနိုင်ပါတယ်။

    အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့
    ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို
    ထောက်ပံ့ပေးပါတယ်။

    ဒါတွေအပြင်

    ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့

    ဓာတ်တွေက
    ကျန်းမာရေးကို တော်တော်လေး

    အထောက်အကူပြုပေးတာပါ။

    လေနာရောဂါ၊

    အတက်ရောဂါတွေကို သက်သာစေနိုင်သလို
    ချောင်းဆိုးပျောက်စေပါတယ်။

    ဆီးချိုအတွက် အသုံးတည့်သလို

    ဆီးသွားရင် နာကျင်တာ၊

    အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့

    ကင်ဆာကာကွယ်ဖို့နဲ့

    လေမဖြတ်အောင်
    ကာကွယ်ဖို့အတွက်လည်း

    အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။

    ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း
    စားသုံးပေးလို့ရပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ

    Crd original writer
    #ကျန်းမာရေးဗဟုသုတအနေဖြင့်ပြန်လည်မျှဝေတာဖြစ်ပါတယ် #sweswe #ကျန်းမာရေးဗဟုသုတရကြပါစေ #fblifestyle
    ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲက သင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်ရဲယိုပင်ကိုသာ ရွေးချယ်လိုက်ပါတဲ့။ မိမိအိမ်ရဲ့ မြေမှာ အနည်းဆုံး ရဲယိုပင် တစ်ပင် စိုက်လိုက်ပါ။ တိုက်ခန်း, ကွန်ဒိုနဲ့ နေတဲ့သူများကတော့ ပန်းအိုးတစ်အိုး နဲ့ စိုက်လိုက်ပါ။ ဒါမှသာ ရဲယိုရွက်လေးတွေ ထွက်လာတာ မြင်နေရမှ ရဲယိုရွက်ကို စားဖို့ မမေ့မှာပါ။ တစ်ကယ်လို့ အကြောင်း အမျိုးမျိုးကြောင့် မစိုက်ဖြစ်ကြဘူး ဆိုရင်လည်း ရဲယိုရွက်ကို ချက်စားကြဖို့ စေတနာ အရင်းခံနဲ့ တိုက်တွန်းပါတယ်။ ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်း ရဲယိုရွက် ဘဲဥ အချပ်လိုက်ကြော် ရဲယိုရွက် ငါးဘတ်မွှေ ရဲယိုရွက် ငါးခူဟင်း ရဲယိုရွက် ကြက်ဥမွှေကြော် ရဲယိုရွက်ကြော် ရဲယိုရွက် ကြက်ကြော်သုပ် ရဲယိုရွက် ငါးခူစင်းကော ရဲယိုရွက် ကြက်သားဟင်း ကျန်းမာရေးအတွက် ကောင်းလွန်းလို့ ထပ်ချက်စားတဲ့ ရဲယိုရွက် အသစ် ဟင်းလျှာတွေကို ထပ်ထပ်ပြီး ဖြည့်ပေးသွားပါမယ်။ အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ။ Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ ရဲယို နဲ့ ကျန်းမာရေး ********** အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရစေတာပါ။ ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊ ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။ ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။ ရဲယို က ဘယ်လိုများဆေးဖက်ဝင်တာလဲ ရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။ သက်ကြီးရွယ်အိုတွေအတွက်ရော လူငယ်တွေအတွက်ပါ အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။ ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။ ရှေးယခင်ကာလတွေကတည်းက အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အသီးနဲ့ အရွက်တင် မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါသေးတယ်။ ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ရဲယိုရွက်၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့ သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါသေးတယ်။ အစာလည်းဆေး၊ ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ မကြိုက်တဲ့သူတွေအတွက်တော့ အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။ ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။ ရဲယိုရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများကတော့ အကိုက်အခဲပျောက်စေတယ် ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင် အကိုက်အခဲပျောက်ပင်လို့တောင် ခေါ်ကြတာမျိုးရှိပါတယ်။ လေ့လာမှုတွေအရ ရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီး လေးဖက်နာ ဝေဒနာနဲ့ အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတယ်။ ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အိပ်ပျော်စေတယ်။ ရဲယိုသီး နဲ့ ရဲယိုရွက်က ဆီရိုတိုနင်ဟော်မုန်းနဲ့ မယ်လ်လာတိုနင်ဟော်မုန်းတွေကို လှုံ့ဆော်ပေးပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့ အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ အိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။ အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။ ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့ ဂုဏ်သတ္တိတွေက အသားအရေကို နုပျိုစေပြီး ဆံသားကို သန်စွမ်းစေနိုင်သလို ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။ ကင်ဆာကာကွယ်ပေးနိုင်တယ် ရဲယို ရွက် နဲ့ ရဲယိုသီးတွေက နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ပါတယ်။ သွေးတိုးကျစေနိုင်တယ် phytonutrients ပါဝင်နေသလို ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့် သွေးကြောနံရံတွေကို Free Radical တွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ နောက်ထပ်အာနိသင်တစ်ခုက သွေးကြောတွေကို ပြေလျော့စေတာပါ။ သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေနိုင်တယ် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကို ကျန်းမာစေနိုင်သလို မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်တယ် ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် အူတွေအတွင်းမှာ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထောက်ပံ့ပေးပါတယ်။ ဒါတွေအပြင် ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ လေနာရောဂါ၊ အတက်ရောဂါတွေကို သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါတယ်။ ဆီးချိုအတွက် အသုံးတည့်သလို ဆီးသွားရင် နာကျင်တာ၊ အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့ ကင်ဆာကာကွယ်ဖို့နဲ့ လေမဖြတ်အောင် ကာကွယ်ဖို့အတွက်လည်း အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း စားသုံးပေးလို့ရပါတယ်။ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Crd original writer 🤍🤍 #ကျန်းမာရေးဗဟုသုတအနေဖြင့်ပြန်လည်မျှဝေတာဖြစ်ပါတယ် #sweswe #ကျန်းမာရေးဗဟုသုတရကြပါစေ #fblifestyle
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡449 Views
  • ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကနေ အသုံး၀င်တဲ့
    ဂွေးတောက်ရွက်

    ဂွေးတောက်ရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

    အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။

    ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူမ်ား တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။

    ခွေးတောက်ရွက်ကို ကြိတ်၍ ရေသာ အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။

    အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။

    ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။

    ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။

    ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    #newfun
    #crd_to_owner_with_respect
    ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကနေ အသုံး၀င်တဲ့ ဂွေးတောက်ရွက် 🌿🌿 ဂွေးတောက်ရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။ အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။ ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူမ်ား တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။ ခွေးတောက်ရွက်ကို ကြိတ်၍ ရေသာ အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။ အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။ ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။ ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 #newfun #crd_to_owner_with_respect
    Like
    2
    ¡ 2 Comments ¡0 Shares ¡378 Views
  • အိမ်ထောင်ရေးသုခ မပြည့်ဝတဲ့သူတွေ
    သားသမီးရတနာ ရဖို့ခက်ခဲနေသူတွေ
    သုပ်အားနည်းခြင်း သုပ်လွန်မြန်ခြင်းနဲ့...
    စိတ်အလိုမကျဖြစ်ပြီး အလိုလို ဒေါသထွက်တတ်တဲ့ အမျိုးသားများအနေနဲ့ ကြောင်လျာသီးကို စားပေးခြင်းဖြင့်...
    ကျန်းမာရေးကောင်းပြီး ဒေါသမောဟ နည်းသွားပါလိမ့်မယ်။

    အထက်ပါ အကြောင်းအရာမျိုး ကြုံနေရသူများ...
    တစ်ပတ်ကို ၂ ကြိမ့်ခန့် ကြောင်လျာသီးကို ကြိုက်သလို လုပ်စားပေးပါ။
    အမှန်တကယ် အထောက်ကူဖြစ်စေပါမယ်ဗျ။

    ဒူလာ၊ သွေ;ဝမ်:၊ မီးယပ်၊ မြင်းသရိုက် စသဖြင့်...
    ဝေဒနာခံစားနေရသူတွေအတွက်ကတော့...
    အစာနဲ့ပဲ ဆေးကုမယ်ဆိုလျင်..
    ကြောင်လျာသီးနဲ့ ငါးမြွေထိုး ရောပြီး မကြာမကြာချက်စားပေးခြင်းက...
    ဆေးထိုး ဆေးသောက် လုပ်တာထက် ပိုပြီးတောင်
    အကျိုးရှိလာပါလိမ့်မယ်။

    ပိန်းကပ်နေလို့ ဝချင်တယ်ဆိုတဲ့သူတွေ...
    နှလုံးအားနည်းလို့ နှလုံးအားတိုးဆေး သောက်နေရတဲ့သူတွေအနေနဲ့ ဘာချက်စားသင့်လဲဆိုတော့...
    ငါးသလောက်နဲ့ကြောင်လျာသီး ရောပြီးသာ မကြာမကြာချက်တီး....
    ပိန်ကပ်နေရာကနေ ဝဖြိုးလာပါလိမ့်မယ်ဗျာ...

    ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ...

    #newfun
    #crd_to_owner_with_respect
    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)
    အိမ်ထောင်ရေးသုခ မပြည့်ဝတဲ့သူတွေ သားသမီးရတနာ ရဖို့ခက်ခဲနေသူတွေ သုပ်အားနည်းခြင်း သုပ်လွန်မြန်ခြင်းနဲ့... စိတ်အလိုမကျဖြစ်ပြီး အလိုလို ဒေါသထွက်တတ်တဲ့ အမျိုးသားများအနေနဲ့ ကြောင်လျာသီးကို စားပေးခြင်းဖြင့်... ကျန်းမာရေးကောင်းပြီး ဒေါသမောဟ နည်းသွားပါလိမ့်မယ်။ အထက်ပါ အကြောင်းအရာမျိုး ကြုံနေရသူများ... တစ်ပတ်ကို ၂ ကြိမ့်ခန့် ကြောင်လျာသီးကို ကြိုက်သလို လုပ်စားပေးပါ။ အမှန်တကယ် အထောက်ကူဖြစ်စေပါမယ်ဗျ။ ဒူလာ၊ သွေ;ဝမ်:၊ မီးယပ်၊ မြင်းသရိုက် စသဖြင့်... ဝေဒနာခံစားနေရသူတွေအတွက်ကတော့... အစာနဲ့ပဲ ဆေးကုမယ်ဆိုလျင်.. ကြောင်လျာသီးနဲ့ ငါးမြွေထိုး ရောပြီး မကြာမကြာချက်စားပေးခြင်းက... ဆေးထိုး ဆေးသောက် လုပ်တာထက် ပိုပြီးတောင် အကျိုးရှိလာပါလိမ့်မယ်။ ပိန်းကပ်နေလို့ ဝချင်တယ်ဆိုတဲ့သူတွေ... နှလုံးအားနည်းလို့ နှလုံးအားတိုးဆေး သောက်နေရတဲ့သူတွေအနေနဲ့ ဘာချက်စားသင့်လဲဆိုတော့... ငါးသလောက်နဲ့ကြောင်လျာသီး ရောပြီးသာ မကြာမကြာချက်တီး.... ပိန်ကပ်နေရာကနေ ဝဖြိုးလာပါလိမ့်မယ်ဗျာ... ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ... #newfun #crd_to_owner_with_respect ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ)
    Like
    Care
    2
    ¡ 3 Comments ¡0 Shares ¡337 Views
  • ခြေလက်ထုံကျင်

    ထုံကျင်ဖြစ်လျှင်မပေါ့နှင့်

    လေငန်းအစထုံကျင်က၊ ထုံကျင်ဖြစ်လျှင်သတိပြုပါ။

    အအေးမပတ်အောင်ဂရုစိုက်ပါ။ သွေးတိုးမရှိအောင်အစားအသောက် အနေအထိုင် ဂရုစိုက်ပါ။
    အချိုနှင့်ကောက်ညှင်းအစားများလျှင် ဆီးချိုဝင်လာတတ်သည်။ထုံကျင်ဖြစ်လျှင် ဆီးချိုစစ်ပါ။

    ၀မ်းမချုပ်အောင် အသီးအနှံများများစားပါ။ ခြေလေးချောင်းသားတတ်နိုင်သမျှ ရှောင်စားပါ။

    သံပရာသီး၊သံပယိုသီးများ လေးစိတ်စိတ် အခွံပါ ရေနွေးမတ်ခွက်တစ်လုံးနဲ့စိမ် တစ်နေ့တစ်ခွက်သောက်ပါ။ သွေးကြော
    အဆီပိတ်၍ ဖြစ်သော ထုံကျင်ရောဂါများသက်သာ၍ အဆီကျစေသည်။

    လိမ်းဆေးလိမ်းပါ။နှင်းခူအခြောက် ဖရုံရွက်အခြောက်ခံ ပြာချ ရေနံချေးနဲ့လိမ်းပါ။
    ဆင်အရေခွံ ပရဆေးဆိုင်မေးဝယ် ပြာချ အုန်းဆီနဲ့လိမ်းပါ။
    တစ်နည်း
    ကင်မွန်းသီးခြောက်ကိုသွေးလိမ်းပေးပါ။
    မုံညှင်းဆီထဲမှာ ချင်းတက်အနည်းငယ်ထုချေထည့် မီးဖြင့်ဆူအောင်ချက်ထား။ တစ်နေ့၃ကြိမ် အသားထဲစိမ့်၀င်အောင်လိမ်းပါ။

    ပဲရာဇာခေါ် ပဲနီလေး ဟင်းချိုချက်သောက်ပါ။ ရဲယိုရွက်ကို ရေနွေးဖျော အတို့အမြုပ်လုပ်စားလျှင် ထုံကျင်ရောဂါအပြင် သွေးတိုးနှင့်ဆီးချို ရောဂါများပါသက်သာစေသည်။

    ပိုဆိုးလာသောထုံကျင်ကိုက်ရောဂါများ

    ဆင်တုံးမနွယ် အမှုန့်ကို ပရဆေးဆိုင် မေး၀ယ်၊ ပျားရည်နဲ့တေ ဟင်းစားဇွန်း ၁ဇွန်းမနက်ညစားပါ။
    တိုင်းရင်းဆေးဆရာများပြသ၍ လေပူကျဆေး၊ အကြောလေလျှောက်ဆေး များသောက်ပါ။

    ဆရာဝန်ပြသနိုင်သောနေရာဖြစ်လျှင်
    အနောက်တိုင်းဆရာဝန်များပြသ၍.. သွေးတိုးနှင့် ဆီးချိုကို ပုံမှန်စစ်ဆေးပါ။

    ကြည်လွင်မြင့် (မုဒြာ)
    ၂၀.၁၂.၂၀၂၀

    Crd
    #specialnoted
    #ကျန်းမာရေး
    #လေငန်းထုံကျင်
    ခြေလက်ထုံကျင် ထုံကျင်ဖြစ်လျှင်မပေါ့နှင့် လေငန်းအစထုံကျင်က၊ ထုံကျင်ဖြစ်လျှင်သတိပြုပါ။ အအေးမပတ်အောင်ဂရုစိုက်ပါ။ သွေးတိုးမရှိအောင်အစားအသောက် အနေအထိုင် ဂရုစိုက်ပါ။ အချိုနှင့်ကောက်ညှင်းအစားများလျှင် ဆီးချိုဝင်လာတတ်သည်။ထုံကျင်ဖြစ်လျှင် ဆီးချိုစစ်ပါ။ ၀မ်းမချုပ်အောင် အသီးအနှံများများစားပါ။ ခြေလေးချောင်းသားတတ်နိုင်သမျှ ရှောင်စားပါ။ သံပရာသီး၊သံပယိုသီးများ လေးစိတ်စိတ် အခွံပါ ရေနွေးမတ်ခွက်တစ်လုံးနဲ့စိမ် တစ်နေ့တစ်ခွက်သောက်ပါ။ သွေးကြော အဆီပိတ်၍ ဖြစ်သော ထုံကျင်ရောဂါများသက်သာ၍ အဆီကျစေသည်။ လိမ်းဆေးလိမ်းပါ။နှင်းခူအခြောက် ဖရုံရွက်အခြောက်ခံ ပြာချ ရေနံချေးနဲ့လိမ်းပါ။ ဆင်အရေခွံ ပရဆေးဆိုင်မေးဝယ် ပြာချ အုန်းဆီနဲ့လိမ်းပါ။ တစ်နည်း ကင်မွန်းသီးခြောက်ကိုသွေးလိမ်းပေးပါ။ မုံညှင်းဆီထဲမှာ ချင်းတက်အနည်းငယ်ထုချေထည့် မီးဖြင့်ဆူအောင်ချက်ထား။ တစ်နေ့၃ကြိမ် အသားထဲစိမ့်၀င်အောင်လိမ်းပါ။ ပဲရာဇာခေါ် ပဲနီလေး ဟင်းချိုချက်သောက်ပါ။ ရဲယိုရွက်ကို ရေနွေးဖျော အတို့အမြုပ်လုပ်စားလျှင် ထုံကျင်ရောဂါအပြင် သွေးတိုးနှင့်ဆီးချို ရောဂါများပါသက်သာစေသည်။ ပိုဆိုးလာသောထုံကျင်ကိုက်ရောဂါများ ဆင်တုံးမနွယ် အမှုန့်ကို ပရဆေးဆိုင် မေး၀ယ်၊ ပျားရည်နဲ့တေ ဟင်းစားဇွန်း ၁ဇွန်းမနက်ညစားပါ။ တိုင်းရင်းဆေးဆရာများပြသ၍ လေပူကျဆေး၊ အကြောလေလျှောက်ဆေး များသောက်ပါ။ ဆရာဝန်ပြသနိုင်သောနေရာဖြစ်လျှင် အနောက်တိုင်းဆရာဝန်များပြသ၍.. သွေးတိုးနှင့် ဆီးချိုကို ပုံမှန်စစ်ဆေးပါ။ ကြည်လွင်မြင့် (မုဒြာ) ၂၀.၁၂.၂၀၂၀ Crd #specialnoted #ကျန်းမာရေး #လေငန်းထုံကျင်
    Like
    Care
    2
    ¡ 5 Comments ¡0 Shares ¡309 Views
More Results