• သိပ်ပြီးတော့ တွေဝေမနေပါနဲ့
    ------------------------------
    ကိုယ့် မေတ္တာ စေတနာတွေ
    တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို
    ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့
    မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့
    အချိန်မဆွဲပါနဲ့။

    ကိုယ့်ကို နာကျင်စေခဲ့တဲ့
    အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။

    ကိုယ့်ကို စာနာနားလည်ပေးပြီး
    ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင်
    သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။

    တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။
    ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။

    ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။
    လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့
    ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့။

    တချို့အရာတွေက လွှတ်ချလိုက်တာနဲ့
    ဘဝဟာ ပေါ့ပါးသွားတယ်။
    တချို့အရာတွေကျတော့
    မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။

    with respect - credit
    #knowledge #life lesson
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့ ------------------------------ ကိုယ့် မေတ္တာ စေတနာတွေ တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့ မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်ကို နာကျင်စေခဲ့တဲ့ အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။ ကိုယ့်ကို စာနာနားလည်ပေးပြီး ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင် သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။ တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။ ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။ ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။ လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့ ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့ သိပ်ပြီးတော့ တွေဝေမနေပါနဲ့။ တချို့အရာတွေက လွှတ်ချလိုက်တာနဲ့ ဘဝဟာ ပေါ့ပါးသွားတယ်။ တချို့အရာတွေကျတော့ မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။ with respect - credit #knowledge #life lesson
    Care
    1
    · 0 Comments ·0 Shares ·8 Views
  • စိတ်ကို ကြည်လင်အောင်ထားပါ

    မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်ထားပါ။ စိတ်ကြည်လင်နေရင် ကိုယ်ရဲ့အတွေးတွေ မှန်ကန်လာမယ် ။ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ ကောင်းလာမယ် ။ အခက်အခဲတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းလာနိုင်မယ် ။ ဒါတွေဟာ စိတ်ကြည်လင်နေခြင်းရဲ့ အကျိုးတွေပဲ ဖြစ်ပါတယ် ။

    လူတစ်ယောက် စိတ်တွေရှုပ်ထွေးနေမယ် ။ စိတ်တွေမွန်းကျပ်နေတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဖြေးရှင်းဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေ ရရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် မိမိကြုံတွေ့နေရတဲ့အရာတွေကို ခဏလေးမေ့ထားပြီးတော့ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် အရင်ကြိုးစားလိုက်ပါ ။

    ဘယ်အရာကိုမှ စိတ်ထဲနှစ်ပြီးတော့ အရမ်းကြီးခံစားမနေလိုက်ပါနဲ့ ။ ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောတွေရှိနေတဲ့အတွက်ကြောင့် မိမိရဲ့စိတ်ကို အပင်ပန်းခံပြီးတော့ ရင်ထဲမှာ ခံစားမနေလိုက်ပါနဲ့နော် ။

    မိမိရဲ့စိတ်တွေ အေးချမ်းပျော်ရွှင်စေဖို့ ။ မိမိရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ဖို့ဆိုရင် မိမိရဲ့စိတ်ကို
    အတတ်နိုင်ဆုံး ကြည်လင်နေအောင် ထားရပါမယ် ။ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် မထားနိုင်ရင်တော့ လုပ်ဆောင်မှုတွေဟာ အလွဲလွဲအချော်ချော်တွေပဲ ဖြစ်လာပါလိမ့်မယ် ။မိမိရဲ့ဘဝမှာ အရာအားလုံး အကောင်းဆုံးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မိမိရဲ့စိတ်ကို
    အရင်ဆုံးကြည်လင်အောင်ထားပါ ။

    တန်ဖိုးထားတဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ
    အရှင်ဇဝန (ရွှေကုန်းမြေ)

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့် #မူရင်းရေးသားသူအားလေးစားလျှက်
    🌻စိတ်ကို ကြည်လင်အောင်ထားပါ🌻 🍀🍀🍀🍀🍀🍀🍀🍀 မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်ထားပါ။ စိတ်ကြည်လင်နေရင် ကိုယ်ရဲ့အတွေးတွေ မှန်ကန်လာမယ် ။ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ ကောင်းလာမယ် ။ အခက်အခဲတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းလာနိုင်မယ် ။ ဒါတွေဟာ စိတ်ကြည်လင်နေခြင်းရဲ့ အကျိုးတွေပဲ ဖြစ်ပါတယ် ။ လူတစ်ယောက် စိတ်တွေရှုပ်ထွေးနေမယ် ။ စိတ်တွေမွန်းကျပ်နေတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဖြေးရှင်းဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေ ရရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် မိမိကြုံတွေ့နေရတဲ့အရာတွေကို ခဏလေးမေ့ထားပြီးတော့ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် အရင်ကြိုးစားလိုက်ပါ ။ ဘယ်အရာကိုမှ စိတ်ထဲနှစ်ပြီးတော့ အရမ်းကြီးခံစားမနေလိုက်ပါနဲ့ ။ ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောတွေရှိနေတဲ့အတွက်ကြောင့် မိမိရဲ့စိတ်ကို အပင်ပန်းခံပြီးတော့ ရင်ထဲမှာ ခံစားမနေလိုက်ပါနဲ့နော် ။ မိမိရဲ့စိတ်တွေ အေးချမ်းပျော်ရွှင်စေဖို့ ။ မိမိရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ဖို့ဆိုရင် မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်နေအောင် ထားရပါမယ် ။ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် မထားနိုင်ရင်တော့ လုပ်ဆောင်မှုတွေဟာ အလွဲလွဲအချော်ချော်တွေပဲ ဖြစ်လာပါလိမ့်မယ် ။မိမိရဲ့ဘဝမှာ အရာအားလုံး အကောင်းဆုံးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မိမိရဲ့စိတ်ကို အရင်ဆုံးကြည်လင်အောင်ထားပါ ။ 📖တန်ဖိုးထားတဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ 📖 ✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့် #မူရင်းရေးသားသူအားလေးစားလျှက်
    Care
    1
    · 0 Comments ·0 Shares ·9 Views
  • (၁) ပြုံးပါ။

    အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။

    (၂) နားထောင်ပါ။

    တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။

    (၃) မနှိုင်းယှဉ်ပါနဲ့။

    သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။

    (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။

    လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

    (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။

    သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။

    (၆) ချီးမွမ်းစကားပြောဆိုပါ။

    တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။

    (၇) သူများမကောင်းကြောင်း မပြောပါနဲ့။

    သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။

    (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။

    လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။

    (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။

    ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။

    (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။

    ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    (၁) ပြုံးပါ။ အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။ (၂) နားထောင်ပါ။ တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။ (၃) မနှိုင်းယှဉ်ပါနဲ့။ သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။ (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။ လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။ (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။ သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။ (၆) ချီးမွမ်းစကားပြောဆိုပါ။ တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။ (၇) သူများမကောင်းကြောင်း မပြောပါနဲ့။ သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။ (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။ လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။ (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။ ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။ (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။ ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    Care
    1
    · 0 Comments ·0 Shares ·9 Views
  • "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့
    ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ်

    လူ့လောကမှာ မေတ္တာတရား
    ဘယ်လောက်ကြီးမားကြီးမား
    စေတနာဘယ်လောက်ထားထား

    အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ
    လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ

    ဒီလိုမှမဟုတ်ရင် ရေ နဲ့ ဆီ လိုပဲ
    ရေကရေသပ်သပ်
    ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ

    မေ တ္တာ က မေ တ္တာ သပ်သပ်
    ဗီဇက ဗီဇသပ်သပ်
    ဘယ်လိုမှ ထပ်တူကျမနေရင်
    မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ်
    မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို
    လက်ခံနိုင်မှာမဟုတ်ဘူး

    ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ
    အမှန်တရားပါပဲ။
    "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့ ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ် လူ့လောကမှာ မေတ္တာတရား ဘယ်လောက်ကြီးမားကြီးမား စေတနာဘယ်လောက်ထားထား အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ ဒီလိုမှမဟုတ်ရင် ရေ နဲ့ ဆီ လိုပဲ ရေကရေသပ်သပ် ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ မေ တ္တာ က မေ တ္တာ သပ်သပ် ဗီဇက ဗီဇသပ်သပ် ဘယ်လိုမှ ထပ်တူကျမနေရင် မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ် မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို လက်ခံနိုင်မှာမဟုတ်ဘူး ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ အမှန်တရားပါပဲ။
    Care
    1
    · 0 Comments ·0 Shares ·9 Views
  • တစ်ခါတလေ
    ကိုယ့်စိတ်ကိုတောင် ကိုယ်မပိုင်တာ
    သူများစိတ်ကို ပိုင်ဖို့ဆိုတာ
    ပိုလို့တောင် မဖြစ်နိုင်ဘူး။

    လောကကြီးမှာ
    ကိုယ်တကယ်ထိန်းချုပ်ထားနိုင်တဲ့
    အရာ ဘာတစ်ခုမှ မရှိပါဘူး။
    အရာအားလုံးဟာ ဖြစ်ပြီးပျက်မှာပဲ။

    ဘဝမှာ
    ကျေနပ်ရောင့်ရဲတင်းတိမ်တဲ့စိတ်ရှိခြင်းက
    သင့်ကို အေးချမ်းစေမယ်။
    မျှော်လင့်ချက်နည်းပါးခြင်းကတော့
    သင့်စိတ်ကို ချမ်းသာစေလိမ့်တယ်။
    တစ်ခုခုဆို စိတ်ထဲမှာမထမ်းပိုးထားဘဲ
    လွှတ်ချတတ်ခြင်းကတော့
    သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစေပါလိမ့်မယ်။

    Crd_ပေးပါသည်။ Yan Naing
    တစ်ခါတလေ ကိုယ့်စိတ်ကိုတောင် ကိုယ်မပိုင်တာ သူများစိတ်ကို ပိုင်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။ လောကကြီးမှာ ကိုယ်တကယ်ထိန်းချုပ်ထားနိုင်တဲ့ အရာ ဘာတစ်ခုမှ မရှိပါဘူး။ အရာအားလုံးဟာ ဖြစ်ပြီးပျက်မှာပဲ။ ဘဝမှာ ကျေနပ်ရောင့်ရဲတင်းတိမ်တဲ့စိတ်ရှိခြင်းက သင့်ကို အေးချမ်းစေမယ်။ မျှော်လင့်ချက်နည်းပါးခြင်းကတော့ သင့်စိတ်ကို ချမ်းသာစေလိမ့်တယ်။ တစ်ခုခုဆို စိတ်ထဲမှာမထမ်းပိုးထားဘဲ လွှတ်ချတတ်ခြင်းကတော့ သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစေပါလိမ့်မယ်။ Crd_ပေးပါသည်။ Yan Naing
    Care
    1
    · 0 Comments ·0 Shares ·4 Views
  • ကရင် နှစ်သစ်ကူးလဲ ဗမာမူး

    တရုတ် နှစ်သစ်ကူးလဲ ဗမာမူး

    ဗမာ နှစ်သစ်ကူးလဲ ဗမာမူး

    ဘာဖြစ်ဖြစ် ဗမာမူး !(


    #oomyolay
    ကရင် နှစ်သစ်ကူးလဲ ဗမာမူး တရုတ် နှစ်သစ်ကူးလဲ ဗမာမူး ဗမာ နှစ်သစ်ကူးလဲ ဗမာမူး ဘာဖြစ်ဖြစ် ဗမာမူး !(🙄🙄 😸😸😸😸😸😸😸😸😸😸😸 #oomyolay
    Care
    1
    · 0 Comments ·0 Shares ·4 Views
  • အဲဒိအတိုင်းpostတာအဆင်ပြေလားမသိဘူး
    အနော့လည်းအနော့အဆင်ပြေသလိုpostကြည့်တာပါ
    အဲဒိအတိုင်းpostတာအဆင်ပြေလားမသိဘူး အနော့လည်းအနော့အဆင်ပြေသလိုpostကြည့်တာပါ
    Care
    1
    · 0 Comments ·0 Shares ·12 Views
  • • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။

    • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။

    > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ <

    • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။

    • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။

    • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။

    • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။

    • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။

    • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်)

    > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း <

    1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။

    2. အသီးများကို အသာအယာ ထုပေးပါ။

    3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။

    4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။

    • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #ကျန်းမာရေး #ဗဟုသုတ #စာပေ
    #နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
    #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
    #လေးစားစွာဖြင့်မူရင်းရေးသားသူကို
    #creditပေးပါတယ် #P_Chan #hashtag
    #fbviralpost2025シ #fblifestyles
    • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။ > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ < • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။ • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။ • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။ • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။ • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။ • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်) > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း < 1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။ 2. အသီးများကို အသာအယာ ထုပေးပါ။ 3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။ 4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။ • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #ကျန်းမာရေး #ဗဟုသုတ #စာပေ #နွယ်မြက်သစ်ပင်ဆေးဖက်ဝင် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကို #creditပေးပါတယ် #P_Chan #hashtag #fbviralpost2025シ #fblifestyles
    Care
    1
    · 0 Comments ·0 Shares ·19 Views
  • အိမ်သာသွားတာခနခနရှိပြီ ဗိုက်ထဲကနေ အောင့်ပြီး ဝမ်းသွားချင်ပေမယ့် တကယ်သွားတဲ့အခါ ဝမ်းမထွက်ဘဲ အတော်လေး ဒုက္ခရောက်နေရင်

    ကျွန်တော့်ရဲ့ အစွမ်းထက် သဘာဝဆေးနည်းလေးတစ်မျိုးကို မျှဝေပေးချင်ပါတယ်။

    လုပ်ရတာလဲ လွယ်ကူပြီး တကယ်ကောင်းတယ်

    • အရင်ဆုံး ရှောက်နူသီးခွံကို ပါးပါးလေးတွေဖြစ်အောင် အရင်လှီးလိုက်ပါ။
    • ထိုရှောက်နူသီးခွံလေးတွေကို ရေနွေးထဲမှာ စိမ်ပြီး သောက်သုံးရုံပါပဲ။
    • အကျိုးကျေးဇူး အပြည့်အဝရရှိဖို့ ညအိပ်ရာမဝင်ခင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။
    ဒီရေနွေးကြမ်းလေးကို သောက်ပေးခြင်းဖြင့် -
    • အူလမ်းကြောင်းအတွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။
    • ခေါင်းမူးဝေခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေကိုပါ သက်သာစေတယ်။
    • အဓိကကတော့ အဆမတန် ဝမ်းချုပ်နေတာတွေကို ကောင်းမွန်စေပါတယ်။
    ဒီနည်းလမ်းလေးက အရမ်းရိုးရှင်းပေမယ့် တကယ်ကို လက်တွေ့ကျပြီး ထိရောက်တာကြောင့် ဝမ်းချုပ်တတ်သူများ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်ခင်ဗျာ။

    #crd_to_owner_with_respect
    #ShweKhitMedia
    အိမ်သာသွားတာခနခနရှိပြီ ဗိုက်ထဲကနေ အောင့်ပြီး ဝမ်းသွားချင်ပေမယ့် တကယ်သွားတဲ့အခါ ဝမ်းမထွက်ဘဲ အတော်လေး ဒုက္ခရောက်နေရင် ကျွန်တော့်ရဲ့ အစွမ်းထက် သဘာဝဆေးနည်းလေးတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလဲ လွယ်ကူပြီး တကယ်ကောင်းတယ် • အရင်ဆုံး ရှောက်နူသီးခွံကို ပါးပါးလေးတွေဖြစ်အောင် အရင်လှီးလိုက်ပါ။ • ထိုရှောက်နူသီးခွံလေးတွေကို ရေနွေးထဲမှာ စိမ်ပြီး သောက်သုံးရုံပါပဲ။ • အကျိုးကျေးဇူး အပြည့်အဝရရှိဖို့ ညအိပ်ရာမဝင်ခင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။ ဒီရေနွေးကြမ်းလေးကို သောက်ပေးခြင်းဖြင့် - • အူလမ်းကြောင်းအတွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။ • ခေါင်းမူးဝေခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေကိုပါ သက်သာစေတယ်။ • အဓိကကတော့ အဆမတန် ဝမ်းချုပ်နေတာတွေကို ကောင်းမွန်စေပါတယ်။ ဒီနည်းလမ်းလေးက အရမ်းရိုးရှင်းပေမယ့် တကယ်ကို လက်တွေ့ကျပြီး ထိရောက်တာကြောင့် ဝမ်းချုပ်တတ်သူများ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်ခင်ဗျာ။ #crd_to_owner_with_respect #ShweKhitMedia
    Care
    1
    · 0 Comments ·0 Shares ·24 Views
  • ကိုယ့်အိမ်ခြံဝန်းထဲမှာ စိုက်ထားတဲ့ သင်္ဘောသီးပင်ကနေ အသီးတွေ အများကြီးနဲ့ အလုံးကြီးကြီး ဆွတ်ခူးစားချင်ကြတယ်မလား? တကယ်တော့ သင်္ဘောသီးစိုက်ရတာ မခက်ပါဘူး။ မြေဆီလွှာ၊ ရေ၊ နေရောင်ခြည်နဲ့ မြေသြဇာကို စနစ်တကျ ဂရုစိုက်ပေးရုံနဲ့ အပင်ကနေ ပြန်လည်ပေးဆပ်မယ့် ရလဒ်က အံ့မခန်းပါပဲ။
    သင်္ဘောသီးပင် အသီးထွက်နှုန်းကောင်းစေမယ့် နည်းလမ်းကောင်းလေးတွေကို ကြည့်လိုက်ရအောင်
    ၁။ နေရောင်ခြည် အပြည့်အဝရပါစေ
    သင်္ဘောသီးက နေကြိုက်တဲ့အပင်ပါ။ တစ်နေ့ကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီအထိ နေရောင်ရတဲ့နေရာမျိုးမှာ စိုက်ပေးပါ။ ဒါပေမဲ့ လေပြင်းတိုက်ရင် အပင်ကျိုးလွယ်တတ်လို့ လေကွယ်တဲ့နေရာမျိုး ဖြစ်ရင်တော့ ပိုကောင်းပါတယ်။
    ၂။ ရေဝပ်တာကို သတိထားပါ
    မြေဆီလွှာက သဲနုန်းမြေ ဒါမှမဟုတ် မြေဆွေးရောထားတဲ့ မြေမျိုး ဖြစ်ရပါမယ်။ သင်္ဘောသီးက ရေကြိုက်ပေမဲ့ ရေဝပ်တာကိုတော့ လုံးဝမကြိုက်ပါဘူး။ ရေဝပ်ရင် အမြစ်ပုပ်တတ်လို့ ရေကို ချင့်ချိန်လောင်းပေးပါ။
    ၃။ မြေသြဇာ ပုံမှန်ကျွေးပါ
    သင်္ဘောသီးပင်က အာဟာရကို အများကြီး စားသုံးတဲ့ အပင်မျိုးပါ။ ဒါကြောင့် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်တစ်ကြိမ် မြေသြဇာ ပုံမှန်ကျွေးပေးဖို့ လိုပါတယ်။ အထူးသဖြင့် နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ် ပါဝင်တဲ့ သဘာဝမြေဆွေး ဒါမှမဟုတ် နွားချေးမြေသြဇာတွေက အပင်ကို မြန်မြန်ထွားစေပြီး အသီးထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတယ်။
    ၄။ မလိုအပ်တဲ့ အရွက်တွေကို ဖယ်ရှားပါ
    အောက်ခြေက အရွက်အဟောင်းတွေ၊ ဝါနေတဲ့ အရွက်တွေ ဒါမှမဟုတ် ရောဂါရနေတဲ့ အရွက်တွေကို နှမြောမနေဘဲ ဖြတ်ထုတ်ပစ်ပါ။ ဒါမှ အာဟာရကို အသီးဆီ ပိုရောက်စေပြီး လေဝင်လေထွက်ကောင်းကာ ပိုးမွှားဒဏ်ကနေ ကာကွယ်နိုင်မှာပါ။
    ၅။ ပိုးမွှားရန်ကို ကာကွယ်ပါ
    အပင်ကို အမြဲစစ်ဆေးပေးပါ။ ပိုးကောင်လေးတွေ ဒါမှမဟုတ် မှိုတက်တာမျိုးရှိရင် သဘာဝပိုးသတ်ဆေး (ဥပမာ- တမာပိုးသတ်ဆေး) ကို အသုံးပြုပြီး နှိမ်နင်းပေးပါ။ စောစောစီးစီး သိလေလေ၊ ကုသရတာ ပိုလွယ်လေပါပဲ။
    ၆။ ဆွတ်ခူးချိန်ကို မှတ်ထားပါ
    သင်္ဘောသီးက အခွံလေး စပြီး ဝါလာပြီဆိုရင် ဆွတ်ခူးလို့ ရပါပြီ။ ဒီနည်းလမ်းအတိုင်းသာ ဂရုစိုက်မယ်ဆိုရင် ၁ နှစ်အတွင်းမှာတင် အသီးတွေ အများကြီးနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်ကို ရရှိမှာ အသေအချာပါပဲ။
    စိုက်ပျိုးရတာ ဝါသနာပါတဲ့ မိတ်ဆွေတို့လည်း ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်စိုက် သင်္ဘောသီးချိုချိုလေးတွေကို ဆွတ်ခူးစားသုံးနိုင်ကြပါစေရှင်။
    #forevermmmedia #စိုက်ပျိုးရေး #အပင#သင်္ဘောသီးစိုက်ပျိုးနည်း #အိမ်တွင်းစိုက်ပျိုးရေး #စိုက်ပျိုးရေးဗဟုသုတ #သဘာဝမြေသြဇာ
    ကိုယ့်အိမ်ခြံဝန်းထဲမှာ စိုက်ထားတဲ့ သင်္ဘောသီးပင်ကနေ အသီးတွေ အများကြီးနဲ့ အလုံးကြီးကြီး ဆွတ်ခူးစားချင်ကြတယ်မလား? တကယ်တော့ သင်္ဘောသီးစိုက်ရတာ မခက်ပါဘူး။ မြေဆီလွှာ၊ ရေ၊ နေရောင်ခြည်နဲ့ မြေသြဇာကို စနစ်တကျ ဂရုစိုက်ပေးရုံနဲ့ အပင်ကနေ ပြန်လည်ပေးဆပ်မယ့် ရလဒ်က အံ့မခန်းပါပဲ။ သင်္ဘောသီးပင် အသီးထွက်နှုန်းကောင်းစေမယ့် နည်းလမ်းကောင်းလေးတွေကို ကြည့်လိုက်ရအောင် 👇 ၁။ နေရောင်ခြည် အပြည့်အဝရပါစေ ☀️ သင်္ဘောသီးက နေကြိုက်တဲ့အပင်ပါ။ တစ်နေ့ကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီအထိ နေရောင်ရတဲ့နေရာမျိုးမှာ စိုက်ပေးပါ။ ဒါပေမဲ့ လေပြင်းတိုက်ရင် အပင်ကျိုးလွယ်တတ်လို့ လေကွယ်တဲ့နေရာမျိုး ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ ၂။ ရေဝပ်တာကို သတိထားပါ 💧 မြေဆီလွှာက သဲနုန်းမြေ ဒါမှမဟုတ် မြေဆွေးရောထားတဲ့ မြေမျိုး ဖြစ်ရပါမယ်။ သင်္ဘောသီးက ရေကြိုက်ပေမဲ့ ရေဝပ်တာကိုတော့ လုံးဝမကြိုက်ပါဘူး။ ရေဝပ်ရင် အမြစ်ပုပ်တတ်လို့ ရေကို ချင့်ချိန်လောင်းပေးပါ။ ၃။ မြေသြဇာ ပုံမှန်ကျွေးပါ ✨ သင်္ဘောသီးပင်က အာဟာရကို အများကြီး စားသုံးတဲ့ အပင်မျိုးပါ။ ဒါကြောင့် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်တစ်ကြိမ် မြေသြဇာ ပုံမှန်ကျွေးပေးဖို့ လိုပါတယ်။ အထူးသဖြင့် နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ် ပါဝင်တဲ့ သဘာဝမြေဆွေး ဒါမှမဟုတ် နွားချေးမြေသြဇာတွေက အပင်ကို မြန်မြန်ထွားစေပြီး အသီးထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတယ်။ ၄။ မလိုအပ်တဲ့ အရွက်တွေကို ဖယ်ရှားပါ ✂️ အောက်ခြေက အရွက်အဟောင်းတွေ၊ ဝါနေတဲ့ အရွက်တွေ ဒါမှမဟုတ် ရောဂါရနေတဲ့ အရွက်တွေကို နှမြောမနေဘဲ ဖြတ်ထုတ်ပစ်ပါ။ ဒါမှ အာဟာရကို အသီးဆီ ပိုရောက်စေပြီး လေဝင်လေထွက်ကောင်းကာ ပိုးမွှားဒဏ်ကနေ ကာကွယ်နိုင်မှာပါ။ ၅။ ပိုးမွှားရန်ကို ကာကွယ်ပါ 🐛 အပင်ကို အမြဲစစ်ဆေးပေးပါ။ ပိုးကောင်လေးတွေ ဒါမှမဟုတ် မှိုတက်တာမျိုးရှိရင် သဘာဝပိုးသတ်ဆေး (ဥပမာ- တမာပိုးသတ်ဆေး) ကို အသုံးပြုပြီး နှိမ်နင်းပေးပါ။ စောစောစီးစီး သိလေလေ၊ ကုသရတာ ပိုလွယ်လေပါပဲ။ ၆။ ဆွတ်ခူးချိန်ကို မှတ်ထားပါ 🍈 သင်္ဘောသီးက အခွံလေး စပြီး ဝါလာပြီဆိုရင် ဆွတ်ခူးလို့ ရပါပြီ။ ဒီနည်းလမ်းအတိုင်းသာ ဂရုစိုက်မယ်ဆိုရင် ၁ နှစ်အတွင်းမှာတင် အသီးတွေ အများကြီးနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်ကို ရရှိမှာ အသေအချာပါပဲ။ စိုက်ပျိုးရတာ ဝါသနာပါတဲ့ မိတ်ဆွေတို့လည်း ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်စိုက် သင်္ဘောသီးချိုချိုလေးတွေကို ဆွတ်ခူးစားသုံးနိုင်ကြပါစေရှင်။ 🥰 #forevermmmedia #စိုက်ပျိုးရေး #အပင် #သင်္ဘောသီးစိုက်ပျိုးနည်း #အိမ်တွင်းစိုက်ပျိုးရေး #စိုက်ပျိုးရေးဗဟုသုတ #သဘာဝမြေသြဇာ
    Care
    1
    · 0 Comments ·0 Shares ·27 Views
  • ဒီရက်ပိုင်း ကျွန်မ ရှောက်နုရွက် (ရှောက်ရွက်)ကို ပုံမှန်ပြုတ်သောက်ဖြစ်နေပါတယ်။ အသက်ကြီးလာတဲ့အခါ သွေးဖိအားက ကြိုတင်အကြောင်းမကြားဘဲ တက်လိုက်ကျလိုက် ဖြစ်တတ်တယ်မဟုတ်လား ဒါကြောင့် အိမ်မှာအမြဲရှိတဲ့ ဆေးဖက်ဝင်အပင်ကို အသုံးချဖြစ်တာပါ။
    နွေးထွေးတဲ့ ရှောက်ရွက်ပြုတ်ရည်က အကျိုးကျေးဇူးများစွာ ပေးပါတယ်:
    • သောက်လိုက်ရင် သွေးလေစီးဆင်းမှု ပိုကောင်းလာသလို ခံစားရတယ်။
    • ခေါင်းလေးတာတွေ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ကို ပေါ့ပါးစေတယ်။
    • အရင်ကလို သွေးတိုးက အရမ်းတက်လိုက်ကျလိုက် မဖြစ်တော့ဘဲ တည်ငြိမ်လာတာကို သိသိသာသာ သတိထားမိတယ်။
    • သူ့ရဲ့ သင်းပျံ့တဲ့ရနံ့က စိတ်ကို အပန်းပြေစေပြီး ညအိပ်ရာမဝင်ခင် သောက်ရင် ပိုပြီးတော့ အဆင်ပြေပါတယ်။
    အိမ်မှာ ကိုယ်တိုင်လုပ်ရတာ အရမ်းလွယ်ကူပါတယ်:
    1. ရှောက်ရွက်ရင့်ရင့် ၄-၅ ရွက်ခန့်ကို ခူးပြီး သန့်စင်အောင် ဆေးကြောပါ။
    2. ရေအိုးအသေးတစ်လုံးနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။
    3. အပူချိန် အနည်းငယ်ကျသွားတဲ့အထိ ထားပြီးမှ တစ်နေ့တာလုံး အေးအေးဆေးဆေး တစ်ငုံချင်းစီ သောက်သုံးနိုင်ပါတယ်။
    ဒီလိုမျိုး အနီးနားမှာရှိတဲ့ အရာလေးတွေက ခန္ဓာကိုယ်ကို တကယ်ပဲ ကောင်းကောင်းဂရုစိုက်ပေးနိုင်ပါတယ်။ သွေးတိုးတက်လွယ်တဲ့သူတွေရှိရင် စမ်းသပ်သောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်
    #alinthitmedia
    ဒီရက်ပိုင်း ကျွန်မ ရှောက်နုရွက် (ရှောက်ရွက်)ကို ပုံမှန်ပြုတ်သောက်ဖြစ်နေပါတယ်။ အသက်ကြီးလာတဲ့အခါ သွေးဖိအားက ကြိုတင်အကြောင်းမကြားဘဲ တက်လိုက်ကျလိုက် ဖြစ်တတ်တယ်မဟုတ်လား 😅 ဒါကြောင့် အိမ်မှာအမြဲရှိတဲ့ ဆေးဖက်ဝင်အပင်ကို အသုံးချဖြစ်တာပါ။ 🍃 နွေးထွေးတဲ့ ရှောက်ရွက်ပြုတ်ရည်က အကျိုးကျေးဇူးများစွာ ပေးပါတယ်: • သောက်လိုက်ရင် သွေးလေစီးဆင်းမှု ပိုကောင်းလာသလို ခံစားရတယ်။ • ခေါင်းလေးတာတွေ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ကို ပေါ့ပါးစေတယ်။ • အရင်ကလို သွေးတိုးက အရမ်းတက်လိုက်ကျလိုက် မဖြစ်တော့ဘဲ တည်ငြိမ်လာတာကို သိသိသာသာ သတိထားမိတယ်။ • သူ့ရဲ့ သင်းပျံ့တဲ့ရနံ့က စိတ်ကို အပန်းပြေစေပြီး ညအိပ်ရာမဝင်ခင် သောက်ရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ ✨ အိမ်မှာ ကိုယ်တိုင်လုပ်ရတာ အရမ်းလွယ်ကူပါတယ်: 1. ရှောက်ရွက်ရင့်ရင့် ၄-၅ ရွက်ခန့်ကို ခူးပြီး သန့်စင်အောင် ဆေးကြောပါ။ 2. ရေအိုးအသေးတစ်လုံးနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ 3. အပူချိန် အနည်းငယ်ကျသွားတဲ့အထိ ထားပြီးမှ တစ်နေ့တာလုံး အေးအေးဆေးဆေး တစ်ငုံချင်းစီ သောက်သုံးနိုင်ပါတယ်။ ဒီလိုမျိုး အနီးနားမှာရှိတဲ့ အရာလေးတွေက ခန္ဓာကိုယ်ကို တကယ်ပဲ ကောင်းကောင်းဂရုစိုက်ပေးနိုင်ပါတယ်။ သွေးတိုးတက်လွယ်တဲ့သူတွေရှိရင် စမ်းသပ်သောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ❤️🌿 #alinthitmedia
    Care
    1
    · 0 Comments ·0 Shares ·20 Views
  • ဟင်းနုနွယ်မြစ်ကို ပေါင်းပင်ဆိုပြီး အလွယ်တကူ ပစ်မထားပါနဲ့ဦး။ ဟင်းနုနွယ်ရွက်ကိုပဲ စားလေ့ရှိကြပေမယ့် တကယ်တော့ ဟင်းနုနွယ်မြစ်ဟာ လူအများသတိမထားမိတဲ့ အစွမ်းထက် ဆေးဖက်ဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးရာမှာ ကိုရီးယားဂျင်ဆင်းနဲ့တောင် တူတယ်လို့ ဆိုကြပါတယ်။သူ့ရဲ့ ဆေးဖက်ဝင်ပုံက တကယ်ကို အံ့ဩဖို့ကောင်းပါတယ် -
    • ခန္ဓာကိုယ်ကို အားအင်ပြည့်ဝစေခြင်း: ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး လူကို လန်းဆန်းတက်ကြွစေပါတယ်။
    • သွေးလေလည်ပတ်မှု ကောင်းမွန်စေခြင်း: သွေးလေလည်ပတ်မှု မှန်ကန်စေလို့ မျက်နှာကို သွေးရောင်လွှမ်းပြီး ကြည်လင်ဝင်းပစေပါတယ်။
    • နာကျင်ကိုက်ခဲမှု ပျောက်ကင်းစေခြင်း: ခါးနာ၊ ခါးကိုက်တာတွေကို သက်သာစေသလို ကိုယ်တွင်းအပူဒဏ်ကိုလည်း လျော့ကျစေပါတယ်။
    • အအေးမိ/နှာစေး သက်သာစေခြင်း: ဖျားနာတာကို လျော့ကျစေပြီး သလိပ်ကိုလည်း စင်ကြယ်စေပါတယ်။
    အသုံးပြုနည်း (အရမ်းလွယ်ကူပါတယ်)
    ၁။ ဟင်းရည်ချက်သောက်ခြင်း: ဟင်းနုနွယ်မြစ်ကို သန့်စင်ပြီး ဟင်းချို (သို့) စွပ်ပြုတ်ထဲ ထည့်ချက်သောက်နိုင်ပါတယ်။ ဟင်းရည်ကို သဘာဝအတိုင်း ချိုမြိန်စေပါတယ်။
    ၂။ ဆေးဖက်ဝင် လက်ဖက်ရည်ကြမ်း:
    • ဟင်းနုနွယ်မြစ် ၁ ခုကို ရေ ၁ လီတာနဲ့ ရောပါ။
    • ၁၅ မိနစ်ခန့် ဆူအောင် တည်ပေးပါ။
    • တစ်နေ့ကို ၂ ခွက်ကနေ ၃ ခွက်ထိ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို အားအင်ပြန်လည် ပြည့်ဝစေပါတယ်။
    အထူးဖော်စပ်နည်း (အားတိုးဆေးအဖြစ်):
    ဟင်းနုနွယ်မြစ်ကို အရက်ဖြူ (ပုလင်းကြီး) ထဲမှာ ၁၅ ရက်ခန့် စိမ်ထားပါ။ ညအိပ်ခါနီးတိုင်း တစ်ခွက် (အသေး) စပ်သောက်ပေးရင် ကိုရီးယားဂျင်ဆင်းထက်တောင် အစွမ်းထက်ပြီး အားအင်တွေ ပြည့်ဖြိုးလာပါလိမ့်မယ်။
    ဒီလို သဘာဝဆေးနည်းလေးတွေက ငွေကုန်ကြေးကျလည်း သက်သာသလို ဘေးထွက်ဆိုးကျိုးလည်း ကင်းစင်စေပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ!
    #alinthitmedia #health #ကျန်းမာရေး #သဘာဝဆေးနည်း #ဟင်းနုနွယ်မြစ် #အားတိုးဆေး #မြန်မာ့ဆေးဖက်ဝင်အပင်များ #သဘာဝအားဆေး #သွေးလေကောင်းစေရန် #ပင်ပန်းနွမ်းနယ်မှုပျောက်ကင်းစေရန်
    ဟင်းနုနွယ်မြစ်ကို ပေါင်းပင်ဆိုပြီး အလွယ်တကူ ပစ်မထားပါနဲ့ဦး။ ဟင်းနုနွယ်ရွက်ကိုပဲ စားလေ့ရှိကြပေမယ့် တကယ်တော့ ဟင်းနုနွယ်မြစ်ဟာ လူအများသတိမထားမိတဲ့ အစွမ်းထက် ဆေးဖက်ဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးရာမှာ ကိုရီးယားဂျင်ဆင်းနဲ့တောင် တူတယ်လို့ ဆိုကြပါတယ်။သူ့ရဲ့ ဆေးဖက်ဝင်ပုံက တကယ်ကို အံ့ဩဖို့ကောင်းပါတယ် - • ခန္ဓာကိုယ်ကို အားအင်ပြည့်ဝစေခြင်း: ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး လူကို လန်းဆန်းတက်ကြွစေပါတယ်။ • သွေးလေလည်ပတ်မှု ကောင်းမွန်စေခြင်း: သွေးလေလည်ပတ်မှု မှန်ကန်စေလို့ မျက်နှာကို သွေးရောင်လွှမ်းပြီး ကြည်လင်ဝင်းပစေပါတယ်။ • နာကျင်ကိုက်ခဲမှု ပျောက်ကင်းစေခြင်း: ခါးနာ၊ ခါးကိုက်တာတွေကို သက်သာစေသလို ကိုယ်တွင်းအပူဒဏ်ကိုလည်း လျော့ကျစေပါတယ်။ • အအေးမိ/နှာစေး သက်သာစေခြင်း: ဖျားနာတာကို လျော့ကျစေပြီး သလိပ်ကိုလည်း စင်ကြယ်စေပါတယ်။ 📌 အသုံးပြုနည်း (အရမ်းလွယ်ကူပါတယ်) ၁။ ဟင်းရည်ချက်သောက်ခြင်း: ဟင်းနုနွယ်မြစ်ကို သန့်စင်ပြီး ဟင်းချို (သို့) စွပ်ပြုတ်ထဲ ထည့်ချက်သောက်နိုင်ပါတယ်။ ဟင်းရည်ကို သဘာဝအတိုင်း ချိုမြိန်စေပါတယ်။ ၂။ ဆေးဖက်ဝင် လက်ဖက်ရည်ကြမ်း: • ဟင်းနုနွယ်မြစ် ၁ ခုကို ရေ ၁ လီတာနဲ့ ရောပါ။ • ၁၅ မိနစ်ခန့် ဆူအောင် တည်ပေးပါ။ • တစ်နေ့ကို ၂ ခွက်ကနေ ၃ ခွက်ထိ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို အားအင်ပြန်လည် ပြည့်ဝစေပါတယ်။ 🍶 အထူးဖော်စပ်နည်း (အားတိုးဆေးအဖြစ်): ဟင်းနုနွယ်မြစ်ကို အရက်ဖြူ (ပုလင်းကြီး) ထဲမှာ ၁၅ ရက်ခန့် စိမ်ထားပါ။ ညအိပ်ခါနီးတိုင်း တစ်ခွက် (အသေး) စပ်သောက်ပေးရင် ကိုရီးယားဂျင်ဆင်းထက်တောင် အစွမ်းထက်ပြီး အားအင်တွေ ပြည့်ဖြိုးလာပါလိမ့်မယ်။ ဒီလို သဘာဝဆေးနည်းလေးတွေက ငွေကုန်ကြေးကျလည်း သက်သာသလို ဘေးထွက်ဆိုးကျိုးလည်း ကင်းစင်စေပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ! #alinthitmedia #health #ကျန်းမာရေး #သဘာဝဆေးနည်း #ဟင်းနုနွယ်မြစ် #အားတိုးဆေး #မြန်မာ့ဆေးဖက်ဝင်အပင်များ #သဘာဝအားဆေး #သွေးလေကောင်းစေရန် #ပင်ပန်းနွမ်းနယ်မှုပျောက်ကင်းစေရန်
    Care
    1
    · 0 Comments ·0 Shares ·22 Views
More Results