• အလွမ်းအိုအို
    *******************

    တမိုးနှောင်း လို့
    တဆောင်း သစ် လည်း
    မဟောင်းတဲ့
    မပြောင်းတဲ့ အချစ်တွေနဲ့
    ဒီနွေအို ရဲ့ အကြောင်းကို
    တစေ့တစောင်း လောက်ပဲဖြစ်ဖြစ်
    သိစေချင် စမ်း ပါရဲ့။

    အသိမှာ သတိကပ်
    ဘယ်လို တွေ တရား မှတ်နေလည်း
    အလွမ်း‌တွေက ရပ်တန့်မသွားဘူး လေ။

    မြင်းရိုင်းတကောင်ရဲ့
    ကဆုန်ဆိုင်း နေတဲ့စိတ်က
    ခပ်မှိုင်းမှိုင်း ဂျစ်ပစီ မိုးတိမ် တွေလို
    အရုပ် အရောင် လည်း မတည်ငြိမ် ပြန် ဘူး။

    မင်းရယ်
    ကိုယ်ရယ်
    အလွမ်းရယ်
    ဓါတ် မတည့် ဘူး ဒီဇင်ဘာရယ်။

    ချစ်ခြင်းအားဖြင့် ....
    ပုန်းညက်ခင်ခင် ( တောင်ကြီး )
    12th Dec 2025
    Fri 6:10pm


    မယ်ဒလင် ဦးမင်းဇော် ရဲ့
    "ချစ်ရသည်က အသက်ထက်ဆုံး "
    နားဆင်ခံစား ရင်း ကျန်းမာပျော်ရွှင်ကြပါစေရှင်။
    အလွမ်းအိုအို ******************* တမိုးနှောင်း လို့ တဆောင်း သစ် လည်း မဟောင်းတဲ့ မပြောင်းတဲ့ အချစ်တွေနဲ့ ဒီနွေအို ရဲ့ အကြောင်းကို တစေ့တစောင်း လောက်ပဲဖြစ်ဖြစ် သိစေချင် စမ်း ပါရဲ့။ အသိမှာ သတိကပ် ဘယ်လို တွေ တရား မှတ်နေလည်း အလွမ်း‌တွေက ရပ်တန့်မသွားဘူး လေ။ မြင်းရိုင်းတကောင်ရဲ့ ကဆုန်ဆိုင်း နေတဲ့စိတ်က ခပ်မှိုင်းမှိုင်း ဂျစ်ပစီ မိုးတိမ် တွေလို အရုပ် အရောင် လည်း မတည်ငြိမ် ပြန် ဘူး။ မင်းရယ် ကိုယ်ရယ် အလွမ်းရယ် ဓါတ် မတည့် ဘူး ဒီဇင်ဘာရယ်။ ချစ်ခြင်းအားဖြင့် .... ပုန်းညက်ခင်ခင် ( တောင်ကြီး ) 12th Dec 2025 Fri 6:10pm မယ်ဒလင် ဦးမင်းဇော် ရဲ့ "ချစ်ရသည်က အသက်ထက်ဆုံး " နားဆင်ခံစား ရင်း ကျန်းမာပျော်ရွှင်ကြပါစေရှင်။
    Care
    1
    ¡ 0 Comments ¡0 Shares ¡9 Views
  • ဒန့်ဒလွန်ရွက်၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၅) ချက်

    ၁။ မျက်လုံးအားကောင်းစေခြင်း
    ဗီတာမင် A ကြွယ်ဝစွာ ပါဝင်သောကြောင့် မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးပြီး အသက်ကြီးလာသည့်အခါ ဖြစ်ပေါ်လေ့ရှိသော အမြင်အာရုံဆိုင်ရာ ပြဿနာများကို လျော့ပါးစေနိုင်သည်။

    ၂။ ကိုယ်ခံအား မြှင့်တင်ပေးခြင်း
    ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဗီတာမင် C များစွာပါဝင်၍ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားကောင်းစေသည်။

    ၃။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ခြင်း
    ရိုးရာဆေးနည်းများတွင် ဆီးချိုရောဂါရှိသူများ၏ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရန်အတွက် အသုံးပြုလေ့ရှိသည်။

    ၄။ ဦးနှောက်နှင့် အာရုံကြောများ အားဖြည့်ခြင်း
    ဗီတာမင် B အုပ်စုများ ပါဝင်သောကြောင့် ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေသည်။

    ၅။ အစာခြေစနစ်ကို ကူညီခြင်း
    အမျှင်ဓာတ် မြင့်မားစွာပါဝင်သည့်အတွက် အစာချေဖျက်မှုကို လွယ်ကူချောမွေ့စေသည်။

    ၆။ အဆစ်အမြစ် ရောင်ရမ်းခြင်းကို လျော့ချခြင်း
    ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းနှင့် နာကျင်ခြင်းတို့ကို သက်သာစေမည့် ဂုဏ်သတ္တိများ ပါဝင်သည်ဟု ယုံကြည်ရသည်။

    ၇။ သွေးတွင်းအဆီဓာတ်ကို လျှော့ချခြင်း
    ခန္ဓာကိုယ်တွင် မကောင်းသော အဆီများ (Cholesterol) စုပုံခြင်းကို လျော့ပါးစေနိုင်သည်။

    ၈။ အိပ်စက်ခြင်းကို ကောင်းမွန်စေခြင်း
    ရိုးရာအသုံးပြုမှုများအရ ညအိပ်ရာဝင်ခါနီးတွင် သောက်သုံးပါက စိတ်ကို ငြိမ်သက်စေပြီး ကောင်းစွာ အိပ်ပျော်စေသည်ဟု ဆိုသည်။

    ၉။ အမျိုးသမီး ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
    ခန္ဓာကိုယ်တွင်း ဟော်မုန်းများကို ချိန်ညှိပေးနိုင်သည့် ဓာတ်ပစ္စည်းများ ပါဝင်သည်။

    ၁၀။ သွေးအားကို ကောင်းစေခြင်း
    သံဓာတ် ပါဝင်သောကြောင့် သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကို အားပေးပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်သည်။

    ၁၁။ အနာကျက်နှုန်းကို မြန်စေခြင်း
    ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၏ အစွမ်းကြောင့် ထိခိုက်ဒဏ်ရာများ သဘာဝအတိုင်း အမြန်ဆုံး ကျက်စေရန် ကူညီပေးသည်။

    ၁၂။ သွေးတိုးကို လျှော့ချခြင်း
    သွေးကြောများကို ကျယ်ပြန့်စေပြီး သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသဖြင့် သွေးတိုးကျစေနိုင်သည်။

    ၁၃။ ဂေါက် (Gout) ရောဂါရှိသူများအတွက် အကျိုးရှိခြင်း
    ဂေါက်ရောဂါ ဖြစ်စေသော ယူရစ်အက်ဆစ် (Uric Acid) ပမာဏကို လျှော့ချရာတွင် အသုံးပြုလေ့ရှိသည်။

    ၁၄။ ဘက်တီးရီးယားအချို့ကို တိုက်ဖျက်နိုင်ခြင်း
    ဒန့်ဒလွန်ရွက်စိမ်း သို့မဟုတ် ၎င်း၏ အရည်ညှစ်ထားသော ဖျော်ရည်သည် ဘက်တီးရီးယားပိုးမွှားအချို့ကို တားဆီးနိုင်သည့် ဂုဏ်သတ္တိရှိသည်ဟု ယုံကြည်ရသည်။

    ၁၅။ ကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း
    ရိုးရာဆေးကျမ်းများတွင် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားရှင်းလင်းပေးသော သဘာဝဆေးအဖြစ် အသုံးများသည်။

    #လင်းသိဒ္ဓိအောင်အာရုံကြောအားတိုးဆေး
    ဒန့်ဒလွန်ရွက်၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၅) ချက် ၁။ မျက်လုံးအားကောင်းစေခြင်း ဗီတာမင် A ကြွယ်ဝစွာ ပါဝင်သောကြောင့် မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးပြီး အသက်ကြီးလာသည့်အခါ ဖြစ်ပေါ်လေ့ရှိသော အမြင်အာရုံဆိုင်ရာ ပြဿနာများကို လျော့ပါးစေနိုင်သည်။ ၂။ ကိုယ်ခံအား မြှင့်တင်ပေးခြင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဗီတာမင် C များစွာပါဝင်၍ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားကောင်းစေသည်။ ၃။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ခြင်း ရိုးရာဆေးနည်းများတွင် ဆီးချိုရောဂါရှိသူများ၏ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရန်အတွက် အသုံးပြုလေ့ရှိသည်။ ၄။ ဦးနှောက်နှင့် အာရုံကြောများ အားဖြည့်ခြင်း ဗီတာမင် B အုပ်စုများ ပါဝင်သောကြောင့် ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေသည်။ ၅။ အစာခြေစနစ်ကို ကူညီခြင်း အမျှင်ဓာတ် မြင့်မားစွာပါဝင်သည့်အတွက် အစာချေဖျက်မှုကို လွယ်ကူချောမွေ့စေသည်။ ၆။ အဆစ်အမြစ် ရောင်ရမ်းခြင်းကို လျော့ချခြင်း ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းနှင့် နာကျင်ခြင်းတို့ကို သက်သာစေမည့် ဂုဏ်သတ္တိများ ပါဝင်သည်ဟု ယုံကြည်ရသည်။ ၇။ သွေးတွင်းအဆီဓာတ်ကို လျှော့ချခြင်း ခန္ဓာကိုယ်တွင် မကောင်းသော အဆီများ (Cholesterol) စုပုံခြင်းကို လျော့ပါးစေနိုင်သည်။ ၈။ အိပ်စက်ခြင်းကို ကောင်းမွန်စေခြင်း ရိုးရာအသုံးပြုမှုများအရ ညအိပ်ရာဝင်ခါနီးတွင် သောက်သုံးပါက စိတ်ကို ငြိမ်သက်စေပြီး ကောင်းစွာ အိပ်ပျော်စေသည်ဟု ဆိုသည်။ ၉။ အမျိုးသမီး ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း ခန္ဓာကိုယ်တွင်း ဟော်မုန်းများကို ချိန်ညှိပေးနိုင်သည့် ဓာတ်ပစ္စည်းများ ပါဝင်သည်။ ၁၀။ သွေးအားကို ကောင်းစေခြင်း သံဓာတ် ပါဝင်သောကြောင့် သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကို အားပေးပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်သည်။ ၁၁။ အနာကျက်နှုန်းကို မြန်စေခြင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၏ အစွမ်းကြောင့် ထိခိုက်ဒဏ်ရာများ သဘာဝအတိုင်း အမြန်ဆုံး ကျက်စေရန် ကူညီပေးသည်။ ၁၂။ သွေးတိုးကို လျှော့ချခြင်း သွေးကြောများကို ကျယ်ပြန့်စေပြီး သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသဖြင့် သွေးတိုးကျစေနိုင်သည်။ ၁၃။ ဂေါက် (Gout) ရောဂါရှိသူများအတွက် အကျိုးရှိခြင်း ဂေါက်ရောဂါ ဖြစ်စေသော ယူရစ်အက်ဆစ် (Uric Acid) ပမာဏကို လျှော့ချရာတွင် အသုံးပြုလေ့ရှိသည်။ ၁၄။ ဘက်တီးရီးယားအချို့ကို တိုက်ဖျက်နိုင်ခြင်း ဒန့်ဒလွန်ရွက်စိမ်း သို့မဟုတ် ၎င်း၏ အရည်ညှစ်ထားသော ဖျော်ရည်သည် ဘက်တီးရီးယားပိုးမွှားအချို့ကို တားဆီးနိုင်သည့် ဂုဏ်သတ္တိရှိသည်ဟု ယုံကြည်ရသည်။ ၁၅။ ကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း ရိုးရာဆေးကျမ်းများတွင် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားရှင်းလင်းပေးသော သဘာဝဆေးအဖြစ် အသုံးများသည်။ #လင်းသိဒ္ဓိအောင်အာရုံကြောအားတိုးဆေး
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡50 Views
  • ရှေးလူကြီးတွေဟာ ပိုးစာရွက်ကို နေ့စဉ် ရေနွေးအဖြစ် သောက်သုံးလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရွက်သေးသေးလေးတွေဟာ ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာကို အထောက်အကူပြုနိုင်လို့ပါပဲ။
    ပိုးစာရွက်ရဲ့ အဓိက အစွမ်းသတ္တိများ
    1. မျက်လုံးအားကောင်းခြင်း :
    • ပိုးစာရွက်မှာ မျက်လုံးကို တိုက်ရိုက်အားဖြည့်ပေးတဲ့ Lutein နဲ့ Zeaxanthin တို့ ပါဝင်တာကြောင့် မျက်လုံးပင်ပန်းတာ၊ မှုန်ဝါးတာ၊ ညဘက် အလင်းရောင်ကြောင့် မျက်စိကျိန်းတာတွေ သိသိသာသာ လျော့နည်းစေပါတယ်။
    2. သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း :
    • အချိုကြိုက်သူတွေနဲ့ သကြားဓာတ်တက်လွယ်သူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ပိုးစာရွက်က သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေကာ အစာစားပြီးနောက် ငိုက်မျဉ်းခြင်းကို သက်သာစေပါတယ်။
    3. ချောင်းခြောက်ဆိုးတာ၊ နာတာရှည် ချောင်းဆိုးတာ၊ သလိပ်ကပ်တာ၊ အသက်ရှူမဝတာတွေအတွက် ကူညီပေးပါတယ်။ ပိုးစာရွက်က အေးမြတဲ့ အာနိသင်ရှိလို့ အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေပြီး ဖုန်မှုန့်တွေများတဲ့နေ့တွေမှာ သောက်သုံးရင် အဆုတ်ကို ပေါ့ပါးစေတယ်လို့ ခံစားရပါလိမ့်မယ်။
    4. သွေးလည်ပတ်မှုကောင်းစေခြင်း
    • ခေါင်းမူးတာ၊ မျက်နှာမိုက်ခနဲဖြစ်တာ၊ ဦးခေါင်းလေးလံတာတွေ ခံစားရရင် သောက်သုံးပေးပါက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ခေါင်းကြည်လင်လာစေပါတယ်။
    5. ဝမ်းမှန်စေခြင်း
    • အမျှင်ဓာတ် (Fiber) မြင့်မားစွာ ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကောင်းမွန်စွာ အလုပ်လုပ်စေပြီး ဝမ်းချုပ်လွယ်သူများ ကိုယ်ခန္ဓာ ပေါ့ပါးလာစေပါတယ်။
    ပြုတ်သောက်နည်းများ
    ၁။ အလွယ်ကူဆုံး (စိမ်သောက်နည်း)
    • ပိုးစာရွက် လက်တစ်ဆုပ်စာ (အခြောက်) ကို ရေနွေးပူပူ တစ်ခွက်နဲ့ ၅-၁၀ မိနစ် စိမ်ပြီး နွေးနွေးလေး သောက်ပါ။
    ၂။ အဆုတ်အတွက် (ပြုတ်သောက်နည်း)
    • ပိုးစာရွက် လက်တစ်ဆုပ်စာ (အစို) ကို ရေ ၁ လီတာ နဲ့ ၁၀ မိနစ် ပြုတ်ပါ။ မနက်ခင်း သို့မဟုတ် ညအိပ်ရာမဝင်မီ သောက်ပါ။
    အကြံပြုချက် (မျက်လုံး ပင်ပန်းတဲ့အခါ)
    • မျက်လုံးအရမ်း ပင်ပန်းတဲ့နေ့တွေမှာ ပိုးစာရွက်အခြောက် ၁ ဇွန်း ကို ရေနွေးစိမ်ပြီး ညအိပ်ရာမဝင်ခင် သောက်ပေးရင် မျက်လုံးလေးလံမှု သက်သာစေပါတယ်။
    ပိုးစာရွက် တစ်ရွက်တည်းက မျက်စိ၊ အဆုတ်၊ သွေး၊ သကြားဓာတ်နဲ့ အူလမ်းကြောင်းကိုပါ ကူညီပေးနိုင်တာကြောင့် ရှေးလူကြီးတွေ နေ့စဉ်သောက်သုံးခဲ့တာ အံ့ဩစရာ မရှိပါဘူး။
    #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပိုးစာရွက် #မျက်လုံးအားကောင်း #သွေးတိုးထိန်း #အဆုတ်ကျန်းမာရေး #ဝမ်းမှန်
    ရှေးလူကြီးတွေဟာ ပိုးစာရွက်ကို နေ့စဉ် ရေနွေးအဖြစ် သောက်သုံးလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရွက်သေးသေးလေးတွေဟာ ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာကို အထောက်အကူပြုနိုင်လို့ပါပဲ။ ✨ ပိုးစာရွက်ရဲ့ အဓိက အစွမ်းသတ္တိများ 1. မျက်လုံးအားကောင်းခြင်း : • ပိုးစာရွက်မှာ မျက်လုံးကို တိုက်ရိုက်အားဖြည့်ပေးတဲ့ Lutein နဲ့ Zeaxanthin တို့ ပါဝင်တာကြောင့် မျက်လုံးပင်ပန်းတာ၊ မှုန်ဝါးတာ၊ ညဘက် အလင်းရောင်ကြောင့် မျက်စိကျိန်းတာတွေ သိသိသာသာ လျော့နည်းစေပါတယ်။ 2. သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း : • အချိုကြိုက်သူတွေနဲ့ သကြားဓာတ်တက်လွယ်သူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ပိုးစာရွက်က သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေကာ အစာစားပြီးနောက် ငိုက်မျဉ်းခြင်းကို သက်သာစေပါတယ်။ 3. ချောင်းခြောက်ဆိုးတာ၊ နာတာရှည် ချောင်းဆိုးတာ၊ သလိပ်ကပ်တာ၊ အသက်ရှူမဝတာတွေအတွက် ကူညီပေးပါတယ်။ ပိုးစာရွက်က အေးမြတဲ့ အာနိသင်ရှိလို့ အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေပြီး ဖုန်မှုန့်တွေများတဲ့နေ့တွေမှာ သောက်သုံးရင် အဆုတ်ကို ပေါ့ပါးစေတယ်လို့ ခံစားရပါလိမ့်မယ်။ 4. သွေးလည်ပတ်မှုကောင်းစေခြင်း • ခေါင်းမူးတာ၊ မျက်နှာမိုက်ခနဲဖြစ်တာ၊ ဦးခေါင်းလေးလံတာတွေ ခံစားရရင် သောက်သုံးပေးပါက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ခေါင်းကြည်လင်လာစေပါတယ်။ 5. ဝမ်းမှန်စေခြင်း • အမျှင်ဓာတ် (Fiber) မြင့်မားစွာ ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကောင်းမွန်စွာ အလုပ်လုပ်စေပြီး ဝမ်းချုပ်လွယ်သူများ ကိုယ်ခန္ဓာ ပေါ့ပါးလာစေပါတယ်။ 🍵 ပြုတ်သောက်နည်းများ ၁။ အလွယ်ကူဆုံး (စိမ်သောက်နည်း) • ပိုးစာရွက် လက်တစ်ဆုပ်စာ (အခြောက်) ကို ရေနွေးပူပူ တစ်ခွက်နဲ့ ၅-၁၀ မိနစ် စိမ်ပြီး နွေးနွေးလေး သောက်ပါ။ ၂။ အဆုတ်အတွက် (ပြုတ်သောက်နည်း) • ပိုးစာရွက် လက်တစ်ဆုပ်စာ (အစို) ကို ရေ ၁ လီတာ နဲ့ ၁၀ မိနစ် ပြုတ်ပါ။ မနက်ခင်း သို့မဟုတ် ညအိပ်ရာမဝင်မီ သောက်ပါ။ 💡 အကြံပြုချက် (မျက်လုံး ပင်ပန်းတဲ့အခါ) • မျက်လုံးအရမ်း ပင်ပန်းတဲ့နေ့တွေမှာ ပိုးစာရွက်အခြောက် ၁ ဇွန်း ကို ရေနွေးစိမ်ပြီး ညအိပ်ရာမဝင်ခင် သောက်ပေးရင် မျက်လုံးလေးလံမှု သက်သာစေပါတယ်။ ပိုးစာရွက် တစ်ရွက်တည်းက မျက်စိ၊ အဆုတ်၊ သွေး၊ သကြားဓာတ်နဲ့ အူလမ်းကြောင်းကိုပါ ကူညီပေးနိုင်တာကြောင့် ရှေးလူကြီးတွေ နေ့စဉ်သောက်သုံးခဲ့တာ အံ့ဩစရာ မရှိပါဘူး။ #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပိုးစာရွက် #မျက်လုံးအားကောင်း #သွေးတိုးထိန်း #အဆုတ်ကျန်းမာရေး #ဝမ်းမှန်
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡61 Views
  • #မြို့နယ်အလိုက်ထုံးစပ်နည်း ထုံးဖောက်နည်းများ #

    ရန်ကုန် မြို့အတွက် ထုံး စပ်နည်း ပါ

    #အောင်ထုံးဘူး
    # သဇင်ကျော်ထုံးဘူး
    #တခြားဘယ် ready made ထုံး ဘူးမဆို ရပါတယ်
    #အသုံးပြုပုံ #
    ပထမ ထုံတစ်ဘူးဝယ်ပါ
    ထုံး ဘူးကို သမအောင် လှုပ်ပေးပါ
    ပြီးရင် ပေါင်းအိုး (သို့) ဒန်အိုးထဲ ထည့်ပါ
    အိုးပွက်လာသည်အထိ ကျိုပါ
    အိုးဆူလာရင်
    #သကြား ထမင်းစား ၄ဇွန်း
    #ဆား လဘက်စား ၁ဇွန်း
    #ထောပတ် လဘက်စား ၁ဇွန်း
    # အချိုမူန့် လဘက်စား ၁ဇွန်း
    ထည့်ပြီး နှံ့အောင်မွှေပေးပါ
    ၁၅မိနစ် ခန့်ကျိုပြီး အိုးကို အအေးခံထားပါ
    အေးရင် ထုံး က ကျို ထားလို့ ပျစ်နေလိမ့်မယ်
    ထုံး အပျစ်အကျဲကို ချိန်ဆ ပြီး ရေနွေးရောပါ
    ပြီး ရင် ရေစစ်နဲ့ ၂ထပ်စစ်ပြီး
    တစ်ည သိပ်ထားပါ
    မနက်ကျ ဆိုင် မှာ စတင် ရောင်းချနိုင်ပါပြီ
    ကွမ်းရွက် ကိုညောင်တုန်းကွမ်းရွက် သုံးပေးပါ
    အားလုံး အဆင်ပြေကြပါစေ

    Yadi Kyaw

    မန္တလေး မြို့အတွက်
    ထုံးစပ်နည်းပါ

    ကျော်ထင် ၂ထုပ်
    ၀ငျး(သို့) ရွှေနန်းတော်(သို့)
    ထီးနီနီ(သို့ ) ဇွဲ ထုံးကြမ်း
    ၁ထုပ် လိုပါတယ်။
    # အသုံးပြုပုံ
    ကျော်ထင် ၂ထုပ်
    ၀ငျး ၁ထုပ်ကို
    ကော်ပုံး (သို့) စဥ့်အိုးတစ်ခုခု နဲ့ ထည့်ပါ။
    ရေနွေးပွက်ပွက်ဆူ ထည့်ပါ။
    ပြီးရင် နှံ့အောင်မွှေပေးပါ။
    နောက်ရက် အပေါ်ရေကြည်နေ့တိုင်းသွန်ပါ။
    ရေနွေး ထပ်ထည့်ပါ။
    နှံ့အောင်မွှေပေးပါ။
    တစ်နေ့ ၂ကြိမ် ပြုလုပ်ပေးပါ။
    အနည်းဆုံး (၇)ရက်လောက် နှပ်ထားပေးပါ။
    (၈)ရက်မြောက်နေ့တွင် အပေါ်ရေကြည်အကုန်သွန်ပါ။ ကျန်တဲ့ ထုံးအနှစ်ထဲကို အုန်းသီး ၃လုံးစာ
    အုန်းနို့ရည် ညှစ်ထည့်ပါ။ ကျို ထည့်ရင် ပိုကောင်းပါတယ်။
    ပြီး ရင် စပါကလင် (၂)လုံး
    Power အမူန့် (၆) ထုပ်
    ဆား ထမင်းစား( ၂)ဇွန်း
    ထည့်ပြီးနှံ့နေအောင် မွှေပေးပါ။
    ရောင်းခါနီး ထုံးအပျစ်အကျဲကို
    ရေကျက်အေး ထည့်ပြီး အသုံးပြုပေးပါ။
    ရောင်းခါနီးရေစစ်နဲ့ ၂ကြိမ်စစ်ပေးပါ။
    လုံး၀ ထုံးမပေါက်ပဲ အရမ်းစားကောင်းပါတယ်နော်။
    အားလုံးအဆင်ပြေကြပါစေရှင်

    Yadi kyaw✍✍✍

    မြိတ်မြို့ ထုံးစပ်နည်း

    မြိတ်ထုံးစပ်နည်းမပြောခင်
    မြိတ်သူ မြိတ်သားတို့ရဲ့
    စကားသံ ၀ဲဝဲလေးနဲ့
    ချစ်စရာအသံလေးအကြောင်း
    ပြောချင်ပါတယ်
    သူတို့က အမျိုးသားတွေဆို #ဟုတ်ကဲ့#
    ဆိုတဲ့ နေရာမှာ #ခင်ဗျ#ဆိုပြီးသုံးပါတယ်
    အမျိုးသမီးတွေက #ဟုတ်ကဲ့#ဆိုတဲ့ နေရာမှာ
    #ရှင့်#ဆိုတဲ့ စကားသုံးနူန်းတာက်ို တွေ့ရပါတယ်
    ကဲ
    #ထုံးစပ်နည်းအကြောင်း ဆက်မယ်
    # မြိတ်မြို့က ကွမ်းရွက်တွေက အစိမ်းရင့်ရောင်ရှိပြီးအရမ်းထူ တဲ့ အတွက် ထုံးကြမ်းသီးသန့် သုံးရပါမယ်
    # ထုံးကြမ်းသေတ္တာတွေနဲ့ ရှိပါတယ်#
    #အသုံးပြုပုံ#
    #ထုံးကြမ်း ၃ပိသာ
    #ပုံးတစ်ခုခုနဲ့ ထည့်ပြီး နှံ့အောင်မွှေပေးပါ။
    #သံပုရာသီး ၃လုံးအခြမ်းလိုက်ထည့်ပါ။
    #ပဲဆီ အစစ် ၁၀သား ကျို ထည့်ပါ။
    #ဆား ၁၀သား
    #ရေနဲ့ ဖြစ်ဖြစ်
    #ရေနွေးနဲ့ ဖြစ်ဖြစ် ထုံးပုံထဲ ထည့်ပြီး
    #သစ်သားယောင်းမ (သို့)ဒုတ်တစ်ခုခုနဲ့
    နှံ့နေအောင် မိနစ် ၂၀လောက်ထိ မွှေပေးပါ။
    # နေ့စဥ် ရေကြည်သွန် ရေလဲ ၂ကြိမ်ခန့် ပြုလုပ်ပေးပါ။
    # ၁၅ ရက် ကြာတဲ့ အခါ
    #ထုံးတွေအားလုံးကို ရေစစ်နဲ့ ၂ကြိမ် စစ်ပါ။
    #ပြီးရင် ရေသန့်ဘူးတစ်ဘူးစာ ထုံးကို ယူပါ။
    #ပြီးရင် နွားနို့ ၂၅ကျပ်သား ကျိုထည့်ပါ။
    ။အချိုအတွက် ပါ၀ာဆေးသကြားအနည်းငယ်သုံးပေးပါ။
    #ထုံးအလေးဓာတ် လိုချင် သံပုရာသီးတလုံး အရည်ညှစ်ထည့်ပါ။
    # နှပ်ဆေးရည် ထမင်းစား၁ဇွန်းထည့်ပေးပါ။
    #ပါ၀ာဆေးသကြားလဘက်စား၁ဇွန်းထည့်ပြီး
    ၁၀မိနစ်ကြာသည်အထိ အထိ မွှေပေးပါ။
    #ပြီးရင် ရေစစ်နဲ့ သေချာစစ်ပြီးအသင့်သုံးနိုင်ပါပြီရှင်။
    #ထုံးလေးလေးပင်ပင်နဲ့ အရမ်းစားကောင်းတဲ့
    #မြိတ်မြို့ရဲ့ ထုံးစပ်နည်းလေးသုံးကြည့်နော်
    အားလုံးအဆင်ပြေကြပါစေ

    Yadi kyaw

    ရွှေဘိုမြို့ ထုံးစပ်နည်း


    #ထုံးပြင်း ၆ ပိသာ
    #ထုံးပျော့ ၃ပိသာ
    စုစုပေါင်း
    ထုံး ၉ပိသာ လိုပါတယ်နော်

    # အသုံးပြုပုံ#

    ထုံး၉ပိသာကို ကော်ပုံး (သို့) စဥ့်အိုးထဲတွင်
    ရေနွေးပွက်ပွက်ဆူ လောင်းထည့်ပြီး နှံ့အောင်မွှေပါ။
    ပြီးရင် သံပုရာသီး (၃)လုံး
    အရက်ဦးရည် (တောအရက်) လဘက်ရည် ခွက် ၁ခွက်၊ဆား ၂၅ ကျပ်သား ၊ထုံးပါဝါအမှုန့် (၁၀)ထုပ်၊ရောထည့်ပြီး သေချာလေး မွှေပေးပါ။
    နေ့တိုင်းအပေါ်ရေကြည်သွန် ၊ရေနွေးထပ်ထည့်ပါ။
    (၁၀) ရက် အနည်းဆုံး လုပ်ပေးပါ။
    (၁၁) ရက်မြောက်နေ့တွင်
    နို့စိမ်း (၃) ဘူး ကို ကျအောင် ကျိုပါ။
    သကြား(၂၀) သား
    အချိုမှုန့်(၅)ကျပ်သား
    အားလုံးရောကျို ပြီး နှပ်ထားတဲ့ ပုံးထဲ ထည့်ပါ။
    ဆိုင်ရောင်းခါနီး ရေစစ်နဲ့ ၂ကြိမ် စစ်ပေးပါ။
    ထုံးအပျစ်အကျဲကို ရေကျက်အေးနဲ့ ရောစပ် အသုံးပြုပေးပါ။
    ရွှေဘို မြို့က နာမည်ကြီး ကွမ်းယာဆိုင် ညီမလေး
    သင်ဇာရဲ့ နည်းလေးပါ။
    အားလုံးအဆင်ပြေကြပါစေ

    Yadi kyaw

    မော်လမြိုင်ထုံးစပ်နည်း

    #ထုံးအပြင်း
    ထုံးကြမ်း ၃ပျိသာ လိုပါတယ်နော်။
    ပြီးရင် သံပုရာသီးအေသး၈လုံး
    ဆား ၁၀သား
    လိုပါတယ်နော်။
    ပထမ ထုံး ကြမ်း၃ပိသာကို ရေနွေးနဲ့ ကြေအောင်ချေမယ်နော်။
    ပြီးရင် ရေစစ်နဲ့ ၂ကြိမ် စစ်မယ်။
    ခဲ ၊သလဲ တွေ စင်သွားအောင်ပါ၊
    ပြီးရင် သံပုရာသီး ၈ လုံးကို အခြမ်းလိုက်ထည့်မယ်။
    မနက်တစ်ခါ
    ညနေတစ်ခါ
    ရေကြည်သွန်မယ်နော်။
    သံပုရာသီးတွေကို ၅ရက်နေရင် ဖယ်ပစ်ပါ။
    ပြီးရင် ရေစစ်နဲ့ တစ်ကြိမ် ထပ်စစ်မယ်
    ရက် ၂၀လောက် နေရင် သုံးလို့ ရပြီနော်
    ထုံးပြင်းနေသေးရင်တော့ ၁လထိ ထားရမယ်။
    ကိုယ်ကြိုက်တဲ့ ထုံးအနေတော် ဖြစ်ပြီဆိုရင်တော့
    ထုံးကို တစ်အိုးစာ ချိုးရေခွက်နဲ့ ခပ်ပြီး
    တစ်အိုးစာ ဖျော်ရမယ်။
    ဗယ်နီလာနဲ့
    ဗာနီလင်းထည့်ရမယ်။
    ဗယ်နီလာ ၂ကပျြသား
    ဗာနီလင်း ၁ကျပ်သား
    နို့စိမ်းဘူးသေး ၁ဘူး
    ထည့်ပေးရပါမယ်နော်။
    ဗာနီလင်းက ထုံးရဲ့ အောက်နံ့တွေကို ပျောက်စေပါတယ်။
    ဗယ္နီလာကေတာ့ ထုံးကို ဆိမ့်တဲ့ အရသာ ရှိပါတယ်။
    ဟိန္ဒူ ကုလားဆိုင်တွေမှာ မေး၀ယ် ပါ။
    အားလုံးအဆင်ပြေပါစေ

    Yadi kyaw✍✍✍

    နောက်တနည်း

    ၊(၃)ရက်အတွင်းထုံးကြမ်းဖောက်နည်း

    ပါဝင်ပစ္စည်းများ
    -ထုံးပြင်း(၂)ပိသာ (ကျော်ထင်၊ကျော်ထက်၊ဇွဲ၊
    ရွှေနန်းတော် အစရှိသဖြင့် အပြင်းထုပ်ကိုသုံး
    ရန်)
    -အချဥ်မှုန့်(၄၀)သား(ကုန်စုံဆိုင်တွေမှာရနိုင်)
    -ရေ (၁၂)လီတာ
    #ပြုလုပ်နည်း
    -ထုံးပြင်း(၂)ပိသာကိုရေ(၂)လီတာထည့်၍
    လက်အိတ်စွတ်၍ မွှေပါ၊ချေပါ။
    -ရေ(၁၀)လီတာထပ်ထပ်ပါ၊နှံ့အောင်မွှေပါ။
    -အချဥ်မှုန့်(၃)ခေါက်ခွဲ၍ ထည့်ပါ၊(၁)ခေါက်
    ထည့်(၂)မိနစ်မွှေပါ၊(၂)ခေါက်ထည့်(၂)မိနစ်
    မွှေပါ၊(၃)ခေါက်ထည့်(၂)မိနစ်မွှေပါ၊ထည့်ပြီး
    ရင်မမွှေဘဲထားလိုက်ပါ။
    -ဒုတိယရက်တွင် ရေကို(၅)လီတာခပ်ထုတ်ပါ။
    ရေ(၅)လီတာပြန်ထည့်ပါ၊ပြီးရင် မွှေပါ၊ပြီးရင်
    အားလုံးကို ရေစစ်နဲ့စစ်ပါ(တခြားပုံထဲသို့)၊ပြီး
    ရင်ပြန်နှပ်ထားလိုက်ပါ။
    -တတိယရက်တွင် ရေအားလုံးခပ်ထုတ်ပါ
    (အချိန်နဲနဲပေး၍ အနည်ထိုင်ချိန်စောင့်ကာ
    ရေအားလုံးမကျန်အောင်ခပ်ထုတ်ပါ၊နောက်
    ဆုံးထုံးအနှစ်သာကျန်သည်အထိ)
    #ရေလုံးဝမမွှေပါနှင့်။
    -ဒါဆိုထုံးစပ်လို့ရပါပြီ(မိမိကြိုက်နှစ်သက်ရာ
    ဖြင့်စပ်နိုင်)
    #မှတ်ချက်
    ထုံးကိုမြည်းကြည့်ပါ(ပေါ့နေရင် အပြင်းနည်း
    နည်းစီချိန်ဆ၍ ရောပါ)
    -အချဥ်မှုန့်(၄၀)သားထည့်လိုက်တာနက် ထုံးက
    လုံးဝမပေါက်တော့ပါ။ပျော့ဖတ်သွားပါတယ်။
    တအားပျော့ဖတ်တာမဟုတ်ပါ၊ပေါ့ပါ့ပါးပါး
    စားသူအတွက်အဆင်ပြေပါတယ်။
    #အဲ့ထုံးကို အပြင်းပြန်လုပ်မယ်(ထုံးအပြင်းနဲနဲ
    စီချိန်ဆရောပါ)
    #ဒါဆိုအဆင်ပြေပါပြီ။
    -ဖောက်တာရပြီဆို ထုံးစပ်လို့ရပါပြီ။

    Crd# သီဟ

    ၊ထုံးအပြင်းဖောက်နည်းပါ...

    #ပါဝင်ပစ္စည်းများ
    #ထုံးအပြင်း(၃)ပိသာ
    #ဆားကအစိတ်သား
    #သံပုရာသီးအသေး(၈)လုံး

    #ပြုလုပ်ပုံ
    -ထုံးအပြင်းကိုရေနွေးပူပူထဲထည့်ပြီးကြာကြာ
    မွှေပေးပါ။
    -အအေးခံပါ၊အေးသွားရင်သံပုရာရည်ကော
    အခွံတွေပါထည့်ရပါမယ်။
    -ရေအေးထည်နာနာမွှေပါ၊မနက်တိုင်းရေ
    ကြည်သွန်ပေးပါ။(ရေပြန်ထည့်နာနာမွှေ)
    -(၅)ရက်ပြည့်ရင် သံပုရာသီးတွေကိုထုတ်ပစ်
    ပါ။(၄၅)ရက်ဖောက်ရပါမယ်။
    -(၄၅)ရက်ပြည့်ရင်(၃)ရက်စာလောက်ဗူးအ
    သေးထဲကိုရေစစ်နဲ့စစ်ထည့်ပါ။အရက်တစ်
    ပတ်ထည့်မွှေပါ(ဝီစကီထည့်ရင်အနံ့ပိုမွှေး)
    ကြာကြာမွှေပေးပါ ။
    -နောက်မနက်ကျရေကြည်သွန်ပြီးရေအစား
    စူပါကလင်ထည့်ပါ၊ကြာကြာမွှေပါ။
    -နောက်တစ်ရက်မနက်ကျရင် အပေါ်ကဂျပ်
    လေးတွေ ဆယ်ပေးပါ(ရေမသွန်ရတော့ပါ)
    -နှစ်ရက်လုပ်ပြီးရင်ထုံးအပြင်းစားမပေါက်တဲ့
    ထုံးရပါပြီ
    #ဒီထုံးစားပြီးရင်ဘယ်ဆိုင်မှမတိုးတော့ပါ
    #ထုံးသုပ်နည်း
    -ထုံးအပြင်းဖြစ်သည့်အတွက် အဖျားလေးပဲ
    သုပ်ရပါမည်။
    အားလုံးအဆင်ပြေကြပါစေ

    Yadi kyaw

    ထုံးသံပုရာဖောက်နည်း

    #ပါဝင်ပစ္စည်းများ
    -ထုံးအပြင်း(၅)ပိသာ+ထုံးအပျော့(၅)ပိသာ
    -သံပုယိုသီး(၁၀)လုံး
    -ဆား(၄၀)သား
    -ကော်ပုံး(သို့)မြေအိုးအကြီး(ထုံးပိသာနှစ်ဆယ်ဆန့်အိုးတွင် ဖောက်ရန်)
    -ထုံးဖျော်ရန် ပုံးတခုခုလိုပါတယ်

    #ပြုလုပ်ပုံ
    -ထုံးဖောက်မည့်အိုး(သို့)ကော်ပုံးကိုရေသန့်စင်အောင်ဆေးကြောပါ။
    -ထုံးကိုပုံးတခုခုနဲ့ဖျော်ပါ။
    -ပြီးရင်ကော်ပုံး(သို့)စဥိ့အိုးထဲထည့်ပေးပါ။
    -ပြီးရင် သံပုယိုသီးများကို အရေရောအဖတ်ကောထည့်ပါ။
    -ဆားကိုရေနွေးနဲ့ အရည်ဖော်ပြီးထည့်ပေးပါရန်။
    -အားလုံးထည့်ပြီးသွားပါက စိတ်ကြိုက်မွှေပါ
    စိတ်ကြိုက်မွှေပြီးပြီဆိုရင် ရေအပြည့်ဖြည့်ပါ။
    -ပြီးရင်သမ မျှတစေရန် တုတ်အကြီးနဲ့မွှေပါ။(ထုံးမွှေရန်တုတ် သန့်သန့်တခု ပြုလုပ်ထားပါ)
    -ပြီးရင်အမှုန်မဝင်စေရန် အဖုံးကိုအုပ်ထားပေးပါ။
    -(၃)ရက်အတွင်းအပေါ်ရေကြည်မသွန်ဘဲနှပ်ထားပေးပါ(သံပုရာရနံ့စွဲစေရန်)
    -(၄)ရက်မြောက်နေ့တွင် အပေါ်ရေကြည်စသွန်ပေးရပါမယ်(ရေပြည့်ဖြည့်မွှေပေးပါ)
    -တလခွဲဝန်းကျင် နေ့တိုင်းရေကြည်သွန်ပေးပါ။
    -တလခွဲဝန်းကျင်ပြည့်တာနဲ့အပေါ်ရေကြည်
    သွန်ပေးပါ၊ရေအားလုံးသွန်ပါ။
    -မိမိသုံးလိုသလောက်ထုံးအနှစ်ကိုရေစစ်နဲ့ စစ်ယူပါ။
    -ပြီးရင် မိမိကြိုက်နှစ်သက်တဲ့အရသာနဲ့ ရောစပ်ပါက သံပုရာနံသင်းသင်းလေးနဲ့ထုံးသံပုရာရပါပြီ။

    ၄၅ ရက်ပြည့်ပြီဆိုတာနဲ့
    #အချိုအတွက်
    သကြား
    ဆေးသကြား
    #အဆိမ့်အရသာအတွက်
    အုန်းနို့
    နို့စိမ်း
    နွားနို့
    နို့ဆီ
    နို့မွှေး ကြိုက်ရာ ရောစပ်၍ အသုံးပြုပေးပါရှင်
    အားလုံးအဆင်ပြေကြပါစေ
    Yadi kyaw

    #ဒီနေ့သူငယ်ချင်းတွေ အတွက်

    အုန်းသီးနဲ့ ထုံးဖောက်နည်း
    အကြောင်းရေးပေးပါ့မယ်
    တစ်ကယ်လက်တွေ့စမ်းသပ်ပြီး
    နားမလည်မှ ဖုန်းဆက်မေးရန်
    ကြိုတင် ပြောချင်ပါတယ်ရှင်
    အလုပ်တစ်ဖတ်
    ခလေးတစ်ဖတ်နဲ့မို့
    cb မှာ စာမပြန်နိုင်တာ
    com မှာ rp မပြန်နိုင်တာ
    တွေ အတွက်လဲ တောင်းပန်ပါတယ်ရှင်
    ကဲ
    ဆက်ရအောင်
    ပထမ ထုံးကြမ်း ၁ပ်ိသာ လိုပါတယ်
    အုန်းသီး တစ်လုံး လိုပါတယ်

    # အသုံးပြုပုံ
    ထုံးကြမ်း၁ပိသာကို ကျိုပါ။
    အပေါ် တက်လာတဲ့ အမြုပ်တွေ ခပ်ထုတ်ပါ။
    ထုံး အေးပြီ ဆိုတာနဲ့ အုန်းသီး ကို ခွဲပြီး အစိပ်လေးတွေ စိပ်ပြီး ထုံးထဲ ထည့်ပါ။
    ပြီးရင် သံပုရာသီး ၂လုံး အခြမ်းလိုက် ထည့်ပါ။
    ရေကြည်သွန် ရေလဲ မွှေ နေ့စဥ် လုပ်ပေးပါ။
    ၄ ရက် မြောက်နေ့မှာ ရေစစ်နဲ့ အကုန် စစ်ပေးပါ။
    အနည်းဆုံး ၁၀ရက်တိတိ လုပ်ပေးရပါမယ်နော်။
    ထုံးအပြင်း ကြိုက်သူများအတွက်ပါ။
    ၁၁ ရက်မြောက်နေ့တွင်
    အုန်းနို့ ဘူးကြီး ၁ဘူး
    သကြား၁၀သား
    ဆားထမင်းစား၁ဇွန်း (ပေါ့ရင် ထပ်ထည့်)
    power အမူန့်ထုပ် ၅ထုပ်
    ကျို ထည့်ပါ။
    ရောင်းခါနီးရေစစ်နဲ့ ၂ကြိမ်စစ်ပြီးအသုံးပြုပေးပါရှင်။
    အားလုံးအဆင်ပြေ ကြပါစေ

    Yadi kyaw

    အဆင်မပြေတဲ့အကို အမ. များ
    လိုအပ်လျှင်ယူသုံးပါ.....
    ထုံးအပြော့ ၂ပိသာ
    အပြင်းက ၁ပိသာ
    ရောပါ ဆား ၂၅ ကျပ်သား
    ထေားပက်ဆီ15ကျပ်သား
    သံပုရာသီးငါးလုံးကိုစိတ်ထည့်ပြီးရောသမမွှေပေးပြီးအနည်းဆုံး၁၅ရက်ကြာအောင်နှပ်ထားပေးပါ တစ်ရက်ကိုတစ်ကြိမ်ပေါ်ယံဂျပ်တွေကိုခပ်ထုပ်ပါ ပြီးရင်ရေကြည်ကိုပါသွန်ပေးပါ အဲဒီပုံစံလိုမျိူးအင်တုံ သို့မဟုတ်စဉ့်အိုးကိုအသုံးပြုပေးပါ ၁၅ ရက်ကြာတဲ့အခါအသုံးပြုလို့ရပါပြီ အသုံးပြုတော့မည်ဆိုရင်ထုံးကိုရေစစ်သို့မဟုတ်အဝတ်စပါးပါးလေးနဲ့စစ်ပေးပါ အသုံးပြုမည့်အိုးထဲသို့ထည့်တော့မည်ဆိုရင် 100plusမပစ်မကျဲမျှတအောင်ရောမွှေပေးပြီးအသုံးပြုကြည့်လိုက်ပါ........ထုံးအပြင်း..အပျော့ကို..မီ့မီ့သုံးမဲ့ကွမ်းရွက်ပေါ်မူ
    တည်ပြီး...လိုသလိုချိန်ဆထည့်နီူင်ပါတယ်.....
    ရောင်းဝယ်ကောင်း၍...ကြီးပွားတီုးတက်ကြပါစေ
    #မြို့နယ်အလိုက်ထုံးစပ်နည်း ထုံးဖောက်နည်းများ # ♥️ရန်ကုန် မြို့အတွက် ထုံး စပ်နည်း ပါ♥️ #အောင်ထုံးဘူး # သဇင်ကျော်ထုံးဘူး #တခြားဘယ် ready made ထုံး ဘူးမဆို ရပါတယ် #အသုံးပြုပုံ # ပထမ ထုံတစ်ဘူးဝယ်ပါ ထုံး ဘူးကို သမအောင် လှုပ်ပေးပါ ပြီးရင် ပေါင်းအိုး (သို့) ဒန်အိုးထဲ ထည့်ပါ အိုးပွက်လာသည်အထိ ကျိုပါ အိုးဆူလာရင် #သကြား ထမင်းစား ၄ဇွန်း #ဆား လဘက်စား ၁ဇွန်း #ထောပတ် လဘက်စား ၁ဇွန်း # အချိုမူန့် လဘက်စား ၁ဇွန်း ထည့်ပြီး နှံ့အောင်မွှေပေးပါ ၁၅မိနစ် ခန့်ကျိုပြီး အိုးကို အအေးခံထားပါ အေးရင် ထုံး က ကျို ထားလို့ ပျစ်နေလိမ့်မယ် ထုံး အပျစ်အကျဲကို ချိန်ဆ ပြီး ရေနွေးရောပါ ပြီး ရင် ရေစစ်နဲ့ ၂ထပ်စစ်ပြီး တစ်ည သိပ်ထားပါ မနက်ကျ ဆိုင် မှာ စတင် ရောင်းချနိုင်ပါပြီ😊 ကွမ်းရွက် ကိုညောင်တုန်းကွမ်းရွက် သုံးပေးပါ 😘 အားလုံး အဆင်ပြေကြပါစေ Yadi Kyaw 🙏🙏🙏 💚မန္တလေး မြို့အတွက် ထုံးစပ်နည်းပါ💚 ကျော်ထင် ၂ထုပ် ၀ငျး(သို့) ရွှေနန်းတော်(သို့) ထီးနီနီ(သို့ ) ဇွဲ ထုံးကြမ်း ၁ထုပ် လိုပါတယ်။ # အသုံးပြုပုံ ကျော်ထင် ၂ထုပ် ၀ငျး ၁ထုပ်ကို ကော်ပုံး (သို့) စဥ့်အိုးတစ်ခုခု နဲ့ ထည့်ပါ။ ရေနွေးပွက်ပွက်ဆူ ထည့်ပါ။ ပြီးရင် နှံ့အောင်မွှေပေးပါ။ နောက်ရက် အပေါ်ရေကြည်နေ့တိုင်းသွန်ပါ။ ရေနွေး ထပ်ထည့်ပါ။ နှံ့အောင်မွှေပေးပါ။ တစ်နေ့ ၂ကြိမ် ပြုလုပ်ပေးပါ။ အနည်းဆုံး (၇)ရက်လောက် နှပ်ထားပေးပါ။ (၈)ရက်မြောက်နေ့တွင် အပေါ်ရေကြည်အကုန်သွန်ပါ။ ကျန်တဲ့ ထုံးအနှစ်ထဲကို အုန်းသီး ၃လုံးစာ အုန်းနို့ရည် ညှစ်ထည့်ပါ။ ကျို ထည့်ရင် ပိုကောင်းပါတယ်။ ပြီး ရင် စပါကလင် (၂)လုံး Power အမူန့် (၆) ထုပ် ဆား ထမင်းစား( ၂)ဇွန်း ထည့်ပြီးနှံ့နေအောင် မွှေပေးပါ။ ရောင်းခါနီး ထုံးအပျစ်အကျဲကို ရေကျက်အေး ထည့်ပြီး အသုံးပြုပေးပါ။ ရောင်းခါနီးရေစစ်နဲ့ ၂ကြိမ်စစ်ပေးပါ။ လုံး၀ ထုံးမပေါက်ပဲ အရမ်းစားကောင်းပါတယ်နော်။ အားလုံးအဆင်ပြေကြပါစေရှင်🙏🙏🙏🙏🙏 Yadi kyaw✍✍✍ 💚မြိတ်မြို့ ထုံးစပ်နည်း💚 မြိတ်ထုံးစပ်နည်းမပြောခင် မြိတ်သူ မြိတ်သားတို့ရဲ့ စကားသံ ၀ဲဝဲလေးနဲ့ ချစ်စရာအသံလေးအကြောင်း ပြောချင်ပါတယ် သူတို့က အမျိုးသားတွေဆို #ဟုတ်ကဲ့# ဆိုတဲ့ နေရာမှာ #ခင်ဗျ#ဆိုပြီးသုံးပါတယ် အမျိုးသမီးတွေက #ဟုတ်ကဲ့#ဆိုတဲ့ နေရာမှာ #ရှင့်#ဆိုတဲ့ စကားသုံးနူန်းတာက်ို တွေ့ရပါတယ်😍 ကဲ #ထုံးစပ်နည်းအကြောင်း ဆက်မယ်✍️ # မြိတ်မြို့က ကွမ်းရွက်တွေက အစိမ်းရင့်ရောင်ရှိပြီးအရမ်းထူ တဲ့ အတွက် ထုံးကြမ်းသီးသန့် သုံးရပါမယ်✍️ # ထုံးကြမ်းသေတ္တာတွေနဲ့ ရှိပါတယ်# #အသုံးပြုပုံ# #ထုံးကြမ်း ၃ပိသာ #ပုံးတစ်ခုခုနဲ့ ထည့်ပြီး နှံ့အောင်မွှေပေးပါ။ #သံပုရာသီး ၃လုံးအခြမ်းလိုက်ထည့်ပါ။ #ပဲဆီ အစစ် ၁၀သား ကျို ထည့်ပါ။ #ဆား ၁၀သား #ရေနဲ့ ဖြစ်ဖြစ် #ရေနွေးနဲ့ ဖြစ်ဖြစ် ထုံးပုံထဲ ထည့်ပြီး #သစ်သားယောင်းမ (သို့)ဒုတ်တစ်ခုခုနဲ့ နှံ့နေအောင် မိနစ် ၂၀လောက်ထိ မွှေပေးပါ။ # နေ့စဥ် ရေကြည်သွန် ရေလဲ ၂ကြိမ်ခန့် ပြုလုပ်ပေးပါ။ # ၁၅ ရက် ကြာတဲ့ အခါ #ထုံးတွေအားလုံးကို ရေစစ်နဲ့ ၂ကြိမ် စစ်ပါ။ #ပြီးရင် ရေသန့်ဘူးတစ်ဘူးစာ ထုံးကို ယူပါ။ #ပြီးရင် နွားနို့ ၂၅ကျပ်သား ကျိုထည့်ပါ။ ။အချိုအတွက် ပါ၀ာဆေးသကြားအနည်းငယ်သုံးပေးပါ။ #ထုံးအလေးဓာတ် လိုချင် သံပုရာသီးတလုံး အရည်ညှစ်ထည့်ပါ။ # နှပ်ဆေးရည် ထမင်းစား၁ဇွန်းထည့်ပေးပါ။ #ပါ၀ာဆေးသကြားလဘက်စား၁ဇွန်းထည့်ပြီး ၁၀မိနစ်ကြာသည်အထိ အထိ မွှေပေးပါ။ #ပြီးရင် ရေစစ်နဲ့ သေချာစစ်ပြီးအသင့်သုံးနိုင်ပါပြီရှင်။ #ထုံးလေးလေးပင်ပင်နဲ့ အရမ်းစားကောင်းတဲ့ #မြိတ်မြို့ရဲ့ ထုံးစပ်နည်းလေးသုံးကြည့်နော် အားလုံးအဆင်ပြေကြပါစေ🙏🙏🙏🙏🙏 Yadi kyaw✍️✍️✍️✍️✍️ 💚ရွှေဘိုမြို့ ထုံးစပ်နည်း💚 #ထုံးပြင်း ၆ ပိသာ #ထုံးပျော့ ၃ပိသာ စုစုပေါင်း ထုံး ၉ပိသာ လိုပါတယ်နော်😊 # အသုံးပြုပုံ# ထုံး၉ပိသာကို ကော်ပုံး (သို့) စဥ့်အိုးထဲတွင် ရေနွေးပွက်ပွက်ဆူ လောင်းထည့်ပြီး နှံ့အောင်မွှေပါ။ ပြီးရင် သံပုရာသီး (၃)လုံး အရက်ဦးရည် (တောအရက်) လဘက်ရည် ခွက် ၁ခွက်၊ဆား ၂၅ ကျပ်သား ၊ထုံးပါဝါအမှုန့် (၁၀)ထုပ်၊ရောထည့်ပြီး သေချာလေး မွှေပေးပါ။ နေ့တိုင်းအပေါ်ရေကြည်သွန် ၊ရေနွေးထပ်ထည့်ပါ။ (၁၀) ရက် အနည်းဆုံး လုပ်ပေးပါ။ (၁၁) ရက်မြောက်နေ့တွင် နို့စိမ်း (၃) ဘူး ကို ကျအောင် ကျိုပါ။ သကြား(၂၀) သား အချိုမှုန့်(၅)ကျပ်သား အားလုံးရောကျို ပြီး နှပ်ထားတဲ့ ပုံးထဲ ထည့်ပါ။ ဆိုင်ရောင်းခါနီး ရေစစ်နဲ့ ၂ကြိမ် စစ်ပေးပါ။ ထုံးအပျစ်အကျဲကို ရေကျက်အေးနဲ့ ရောစပ် အသုံးပြုပေးပါ။ ရွှေဘို မြို့က နာမည်ကြီး ကွမ်းယာဆိုင် ညီမလေး သင်ဇာရဲ့ နည်းလေးပါ။ အားလုံးအဆင်ပြေကြပါစေ🙏🙏🙏🙏🙏 Yadi kyaw✍️✍️✍️✍️✍️ 💚မော်လမြိုင်ထုံးစပ်နည်း💚 #ထုံးအပြင်း ထုံးကြမ်း ၃ပျိသာ လိုပါတယ်နော်။ ပြီးရင် သံပုရာသီးအေသး၈လုံး ဆား ၁၀သား လိုပါတယ်နော်။ ပထမ ထုံး ကြမ်း၃ပိသာကို ရေနွေးနဲ့ ကြေအောင်ချေမယ်နော်။ ပြီးရင် ရေစစ်နဲ့ ၂ကြိမ် စစ်မယ်။ ခဲ ၊သလဲ တွေ စင်သွားအောင်ပါ၊ ပြီးရင် သံပုရာသီး ၈ လုံးကို အခြမ်းလိုက်ထည့်မယ်။ မနက်တစ်ခါ ညနေတစ်ခါ ရေကြည်သွန်မယ်နော်။ သံပုရာသီးတွေကို ၅ရက်နေရင် ဖယ်ပစ်ပါ။ ပြီးရင် ရေစစ်နဲ့ တစ်ကြိမ် ထပ်စစ်မယ် ရက် ၂၀လောက် နေရင် သုံးလို့ ရပြီနော် ထုံးပြင်းနေသေးရင်တော့ ၁လထိ ထားရမယ်။ ကိုယ်ကြိုက်တဲ့ ထုံးအနေတော် ဖြစ်ပြီဆိုရင်တော့ ထုံးကို တစ်အိုးစာ ချိုးရေခွက်နဲ့ ခပ်ပြီး တစ်အိုးစာ ဖျော်ရမယ်။ ဗယ်နီလာနဲ့ ဗာနီလင်းထည့်ရမယ်။ ဗယ်နီလာ ၂ကပျြသား ဗာနီလင်း ၁ကျပ်သား နို့စိမ်းဘူးသေး ၁ဘူး ထည့်ပေးရပါမယ်နော်။ ဗာနီလင်းက ထုံးရဲ့ အောက်နံ့တွေကို ပျောက်စေပါတယ်။ ဗယ္နီလာကေတာ့ ထုံးကို ဆိမ့်တဲ့ အရသာ ရှိပါတယ်။ ဟိန္ဒူ ကုလားဆိုင်တွေမှာ မေး၀ယ် ပါ။ အားလုံးအဆင်ပြေပါစေ🙏🙏🙏🙏🙏 Yadi kyaw✍✍✍ နောက်တနည်း ၊💚(၃)ရက်အတွင်းထုံးကြမ်းဖောက်နည်း💚 ပါဝင်ပစ္စည်းများ -ထုံးပြင်း(၂)ပိသာ (ကျော်ထင်၊ကျော်ထက်၊ဇွဲ၊ ရွှေနန်းတော် အစရှိသဖြင့် အပြင်းထုပ်ကိုသုံး ရန်) -အချဥ်မှုန့်(၄၀)သား(ကုန်စုံဆိုင်တွေမှာရနိုင်) -ရေ (၁၂)လီတာ #ပြုလုပ်နည်း -ထုံးပြင်း(၂)ပိသာကိုရေ(၂)လီတာထည့်၍ လက်အိတ်စွတ်၍ မွှေပါ၊ချေပါ။ -ရေ(၁၀)လီတာထပ်ထပ်ပါ၊နှံ့အောင်မွှေပါ။ -အချဥ်မှုန့်(၃)ခေါက်ခွဲ၍ ထည့်ပါ၊(၁)ခေါက် ထည့်(၂)မိနစ်မွှေပါ၊(၂)ခေါက်ထည့်(၂)မိနစ် မွှေပါ၊(၃)ခေါက်ထည့်(၂)မိနစ်မွှေပါ၊ထည့်ပြီး ရင်မမွှေဘဲထားလိုက်ပါ။ -ဒုတိယရက်တွင် ရေကို(၅)လီတာခပ်ထုတ်ပါ။ ရေ(၅)လီတာပြန်ထည့်ပါ၊ပြီးရင် မွှေပါ၊ပြီးရင် အားလုံးကို ရေစစ်နဲ့စစ်ပါ(တခြားပုံထဲသို့)၊ပြီး ရင်ပြန်နှပ်ထားလိုက်ပါ။ -တတိယရက်တွင် ရေအားလုံးခပ်ထုတ်ပါ (အချိန်နဲနဲပေး၍ အနည်ထိုင်ချိန်စောင့်ကာ ရေအားလုံးမကျန်အောင်ခပ်ထုတ်ပါ၊နောက် ဆုံးထုံးအနှစ်သာကျန်သည်အထိ) #ရေလုံးဝမမွှေပါနှင့်။ -ဒါဆိုထုံးစပ်လို့ရပါပြီ(မိမိကြိုက်နှစ်သက်ရာ ဖြင့်စပ်နိုင်) #မှတ်ချက် ထုံးကိုမြည်းကြည့်ပါ(ပေါ့နေရင် အပြင်းနည်း နည်းစီချိန်ဆ၍ ရောပါ) -အချဥ်မှုန့်(၄၀)သားထည့်လိုက်တာနက် ထုံးက လုံးဝမပေါက်တော့ပါ။ပျော့ဖတ်သွားပါတယ်။ တအားပျော့ဖတ်တာမဟုတ်ပါ၊ပေါ့ပါ့ပါးပါး စားသူအတွက်အဆင်ပြေပါတယ်။ #အဲ့ထုံးကို အပြင်းပြန်လုပ်မယ်(ထုံးအပြင်းနဲနဲ စီချိန်ဆရောပါ) #ဒါဆိုအဆင်ပြေပါပြီ။ -ဖောက်တာရပြီဆို ထုံးစပ်လို့ရပါပြီ။ Crd# သီဟ ၊💚ထုံးအပြင်းဖောက်နည်းပါ...💚 #ပါဝင်ပစ္စည်းများ #ထုံးအပြင်း(၃)ပိသာ #ဆားကအစိတ်သား #သံပုရာသီးအသေး(၈)လုံး #ပြုလုပ်ပုံ -ထုံးအပြင်းကိုရေနွေးပူပူထဲထည့်ပြီးကြာကြာ မွှေပေးပါ။ -အအေးခံပါ၊အေးသွားရင်သံပုရာရည်ကော အခွံတွေပါထည့်ရပါမယ်။ -ရေအေးထည်နာနာမွှေပါ၊မနက်တိုင်းရေ ကြည်သွန်ပေးပါ။(ရေပြန်ထည့်နာနာမွှေ) -(၅)ရက်ပြည့်ရင် သံပုရာသီးတွေကိုထုတ်ပစ် ပါ။(၄၅)ရက်ဖောက်ရပါမယ်။ -(၄၅)ရက်ပြည့်ရင်(၃)ရက်စာလောက်ဗူးအ သေးထဲကိုရေစစ်နဲ့စစ်ထည့်ပါ။အရက်တစ် ပတ်ထည့်မွှေပါ(ဝီစကီထည့်ရင်အနံ့ပိုမွှေး) ကြာကြာမွှေပေးပါ ။ -နောက်မနက်ကျရေကြည်သွန်ပြီးရေအစား စူပါကလင်ထည့်ပါ၊ကြာကြာမွှေပါ။ -နောက်တစ်ရက်မနက်ကျရင် အပေါ်ကဂျပ် လေးတွေ ဆယ်ပေးပါ(ရေမသွန်ရတော့ပါ) -နှစ်ရက်လုပ်ပြီးရင်ထုံးအပြင်းစားမပေါက်တဲ့ ထုံးရပါပြီ #ဒီထုံးစားပြီးရင်ဘယ်ဆိုင်မှမတိုးတော့ပါ #ထုံးသုပ်နည်း -ထုံးအပြင်းဖြစ်သည့်အတွက် အဖျားလေးပဲ သုပ်ရပါမည်။✍️✍️✍️ အားလုံးအဆင်ပြေကြပါစေ🙏🙏🙏🙏🙏 Yadi kyaw✍️✍️✍️✍️✍️ 💚ထုံးသံပုရာဖောက်နည်း💚 #ပါဝင်ပစ္စည်းများ -ထုံးအပြင်း(၅)ပိသာ+ထုံးအပျော့(၅)ပိသာ -သံပုယိုသီး(၁၀)လုံး -ဆား(၄၀)သား -ကော်ပုံး(သို့)မြေအိုးအကြီး(ထုံးပိသာနှစ်ဆယ်ဆန့်အိုးတွင် ဖောက်ရန်) -ထုံးဖျော်ရန် ပုံးတခုခုလိုပါတယ် #ပြုလုပ်ပုံ -ထုံးဖောက်မည့်အိုး(သို့)ကော်ပုံးကိုရေသန့်စင်အောင်ဆေးကြောပါ။ -ထုံးကိုပုံးတခုခုနဲ့ဖျော်ပါ။ -ပြီးရင်ကော်ပုံး(သို့)စဥိ့အိုးထဲထည့်ပေးပါ။ -ပြီးရင် သံပုယိုသီးများကို အရေရောအဖတ်ကောထည့်ပါ။ -ဆားကိုရေနွေးနဲ့ အရည်ဖော်ပြီးထည့်ပေးပါရန်။ -အားလုံးထည့်ပြီးသွားပါက စိတ်ကြိုက်မွှေပါ✍️ စိတ်ကြိုက်မွှေပြီးပြီဆိုရင် ရေအပြည့်ဖြည့်ပါ။ -ပြီးရင်သမ မျှတစေရန် တုတ်အကြီးနဲ့မွှေပါ။(ထုံးမွှေရန်တုတ် သန့်သန့်တခု ပြုလုပ်ထားပါ) -ပြီးရင်အမှုန်မဝင်စေရန် အဖုံးကိုအုပ်ထားပေးပါ။ -(၃)ရက်အတွင်းအပေါ်ရေကြည်မသွန်ဘဲနှပ်ထားပေးပါ(သံပုရာရနံ့စွဲစေရန်) -(၄)ရက်မြောက်နေ့တွင် အပေါ်ရေကြည်စသွန်ပေးရပါမယ်(ရေပြည့်ဖြည့်မွှေပေးပါ) -တလခွဲဝန်းကျင် နေ့တိုင်းရေကြည်သွန်ပေးပါ။ -တလခွဲဝန်းကျင်ပြည့်တာနဲ့အပေါ်ရေကြည် သွန်ပေးပါ၊ရေအားလုံးသွန်ပါ။ -မိမိသုံးလိုသလောက်ထုံးအနှစ်ကိုရေစစ်နဲ့ စစ်ယူပါ။ -ပြီးရင် မိမိကြိုက်နှစ်သက်တဲ့အရသာနဲ့ ရောစပ်ပါက သံပုရာနံသင်းသင်းလေးနဲ့ထုံးသံပုရာရပါပြီ။ ၄၅ ရက်ပြည့်ပြီဆိုတာနဲ့ #အချိုအတွက် သကြား ဆေးသကြား #အဆိမ့်အရသာအတွက် အုန်းနို့ နို့စိမ်း နွားနို့ နို့ဆီ နို့မွှေး ကြိုက်ရာ ရောစပ်၍ အသုံးပြုပေးပါရှင်🙏 အားလုံးအဆင်ပြေကြပါစေ Yadi kyaw✍️✍️✍️✍️✍️ #ဒီနေ့သူငယ်ချင်းတွေ အတွက် 💚အုန်းသီးနဲ့ ထုံးဖောက်နည်း💚 အကြောင်းရေးပေးပါ့မယ်✍️ တစ်ကယ်လက်တွေ့စမ်းသပ်ပြီး နားမလည်မှ ဖုန်းဆက်မေးရန် ကြိုတင် ပြောချင်ပါတယ်ရှင်🙏 အလုပ်တစ်ဖတ် ခလေးတစ်ဖတ်နဲ့မို့ cb မှာ စာမပြန်နိုင်တာ com မှာ rp မပြန်နိုင်တာ တွေ အတွက်လဲ တောင်းပန်ပါတယ်ရှင်🙏 ကဲ ဆက်ရအောင် ပထမ ထုံးကြမ်း ၁ပ်ိသာ လိုပါတယ် အုန်းသီး တစ်လုံး လိုပါတယ် # အသုံးပြုပုံ ထုံးကြမ်း၁ပိသာကို ကျိုပါ။ အပေါ် တက်လာတဲ့ အမြုပ်တွေ ခပ်ထုတ်ပါ။ ထုံး အေးပြီ ဆိုတာနဲ့ အုန်းသီး ကို ခွဲပြီး အစိပ်လေးတွေ စိပ်ပြီး ထုံးထဲ ထည့်ပါ။ ပြီးရင် သံပုရာသီး ၂လုံး အခြမ်းလိုက် ထည့်ပါ။ ရေကြည်သွန် ရေလဲ မွှေ နေ့စဥ် လုပ်ပေးပါ။ ၄ ရက် မြောက်နေ့မှာ ရေစစ်နဲ့ အကုန် စစ်ပေးပါ။ အနည်းဆုံး ၁၀ရက်တိတိ လုပ်ပေးရပါမယ်နော်။ ထုံးအပြင်း ကြိုက်သူများအတွက်ပါ။ ၁၁ ရက်မြောက်နေ့တွင် အုန်းနို့ ဘူးကြီး ၁ဘူး သကြား၁၀သား ဆားထမင်းစား၁ဇွန်း (ပေါ့ရင် ထပ်ထည့်) power အမူန့်ထုပ် ၅ထုပ် ကျို ထည့်ပါ။ ရောင်းခါနီးရေစစ်နဲ့ ၂ကြိမ်စစ်ပြီးအသုံးပြုပေးပါရှင်။ အားလုံးအဆင်ပြေ ကြပါစေ🙏🙏🙏🙏🙏 Yadi kyaw✍️✍️✍️✍️✍️ 💚အဆင်မပြေတဲ့အကို အမ. များ လိုအပ်လျှင်ယူသုံးပါ.....💚 ထုံးအပြော့ ၂ပိသာ အပြင်းက ၁ပိသာ ရောပါ ဆား ၂၅ ကျပ်သား ထေားပက်ဆီ15ကျပ်သား သံပုရာသီးငါးလုံးကိုစိတ်ထည့်ပြီးရောသမမွှေပေးပြီးအနည်းဆုံး၁၅ရက်ကြာအောင်နှပ်ထားပေးပါ တစ်ရက်ကိုတစ်ကြိမ်ပေါ်ယံဂျပ်တွေကိုခပ်ထုပ်ပါ ပြီးရင်ရေကြည်ကိုပါသွန်ပေးပါ အဲဒီပုံစံလိုမျိူးအင်တုံ သို့မဟုတ်စဉ့်အိုးကိုအသုံးပြုပေးပါ ၁၅ ရက်ကြာတဲ့အခါအသုံးပြုလို့ရပါပြီ အသုံးပြုတော့မည်ဆိုရင်ထုံးကိုရေစစ်သို့မဟုတ်အဝတ်စပါးပါးလေးနဲ့စစ်ပေးပါ အသုံးပြုမည့်အိုးထဲသို့ထည့်တော့မည်ဆိုရင် 100plusမပစ်မကျဲမျှတအောင်ရောမွှေပေးပြီးအသုံးပြုကြည့်လိုက်ပါ........ထုံးအပြင်း..အပျော့ကို..မီ့မီ့သုံးမဲ့ကွမ်းရွက်ပေါ်မူ တည်ပြီး...လိုသလိုချိန်ဆထည့်နီူင်ပါတယ်..... ရောင်းဝယ်ကောင်း၍...ကြီးပွားတီုးတက်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡63 Views
  • အနားမှာရှိနေတုန်း တန်ဖိုးထားပါ
    -------------------------------
    လူတိုင်း လူတိုင်းမှာ
    မျှော်လင့်ချက် ကိုယ်စီ ရှိကြပါတယ်။
    ေ.သချာတာ တစ်ခုကတော့
    ဘဝဆိုတာ ပုံေ.သတွက်လို့မှ မရနိုင်တာ။

    ကိုယ် တစ်သက်လုံး ပိုင်ဆိုင်ထားရမယ်လို့
    ထင်ထားတဲ့ အရာတွေလည်း
    အချိန်တိုတွင်းနဲ့ ပျောက်ဆုံးသွားတာတွေ ရှိပါတယ်။

    ကိုယ့်အနားမှာ အချိန်အကြာကြီး ရှိနေမယ်လို့
    မျှော်လင့်ခဲ့ပေမယ်
    နေရောင်လာလို့ ပျောက်ကွယ်သွားရတဲ့
    နှင်းမှုံလေးတွေလိုပဲ
    မျှော်လင့်ချက်က ဘယ်ဆီရောက်သွားမှန်း မသိခဲ့ပါဘူး။

    ပိုင်ဆိုင်ရမယ်လို့ ထင်ထားပြီးမှ
    ဆုံးရှုံးလိုက်ရတဲ့အခါ ခဏလောက်ပဲ ခံစားပါ။
    ပြီးလျှင် မြန်မြန်ဆန်ဆန် မေ့ပစ်ပြီး
    နာကျင်မှုကို လက်လွှတ်နိုင်မှသာ
    ကိုယ့်စိတ်တွေက လွတ်မြောက်ရတာပါ။

    အနားမှာ ရှိနေတုန်း
    အကောင်းဆုံး တန်ဖိုးထားခဲ့ပြီးရင်
    ဘာအကြောင်းနဲ့ပဲ ထွက်ခွာသွားပါစေ
    နောင်တ ဆိုတာ မရနိုင်တော့ဘူးပေါ့............။

    with respect - credit
    #knowledge #life lesson
    အနားမှာရှိနေတုန်း တန်ဖိုးထားပါ ------------------------------- လူတိုင်း လူတိုင်းမှာ မျှော်လင့်ချက် ကိုယ်စီ ရှိကြပါတယ်။ ေ.သချာတာ တစ်ခုကတော့ ဘဝဆိုတာ ပုံေ.သတွက်လို့မှ မရနိုင်တာ။ ကိုယ် တစ်သက်လုံး ပိုင်ဆိုင်ထားရမယ်လို့ ထင်ထားတဲ့ အရာတွေလည်း အချိန်တိုတွင်းနဲ့ ပျောက်ဆုံးသွားတာတွေ ရှိပါတယ်။ ကိုယ့်အနားမှာ အချိန်အကြာကြီး ရှိနေမယ်လို့ မျှော်လင့်ခဲ့ပေမယ် နေရောင်လာလို့ ပျောက်ကွယ်သွားရတဲ့ နှင်းမှုံလေးတွေလိုပဲ မျှော်လင့်ချက်က ဘယ်ဆီရောက်သွားမှန်း မသိခဲ့ပါဘူး။ ပိုင်ဆိုင်ရမယ်လို့ ထင်ထားပြီးမှ ဆုံးရှုံးလိုက်ရတဲ့အခါ ခဏလောက်ပဲ ခံစားပါ။ ပြီးလျှင် မြန်မြန်ဆန်ဆန် မေ့ပစ်ပြီး နာကျင်မှုကို လက်လွှတ်နိုင်မှသာ ကိုယ့်စိတ်တွေက လွတ်မြောက်ရတာပါ။ အနားမှာ ရှိနေတုန်း အကောင်းဆုံး တန်ဖိုးထားခဲ့ပြီးရင် ဘာအကြောင်းနဲ့ပဲ ထွက်ခွာသွားပါစေ နောင်တ ဆိုတာ မရနိုင်တော့ဘူးပေါ့............။ with respect - credit #knowledge #life lesson
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡63 Views
  • ဉာဏ်ပညာရှိသူထံ ချဉ်းကပ်ပါ
    ---------------------------------
    ရှေးအခါတုန်းက ချမ်းသာကြွယ်ဝတဲ့ ဇနီးမောင်နှံ နှစ်ယောက်တွင် ေ,သနကဟု အမည်ရသော သားတစ် ယောက်ရှိလေသည်။ မိဘနှစ်ပါးက သူတို့၏သား ေ.သနက ကို တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခဆရာကြီးထံသို့ အပ်နှံကာ အဠာရသ တစ်ဆယ့်ရှစ်ရပ်သော ပညာများကို သင်ကြားစေလေသည်။

    ေ,သနကသည် တစ်ဆယ့်ရှစ်ရပ်သော ပညာများကို စနစ်တကျလေ့ကျင့်ပြီး နှံ့စပ်အောင် သင်ကြားနာယူသဖြင့် ကျွမ်းကျင်တတ်မြောက်ခဲ့လေသည်။

    ထိုစဉ်အချိန်အခါက ဗာရာဏသီပြည်၏ အရှင် မင်းမြတ်သည် ဇနကဟု အမည်တွင်လေသည်။ ေ.သနက၏ ပညာပြည့်ဝသော သတင်းကို ကြားသိသော ဇနကမင်းက ေ,သနကကို ပညာရှိအမတ်ကြီးအဖြစ် ချီးမြှင့်မြှောက်စားလေ၏။

    ဗာရာဏသီပြည်၏ မနီးမဝေးနေရာ၌ တောင်း ရမ်းစားသောက်သောမျိုးနွယ်များ နေထိုင်သည့် ရွာတစ်ရွာ ရှိလေသည်။ ထိုရွာ၌ အဘိုးအိုတစ်ဦး၏ ဇနီးသည် အသက်အရွယ် ငယ်ရွယ်လွန်းပြီး ရုပ်ရည်က အလွန်ချောမောလှပသည်။

    အဘိုးအိုက ချောမောလှပသော သူ၏ဇနီးကိုအလွန် ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ထားသည်။ ဇနီးသည်က ခိုင်းစေသမျှကို စိတ်ချမ်းသာအောင်လုပ်ပေးသည်။သည် တော့ ဇနီးသည်က လင်သားအပေါ် ဆိုးချင်တိုင်းဆိုးနေ ပေတော့သည်။

    တစ်နေ့မနက်တွင် အဘိုးအိုက အရပ်တကာ လှည့်လည်ပြီး တောင်းရမ်းရန် အိမ်က ထွက်မည် အပြုတွင် ဇနီးသည်က... “ယောကျာ်း… ဒီနေ့ အသပြာတစ်ထောင်ပြည့် အောင် တောင်းလာခဲ့ပါ။ အသပြာတစ်ထောင်မပြည့်မချင်း အိမ်ကို ပြန်မလာခဲ့နဲ့။ မိန်းမမှာဝယ်စရာရှိလို့... ပြောတာ ကြားတယ်နော်" ဟု မှာကြားလေ၏။

    အဘိုးအိုက....“ စိတ်ချ။ ငါ့မိန်းမ စိတ်ချမ်းသာစေရမယ်။ အသပြာတစ်ထောင်ရအောင် တောင်းခဲ့မယ်”ဟုဆိုကာ တောင်းရမ်းရန် အိမ်က ထွက်လာခဲ့လေ၏။ အဘိုးအိုသည် တစ်ရွာဝင် တစ်ရွာထွက် လိုက်၍ တောင်းရမ်းလေ၏။

    “ဟင်း... အခုမှ အသပြာလေးရာပဲ ရပါသေးလား။အသပြာတစ်ထောင်ဆိုတာ နည်းတာမဟုတ်ဘူး။ ငါ့မိန်းမက ငါ့လိုအိုကြီး အိုမကြီးကို ယူထားတာ။ ငါ့မိန်းမ စိတ်ချမ်းသာရအောင် အသပြာတစ်ထောင် မရမချင်း လှည့်လည် တောင်းခံရမယ် ”

    အဖိုးအိုက ထိုသို့ မာန်တင်းပြီး ကြိုးစားပန်းစား မမောနိုင် မပန်းနိုင် တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းပါတယ်။

    ထိုကဲ့သို့ လှည့်လည်ပြီးတောင်းရမ်းရင်း မွန်းတည့်ချိန်သို့ရောက်လာသည်။ အဘိုးအိုသည် ပူပြင်းသောနေရောင်၏ အပူရှိန်ကြောင့် နွမ်းလျလာသည်။ တစ်ကိုယ်လုံးတွင် ချွေးများကလည်း စိုရွှဲလာသည်။ နေပူဒဏ်ကြောင့် လျှောက်နေသောခြေလှမ်းများက မမှန်တော့ပေ။

    တောင်းရမ်းရသည့် အသပြာကလည်း တစ်ထောင်ပြည့်ရန် သုံးရာလိုသေးသည်။ လိုနေသော အသပြာရရန် နောက်တစ်ရွာသို့ သွားရောက်တောင်းရမ်းရပေဦးမည်။ ထိုရွာသို့ ရောက်ရန် ခရီးက အတော်အလှမ်းဝေးလေသည်။

    “အင်း... ခဏနားပြီး အမောအပန်းဖြေရမယ်။ ပြီးမှ ခရီးဆက်ရင် ကောင်းမယ်”ဟု အဘိုးအိုက တွေးပြီး သစ်ပင်ရိပ်တွင် ထိုင်ကာ အမောအပန်းဖြေလေသည်။ ဗိုက်ကလည်း ဆာလောင်သည်မို့ သားရေအိတ်နှင့် ထည့်လာသော ထမင်းထုပ်ကို ဖြေ၍ စားလေသည်။

    မောပန်းနေ သောကြောင့် ထမင်းထုပ်ထဲမှ ထမင်းတစ်ဝက်ကိုသာ စားနိုင်လေသည်။ ကျန်သည့် ထမင်းကို ပြန်ထုပ်ကာ သားရေအိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်...“ဟင်း...အဆာကတော့ ပြေသွားပြီ။ အခုမှ ရေဘူး ပါမလာတာကို သတိရတယ်။ ရေ သောက်ချင် လိုက်တာ။ အနီးအနားမှာ ရေရှာကြည့်ဦးမှ”

    အဘိုးအိုကအနီးအနား၌ ရေရလိုရငြား လိုက်ရှာလျက် သားရေအိတ်ကို နားနေရာ သစ်ပင်ရင်း၌ ချထားခဲ့ သည်။ စမ်းချောင်းတစ်ခုကိုတွေ့လျှင် ရေသောက်ပြီး စမ်းချောင်းဘေး၌ ခဏနားနေလိုက်သည်။ ထိုအချိန်တွင် မြွေဟောက်တစ်ကောင်က အဘိုးအို၏ သားရေအိတ်ထဲ သို့ဝင်ကာ ခွေနေလေသည်။

    အဘိုးအိုက အမောပြေလျှင် ပထမထိုင်၍ နားခဲ့သောနေရာရှိ သားရေအိတ်ကိုကြိုးဖြင့် ပြန်ချည်ကာ လွယ်၍ အခြားရွာသို့ ခရီးဆက်ခဲ့သည်။ အခြားရွာထဲ၌ လှည့်လည်တောင်းရမ်းသည်။ အသပြာက တစ်ထောင် မပြည့်သေးပေ။

    ထို့ကြောင့် အခြားတစ်ရွာသို့ ခရီးဆက်ရန် အဘိုးအိုက စဉ်းစားသည်။ အချိန်ကလည်း ရှိနေသေးသည်။ အဘိုးအိုသည်အခြားရွာထိပ်သို့ရောက်လျှင် မောပန်းလွန်းသဖြင့် သစ်ပင်ရိပ် အောက်သို့သွားကာ သစ်ပင်ကိုမှီရင်းမျက်စိကို စုံမှိတ်ရင်း မှေးနေလိုက်သည်။

    မောပန်းလွန်းသောကြောင့် အိပ်ပျော်သကဲ့သို့ ဖြစ်သွား သည်။ ထိုစဉ် အဘိုးအို၏နားထဲ၌...“အဘိုးအို… ဒီနေ့ သင် အိမ်ကို မပြန်ဖြစ်ရင် သင် ေ.သရမယ်။ အိမ်ကို ပြန်ဖြစ်ရင် သင့်ဇနီး ေ.သလိမ့်မယ်။

    “ဟင်”

    အထက်ပါ သတိပေးစကားကြောင့် အဘိုးအိုမှာ လန့်နိုးသွားသည်.... "ဟင်...ငါ ဒီနေ့ အိမ်မပြန်ပဲနေရင် ငါေ,သမယ်။ ငါအိမ်ပြန်သွားရင် ငါ့ဇနီးေ.သမယ်ဆိုပါလား။ ငါ့ဇနီးက အခုမှ အသက်ငယ်ငယ်လေးရှိသေးတာ၊ အေ,သမခံနိုင်ပါဘူး”

    အဘိုးအိုသည် ရွာထဲတွင် လှည့်လည်တောင်းရာ သူ့ဇနီးလိုချင်သော အသပြာတစ်ထောင်က ပြည့်သွားသည်။ ထိုအချိန်တွင် ထိုရွာမှ ရွာသူရွာသားများသည် တစ်နေရာသို့ အုပ်စုလိုက်သွားလာနေကြသည်ကို အဘိုးအို မြင်တွေ့လေသည်။

    အဘိုးအိုသည် လာလမ်းအတိုင်း ပြန်လာရာ ဗာရာဏသီမြို့အနီးသို့ ရောက်လာလေသည်။ ထိုမှဤမှ လာနေကြသောလူများကို တွေ့နေရသည်....“ သင်တို့ ဘယ်ကိုသွားပြီး ဘာလုပ်ကြမှာလဲ” ဟု အဘိုးအိုက လမ်း၌ တွေ့သူတစ်ဦးကို မေးသည်။

    “ဒီနေ့ လပြည့်နေ့လေ။ ပညာရှိအမတ်ကြီး ေ,သနက တရားဟောပြောမှာမို့ တရားနာဖို့ သွားနေ ကြတာ”

    “ဟာ..ဟုတ်ပြီ။ ငါ့နားထဲမှာ ကြားခဲ့ရတဲ့ အသံရဲ့အဓိပ္ပာယ်ကို ပညာရှိအမတ်ကြီးကို မေးမြန်းကြည့်ရရင်ကောင်းမယ်”

    အဘိုးအိုက ပညာရှိအမတ်ကြီးေ.သနကထံကို ရောက်အောင်သွားပြီး သည်နေ့ သူ့ဇနီးက ငွေအသပြာ တစ်ထောင်ရရန် တောင်းရမ်းခိုင်းစေ၍ သွားလာလှုပ်ရှား ခဲ့ရပုံ၊ မှေးခနဲ အိပ်ပျော်သွားစဉ် ကြားရသောအသံ ၏အဓိပ္ပာယ်တို့ကို ေ.သနကအမတ်ကို မေးမြန်းလေသည်။

    ပညာရှိအမတ်ကြီးက... “ အဘိုးအို၊ သင် ရေဆာလို့ စမ်းချောင်းဆီ ရေသွားသောက်နေချိန် သင် ဖွင့်ထားခဲ့ တဲ့ သားရေအိတ်ထဲကို မြွေဆိုးတစ်ကောင် ဝင်ခွေနေ တယ်။ သင်က ဒီနေ့ အိမ်မပြန်ပဲ ရောက်တဲ့နေရာမှာ အိပ်စက်ဖို့ စဉ်းစားရင်း သားရေအိတ်ကြိုးကို ဖြေပြီး ကျန်တဲ့ ထမင်းထုပ်ကို ယူစားမယ်။

    အဲဒါဆိုရင် အိတ်ထဲက မြွေက သင့်လက်ကို ပေါက်လို့ သင်ေ,သမယ်။ သင်က ညမအိပ်ပဲ အိမ်ကိုအရောက်ပြန်ခဲ့ရင် သင့်ဇနီးက အိတ်ကို ဖြေကြည့်မယ်။ ဒါဆိုရင် သင့်ဇနီးက မြွေပေါက်ခံရပြီး ေ,သရလိမ့်မယ်။ သင့်သားရေအိတ်ကိုဖြေပြီး အဝေးကို သွားနေလိုက်ပါ၊ သင့်နားထဲမှာ ကြားရတဲ့အသံရဲ့အဖြေကို သင် သိရပေလိမ့်မယ်" ဟု အဘိုးအိုကို ရှင်းပြလေသည်။

    အဘိုးအိုက သားရေအိတ်ကို ကြိုးဖြေပြီး အဝေးသို့ သွားနေလိုက် သည်။ထိုအခါ အိတ်ထဲမှမြွေဟောက်ကြီး ထွက်လာကာ ပါးပျဉ်းထောင်နေလေသည်။ တရားနာပရိသတ်များက အဝေးသို့ မောင်းထုတ်ကြလေသည်။

    “အင်း...ပညာရှိအမတ်ကြီးသေနကက ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးအသက်ကို ကယ်တင်ခဲ့လို့ ကျေးဇူးကြီးမားလှ ပါတယ်။ ပညာရှိအမတ်ကြီးရဲ့ တရားကို နာကြားပြီးမှ ရွာကိုပြန်ပါတော့မယ်”

    “သာဓု…သာဓု…သာဓု….”

    အဘိုးအိုသည် ပညာရှိထံ ချဉ်းကပ်ခဲ့မိသေ ကြောင့် သူနှင့် သူ့ဇနီးတို့ အသက်ရှင် ချမ်းသာရာရခဲ့ကြောင်း သူ့ဇနီးကို ပြောပြလေတယ်။

    ထိုအခါမှ အဖိုးအို၏ ဇနီးဖြစ်သူမှာ အမြင်မှန်ရသွားပြီ သူ၏ယောင်္ကျားအား ကန်တော့ တောင်းပန်ပြီးလျှင် ယခုအချိန်မှ စပြီး လိမ္မာစွာ နေထိုင်ပါတော့မည်ဟု ကတိပေးလေသည်.........။

    with respect - credit - ရွှေသွေးဂျာနယ်- kaunghtet
    #knowledge #Moral story
    ဉာဏ်ပညာရှိသူထံ ချဉ်းကပ်ပါ --------------------------------- ရှေးအခါတုန်းက ချမ်းသာကြွယ်ဝတဲ့ ဇနီးမောင်နှံ နှစ်ယောက်တွင် ေ,သနကဟု အမည်ရသော သားတစ် ယောက်ရှိလေသည်။ မိဘနှစ်ပါးက သူတို့၏သား ေ.သနက ကို တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခဆရာကြီးထံသို့ အပ်နှံကာ အဠာရသ တစ်ဆယ့်ရှစ်ရပ်သော ပညာများကို သင်ကြားစေလေသည်။ ေ,သနကသည် တစ်ဆယ့်ရှစ်ရပ်သော ပညာများကို စနစ်တကျလေ့ကျင့်ပြီး နှံ့စပ်အောင် သင်ကြားနာယူသဖြင့် ကျွမ်းကျင်တတ်မြောက်ခဲ့လေသည်။ ထိုစဉ်အချိန်အခါက ဗာရာဏသီပြည်၏ အရှင် မင်းမြတ်သည် ဇနကဟု အမည်တွင်လေသည်။ ေ.သနက၏ ပညာပြည့်ဝသော သတင်းကို ကြားသိသော ဇနကမင်းက ေ,သနကကို ပညာရှိအမတ်ကြီးအဖြစ် ချီးမြှင့်မြှောက်စားလေ၏။ ဗာရာဏသီပြည်၏ မနီးမဝေးနေရာ၌ တောင်း ရမ်းစားသောက်သောမျိုးနွယ်များ နေထိုင်သည့် ရွာတစ်ရွာ ရှိလေသည်။ ထိုရွာ၌ အဘိုးအိုတစ်ဦး၏ ဇနီးသည် အသက်အရွယ် ငယ်ရွယ်လွန်းပြီး ရုပ်ရည်က အလွန်ချောမောလှပသည်။ အဘိုးအိုက ချောမောလှပသော သူ၏ဇနီးကိုအလွန် ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ထားသည်။ ဇနီးသည်က ခိုင်းစေသမျှကို စိတ်ချမ်းသာအောင်လုပ်ပေးသည်။သည် တော့ ဇနီးသည်က လင်သားအပေါ် ဆိုးချင်တိုင်းဆိုးနေ ပေတော့သည်။ တစ်နေ့မနက်တွင် အဘိုးအိုက အရပ်တကာ လှည့်လည်ပြီး တောင်းရမ်းရန် အိမ်က ထွက်မည် အပြုတွင် ဇနီးသည်က... “ယောကျာ်း… ဒီနေ့ အသပြာတစ်ထောင်ပြည့် အောင် တောင်းလာခဲ့ပါ။ အသပြာတစ်ထောင်မပြည့်မချင်း အိမ်ကို ပြန်မလာခဲ့နဲ့။ မိန်းမမှာဝယ်စရာရှိလို့... ပြောတာ ကြားတယ်နော်" ဟု မှာကြားလေ၏။ အဘိုးအိုက....“ စိတ်ချ။ ငါ့မိန်းမ စိတ်ချမ်းသာစေရမယ်။ အသပြာတစ်ထောင်ရအောင် တောင်းခဲ့မယ်”ဟုဆိုကာ တောင်းရမ်းရန် အိမ်က ထွက်လာခဲ့လေ၏။ အဘိုးအိုသည် တစ်ရွာဝင် တစ်ရွာထွက် လိုက်၍ တောင်းရမ်းလေ၏။ “ဟင်း... အခုမှ အသပြာလေးရာပဲ ရပါသေးလား။အသပြာတစ်ထောင်ဆိုတာ နည်းတာမဟုတ်ဘူး။ ငါ့မိန်းမက ငါ့လိုအိုကြီး အိုမကြီးကို ယူထားတာ။ ငါ့မိန်းမ စိတ်ချမ်းသာရအောင် အသပြာတစ်ထောင် မရမချင်း လှည့်လည် တောင်းခံရမယ် ” အဖိုးအိုက ထိုသို့ မာန်တင်းပြီး ကြိုးစားပန်းစား မမောနိုင် မပန်းနိုင် တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းပါတယ်။ ထိုကဲ့သို့ လှည့်လည်ပြီးတောင်းရမ်းရင်း မွန်းတည့်ချိန်သို့ရောက်လာသည်။ အဘိုးအိုသည် ပူပြင်းသောနေရောင်၏ အပူရှိန်ကြောင့် နွမ်းလျလာသည်။ တစ်ကိုယ်လုံးတွင် ချွေးများကလည်း စိုရွှဲလာသည်။ နေပူဒဏ်ကြောင့် လျှောက်နေသောခြေလှမ်းများက မမှန်တော့ပေ။ တောင်းရမ်းရသည့် အသပြာကလည်း တစ်ထောင်ပြည့်ရန် သုံးရာလိုသေးသည်။ လိုနေသော အသပြာရရန် နောက်တစ်ရွာသို့ သွားရောက်တောင်းရမ်းရပေဦးမည်။ ထိုရွာသို့ ရောက်ရန် ခရီးက အတော်အလှမ်းဝေးလေသည်။ “အင်း... ခဏနားပြီး အမောအပန်းဖြေရမယ်။ ပြီးမှ ခရီးဆက်ရင် ကောင်းမယ်”ဟု အဘိုးအိုက တွေးပြီး သစ်ပင်ရိပ်တွင် ထိုင်ကာ အမောအပန်းဖြေလေသည်။ ဗိုက်ကလည်း ဆာလောင်သည်မို့ သားရေအိတ်နှင့် ထည့်လာသော ထမင်းထုပ်ကို ဖြေ၍ စားလေသည်။ မောပန်းနေ သောကြောင့် ထမင်းထုပ်ထဲမှ ထမင်းတစ်ဝက်ကိုသာ စားနိုင်လေသည်။ ကျန်သည့် ထမင်းကို ပြန်ထုပ်ကာ သားရေအိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်...“ဟင်း...အဆာကတော့ ပြေသွားပြီ။ အခုမှ ရေဘူး ပါမလာတာကို သတိရတယ်။ ရေ သောက်ချင် လိုက်တာ။ အနီးအနားမှာ ရေရှာကြည့်ဦးမှ” အဘိုးအိုကအနီးအနား၌ ရေရလိုရငြား လိုက်ရှာလျက် သားရေအိတ်ကို နားနေရာ သစ်ပင်ရင်း၌ ချထားခဲ့ သည်။ စမ်းချောင်းတစ်ခုကိုတွေ့လျှင် ရေသောက်ပြီး စမ်းချောင်းဘေး၌ ခဏနားနေလိုက်သည်။ ထိုအချိန်တွင် မြွေဟောက်တစ်ကောင်က အဘိုးအို၏ သားရေအိတ်ထဲ သို့ဝင်ကာ ခွေနေလေသည်။ အဘိုးအိုက အမောပြေလျှင် ပထမထိုင်၍ နားခဲ့သောနေရာရှိ သားရေအိတ်ကိုကြိုးဖြင့် ပြန်ချည်ကာ လွယ်၍ အခြားရွာသို့ ခရီးဆက်ခဲ့သည်။ အခြားရွာထဲ၌ လှည့်လည်တောင်းရမ်းသည်။ အသပြာက တစ်ထောင် မပြည့်သေးပေ။ ထို့ကြောင့် အခြားတစ်ရွာသို့ ခရီးဆက်ရန် အဘိုးအိုက စဉ်းစားသည်။ အချိန်ကလည်း ရှိနေသေးသည်။ အဘိုးအိုသည်အခြားရွာထိပ်သို့ရောက်လျှင် မောပန်းလွန်းသဖြင့် သစ်ပင်ရိပ် အောက်သို့သွားကာ သစ်ပင်ကိုမှီရင်းမျက်စိကို စုံမှိတ်ရင်း မှေးနေလိုက်သည်။ မောပန်းလွန်းသောကြောင့် အိပ်ပျော်သကဲ့သို့ ဖြစ်သွား သည်။ ထိုစဉ် အဘိုးအို၏နားထဲ၌...“အဘိုးအို… ဒီနေ့ သင် အိမ်ကို မပြန်ဖြစ်ရင် သင် ေ.သရမယ်။ အိမ်ကို ပြန်ဖြစ်ရင် သင့်ဇနီး ေ.သလိမ့်မယ်။ “ဟင်” အထက်ပါ သတိပေးစကားကြောင့် အဘိုးအိုမှာ လန့်နိုးသွားသည်.... "ဟင်...ငါ ဒီနေ့ အိမ်မပြန်ပဲနေရင် ငါေ,သမယ်။ ငါအိမ်ပြန်သွားရင် ငါ့ဇနီးေ.သမယ်ဆိုပါလား။ ငါ့ဇနီးက အခုမှ အသက်ငယ်ငယ်လေးရှိသေးတာ၊ အေ,သမခံနိုင်ပါဘူး” အဘိုးအိုသည် ရွာထဲတွင် လှည့်လည်တောင်းရာ သူ့ဇနီးလိုချင်သော အသပြာတစ်ထောင်က ပြည့်သွားသည်။ ထိုအချိန်တွင် ထိုရွာမှ ရွာသူရွာသားများသည် တစ်နေရာသို့ အုပ်စုလိုက်သွားလာနေကြသည်ကို အဘိုးအို မြင်တွေ့လေသည်။ အဘိုးအိုသည် လာလမ်းအတိုင်း ပြန်လာရာ ဗာရာဏသီမြို့အနီးသို့ ရောက်လာလေသည်။ ထိုမှဤမှ လာနေကြသောလူများကို တွေ့နေရသည်....“ သင်တို့ ဘယ်ကိုသွားပြီး ဘာလုပ်ကြမှာလဲ” ဟု အဘိုးအိုက လမ်း၌ တွေ့သူတစ်ဦးကို မေးသည်။ “ဒီနေ့ လပြည့်နေ့လေ။ ပညာရှိအမတ်ကြီး ေ,သနက တရားဟောပြောမှာမို့ တရားနာဖို့ သွားနေ ကြတာ” “ဟာ..ဟုတ်ပြီ။ ငါ့နားထဲမှာ ကြားခဲ့ရတဲ့ အသံရဲ့အဓိပ္ပာယ်ကို ပညာရှိအမတ်ကြီးကို မေးမြန်းကြည့်ရရင်ကောင်းမယ်” အဘိုးအိုက ပညာရှိအမတ်ကြီးေ.သနကထံကို ရောက်အောင်သွားပြီး သည်နေ့ သူ့ဇနီးက ငွေအသပြာ တစ်ထောင်ရရန် တောင်းရမ်းခိုင်းစေ၍ သွားလာလှုပ်ရှား ခဲ့ရပုံ၊ မှေးခနဲ အိပ်ပျော်သွားစဉ် ကြားရသောအသံ ၏အဓိပ္ပာယ်တို့ကို ေ.သနကအမတ်ကို မေးမြန်းလေသည်။ ပညာရှိအမတ်ကြီးက... “ အဘိုးအို၊ သင် ရေဆာလို့ စမ်းချောင်းဆီ ရေသွားသောက်နေချိန် သင် ဖွင့်ထားခဲ့ တဲ့ သားရေအိတ်ထဲကို မြွေဆိုးတစ်ကောင် ဝင်ခွေနေ တယ်။ သင်က ဒီနေ့ အိမ်မပြန်ပဲ ရောက်တဲ့နေရာမှာ အိပ်စက်ဖို့ စဉ်းစားရင်း သားရေအိတ်ကြိုးကို ဖြေပြီး ကျန်တဲ့ ထမင်းထုပ်ကို ယူစားမယ်။ အဲဒါဆိုရင် အိတ်ထဲက မြွေက သင့်လက်ကို ပေါက်လို့ သင်ေ,သမယ်။ သင်က ညမအိပ်ပဲ အိမ်ကိုအရောက်ပြန်ခဲ့ရင် သင့်ဇနီးက အိတ်ကို ဖြေကြည့်မယ်။ ဒါဆိုရင် သင့်ဇနီးက မြွေပေါက်ခံရပြီး ေ,သရလိမ့်မယ်။ သင့်သားရေအိတ်ကိုဖြေပြီး အဝေးကို သွားနေလိုက်ပါ၊ သင့်နားထဲမှာ ကြားရတဲ့အသံရဲ့အဖြေကို သင် သိရပေလိမ့်မယ်" ဟု အဘိုးအိုကို ရှင်းပြလေသည်။ အဘိုးအိုက သားရေအိတ်ကို ကြိုးဖြေပြီး အဝေးသို့ သွားနေလိုက် သည်။ထိုအခါ အိတ်ထဲမှမြွေဟောက်ကြီး ထွက်လာကာ ပါးပျဉ်းထောင်နေလေသည်။ တရားနာပရိသတ်များက အဝေးသို့ မောင်းထုတ်ကြလေသည်။ “အင်း...ပညာရှိအမတ်ကြီးသေနကက ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးအသက်ကို ကယ်တင်ခဲ့လို့ ကျေးဇူးကြီးမားလှ ပါတယ်။ ပညာရှိအမတ်ကြီးရဲ့ တရားကို နာကြားပြီးမှ ရွာကိုပြန်ပါတော့မယ်” “သာဓု…သာဓု…သာဓု….” အဘိုးအိုသည် ပညာရှိထံ ချဉ်းကပ်ခဲ့မိသေ ကြောင့် သူနှင့် သူ့ဇနီးတို့ အသက်ရှင် ချမ်းသာရာရခဲ့ကြောင်း သူ့ဇနီးကို ပြောပြလေတယ်။ ထိုအခါမှ အဖိုးအို၏ ဇနီးဖြစ်သူမှာ အမြင်မှန်ရသွားပြီ သူ၏ယောင်္ကျားအား ကန်တော့ တောင်းပန်ပြီးလျှင် ယခုအချိန်မှ စပြီး လိမ္မာစွာ နေထိုင်ပါတော့မည်ဟု ကတိပေးလေသည်.........။ with respect - credit - ရွှေသွေးဂျာနယ်- kaunghtet #knowledge #Moral story
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡81 Views
  • အောင်မဲညိုပန်း... ဒီအပြာရောင်ပန်းပွင့်လေးက ဦးလေးကို စိတ်တွေရှင်း၊ အတွေးတွေကြည်လင်ပြီး လမ်းလျှောက်တာပါ ယုံကြည်မှု ပြန်ရှိလာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

    ကျွန်မရဲ့အမြင်မှာ “သန်မာ” တယ်လို့ အမြဲမြင်နေရတဲ့ ဦးလေးဟာ မကြာသေးခင်ကမှ ထူးဆန်းတဲ့ လက္ခဏာတွေ စပြလာပါတယ်။ တွေးတာနှေးလာတယ်၊ ခေါင်းမူးလွယ်လာတယ်၊ လမ်းလျှောက်ရင် သွေးကြောထဲ သွေးကောင်းကောင်းမစီးသလိုမျိုး အနည်းငယ် ယိုင်နဲ့လာတယ်။ တစ်ခါတစ်လေဆိုရင် တစ်မိနစ်တောင် မပြည့်သေးတဲ့ စကားကို မေ့သွားတတ်ပါတယ်။
    ဦးလေးက "ဦးနှောက်ထဲမှာ တစ်ခုခု ပိတ်ဆို့နေသလိုမျိုး ခေါင်းက မှောင်နေတယ်၊ ထုံနေတယ်" လို့ ညည်းတွားနေခဲ့တာပါ။

    တစ်နေ့မှာ ဦးလေးက အောင်မဲညိုပန်းပွင့်အစိမ်းလေးတွေကို ခူးပြီး စားကြည့်ခဲ့ပါတယ်။ တစ်ရက်ကို အနည်းငယ်လောက်ပဲ စားခဲ့တာပါ။ ဘာလို့လဲဆိုတော့ အောင်မဲညိုပန်းထဲက Anthocyanin (အန်သိုစိုင်ယာနင်) ဓာတ်ဟာ သွေးကြောတွေကို ဖွင့်ပေးနိုင်တယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်၊ ဦးနှောက်သွေးကြောပိတ်ဆို့နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ကြားဖူးလို့ပါ။ ဦးလေးက ကြီးကြီးမားမား မျှော်လင့်တာ မရှိဘဲ စမ်းကြည့်ခဲ့တာပါ။

    ဒါပေမယ့် ရလဒ်က မျှော်လင့်ထားတာထက် ပိုသိသာခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာ ဦးလေးက လေးနက်တဲ့ လေသံနဲ့ ပြောလာခဲ့တာကတော့ "ခေါင်းထဲမှာ လုံးဝကို လွတ်သွားပြီကွာ၊ ဦးနှောက်ထဲမှာ တစ်ယောက်ယောက်က မီးဖွင့်ပေးလိုက်သလိုပဲ လင်းသွားတယ်" တဲ့။
    • အရင်က မေ့လွယ်ခဲ့ရာကနေ အခုဆိုရင် ကောင်းကောင်း
    မှတ်မိ နေပါပြီ။
    • ထရာမှာ မူးဝေတတ်ခဲ့ရာကနေ အခုဆိုရင် ချက်ချင်း
    ဟန်ချက်ထိန်း နိုင်ပါပြီ။
    • ရင်ဘတ်အောင့်ပြီး မောလွယ်ခဲ့ရာကနေ အခုဆိုရင်
    နှလုံးခုန်နှုန်း ပုံမှန် ဖြစ်လာပြီး အမြင်အာရုံလည်း
    အရင်လို မှုန်ဝါးမနေ တော့ပါဘူး။

    ကျွန်မ မျက်စိနဲ့ကိုယ်တိုင် မြင်တွေ့ခဲ့ရတာကတော့...
    ဦးလေးဟာ မျက်နှာသွေးရောင် လန်းလာပြီး အာရုံစူးစိုက်မှု ပြန်ရလာကာ အားအင်တွေ ပြန်ပြည့်ဝလာသူတစ်ယောက်လို သိသိသာသာ ပြန်လည် နိုးကြား လာပါတယ်။ ဘာလို့လဲဆိုတော့ အရင်က နှေးကွေးခဲ့တဲ့ သွေးတွေဟာ... နေ့တိုင်း ပိုမို လျင်မြန်စွာ စီးဆင်းနိုင်လာလို့ပါပဲ။

    ဒါကြောင့် အောင်မဲညိုဟာ လှပတဲ့ ပန်းပွင့်လေးတစ်ခုတည်း မဟုတ်ဘဲ...
    ခန္ဓာကိုယ်ကို အထူးသဖြင့် ဒီအချက်တွေမှာ တိတ်တဆိတ် မျှတအောင် ကူညီပေး နေတာပါ
    • ဦးလေး ခံစားရတဲ့အတိုင်း တစ်ကိုယ်လုံး သွေးလည်ပတ်မှု
    ကောင်းလာခြင်း။
    • ဦးနှောက် ရှင်းလင်းပြီး မှတ်ဉာဏ် ပြန်ကောင်းလာခြင်း။
    • သွေးကြောများ ချောမွေ့စွာ အလုပ်လုပ်နိုင်ပြီး အလွယ်တ
    ကူ မပိတ်ဆို့နိုင်ခြင်း။
    • နှလုံးခုန်နှုန်း ပုံမှန်ဖြစ်လာပြီး အရင်ကထက် ပိုသန်မာလာခြင်း

    ဒီအရာတွေ အားလုံးဟာ ဦးလေး နေ့တိုင်း မနက်တိုင်း စားခဲ့တဲ့ အပြာရောင်ပန်းပွင့်လေးရဲ့ အစွမ်းတွေပါပဲ။

    အားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာ 🙏🏻

    MON SOUNG
    #MONSOUNG
    အောင်မဲညိုပန်း... ဒီအပြာရောင်ပန်းပွင့်လေးက ဦးလေးကို စိတ်တွေရှင်း၊ အတွေးတွေကြည်လင်ပြီး လမ်းလျှောက်တာပါ ယုံကြည်မှု ပြန်ရှိလာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်မရဲ့အမြင်မှာ “သန်မာ” တယ်လို့ အမြဲမြင်နေရတဲ့ ဦးလေးဟာ မကြာသေးခင်ကမှ ထူးဆန်းတဲ့ လက္ခဏာတွေ စပြလာပါတယ်။ တွေးတာနှေးလာတယ်၊ ခေါင်းမူးလွယ်လာတယ်၊ လမ်းလျှောက်ရင် သွေးကြောထဲ သွေးကောင်းကောင်းမစီးသလိုမျိုး အနည်းငယ် ယိုင်နဲ့လာတယ်။ တစ်ခါတစ်လေဆိုရင် တစ်မိနစ်တောင် မပြည့်သေးတဲ့ စကားကို မေ့သွားတတ်ပါတယ်။ ဦးလေးက "ဦးနှောက်ထဲမှာ တစ်ခုခု ပိတ်ဆို့နေသလိုမျိုး ခေါင်းက မှောင်နေတယ်၊ ထုံနေတယ်" လို့ ညည်းတွားနေခဲ့တာပါ။ တစ်နေ့မှာ ဦးလေးက အောင်မဲညိုပန်းပွင့်အစိမ်းလေးတွေကို ခူးပြီး စားကြည့်ခဲ့ပါတယ်။ တစ်ရက်ကို အနည်းငယ်လောက်ပဲ စားခဲ့တာပါ။ ဘာလို့လဲဆိုတော့ အောင်မဲညိုပန်းထဲက Anthocyanin (အန်သိုစိုင်ယာနင်) ဓာတ်ဟာ သွေးကြောတွေကို ဖွင့်ပေးနိုင်တယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်၊ ဦးနှောက်သွေးကြောပိတ်ဆို့နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ကြားဖူးလို့ပါ။ ဦးလေးက ကြီးကြီးမားမား မျှော်လင့်တာ မရှိဘဲ စမ်းကြည့်ခဲ့တာပါ။ ဒါပေမယ့် ရလဒ်က မျှော်လင့်ထားတာထက် ပိုသိသာခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာ ဦးလေးက လေးနက်တဲ့ လေသံနဲ့ ပြောလာခဲ့တာကတော့ "ခေါင်းထဲမှာ လုံးဝကို လွတ်သွားပြီကွာ၊ ဦးနှောက်ထဲမှာ တစ်ယောက်ယောက်က မီးဖွင့်ပေးလိုက်သလိုပဲ လင်းသွားတယ်" တဲ့။ • အရင်က မေ့လွယ်ခဲ့ရာကနေ အခုဆိုရင် ကောင်းကောင်း မှတ်မိ နေပါပြီ။ • ထရာမှာ မူးဝေတတ်ခဲ့ရာကနေ အခုဆိုရင် ချက်ချင်း ဟန်ချက်ထိန်း နိုင်ပါပြီ။ • ရင်ဘတ်အောင့်ပြီး မောလွယ်ခဲ့ရာကနေ အခုဆိုရင် နှလုံးခုန်နှုန်း ပုံမှန် ဖြစ်လာပြီး အမြင်အာရုံလည်း အရင်လို မှုန်ဝါးမနေ တော့ပါဘူး။ ကျွန်မ မျက်စိနဲ့ကိုယ်တိုင် မြင်တွေ့ခဲ့ရတာကတော့... ဦးလေးဟာ မျက်နှာသွေးရောင် လန်းလာပြီး အာရုံစူးစိုက်မှု ပြန်ရလာကာ အားအင်တွေ ပြန်ပြည့်ဝလာသူတစ်ယောက်လို သိသိသာသာ ပြန်လည် နိုးကြား လာပါတယ်။ ဘာလို့လဲဆိုတော့ အရင်က နှေးကွေးခဲ့တဲ့ သွေးတွေဟာ... နေ့တိုင်း ပိုမို လျင်မြန်စွာ စီးဆင်းနိုင်လာလို့ပါပဲ။ ဒါကြောင့် အောင်မဲညိုဟာ လှပတဲ့ ပန်းပွင့်လေးတစ်ခုတည်း မဟုတ်ဘဲ... ခန္ဓာကိုယ်ကို အထူးသဖြင့် ဒီအချက်တွေမှာ တိတ်တဆိတ် မျှတအောင် ကူညီပေး နေတာပါ 👇 • ဦးလေး ခံစားရတဲ့အတိုင်း တစ်ကိုယ်လုံး သွေးလည်ပတ်မှု ကောင်းလာခြင်း။ • ဦးနှောက် ရှင်းလင်းပြီး မှတ်ဉာဏ် ပြန်ကောင်းလာခြင်း။ • သွေးကြောများ ချောမွေ့စွာ အလုပ်လုပ်နိုင်ပြီး အလွယ်တ ကူ မပိတ်ဆို့နိုင်ခြင်း။ • နှလုံးခုန်နှုန်း ပုံမှန်ဖြစ်လာပြီး အရင်ကထက် ပိုသန်မာလာခြင်း ဒီအရာတွေ အားလုံးဟာ ဦးလေး နေ့တိုင်း မနက်တိုင်း စားခဲ့တဲ့ အပြာရောင်ပန်းပွင့်လေးရဲ့ အစွမ်းတွေပါပဲ။ အားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာ 🙏🏻 MON SOUNG #MONSOUNG
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡128 Views
  • ဟယ်....
    ဟုတ်ပါ့မလား ငါ့မောင်ရယ် တဲ့။

    အမကြီး ခင်မာ တစ်ယောက် လေ;ဘက်နာရောဂါ ဖြစ်နေတာ ကြာပြီလို့သိရပြီး..
    ဆရာဝန်ကညွန်ကြားထားသော ဆေး (Pan-V)
    စွဲသောက်နေပေမဲ့ ရောဂါက ထူးခြားမှုမရှိပဲ...
    လေ;ဘက်နာပို;က ပိုပွားလာတယ်လို့ ဆိုပါတယ်။

    သွေ;စစ်ကြည့်လိုက်တိုင်း ပို:က တိုးပွားလာသလို..
    ကျနော့်ကို သူ့အမျိုးသားက လာကြည့်ပေးဖို့ ခေါ်တာကြောင့် အခြေနေ သိရအောင် သွားကြည့်တဲ့အခါမှာတော့ အဆစ်တွေရောင်နေတဲ့အထိ။

    အမက အစားအသောက်မရှောင်ဘူးလား..?
    ဆေးရော မသောက်ဘူးလား ဆိုပြီး ကျနော်ကမေးတော့...
    ဆေးလည်းသောက်ပါတယ် ငါ့မောင်ရယ်..
    အစားအသောက်ဆို ရှောင်ရလွန်းလို့ ငတ်တောင်နေပါပြီ။
    ဟိုဟာဖြင့်မတည့်ဘူး ဒီဟာက မစားရဘူးနဲ့..
    ငါတို့ရောဂါကလည ဝဋ်လိုက်နေသလိုပါပဲ ဆိုပြီး
    ပြန်ပြောတာကြောင့်...
    ကျနော့်မှာ သနားလည်းသနား ရယ်လည်းရယ်ချင်ပေါ့။

    အမက ခု သောက်ဆေး သောက်လာတာ ဘယ်နှစ်လရှိပြီလဲ မေးကြည့်တော့...
    ၈ လကြာပြီလို့ ပြောတယ်။

    ဒါဆို...
    ကျနော် ပြောတဲ့ဆေးကို တစ်လတိတိ အချိန်ယူ
    သောက်ရမယ်ဆိုရင် သောက်မှာလား လို့ မေးကြည့်တော့...

    ဟယ်..
    အမရောဂါသာ သက်သာမယ်ဆို သောက်မှာပေါ့ ငါ့မောင်ရယ်...
    ဒါနဲ့ မင်းက ဘာဆေးတွေသောက်ခိုင်းမှာတုန်း..
    အမတို့က အများကြီး မတတ်နိုင်ဘူးနော် ။
    ခေတ်ကာလမကောင်းတော့ ဝင်ငွေက မရှိသလောက်မို့ပြောတာပါတဲ့။

    အများကြီးမကုန်ပါဘူးဗျာ...
    ဒါပေမဲ့ အမယောက်ျား ကိုလှမင်းကတော့ ရှာပေးရမှာပေါ့လို့ ပြောလိုက်တော့..

    ဘာရှာရမှာလဲ တဲ့။

    အမသောက်ရမဲ့ ဆေးပင်လေ...
    အချိန်ယူပြီး သောက်ရမှာဆိုတော့...
    များများရှာထားမှ ရမှာလေ လို့ ရှင်းပြလိုက်တော့..
    ဒါဆို အဲ့အပင်က ဝယ်စရာမလိုဘူး ပေါ့ ဟုတ်လား တဲ့။

    ဝယ်စရာမလိုပါဘူး အမရယ်..
    လမ်းဘေးတွေမှာ အလေ့ကျပေါက်တာရယ်...
    ကျနော် ခု ယူလာပြမယ်ဆိုပြီး..
    သူတို့အိမ်ရှေ့က လမ်းဘေးမှာ တွေ့ခဲ့တဲ့
    ဗောက်လောက်ညို (ဗောက်ပင်၊ သပိတ်ညိုသီးပင်)
    ပင်အား နှုတ်ယူလာပြီး ပြလိုက်တဲ့အခါ...

    ဟယ်...
    ဟုတ်ပါ့မလား ငါ့မောင်ရယ်..
    ဒီအပင်နဲ့ ကုလို့ရတယ်ဆိုတာ ...

    ဟုတ်ပါတယ်ဆို အမရယ်...
    တကယ်လို့ ၁၅ ရက်တိတိ ကျနော်ပြောသလို သောက်လိုမှ အမရောဂါထူးမလာရင်...
    အမတို့လင်မယား ကျနော့်အိမ်ကနေ ကြိုက်တာလာယူ၊ ကြိုက်ရာလာတောင်း ဆိုပြီး ပြောလိုက်တာ...

    အာမခံရဲလှပါလား တဲ့။
    အဲ့လို အာမခံရဲခဲ့လို့လည်း အံ့သွားတွေတချောင်းမှ မရှိတော့တာပေါ့ အမရေ လို့ စလိုက်တော့..
    ဖောရောင်နေတဲ့ အမ ခင်မာ တစ်ယောက် တခွီးခွီးနဲ့ ရီရှာတယ်။

    ဒီလိုနဲ့...
    ထမင်းစားတဲ့အခါ ဗောက်လောက်ညို အရွက်လေးတွေကို ရေနွေးနဲ့ဖျောပြီး တို့စားပေးဖို့နဲ့...
    အခက်အရွက်စုံတဲ့ ဗောက်လောက်ညိုပင် တစ်ပင်လုံးကို ရေဆေး ဓားနဲ့စင်းပြီး
    ရေတလီတာထည့် ရေကျတဲ့အထိ ကျိုပြီး..
    နေ့စဉ် ဆေးပြုတ်ရေအား ကုန်အောင်သောက်ပေးဖို့..
    ပြောဆို မှာကြားခဲ့လိုက်တယ်

    အမခင်မာရဲ့ အမျိုးသားကိုလည်း ဘယ်နားလေးတွေမှာ အပင်ပေါပေါများများပေါက်တတ်ကြောင်းနဲ့..
    ၃ ရက်တခါလောက် ကြိုရှာထားဖို့ ပြောပြီး ပြန်ခဲ့လိုက်တယ်။

    တပတ်သောက်ပြီးတာနဲ့ တကိုယ်လုံးရောင်နေတဲ့ အမခင်မာ ပုံမှန်အတိုင်းပြန်ဖြစ်လာသလို..
    အရင်က ညဘက်တွေမှာ ညောင်းကိုက်ပြီး
    အိပ်မပျော်ဘူးဆိုတံ့ သူက...
    ဆေးသောက်ပြီး နောက်ပိုင်း တခေါခေါနဲ့ ဟောက်တောင်ဟောက်တယ်လို့ သူ့အမျိုးသားက ပြောပြတယ်။

    ၁၅ ရက်ကြာပြီးနောက် သွေ;သွားစစ်တဲ့အခါ..
    လေဘက်နာပို;က သိသိသာသာ ကျသွားတာကြောင့်..
    ဆရာဝန်မကြီးကတောင် ဘာဆေးသောက်တာလဲလို့ မေးသတဲ့။

    ဒီလိုနဲ့ ယုံကြည်သွားပြီး ပုံမှန် သောက်လိုက်တဲ့အခါ..
    အမခင်မာတစ်ယောက် လုံးဝကျန်းမာလာခဲ့တယ်။
    ရောဂါက အရှင်းသက်သာသွားတာမျိုးမဟုတ်ပေမဲ့
    သိသိသာသာကို နေရထိုင်ရ သွားရလာရ စားရသောက်ရတာကအစ ကောင်းလာတယ်လို့ ပြောပြတယ်။

    လေ;ဘက်နာရောဂါ အရှင်းပျောက်ချင်တယ်ဆိုရင်တော့ ဆက်သောက်ပေါ့ အမခင်မာရေ လို့ ကျနော်ကပြောတော့...
    အမလေး သောက်မှာပေါ့ ငါ့မောင်ရယ်...
    ငွေကုန်တာမှ မဟုတ်တာ...
    အမမှာ မင်းပေးတဲ့အသက်ပဲ ရှိတာမို့..
    ကျေးဇူးလည်းမမေ့ပါဘူး တဲ့။

    တကယ်ဗျ။
    ယနေ့အထိ ကျနော့်အဝတ်မှန်သမျှ ခြုံတဲ့ဆောင်အပါဝင် အမခင်မာက အခကြေးငွေမယူပဲ လျော်ပေးခဲ့တာ ခုဆို ၃ နှစ်ကျော်လာခဲ့ပါပြီ။

    မိတ်ဆွေတို့အနေဖြင့်လည်း....
    လေ;ဘက်နာရောဂါ ခံစားနေရသူများရှိလျင်..
    ဒီနည်းလမ်းလေးအတိုင်း အသုံးပြုကြည့်ဖို့အတွက်
    မျှဝေပေးကြပါရန်။

    စာကြွင်း။ ။
    (သွေ;လေ;ဘက်နာ အရေးပြာ;လေ;ဘက်နာသမားများကို ဒီနည်းလမ်းဖြင့် မကုဘူးသေးပါ)

    #MONSOUNG
    #crd_to_owner_with_respect
    ချစ်ခြင်းမေတ္တာဖြင့်
    လယ်တွင်းသား
    (ပန်းလောင်မြေ)
    ဟယ်.... ဟုတ်ပါ့မလား ငါ့မောင်ရယ် တဲ့။ အမကြီး ခင်မာ တစ်ယောက် လေ;ဘက်နာရောဂါ ဖြစ်နေတာ ကြာပြီလို့သိရပြီး.. ဆရာဝန်ကညွန်ကြားထားသော ဆေး (Pan-V) စွဲသောက်နေပေမဲ့ ရောဂါက ထူးခြားမှုမရှိပဲ... လေ;ဘက်နာပို;က ပိုပွားလာတယ်လို့ ဆိုပါတယ်။ သွေ;စစ်ကြည့်လိုက်တိုင်း ပို:က တိုးပွားလာသလို.. ကျနော့်ကို သူ့အမျိုးသားက လာကြည့်ပေးဖို့ ခေါ်တာကြောင့် အခြေနေ သိရအောင် သွားကြည့်တဲ့အခါမှာတော့ အဆစ်တွေရောင်နေတဲ့အထိ။ အမက အစားအသောက်မရှောင်ဘူးလား..? ဆေးရော မသောက်ဘူးလား ဆိုပြီး ကျနော်ကမေးတော့... ဆေးလည်းသောက်ပါတယ် ငါ့မောင်ရယ်.. အစားအသောက်ဆို ရှောင်ရလွန်းလို့ ငတ်တောင်နေပါပြီ။ ဟိုဟာဖြင့်မတည့်ဘူး ဒီဟာက မစားရဘူးနဲ့.. ငါတို့ရောဂါကလည ဝဋ်လိုက်နေသလိုပါပဲ ဆိုပြီး ပြန်ပြောတာကြောင့်... ကျနော့်မှာ သနားလည်းသနား ရယ်လည်းရယ်ချင်ပေါ့။ အမက ခု သောက်ဆေး သောက်လာတာ ဘယ်နှစ်လရှိပြီလဲ မေးကြည့်တော့... ၈ လကြာပြီလို့ ပြောတယ်။ ဒါဆို... ကျနော် ပြောတဲ့ဆေးကို တစ်လတိတိ အချိန်ယူ သောက်ရမယ်ဆိုရင် သောက်မှာလား လို့ မေးကြည့်တော့... ဟယ်.. အမရောဂါသာ သက်သာမယ်ဆို သောက်မှာပေါ့ ငါ့မောင်ရယ်... ဒါနဲ့ မင်းက ဘာဆေးတွေသောက်ခိုင်းမှာတုန်း.. အမတို့က အများကြီး မတတ်နိုင်ဘူးနော် ။ ခေတ်ကာလမကောင်းတော့ ဝင်ငွေက မရှိသလောက်မို့ပြောတာပါတဲ့။ အများကြီးမကုန်ပါဘူးဗျာ... ဒါပေမဲ့ အမယောက်ျား ကိုလှမင်းကတော့ ရှာပေးရမှာပေါ့လို့ ပြောလိုက်တော့.. ဘာရှာရမှာလဲ တဲ့။ အမသောက်ရမဲ့ ဆေးပင်လေ... အချိန်ယူပြီး သောက်ရမှာဆိုတော့... များများရှာထားမှ ရမှာလေ လို့ ရှင်းပြလိုက်တော့.. ဒါဆို အဲ့အပင်က ဝယ်စရာမလိုဘူး ပေါ့ ဟုတ်လား တဲ့။ ဝယ်စရာမလိုပါဘူး အမရယ်.. လမ်းဘေးတွေမှာ အလေ့ကျပေါက်တာရယ်... ကျနော် ခု ယူလာပြမယ်ဆိုပြီး.. သူတို့အိမ်ရှေ့က လမ်းဘေးမှာ တွေ့ခဲ့တဲ့ ဗောက်လောက်ညို (ဗောက်ပင်၊ သပိတ်ညိုသီးပင်) ပင်အား နှုတ်ယူလာပြီး ပြလိုက်တဲ့အခါ... ဟယ်... ဟုတ်ပါ့မလား ငါ့မောင်ရယ်.. ဒီအပင်နဲ့ ကုလို့ရတယ်ဆိုတာ ... ဟုတ်ပါတယ်ဆို အမရယ်... တကယ်လို့ ၁၅ ရက်တိတိ ကျနော်ပြောသလို သောက်လိုမှ အမရောဂါထူးမလာရင်... အမတို့လင်မယား ကျနော့်အိမ်ကနေ ကြိုက်တာလာယူ၊ ကြိုက်ရာလာတောင်း ဆိုပြီး ပြောလိုက်တာ... အာမခံရဲလှပါလား တဲ့။ အဲ့လို အာမခံရဲခဲ့လို့လည်း အံ့သွားတွေတချောင်းမှ မရှိတော့တာပေါ့ အမရေ လို့ စလိုက်တော့.. ဖောရောင်နေတဲ့ အမ ခင်မာ တစ်ယောက် တခွီးခွီးနဲ့ ရီရှာတယ်။ ဒီလိုနဲ့... ထမင်းစားတဲ့အခါ ဗောက်လောက်ညို အရွက်လေးတွေကို ရေနွေးနဲ့ဖျောပြီး တို့စားပေးဖို့နဲ့... အခက်အရွက်စုံတဲ့ ဗောက်လောက်ညိုပင် တစ်ပင်လုံးကို ရေဆေး ဓားနဲ့စင်းပြီး ရေတလီတာထည့် ရေကျတဲ့အထိ ကျိုပြီး.. နေ့စဉ် ဆေးပြုတ်ရေအား ကုန်အောင်သောက်ပေးဖို့.. ပြောဆို မှာကြားခဲ့လိုက်တယ် အမခင်မာရဲ့ အမျိုးသားကိုလည်း ဘယ်နားလေးတွေမှာ အပင်ပေါပေါများများပေါက်တတ်ကြောင်းနဲ့.. ၃ ရက်တခါလောက် ကြိုရှာထားဖို့ ပြောပြီး ပြန်ခဲ့လိုက်တယ်။ တပတ်သောက်ပြီးတာနဲ့ တကိုယ်လုံးရောင်နေတဲ့ အမခင်မာ ပုံမှန်အတိုင်းပြန်ဖြစ်လာသလို.. အရင်က ညဘက်တွေမှာ ညောင်းကိုက်ပြီး အိပ်မပျော်ဘူးဆိုတံ့ သူက... ဆေးသောက်ပြီး နောက်ပိုင်း တခေါခေါနဲ့ ဟောက်တောင်ဟောက်တယ်လို့ သူ့အမျိုးသားက ပြောပြတယ်။ ၁၅ ရက်ကြာပြီးနောက် သွေ;သွားစစ်တဲ့အခါ.. လေဘက်နာပို;က သိသိသာသာ ကျသွားတာကြောင့်.. ဆရာဝန်မကြီးကတောင် ဘာဆေးသောက်တာလဲလို့ မေးသတဲ့။ ဒီလိုနဲ့ ယုံကြည်သွားပြီး ပုံမှန် သောက်လိုက်တဲ့အခါ.. အမခင်မာတစ်ယောက် လုံးဝကျန်းမာလာခဲ့တယ်။ ရောဂါက အရှင်းသက်သာသွားတာမျိုးမဟုတ်ပေမဲ့ သိသိသာသာကို နေရထိုင်ရ သွားရလာရ စားရသောက်ရတာကအစ ကောင်းလာတယ်လို့ ပြောပြတယ်။ လေ;ဘက်နာရောဂါ အရှင်းပျောက်ချင်တယ်ဆိုရင်တော့ ဆက်သောက်ပေါ့ အမခင်မာရေ လို့ ကျနော်ကပြောတော့... အမလေး သောက်မှာပေါ့ ငါ့မောင်ရယ်... ငွေကုန်တာမှ မဟုတ်တာ... အမမှာ မင်းပေးတဲ့အသက်ပဲ ရှိတာမို့.. ကျေးဇူးလည်းမမေ့ပါဘူး တဲ့။ တကယ်ဗျ။ ယနေ့အထိ ကျနော့်အဝတ်မှန်သမျှ ခြုံတဲ့ဆောင်အပါဝင် အမခင်မာက အခကြေးငွေမယူပဲ လျော်ပေးခဲ့တာ ခုဆို ၃ နှစ်ကျော်လာခဲ့ပါပြီ။ မိတ်ဆွေတို့အနေဖြင့်လည်း.... လေ;ဘက်နာရောဂါ ခံစားနေရသူများရှိလျင်.. ဒီနည်းလမ်းလေးအတိုင်း အသုံးပြုကြည့်ဖို့အတွက် မျှဝေပေးကြပါရန်။ စာကြွင်း။ ။ (သွေ;လေ;ဘက်နာ အရေးပြာ;လေ;ဘက်နာသမားများကို ဒီနည်းလမ်းဖြင့် မကုဘူးသေးပါ) #MONSOUNG #crd_to_owner_with_respect ချစ်ခြင်းမေတ္တာဖြင့် 👤လယ်တွင်းသား (ပန်းလောင်မြေ)
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡177 Views
  • ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ
    ငွေချေးပြီး လူပျောက်သွားတာမျိုးမဖြစ်သင့်ဘူး။
    ဘယ်လောက်ပဲ ခက်ခဲခက်ခဲ
    ကတိပေးပြီး ဖျက်တာမျိုးမလုပ်သင့်ဘူး။
    ဘာကိစ္စ ဘာပြဿနာဖြစ်ဖြစ်
    ရှင်းရှင်းလင်းလင်းမပြောဘဲ
    ခေါင်းရှောင် ဖုန်းမကိုင်တော့တာမျိုး မလုပ်သင့်ဘူး။
    ဖြောင့်ဖြောင့်မတ်မတ် လူလုပ်ပါ၊
    ရိုးရိုးသားသား အလုပ်လုပ်ပါတဲ့၊
    ငယ်ငယ်က ဖတ်စာအုပ်မှာ သင်ခဲ့ရတယ်။
    ကိုယ့်ကိုယုံကြည်တဲ့ တခြားသူရဲ့ယုံကြည်မှုကို ပစ်မထုတ်မိပါစေနဲ့၊
    ကိုယ့်ကို သူယုံကြည်တယ်ဆိုတာသူ့ရင်ထဲသိမ်းထားလို့ရတဲ့တန်ဖိုးတစ်ခု ကိုယ့်မှာရှိလို့ပါ။
    ဘ၀နဲ့သိက္ခာကိုမလဲချင်ကြပါနဲ့ သူငယ်ချင်း မိတ်ဆွေတို့ရေ..
    #crd
    ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ငွေချေးပြီး လူပျောက်သွားတာမျိုးမဖြစ်သင့်ဘူး။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကတိပေးပြီး ဖျက်တာမျိုးမလုပ်သင့်ဘူး။ ဘာကိစ္စ ဘာပြဿနာဖြစ်ဖြစ် ရှင်းရှင်းလင်းလင်းမပြောဘဲ ခေါင်းရှောင် ဖုန်းမကိုင်တော့တာမျိုး မလုပ်သင့်ဘူး။ ဖြောင့်ဖြောင့်မတ်မတ် လူလုပ်ပါ၊ ရိုးရိုးသားသား အလုပ်လုပ်ပါတဲ့၊ ငယ်ငယ်က ဖတ်စာအုပ်မှာ သင်ခဲ့ရတယ်။ ကိုယ့်ကိုယုံကြည်တဲ့ တခြားသူရဲ့ယုံကြည်မှုကို ပစ်မထုတ်မိပါစေနဲ့၊ ကိုယ့်ကို သူယုံကြည်တယ်ဆိုတာသူ့ရင်ထဲသိမ်းထားလို့ရတဲ့တန်ဖိုးတစ်ခု ကိုယ့်မှာရှိလို့ပါ။ ဘ၀နဲ့သိက္ခာကိုမလဲချင်ကြပါနဲ့ သူငယ်ချင်း မိတ်ဆွေတို့ရေ.. #crd
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡129 Views
  • သွေးလေစီးဆင်းမှု မကောင်းတာ၊ လက်ဖျားခြေဖျားတွေ မကြာခဏ ထုံကျင်တာ၊ ဒါမှမဟုတ် ရင်ဘတ်အလယ်မှာ အောင့်တာ၊ ကျပ်တာမျိုး ခံစားရတယ်ဆိုရင် အိမ်တွင်းဖြစ် သမားရိုးကျ ပင်စိမ်းနဲ့ ဂျင်းကို အသုံးပြုတဲ့ ဆေးဖက်ဝင်နည်းလမ်းလေးကို စမ်းကြည့်သင့်ပါတယ်။ ဒီနည်းလမ်းက ရိုးရှင်းပေမယ့် ထင်ထားတာထက် အစွမ်းထက်ပါတယ်။
    လိုအပ်တဲ့ ပစ္စည်းများ
    • ပင်စိမ်းရွက် အသစ် ၁ ဆုပ်
    • ဂျင်း (ချင်း) အဖတ် ၁၀ ချပ် (လက်မဝက်လောက် အရှည်ခန့်)
    • သန့်ရှင်းသော ရေ ၁.၅ လီတာ
    ပြုလုပ်နည်း
    1. ပင်စိမ်းရွက်နဲ့ ဂျင်းတို့ကို ရေ ၁.၅ လီတာနဲ့အတူ အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။
    2. မွှေးကြိုင်တဲ့ရနံ့ သင်းသင်းလေး ရလာပြီဆိုရင် မီးလျှော့ပြီး ဆေးအာနိသင် အပြည့်အဝ ထွက်လာအောင် ခဏလေး ဆက်တည်ထားပေးပါ။
    သောက်သုံးပုံ
    • နွေးနွေးလေးကို တစ်နေ့ ၂ ကြိမ်၊ မနက်စာနဲ့ ညစာ စားပြီးတိုင်း ကော်ဖီခွက် ၁ ခွက်စာ ပမာဏကို တစ်ငုံချင်း စိမ့်ပြီး သောက်သုံးပေးနိုင်ပါတယ်။
    မျှော်လင့်နိုင်တဲ့ အကျိုးကျေးဇူးများ
    • သွေးလေစီးဆင်းမှုကို ကောင်းမွန်စေခြင်း။
    • လက်ဖျားခြေဖျား ထုံကျင်ခြင်းကို သက်သာစေခြင်း။
    • ရင်ပြည့်ရင်ကယ်၊ ဗိုက်အောင့် ဗိုက်နာခြင်းကို လျှော့ချပေးခြင်း။
    • အစာအိမ်အက်ဆစ် အထက်ဆန်ခြင်းသို့မဟုတ် အချွဲအကျိများခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
    ပင်စိမ်းနဲ့ ဂျင်းလို အိမ်မှာ အလွယ်တကူရတဲ့ ပစ္စည်းတွေဟာ ရှာရလွယ်ပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။ ပုံမှန်သောက်သုံးပေးခြင်းဖြင့် သဘာဝနည်းလမ်းနဲ့ ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်နိုင်ပါပြီ!
    #forevermmmedia #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပင်စိမ်း #ဂျင်း #သွေးလေမမှန်ခြင်း #လက်ဖျားခြေဖျားထုံကျင် #ရင်ပြည့်ရင်ကယ် #ရိုးရာဆေးနည်း
    သွေးလေစီးဆင်းမှု မကောင်းတာ၊ လက်ဖျားခြေဖျားတွေ မကြာခဏ ထုံကျင်တာ၊ ဒါမှမဟုတ် ရင်ဘတ်အလယ်မှာ အောင့်တာ၊ ကျပ်တာမျိုး ခံစားရတယ်ဆိုရင် အိမ်တွင်းဖြစ် သမားရိုးကျ ပင်စိမ်းနဲ့ ဂျင်းကို အသုံးပြုတဲ့ ဆေးဖက်ဝင်နည်းလမ်းလေးကို စမ်းကြည့်သင့်ပါတယ်။ ဒီနည်းလမ်းက ရိုးရှင်းပေမယ့် ထင်ထားတာထက် အစွမ်းထက်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းများ • ပင်စိမ်းရွက် အသစ် ၁ ဆုပ် • ဂျင်း (ချင်း) အဖတ် ၁၀ ချပ် (လက်မဝက်လောက် အရှည်ခန့်) • သန့်ရှင်းသော ရေ ၁.၅ လီတာ ပြုလုပ်နည်း 1. ပင်စိမ်းရွက်နဲ့ ဂျင်းတို့ကို ရေ ၁.၅ လီတာနဲ့အတူ အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ 2. မွှေးကြိုင်တဲ့ရနံ့ သင်းသင်းလေး ရလာပြီဆိုရင် မီးလျှော့ပြီး ဆေးအာနိသင် အပြည့်အဝ ထွက်လာအောင် ခဏလေး ဆက်တည်ထားပေးပါ။ သောက်သုံးပုံ • နွေးနွေးလေးကို တစ်နေ့ ၂ ကြိမ်၊ မနက်စာနဲ့ ညစာ စားပြီးတိုင်း ကော်ဖီခွက် ၁ ခွက်စာ ပမာဏကို တစ်ငုံချင်း စိမ့်ပြီး သောက်သုံးပေးနိုင်ပါတယ်။ မျှော်လင့်နိုင်တဲ့ အကျိုးကျေးဇူးများ • သွေးလေစီးဆင်းမှုကို ကောင်းမွန်စေခြင်း။ • လက်ဖျားခြေဖျား ထုံကျင်ခြင်းကို သက်သာစေခြင်း။ • ရင်ပြည့်ရင်ကယ်၊ ဗိုက်အောင့် ဗိုက်နာခြင်းကို လျှော့ချပေးခြင်း။ • အစာအိမ်အက်ဆစ် အထက်ဆန်ခြင်းသို့မဟုတ် အချွဲအကျိများခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ပင်စိမ်းနဲ့ ဂျင်းလို အိမ်မှာ အလွယ်တကူရတဲ့ ပစ္စည်းတွေဟာ ရှာရလွယ်ပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။ ပုံမှန်သောက်သုံးပေးခြင်းဖြင့် သဘာဝနည်းလမ်းနဲ့ ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်နိုင်ပါပြီ! 🌿💛 #forevermmmedia #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပင်စိမ်း #ဂျင်း #သွေးလေမမှန်ခြင်း #လက်ဖျားခြေဖျားထုံကျင် #ရင်ပြည့်ရင်ကယ် #ရိုးရာဆေးနည်း
    Care
    Wow
    2
    ¡ 0 Comments ¡0 Shares ¡206 Views
  • အဘိုးဟာ သူ့ဘဝ တစ်ဝက်ကျော်ကို လယ်ယာမြေလုပ်ကိုင်းရင်းနဲ့ နေထိုင်ခဲ့ပါတယ်။
    အဘိုး အမြဲပြောတာက “အပင်တွေက စကား မပြောတတ်ပေမယ့် လူကို ဘယ်တော့မှ မညာဘူး” တဲ့။ ထိကရုန်းပင်လည်း အတူတူပါပဲ။ ဘယ်သူ မြင်မြင် လမ်းဘေး ပေါင်းပင်လို့ပဲ ထင်ကြပေမယ့် လူတွေကို အများကြီး ကူညီခဲ့ပြီးပြီ။
    အဘိုး ပြောတာက ဗိုက်ပွ၊ ကိုယ်ဖော၊ ရေတွေ စုနေတဲ့ အခါတိုင်း-
    အဘိုးဟာ ထိကရုန်းပင်ကို လက်တစ်ဆုပ် ခူးပြီး ပြုတ်သောက်တယ်။
    ဘာလို့လဲဆိုတော့ သူက “ရေကို ကောင်းကောင်း ထုတ်ပြီး ဆီးရွှင်စေ” လို့ပါပဲ။
    သောက်ပြီး ခဏလေးအတွင်းမှာပဲ ကိုယ်ခန္ဓာ သိသိသာသာ ပေါ့ပါးသွားတာကို ခံစားရတယ်။
    ရွာထဲက အမျိုးသမီးတွေလည်း ကြိုက်ကြတယ်။
    သူတို့က ထိကရုန်းက “သားသမီး အဖြူဆင်းတာနဲ့ အနံ့အသက် မကောင်းတာ” ကို ကူညီတယ်လို့ ပြောကြတယ်။ အတွင်းပိုင်း စနစ်တွေ ရှင်းလင်း သန့်စင်သွားတယ်။ အပင်က လူ့ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဆေးကြောပေးသလိုပါပဲ။
    ဒါပေမဲ့ အဘိုး အကြိုက်ဆုံးကတော့ သူက ဆီးပူ၊ ဆီးအောင့်တာတွေကို ကုသ ပေးနိုင်လို့ပါ။
    တစ်နေ့ အလုပ်ကြမ်းလုပ်လို့ ကိုယ်ပူပြီး ဆီးပူစပ်စပ် ဖြစ်လာရင်-
    အဘိုးဟာ ဆေးဆိုင်ကို သွားပြီး ဆေးဝယ်တာမျိုး မလုပ်ခဲ့ဘူး။
    ထိကရုန်း ပြုတ်ရည်ကို နွေးနွေးလေး ဖြည်းဖြည်းချင်း သောက်လိုက်ရုံပဲ။
    မနက်ခင်းမှာ အံ့သြစရာ ကောင်းလောက်အောင် ကောင်းမွန်သွားတယ်။
    တစ်ခါတလေ မြက်ခုတ်ရင်း ဓားရှသွားတဲ့ အခါမျိုးမှာ-
    အဘိုးဟာ ထိကရုန်းပင်ကို ထုထောင်းပြီး သွေးတိတ်အောင် အုံပေး လိုက်တယ်။ ဆေးလိမ်းတာထက် အနာက ပိုမြန်မြန် ကျက်တယ်။
    အဘိုးက ပြောပါတယ်- “လူကို ရှောင်ပြီး ရှက်ပြေးတဲ့ ဒီအပင်လေးက လူတွေကို အမြန် ပြန်ထရပ်နိုင်အောင် ကူညီပေးနိုင်လွန်းတယ်” တဲ့။
    ထိကရုန်းပင်... သေးငယ်ပေမယ့် ဆေးစွမ်း မသေးပါဘူး။
    ဒါကြောင့် ရှေးလူကြီးတွေက အိမ်ပတ်ဝန်းကျင်မှာ စိုက်ထားကြတယ်။ သူက ဆီးရွှင်စေ၊ အဖောကျစေ၊ ရောင်ရမ်းမှု လျှော့ချ၊ သားသမီး အဖြူဆင်းတာ ကု၊ သွေးတိတ်စေ အပြင် ခေတ်ပေါ်ဆေးတွေ မပေးနိုင်တဲ့ ပေါ့ပါးမှု၊ သက်တောင့်သက်သာမှုတွေကို ပေးနိုင်လို့ပါ။
    အဘိုး ပြုလုပ်သော ထိကရုန်းပြုတ်နည်း
    • အပင်တစ်ပင်လုံး (အရွက်၊ ပင်စည်) လက်တစ်ဆုပ် ခူးပါ။
    • ရေစင်အောင် ဆေးပြီး အနည်းငယ် ထုချေ ပါ။
    • ရေ ၂ ဖန်ခွက် နဲ့ ၁၀ မိနစ် ခန့် ပြုတ်ပါ။
    • အရည်က ကြည်လင်ပြီး ဖျော့တော့သော အရောင် ရှိကာ မြေနံ့သင်းသင်းလေး မွှေးနေပါလိမ့်မယ်။
    သောက်သုံးနည်း
    • • နွေးနွေးလေး တစ်နေ့ ၁ ဖန်ခွက် သောက်ပါ။
    • • ညနေပိုင်း သောက်ခြင်းက ဆီးရွှင်ပြီး ဆီးပူတာ သက်သာစေရန် ကူညီသည်။
    • • အိပ်ရာမဝင်မီ သောက်ခြင်းက အဖော လျှော့ချပြီး နှစ်ခြိုက်စွာ အိပ်ပျော်ကာ ကိုယ်ခန္ဓာ ပေါ့ပါးစေသည်။

    #yoyocooking #health #fblifestyle #ကျန်းမာရေး #သဘာဝဆေးနည်း #ထိကရုန်းပင် #ဆီးရွှင်ဆေး #ဆီးပူဆီးအောင့်
    အဘိုးဟာ သူ့ဘဝ တစ်ဝက်ကျော်ကို လယ်ယာမြေလုပ်ကိုင်းရင်းနဲ့ နေထိုင်ခဲ့ပါတယ်။ အဘိုး အမြဲပြောတာက “အပင်တွေက စကား မပြောတတ်ပေမယ့် လူကို ဘယ်တော့မှ မညာဘူး” တဲ့။ ထိကရုန်းပင်လည်း အတူတူပါပဲ။ ဘယ်သူ မြင်မြင် လမ်းဘေး ပေါင်းပင်လို့ပဲ ထင်ကြပေမယ့် လူတွေကို အများကြီး ကူညီခဲ့ပြီးပြီ။ အဘိုး ပြောတာက ဗိုက်ပွ၊ ကိုယ်ဖော၊ ရေတွေ စုနေတဲ့ အခါတိုင်း- အဘိုးဟာ ထိကရုန်းပင်ကို လက်တစ်ဆုပ် ခူးပြီး ပြုတ်သောက်တယ်။ ဘာလို့လဲဆိုတော့ သူက “ရေကို ကောင်းကောင်း ထုတ်ပြီး ဆီးရွှင်စေ” လို့ပါပဲ။ သောက်ပြီး ခဏလေးအတွင်းမှာပဲ ကိုယ်ခန္ဓာ သိသိသာသာ ပေါ့ပါးသွားတာကို ခံစားရတယ်။ ရွာထဲက အမျိုးသမီးတွေလည်း ကြိုက်ကြတယ်။ သူတို့က ထိကရုန်းက “သားသမီး အဖြူဆင်းတာနဲ့ အနံ့အသက် မကောင်းတာ” ကို ကူညီတယ်လို့ ပြောကြတယ်။ အတွင်းပိုင်း စနစ်တွေ ရှင်းလင်း သန့်စင်သွားတယ်။ အပင်က လူ့ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဆေးကြောပေးသလိုပါပဲ။ ဒါပေမဲ့ အဘိုး အကြိုက်ဆုံးကတော့ သူက ဆီးပူ၊ ဆီးအောင့်တာတွေကို ကုသ ပေးနိုင်လို့ပါ။ တစ်နေ့ အလုပ်ကြမ်းလုပ်လို့ ကိုယ်ပူပြီး ဆီးပူစပ်စပ် ဖြစ်လာရင်- အဘိုးဟာ ဆေးဆိုင်ကို သွားပြီး ဆေးဝယ်တာမျိုး မလုပ်ခဲ့ဘူး။ ထိကရုန်း ပြုတ်ရည်ကို နွေးနွေးလေး ဖြည်းဖြည်းချင်း သောက်လိုက်ရုံပဲ။ မနက်ခင်းမှာ အံ့သြစရာ ကောင်းလောက်အောင် ကောင်းမွန်သွားတယ်။ တစ်ခါတလေ မြက်ခုတ်ရင်း ဓားရှသွားတဲ့ အခါမျိုးမှာ- အဘိုးဟာ ထိကရုန်းပင်ကို ထုထောင်းပြီး သွေးတိတ်အောင် အုံပေး လိုက်တယ်။ ဆေးလိမ်းတာထက် အနာက ပိုမြန်မြန် ကျက်တယ်။ အဘိုးက ပြောပါတယ်- “လူကို ရှောင်ပြီး ရှက်ပြေးတဲ့ ဒီအပင်လေးက လူတွေကို အမြန် ပြန်ထရပ်နိုင်အောင် ကူညီပေးနိုင်လွန်းတယ်” တဲ့။ ထိကရုန်းပင်... သေးငယ်ပေမယ့် ဆေးစွမ်း မသေးပါဘူး။ ဒါကြောင့် ရှေးလူကြီးတွေက အိမ်ပတ်ဝန်းကျင်မှာ စိုက်ထားကြတယ်။ သူက ဆီးရွှင်စေ၊ အဖောကျစေ၊ ရောင်ရမ်းမှု လျှော့ချ၊ သားသမီး အဖြူဆင်းတာ ကု၊ သွေးတိတ်စေ အပြင် ခေတ်ပေါ်ဆေးတွေ မပေးနိုင်တဲ့ ပေါ့ပါးမှု၊ သက်တောင့်သက်သာမှုတွေကို ပေးနိုင်လို့ပါ။ 🍵 အဘိုး ပြုလုပ်သော ထိကရုန်းပြုတ်နည်း • အပင်တစ်ပင်လုံး (အရွက်၊ ပင်စည်) လက်တစ်ဆုပ် ခူးပါ။ • ရေစင်အောင် ဆေးပြီး အနည်းငယ် ထုချေ ပါ။ • ရေ ၂ ဖန်ခွက် နဲ့ ၁၀ မိနစ် ခန့် ပြုတ်ပါ။ • အရည်က ကြည်လင်ပြီး ဖျော့တော့သော အရောင် ရှိကာ မြေနံ့သင်းသင်းလေး မွှေးနေပါလိမ့်မယ်။ ✅ သောက်သုံးနည်း • • နွေးနွေးလေး တစ်နေ့ ၁ ဖန်ခွက် သောက်ပါ။ • • ညနေပိုင်း သောက်ခြင်းက ဆီးရွှင်ပြီး ဆီးပူတာ သက်သာစေရန် ကူညီသည်။ • • အိပ်ရာမဝင်မီ သောက်ခြင်းက အဖော လျှော့ချပြီး နှစ်ခြိုက်စွာ အိပ်ပျော်ကာ ကိုယ်ခန္ဓာ ပေါ့ပါးစေသည်။ #yoyocooking #health #fblifestyle #ကျန်းမာရေး #သဘာဝဆေးနည်း #ထိကရုန်းပင် #ဆီးရွှင်ဆေး #ဆီးပူဆီးအောင့်
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡192 Views
  • စိတ်ဓာတ် ယုတ်မာသူ အတွက်
    ပညာတတ်ခြင်းဟာ အလကားပဲ…

    မျော်လင့်ချက် မရှိသူအတွက်
    မနက်ဖြန် ဆိုတာ အလကားပဲ…

    သင်္ခန်းစာ မယူတတ်သူအတွက်
    အတွေ့ကြုံ ဆိုတာ အလကားပဲ…

    ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
    ကူညီပေးမှု့ဟာ အလကားပဲ…

    အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
    ခေါင်းဆောင် ဆိုတာ အလကားပဲ…

    ခံစားချက် မရှိသူ အတွက်
    နှလုံးသား တစ်စုံဟာ အလကားပဲ…

    မကြိုးစားသူ အတွက်
    အခွင့်အရေး ဆိုတာ အလကားဘဲ…

    နှမြောတွန့်တိုတတ်သူ အတွက်
    ချမ်းသာခြင်းဟာ အလကားပဲ…

    စိတ်ထားယုတ်သူ အတွက်
    ရုပ်လှခြင်းဟာ အလကားပဲ…

    မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
    ဆရာကောင်းဟာ အလကားပဲ…

    ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက်
    ပေါမျအတွက်ားခြင်းဟာ အလကားပဲ…

    ကုသိုလ်မပြုသူ
    ဘဝဖြစ်တည်ခြင်းက အလကားပဲ…

    ပိုင်ဆိုင်ခွင့် ရတိုင်း
    ပျော်ရွှင်ရမယ် မထင်နဲ့
    လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်…

    ဆုံးရှုံးသွားတိုင်း
    ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
    မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်…

    အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
    တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
    မကြည်နိူင်ရင် ရှုံးတာပါပဲ…

    အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
    ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
    အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ…

    စွန့်လွတ်တိုင်းလည်း
    ဆုံးရှူံးရတာ မဟုတ်ဘူး
    ပိုင်ဆိုင်ရတိုင်းလည်း
    ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်…

    နားလည်မှု့မရှိရင် နီးနေလည်း
    အလကားပဲ…
    တစ်ယောက်နဲ့တစ်ယောက်
    စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း
    ရှိမလာနိူင်ဘူး…

    ဘယ်လောက် ဝေးဝေး
    စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ
    အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
    အလိုလိုရောက်လာမှာလေ……။

    Crd to owner with respect #
    စိတ်ဓာတ် ယုတ်မာသူ အတွက် ပညာတတ်ခြင်းဟာ အလကားပဲ… မျော်လင့်ချက် မရှိသူအတွက် မနက်ဖြန် ဆိုတာ အလကားပဲ… သင်္ခန်းစာ မယူတတ်သူအတွက် အတွေ့ကြုံ ဆိုတာ အလကားပဲ… ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက် ကူညီပေးမှု့ဟာ အလကားပဲ… အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက် ခေါင်းဆောင် ဆိုတာ အလကားပဲ… ခံစားချက် မရှိသူ အတွက် နှလုံးသား တစ်စုံဟာ အလကားပဲ… မကြိုးစားသူ အတွက် အခွင့်အရေး ဆိုတာ အလကားဘဲ… နှမြောတွန့်တိုတတ်သူ အတွက် ချမ်းသာခြင်းဟာ အလကားပဲ… စိတ်ထားယုတ်သူ အတွက် ရုပ်လှခြင်းဟာ အလကားပဲ… မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက် ဆရာကောင်းဟာ အလကားပဲ… ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက် ပေါမျအတွက်ားခြင်းဟာ အလကားပဲ… ကုသိုလ်မပြုသူ ဘဝဖြစ်တည်ခြင်းက အလကားပဲ… ပိုင်ဆိုင်ခွင့် ရတိုင်း ပျော်ရွှင်ရမယ် မထင်နဲ့ လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်… ဆုံးရှုံးသွားတိုင်း ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့ မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်… အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့ တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင် မကြည်နိူင်ရင် ရှုံးတာပါပဲ… အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင် အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ… စွန့်လွတ်တိုင်းလည်း ဆုံးရှူံးရတာ မဟုတ်ဘူး ပိုင်ဆိုင်ရတိုင်းလည်း ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်… နားလည်မှု့မရှိရင် နီးနေလည်း အလကားပဲ… တစ်ယောက်နဲ့တစ်ယောက် စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း ရှိမလာနိူင်ဘူး… ဘယ်လောက် ဝေးဝေး စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း အလိုလိုရောက်လာမှာလေ……။ Crd to owner with respect #
    Love
    Care
    2
    ¡ 0 Comments ¡0 Shares ¡173 Views
More Results