• ❝သူမချစ်တော့တာသေချာရင်❞
    -----------------------

    လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ...
    လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့်
    ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက
    သင့်ရဲ့တန်ဖိုးပါ။

    သူမချစ်တော့တာသေချာနေပြီဆိုရင်...
    လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ
    ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ်
    ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။

    ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက်
    အတင်းဆွဲထားစရာမလိုပါဘူး...
    သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင်
    ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။

    မချစ်တော့တာ သေချာနေတဲ့လူအနားမှာ
    ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက်
    ရဲရဲကြီး မေ့ပြစ်လိုက်ပါ။

    #မေဆု(ရာမညမြေ)
    ❝သူမချစ်တော့တာသေချာရင်❞ ----------------------- ◽လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ... လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့် ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက သင့်ရဲ့တန်ဖိုးပါ။ ◽သူမချစ်တော့တာသေချာနေပြီဆိုရင်... လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ် ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။ ◽ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက် အတင်းဆွဲထားစရာမလိုပါဘူး... သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင် ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။ ◽မချစ်တော့တာ သေချာနေတဲ့လူအနားမှာ ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက် ရဲရဲကြီး မေ့ပြစ်လိုက်ပါ။ #မေဆု(ရာမညမြေ)
    0 Comments ·0 Shares ·11 Views
  • ဘယ်လောက် ရင်နာသရာ ကောင်းလိုက်မလဲ
    ဘယ်လောက် ရင်နာသရာ ကောင်းလိုက်မလဲ
    0 Comments ·0 Shares ·15 Views
  • တစ်ယောက်တည်း ဖြတ်သန်းရမှာကြောက်တဲ့နေ့ရက်တွေကိုလည်း တစ်ယောက်တည်း ဖြတ်သန်းရတာပါပဲ ။
    မရှိရင် မဖြစ်တဲ့အရာတွေကတကယ်တမ်း
    မရှိတော့တာကိုလက်ခံလိုက်ရတဲ့အခါမှာ
    ဖြစ်အောင် နေရတာပဲ ။
    မလိုအပ်တော့ဘူးဆိုရင်လည်း
    မပေးမိအောင် အဝေးဆုံးကို ပြေးရတယ် ။
    ဒီလိုပဲ ပြန်ဖြစ်သွားတာပဲမလား...
    ပုံပျက်ပန်းပျက်နဲ့ စိတ်ခံစားချက်မရှိတော့တဲ့ အတိုင်း ။

    #crd_to_owner_with_respectcrd
    တစ်ယောက်တည်း ဖြတ်သန်းရမှာကြောက်တဲ့နေ့ရက်တွေကိုလည်း တစ်ယောက်တည်း ဖြတ်သန်းရတာပါပဲ ။ မရှိရင် မဖြစ်တဲ့အရာတွေကတကယ်တမ်း မရှိတော့တာကိုလက်ခံလိုက်ရတဲ့အခါမှာ ဖြစ်အောင် နေရတာပဲ ။ မလိုအပ်တော့ဘူးဆိုရင်လည်း မပေးမိအောင် အဝေးဆုံးကို ပြေးရတယ် ။ ဒီလိုပဲ ပြန်ဖြစ်သွားတာပဲမလား... ပုံပျက်ပန်းပျက်နဲ့ စိတ်ခံစားချက်မရှိတော့တဲ့ အတိုင်း ။ #crd_to_owner_with_respectcrd
    0 Comments ·0 Shares ·31 Views
  • သင့်စိတ်ဟာ သင့်အိမ်ပါ။
    အဲဒီအိမ်ထဲကို ဘယ်သူ့ကို ဝင်ခွင့်ပေးမလဲဆိုတာ
    သင်ပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။

    သင့်စိတ်ဟာ
    “သင့်ရဲ့အကောင်းဆုံးနားခိုရာ”
    ဖြစ်ပါစေ။

    အပြင်က လေမုန်တိုင်းတွေ ဘယ်လောက်ပဲပြင်းပြင်း၊ အိမ်တံခါးကို ခိုင်ခံ့စွာပိတ်ပြီး အိမ်တွင်းငြိမ်းချမ်းမှုကို ဖန်တီးနိုင်ပါစေ။

    သုတရသစာပေ(သမီးကြီး)

    #သုတရသ #စာပေ #စိတ် #ငြိမ်းချမ်း #နားခို #အေးချမ်း
    သင့်စိတ်ဟာ သင့်အိမ်ပါ။ အဲဒီအိမ်ထဲကို ဘယ်သူ့ကို ဝင်ခွင့်ပေးမလဲဆိုတာ သင်ပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ သင့်စိတ်ဟာ “သင့်ရဲ့အကောင်းဆုံးနားခိုရာ” ဖြစ်ပါစေ။ အပြင်က လေမုန်တိုင်းတွေ ဘယ်လောက်ပဲပြင်းပြင်း၊ အိမ်တံခါးကို ခိုင်ခံ့စွာပိတ်ပြီး အိမ်တွင်းငြိမ်းချမ်းမှုကို ဖန်တီးနိုင်ပါစေ။ သုတရသစာပေ(သမီးကြီး) #သုတရသ #စာပေ #စိတ် #ငြိမ်းချမ်း #နားခို #အေးချမ်း
    0 Comments ·0 Shares ·28 Views
  • ကိုယ့်အနားမှာ မပျော်ရွှင်တဲ့
    ယောကျာ်းတစ်ယောက်ကို
    ဘယ်ကြိုးနဲ့မှ ချည်ဖို့မကြိုးစားနဲ့
    နာကျင်မှုကို စိတ်ပေးပြီး မဝယ်မိစေနဲ့ ညီမလေး
    မင်းကိုတကယ်ချစ်တဲ့ ယောကျာ်းဟာ
    မင်းအနားမှာ ရှိနေရရင်ကို ပျော်တယ်
    မင်းရဲ့ဖြစ်တည်မှုတိုင်းကို ချစ်တယ် ....

    #လွမ်းနောင်အိမ်
    ကိုယ့်အနားမှာ မပျော်ရွှင်တဲ့ ယောကျာ်းတစ်ယောက်ကို ဘယ်ကြိုးနဲ့မှ ချည်ဖို့မကြိုးစားနဲ့ နာကျင်မှုကို စိတ်ပေးပြီး မဝယ်မိစေနဲ့ ညီမလေး မင်းကိုတကယ်ချစ်တဲ့ ယောကျာ်းဟာ မင်းအနားမှာ ရှိနေရရင်ကို ပျော်တယ် မင်းရဲ့ဖြစ်တည်မှုတိုင်းကို ချစ်တယ် .... #လွမ်းနောင်အိမ်
    0 Comments ·0 Shares ·26 Views
  • လူတွေက သူတို့ချစ်တဲ့လူကို
    ဘယ်တော့မှ မစွန့်ပစ်ဘူးဗျ။
    အသုံး ချတဲ့လူကိုပဲ အသုံး
    မလိုတော့ရင် စွန့်ပစ်တာ....


    *မေ*
    လူတွေက သူတို့ချစ်တဲ့လူကို ဘယ်တော့မှ မစွန့်ပစ်ဘူးဗျ။ အသုံး ချတဲ့လူကိုပဲ အသုံး မလိုတော့ရင် စွန့်ပစ်တာ.... 🥀🍂 *မေ*
    0 Comments ·0 Shares ·33 Views
  • ယောက်ျားတစ်ယောက်ကို
    လက်ထပ်ဖို့ မတောင်းဆိုနဲ့
    ပန်းပေးဖို့လည်း မတောင်းဆိုနဲ့
    ဖုန်းဆက်ဖို့လည်း မတောင်းဆိုနဲ့
    ကိုယ့်ဆီကိုပဲ စိတ်ရောက်နေဖို့လည်းမတောင်းဆိုနဲ့

    သူသာတစ်ကယ်ချစ်ရင်
    ပန်းကြိုက်တာလည်း သူသိလိမ့်မယ်
    ကိုယ်ဘာလိုအပ်နေလဲ သူသိလိမ့်မယ်
    ဘယ်အချိန်မှာ သူဘာလုပ်ရမလဲဆိုတာ
    တကယ်ချစ်ခဲ့ရင် သေသေချာချာ သိတယ်။


    #crd
    ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ မတောင်းဆိုနဲ့ ပန်းပေးဖို့လည်း မတောင်းဆိုနဲ့ ဖုန်းဆက်ဖို့လည်း မတောင်းဆိုနဲ့ ကိုယ့်ဆီကိုပဲ စိတ်ရောက်နေဖို့လည်းမတောင်းဆိုနဲ့ သူသာတစ်ကယ်ချစ်ရင် ပန်းကြိုက်တာလည်း သူသိလိမ့်မယ် ကိုယ်ဘာလိုအပ်နေလဲ သူသိလိမ့်မယ် ဘယ်အချိန်မှာ သူဘာလုပ်ရမလဲဆိုတာ တကယ်ချစ်ခဲ့ရင် သေသေချာချာ သိတယ်။ 🌻🤍 #crd
    Care
    1
    · 0 Comments ·0 Shares ·36 Views
  • ဆွေမျိုး
    မခေါ်ချင်နေလို့ရတယ်
    မတော်ချင်လို့တော့ မရတာ
    ဆွေမျိုး...

    အဆင်မပြေနေရင် သနားသလိုလိုနဲ့
    အဆင်ပြေနေရင် မနာလိုတတ်တာ
    ဆွေမျိုး.....

    လိုရင်တစ်မျိုး မလိုရင်မျက်နှာတစ်မျိုးနဲ့
    အပြောင်းအလဲမြန်တာ
    ဆွေမျိုး.....

    ဆွေမျိုးဆိုတာ
    ရွှေရှိရင် တစ်မျိုး။ ရွှေမရှိရင်တစ်မျိုးနဲ့
    အမျိုးမျိုး ပြောင်းလဲနိုင်တာ
    ဆွေမျိုးတွေပါလားလို့.......

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လူငယ်များအတွက့်စာကြည့်တိုက့် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    ဆွေမျိုး မခေါ်ချင်နေလို့ရတယ် မတော်ချင်လို့တော့ မရတာ ဆွေမျိုး... အဆင်မပြေနေရင် သနားသလိုလိုနဲ့ အဆင်ပြေနေရင် မနာလိုတတ်တာ ဆွေမျိုး..... လိုရင်တစ်မျိုး မလိုရင်မျက်နှာတစ်မျိုးနဲ့ အပြောင်းအလဲမြန်တာ ဆွေမျိုး..... ဆွေမျိုးဆိုတာ ရွှေရှိရင် တစ်မျိုး။ ရွှေမရှိရင်တစ်မျိုးနဲ့ အမျိုးမျိုး ပြောင်းလဲနိုင်တာ ဆွေမျိုးတွေပါလားလို့....... #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လူငယ်များအတွက့်စာကြည့်တိုက့် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Care
    1
    · 0 Comments ·0 Shares ·36 Views
  • နေတတ်သလို နေလိုက်တယ်
    မနေတတ်ရင် ဘဝကြီးက
    နေပျော်စရာ ရှိနေပါ့မလား???

    အဆင်ပြေသလို ဖြတ်သန်းတယ်
    အဆင်မပြေမှုတွေကို
    လိုက်ပြီးခံစားနေလို့
    ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ
    မဟုတ်ဘူးလေ...

    သည်းခံသင့်သလောက်
    သည်းခံတယ်...
    သည်းမခံနိူင်တော့တဲ့အဆုံး
    ဥပေက္ခာ ပြုထားလိုက်တယ်...
    သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ
    အထိခိုက်မခံစားနိူင်တော့လို့...

    အားနာသင့်သလောက်ပဲ အားနာတော့မယ်
    အားနာခြင်းကို အခွင့်ရေးပေးပြီး
    ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ
    မကြည့်ရက်တော့ဘူးလေ...

    ခွင့်လွှတ်သင့်သလောက်
    ခွင့်လွှတ်လိုက်မယ်
    ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး
    သိက္ခာတွေ ချနင်းသွားရင်
    ဘယ်လောက်ချစ်ချစ်
    ဘယ်လောက်ခင်ခင်
    စွန့်လွှတ်လိုက်တော့မယ်...

    မေတ္တာပေးသင့်သလောက်ပေးလိုက်မယ်
    သံယောဇဉ်တွေအရင်လို ကြာကြာ
    မချည်နှောင်ချင်တော့ဘူး
    သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ
    အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ...

    အမုန်းတွေ ပွားမနေတော့ဘူး...
    အတ္တတွေ များမနေတော့ဘူး...
    လောဘတွေ ထားမနေတော့ဘူး...
    အတိတ်တွေ၊အနာဂတ်တွေအစား
    ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး
    ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်....

    ဘဝရဲ့အနှစ်ဆိုတာကြီးကို
    ကောင်းကောင်းသိလာတဲ့တစ်နေ့
    ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက
    ဝေးပြီး ကလေးတစ်ယောက်လို
    ရိုးသားလာတယ် ဖြူစင်လာတယ်
    ဒါက လူ့ဘဝရဲ့အနှစ်ပဲ...

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    နေတတ်သလို နေလိုက်တယ် မနေတတ်ရင် ဘဝကြီးက နေပျော်စရာ ရှိနေပါ့မလား??? အဆင်ပြေသလို ဖြတ်သန်းတယ် အဆင်မပြေမှုတွေကို လိုက်ပြီးခံစားနေလို့ ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ မဟုတ်ဘူးလေ... သည်းခံသင့်သလောက် သည်းခံတယ်... သည်းမခံနိူင်တော့တဲ့အဆုံး ဥပေက္ခာ ပြုထားလိုက်တယ်... သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ အထိခိုက်မခံစားနိူင်တော့လို့... အားနာသင့်သလောက်ပဲ အားနာတော့မယ် အားနာခြင်းကို အခွင့်ရေးပေးပြီး ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ မကြည့်ရက်တော့ဘူးလေ... ခွင့်လွှတ်သင့်သလောက် ခွင့်လွှတ်လိုက်မယ် ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး သိက္ခာတွေ ချနင်းသွားရင် ဘယ်လောက်ချစ်ချစ် ဘယ်လောက်ခင်ခင် စွန့်လွှတ်လိုက်တော့မယ်... မေတ္တာပေးသင့်သလောက်ပေးလိုက်မယ် သံယောဇဉ်တွေအရင်လို ကြာကြာ မချည်နှောင်ချင်တော့ဘူး သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ... အမုန်းတွေ ပွားမနေတော့ဘူး... အတ္တတွေ များမနေတော့ဘူး... လောဘတွေ ထားမနေတော့ဘူး... အတိတ်တွေ၊အနာဂတ်တွေအစား ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်.... ဘဝရဲ့အနှစ်ဆိုတာကြီးကို ကောင်းကောင်းသိလာတဲ့တစ်နေ့ ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက ဝေးပြီး ကလေးတစ်ယောက်လို ရိုးသားလာတယ် ဖြူစင်လာတယ် ဒါက လူ့ဘဝရဲ့အနှစ်ပဲ... #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·46 Views
  • လူတစ်ယောက် စိတ်ဆိုးသွားရင်
    ပြန်ချော့လို့ရတယ်

    စိတ်ကောက်သွားရင်လည်း
    ပြန်ချော့လို့ရတယ်

    စိတ်ကုန်သွားပြီ ဆိုရင်တော့
    ဘာမှလုပ်လို့ မရတော့ဘူး

    မင်းအပေါ်စိတ်ကုန်သွားတဲ့
    သူတစ်ယောက်ကို မင်းဆီ
    စိတ်ပြန်လည်လာအောင်
    လုပ်ဖို့ဆိုတာ သူစိမ်းတစ်ယောက်နဲ့
    ရင်းနှီးအောင်လုပ်ရတာထက် ခက်တယ်

    ဘာလို့လဲဆိုတော့

    မင်းအပေါ်စိတ်ကုန်သွားတဲ့
    သူတစ်ယောက်ရဲ့ ခံစားတတ်တဲ့နှလုံးသားက
    မင်းအတွက်
    သေဆုံးသွားခဲ့လို့ပဲ

    ဒါကြောင့်
    လူတစ်ယောက်ကို စိတ်တိုအောင်
    စိတ်ကောက်အောင် အထိပဲလုပ်ပါ

    ဒါပေမယ်
    စိတ်ကုန်သွားတဲ့အထိတော့
    ဘယ်တော့မှ မလုပ်မိပါစေနဲ့။

    လေးစားစွာဖြင့်
    #crd_to_owner_with_respect
    #poepoe
    #wynncho
    လူတစ်ယောက် စိတ်ဆိုးသွားရင် ပြန်ချော့လို့ရတယ် စိတ်ကောက်သွားရင်လည်း ပြန်ချော့လို့ရတယ် စိတ်ကုန်သွားပြီ ဆိုရင်တော့ ဘာမှလုပ်လို့ မရတော့ဘူး မင်းအပေါ်စိတ်ကုန်သွားတဲ့ သူတစ်ယောက်ကို မင်းဆီ စိတ်ပြန်လည်လာအောင် လုပ်ဖို့ဆိုတာ သူစိမ်းတစ်ယောက်နဲ့ ရင်းနှီးအောင်လုပ်ရတာထက် ခက်တယ် ဘာလို့လဲဆိုတော့ မင်းအပေါ်စိတ်ကုန်သွားတဲ့ သူတစ်ယောက်ရဲ့ ခံစားတတ်တဲ့နှလုံးသားက မင်းအတွက် သေဆုံးသွားခဲ့လို့ပဲ ဒါကြောင့် လူတစ်ယောက်ကို စိတ်တိုအောင် စိတ်ကောက်အောင် အထိပဲလုပ်ပါ ဒါပေမယ် စိတ်ကုန်သွားတဲ့အထိတော့ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ လေးစားစွာဖြင့် 😊😊😊 #crd_to_owner_with_respect #poepoe #wynncho
    Like
    Care
    2
    · 0 Comments ·0 Shares ·52 Views
  • လူတိုင်းမှာ
    အားနည်းချက် ကိုယ်စီရှိကြတယ်။
    ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့
    တစ်ခြားသော အားနည်းချက်တွေကြောင့်
    ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။

    ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ
    ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ
    ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်
    ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။
    လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။

    ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့
    ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။

    အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး..
    ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ်
    လို့ ထင်တယ် ။
    ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့
    အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။
    ဘယ်သူ့ကိုမှ မကြောက်ရဘူး။
    ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
    ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
    ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
    ရင်ဆိုင်ရဲရမယ်။

    ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
    ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
    မလောရဘူး။

    ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
    တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
    ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။

    ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
    လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။
    ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ
    မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။

    ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။
    လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။

    လူတိုင်း သဘောကျအောင်မနေနဲ့။
    ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
    လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
    မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
    နေတာမျိုးတွေကို ရှောင်ရမယ်။

    ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
    လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။
    ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
    နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။
    လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။
    မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။
    လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
    အဝေအဖန် မစောစေနဲ့။
    အလိုက်သိတတ်ရမယ်။
    ဘယ်အရာမှ အလကား မလိုချင်နဲ့။
    သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
    အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။
    မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
    ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။
    ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
    အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
    မရင့်ကျက်ခြင်းပဲ။
    အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း
    ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
    တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။
    ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
    နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။

    စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။

    လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ
    ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။
    ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက
    လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ ..
    ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင်
    ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ.....
    နောက်ဆုံးပြောချင်တာ...

    ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend
    လေးတွေ အတွက် စကားလက်ဆောင်လေးကတော့...
    သက်မဲ့ သစ်ရွက်လေးတွေတောင်မှ..
    လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ..
    ဝဲပြန်ပြရသေးတာပဲ...
    ငါက.. လူသားတစ်ယောက်ပဲ...
    သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ
    မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ
    တတ်အောင် အဖန်ဖန်ကြိုးစားပါ ။

    အားအင်တစ်ခု ရပါစေ

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    🔸လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြတယ်။ ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့ တစ်ခြားသော အားနည်းချက်တွေကြောင့် ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင် ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။ လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။ ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့ ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။ အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး.. ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ် လို့ ထင်တယ် ။ ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့ အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။ ဘယ်သူ့ကိုမှ မကြောက်ရဘူး။ ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ် ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး ရင်ဆိုင်ရဲရမယ်။ ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။ ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။ မလောရဘူး။ ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။ ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။ ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။ ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။ လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။ လူတိုင်း သဘောကျအောင်မနေနဲ့။ ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။ လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊ မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး နေတာမျိုးတွေကို ရှောင်ရမယ်။ ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။ ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။ လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။ မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။ လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။ အဝေအဖန် မစောစေနဲ့။ အလိုက်သိတတ်ရမယ်။ ဘယ်အရာမှ အလကား မလိုချင်နဲ့။ သူတစ်ပါးဆီက အရာတွေကို လူလည်ကျ အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။ မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။ ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။ အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ မရင့်ကျက်ခြင်းပဲ။ အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့် တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။ ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော် နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။ စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။ လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။ ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ .. ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင် ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ..... နောက်ဆုံးပြောချင်တာ... ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend လေးတွေ အတွက် စကားလက်ဆောင်လေးကတော့... သက်မဲ့ သစ်ရွက်လေးတွေတောင်မှ.. လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ.. ဝဲပြန်ပြရသေးတာပဲ... ငါက.. လူသားတစ်ယောက်ပဲ... သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ တတ်အောင် အဖန်ဖန်ကြိုးစားပါ ။ အားအင်တစ်ခု ရပါစေ 🙏 #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·57 Views
  • ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့။
    =====================

    စိတ်မညစ်ရအောင်
    ဒီစာလေး ဖတ်ပါနော်….

    ကိုယ့်ကို နှိပ်စက်နိုင်နေတဲ့
    အတွေးတွေ မတွေးပါနဲ့။

    ကိုယ့်စိတ်ကို ပူလောင်စေတဲ့
    အတွေးတွေ မတွေးပါနဲ့။

    ကိုယ့်အပေါ် မကောင်းတဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်ကို မခေါ်ချင်တဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်ကို ဂရုမစိုက်တဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့် စေတနာကို နားမလည်တဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်အပေါ် သစ္စာမရှိတဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်အပေါ် လိမ်ညာလှည့်စားတဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်ကို မုန်းတဲ့
    သူတွေ အကြောင်းလည်း မတွေးပါနဲ့။

    ကိုယ့်ကိုမချစ်လို့ ကျောခိုင်းထွက်သွားတဲ့
    သူတစ်ယောက် အကြောင်း မတွေးပါနဲ့။

    “မတွေးပါနဲ့”
    အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့
    အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ
    "ကိုယ့်စိတ်ကို နှိပ်စက်နေလို့”
    ကိုယ့်မှာ စိတ် ချမ်းသာမှုဆိုတာ
    ဘယ်တော့မှ ရနိုင်ဖို့မလွယ်ပါဘူး။

    ဒါ့ကြောင့်
    ကိုယ့်စ်ိတ်ကို ချမ်းသာအောင် တွေးပါ။
    နားလည်ပေးနိုင်မယ့် အတွေးသာတွေးပါ။
    မေတ္တာပွားနိုင်ဖို့ တွေးပါ။
    ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့တွေးပါ။
    အမုန်း မပွားဖို့ပဲ တွေးပါ။
    မေတ္တာထားခြင်းသည်
    အကောင်းဆုံး လက်စားချေခြင်းပါပဲ။

    ကိုယ့်စိတ်ကို နှိပ်စက်နိုင်ဆုံးသူဟာ
    ကိုယ် ကိုယ်တိုင်သာ ဖြစ်ပါတယ်။
    တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို
    ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။

    အဲ့ဒီ သူတွေကို ကိုယ့်စိတ်ထဲမှာ ထားပြီး
    ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါပဲ။
    ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို
    ပြန်ပြီး မနှိပ်စက်ပါနဲ့တော့……

    လူ့ဘဝက တိုတောင်းလွန်းလှပါတယ်။
    ခဏတာရလာတဲ့ လူ့ဘဝလေးမှာ
    ကိုယ့်ကိုယ်ကို ပျော်ရွှင်အေးချမ်းမှု
    ရအောင် ကိုယ်တိုင်လုပ်ယူ ဖန်တီးပြီး
    ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်။

    ငယ်ငယ်ကလည်း ငိုခဲ့ပြီးပြီ။
    အရွယ်ရောက်တော့လည်း ငိုခဲ့ပြီးပြီ။
    မနေ့ကလည်း ငိုခဲ့ပြီးပြီ။
    ဒီနေ့လည်း ငိုခဲ့ပြီးပြီ။
    မနက်ဖြန်ကစပြီး ရယ်နိုင်ဖို့ ကြိုးစားပါ။

    လူ့ဘဝ တိုတိုလေးမှာ အမြဲတမ်း
    ငိုနေရရင် လူဖြစ်ရှုံးပါတယ်။
    ” ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့တော့ ”

    Credit _ ဒိုက်ဒိုက် (မြင်းခြံ)
    #နန်းနှောင်းယိန်း မှ ပြန်လည်မျှဝေသည်။
    Photo credit - We Heart It.
    ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့။ ===================== စိတ်မညစ်ရအောင် ဒီစာလေး ဖတ်ပါနော်…. ကိုယ့်ကို နှိပ်စက်နိုင်နေတဲ့ အတွေးတွေ မတွေးပါနဲ့။ ကိုယ့်စိတ်ကို ပူလောင်စေတဲ့ အတွေးတွေ မတွေးပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်ကို မခေါ်ချင်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်ကို ဂရုမစိုက်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့် စေတနာကို နားမလည်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်အပေါ် သစ္စာမရှိတဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်အပေါ် လိမ်ညာလှည့်စားတဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်ကို မုန်းတဲ့ သူတွေ အကြောင်းလည်း မတွေးပါနဲ့။ ကိုယ့်ကိုမချစ်လို့ ကျောခိုင်းထွက်သွားတဲ့ သူတစ်ယောက် အကြောင်း မတွေးပါနဲ့။ “မတွေးပါနဲ့” အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့ အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ "ကိုယ့်စိတ်ကို နှိပ်စက်နေလို့” ကိုယ့်မှာ စိတ် ချမ်းသာမှုဆိုတာ ဘယ်တော့မှ ရနိုင်ဖို့မလွယ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်စ်ိတ်ကို ချမ်းသာအောင် တွေးပါ။ နားလည်ပေးနိုင်မယ့် အတွေးသာတွေးပါ။ မေတ္တာပွားနိုင်ဖို့ တွေးပါ။ ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့တွေးပါ။ အမုန်း မပွားဖို့ပဲ တွေးပါ။ မေတ္တာထားခြင်းသည် အကောင်းဆုံး လက်စားချေခြင်းပါပဲ။ ကိုယ့်စိတ်ကို နှိပ်စက်နိုင်ဆုံးသူဟာ ကိုယ် ကိုယ်တိုင်သာ ဖြစ်ပါတယ်။ တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။ အဲ့ဒီ သူတွေကို ကိုယ့်စိတ်ထဲမှာ ထားပြီး ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါပဲ။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး မနှိပ်စက်ပါနဲ့တော့…… လူ့ဘဝက တိုတောင်းလွန်းလှပါတယ်။ ခဏတာရလာတဲ့ လူ့ဘဝလေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အေးချမ်းမှု ရအောင် ကိုယ်တိုင်လုပ်ယူ ဖန်တီးပြီး ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်။ ငယ်ငယ်ကလည်း ငိုခဲ့ပြီးပြီ။ အရွယ်ရောက်တော့လည်း ငိုခဲ့ပြီးပြီ။ မနေ့ကလည်း ငိုခဲ့ပြီးပြီ။ ဒီနေ့လည်း ငိုခဲ့ပြီးပြီ။ မနက်ဖြန်ကစပြီး ရယ်နိုင်ဖို့ ကြိုးစားပါ။ လူ့ဘဝ တိုတိုလေးမှာ အမြဲတမ်း ငိုနေရရင် လူဖြစ်ရှုံးပါတယ်။ ” ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့တော့ ” Credit _ ဒိုက်ဒိုက် (မြင်းခြံ) #နန်းနှောင်းယိန်း မှ ပြန်လည်မျှဝေသည်။ Photo credit - We Heart It.
    Like
    Care
    2
    · 0 Comments ·0 Shares ·38 Views
More Results