• " လည်တာ" နဲ့ "လူပါးဝတာ" က အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။
    တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။
    "လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို လျင်မြန်စွာ သုံးသပ်နိုင်စွမ်းရှိတာ၊ အခြေအနေအရပ်ရပ်ကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်တတ်တာ၊ ပြောဆိုဆက်ဆံရာမှာ ယဉ်ကျေးလိမ္မာပြီး ချောမွေ့တာမျိုးပါ။ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် လမ်းကြောင်းကို ရှာဖွေနိုင်တာကို ဆိုလိုတာပါ။
    "လူပါးဝတယ်" ဆိုတာကတော့ သူတစ်ပါးရဲ့ အခွင့်အရေးကို ယူတာ၊ အားနည်းချက်ကို အမြတ်ထုတ်တာ၊ ကလိမ်ကကျစ်လုပ်တာ၊ ဒါမှမဟုတ် တခြားလူတွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ရေရှည်မှာ ဘယ်သူ့ကိုမှ မကောင်းစေပါဘူး။
    ဒါကြောင့် ကိုယ်က "လည်တဲ့သူ" ဖြစ်အောင် ကြိုးစားပါ။ ပညာရှိရှိ၊ သတိရှိရှိ၊ အများအကျိုးကို ရှေ့ရှုပြီး လှုပ်ရှားပါ။ ဒါပေမဲ့ "လူပါးဝတဲ့သူ" တော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ဖို့က လိမ္မာပါးနပ်မှု (လည်ပတ်မှု) နဲ့ စာရိတ္တကောင်းမွန်မှု (လူမှုကျင့်ဝတ်) နှစ်ခုစလုံး လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။
    " လည်တာ" နဲ့ "လူပါးဝတာ" က အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။ တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။ "လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို လျင်မြန်စွာ သုံးသပ်နိုင်စွမ်းရှိတာ၊ အခြေအနေအရပ်ရပ်ကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်တတ်တာ၊ ပြောဆိုဆက်ဆံရာမှာ ယဉ်ကျေးလိမ္မာပြီး ချောမွေ့တာမျိုးပါ။ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် လမ်းကြောင်းကို ရှာဖွေနိုင်တာကို ဆိုလိုတာပါ။ "လူပါးဝတယ်" ဆိုတာကတော့ သူတစ်ပါးရဲ့ အခွင့်အရေးကို ယူတာ၊ အားနည်းချက်ကို အမြတ်ထုတ်တာ၊ ကလိမ်ကကျစ်လုပ်တာ၊ ဒါမှမဟုတ် တခြားလူတွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ရေရှည်မှာ ဘယ်သူ့ကိုမှ မကောင်းစေပါဘူး။ ဒါကြောင့် ကိုယ်က "လည်တဲ့သူ" ဖြစ်အောင် ကြိုးစားပါ။ ပညာရှိရှိ၊ သတိရှိရှိ၊ အများအကျိုးကို ရှေ့ရှုပြီး လှုပ်ရှားပါ။ ဒါပေမဲ့ "လူပါးဝတဲ့သူ" တော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ဖို့က လိမ္မာပါးနပ်မှု (လည်ပတ်မှု) နဲ့ စာရိတ္တကောင်းမွန်မှု (လူမှုကျင့်ဝတ်) နှစ်ခုစလုံး လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။
    Care
    1
    · 0 Comments ·0 Shares ·17 Views
  • လိပ်ခေါင်းအား(၇)ရက်ဖြင့်
    အမြစ်ပြတ်ပျောက်ဆေးနည်း❤

    #လိပ်ခေါင်းသွေးပါ_မီးကွင်းရှာ

    အလုပ်ကများရသည်ကြား လိပ်ခေါင်းကြောင့် ဦးမိုး အတော်စိတ်ညစ်နေပုံရ၏။ မကြည်မလင်နှင့် လိပ်ခေါင်းသွေးပါသည်မို့ ပုဆိုးပင် သွေးကွက် ထင်နေလေသည်။

    အမှတ်မထင် ကျေးဇူးရှင် တိုင်းရင်းသမားတော်ကြီးဦးကြွယ် ပေးသောဆေးနည်းကြောင့် သွေးကျလိပ်ခေါင်း (၇)ရက်ဖြင့် လိပ်ခေါင်ပြန်ဝင်အပြီးပြတ်၍ ယနေ့တိုင်သွေးကျခြင်း၊ လိပ်ခေါင်းထွက်ခြင်း မရှိတော့ပါ။

    ကျွန်တော်တို့ တိတိကျကျ မသိကြပါသော်လည်း အချို့သော အပင်တို့၏ ဆေးစွမ်းထက် မှုမှာ အံ့ဖွယ်အတိဖြစ်ရပါ၏။

    #လိပ်ခေါင်းအတွက်_သောက်ဆေး

    (၁) မီးကွင်းဂမုန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။

    (၂) ကြက်သွန်နီဥ (၁)ဥကို လေးစိပ်ထိုးပြီး ထမင်းစား (၁)ဇွန်းစာ သတ္တုရည်ညှစ်ပါ။

    (၃) ထိုမီးကွင်းဂမုန်းနှင့် ကြက်သွန်နီတို့မှ ညှစ်ယူထားသော သတ္တုရည်(၂)ဇွန်းထဲသို့ သကြားလက်ဖက်စားဇွန်း(၁)ဇွန်းစာ ထည့်ပြီး နေ့စဉ် တစ်ကြိမ်သောက်ပေးလိုက်ပါ။

    လွယ်လွယ်နှင့် မပျောက်ကင်းနိုင်ပါဟု ထင်နေသော သွေးပါလိပ်ခေါင်း (၇)ရက် မျှဖြင့် လိပ်ခေါင်းပြန်ဝင် သွေးလည်းမကျတော့ပါ။

    လွယ်ကူသော ဆေးနည်းလေးအား လိပ်ခေါင်းကြောင့် အခက်အခဲတွေ့သူများ လိုကသုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။

    လိပ်ခေါင်းဝေဒနာရှင်များ လွယ်ကူသော ဤဆေးနည်းလေးဖြင့် ကံစပ်၍ပျောက်ကင်းကြပါစေ…။

    လိုသူယူသုံး စေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ.။

    (၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း

    နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာ
    ထောင်း၍ ၄င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။

    (၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ

    ဆီးရောဂါအမျိုးမျိုးနှင့်ဆီးကျောက်ရောဂါများအတွက်မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။

    (၃) နားကိုက်၊ နားပြည်ယို

    မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။

    (၄) ၀မ်းကိုက်နေလျှင်

    မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ၀မ်းကိုက်၊ ၀မ်းဖော၊ ၀မ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။

    (၅) ချောင်းဆိုး၊ သလိပ်ကပ်

    ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၄င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။

    (၆) သွေးကင်ဆာ

    သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။

    မိမိပြုသောကံမိမိထံပြန်လာမည်
    မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
    နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ
    ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

    #ကျန်းမာရေးအတွက်တဆင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင် #sweswe #frypanシ゚viralシ #thursdaynight
    လိပ်ခေါင်းအား(၇)ရက်ဖြင့် အမြစ်ပြတ်ပျောက်ဆေးနည်း❤ #လိပ်ခေါင်းသွေးပါ_မီးကွင်းရှာ အလုပ်ကများရသည်ကြား လိပ်ခေါင်းကြောင့် ဦးမိုး အတော်စိတ်ညစ်နေပုံရ၏။ မကြည်မလင်နှင့် လိပ်ခေါင်းသွေးပါသည်မို့ ပုဆိုးပင် သွေးကွက် ထင်နေလေသည်။ အမှတ်မထင် ကျေးဇူးရှင် တိုင်းရင်းသမားတော်ကြီးဦးကြွယ် ပေးသောဆေးနည်းကြောင့် သွေးကျလိပ်ခေါင်း (၇)ရက်ဖြင့် လိပ်ခေါင်ပြန်ဝင်အပြီးပြတ်၍ ယနေ့တိုင်သွေးကျခြင်း၊ လိပ်ခေါင်းထွက်ခြင်း မရှိတော့ပါ။ ကျွန်တော်တို့ တိတိကျကျ မသိကြပါသော်လည်း အချို့သော အပင်တို့၏ ဆေးစွမ်းထက် မှုမှာ အံ့ဖွယ်အတိဖြစ်ရပါ၏။ #လိပ်ခေါင်းအတွက်_သောက်ဆေး (၁) မီးကွင်းဂမုန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။ (၂) ကြက်သွန်နီဥ (၁)ဥကို လေးစိပ်ထိုးပြီး ထမင်းစား (၁)ဇွန်းစာ သတ္တုရည်ညှစ်ပါ။ (၃) ထိုမီးကွင်းဂမုန်းနှင့် ကြက်သွန်နီတို့မှ ညှစ်ယူထားသော သတ္တုရည်(၂)ဇွန်းထဲသို့ သကြားလက်ဖက်စားဇွန်း(၁)ဇွန်းစာ ထည့်ပြီး နေ့စဉ် တစ်ကြိမ်သောက်ပေးလိုက်ပါ။ လွယ်လွယ်နှင့် မပျောက်ကင်းနိုင်ပါဟု ထင်နေသော သွေးပါလိပ်ခေါင်း (၇)ရက် မျှဖြင့် လိပ်ခေါင်းပြန်ဝင် သွေးလည်းမကျတော့ပါ။ လွယ်ကူသော ဆေးနည်းလေးအား လိပ်ခေါင်းကြောင့် အခက်အခဲတွေ့သူများ လိုကသုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။ လိပ်ခေါင်းဝေဒနာရှင်များ လွယ်ကူသော ဤဆေးနည်းလေးဖြင့် ကံစပ်၍ပျောက်ကင်းကြပါစေ…။ လိုသူယူသုံး စေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ.။ (၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာ ထောင်း၍ ၄င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။ (၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ ဆီးရောဂါအမျိုးမျိုးနှင့်ဆီးကျောက်ရောဂါများအတွက်မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။ (၃) နားကိုက်၊ နားပြည်ယို မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။ (၄) ၀မ်းကိုက်နေလျှင် မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ၀မ်းကိုက်၊ ၀မ်းဖော၊ ၀မ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။ (၅) ချောင်းဆိုး၊ သလိပ်ကပ် ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၄င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။ (၆) သွေးကင်ဆာ သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။ မိမိပြုသောကံမိမိထံပြန်လာမည် မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ် နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်🥰🥰 #ကျန်းမာရေးအတွက်တဆင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင် #sweswe #frypanシ゚viralシ #thursdaynight
    Like
    Care
    2
    · 3 Comments ·0 Shares ·77 Views
  • "ဆင်တုံးမနွယ်" ကျန်းမာရေးလိုက်စားတဲ့ သူများအတွက် အသက်ရှည်ဆေး!
    လူတော်တော်များများ လျစ်လျူရှုထားတဲ့ ခါးသက်တဲ့ ဆေးဖက်ဝင်အပင်။ ဒါပေမဲ့... ဆေးဘက်ဝင်အာနိသင်ကတော့ နံပါတ်တစ်ပါပဲ!

    ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသည်။
    သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။
    အပူအပုပ်ကျစေသည်၊ ရေငတ်ပြေစေသည်။
    ခန္ဓာကိုယ်ကို အားဖြည့်ပေးသည်၊
    စွမ်းအင်ပြန်လည်ပြည့်ဖြိုးစေသည်။
    အေးတဲ့သတ္တိရှိလို့ အစာစားချင်စိတ်ကို တိုးစေသည်။
    "ခါးသက်သက် အာနိသင်ကြောင့်" အသက်အရွယ်ကို
    ထိန်းသိမ်းပေးနိုင်ပြီး ရောဂါများကို တိုက်ထုတ်နိုင်သည်ဟု
    ယုံကြည်ကြသည်!

    ဆင်တုံးမနွယ် စိမ်နည်း (ပြုလုပ်ရလွယ်ကူပြီး အကျိုးကျေးဇူးများ)
    ၁။ ဆင်တုံးမနွယ်ကို အကွင်းလိုက် ပါးပါးလှီးပါ။
    ၂။ နေလှန်းပြီး ၂ ရက်ကြာ အတော်အသင့် ခြောက်သွေ့အောင်ထားပါ။
    ၃။ ဖန်အိုးထဲသို့ ထည့်ကာ ၄၀ ဒီဂရီရှိတဲ့ အရက်ဖြူ ဒါမှမဟုတ် ပျားရည်စစ်စစ် / သကြားခဲ တို့ဖြင့် ဖြည့်ပါ။
    ၄။ ၇ ရက်ခန့် စိမ်ထားပါ။

    သောက်သုံးနည်း...
    မနက်–ည အစာမစားမီ လက်ဖက်ရည်ဇွန်း ၁–၂ ဇွန်း တစ်နေ့ ၂ ကြိမ် သောက်ပါ။
    အရည်ကုန်သွားပါက ပြန်ဖြည့်ပြီး ဆက်လက်စိမ်ထားကာ သောက်သုံးနိုင်ပါတယ်။
    ပုံမှန်သောက်သုံးပါက ကျန်းမာရေးကောင်းမွန်လာမည်မှာ သေချာပါသည်။

    အားလုံးကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    #crd_to_owner_with_respect
    #ShweKhitMedia
    "ဆင်တုံးမနွယ်" ကျန်းမာရေးလိုက်စားတဲ့ သူများအတွက် အသက်ရှည်ဆေး! လူတော်တော်များများ လျစ်လျူရှုထားတဲ့ ခါးသက်တဲ့ ဆေးဖက်ဝင်အပင်။ ဒါပေမဲ့... ဆေးဘက်ဝင်အာနိသင်ကတော့ နံပါတ်တစ်ပါပဲ! ✅ ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသည်။ ✅ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။ ✅ အပူအပုပ်ကျစေသည်၊ ရေငတ်ပြေစေသည်။ ✅ ခန္ဓာကိုယ်ကို အားဖြည့်ပေးသည်၊ စွမ်းအင်ပြန်လည်ပြည့်ဖြိုးစေသည်။ ✅ အေးတဲ့သတ္တိရှိလို့ အစာစားချင်စိတ်ကို တိုးစေသည်။ ✅ "ခါးသက်သက် အာနိသင်ကြောင့်" အသက်အရွယ်ကို ထိန်းသိမ်းပေးနိုင်ပြီး ရောဂါများကို တိုက်ထုတ်နိုင်သည်ဟု ယုံကြည်ကြသည်! 📌 ဆင်တုံးမနွယ် စိမ်နည်း (ပြုလုပ်ရလွယ်ကူပြီး အကျိုးကျေးဇူးများ) ၁။ ဆင်တုံးမနွယ်ကို အကွင်းလိုက် ပါးပါးလှီးပါ။ ၂။ နေလှန်းပြီး ၂ ရက်ကြာ အတော်အသင့် ခြောက်သွေ့အောင်ထားပါ။ ၃။ ဖန်အိုးထဲသို့ ထည့်ကာ ၄၀ ဒီဂရီရှိတဲ့ အရက်ဖြူ ဒါမှမဟုတ် ပျားရည်စစ်စစ် / သကြားခဲ တို့ဖြင့် ဖြည့်ပါ။ ၄။ ၇ ရက်ခန့် စိမ်ထားပါ။ 📌 သောက်သုံးနည်း... 🕘 မနက်–ည အစာမစားမီ လက်ဖက်ရည်ဇွန်း ၁–၂ ဇွန်း တစ်နေ့ ၂ ကြိမ် သောက်ပါ။ အရည်ကုန်သွားပါက ပြန်ဖြည့်ပြီး ဆက်လက်စိမ်ထားကာ သောက်သုံးနိုင်ပါတယ်။ ပုံမှန်သောက်သုံးပါက ကျန်းမာရေးကောင်းမွန်လာမည်မှာ သေချာပါသည်။ အားလုံးကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 #crd_to_owner_with_respect #ShweKhitMedia
    Love
    Care
    2
    · 2 Comments ·0 Shares ·92 Views
  • ဟင်းချက်တဲ့အခါ မပါမဖြစ် သုံးကြတဲ့ ပင်စိမ်းရွက် ကို ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းပါပဲ! ဒီအရွက်ဟာ ရိုးရှင်းတဲ့ အိမ်တွင်းဟင်းခတ်အမွှေးအကြိုင်ဖြစ်ပေမဲ့ တကယ့်ကို အသ'က်ရှည်ဆေးတစ်လက် လို အစွမ်းထက်ပါတယ်။

    တစ်နေ့ကို ပင်စိမ်း အညွန့် ၃-၅ ခု လောက် စားရုံနဲ့ ခန္ဓာကိုယ်အတွက် အောက်ပါ အကျိုးကျေးဇူးတွေ အများကြီး ရရှိမှာပါ။

    ပင်စိမ်းရဲ့ အစွမ်းထက် ကျန်းမာရေး အကျိုးကျေးဇူးများ
    နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်ခြင်း

    အသည်း၊ အဆုတ်၊ သရက်ရွက်နဲ့ နှလုံးတို့ကို အားဖြည့်၊ ပြန်လည် နုပျိုစေခြင်း

    လေပြည့်လေခံတာ၊ ဗိုက်ပူဗိုက်ကယ်တာနဲ့ မူးဝေတာတွေကို သက်သာစေခြင်း

    အစာခြေစနစ်ကို ကူညီပြီး အစာကြေစေခြင်း

    သွေးကြောထဲက အဆီနဲ့ ကိုလက်စထရောတွေကို လျှော့ချပေးခြင်း

    ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကို လျှော့ချပေးခြင်း

    စားသုံးနည်း
    နေ့စဉ် ပင်စိမ်းရွက် အညွန့် ၃-၅ ခုကို အစိမ်းလိုက် စားသုံးပါ။

    ဒါမှမဟုတ် ရေနွေးကြမ်းလို ပြုတ်ပြီး ရေသောက်သလို တစ်နေ့လုံး သောက်သုံးပေးနိုင်ပါတယ်။

    သွားကိုက်ရင် ဘယ်လိုသုံးမလဲ? (အရေးပေါ် ဆေးနည်း)
    ပင်စိမ်းရွက် ၅-၇ ရွက်ကို ယူပြီး ညက်နေအောင် ထောင်းပါ။

    သွားကိုက်တဲ့နေရာကို ဂွမ်းစလေးနဲ့တို့ပြီး သုတ်လိမ်းပေးပါ။

    ၃ မိနစ်ခန့် စောင့်လိုက်ရုံနဲ့ နာကျင်မှု သိသိသာသာ သက်သာသွားတာကို ချက်ချင်း တွေ့ရပါလိမ့်မယ်။

    ပတ်ဝန်းကျင်မှာ အလွယ်တကူရှိနေတဲ့ ဒီလို သဘာဝဆေးကောင်းတွေကို နားလည်တတ်ကျွမ်းစွာ အသုံးပြုရင် ခေတ်မီဆေးဝါးတွေလိုပဲ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်နော်။

    #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပင်စိမ်း #ပင်စိမ်းရွက် #သွားကိုက်ပျောက်ဆေး #ကိုယ်ခံအားကောင်းစေ #လေပူထုတ်
    ဟင်းချက်တဲ့အခါ မပါမဖြစ် သုံးကြတဲ့ ပင်စိမ်းရွက် ကို ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းပါပဲ! ဒီအရွက်ဟာ ရိုးရှင်းတဲ့ အိမ်တွင်းဟင်းခတ်အမွှေးအကြိုင်ဖြစ်ပေမဲ့ တကယ့်ကို အသ'က်ရှည်ဆေးတစ်လက် လို အစွမ်းထက်ပါတယ်။ တစ်နေ့ကို ပင်စိမ်း အညွန့် ၃-၅ ခု လောက် စားရုံနဲ့ ခန္ဓာကိုယ်အတွက် အောက်ပါ အကျိုးကျေးဇူးတွေ အများကြီး ရရှိမှာပါ။ ပင်စိမ်းရဲ့ အစွမ်းထက် ကျန်းမာရေး အကျိုးကျေးဇူးများ နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်ခြင်း အသည်း၊ အဆုတ်၊ သရက်ရွက်နဲ့ နှလုံးတို့ကို အားဖြည့်၊ ပြန်လည် နုပျိုစေခြင်း လေပြည့်လေခံတာ၊ ဗိုက်ပူဗိုက်ကယ်တာနဲ့ မူးဝေတာတွေကို သက်သာစေခြင်း အစာခြေစနစ်ကို ကူညီပြီး အစာကြေစေခြင်း သွေးကြောထဲက အဆီနဲ့ ကိုလက်စထရောတွေကို လျှော့ချပေးခြင်း ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကို လျှော့ချပေးခြင်း 🌿 စားသုံးနည်း နေ့စဉ် ပင်စိမ်းရွက် အညွန့် ၃-၅ ခုကို အစိမ်းလိုက် စားသုံးပါ။ ဒါမှမဟုတ် ရေနွေးကြမ်းလို ပြုတ်ပြီး ရေသောက်သလို တစ်နေ့လုံး သောက်သုံးပေးနိုင်ပါတယ်။ 🦷 သွားကိုက်ရင် ဘယ်လိုသုံးမလဲ? (အရေးပေါ် ဆေးနည်း) ပင်စိမ်းရွက် ၅-၇ ရွက်ကို ယူပြီး ညက်နေအောင် ထောင်းပါ။ သွားကိုက်တဲ့နေရာကို ဂွမ်းစလေးနဲ့တို့ပြီး သုတ်လိမ်းပေးပါ။ ၃ မိနစ်ခန့် စောင့်လိုက်ရုံနဲ့ နာကျင်မှု သိသိသာသာ သက်သာသွားတာကို ချက်ချင်း တွေ့ရပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာ အလွယ်တကူရှိနေတဲ့ ဒီလို သဘာဝဆေးကောင်းတွေကို နားလည်တတ်ကျွမ်းစွာ အသုံးပြုရင် ခေတ်မီဆေးဝါးတွေလိုပဲ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်နော်။ #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပင်စိမ်း #ပင်စိမ်းရွက် #သွားကိုက်ပျောက်ဆေး #ကိုယ်ခံအားကောင်းစေ #လေပူထုတ်
    Like
    Care
    2
    · 0 Comments ·0 Shares ·98 Views
  • မခံချင်စိတ်ကို အားအဖြစ် ပြောင်းလဲပါ
    သင် ဒုက္ခရောက်နေချိန်မှာ
    ဘယ်သူ့ကိုမှ အသနား မခံပါနဲ့.
    ကိုယ်ကိုယ်တိုင်င်ပဲ ရုန်းထွက်နိုင်အောင်ပဲ ကြိုးစားပါ။

    သင် ခံစားနေရချိန်မှာ ဘယ်သူ့ရှေ့မှာမှ
    မျက်ရည်ကျပြစရာ မလိုပါဘူး။.
    စာနာ နားလည်ပေးမယ့်သူထက်
    ရင်ထဲမှာ ကြိတ်ပြီး လှောင်နေမယ့်သူတွေ ပိုများနေလို့ပါ။

    ကျရှုံးနေချိန်မှာ ဘယ်သူကိုမှ ဒူးထောက် မပြပါနဲ့
    နိမ့်ကျသူကို ပိုနှိမ်တတ်ကြလို့ပါ။

    အောင်မြင်နေချိန်မှာလည်း ဘယ်သူ့ကိုမှ
    အပေါ်စီးက မဆက်ဆံပါနဲ့။
    မာန်မာနထောင်လွှားသူကို
    ဘယ်သူမှ မပတ်သ,တ်ချင်ကြလို့ပါ။

    သင် တက်လှမ်းနေတဲ့ လှေခါးထစ်တွေကို
    တချို့က ထိန်းပေးကြလိမ့်မယ်။
    တချို့က ဆွဲချကြလိမ့်မယ်။
    တချို့တွေက တွန်းကန်ကြလိမ့်မယ်။

    ဘယ်သူတွေ ဘယ်လိုပဲ လုပ်လုပ်
    တည့်မတ်စွာ သတ္တိရှိရှိ တက်နိုင်ဖို့က
    သင့်တာ၀န်ပါပဲ။

    သင်ကြိုးစားနေချိန်မှာ တချို့က
    အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်လိမ့်မယ်။
    တချို့က လှောင်ချင်သလိုနဲ့ ဆက်ဆံလိမ့်မယ်။

    တချို့က သင့်ကို
    မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေ ပြောလိမ့်မယ်။
    အဲ့ဒါတွေက စိတ်ဓာတ်ကျရမှာတွေ မဟုတ်ဘူး
    မခံချင်စိတ်နဲ့ ကြိုးစားရမှာ။

    မခံချင်စိတ်ကို အားအဖြစ် အသုံးချပြီး
    မလျော့သော ဇွဲလုံ့လတွေနဲ့ ကြိုးစားသွားမယ်ဆိုရင်
    သင့်အတွက် အောင်မြင်ခြင်းက
    ဆုလာဒ်အဖြစ်နဲ့ စောင့်ကြိုနေပါလိမ့်မယ်။
    မခံချင်စိတ်ကို အားအဖြစ် ပြောင်းလဲပါ သင် ဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနား မခံပါနဲ့. ကိုယ်ကိုယ်တိုင်င်ပဲ ရုန်းထွက်နိုင်အောင်ပဲ ကြိုးစားပါ။ သင် ခံစားနေရချိန်မှာ ဘယ်သူ့ရှေ့မှာမှ မျက်ရည်ကျပြစရာ မလိုပါဘူး။. စာနာ နားလည်ပေးမယ့်သူထက် ရင်ထဲမှာ ကြိတ်ပြီး လှောင်နေမယ့်သူတွေ ပိုများနေလို့ပါ။ ကျရှုံးနေချိန်မှာ ဘယ်သူကိုမှ ဒူးထောက် မပြပါနဲ့ နိမ့်ကျသူကို ပိုနှိမ်တတ်ကြလို့ပါ။ အောင်မြင်နေချိန်မှာလည်း ဘယ်သူ့ကိုမှ အပေါ်စီးက မဆက်ဆံပါနဲ့။ မာန်မာနထောင်လွှားသူကို ဘယ်သူမှ မပတ်သ,တ်ချင်ကြလို့ပါ။ သင် တက်လှမ်းနေတဲ့ လှေခါးထစ်တွေကို တချို့က ထိန်းပေးကြလိမ့်မယ်။ တချို့က ဆွဲချကြလိမ့်မယ်။ တချို့တွေက တွန်းကန်ကြလိမ့်မယ်။ ဘယ်သူတွေ ဘယ်လိုပဲ လုပ်လုပ် တည့်မတ်စွာ သတ္တိရှိရှိ တက်နိုင်ဖို့က သင့်တာ၀န်ပါပဲ။ သင်ကြိုးစားနေချိန်မှာ တချို့က အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်လိမ့်မယ်။ တချို့က လှောင်ချင်သလိုနဲ့ ဆက်ဆံလိမ့်မယ်။ တချို့က သင့်ကို မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေ ပြောလိမ့်မယ်။ အဲ့ဒါတွေက စိတ်ဓာတ်ကျရမှာတွေ မဟုတ်ဘူး မခံချင်စိတ်နဲ့ ကြိုးစားရမှာ။ မခံချင်စိတ်ကို အားအဖြစ် အသုံးချပြီး မလျော့သော ဇွဲလုံ့လတွေနဲ့ ကြိုးစားသွားမယ်ဆိုရင် သင့်အတွက် အောင်မြင်ခြင်းက ဆုလာဒ်အဖြစ်နဲ့ စောင့်ကြိုနေပါလိမ့်မယ်။
    Care
    1
    · 0 Comments ·0 Shares ·82 Views
  • " သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့ "

    ခရမ်းချဉ်သီး ပွဲစားတစ်ယောက်
    ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။

    ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။

    ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။

    သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။

    ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။

    ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။

    ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။

    အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။

    စစ်မှန်တဲ့ အောင်မြင်မှု့ဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။

    ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။

    အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။

    ပျာယာမခပ်ဖို့ လောဘမကြီးဖို့
    ဆန္ဒတွေ မစောဖို့တော့ လိုပါတယ်

    credit to own writer
    " သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့ " ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။ ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။ သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။ ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။ ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။ ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။ အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။ စစ်မှန်တဲ့ အောင်မြင်မှု့ဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။ ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။ အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။ ပျာယာမခပ်ဖို့ လောဘမကြီးဖို့ ဆန္ဒတွေ မစောဖို့တော့ လိုပါတယ် credit to own writer
    Care
    1
    · 1 Comments ·0 Shares ·92 Views
  • ကမ္ဘာကြီးတစ်လုံးကို သယ်ထားရသလို ခါးနာနေတာလား...? မျိုးဆက် ၃ ဆက်လောက် လမ်းလျှောက်လာရသလို အဆစ်အမြစ်တွေ နာနေတာလား...?

    ဒါဆို ဒီကိုလာခဲ့ပါ....!
    "နတ်ပန်းညို" လို့ခေါ်တဲ့ အစွမ်းထက် ဆေးဖက်ဝင်အပင် ရှိပါတယ်။ ဘယ်နေရာနာကျ'င်နေပါစေ၊ အဲဒီနေရာကို လိမ်းလိုက်ရုံပါပဲ.....!

    အဆိပ်ဖြေတာရော၊ အရိုးတွေကို ပြန်လည်ကောင်းမွန်စေတာရော အစွမ်းထက်ပါတယ်။ လူတွေ မနာကျ'င်သေးခင်မှာတောင် ဒီဆေးပင်က ကုသဖို့ အသင့်ရှိနေပါပြီး...!

    သုံးစွဲနည်းကတော့ သင့်စိတ်ကူးထဲက အချစ်ရေးလိုပဲ လွယ်ကူ ရိုးရှင်းပါတယ်........!

    ခါးနာ၊ အဆစ်အမြစ်ကို'က်ခဲ၊ အရိုးနာကျ'င်ခြင်း များအတွက်
    အရွက်လက်လက်ဆက်ဆက်ကို ထောင်းပြီး နာတဲ့နေရာမှာ အုံပေးပါ။ နည်းနည်းပူပေမယ့် စိတ်ကို ကြည်လင်စေပါတယ်။

    သွေးလေမမှန်ခြင်း၊ အတွင်းကြေဒ'ဏ်ရာ များအတွက်
    အရွက်လက်လက်ဆက်ဆက်ကနေ အရည်ကိုညှစ်ယူပြီး သောက်ပါ။ (အချိုရည်လို တစ်ရှိန်ထိုး မသောက်ဘဲ ဖြည်းဖြည်းချင်း သောက်ပါနော်)

    အဖုအပိမ့်ထွက်ခြင်း၊ အရေပြားယားယံခြင်း များအတွက်
    နတ်ပန်းညိုရွက်ကို ပြုတ်ပြီး ရေချိုးပါ။ ရိုးရှင်းတဲ့ အိမ်လုပ် Spa ပါပဲ၊ ဒါပေမယ့် အရမ်းကောင်းပါတယ်။

    အင်းဆက်ပိုးမွှားကို'က်ခြင်း၊ ပျား၊ နကျယ်ကောင် အကို'က်ခံရခြင်း များအတွက်
    အရွက်ကို ထောင်းပြီး ကို'က်ခံရတဲ့နေရာကို အုံပါ။ အဆိ'ပ်ပြေပြီး လူကလည်း သက်သာရာရသွားပါလိမ့်မယ်။

    သင့်အိမ်မှာ ဒီဆေးပင်မရှိသေးရင် အခုပဲစိုက်လိုက်ပါ...!
    နာမှသတိရရင် နောက်ကျနေပြီးနော် !

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    MON SOUNG
    #MONSOUNG
    ကမ္ဘာကြီးတစ်လုံးကို သယ်ထားရသလို ခါးနာနေတာလား...? မျိုးဆက် ၃ ဆက်လောက် လမ်းလျှောက်လာရသလို အဆစ်အမြစ်တွေ နာနေတာလား...? ဒါဆို ဒီကိုလာခဲ့ပါ....! "နတ်ပန်းညို" လို့ခေါ်တဲ့ အစွမ်းထက် ဆေးဖက်ဝင်အပင် ရှိပါတယ်။ ဘယ်နေရာနာကျ'င်နေပါစေ၊ အဲဒီနေရာကို လိမ်းလိုက်ရုံပါပဲ.....! အဆိပ်ဖြေတာရော၊ အရိုးတွေကို ပြန်လည်ကောင်းမွန်စေတာရော အစွမ်းထက်ပါတယ်။ လူတွေ မနာကျ'င်သေးခင်မှာတောင် ဒီဆေးပင်က ကုသဖို့ အသင့်ရှိနေပါပြီး...! သုံးစွဲနည်းကတော့ သင့်စိတ်ကူးထဲက အချစ်ရေးလိုပဲ လွယ်ကူ ရိုးရှင်းပါတယ်........! ခါးနာ၊ အဆစ်အမြစ်ကို'က်ခဲ၊ အရိုးနာကျ'င်ခြင်း များအတွက် 👉 အရွက်လက်လက်ဆက်ဆက်ကို ထောင်းပြီး နာတဲ့နေရာမှာ အုံပေးပါ။ နည်းနည်းပူပေမယ့် စိတ်ကို ကြည်လင်စေပါတယ်။ သွေးလေမမှန်ခြင်း၊ အတွင်းကြေဒ'ဏ်ရာ များအတွက် 👉 အရွက်လက်လက်ဆက်ဆက်ကနေ အရည်ကိုညှစ်ယူပြီး သောက်ပါ။ (အချိုရည်လို တစ်ရှိန်ထိုး မသောက်ဘဲ ဖြည်းဖြည်းချင်း သောက်ပါနော်) အဖုအပိမ့်ထွက်ခြင်း၊ အရေပြားယားယံခြင်း များအတွက် 👉 နတ်ပန်းညိုရွက်ကို ပြုတ်ပြီး ရေချိုးပါ။ ရိုးရှင်းတဲ့ အိမ်လုပ် Spa ပါပဲ၊ ဒါပေမယ့် အရမ်းကောင်းပါတယ်။ အင်းဆက်ပိုးမွှားကို'က်ခြင်း၊ ပျား၊ နကျယ်ကောင် အကို'က်ခံရခြင်း များအတွက် 👉 အရွက်ကို ထောင်းပြီး ကို'က်ခံရတဲ့နေရာကို အုံပါ။ အဆိ'ပ်ပြေပြီး လူကလည်း သက်သာရာရသွားပါလိမ့်မယ်။ သင့်အိမ်မှာ ဒီဆေးပင်မရှိသေးရင် အခုပဲစိုက်လိုက်ပါ...! နာမှသတိရရင် နောက်ကျနေပြီးနော် !😊 ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 MON SOUNG #MONSOUNG
    Care
    1
    · 0 Comments ·0 Shares ·128 Views
  • #အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ်ကနေ
    လမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး
    ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။

    #လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့တပည့်မျိုးနဲ့ကြုံဖူးတယ်။

    #တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့် တပည့်မျိုးလည်း ကြုံဖူးတယ်။

    #ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာဆီချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်းကြုံဖူးခဲ့တယ်။

    #အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့လေးတွေအတွက် ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိက ပေးပြီး ကြိုးစားခဲ့မိတယ်။

    #အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။
    #ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ ဘဝကိုရုန်းကန်နေတဲ့တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။

    #တစ်ချို့ဆယ်တန်းအောင်တပည့်တွေက ကိုယ့်ကိုနှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။

    #ဂုဏ်ထူးရဖို့ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။

    #လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။

    #ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။
    #ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။

    #အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့တပည့်လေးတွေက ဂုဏ်ငယ်စရာတွေပေးသလိုဖြစ်နေခဲ့တယ်။

    #အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။
    စိတ်ဓာတ်လေးတွေကိုပြင်ပေးဖို့ထက် ကျက်ထား၊ တွက်ထားတဲ့စာအမှားတွေကိုပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။
    လူ့ဘောင်စည်းမျဉ်းနဲ့အညီနေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။

    #တက္ကသိုလ်မှာအပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲသင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ်ထိန်းနည်းတွေမသင်ပေးခဲ့မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။

    #ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စိတ်ကမ်းကောင်းရင် ထိပ်ဆုံးရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမိကြိမ်ဆွံ့အ ခဲ့မိတယ်။

    #တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေဖြစ်နေတော့ စိတ်ဓာတ်နဲ့စည်းကမ်းပိုင်းကို တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။

    #စာရိတ္တအချိန်တိုင်း physics စာအုပ်ယူခိုင်းတုန်းကယူခိုင်းပြီးမှ ကျွန်တော်တပည့်တွေထဲက တစ်ချို့က ဆရာတွေကို နှုတ်ဆက်ဖော်တော်မရဘူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။

    #ကာယအချိန်အတိုင်းအင်္ဂလိပ်စာတွေသင်ပေးခဲ့ပြီးမှ နောက်လာတဲ့ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။

    #ပန်ချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုးတွန်းတိုက်သင်တုန်းကသင်ပြီးမှ ခေတ်ကလေးတွေ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့အကြောင်း အာမချောင်ချင်တော့ဘူး။

    #ဘဝချိန်မှာ ဘာသင်ရတာလဲတောင် မသိတဲ့ ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။

    #အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူးတကလာသင်ပေးနေရင်ရော ဘယ်သူက အလေးထားပါ့မလဲ။

    #ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။

    #အစွယ်လိုသူရယ် အသွားစေခိုင်းသူရယ်
    #လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲလျှောက်လာတာပဲလေ။

    #ပညာတော်ပေမယ့် စိတ်ဓာတ်ပျက်လာတဲ့တပည့်တွေနဲ့စည်ကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါတစ်ယောက်ဖြစ်ခဲ့သလို ခံစားမိရင်း.......။

    crd

    #Credit:......
    #အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ်ကနေ လမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။ #လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့တပည့်မျိုးနဲ့ကြုံဖူးတယ်။ #တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့် တပည့်မျိုးလည်း ကြုံဖူးတယ်။ #ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာဆီချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်းကြုံဖူးခဲ့တယ်။ #အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့လေးတွေအတွက် ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိက ပေးပြီး ကြိုးစားခဲ့မိတယ်။ #အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။ #ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ ဘဝကိုရုန်းကန်နေတဲ့တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။ #တစ်ချို့ဆယ်တန်းအောင်တပည့်တွေက ကိုယ့်ကိုနှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။ #ဂုဏ်ထူးရဖို့ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။ #လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။ #ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။ #ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။ #အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့တပည့်လေးတွေက ဂုဏ်ငယ်စရာတွေပေးသလိုဖြစ်နေခဲ့တယ်။ #အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။ စိတ်ဓာတ်လေးတွေကိုပြင်ပေးဖို့ထက် ကျက်ထား၊ တွက်ထားတဲ့စာအမှားတွေကိုပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။ လူ့ဘောင်စည်းမျဉ်းနဲ့အညီနေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။ #တက္ကသိုလ်မှာအပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲသင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ်ထိန်းနည်းတွေမသင်ပေးခဲ့မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။ #ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စိတ်ကမ်းကောင်းရင် ထိပ်ဆုံးရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမိကြိမ်ဆွံ့အ ခဲ့မိတယ်။ #တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေဖြစ်နေတော့ စိတ်ဓာတ်နဲ့စည်းကမ်းပိုင်းကို တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။ #စာရိတ္တအချိန်တိုင်း physics စာအုပ်ယူခိုင်းတုန်းကယူခိုင်းပြီးမှ ကျွန်တော်တပည့်တွေထဲက တစ်ချို့က ဆရာတွေကို နှုတ်ဆက်ဖော်တော်မရဘူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။ #ကာယအချိန်အတိုင်းအင်္ဂလိပ်စာတွေသင်ပေးခဲ့ပြီးမှ နောက်လာတဲ့ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။ #ပန်ချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုးတွန်းတိုက်သင်တုန်းကသင်ပြီးမှ ခေတ်ကလေးတွေ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့အကြောင်း အာမချောင်ချင်တော့ဘူး။ #ဘဝချိန်မှာ ဘာသင်ရတာလဲတောင် မသိတဲ့ ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။ #အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူးတကလာသင်ပေးနေရင်ရော ဘယ်သူက အလေးထားပါ့မလဲ။ #ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။ #အစွယ်လိုသူရယ် အသွားစေခိုင်းသူရယ် #လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲလျှောက်လာတာပဲလေ။ #ပညာတော်ပေမယ့် စိတ်ဓာတ်ပျက်လာတဲ့တပည့်တွေနဲ့စည်ကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါတစ်ယောက်ဖြစ်ခဲ့သလို ခံစားမိရင်း.......။ crd #Credit:......
    Like
    1
    · 0 Comments ·0 Shares ·157 Views
  • ယောင်္ကျားတစ်ယောက် က
    ကာမပိုင် မိန်းမတစ်ယောက်
    ရှိပြီးသွားရင်

    ကြောင် ၅ ကောင်ကို သတ်ရတယ်

    ဇီဇာ / သဝန် / သရဲဘော / သတ္တိ/ ဖွန်
    ဆိုတဲ့ ကြောင် (၅)ကောင် ကို
    အသေသတ်ရပါတယ်တဲ့

    အဲ့ဒါကို
    မယားနေ စ ကြောင်သေမှ
    လို့ခေါ်တယ်

    မိန်းမတစ်ယောက် က
    ကာမပိုင် ယောင်္ကျားတစ်ယောက်
    ရှိပြီးသွားရင်

    ဆင် ၅ ကောင်ကို သတ်ရတယ်

    အပြောအဆို / အနေအထိုင် / အသွားအလာ / အသုံးအစွဲ / အပျံ့အလွင့် ဆိုတဲ့ ဆင်ခြင်စရာ ဆင်(၅)ကောင် ကို
    အသေသတ်နိုင်ရမယ်

    အဲ့ဒါကို
    လင်နေစ ဆင်သေမှလို့
    ခေါ်ပါတယ်

    လင်နဲ့မယားဆိုတာ
    လျှာနဲ့သွား ဖြစ်တဲ့အပြင်
    ဘဝ
    နောက်ဆုံးအချိန်တွေရဲ့
    လက်တွဲဖော်ဆိုလဲ ဟုတ်တယ်
    အဲ့အတွက်ကြောင့်
    တဦးအပေါ်တဦးက
    ဘယ်လိုပြသာနာအခက်အခဲတွေ
    ရှိလာရှိလာ
    ဖေးမကူတွဲပြီး
    နားလည်မှုအပြည့်နဲ့သစ္စာရှိဖို့
    ရှေ့ဆက်
    လက်တွဲခိုင်မြဲဖို့သာ
    အဓိက မို့
    အမြဲ ၂ယောက်လုံး
    အဆင်ပြေပြေနေကြမယ်ဆိုတဲ့
    အတွေးပဲ နှလုံးသွင်းထားဘို့
    လိုအပ်လှပါတယ်ဆိုတဲ့အကြောင်းးး
    လေးပြောချင်လို့ပါ
    ယောင်္ကျားတစ်ယောက် က ကာမပိုင် မိန်းမတစ်ယောက် ရှိပြီးသွားရင် ကြောင် ၅ ကောင်ကို သတ်ရတယ် ဇီဇာ / သဝန် / သရဲဘော / သတ္တိ/ ဖွန် ဆိုတဲ့ ကြောင် (၅)ကောင် ကို အသေသတ်ရပါတယ်တဲ့ အဲ့ဒါကို မယားနေ စ ကြောင်သေမှ လို့ခေါ်တယ် မိန်းမတစ်ယောက် က ကာမပိုင် ယောင်္ကျားတစ်ယောက် ရှိပြီးသွားရင် ဆင် ၅ ကောင်ကို သတ်ရတယ် အပြောအဆို / အနေအထိုင် / အသွားအလာ / အသုံးအစွဲ / အပျံ့အလွင့် ဆိုတဲ့ ဆင်ခြင်စရာ ဆင်(၅)ကောင် ကို အသေသတ်နိုင်ရမယ် အဲ့ဒါကို လင်နေစ ဆင်သေမှလို့ ခေါ်ပါတယ် လင်နဲ့မယားဆိုတာ လျှာနဲ့သွား ဖြစ်တဲ့အပြင် ဘဝ နောက်ဆုံးအချိန်တွေရဲ့ လက်တွဲဖော်ဆိုလဲ ဟုတ်တယ် အဲ့အတွက်ကြောင့် တဦးအပေါ်တဦးက ဘယ်လိုပြသာနာအခက်အခဲတွေ ရှိလာရှိလာ ဖေးမကူတွဲပြီး နားလည်မှုအပြည့်နဲ့သစ္စာရှိဖို့ ရှေ့ဆက် လက်တွဲခိုင်မြဲဖို့သာ အဓိက မို့ အမြဲ ၂ယောက်လုံး အဆင်ပြေပြေနေကြမယ်ဆိုတဲ့ အတွေးပဲ နှလုံးသွင်းထားဘို့ လိုအပ်လှပါတယ်ဆိုတဲ့အကြောင်းးး လေးပြောချင်လို့ပါ
    Like
    Care
    2
    · 0 Comments ·0 Shares ·117 Views
  • ရှေးလူကြီးသူမတို့‌၏ အမှာစကားများထဲ၌ ...
    အိမ်ရှေ့မှာ တမာ၊ အိမ်နောက်မှာ ကတက်
    မလုပ်ပဲလည်း စီးပွားတက် ဟု ဆိုခဲ့၏။

    ယနေ့ခေတ်၌ ထိုသို့ ပြောမည်ဆိုလျင်...
    ရူးပကွာ မလုပ်ပဲနဲ့တော့ ဘယ်လိုလုပ်စီးပွား
    ကြီးပွားမှာလဲ ဟု အငြင်းပွားကြမည်မှာ အမှန်။ ။

    အရိုးသားဆုံး ဝန်ခံရလျင်...
    ထိုစကား၏ အနက်အဓိပ္ပါယ်အား သိချင်လွန်း၍ လေ့လာကြည့်သော်လဲ....
    အကျယ်တဝန်း ဖော်ပြထားခြင်းကို မတွေ့ရသောကြောင့်....
    ဆိုလိုရင်းအမှန်ကို ကျနော်လည်းပဲ တိတိကျကျ မသိပါ။

    သေခြာသည့်အချက်ကတော့...
    အိမ်ရှေ့တမာ အိမ်နောက်ကတက် ရှိသော မိသားစုနှင့်
    သာမာန်မိသားစု မည်သည့်အလုပ်ကိုဖြစ်စေ၊ မည်သည့်စီးပွားရေးကိုဖြစ်စေ ပြိုင်၍ ပြုလုပ်မည်ဆိုပါက
    ရှေးလူတို့ဆိုခဲ့သည့်အတိုင်း ...
    မည်သို့မှပြိုင်မရကြောင်း...
    အတွေ့အကြုံအရ ကျနော်ကောင်းကောင်း သိသည်။

    ထို့အပြင်...
    တမာပင်သည် ဆေးဖက်ဝင်သော အပင်ဖြစ်ပြီး
    လူသားတို့အတွက် အလွန်အထောက်အကူ‌ပြုသလို
    ကတက်ပင်သည်လည်း ဆေးဖက်ဝင်အပင်ဖြစ်ပြီး
    လူသားတို့အတွက် အလွန်အကျိုးပြုသော အပင်များဖြစ်နေခြင်းကြောင့်...
    ထိုအပင်များ စိုက်ထားခြင်းက....
    ကောင်းကျိုးများစွာ ရနိုငကြောင်း သေခြာသည်။

    ကတက်ရွက်ကို ကျနော်တို့နိုင်ငံရှိ လူမျိုးတိုင်းက နှစ်သက်စွာ စားသုံးကြပြီး..
    ကတက်ပင်၏ ပဉ္စငါးပါးလုံးက ဆေးဖက်ဝင်သည်။

    ကတက်ရွက်ကို အချဉ်တည်ပြီး တို့စရာအဖြစ်စားကြသလို..
    အခြားသော အသားငါးများဖြင့်လည်း ကြော်စား ချက်စားကြပါသည်။

    ထိုသို့ စားပေးခြင်းက လေကို နိုင်စေပြီး...
    လေနာရောဂါရှင်များအတွက် ဆေးကုပြီးဖြစ်သလို
    သွေးအားနည်း သွေးပေါင်ကျတတ်သူများအတွက် အလွန်အထောက်အကူဖြစ်စေသည်။

    မြန်မာ့တိုင်းရင်းဆေးကျမ်း၏ အဆိုအရ...
    ကတက်သည် ခါး သက် ၏ ပူ၏ ဝမ်းမီးကိုတောက်စေ၏။ အနည်းငယ် ဝမ်းကို သက်စေ၏။။
    လေသလိပ်ကို ကြေစေ၏
    ဆီးအောင့်ရောဂါ ဆီးပူ ဆီးကျင်ရောဂါ၊
    ဆီးချို၊ ကျောက်တည်၊ အကိုက်အခဲ ဖျားနာခြင်းနှင့်
    ရောဂါပေါင်းများစွာကို ကုသရာ၌ အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါသည်။

    လေးဖက်နာ ကဲ့သို့သော ဝေဒနာ
    အဆစ်အမြစ်ရောင် ခြင်း စတဲ့ ခံစားနေရပါက...
    ကတက်ရွက်ကိုထောင်းပြီး သတ္တုရည်ယူ ကွမ်းရွက်ကိုထောင်းပြီး သတ္တုရည်ယူ ထိုအရည်၂မျိုးအား ဆတူရောပြီး ထောပက်သင့်ရုံထည့် သောက်ပါက
    ရောဂါသက်သာစေမည်။

    လေနှင့်ဆိုသော ရောဂါဝေဒနာရှိသူများ ...
    အပေါ်လေ အောက်လေ ပိတ်တတ်သူများ
    လေခွေ့ လေထိုး လေအောက် ခဏခဏဖြစ်သူများ
    ကတက်ရွက် ကတက်ချဉ်ကို မကြာမကြာ စားပေးပါက ဝေဒနာ သက်သာစေမည်။

    ဆီးလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ
    ဆီးချို ရောဂါ ဆီးအိမ်ရောင်ခြင်း နှင့် မည်သည့်နေရာ ကျောက်တည်နေသည်ဖြစ်စေ ..
    ကတက်မြစ်ကို အသုံးပြု၍ ကုသနိုင်ပါသည်။
    ဖော်ပြပါ ရောဂါအတွက်...
    ကတက်မြစ် ၁၀သား ရေသန့်၄၀သား ကို
    တစ်ခွက်ကျန်တဲ့အထိ ပြုတ်သောက်ပေးရပါမည်။
    ရောဂါအပေါ်မူတည်၍ နေ့စဉ် ပုံမှန် သောက်ပေးပါ ဝေဒနာ သက်သာစေပါမည်။

    ကတက်ခေါက်ကို အနာပဆုပ် သွေးဆူးနာ
    ဂရင်ဂျီနာ သက်တန့်နာ စတဲ့ အနာများပေါက်ပါက
    ပရန္နဝါနှင့်ရောသွေးပြီး လိမ်းပေးပါက
    နုလျင်ပိန် ရင့်လျင်ပေါက်ပြီး အနာရောဂါ သက်သာစေမည်။

    အပြင်းဖျားသော ဖျားနာရောဂါအတွက်..
    ကတက်ခေါ်ကိုသော်၎င်း၊ ကတက်အမြစ်ကိုသော်၎င်း
    သုံးခွက်တစ်ခွက်တင် ကျိုပြီးပြုတ်ရေကို
    သောက်ပါက ဖျားနာရောဂါ သက်သာပါမည်။

    ဗ‌ဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပြီး...
    လိုအပ်လာပါက ယုံကြည်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍....
    #crd
    #သမားတော်တိုင်းရင်းဆေး ..
    ရှေးလူကြီးသူမတို့‌၏ အမှာစကားများထဲ၌ ... အိမ်ရှေ့မှာ တမာ၊ အိမ်နောက်မှာ ကတက် မလုပ်ပဲလည်း စီးပွားတက် ဟု ဆိုခဲ့၏။ ယနေ့ခေတ်၌ ထိုသို့ ပြောမည်ဆိုလျင်... ရူးပကွာ မလုပ်ပဲနဲ့တော့ ဘယ်လိုလုပ်စီးပွား ကြီးပွားမှာလဲ ဟု အငြင်းပွားကြမည်မှာ အမှန်။ ။ အရိုးသားဆုံး ဝန်ခံရလျင်... ထိုစကား၏ အနက်အဓိပ္ပါယ်အား သိချင်လွန်း၍ လေ့လာကြည့်သော်လဲ.... အကျယ်တဝန်း ဖော်ပြထားခြင်းကို မတွေ့ရသောကြောင့်.... ဆိုလိုရင်းအမှန်ကို ကျနော်လည်းပဲ တိတိကျကျ မသိပါ။ သေခြာသည့်အချက်ကတော့... အိမ်ရှေ့တမာ အိမ်နောက်ကတက် ရှိသော မိသားစုနှင့် သာမာန်မိသားစု မည်သည့်အလုပ်ကိုဖြစ်စေ၊ မည်သည့်စီးပွားရေးကိုဖြစ်စေ ပြိုင်၍ ပြုလုပ်မည်ဆိုပါက ရှေးလူတို့ဆိုခဲ့သည့်အတိုင်း ... မည်သို့မှပြိုင်မရကြောင်း... အတွေ့အကြုံအရ ကျနော်ကောင်းကောင်း သိသည်။ ထို့အပြင်... တမာပင်သည် ဆေးဖက်ဝင်သော အပင်ဖြစ်ပြီး လူသားတို့အတွက် အလွန်အထောက်အကူ‌ပြုသလို ကတက်ပင်သည်လည်း ဆေးဖက်ဝင်အပင်ဖြစ်ပြီး လူသားတို့အတွက် အလွန်အကျိုးပြုသော အပင်များဖြစ်နေခြင်းကြောင့်... ထိုအပင်များ စိုက်ထားခြင်းက.... ကောင်းကျိုးများစွာ ရနိုငကြောင်း သေခြာသည်။ ကတက်ရွက်ကို ကျနော်တို့နိုင်ငံရှိ လူမျိုးတိုင်းက နှစ်သက်စွာ စားသုံးကြပြီး.. ကတက်ပင်၏ ပဉ္စငါးပါးလုံးက ဆေးဖက်ဝင်သည်။ ကတက်ရွက်ကို အချဉ်တည်ပြီး တို့စရာအဖြစ်စားကြသလို.. အခြားသော အသားငါးများဖြင့်လည်း ကြော်စား ချက်စားကြပါသည်။ ထိုသို့ စားပေးခြင်းက လေကို နိုင်စေပြီး... လေနာရောဂါရှင်များအတွက် ဆေးကုပြီးဖြစ်သလို သွေးအားနည်း သွေးပေါင်ကျတတ်သူများအတွက် အလွန်အထောက်အကူဖြစ်စေသည်။ မြန်မာ့တိုင်းရင်းဆေးကျမ်း၏ အဆိုအရ... ကတက်သည် ခါး သက် ၏ ပူ၏ ဝမ်းမီးကိုတောက်စေ၏။ အနည်းငယ် ဝမ်းကို သက်စေ၏။။ လေသလိပ်ကို ကြေစေ၏ ဆီးအောင့်ရောဂါ ဆီးပူ ဆီးကျင်ရောဂါ၊ ဆီးချို၊ ကျောက်တည်၊ အကိုက်အခဲ ဖျားနာခြင်းနှင့် ရောဂါပေါင်းများစွာကို ကုသရာ၌ အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါသည်။ လေးဖက်နာ ကဲ့သို့သော ဝေဒနာ အဆစ်အမြစ်ရောင် ခြင်း စတဲ့ ခံစားနေရပါက... ကတက်ရွက်ကိုထောင်းပြီး သတ္တုရည်ယူ ကွမ်းရွက်ကိုထောင်းပြီး သတ္တုရည်ယူ ထိုအရည်၂မျိုးအား ဆတူရောပြီး ထောပက်သင့်ရုံထည့် သောက်ပါက ရောဂါသက်သာစေမည်။ လေနှင့်ဆိုသော ရောဂါဝေဒနာရှိသူများ ... အပေါ်လေ အောက်လေ ပိတ်တတ်သူများ လေခွေ့ လေထိုး လေအောက် ခဏခဏဖြစ်သူများ ကတက်ရွက် ကတက်ချဉ်ကို မကြာမကြာ စားပေးပါက ဝေဒနာ သက်သာစေမည်။ ဆီးလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ဆီးချို ရောဂါ ဆီးအိမ်ရောင်ခြင်း နှင့် မည်သည့်နေရာ ကျောက်တည်နေသည်ဖြစ်စေ .. ကတက်မြစ်ကို အသုံးပြု၍ ကုသနိုင်ပါသည်။ ဖော်ပြပါ ရောဂါအတွက်... ကတက်မြစ် ၁၀သား ရေသန့်၄၀သား ကို တစ်ခွက်ကျန်တဲ့အထိ ပြုတ်သောက်ပေးရပါမည်။ ရောဂါအပေါ်မူတည်၍ နေ့စဉ် ပုံမှန် သောက်ပေးပါ ဝေဒနာ သက်သာစေပါမည်။ ကတက်ခေါက်ကို အနာပဆုပ် သွေးဆူးနာ ဂရင်ဂျီနာ သက်တန့်နာ စတဲ့ အနာများပေါက်ပါက ပရန္နဝါနှင့်ရောသွေးပြီး လိမ်းပေးပါက နုလျင်ပိန် ရင့်လျင်ပေါက်ပြီး အနာရောဂါ သက်သာစေမည်။ အပြင်းဖျားသော ဖျားနာရောဂါအတွက်.. ကတက်ခေါ်ကိုသော်၎င်း၊ ကတက်အမြစ်ကိုသော်၎င်း သုံးခွက်တစ်ခွက်တင် ကျိုပြီးပြုတ်ရေကို သောက်ပါက ဖျားနာရောဂါ သက်သာပါမည်။ ဗ‌ဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပြီး... လိုအပ်လာပါက ယုံကြည်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍.... #crd #သမားတော်တိုင်းရင်းဆေး ..
    Like
    Care
    2
    · 0 Comments ·0 Shares ·163 Views
  • အရင်က ဦးလေးဟာ မကြာခဏဆိုသလို ပင်ပန်းလွယ်တယ်၊ ခြေကုန်လက်ပန်းကျပြီး နုံးချိနေတာ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသည်းက ကောင်းကောင်း အလုပ်မလုပ်တာ၊ အသည်းအဆီဖုံးနေတာ ကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဦးလေးက မန်ကျည်းရွက်စိမ်း ရေနွေး ကို ပြုတ်သောက်ဖို့ ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။
    ဦးလေးက ပြုတ်သောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးသွားပြီး၊ လေပြေ၊ ဗိုက်ချောင်သွားတယ် လို့ ပြောပါတယ်။ အခုထိလည်း ရံဖန်ရံခါ ပြန်ပြုတ်သောက်နေတုန်းပဲတဲ့။
    "မန်ကျည်းရွက်စိမ်း" ရဲ့ အစွမ်းသတ္တိများ
    • သွေးသန့်တယ်: သွေးလည်ပတ်မှု ကောင်းစေတယ်။
    • လေခိုတာ ထုတ်တယ်: ဗိုက်ပွတာ၊ လေထိုးလေအောင့်တာကို သက်သာစေတယ်။
    • အဆိပ်အတောက်တွေ ဖယ်ရှားတယ်: အစာချေစနစ်ကို သန့်စင် ဆေးကြောပေးတယ်။
    • အအေးမိ၊ ချောင်းဆိုးတာပါ သက်သာစေနိုင်တယ်။
    ပြုလုပ်နည်း (အရမ်းလွယ်ကူပါတယ်)
    1. ပါဝင်ပစ္စည်း: မန်ကျည်းရွက်စိမ်း လက်တစ်ဆုပ်စာ ယူပါ။
    2. ပြုတ်ခြင်း: ရေ ၁ လီတာ (တစ်ပုလင်း) ထည့်ပြီး ၁၅ မိနစ်ခန့် ဆူအောင် ပြုတ်ပါ။
    3. သောက်သုံးပုံ: မနက်စာနဲ့ ညစာ စားပြီးတဲ့အခါ တစ်နေ့ ၂ ကြိမ်၊ နွေးနွေးလေး သောက်ပါ။
    4. ပုံမှန်သောက်သုံးမှု: ၃ ရက်မှ ၅ ရက် ဆက်တိုက် သောက်ပြီးရင် ၅ ရက် နား ပါ။ ပြီးမှ ပြန်လုပ်ပါ။
    ကိုယ့်ကိုယ်ကိုယ် လေးလံနေတယ်၊ မောပန်းနွမ်းနယ်နေတယ်၊ အားမရှိဘူး၊ ဒါမှမဟုတ် အသည်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ (မျက်လုံးဝါတာ၊ အသားဝါတာ) ရှိတယ်ဆိုရင်တော့ ဒီသဘာဝနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်နော်!

    #alinthitmedia
    အရင်က ဦးလေးဟာ မကြာခဏဆိုသလို ပင်ပန်းလွယ်တယ်၊ ခြေကုန်လက်ပန်းကျပြီး နုံးချိနေတာ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသည်းက ကောင်းကောင်း အလုပ်မလုပ်တာ၊ အသည်းအဆီဖုံးနေတာ ကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဦးလေးက မန်ကျည်းရွက်စိမ်း ရေနွေး ကို ပြုတ်သောက်ဖို့ ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။ ဦးလေးက ပြုတ်သောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးသွားပြီး၊ လေပြေ၊ ဗိုက်ချောင်သွားတယ် လို့ ပြောပါတယ်။ အခုထိလည်း ရံဖန်ရံခါ ပြန်ပြုတ်သောက်နေတုန်းပဲတဲ့။ 🌱 "မန်ကျည်းရွက်စိမ်း" ရဲ့ အစွမ်းသတ္တိများ • သွေးသန့်တယ်: သွေးလည်ပတ်မှု ကောင်းစေတယ်။ • လေခိုတာ ထုတ်တယ်: ဗိုက်ပွတာ၊ လေထိုးလေအောင့်တာကို သက်သာစေတယ်။ • အဆိပ်အတောက်တွေ ဖယ်ရှားတယ်: အစာချေစနစ်ကို သန့်စင် ဆေးကြောပေးတယ်။ • အအေးမိ၊ ချောင်းဆိုးတာပါ သက်သာစေနိုင်တယ်။ 🍵 ပြုလုပ်နည်း (အရမ်းလွယ်ကူပါတယ်) 1. ပါဝင်ပစ္စည်း: မန်ကျည်းရွက်စိမ်း လက်တစ်ဆုပ်စာ ယူပါ။ 2. ပြုတ်ခြင်း: ရေ ၁ လီတာ (တစ်ပုလင်း) ထည့်ပြီး ၁၅ မိနစ်ခန့် ဆူအောင် ပြုတ်ပါ။ 3. သောက်သုံးပုံ: မနက်စာနဲ့ ညစာ စားပြီးတဲ့အခါ တစ်နေ့ ၂ ကြိမ်၊ နွေးနွေးလေး သောက်ပါ။ 4. ပုံမှန်သောက်သုံးမှု: ၃ ရက်မှ ၅ ရက် ဆက်တိုက် သောက်ပြီးရင် ၅ ရက် နား ပါ။ ပြီးမှ ပြန်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးလံနေတယ်၊ မောပန်းနွမ်းနယ်နေတယ်၊ အားမရှိဘူး၊ ဒါမှမဟုတ် အသည်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ (မျက်လုံးဝါတာ၊ အသားဝါတာ) ရှိတယ်ဆိုရင်တော့ ဒီသဘာဝနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်နော်! #alinthitmedia
    Like
    Love
    Care
    3
    · 2 Comments ·0 Shares ·194 Views
  • "လူမထွက်ပါနဲ့ သားရယ်"

    အ မေ
    သား ပစ္စည်းလေးပါးမပြည့်စုံဘူးအမေ
    သာသနာ့ဝန်ထမ်းရတာ ပင်ပမ်းလို့
    လူထွက်ပါရစေနော် အမေ

    - - - - - - -

    သား

    အခု သားတို့ ငယ်လတ်ကြီး စာပေတွေသင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေမဟုတ်လား

    အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဖြစ် ကပ်ဆိုက်နေတဲ့အချိန်မှာ
    တနိ ုင်ငံလုံးကိုယ်တော်တွေ အကုန်လူထွက်ကြတယ် ဒါပေမဲ့ သူဟာ အသက်သာသေရင်သေပါစေ ယုတ်ညံ့တဲ့အဝတ်နဲ့မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချုပီး
    လူမထွက်ခဲ့ဘူးသား

    သင်္ကန်းလှူမဲ့လူမရှိလို့ နှစ်ထပ်သင်္ကန်းကြီးကို
    တခြမ်းခွဲပြီး ဆွမ်းနဲ့လဲစားခဲ့ရတယ်
    ဖိနပ်လှူမဲ့သူမရှိလို့ ပေါက်နေတဲ့ဖိနပ်ကိုဖာပြီးစီးရတယ်
    အချိုပွဲဆိုတာ ဘာမှန်းမသိခဲ့ဘူး လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို သုတ်စားခဲ့ရသတဲ့ လယ်သမားတယောက်လှူတဲ့
    ဘဲဥဆွမ်းဟာ အကောင်းဆွမ်းဆိုပြီး မှတ်တမ်း
    တင်ထားခဲ့တယ်သားရဲ့

    သား ဆွမ်းကွမ်းပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက်
    ဆိုးနေလို့လား

    ဗုံးကြဲလေယာဉ်တွေလာလို့ စာမူတွေပွေ့ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်းမနည်းဘူးသားရဲ့

    အဲဒီလိုအသက်ဘေးကြားထဲကနေ သားတို့့အခုလို ပညာတွေသင်နိ ုင်အောင် ကျမ်းပေါင်းမြောက်များစွာကို ရေးသားပေးခဲ့တာပါသားရယ် ဆရာတော်ကြီး
    အသက်နဲ့ရင်းပြီး ရေးခဲ့ရတဲ့ကျမ်းတွေကို သားတို့က လွယ်လင့်တကူ သင်ယူကြရတာပါ အဲဒါကို
    သားတို့က ပစ္စည်းလေးပါးမပြည်စုံယုံနဲ့ လူထွက်မယ်ဆိုတော့ မရှက်ဘူးလားသားရယ်

    မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း
    စစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို အရယူသွားခဲ့တာပါ

    လယ်တီဆရာတော်ဘုရားကြီးတို့ဆိုရင်
    စာဖတ်စရာလျှပ်စစ်မီး မရှိခဲ့ပါဘူး အဲဒီလောက်
    မပြည့်စုံတဲ့ကြားထဲကနေ စာတွေချ ကျမ်းတွေပြုစု
    ပြီး အရိယာစခန်းကို တက်လှမ်းခဲ့တာပါသားရယ်

    သား အခု မပြည့်စုံဘူးဆိုတာ
    အဲဒီဆရာတော်ကြီးတွေလောက် ဆိုးနေလို့လား

    သာသနာပြုနေလျှက်တဲ့လူတွေကဲ့ရဲ့ ဝေဖန်ခံနေရတာကို ခံစားနေရလို့ ဝမ်းနည်းနေတာလား

    သားရယ်
    ဘုရားရှင်ဟာ အဆဲခံရဘူးတယ် တံတွေးနဲ့အထွေးခံရဘူးတယ် တဝါတွင်းလုံးဆွမ်းမရလို့
    မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေးခဲ့ရဘူးတယ် အလောင်ကအဝတ်ကိုခွါပြီး သင်္ကန်းရုံခဲ့ရဘူးတယ်
    အသက်ကို ရန်ရှာခံရဘူးတယ်

    ကဲ ဘုရားရှင်တောင်မလွတ်တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့လား

    သား ရဟန်းဝတ်နဲ့နေသမျှကာလပတ်လုံး
    အမေ ဂုဏ်ရှိနေပါတယ်သားရယ်
    သားကို အမေရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေတာပါ ဘုရားရှင်တောင် ပါရမီဖြည့်ရာကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာပါ သားအခု ရဟန်းဘဝကို ရ နေတာဟာ ဘယ်လောက်ထိကံကောင်းလည်း
    တွေးကြည့်ပေါ့

    သားရယ်

    ငါ့သားရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ့
    အမေရပ်တည်နေတာပါ အမေဘယ်လောက်ပဲ
    ပင်ပမ်းပါစေ ကြမ်းတမ်းပါစေ သားကိုရဟန်းဝတ်နဲ့တွေ့နေသမျှ အမေ ကျေနပ်နေမှာပါ
    သားလူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့
    လူတွေကို ပြရမလဲသားရယ်

    အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ

    အမေမစားရချင်နေပါစေ သားကို လှူမှာပါ

    အမေ ရှာသမျှ သားအတွက်ပါ

    တခုပဲ တောင်းဆိုချင်တာပါ

    ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ သတ္တိမျိုးနဲ့
    သာသနာပြုပါသားရယ်

    အမေ့ကို ရှိခိုးတာ မကြည်ပါရစေနဲ့
    အမေကပဲ ရှိခိုးပါရစေနော်

    လူ မထွက်ပါနဲ့
    သားရယ်

    သာသနာတော်ကြီးဟာ
    အသက်ငင်နေလို့

    ဘုရားရှင်သာသနာတော်ကို အသက်နဲ့လဲပြီး
    စောင့်ထိမ်းနေတဲ့
    သားရဟန်းရဲ့ မယ်တော်ဖြစ်ပါရစေ
    သားရယ်

    Credit ဦးမြင့်ခိုင်
    "လူမထွက်ပါနဲ့ သားရယ်" အ မေ သား ပစ္စည်းလေးပါးမပြည့်စုံဘူးအမေ သာသနာ့ဝန်ထမ်းရတာ ပင်ပမ်းလို့ လူထွက်ပါရစေနော် အမေ - - - - - - - သား အခု သားတို့ ငယ်လတ်ကြီး စာပေတွေသင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေမဟုတ်လား အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဖြစ် ကပ်ဆိုက်နေတဲ့အချိန်မှာ တနိ ုင်ငံလုံးကိုယ်တော်တွေ အကုန်လူထွက်ကြတယ် ဒါပေမဲ့ သူဟာ အသက်သာသေရင်သေပါစေ ယုတ်ညံ့တဲ့အဝတ်နဲ့မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချုပီး လူမထွက်ခဲ့ဘူးသား သင်္ကန်းလှူမဲ့လူမရှိလို့ နှစ်ထပ်သင်္ကန်းကြီးကို တခြမ်းခွဲပြီး ဆွမ်းနဲ့လဲစားခဲ့ရတယ် ဖိနပ်လှူမဲ့သူမရှိလို့ ပေါက်နေတဲ့ဖိနပ်ကိုဖာပြီးစီးရတယ် အချိုပွဲဆိုတာ ဘာမှန်းမသိခဲ့ဘူး လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို သုတ်စားခဲ့ရသတဲ့ လယ်သမားတယောက်လှူတဲ့ ဘဲဥဆွမ်းဟာ အကောင်းဆွမ်းဆိုပြီး မှတ်တမ်း တင်ထားခဲ့တယ်သားရဲ့ သား ဆွမ်းကွမ်းပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက် ဆိုးနေလို့လား ဗုံးကြဲလေယာဉ်တွေလာလို့ စာမူတွေပွေ့ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်းမနည်းဘူးသားရဲ့ အဲဒီလိုအသက်ဘေးကြားထဲကနေ သားတို့့အခုလို ပညာတွေသင်နိ ုင်အောင် ကျမ်းပေါင်းမြောက်များစွာကို ရေးသားပေးခဲ့တာပါသားရယ် ဆရာတော်ကြီး အသက်နဲ့ရင်းပြီး ရေးခဲ့ရတဲ့ကျမ်းတွေကို သားတို့က လွယ်လင့်တကူ သင်ယူကြရတာပါ အဲဒါကို သားတို့က ပစ္စည်းလေးပါးမပြည်စုံယုံနဲ့ လူထွက်မယ်ဆိုတော့ မရှက်ဘူးလားသားရယ် မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း စစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို အရယူသွားခဲ့တာပါ လယ်တီဆရာတော်ဘုရားကြီးတို့ဆိုရင် စာဖတ်စရာလျှပ်စစ်မီး မရှိခဲ့ပါဘူး အဲဒီလောက် မပြည့်စုံတဲ့ကြားထဲကနေ စာတွေချ ကျမ်းတွေပြုစု ပြီး အရိယာစခန်းကို တက်လှမ်းခဲ့တာပါသားရယ် သား အခု မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးတွေလောက် ဆိုးနေလို့လား သာသနာပြုနေလျှက်တဲ့လူတွေကဲ့ရဲ့ ဝေဖန်ခံနေရတာကို ခံစားနေရလို့ ဝမ်းနည်းနေတာလား သားရယ် ဘုရားရှင်ဟာ အဆဲခံရဘူးတယ် တံတွေးနဲ့အထွေးခံရဘူးတယ် တဝါတွင်းလုံးဆွမ်းမရလို့ မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေးခဲ့ရဘူးတယ် အလောင်ကအဝတ်ကိုခွါပြီး သင်္ကန်းရုံခဲ့ရဘူးတယ် အသက်ကို ရန်ရှာခံရဘူးတယ် ကဲ ဘုရားရှင်တောင်မလွတ်တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့လား သား ရဟန်းဝတ်နဲ့နေသမျှကာလပတ်လုံး အမေ ဂုဏ်ရှိနေပါတယ်သားရယ် သားကို အမေရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေတာပါ ဘုရားရှင်တောင် ပါရမီဖြည့်ရာကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာပါ သားအခု ရဟန်းဘဝကို ရ နေတာဟာ ဘယ်လောက်ထိကံကောင်းလည်း တွေးကြည့်ပေါ့ သားရယ် ငါ့သားရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ့ အမေရပ်တည်နေတာပါ အမေဘယ်လောက်ပဲ ပင်ပမ်းပါစေ ကြမ်းတမ်းပါစေ သားကိုရဟန်းဝတ်နဲ့တွေ့နေသမျှ အမေ ကျေနပ်နေမှာပါ သားလူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့ လူတွေကို ပြရမလဲသားရယ် အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ အမေမစားရချင်နေပါစေ သားကို လှူမှာပါ အမေ ရှာသမျှ သားအတွက်ပါ တခုပဲ တောင်းဆိုချင်တာပါ ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ သတ္တိမျိုးနဲ့ သာသနာပြုပါသားရယ် အမေ့ကို ရှိခိုးတာ မကြည်ပါရစေနဲ့ အမေကပဲ ရှိခိုးပါရစေနော် လူ မထွက်ပါနဲ့ သားရယ် သာသနာတော်ကြီးဟာ အသက်ငင်နေလို့ ဘုရားရှင်သာသနာတော်ကို အသက်နဲ့လဲပြီး စောင့်ထိမ်းနေတဲ့ သားရဟန်းရဲ့ မယ်တော်ဖြစ်ပါရစေ သားရယ် Credit ဦးမြင့်ခိုင်
    Love
    Care
    3
    · 0 Comments ·0 Shares ·199 Views
More Results