• တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။

    #crd_to_owner_with_respect
    တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။ #crd_to_owner_with_respect
    Like
    2
    ¡ 0 Comments ¡0 Shares ¡265 Views
  • အလုပ်တစ်ခုတည်း အပေါ် မမှီခိုပါနဲ့...

    အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအလုပ်ကနေ ထွက်ရတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့....

    အရံအလုပ်လေး တစ်ခုခုတော့ ကိုယ့်မှာ ရှိနေဖို့လိုပါတယ်...

    စီးပွားရေး လုပ်ငန်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့...

    အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီ စီးပွားရေးလုပ်ငန်း ပြိုလဲသွားတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့....

    အခြား စီးပွားရေးလုပ်ငန်း တစ်ခုခုတော့ စလုပ်ထားဖို့ လိုအပ်ပါတယ်....

    ကိုယ့်ယောကျာ်း / ဇနီးမယား ရဲ့ ဝင်ငွေ တစ်ခုတည်းအပေါ် မမှီခိုပါနဲ့...

    အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ယောကျာ်း/ ဇနီးမယား မရှိတော့တဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့...

    ကိုယ်ပိုင် ဝင်ငွေလေးတွေ ရှိထားသင့်ပါတယ်...

    ကားတွေမှာတောင် ဘီး အပိုတွေဆိုတာ ပါပါတယ်...

    လမ်းခရီးမှာ ဘီးပေါက်သွားတဲ့အခါ ဒုက္ခမရောက်ပဲ လိုရာခရီးကို ဆက်သွားနိုင်ဖို့ ဘီးအပိုတွေ ရှိနေသလိုပဲ....

    ကိုယ့်ရဲ့ ဘဝမှာလဲ တစ်ခုမရှိတော့တဲ့အခါ အခြားတစ်ခုနဲ့ ရှေ့ဆက်ရှင်သန်ရပ်တည်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။

    ဘယ်တော့မှ တစ်ခုတည်းအပေါ်မှာ မမှီခိုပါနဲ့...

    #ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့

    Book.mm

    #ထိုင်းနိုင်ငံ #bookshop #booklover

    #bookworm #bookrecommendations
    🖤 အလုပ်တစ်ခုတည်း အပေါ် မမှီခိုပါနဲ့... အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအလုပ်ကနေ ထွက်ရတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့.... အရံအလုပ်လေး တစ်ခုခုတော့ ကိုယ့်မှာ ရှိနေဖို့လိုပါတယ်... 🖤 စီးပွားရေး လုပ်ငန်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့... အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီ စီးပွားရေးလုပ်ငန်း ပြိုလဲသွားတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့.... အခြား စီးပွားရေးလုပ်ငန်း တစ်ခုခုတော့ စလုပ်ထားဖို့ လိုအပ်ပါတယ်.... 🖤 ကိုယ့်ယောကျာ်း / ဇနီးမယား ရဲ့ ဝင်ငွေ တစ်ခုတည်းအပေါ် မမှီခိုပါနဲ့... အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ယောကျာ်း/ ဇနီးမယား မရှိတော့တဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့... ကိုယ်ပိုင် ဝင်ငွေလေးတွေ ရှိထားသင့်ပါတယ်... ကားတွေမှာတောင် ဘီး အပိုတွေဆိုတာ ပါပါတယ်... လမ်းခရီးမှာ ဘီးပေါက်သွားတဲ့အခါ ဒုက္ခမရောက်ပဲ လိုရာခရီးကို ဆက်သွားနိုင်ဖို့ ဘီးအပိုတွေ ရှိနေသလိုပဲ.... ကိုယ့်ရဲ့ ဘဝမှာလဲ တစ်ခုမရှိတော့တဲ့အခါ အခြားတစ်ခုနဲ့ ရှေ့ဆက်ရှင်သန်ရပ်တည်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်တော့မှ တစ်ခုတည်းအပေါ်မှာ မမှီခိုပါနဲ့... #ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့✅❤️ Book.mm ✨🍀 #ထိုင်းနိုင်ငံ #bookshop #booklover #bookworm #bookrecommendations
    Like
    1
    ¡ 0 Comments ¡0 Shares ¡255 Views
  • ဘယ်သူတွေဘာပြောပြော
    ကိုယ်မှန်တယ်ထင်တဲ့လမ်းကို
    လျှောက်ရတာပါပဲ။

    ဘယ်သူတွေ
    ဘယ်လိုဝေဖန်ဝေဖန်
    ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို
    လုပ်ရတာပါပဲ။

    သူတပါးအပြောမှာ
    လမ်းမဆုံးအောင်
    စကားတွေကို
    သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။

    ချီးကျူးသူက ချီးကျူးမယ်
    ကဲ့ရဲ့သူက ကဲ့ရဲ့မယ်
    ဒါသူတို့အလုပ်
    ကိုယ့်အလုပ်မှမဟုတ်တာ။

    ကိုယ့်အလုပ်က
    သူတပါးကိုမထိခိုက်ဖို့နဲ့
    ကိုယ်ကိုယ်တိုင်
    အရှိတရားတွေကို
    လက်ခံတတ်ဖို့ပါပဲ။

    မမြဲရင်မတွဲနဲ့တော့
    မတွဲရင်မဆွဲနဲ့တော့
    ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင်
    တစ်ခါထဲသာနာကျင်ခံလိုက်ပါ။

    သူကမချစ်လ်ို့ဆိုပြီးလဲ
    သူ့ကို မမုန်းနဲ့

    သူကချစ်လို့ဆိုပြီးလဲ
    အချိန်တိုင်း ပြုံးမနေနဲ့

    အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့
    တနေ့ကျရင်
    ရင့်ကျက်အောင်သာ
    သင်ယူလိုက်ပါ။

    ခရီးဘယ်လောက်ဝေးဝေး
    သတ်မှတ်ထားတဲ့နေရာရောက်ရင်
    အကုန်ထားခဲ့ပြီး
    ဆင်းခဲ့ရမှာပဲလေ

    ဘာတစ်ခုမှ
    သယ်ဆောင်လို့မရတဲ့ဘဝမှာ
    ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ
    အာရုံစိုက်လိုက်ပါ။

    #သျှင်လွန်း
    ဘယ်သူတွေဘာပြောပြော ကိုယ်မှန်တယ်ထင်တဲ့လမ်းကို လျှောက်ရတာပါပဲ။ ဘယ်သူတွေ ဘယ်လိုဝေဖန်ဝေဖန် ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို လုပ်ရတာပါပဲ။ သူတပါးအပြောမှာ လမ်းမဆုံးအောင် စကားတွေကို သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။ ချီးကျူးသူက ချီးကျူးမယ် ကဲ့ရဲ့သူက ကဲ့ရဲ့မယ် ဒါသူတို့အလုပ် ကိုယ့်အလုပ်မှမဟုတ်တာ။ ကိုယ့်အလုပ်က သူတပါးကိုမထိခိုက်ဖို့နဲ့ ကိုယ်ကိုယ်တိုင် အရှိတရားတွေကို လက်ခံတတ်ဖို့ပါပဲ။ မမြဲရင်မတွဲနဲ့တော့ မတွဲရင်မဆွဲနဲ့တော့ ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင် တစ်ခါထဲသာနာကျင်ခံလိုက်ပါ။ သူကမချစ်လ်ို့ဆိုပြီးလဲ သူ့ကို မမုန်းနဲ့ သူကချစ်လို့ဆိုပြီးလဲ အချိန်တိုင်း ပြုံးမနေနဲ့ အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့ တနေ့ကျရင် ရင့်ကျက်အောင်သာ သင်ယူလိုက်ပါ။ ခရီးဘယ်လောက်ဝေးဝေး သတ်မှတ်ထားတဲ့နေရာရောက်ရင် အကုန်ထားခဲ့ပြီး ဆင်းခဲ့ရမှာပဲလေ ဘာတစ်ခုမှ သယ်ဆောင်လို့မရတဲ့ဘဝမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ အာရုံစိုက်လိုက်ပါ။ #သျှင်လွန်း
    0 Comments ¡0 Shares ¡173 Views
  • ကိုယ့်စိတ်က မယူရင်
    ဘယ်အရာမှ မပူလောင်ဘူး။

    ကိုယ့်စိတ်ကြောင့်
    ကိုယ့်အတွေးတွေကို
    အနှောင့်အယှက်မဖြစ်စေနဲ့။

    ဓားတစ်လတ်ထက်
    အတွေးတစ်စကြောင့်သာ
    လူကိုပိုေ-သစေနိူင်တယ်။

    အဲ့ဒီအတွေးတွေ ဖြစ်လာဖို့
    ကိုယ့်စိတ်ကို
    ထိန်းချုပ်နိူင်မှ ဖြစ်မှာပါ။

    ဘယ်သူတွေ ဘာပြောနေတယ်
    ဘယ်သူတွေ ဘာလုပ်နေတယ်
    ဆိုတာထက် ကိုယ့်လုပ်ရပ်အပေါ်
    ကိုယ်လိပ်ပြာသန့်ရတယ်။

    တန်ပြန်သက်ရောက်ပြီး
    မှန်လိုကျင့်နေသမျှတော့
    သူကောက်ကျစ်တိုင်း
    ကိုယ်ကောက်ကျစ်နေရမယ်။

    သူရက်စက်တိုင်း
    ကိုယ်ရက်စက်နေရမယ်။

    နောက်ဆုံး
    သူ့အကုသိုလ်အရိပ်က
    ကိုယ့်နောက်ကိုပါ
    ကူးပြီးလိုက်လာတတ်တယ်။

    ဒါကြောင့် လူတစ်ယောက်ကို
    အနိူင်ယူဖို့ စကားလုံးတွေနဲ့
    နစ်နစ်နာနာပြောပြီး
    အရှက်သိက္ခာ မဲ့နေဖို့မလိုဘူး။

    ကိုယ့်စိတ်ထဲ က
    ထုတ်ထားလိုက်ရင်
    အလိုလိုနိုင်ပြီးသားပါပဲ ။

    ကိုယ်ကတော့ အဲလိုပဲအနိုင်ယူတယ်။

    #ခံစားချက် ကဗျာစာတို
    ကိုယ့်စိတ်က မယူရင် ဘယ်အရာမှ မပူလောင်ဘူး။ ကိုယ့်စိတ်ကြောင့် ကိုယ့်အတွေးတွေကို အနှောင့်အယှက်မဖြစ်စေနဲ့။ ဓားတစ်လတ်ထက် အတွေးတစ်စကြောင့်သာ လူကိုပိုေ-သစေနိူင်တယ်။ အဲ့ဒီအတွေးတွေ ဖြစ်လာဖို့ ကိုယ့်စိတ်ကို ထိန်းချုပ်နိူင်မှ ဖြစ်မှာပါ။ ဘယ်သူတွေ ဘာပြောနေတယ် ဘယ်သူတွေ ဘာလုပ်နေတယ် ဆိုတာထက် ကိုယ့်လုပ်ရပ်အပေါ် ကိုယ်လိပ်ပြာသန့်ရတယ်။ တန်ပြန်သက်ရောက်ပြီး မှန်လိုကျင့်နေသမျှတော့ သူကောက်ကျစ်တိုင်း ကိုယ်ကောက်ကျစ်နေရမယ်။ သူရက်စက်တိုင်း ကိုယ်ရက်စက်နေရမယ်။ နောက်ဆုံး သူ့အကုသိုလ်အရိပ်က ကိုယ့်နောက်ကိုပါ ကူးပြီးလိုက်လာတတ်တယ်။ ဒါကြောင့် လူတစ်ယောက်ကို အနိူင်ယူဖို့ စကားလုံးတွေနဲ့ နစ်နစ်နာနာပြောပြီး အရှက်သိက္ခာ မဲ့နေဖို့မလိုဘူး။ ကိုယ့်စိတ်ထဲ က ထုတ်ထားလိုက်ရင် အလိုလိုနိုင်ပြီးသားပါပဲ ။ ကိုယ်ကတော့ အဲလိုပဲအနိုင်ယူတယ်။ #ခံစားချက် ကဗျာစာတို 🥀
    0 Comments ¡0 Shares ¡145 Views
  • အဖော်ကောင်းဆိုတာ
    ပူလောင်စေတဲ့သူ မဟုတ်ပဲ
    ကိုယ့်ကို အေးမြတဲ့
    အရိပ်ပေးသူကိုခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    စိတ်ပူစေတဲ့သူ မဟုတ်ဘဲ
    ကိုယ့်ကို စိတ်ပူပေးတဲ့သူကိုခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    အခက်အခဲကို နားလည်ပေးတဲ့သူကို
    ခေါ်တာမဟုတ်ဘဲ
    အခက်အခဲကို နှစ်ယောက်အတူ
    ဖြေရှင်းပေးတဲ့သူကိုခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    စာနာနားလည်သူကို ခေါ်တာမဟုတ်ဘဲ
    မျှဝေခံစားပေးတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    အပြုစုခံချင်သူ မဟုတ်ဘဲ
    ပြု စုပေးတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    ဂရုစိုက်ခံချင်သူ မဟုတ်ဘဲ
    ဂရုစိုက်ပေးတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    ကိုယ့်ကို ယုံကြည်ပေးတဲ့သူ မဟုတ်ဘဲ
    ကိုယ်က ယုံကြည်ရတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    အယူသမားကို ခေါ်တာမဟုတ်ဘဲ
    အပေးသမားကိုခေါ်တယ်။

    တကယ်တော့
    ဘဝရဲ့ အဖော်ကောင်းဆိုတာ
    ကိုယ့်အားနည်းချက်ကို သိသည့်တိုင်
    တွေဝေ နောက်ဆုတ်မသွားဘဲ
    လက်ကို ရဲရဲလာတွဲရဲတဲ့သူကို ခေါ်တယ်။

    #မေတ္တာဖြင့်ပြန်လှန်မျှဝေသည်
    #crd
    အဖော်ကောင်းဆိုတာ ပူလောင်စေတဲ့သူ မဟုတ်ပဲ ကိုယ့်ကို အေးမြတဲ့ အရိပ်ပေးသူကိုခေါ်တယ်။ အဖော်ကောင်းဆိုတာ စိတ်ပူစေတဲ့သူ မဟုတ်ဘဲ ကိုယ့်ကို စိတ်ပူပေးတဲ့သူကိုခေါ်တယ်။ အဖော်ကောင်းဆိုတာ အခက်အခဲကို နားလည်ပေးတဲ့သူကို ခေါ်တာမဟုတ်ဘဲ အခက်အခဲကို နှစ်ယောက်အတူ ဖြေရှင်းပေးတဲ့သူကိုခေါ်တယ်။ အဖော်ကောင်းဆိုတာ စာနာနားလည်သူကို ခေါ်တာမဟုတ်ဘဲ မျှဝေခံစားပေးတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ အပြုစုခံချင်သူ မဟုတ်ဘဲ ပြု စုပေးတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ ဂရုစိုက်ခံချင်သူ မဟုတ်ဘဲ ဂရုစိုက်ပေးတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ ကိုယ့်ကို ယုံကြည်ပေးတဲ့သူ မဟုတ်ဘဲ ကိုယ်က ယုံကြည်ရတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ အယူသမားကို ခေါ်တာမဟုတ်ဘဲ အပေးသမားကိုခေါ်တယ်။ တကယ်တော့ ဘဝရဲ့ အဖော်ကောင်းဆိုတာ ကိုယ့်အားနည်းချက်ကို သိသည့်တိုင် တွေဝေ နောက်ဆုတ်မသွားဘဲ လက်ကို ရဲရဲလာတွဲရဲတဲ့သူကို ခေါ်တယ်။ #မေတ္တာဖြင့်ပြန်လှန်မျှဝေသည် #crd
    0 Comments ¡0 Shares ¡155 Views
  • လူတိုင်းကတော့ သူတို့ကို
    တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊
    ကူညီပေးတာ၊ အခွင့်အရေးပေးတာကို
    ကြိုက်ကြသူတွေချည်းပါပဲ။

    ဒါပေမဲ့ ပေးပါများလာတဲ့အခါ
    အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။
    လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။

    မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။
    အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
    မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။

    အဲ့ဒီအခါ အရင်လို
    စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
    သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊
    အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊
    မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း
    ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။

    မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့
    မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။

    အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။
    ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ
    အားမနာမိပါစနေဲ့။
    တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။

    #crd_to_owner_with_respect
    လူတိုင်းကတော့ သူတို့ကို တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊ ကူညီပေးတာ၊ အခွင့်အရေးပေးတာကို ကြိုက်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ပေးပါများလာတဲ့အခါ အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။ လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။ မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။ အရင်က မင်းလုပ်ပေးခဲ့သမျှဟာ မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။ အဲ့ဒီအခါ အရင်လို စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက် သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊ အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊ မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။ မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့ မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။ အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။ ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ အားမနာမိပါစနေဲ့။ တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။ #crd_to_owner_with_respect
    0 Comments ¡0 Shares ¡228 Views
  • စိတ်အေအေးထာပြီးဖတ်ပါနော်
    ကျရှုံးချိန်မှာ ခေါင်းမော့ပါ

    ကြိုးစားချိန်မှာ နှုတ်လုံပါ

    အောင်မြင်ချိန်မှာ မာန်ချပါ

    ပြည့်ဝချိန်မှာ မျှဝေပါ

    ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

    ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။

    အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။

    ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။

    အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။

    လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။

    ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ

    ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ

    ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

    ရည်မှန်းချက်တွေပျက်ရင် ဘဝတခုလုံး ပျက်စီးသွားနိုင်တယ်

    ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ

    ရည်မှန်းချက်တွေမပျက်ပါစေနဲ့။

    အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့

    သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်

    တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။

    မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။

    ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။

    လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။

    ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။

    မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့

    ရုန်းထွက်နိုင်အောင်ကြိုးစားပါ။

    စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ

    သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။

    ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
    အချိန်ကုန်ခံမနေပါနဲ့။

    ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။

    လူကိုမကြည့်နဲ့. မူကိုကြည့်။

    ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။

    အပြောမကြည့်နဲ့. မနောကိုကြည့်။

    အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
    အဓိပ်ပါယျဟာ လွှဲမှားနေအုံးမှာပါ။

    စာပေချစ်သူ

    Crd
    စိတ်အေအေးထာပြီးဖတ်ပါနော် ကျရှုံးချိန်မှာ ခေါင်းမော့ပါ ကြိုးစားချိန်မှာ နှုတ်လုံပါ အောင်မြင်ချိန်မှာ မာန်ချပါ ပြည့်ဝချိန်မှာ မျှဝေပါ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။ ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။ အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။ လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။ ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။ ရည်မှန်းချက်တွေပျက်ရင် ဘဝတခုလုံး ပျက်စီးသွားနိုင်တယ် ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ ရည်မှန်းချက်တွေမပျက်ပါစေနဲ့။ အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့ သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့် တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။ မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။ ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။ လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။ ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။ မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။ စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။ ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို အချိန်ကုန်ခံမနေပါနဲ့။ ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။ လူကိုမကြည့်နဲ့. မူကိုကြည့်။ ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။ အပြောမကြည့်နဲ့. မနောကိုကြည့်။ အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ အဓိပ်ပါယျဟာ လွှဲမှားနေအုံးမှာပါ။ စာပေချစ်သူ😊 Crd
    0 Comments ¡0 Shares ¡196 Views
  • ကျနော်တို့ ဘဝမှာ
    အမြဲတမ်း ရင်ဘတ်ထဲ
    သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ်။

    အဲ့ဒီလူဟာ
    ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
    အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

    မခေါ်ရလဲ ဖြစ်တယ်။
    မတွေ့ရလည်း ရတယ်။
    ပတ်သတ်မှုဆိုတာထက်
    ရင်ဘတ်ထဲက ခံစားမှုတစ်ခုပါ။
    ချစ်တာ မချစ်တာက ကျယ်ပြန့်လွန်းလို့
    မြတ်နိုးမှုပဲ ဆိုပါစို့။

    တကူးတကကြီး နှုတ်မဆက်ဖြစ်ဘူး။
    တစ်ခါတစ်ရံ လချီပြီး စကားမပြောဖြစ်ဘူး။
    ပြောဖြစ်ရင်လည်း ခဏလောက်ပဲ။

    သူနှစ်သက်တဲ့အရာတွေတွေ့ရင်
    တကယ့်အခက်အခဲတွေကြုံရင်
    သတိရလိုက်တယ်။ ဒီလိုပဲရိုးရှင်ပါတယ်။

    အမြဲထုတ်မပြောဖြစ်တဲ့
    ရင်ဘတ်ထဲသိမ်းထားတဲ့
    ကျနော်တို့ရဲ့ တစ်စုံတစ်ယောက်ပေါ့။

    - လူခေး -
    ကျနော်တို့ ဘဝမှာ အမြဲတမ်း ရင်ဘတ်ထဲ သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ်။ အဲ့ဒီလူဟာ ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ မခေါ်ရလဲ ဖြစ်တယ်။ မတွေ့ရလည်း ရတယ်။ ပတ်သတ်မှုဆိုတာထက် ရင်ဘတ်ထဲက ခံစားမှုတစ်ခုပါ။ ချစ်တာ မချစ်တာက ကျယ်ပြန့်လွန်းလို့ မြတ်နိုးမှုပဲ ဆိုပါစို့။ တကူးတကကြီး နှုတ်မဆက်ဖြစ်ဘူး။ တစ်ခါတစ်ရံ လချီပြီး စကားမပြောဖြစ်ဘူး။ ပြောဖြစ်ရင်လည်း ခဏလောက်ပဲ။ သူနှစ်သက်တဲ့အရာတွေတွေ့ရင် တကယ့်အခက်အခဲတွေကြုံရင် သတိရလိုက်တယ်။ ဒီလိုပဲရိုးရှင်ပါတယ်။ အမြဲထုတ်မပြောဖြစ်တဲ့ ရင်ဘတ်ထဲသိမ်းထားတဲ့ ကျနော်တို့ရဲ့ တစ်စုံတစ်ယောက်ပေါ့။ - လူခေး -
    0 Comments ¡0 Shares ¡147 Views
  • ၀င်ငွေကောင်းနေတုန်း
    တစ်သက်လုံး ဒီလိုကောင်းနေမှာပဲလို့
    ယူဆပြီး အသုံးဖြုန်းကြီးနေရင်
    အရာရာစည်းစနစ်မရှိရင်
    ဘ၀ကြီးကဗရမ်းဗတာတွေဖြစ်တတ်တယ်
    လျှောက်သုံးစွဲတာမျိုးဂရုစိုက်ဖို့လိုတယ်
    အသုံးနဲ့အဖြုန်း ဂရုစိုက်ဖို့လိုတယ်
    ၀င်ငွေကောင်းနေတုန်း တစ်သက်လုံး ဒီလိုကောင်းနေမှာပဲလို့ ယူဆပြီး အသုံးဖြုန်းကြီးနေရင် အရာရာစည်းစနစ်မရှိရင် ဘ၀ကြီးကဗရမ်းဗတာတွေဖြစ်တတ်တယ် လျှောက်သုံးစွဲတာမျိုးဂရုစိုက်ဖို့လိုတယ် အသုံးနဲ့အဖြုန်း ဂရုစိုက်ဖို့လိုတယ်
    0 Comments ¡0 Shares ¡184 Views
  • ဒုတိယ မိသားစုဆိုတာ
    လူတိုင်းလိုလိုမှာ ရှိပါတယ်

    ကိုယ့်ရဲ့မိသားစုအရင်းလို
    ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို
    ကိုယ့်ရဲ့မိသားစုအရင်းထက်တောင်
    ပိုကောင်းတဲ့ ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ်

    ရေစက်ကောင်းတွေပါပြီး
    ဒီဘဝမှာ ပြန်ဆုံရတယ်ပဲပြောရမလား

    သွေးလည်းမတော် သားလည်းမစပ်
    မွေးစားတာမျိုးလည်း မဟုတ်
    ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်.....

    ကိုယ့်အပေါ် မှာ
    တကယ့်မိသားစုတစ်ခုလို
    နွေးထွေးလုံခြုံစေတယ်

    ကြင်နာယုယပေးတယ်။

    ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။

    ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။

    နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။

    ပျော်ရွှင်အေးချမ်းစေတယ်။

    လင်းလက်တောက်ပစေတယ်။

    ဒါဟာ ဒုတိယမိသားစုပါပဲ။

    တချို့အတွက်
    အလုပ်နဲ့ အလုပ်ရှင်။

    တချို့အတွက် လုပ်ဖော်ကိုင်ဖက်။

    တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ။

    တချို့အတွက် အိမ်နီးနားခြင်း။

    တချို့အတွက် သူငယ်ချင်း။

    တချို့အတွက် ချစ်သူ။

    ဒုတိယမိသားစုဟာ
    ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။

    #ဘဝအတွတ်စာဖတ်ပါ
    #ခွန်အားရှိသောစာတ်ိုများ
    #ဆရာအောင်သင်းစာပေ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    ဒုတိယ မိသားစုဆိုတာ လူတိုင်းလိုလိုမှာ ရှိပါတယ် ကိုယ့်ရဲ့မိသားစုအရင်းလို ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို ကိုယ့်ရဲ့မိသားစုအရင်းထက်တောင် ပိုကောင်းတဲ့ ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ် ရေစက်ကောင်းတွေပါပြီး ဒီဘဝမှာ ပြန်ဆုံရတယ်ပဲပြောရမလား သွေးလည်းမတော် သားလည်းမစပ် မွေးစားတာမျိုးလည်း မဟုတ် ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်..... ကိုယ့်အပေါ် မှာ တကယ့်မိသားစုတစ်ခုလို နွေးထွေးလုံခြုံစေတယ် ကြင်နာယုယပေးတယ်။ ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။ ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။ နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။ ပျော်ရွှင်အေးချမ်းစေတယ်။ လင်းလက်တောက်ပစေတယ်။ ဒါဟာ ဒုတိယမိသားစုပါပဲ။ တချို့အတွက် အလုပ်နဲ့ အလုပ်ရှင်။ တချို့အတွက် လုပ်ဖော်ကိုင်ဖက်။ တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ။ တချို့အတွက် အိမ်နီးနားခြင်း။ တချို့အတွက် သူငယ်ချင်း။ တချို့အတွက် ချစ်သူ။ ဒုတိယမိသားစုဟာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။ #ဘဝအတွတ်စာဖတ်ပါ #ခွန်အားရှိသောစာတ်ိုများ #ဆရာအောင်သင်းစာပေ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Care
    Love
    3
    ¡ 0 Comments ¡0 Shares ¡369 Views
  • စိတ်ကြီးဝင်နေတဲ့ ကြက်တူရွေးတကောင်ဟာ
    လင်းယုန်ငှက်ထံ ချဉ်းကပ်ပြီး ပြောတယ်။

    "ကမ္ဘာ့အမြင့်ဆုံးသစ်ပင်တွေပေါ်အထိ ငါ
    ပျံသန်းနိုင်တယ်။ မင်း ဘယ်လောက် အမြင့်ထိ ပျံနိုင်လဲ"

    လင်းယုန်က ပြောတယ်။

    "အင်း၊ ငါကအမြင့်ပျံ တော်တဲ့ငှက် မဟုတ်တော့ အမြင့်ဆုံးသစ်ပင်တွေကိုတောင် သိပ် မရောက်ဖူးပါဘူး"
    ကြက်တူရွေးက ရယ်မောလိုက်တယ်။

    "အိုး...ရှက်စရာကောင်းလိုက်တာကွာ
    ငှက်အများစုထက်ငါက မြင့်မြင့်ပျံသန်းနေတာကို မယုံနိုင်လောက်အောင်ပျော်ရွှင်မိပါတယ်" လို့
    ကြွားလုံးထုတ်လိုက်တယ်။

    မင်းက တကယ့်ကို ကံကောင်းတဲ့ ငှက်ပဲ" လို့ လင်းယုန်က ပြောတယ်။

    နောက်တနေ့မှာ ကြက်တူရွေးက လင်းယုန်ငှက်ထံ
    ထပ်သွားပြီး ပြောပြန်တယ်။

    "မင်းကို အမြင့်ဆုံး ပျံသန်းတတ်အောင် သင်ပေးရင် ငါ့လိုပဲ အမြင့်ဆုံးသစ်ပင်တွေကို ရောက်နိုင်ပါ့မလား"

    "ဒါက အရမ်းမိုက်တာပဲ။ ကျေးဇူးပြုပြီး သင်ပေးပါ" လို့လင်းယုန်က ပြောတယ်။

    အဲဒီနောက် လင်းယုန်ငှက်ဟာ ကြက်တူရွေးနဲ့အတူ လိုက်သွားပြီး ပျံသန်းခဲ့ပါတယ်။
    "ဒီလိုပျံရတယ်ကွ"
    ကြက်တူရွေးက ပျံသန်းရင်းပြောတယ်။
    ဒါပေမယ့် လင်းယုန်ငှက်ဟာ အင်အားနဲ့ ပျံသန်းလိုက်တယ်။လင်းယုန်ပျံတဲ့အမြင့်ထိ သူ လိုက်မပျံနိုင်တဲ့အခါ ကြက်တူရွေးဟာ လုံးဝအံ့အားသင့်သွားခဲ့ပြီး သူ့မျက်လုံးတွေကို သူမယုံနိုင်ဘူး။

    နောက်ဆုံးတော့ လင်းယုန် အောက်ကို ပြန်ဆင်းသက်လာတဲ့အခါ ကြက်တူရွေးက နောင်တ၊အရှက်တရားတွေနဲ့ ပြည့်နှက်နေပြီး မေးလိုက်တယ်။

    "မင်းက ပါရမီရှင်ပဲ။ ငါ့ကို ဘာလို့ မပြောခဲ့တာလဲ"

    လင်းယုန်က ပြုံးပြီး ပြောလိုက်တယ်။

    "လင်းယုန်ငှက်နဲ့ ကြက်တူရွေးရဲ့ ကွာခြားချက် အဲဒါပဲ။
    ငါက လင်းယုန်တကောင်ဖြစ်ပြီး စကားအများကြီး မပြောတတ်ဘူး။ လေလုံး ထွားတာ မဟုတ်ဘူး။
    ငါ့ရဲ့ စွမ်းအားနဲ့ စွမ်းရည်အကြောင်း ငါသိတယ်။ ကောင်းကင် အမြင့်ဆုံးမှာ ငါ ပျံသန်းနေတာ မြင်ပြီး အံ့သြသွားလား။ငါဟာ မုန်တိုင်းတိမ်တိုက်တွေ အထက်မှာ ပျံသန်းနိုင်တဲ့ တကောင်တည်းသော ငှက်ပဲ။တခြားငှက်တွေ မိုးတွင်းမှာ မိုးကိုရှောင်ဖို့ ခိုလှုံစရာနေရာရှာရပေမယ့် ငါကတော့ တိမ်တွေအထက်မှာ ပျံသန်းပြီး မိုးကို ရှောင်လို့ရတယ်။
    လေထုပါးတဲ့နေရာအထိ ငါ ပျံသန်းနိုင်တယ်၊ ပြီးတော့ ငါ့နှလုံးခုန်တိုင်း သွေးစီးကြောင်းထဲကို သွေးပိုသွင်းပြီး အောက်ဆီဂျင်ပို့ပေးနိုင်တယ်"

    ကျွန်တော်တို့ဟာ အများကြီး ကြွားလုံးထုတ်တတ်တဲ့ ကြက်တူရွေးတကောင် မဖြစ်ပါစေနဲ့။ လင်းယုန်လို နှိမ့်ချပြီး ဆိတ်ဆိတ်နေပါ။ ကိုယ့်တန်ဖိုးကို သက်သေပြဖို့ အချိန်မဖြုန်းပါနဲ့။ ကိုယ်က ဘာလဲ၊ ကိုယ် ဘာဖြစ်နိုင်တယ်ဆိုတာကို အချိန်က သက်သေပြပါလိမ့်မယ်။

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့် ##CRD
    စိတ်ကြီးဝင်နေတဲ့ ကြက်တူရွေးတကောင်ဟာ လင်းယုန်ငှက်ထံ ချဉ်းကပ်ပြီး ပြောတယ်။ "ကမ္ဘာ့အမြင့်ဆုံးသစ်ပင်တွေပေါ်အထိ ငါ ပျံသန်းနိုင်တယ်။ မင်း ဘယ်လောက် အမြင့်ထိ ပျံနိုင်လဲ" လင်းယုန်က ပြောတယ်။ "အင်း၊ ငါကအမြင့်ပျံ တော်တဲ့ငှက် မဟုတ်တော့ အမြင့်ဆုံးသစ်ပင်တွေကိုတောင် သိပ် မရောက်ဖူးပါဘူး" ကြက်တူရွေးက ရယ်မောလိုက်တယ်။ "အိုး...ရှက်စရာကောင်းလိုက်တာကွာ ငှက်အများစုထက်ငါက မြင့်မြင့်ပျံသန်းနေတာကို မယုံနိုင်လောက်အောင်ပျော်ရွှင်မိပါတယ်" လို့ ကြွားလုံးထုတ်လိုက်တယ်။ မင်းက တကယ့်ကို ကံကောင်းတဲ့ ငှက်ပဲ" လို့ လင်းယုန်က ပြောတယ်။ နောက်တနေ့မှာ ကြက်တူရွေးက လင်းယုန်ငှက်ထံ ထပ်သွားပြီး ပြောပြန်တယ်။ "မင်းကို အမြင့်ဆုံး ပျံသန်းတတ်အောင် သင်ပေးရင် ငါ့လိုပဲ အမြင့်ဆုံးသစ်ပင်တွေကို ရောက်နိုင်ပါ့မလား" "ဒါက အရမ်းမိုက်တာပဲ။ ကျေးဇူးပြုပြီး သင်ပေးပါ" လို့လင်းယုန်က ပြောတယ်။ အဲဒီနောက် လင်းယုန်ငှက်ဟာ ကြက်တူရွေးနဲ့အတူ လိုက်သွားပြီး ပျံသန်းခဲ့ပါတယ်။ "ဒီလိုပျံရတယ်ကွ" ကြက်တူရွေးက ပျံသန်းရင်းပြောတယ်။ ဒါပေမယ့် လင်းယုန်ငှက်ဟာ အင်အားနဲ့ ပျံသန်းလိုက်တယ်။လင်းယုန်ပျံတဲ့အမြင့်ထိ သူ လိုက်မပျံနိုင်တဲ့အခါ ကြက်တူရွေးဟာ လုံးဝအံ့အားသင့်သွားခဲ့ပြီး သူ့မျက်လုံးတွေကို သူမယုံနိုင်ဘူး။ နောက်ဆုံးတော့ လင်းယုန် အောက်ကို ပြန်ဆင်းသက်လာတဲ့အခါ ကြက်တူရွေးက နောင်တ၊အရှက်တရားတွေနဲ့ ပြည့်နှက်နေပြီး မေးလိုက်တယ်။ "မင်းက ပါရမီရှင်ပဲ။ ငါ့ကို ဘာလို့ မပြောခဲ့တာလဲ" လင်းယုန်က ပြုံးပြီး ပြောလိုက်တယ်။ "လင်းယုန်ငှက်နဲ့ ကြက်တူရွေးရဲ့ ကွာခြားချက် အဲဒါပဲ။ ငါက လင်းယုန်တကောင်ဖြစ်ပြီး စကားအများကြီး မပြောတတ်ဘူး။ လေလုံး ထွားတာ မဟုတ်ဘူး။ ငါ့ရဲ့ စွမ်းအားနဲ့ စွမ်းရည်အကြောင်း ငါသိတယ်။ ကောင်းကင် အမြင့်ဆုံးမှာ ငါ ပျံသန်းနေတာ မြင်ပြီး အံ့သြသွားလား။ငါဟာ မုန်တိုင်းတိမ်တိုက်တွေ အထက်မှာ ပျံသန်းနိုင်တဲ့ တကောင်တည်းသော ငှက်ပဲ။တခြားငှက်တွေ မိုးတွင်းမှာ မိုးကိုရှောင်ဖို့ ခိုလှုံစရာနေရာရှာရပေမယ့် ငါကတော့ တိမ်တွေအထက်မှာ ပျံသန်းပြီး မိုးကို ရှောင်လို့ရတယ်။ လေထုပါးတဲ့နေရာအထိ ငါ ပျံသန်းနိုင်တယ်၊ ပြီးတော့ ငါ့နှလုံးခုန်တိုင်း သွေးစီးကြောင်းထဲကို သွေးပိုသွင်းပြီး အောက်ဆီဂျင်ပို့ပေးနိုင်တယ်" ကျွန်တော်တို့ဟာ အများကြီး ကြွားလုံးထုတ်တတ်တဲ့ ကြက်တူရွေးတကောင် မဖြစ်ပါစေနဲ့။ လင်းယုန်လို နှိမ့်ချပြီး ဆိတ်ဆိတ်နေပါ။ ကိုယ့်တန်ဖိုးကို သက်သေပြဖို့ အချိန်မဖြုန်းပါနဲ့။ ကိုယ်က ဘာလဲ၊ ကိုယ် ဘာဖြစ်နိုင်တယ်ဆိုတာကို အချိန်က သက်သေပြပါလိမ့်မယ်။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့် ##CRD
    Like
    2
    ¡ 0 Comments ¡0 Shares ¡334 Views
  • ရွေးထား‌တာတော့အလန်းလေး
    ဆိုင်ရောက်ရင်ဖုန်းကျန်ခဲ့ရတာနဲ့
    ဘာလုပ်လို့လုပ်ရမှန်းမသိ
    ***************တလွှဲအရောင်တွေလုပ်လာ၊၊
    ရွေးထား‌တာတော့အလန်းလေး ဆိုင်ရောက်ရင်ဖုန်းကျန်ခဲ့ရတာနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိ စောက်တလွှဲအရောင်တွေလုပ်လာ၊၊😄😄😄
    0 Comments ¡0 Shares ¡113 Views
More Results