• မှားပါတယ်ကိုသောင်းရယ်☺
    *******
    ""ဆရာ ကျွန်တော် အရက်ဖြတ်မှဖြစ်တော့မယ် ။ အခြေအနေကတော်တော်ဆိုးနေပြီ ။ မနေ့ညက သောက်ပြီးအိမ်ပြန်သွားတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ သားသမီးတွေကိုမမှတ်မိဘူးဖြစ်နေတယ်။ အိပ်ခန်းထဲဝင်သွားတော့ ကျွန်တော့်ဇနီးကိုလဲမမှတ်မိပြန်ဘူး ။ ပိုဆိုးတာက သူနဲ့အတူရှိနေတဲ့ အမျိုးသားက ကျွန်တော့်ကိုထိုးကြိတ်ပြီး ကျောက်လမ်းပေါ်လွှင့်ပစ်တယ် ဆရာ ။ ကျွန်တော်သတိရတော့ ဆရာ့ ဆေးခန်းရှေ့ ရောက်နေတယ် ၊ တစ်ခုခုတော့ ကြီးကြီးကျယ်ကျယ်မှားနေသလိုပဲ ဆရာ ""

    "" ခင်ဗျား အိမ်မှားတာပါ ။ ကျောက်လမ်းပေါ် ဆွဲထုတ်တာ အခြားလူတော့ မဟုတ်ဘူး ကျုပ်ပဲ ""
    ငင့်
    credit
    မှားပါတယ်ကိုသောင်းရယ်☺ ******* ""ဆရာ ကျွန်တော် အရက်ဖြတ်မှဖြစ်တော့မယ် ။ အခြေအနေကတော်တော်ဆိုးနေပြီ ။ မနေ့ညက သောက်ပြီးအိမ်ပြန်သွားတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ သားသမီးတွေကိုမမှတ်မိဘူးဖြစ်နေတယ်။ အိပ်ခန်းထဲဝင်သွားတော့ ကျွန်တော့်ဇနီးကိုလဲမမှတ်မိပြန်ဘူး ။ ပိုဆိုးတာက သူနဲ့အတူရှိနေတဲ့ အမျိုးသားက ကျွန်တော့်ကိုထိုးကြိတ်ပြီး ကျောက်လမ်းပေါ်လွှင့်ပစ်တယ် ဆရာ ။ ကျွန်တော်သတိရတော့ ဆရာ့ ဆေးခန်းရှေ့ ရောက်နေတယ် ၊ တစ်ခုခုတော့ ကြီးကြီးကျယ်ကျယ်မှားနေသလိုပဲ ဆရာ "" "" ခင်ဗျား အိမ်မှားတာပါ ။ ကျောက်လမ်းပေါ် ဆွဲထုတ်တာ အခြားလူတော့ မဟုတ်ဘူး ကျုပ်ပဲ "" ငင့်😭😭😭 credit
    Like
    Haha
    2
    · 0 Comments ·0 Shares ·676 Views
  • ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။

    ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။

    လောကမှာ အပြစ်ကင်းစင်ပြီး
    လုံးဝ စိတ်ထားကောင်းတဲ့သူဆိုတာ မရှိပါဘူး ။
    စိတ်ထားကောင်းအောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိတယ် ။

    အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိပါဘူး ။
    ပျော်အောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိပါတယ် ။

    အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာလည်း မရှိပါဘူး ။
    ရောက်တဲ့နေရာမှာ အဆင်ပြေအောင်
    ကြိုးစားနေထိုင်တဲ့ သူပဲ ရှိပါတယ် ။

    ဘဝမှာ
    ပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး ။
    လူတိုင်းမှာ ပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေကြီးပါ ။

    မွေးဖွားကြတယ် ။
    ရှင်သန်ကြတယ် ။
    ပြီးတော့ မဖြစ်မနေ သေဆုံးသွားကြတယ် ။
    တကယ်တမ်း တွေးကြည့်ရင် ဘဝဆိုတာ တိုတိုလေးပါ ။

    ဒါကြောင့်
    စိတ်ညစ်လည်း တစ်နေ့ ။ ပျော်လည်း တစ်နေ့ ။
    အချိန်တွေ ကုန်ဆုံးသွားမည့်အတူတူ
    နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာ ဖြတ်သန်းပါ ။

    #မေတ္တာဖြင့် Htun-စာပေ #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်
    ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။ ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။ လောကမှာ အပြစ်ကင်းစင်ပြီး လုံးဝ စိတ်ထားကောင်းတဲ့သူဆိုတာ မရှိပါဘူး ။ စိတ်ထားကောင်းအောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိတယ် ။ အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိပါဘူး ။ ပျော်အောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိပါတယ် ။ အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာလည်း မရှိပါဘူး ။ ရောက်တဲ့နေရာမှာ အဆင်ပြေအောင် ကြိုးစားနေထိုင်တဲ့ သူပဲ ရှိပါတယ် ။ ဘဝမှာ ပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး ။ လူတိုင်းမှာ ပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေကြီးပါ ။ မွေးဖွားကြတယ် ။ ရှင်သန်ကြတယ် ။ ပြီးတော့ မဖြစ်မနေ သေဆုံးသွားကြတယ် ။ တကယ်တမ်း တွေးကြည့်ရင် ဘဝဆိုတာ တိုတိုလေးပါ ။ ဒါကြောင့် စိတ်ညစ်လည်း တစ်နေ့ ။ ပျော်လည်း တစ်နေ့ ။ အချိန်တွေ ကုန်ဆုံးသွားမည့်အတူတူ နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာ ဖြတ်သန်းပါ ။ #မေတ္တာဖြင့် Htun-စာပေ #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·730 Views
  • ဆေးလိပ်သောက်သူများ ဖတ်ရန်
    ---------------------------------------

    ဒီစာကို ဖတ်နေပြီဆိုရင် သင်က
    ဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။

    သင်က နှစ်ရှည်လများ
    ဆေးလိပ်ကိုသောက်နေခဲ့တယ်။
    ကိုယ်တိုင်က စသောက်တာပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေက
    မြှောက်ပေးခဲ့လို့ပဲဖြစ်ဖြစ် အခုချိန်မှာတော့
    သင်က ဆေးလိပ်ကို
    မသောက်ရမနေနိုင်ဖြစ်နေပြီ၊
    ဆေးလိပ်ကို ရပ်လို့မရတော့ဘူး
    ထင်နေရင်တော့ သင်မှားနေပါပြီ။

    ဆေးလိပ်သောက်တဲ့သူတွေ မသိသေးတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါတယ်။
    ဒါကဘာလဲဆိုရင် ဆေးလိပ်ကိုဖြတ်လိုက်တဲ့
    အချိန်က စပြီး နာရီပိုင်းအတွင်းမှာပဲ
    သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေစပြီး
    ဖြစ်လာပါတယ်။
    အဲဒီပြောင်းလဲမှုတွေက ဘာတွေလဲဆိုတာကို ကြည့်လိုက်ရအောင်။

    ဆေးလိပ်မသောက်တော့တဲ့
    တစ်နာရီအတွင်းမှာ-သင့်ရဲ့နှလုံးခုန်နှုန်းက
    စပြီးစည်းချက်မှန်လာတယ်။
    တိုးနေတဲ့သွေးပေါင်ချိန်က
    တဖြည်းဖြည်းကျလာတယ်။
    မကြာခဏအေးစက်နေတဲ့
    လက်ဖျားခြေဖျားတွေက
    သွေးလည်ပတ်မှုကြောင့် ပူနွေးလာတယ်။
    ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို
    စပြီးခံစားနေရတာပဲ ဖြစ်ပါတယ်။

    (၈) နာရီလောက် ဆေးလိပ်နဲ့
    ဝေးသွားတဲ့အခါ-
    သင့်သွေးထဲက ကာဗွန်မိုနောက်ဆိုဒ်
    ပါဝင်မှုက ကျဆင်းသွားပါတယ်။
    ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ
    သင့်အတွက် အဆိပ်ပါ။
    အောက်ဆီဂျင်ပမာဏ ပုံမှန်ပြန်ဖြစ်လာတယ်။
    ဒီအချိန်မှာ သင့်ရဲ့ဦးနှောက်နဲ့ နှလုံးက
    ပြန်လည်အသက်ရှင်သန်ခြင်းရဲ့
    အရသာကို ခံစားနေရပါပြီ။
    စိတ်နဲ့ ခန္ဓာကိုယ် ပေါ့ပါးလာတယ်၊
    အသက်ရှူရတာ ပိုပြီး အဆင်ပြေလာပါတယ်။

    ဆေးလိပ်ဖြတ်ပြီး (၂) ရက်ကြာတဲ့အခါ-
    နှစ်ပေါင်းများစွာက သင်မသတိထားမိခဲ့တဲ့
    အနံ့တွေကို ပြန်ပြီးခံစားနေရပါပြီ။
    အစားအသောက်တွေရဲ့အရသာက
    ခါတိုင်းထက် ပိုကောင်းလာပါတယ်။
    သင့်ရဲ့လျှာကလည်း အာရုံခံစားမှု
    ပိုကောင်းလာပါတယ်။
    ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က
    သူ့ဘာသာသူ သန့်စင်နေပါပြီ။

    ၂ ပတ်ကနေ( ၃) လအတွင်း-
    သင့်ရဲ့အဆုတ်တွေ
    ပြန်လည်ကောင်းမွန်လာတယ်။
    ချောင်းဆိုးတာ နည်းသွားတယ်။
    အရင်ကလို သိပ်မမောဘဲ ပိုကြာကြာ
    လမ်းလျှောက်နိုင်လာတယ်။
    သွေးလည်ပတ်မှု ကောင်းမွန်လာတယ်။
    ရုတ်တရက် နှလုံးဖောက်နိုင်ခြေ စပြီး
    ကျဆင်းလာပါတယ်။

    ၁ နှစ်ကြာတဲ့အခါမှာတော့-
    နှလုံးရောဂါဖြစ်ပွါးနိုင်ခြေက ၅၀% အထိ
    ကျဆင်းသွားပါတယ်။
    ဟုတ်ပါတယ် - တဝက်တိတိပါ။
    သင့်နှလုံးက ပိုပြီးအားကောင်းကောင်းနဲ့
    ခုန်လာတယ်။
    သင့်အသားအရေက ပိုပြီးစိုပြေလာတယ်။
    ဒီအချိန်မှာတော့ ခန္ဓာကိုယ်ကလည်း
    ပိုနုပျိုလာတယ်လို့ ခံစားနေရပါပြီ။

    ၅ နှစ်ကနေ ၁၀ နှစ်အထိ
    တောင့်ထားနိုင်ရင်တော့-
    လေဖြတ်နိုင်ခြေနဲ့ အဆုတ်ကင်ဆာ
    ဖြစ်ပွားနိုင်ခြေတွေ သိသိသာသာ
    ကျဆင်းသွားပါလိမ့်မယ်။

    ဒါကြောင့် သင်ကဆေးလိပ်ဖြတ်ဖို့
    နောက်မကျသေးပါဘူး။
    ဒီဗီဒီယိုပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့
    စဉ်းစားကြည့်ပါ။

    ဆေးလိပ်ဘယ်လိုဖြတ်ရမလဲ?

    ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရင်
    အရမ်းစိတ်မလှုပ်ရှားပါနဲ့။
    အသက်ကို ပြင်းပြင်းရှူသွင်းပါ။
    ရေသောက်ပါ။
    အာရုံပြောင်းပါ။
    လမ်းလျှောက်ပါ၊ အကြောဆန့်ပါ၊ တစ်ယောက်ယောက်နဲ့ စကားပြောပါ။
    ဆေးလိပ်သောက်ချင်စိတ်က
    ခဏပဲလို့ ကိုယ့်ကိုယ်ကို ပြန်ပြောပါ။

    ဆေးလိပ်သောက်တယ်ဆိုတာ
    အကျင့်တစ်ခုပါ။
    အကျင့်တစ်ခုဟာ
    ဖျောက်ပစ်ဖို့ခက်ပါတယ်။
    ဒါပေမယ့် အစားထိုးဖို့ကတော့ လွယ်ပါတယ်။

    ကော်ဖီသောက်ပြီး ဆေးလိပ်သောက်တတ်တဲ့
    အကျင့်ရှိရင်- ကော်ဖီအစား လ္ဘက်ရည်နဲ့
    အစားထိုးလိုက်ပါ။
    ထမင်းစားပြီးပြီးချင်း သို့မဟုတ်
    ကားမောင်းရင်းဆေးလိပ်သောက်တတ်ရင် — သကြားမပါတဲ့ ပီကေဝါးပါ။
    ပျင်းလာလို့ ဆေးလိပ်သောက်ချင်လာရင် —
    ခဏလမ်းထလျှောက်ပါ၊
    ရေသောက်ပါ၊ (သို့) ဖုန်း ခဏလောက်
    သုံးလိုက်ပါ။

    ဆေးလိပ်မသောက်ဘဲ နေနိုင်တဲ့
    နေ့တိုင်းဟာ အောင်ပွဲတစ်ခုပါပဲ။
    ဘယ်လောက်သေးသေးလေးပဲဖြစ်ဖြစ်
    ကိုယ့်ရဲ့တိုးတက်မှုကို ချီးကျူးပါ။

    သင်တန်ဖိုးထားရတဲ့သူတွေနဲ့ သက်တမ်းစေ့ နေထိုင်သွားချင်တယ်ဆိုရင်
    ဒီစာလေးဖတ်ပြီးတာနဲ့
    ဆေးလိပ်ဖြတ်ဖို့ စဉ်းစားကြည့်ပါ။

    Crd .
    Share
    ဆေးလိပ်သောက်သူများ ဖတ်ရန် --------------------------------------- ဒီစာကို ဖတ်နေပြီဆိုရင် သင်က ဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။ သင်က နှစ်ရှည်လများ ဆေးလိပ်ကိုသောက်နေခဲ့တယ်။ ကိုယ်တိုင်က စသောက်တာပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေက မြှောက်ပေးခဲ့လို့ပဲဖြစ်ဖြစ် အခုချိန်မှာတော့ သင်က ဆေးလိပ်ကို မသောက်ရမနေနိုင်ဖြစ်နေပြီ၊ ဆေးလိပ်ကို ရပ်လို့မရတော့ဘူး ထင်နေရင်တော့ သင်မှားနေပါပြီ။ ဆေးလိပ်သောက်တဲ့သူတွေ မသိသေးတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါတယ်။ ဒါကဘာလဲဆိုရင် ဆေးလိပ်ကိုဖြတ်လိုက်တဲ့ အချိန်က စပြီး နာရီပိုင်းအတွင်းမှာပဲ သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေစပြီး ဖြစ်လာပါတယ်။ အဲဒီပြောင်းလဲမှုတွေက ဘာတွေလဲဆိုတာကို ကြည့်လိုက်ရအောင်။ ဆေးလိပ်မသောက်တော့တဲ့ တစ်နာရီအတွင်းမှာ-သင့်ရဲ့နှလုံးခုန်နှုန်းက စပြီးစည်းချက်မှန်လာတယ်။ တိုးနေတဲ့သွေးပေါင်ချိန်က တဖြည်းဖြည်းကျလာတယ်။ မကြာခဏအေးစက်နေတဲ့ လက်ဖျားခြေဖျားတွေက သွေးလည်ပတ်မှုကြောင့် ပူနွေးလာတယ်။ ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စပြီးခံစားနေရတာပဲ ဖြစ်ပါတယ်။ (၈) နာရီလောက် ဆေးလိပ်နဲ့ ဝေးသွားတဲ့အခါ- သင့်သွေးထဲက ကာဗွန်မိုနောက်ဆိုဒ် ပါဝင်မှုက ကျဆင်းသွားပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ သင့်အတွက် အဆိပ်ပါ။ အောက်ဆီဂျင်ပမာဏ ပုံမှန်ပြန်ဖြစ်လာတယ်။ ဒီအချိန်မှာ သင့်ရဲ့ဦးနှောက်နဲ့ နှလုံးက ပြန်လည်အသက်ရှင်သန်ခြင်းရဲ့ အရသာကို ခံစားနေရပါပြီ။ စိတ်နဲ့ ခန္ဓာကိုယ် ပေါ့ပါးလာတယ်၊ အသက်ရှူရတာ ပိုပြီး အဆင်ပြေလာပါတယ်။ ဆေးလိပ်ဖြတ်ပြီး (၂) ရက်ကြာတဲ့အခါ- နှစ်ပေါင်းများစွာက သင်မသတိထားမိခဲ့တဲ့ အနံ့တွေကို ပြန်ပြီးခံစားနေရပါပြီ။ အစားအသောက်တွေရဲ့အရသာက ခါတိုင်းထက် ပိုကောင်းလာပါတယ်။ သင့်ရဲ့လျှာကလည်း အာရုံခံစားမှု ပိုကောင်းလာပါတယ်။ ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က သူ့ဘာသာသူ သန့်စင်နေပါပြီ။ ၂ ပတ်ကနေ( ၃) လအတွင်း- သင့်ရဲ့အဆုတ်တွေ ပြန်လည်ကောင်းမွန်လာတယ်။ ချောင်းဆိုးတာ နည်းသွားတယ်။ အရင်ကလို သိပ်မမောဘဲ ပိုကြာကြာ လမ်းလျှောက်နိုင်လာတယ်။ သွေးလည်ပတ်မှု ကောင်းမွန်လာတယ်။ ရုတ်တရက် နှလုံးဖောက်နိုင်ခြေ စပြီး ကျဆင်းလာပါတယ်။ ၁ နှစ်ကြာတဲ့အခါမှာတော့- နှလုံးရောဂါဖြစ်ပွါးနိုင်ခြေက ၅၀% အထိ ကျဆင်းသွားပါတယ်။ ဟုတ်ပါတယ် - တဝက်တိတိပါ။ သင့်နှလုံးက ပိုပြီးအားကောင်းကောင်းနဲ့ ခုန်လာတယ်။ သင့်အသားအရေက ပိုပြီးစိုပြေလာတယ်။ ဒီအချိန်မှာတော့ ခန္ဓာကိုယ်ကလည်း ပိုနုပျိုလာတယ်လို့ ခံစားနေရပါပြီ။ ၅ နှစ်ကနေ ၁၀ နှစ်အထိ တောင့်ထားနိုင်ရင်တော့- လေဖြတ်နိုင်ခြေနဲ့ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေတွေ သိသိသာသာ ကျဆင်းသွားပါလိမ့်မယ်။ ဒါကြောင့် သင်ကဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။ ဒီဗီဒီယိုပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့ စဉ်းစားကြည့်ပါ။ ဆေးလိပ်ဘယ်လိုဖြတ်ရမလဲ? ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရင် အရမ်းစိတ်မလှုပ်ရှားပါနဲ့။ အသက်ကို ပြင်းပြင်းရှူသွင်းပါ။ ရေသောက်ပါ။ အာရုံပြောင်းပါ။ လမ်းလျှောက်ပါ၊ အကြောဆန့်ပါ၊ တစ်ယောက်ယောက်နဲ့ စကားပြောပါ။ ဆေးလိပ်သောက်ချင်စိတ်က ခဏပဲလို့ ကိုယ့်ကိုယ်ကို ပြန်ပြောပါ။ ဆေးလိပ်သောက်တယ်ဆိုတာ အကျင့်တစ်ခုပါ။ အကျင့်တစ်ခုဟာ ဖျောက်ပစ်ဖို့ခက်ပါတယ်။ ဒါပေမယ့် အစားထိုးဖို့ကတော့ လွယ်ပါတယ်။ ကော်ဖီသောက်ပြီး ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင်- ကော်ဖီအစား လ္ဘက်ရည်နဲ့ အစားထိုးလိုက်ပါ။ ထမင်းစားပြီးပြီးချင်း သို့မဟုတ် ကားမောင်းရင်းဆေးလိပ်သောက်တတ်ရင် — သကြားမပါတဲ့ ပီကေဝါးပါ။ ပျင်းလာလို့ ဆေးလိပ်သောက်ချင်လာရင် — ခဏလမ်းထလျှောက်ပါ၊ ရေသောက်ပါ၊ (သို့) ဖုန်း ခဏလောက် သုံးလိုက်ပါ။ ဆေးလိပ်မသောက်ဘဲ နေနိုင်တဲ့ နေ့တိုင်းဟာ အောင်ပွဲတစ်ခုပါပဲ။ ဘယ်လောက်သေးသေးလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့တိုးတက်မှုကို ချီးကျူးပါ။ သင်တန်ဖိုးထားရတဲ့သူတွေနဲ့ သက်တမ်းစေ့ နေထိုင်သွားချင်တယ်ဆိုရင် ဒီစာလေးဖတ်ပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့ စဉ်းစားကြည့်ပါ။ Crd . Share
    Like
    Care
    2
    · 0 Comments ·0 Shares ·982 Views
  • သေခါနီး ဘာကို နှလုံးသွင်းမလဲ
    *********************

    ထွက်လေ ဝင်လေကိုလည်း အားမကိုးပါနဲ့။
    သေဝေဒနာကို အာနာပါနအဆင့်နဲ့ မဖြိုနိုင်ပါဘူး။ အဖေ အမေ ချစ်သူ ခင်သူ ဘယ်သူ့ကိုမှ အားကိုးဖို့ မမျှော်လင့်ပါနဲ့။ ဝိပဿနာကိုသာ အားကိုးပါ။

    မနေခင် အမြဲနှလုံးသွင်းနေတာက လောဘ - ဒေါသ - မောဟ။ လောဘနှင့်သေ
    ပြိတ္တာ၊ ဒေါသနှင့်သေ ငရဲ၊ မောဟနှင့်သေ တိရစ္ဆာန်။ ကြိုက်ရာလမ်းကိုရွေး။ဒီလမ်းတွေကို မကြိုက်မှန်းသိရင် ဒီစိတ်နဲ့ မသေနဲ့ပေါ့ရှင်းရှင်းလေးပါ။

    လောဘ၊ ဒေါသ၊ မောဟနဲ့ရောပြီး အာသန္နကံအဖြတ်ကောင်းလို့ လူဖြစ်သော်လည်း အဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။ တိရစ္ဆာန်အသိစိတ်နဲ့ လူဖြစ်လေတော့ မဂ်ရဖို့ အတော်ဝေးဝေးပဲ။

    အလောဘ၊ အဒေါသ ဒီနှစ်ပါးနဲ့သေရင် ဒွိဟိတ်ပုဂ္ဂိုလ်၊ ကလျာဏပုထုဇဉ်၊ သူတော်ကောင်းဖြစ်လိမ့်မယ်။ အလောဘ၊ အဒေါသ၊ အမောဟနဲ့ သေရင်(ဝိပဿနာ နှလုံးသွင်း၍ သေသောသူ) တိဟိတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။

    ရောက်ရာ သုဂတိဘဝ၌ အပါယ်ပိတ်တရားနှင့် တွေ့ရပါမည်။ ယခုဘဝမှာ သစ္စာတရားကို အလွန်ကြိုက်လျှင်၊ သံသရာမှလွတ်မြောက်လိုသော စိတ်အလျဉ်အားကောင်းလျှင် တိဟိတ်ပုဂ္ဂိုလ်။

    ယခုဘဝမှာပင် အပါယ်တံခါးပိတ်၍ သုဂတိမှ နိဗ္ဗာန်ထိအောင်ပါပဲ။ တရားလည်းနာ နာတဲ့အတိုင်းလည်း ကျင့်ကြံနေသူတွေပါ။ ယခုဘဝမှာ ဒါနတရား၊ သီလတရားနှင့်သာ ပျော်မွေ့နေရင် ဒွိဟိတ်ပုဂ္ဂိုလ်။ သူတော်ကောင်းပါပဲ။ သို့သော် အပါယ်တံခါး မပိတ်သေးပါဘူး။

    ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ ဘုရားတရားကိုနာရ၍သော်လည်းကောင်း၊ သက္ကာယဒိဋ္ဌိပြုတ်အောင်ဟောနိုင်တဲ့ ဘုရားသားတော် တပည့်သားများနဲ့ဆရာသမားများနဲ့တွေ့လို့ အဲ့ဒီတရားမျိုးကိုနာရ၍သော်
    လည်းကောင်းဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုရင် အရင်နာဖူးတဲ့တရားကို ကိုယ့်ဟာကိုယ်ရှုပွားပြီး၊ ဒါကလည်း နာဖူးတဲ့တရားရှိမှနော်၊ သက္ကာယဒိဋ္ဌိဖြုတ်တဲ့ တရားကိုနားဖူးမှသာ ရပါမယ်။

    ပန်းကလေးလှူတာ အောက်မေ့ပါတယ်၊ ညောင်ရေအိုးကလေး အောက်မေ့ပါတယ်၊ ဒီလောက်ပြောနေတာမဟုတ်ဘူး။ ပန်း ညောင်ရေအိုးဆိုတာက ဒါနကုသိုလ်မို့ နတ်ပြည် သုဂတိကိုတော့ မုချကျေးဇူးများမယ်။

    ဒီမှာက ဒီလိုမဟုတ်ဘူး....... ဝေဒနာနိရောဓာ ဖြစ်တဲ့အတွက် တဏှာနိရောဓော ဒိဋ္ဌိနိရောဓော အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်ပါတယ်။

    ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး၊ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကိုလုပ်ပြီး သေမယ်ဆိုရင် မသေခင်စပ်ကြား သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်နိုင်ပါတယ်။ သို့တည်းမဟုတ် အရိယာမဖြစ်ဘဲ သေခဲ့သည်ရှိသော်လည်း နောင်ဘဝမှာ အရိယာဖြစ်နိုင်ပါတယ်။

    မိုးကုတ်ဆရာတော်ဘုရားကြီး

    သေခါနီး ဘာကို နှလုံးသွင်းမလဲ ********************* ထွက်လေ ဝင်လေကိုလည်း အားမကိုးပါနဲ့။ သေဝေဒနာကို အာနာပါနအဆင့်နဲ့ မဖြိုနိုင်ပါဘူး။ အဖေ အမေ ချစ်သူ ခင်သူ ဘယ်သူ့ကိုမှ အားကိုးဖို့ မမျှော်လင့်ပါနဲ့။ ဝိပဿနာကိုသာ အားကိုးပါ။ မနေခင် အမြဲနှလုံးသွင်းနေတာက လောဘ - ဒေါသ - မောဟ။ လောဘနှင့်သေ ပြိတ္တာ၊ ဒေါသနှင့်သေ ငရဲ၊ မောဟနှင့်သေ တိရစ္ဆာန်။ ကြိုက်ရာလမ်းကိုရွေး။ဒီလမ်းတွေကို မကြိုက်မှန်းသိရင် ဒီစိတ်နဲ့ မသေနဲ့ပေါ့ရှင်းရှင်းလေးပါ။ လောဘ၊ ဒေါသ၊ မောဟနဲ့ရောပြီး အာသန္နကံအဖြတ်ကောင်းလို့ လူဖြစ်သော်လည်း အဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။ တိရစ္ဆာန်အသိစိတ်နဲ့ လူဖြစ်လေတော့ မဂ်ရဖို့ အတော်ဝေးဝေးပဲ။ အလောဘ၊ အဒေါသ ဒီနှစ်ပါးနဲ့သေရင် ဒွိဟိတ်ပုဂ္ဂိုလ်၊ ကလျာဏပုထုဇဉ်၊ သူတော်ကောင်းဖြစ်လိမ့်မယ်။ အလောဘ၊ အဒေါသ၊ အမောဟနဲ့ သေရင်(ဝိပဿနာ နှလုံးသွင်း၍ သေသောသူ) တိဟိတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။ ရောက်ရာ သုဂတိဘဝ၌ အပါယ်ပိတ်တရားနှင့် တွေ့ရပါမည်။ ယခုဘဝမှာ သစ္စာတရားကို အလွန်ကြိုက်လျှင်၊ သံသရာမှလွတ်မြောက်လိုသော စိတ်အလျဉ်အားကောင်းလျှင် တိဟိတ်ပုဂ္ဂိုလ်။ ယခုဘဝမှာပင် အပါယ်တံခါးပိတ်၍ သုဂတိမှ နိဗ္ဗာန်ထိအောင်ပါပဲ။ တရားလည်းနာ နာတဲ့အတိုင်းလည်း ကျင့်ကြံနေသူတွေပါ။ ယခုဘဝမှာ ဒါနတရား၊ သီလတရားနှင့်သာ ပျော်မွေ့နေရင် ဒွိဟိတ်ပုဂ္ဂိုလ်။ သူတော်ကောင်းပါပဲ။ သို့သော် အပါယ်တံခါး မပိတ်သေးပါဘူး။ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ ဘုရားတရားကိုနာရ၍သော်လည်းကောင်း၊ သက္ကာယဒိဋ္ဌိပြုတ်အောင်ဟောနိုင်တဲ့ ဘုရားသားတော် တပည့်သားများနဲ့ဆရာသမားများနဲ့တွေ့လို့ အဲ့ဒီတရားမျိုးကိုနာရ၍သော် လည်းကောင်းဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုရင် အရင်နာဖူးတဲ့တရားကို ကိုယ့်ဟာကိုယ်ရှုပွားပြီး၊ ဒါကလည်း နာဖူးတဲ့တရားရှိမှနော်၊ သက္ကာယဒိဋ္ဌိဖြုတ်တဲ့ တရားကိုနားဖူးမှသာ ရပါမယ်။ ပန်းကလေးလှူတာ အောက်မေ့ပါတယ်၊ ညောင်ရေအိုးကလေး အောက်မေ့ပါတယ်၊ ဒီလောက်ပြောနေတာမဟုတ်ဘူး။ ပန်း ညောင်ရေအိုးဆိုတာက ဒါနကုသိုလ်မို့ နတ်ပြည် သုဂတိကိုတော့ မုချကျေးဇူးများမယ်။ ဒီမှာက ဒီလိုမဟုတ်ဘူး....... ဝေဒနာနိရောဓာ ဖြစ်တဲ့အတွက် တဏှာနိရောဓော ဒိဋ္ဌိနိရောဓော အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး၊ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကိုလုပ်ပြီး သေမယ်ဆိုရင် မသေခင်စပ်ကြား သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်နိုင်ပါတယ်။ သို့တည်းမဟုတ် အရိယာမဖြစ်ဘဲ သေခဲ့သည်ရှိသော်လည်း နောင်ဘဝမှာ အရိယာဖြစ်နိုင်ပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး 🌿🌺🙏🙏🙏🙏🙏🙏🙏🙏🙏🙏🌺🌿
    Love
    Care
    2
    · 0 Comments ·0 Shares ·737 Views
  • သိပ်ပြီးတော့ တွေဝေမနေပါနဲ့
    ------------------------------
    ကိုယ့် မေတ္တာ စေတနာတွေ
    တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို
    ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့
    မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့
    အချိန်မဆွဲပါနဲ့။

    ကိုယ့်ကို နာကျင်စေခဲ့တဲ့
    အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။

    ကိုယ့်ကို စာနာနားလည်ပေးပြီး
    ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင်
    သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။

    တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။
    ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။

    ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။
    လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့
    ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့။

    တချို့အရာတွေက လွှတ်ချလိုက်တာနဲ့
    ဘဝဟာ ပေါ့ပါးသွားတယ်။
    တချို့အရာတွေကျတော့
    မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။

    with respect - credit
    #knowledge #life lesson
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့ ------------------------------ ကိုယ့် မေတ္တာ စေတနာတွေ တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့ မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်ကို နာကျင်စေခဲ့တဲ့ အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။ ကိုယ့်ကို စာနာနားလည်ပေးပြီး ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင် သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။ တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။ ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။ ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။ လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့ ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့ သိပ်ပြီးတော့ တွေဝေမနေပါနဲ့။ တချို့အရာတွေက လွှတ်ချလိုက်တာနဲ့ ဘဝဟာ ပေါ့ပါးသွားတယ်။ တချို့အရာတွေကျတော့ မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။ with respect - credit #knowledge #life lesson
    Care
    1
    · 0 Comments ·0 Shares ·346 Views
  • စိတ်ကို ကြည်လင်အောင်ထားပါ

    မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်ထားပါ။ စိတ်ကြည်လင်နေရင် ကိုယ်ရဲ့အတွေးတွေ မှန်ကန်လာမယ် ။ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ ကောင်းလာမယ် ။ အခက်အခဲတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းလာနိုင်မယ် ။ ဒါတွေဟာ စိတ်ကြည်လင်နေခြင်းရဲ့ အကျိုးတွေပဲ ဖြစ်ပါတယ် ။

    လူတစ်ယောက် စိတ်တွေရှုပ်ထွေးနေမယ် ။ စိတ်တွေမွန်းကျပ်နေတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဖြေးရှင်းဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေ ရရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် မိမိကြုံတွေ့နေရတဲ့အရာတွေကို ခဏလေးမေ့ထားပြီးတော့ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် အရင်ကြိုးစားလိုက်ပါ ။

    ဘယ်အရာကိုမှ စိတ်ထဲနှစ်ပြီးတော့ အရမ်းကြီးခံစားမနေလိုက်ပါနဲ့ ။ ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောတွေရှိနေတဲ့အတွက်ကြောင့် မိမိရဲ့စိတ်ကို အပင်ပန်းခံပြီးတော့ ရင်ထဲမှာ ခံစားမနေလိုက်ပါနဲ့နော် ။

    မိမိရဲ့စိတ်တွေ အေးချမ်းပျော်ရွှင်စေဖို့ ။ မိမိရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ဖို့ဆိုရင် မိမိရဲ့စိတ်ကို
    အတတ်နိုင်ဆုံး ကြည်လင်နေအောင် ထားရပါမယ် ။ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် မထားနိုင်ရင်တော့ လုပ်ဆောင်မှုတွေဟာ အလွဲလွဲအချော်ချော်တွေပဲ ဖြစ်လာပါလိမ့်မယ် ။မိမိရဲ့ဘဝမှာ အရာအားလုံး အကောင်းဆုံးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မိမိရဲ့စိတ်ကို
    အရင်ဆုံးကြည်လင်အောင်ထားပါ ။

    တန်ဖိုးထားတဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ
    အရှင်ဇဝန (ရွှေကုန်းမြေ)

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့် #မူရင်းရေးသားသူအားလေးစားလျှက်
    🌻စိတ်ကို ကြည်လင်အောင်ထားပါ🌻 🍀🍀🍀🍀🍀🍀🍀🍀 မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်ထားပါ။ စိတ်ကြည်လင်နေရင် ကိုယ်ရဲ့အတွေးတွေ မှန်ကန်လာမယ် ။ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ ကောင်းလာမယ် ။ အခက်အခဲတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းလာနိုင်မယ် ။ ဒါတွေဟာ စိတ်ကြည်လင်နေခြင်းရဲ့ အကျိုးတွေပဲ ဖြစ်ပါတယ် ။ လူတစ်ယောက် စိတ်တွေရှုပ်ထွေးနေမယ် ။ စိတ်တွေမွန်းကျပ်နေတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဖြေးရှင်းဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေ ရရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် မိမိကြုံတွေ့နေရတဲ့အရာတွေကို ခဏလေးမေ့ထားပြီးတော့ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် အရင်ကြိုးစားလိုက်ပါ ။ ဘယ်အရာကိုမှ စိတ်ထဲနှစ်ပြီးတော့ အရမ်းကြီးခံစားမနေလိုက်ပါနဲ့ ။ ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောတွေရှိနေတဲ့အတွက်ကြောင့် မိမိရဲ့စိတ်ကို အပင်ပန်းခံပြီးတော့ ရင်ထဲမှာ ခံစားမနေလိုက်ပါနဲ့နော် ။ မိမိရဲ့စိတ်တွေ အေးချမ်းပျော်ရွှင်စေဖို့ ။ မိမိရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ဖို့ဆိုရင် မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်နေအောင် ထားရပါမယ် ။ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် မထားနိုင်ရင်တော့ လုပ်ဆောင်မှုတွေဟာ အလွဲလွဲအချော်ချော်တွေပဲ ဖြစ်လာပါလိမ့်မယ် ။မိမိရဲ့ဘဝမှာ အရာအားလုံး အကောင်းဆုံးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မိမိရဲ့စိတ်ကို အရင်ဆုံးကြည်လင်အောင်ထားပါ ။ 📖တန်ဖိုးထားတဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ 📖 ✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့် #မူရင်းရေးသားသူအားလေးစားလျှက်
    Care
    1
    · 0 Comments ·0 Shares ·574 Views
  • (၁) ပြုံးပါ။

    အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။

    (၂) နားထောင်ပါ။

    တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။

    (၃) မနှိုင်းယှဉ်ပါနဲ့။

    သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။

    (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။

    လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

    (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။

    သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။

    (၆) ချီးမွမ်းစကားပြောဆိုပါ။

    တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။

    (၇) သူများမကောင်းကြောင်း မပြောပါနဲ့။

    သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။

    (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။

    လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။

    (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။

    ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။

    (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။

    ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    (၁) ပြုံးပါ။ အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။ (၂) နားထောင်ပါ။ တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။ (၃) မနှိုင်းယှဉ်ပါနဲ့။ သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။ (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။ လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။ (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။ သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။ (၆) ချီးမွမ်းစကားပြောဆိုပါ။ တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။ (၇) သူများမကောင်းကြောင်း မပြောပါနဲ့။ သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။ (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။ လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။ (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။ ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။ (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။ ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    Care
    1
    · 0 Comments ·0 Shares ·558 Views
  • "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့
    ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ်

    လူ့လောကမှာ မေတ္တာတရား
    ဘယ်လောက်ကြီးမားကြီးမား
    စေတနာဘယ်လောက်ထားထား

    အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ
    လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ

    ဒီလိုမှမဟုတ်ရင် ရေ နဲ့ ဆီ လိုပဲ
    ရေကရေသပ်သပ်
    ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ

    မေ တ္တာ က မေ တ္တာ သပ်သပ်
    ဗီဇက ဗီဇသပ်သပ်
    ဘယ်လိုမှ ထပ်တူကျမနေရင်
    မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ်
    မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို
    လက်ခံနိုင်မှာမဟုတ်ဘူး

    ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ
    အမှန်တရားပါပဲ။
    "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့ ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ် လူ့လောကမှာ မေတ္တာတရား ဘယ်လောက်ကြီးမားကြီးမား စေတနာဘယ်လောက်ထားထား အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ ဒီလိုမှမဟုတ်ရင် ရေ နဲ့ ဆီ လိုပဲ ရေကရေသပ်သပ် ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ မေ တ္တာ က မေ တ္တာ သပ်သပ် ဗီဇက ဗီဇသပ်သပ် ဘယ်လိုမှ ထပ်တူကျမနေရင် မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ် မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို လက်ခံနိုင်မှာမဟုတ်ဘူး ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ အမှန်တရားပါပဲ။
    Care
    1
    · 0 Comments ·0 Shares ·277 Views
  • • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။

    • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။

    > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ <

    • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။

    • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။

    • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။

    • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။

    • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။

    • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်)

    > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း <

    1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။

    2. အသီးများကို အသာအယာ ထုပေးပါ။

    3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။

    4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။

    • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #ကျန်းမာရေး #ဗဟုသုတ #စာပေ
    #နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
    #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
    #လေးစားစွာဖြင့်မူရင်းရေးသားသူကို
    #creditပေးပါတယ် #P_Chan #hashtag
    #fbviralpost2025シ #fblifestyles
    • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။ > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ < • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။ • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။ • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။ • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။ • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။ • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်) > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း < 1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။ 2. အသီးများကို အသာအယာ ထုပေးပါ။ 3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။ 4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။ • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #ကျန်းမာရေး #ဗဟုသုတ #စာပေ #နွယ်မြက်သစ်ပင်ဆေးဖက်ဝင် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကို #creditပေးပါတယ် #P_Chan #hashtag #fbviralpost2025シ #fblifestyles
    Care
    1
    · 0 Comments ·0 Shares ·666 Views
  • အိမ်သာသွားတာခနခနရှိပြီ ဗိုက်ထဲကနေ အောင့်ပြီး ဝမ်းသွားချင်ပေမယ့် တကယ်သွားတဲ့အခါ ဝမ်းမထွက်ဘဲ အတော်လေး ဒုက္ခရောက်နေရင်

    ကျွန်တော့်ရဲ့ အစွမ်းထက် သဘာဝဆေးနည်းလေးတစ်မျိုးကို မျှဝေပေးချင်ပါတယ်။

    လုပ်ရတာလဲ လွယ်ကူပြီး တကယ်ကောင်းတယ်

    • အရင်ဆုံး ရှောက်နူသီးခွံကို ပါးပါးလေးတွေဖြစ်အောင် အရင်လှီးလိုက်ပါ။
    • ထိုရှောက်နူသီးခွံလေးတွေကို ရေနွေးထဲမှာ စိမ်ပြီး သောက်သုံးရုံပါပဲ။
    • အကျိုးကျေးဇူး အပြည့်အဝရရှိဖို့ ညအိပ်ရာမဝင်ခင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။
    ဒီရေနွေးကြမ်းလေးကို သောက်ပေးခြင်းဖြင့် -
    • အူလမ်းကြောင်းအတွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။
    • ခေါင်းမူးဝေခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေကိုပါ သက်သာစေတယ်။
    • အဓိကကတော့ အဆမတန် ဝမ်းချုပ်နေတာတွေကို ကောင်းမွန်စေပါတယ်။
    ဒီနည်းလမ်းလေးက အရမ်းရိုးရှင်းပေမယ့် တကယ်ကို လက်တွေ့ကျပြီး ထိရောက်တာကြောင့် ဝမ်းချုပ်တတ်သူများ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်ခင်ဗျာ။

    #crd_to_owner_with_respect
    #ShweKhitMedia
    အိမ်သာသွားတာခနခနရှိပြီ ဗိုက်ထဲကနေ အောင့်ပြီး ဝမ်းသွားချင်ပေမယ့် တကယ်သွားတဲ့အခါ ဝမ်းမထွက်ဘဲ အတော်လေး ဒုက္ခရောက်နေရင် ကျွန်တော့်ရဲ့ အစွမ်းထက် သဘာဝဆေးနည်းလေးတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလဲ လွယ်ကူပြီး တကယ်ကောင်းတယ် • အရင်ဆုံး ရှောက်နူသီးခွံကို ပါးပါးလေးတွေဖြစ်အောင် အရင်လှီးလိုက်ပါ။ • ထိုရှောက်နူသီးခွံလေးတွေကို ရေနွေးထဲမှာ စိမ်ပြီး သောက်သုံးရုံပါပဲ။ • အကျိုးကျေးဇူး အပြည့်အဝရရှိဖို့ ညအိပ်ရာမဝင်ခင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။ ဒီရေနွေးကြမ်းလေးကို သောက်ပေးခြင်းဖြင့် - • အူလမ်းကြောင်းအတွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။ • ခေါင်းမူးဝေခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေကိုပါ သက်သာစေတယ်။ • အဓိကကတော့ အဆမတန် ဝမ်းချုပ်နေတာတွေကို ကောင်းမွန်စေပါတယ်။ ဒီနည်းလမ်းလေးက အရမ်းရိုးရှင်းပေမယ့် တကယ်ကို လက်တွေ့ကျပြီး ထိရောက်တာကြောင့် ဝမ်းချုပ်တတ်သူများ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်ခင်ဗျာ။ #crd_to_owner_with_respect #ShweKhitMedia
    Care
    1
    · 0 Comments ·0 Shares ·481 Views
  • ကိုယ့်အိမ်ခြံဝန်းထဲမှာ စိုက်ထားတဲ့ သင်္ဘောသီးပင်ကနေ အသီးတွေ အများကြီးနဲ့ အလုံးကြီးကြီး ဆွတ်ခူးစားချင်ကြတယ်မလား? တကယ်တော့ သင်္ဘောသီးစိုက်ရတာ မခက်ပါဘူး။ မြေဆီလွှာ၊ ရေ၊ နေရောင်ခြည်နဲ့ မြေသြဇာကို စနစ်တကျ ဂရုစိုက်ပေးရုံနဲ့ အပင်ကနေ ပြန်လည်ပေးဆပ်မယ့် ရလဒ်က အံ့မခန်းပါပဲ။
    သင်္ဘောသီးပင် အသီးထွက်နှုန်းကောင်းစေမယ့် နည်းလမ်းကောင်းလေးတွေကို ကြည့်လိုက်ရအောင်
    ၁။ နေရောင်ခြည် အပြည့်အဝရပါစေ
    သင်္ဘောသီးက နေကြိုက်တဲ့အပင်ပါ။ တစ်နေ့ကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီအထိ နေရောင်ရတဲ့နေရာမျိုးမှာ စိုက်ပေးပါ။ ဒါပေမဲ့ လေပြင်းတိုက်ရင် အပင်ကျိုးလွယ်တတ်လို့ လေကွယ်တဲ့နေရာမျိုး ဖြစ်ရင်တော့ ပိုကောင်းပါတယ်။
    ၂။ ရေဝပ်တာကို သတိထားပါ
    မြေဆီလွှာက သဲနုန်းမြေ ဒါမှမဟုတ် မြေဆွေးရောထားတဲ့ မြေမျိုး ဖြစ်ရပါမယ်။ သင်္ဘောသီးက ရေကြိုက်ပေမဲ့ ရေဝပ်တာကိုတော့ လုံးဝမကြိုက်ပါဘူး။ ရေဝပ်ရင် အမြစ်ပုပ်တတ်လို့ ရေကို ချင့်ချိန်လောင်းပေးပါ။
    ၃။ မြေသြဇာ ပုံမှန်ကျွေးပါ
    သင်္ဘောသီးပင်က အာဟာရကို အများကြီး စားသုံးတဲ့ အပင်မျိုးပါ။ ဒါကြောင့် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်တစ်ကြိမ် မြေသြဇာ ပုံမှန်ကျွေးပေးဖို့ လိုပါတယ်။ အထူးသဖြင့် နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ် ပါဝင်တဲ့ သဘာဝမြေဆွေး ဒါမှမဟုတ် နွားချေးမြေသြဇာတွေက အပင်ကို မြန်မြန်ထွားစေပြီး အသီးထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတယ်။
    ၄။ မလိုအပ်တဲ့ အရွက်တွေကို ဖယ်ရှားပါ
    အောက်ခြေက အရွက်အဟောင်းတွေ၊ ဝါနေတဲ့ အရွက်တွေ ဒါမှမဟုတ် ရောဂါရနေတဲ့ အရွက်တွေကို နှမြောမနေဘဲ ဖြတ်ထုတ်ပစ်ပါ။ ဒါမှ အာဟာရကို အသီးဆီ ပိုရောက်စေပြီး လေဝင်လေထွက်ကောင်းကာ ပိုးမွှားဒဏ်ကနေ ကာကွယ်နိုင်မှာပါ။
    ၅။ ပိုးမွှားရန်ကို ကာကွယ်ပါ
    အပင်ကို အမြဲစစ်ဆေးပေးပါ။ ပိုးကောင်လေးတွေ ဒါမှမဟုတ် မှိုတက်တာမျိုးရှိရင် သဘာဝပိုးသတ်ဆေး (ဥပမာ- တမာပိုးသတ်ဆေး) ကို အသုံးပြုပြီး နှိမ်နင်းပေးပါ။ စောစောစီးစီး သိလေလေ၊ ကုသရတာ ပိုလွယ်လေပါပဲ။
    ၆။ ဆွတ်ခူးချိန်ကို မှတ်ထားပါ
    သင်္ဘောသီးက အခွံလေး စပြီး ဝါလာပြီဆိုရင် ဆွတ်ခူးလို့ ရပါပြီ။ ဒီနည်းလမ်းအတိုင်းသာ ဂရုစိုက်မယ်ဆိုရင် ၁ နှစ်အတွင်းမှာတင် အသီးတွေ အများကြီးနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်ကို ရရှိမှာ အသေအချာပါပဲ။
    စိုက်ပျိုးရတာ ဝါသနာပါတဲ့ မိတ်ဆွေတို့လည်း ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်စိုက် သင်္ဘောသီးချိုချိုလေးတွေကို ဆွတ်ခူးစားသုံးနိုင်ကြပါစေရှင်။
    #forevermmmedia #စိုက်ပျိုးရေး #အပင#သင်္ဘောသီးစိုက်ပျိုးနည်း #အိမ်တွင်းစိုက်ပျိုးရေး #စိုက်ပျိုးရေးဗဟုသုတ #သဘာဝမြေသြဇာ
    ကိုယ့်အိမ်ခြံဝန်းထဲမှာ စိုက်ထားတဲ့ သင်္ဘောသီးပင်ကနေ အသီးတွေ အများကြီးနဲ့ အလုံးကြီးကြီး ဆွတ်ခူးစားချင်ကြတယ်မလား? တကယ်တော့ သင်္ဘောသီးစိုက်ရတာ မခက်ပါဘူး။ မြေဆီလွှာ၊ ရေ၊ နေရောင်ခြည်နဲ့ မြေသြဇာကို စနစ်တကျ ဂရုစိုက်ပေးရုံနဲ့ အပင်ကနေ ပြန်လည်ပေးဆပ်မယ့် ရလဒ်က အံ့မခန်းပါပဲ။ သင်္ဘောသီးပင် အသီးထွက်နှုန်းကောင်းစေမယ့် နည်းလမ်းကောင်းလေးတွေကို ကြည့်လိုက်ရအောင် 👇 ၁။ နေရောင်ခြည် အပြည့်အဝရပါစေ ☀️ သင်္ဘောသီးက နေကြိုက်တဲ့အပင်ပါ။ တစ်နေ့ကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီအထိ နေရောင်ရတဲ့နေရာမျိုးမှာ စိုက်ပေးပါ။ ဒါပေမဲ့ လေပြင်းတိုက်ရင် အပင်ကျိုးလွယ်တတ်လို့ လေကွယ်တဲ့နေရာမျိုး ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ ၂။ ရေဝပ်တာကို သတိထားပါ 💧 မြေဆီလွှာက သဲနုန်းမြေ ဒါမှမဟုတ် မြေဆွေးရောထားတဲ့ မြေမျိုး ဖြစ်ရပါမယ်။ သင်္ဘောသီးက ရေကြိုက်ပေမဲ့ ရေဝပ်တာကိုတော့ လုံးဝမကြိုက်ပါဘူး။ ရေဝပ်ရင် အမြစ်ပုပ်တတ်လို့ ရေကို ချင့်ချိန်လောင်းပေးပါ။ ၃။ မြေသြဇာ ပုံမှန်ကျွေးပါ ✨ သင်္ဘောသီးပင်က အာဟာရကို အများကြီး စားသုံးတဲ့ အပင်မျိုးပါ။ ဒါကြောင့် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်တစ်ကြိမ် မြေသြဇာ ပုံမှန်ကျွေးပေးဖို့ လိုပါတယ်။ အထူးသဖြင့် နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ် ပါဝင်တဲ့ သဘာဝမြေဆွေး ဒါမှမဟုတ် နွားချေးမြေသြဇာတွေက အပင်ကို မြန်မြန်ထွားစေပြီး အသီးထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတယ်။ ၄။ မလိုအပ်တဲ့ အရွက်တွေကို ဖယ်ရှားပါ ✂️ အောက်ခြေက အရွက်အဟောင်းတွေ၊ ဝါနေတဲ့ အရွက်တွေ ဒါမှမဟုတ် ရောဂါရနေတဲ့ အရွက်တွေကို နှမြောမနေဘဲ ဖြတ်ထုတ်ပစ်ပါ။ ဒါမှ အာဟာရကို အသီးဆီ ပိုရောက်စေပြီး လေဝင်လေထွက်ကောင်းကာ ပိုးမွှားဒဏ်ကနေ ကာကွယ်နိုင်မှာပါ။ ၅။ ပိုးမွှားရန်ကို ကာကွယ်ပါ 🐛 အပင်ကို အမြဲစစ်ဆေးပေးပါ။ ပိုးကောင်လေးတွေ ဒါမှမဟုတ် မှိုတက်တာမျိုးရှိရင် သဘာဝပိုးသတ်ဆေး (ဥပမာ- တမာပိုးသတ်ဆေး) ကို အသုံးပြုပြီး နှိမ်နင်းပေးပါ။ စောစောစီးစီး သိလေလေ၊ ကုသရတာ ပိုလွယ်လေပါပဲ။ ၆။ ဆွတ်ခူးချိန်ကို မှတ်ထားပါ 🍈 သင်္ဘောသီးက အခွံလေး စပြီး ဝါလာပြီဆိုရင် ဆွတ်ခူးလို့ ရပါပြီ။ ဒီနည်းလမ်းအတိုင်းသာ ဂရုစိုက်မယ်ဆိုရင် ၁ နှစ်အတွင်းမှာတင် အသီးတွေ အများကြီးနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်ကို ရရှိမှာ အသေအချာပါပဲ။ စိုက်ပျိုးရတာ ဝါသနာပါတဲ့ မိတ်ဆွေတို့လည်း ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်စိုက် သင်္ဘောသီးချိုချိုလေးတွေကို ဆွတ်ခူးစားသုံးနိုင်ကြပါစေရှင်။ 🥰 #forevermmmedia #စိုက်ပျိုးရေး #အပင် #သင်္ဘောသီးစိုက်ပျိုးနည်း #အိမ်တွင်းစိုက်ပျိုးရေး #စိုက်ပျိုးရေးဗဟုသုတ #သဘာဝမြေသြဇာ
    Care
    1
    · 0 Comments ·0 Shares ·482 Views
  • အရင်တုန်းက ဦးလေးဖြစ်သူဟာ အရက်ကို အလွန်အကျွံ သောက်သုံးခဲ့တဲ့ အကျိုးဆက်ကြောင့် ကျန်းမာရေး အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ အစာအိမ်ရောဂါကြောင့် ရင်ပူတာ၊ အက်ဆစ်ပြန်ဆန်တက်တာတွေ ခံစားရပြီး ညဘက်ဆိုရင်လည်း ဝေဒနာတွေကြောင့် အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရတာပါ။ ဒါတင်မကဘဲ ဆီးသွားတဲ့အခါမှာလည်း အမြှုပ်တွေထပြီး နောက်ကျိနေတာကြောင့် ကျန်းမာရေးအခြေအနေက တော်တော်လေး စိုးရိမ်ရတဲ့အဆင့် ရောက်နေခဲ့ပါတယ်။
    ဒီလို ဝေဒနာတွေ ခံစားနေရတာကို အိမ်နီးနားချင်းဖြစ်သူ အန်တီမာလာက မြင်တွေ့သွားပြီးနောက် "ရုံးပတီသီး" ကို ပုံမှန်စားသုံးကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
    ၇ ရက်အတွင်း သိသိသာသာ ထူးခြားလာမှု
    ဦးလေးဟာ အန်တီမာလာရဲ့ အကြံပေးချက်အတိုင်း မနက်တိုင်းမှာ ရုံးပတီသီး ၅ တောင့်ကနေ ၆ တောင့်လောက်ကို ပုံမှန်စားပေးခဲ့ပါတယ်။ တစ်ခါတလေ အစိမ်းလိုက်စားသလို၊ တစ်ခါတလေလည်း ပြုတ်ပြီး ဒါမှမဟုတ် ကင်ပြီး စားခဲ့ပါတယ်။
    မယုံနိုင်စရာကောင်းတဲ့ ရလဒ်ကတော့...
    တစ်ပတ်အကြာမှာပဲ ဦးလေးက "ငါ အသက်ပြန်ရှည်လာသလိုပဲဟေ့" လို့ အားရပါးရ ပြောနိုင်တဲ့အထိ လူသစ်တစ်ယောက်လို လန်းဆန်းလာခဲ့ပါတယ်။ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာပြီး မနက်နိုးတာနဲ့ တစ်နေကုန် တက်ကြွနေပါတော့တယ်။
    ရုံးပတီသီးရဲ့ အံ့မခန်းစွမ်းပကား (အချွဲဓာတ်ရဲ့ အစွမ်း)
    ရုံးပတီသီးမှာပါတဲ့ ထူးခြားတဲ့ အချွဲဓာတ် ဟာ ခန္ဓာကိုယ်အတွက် အောက်ပါအတိုင်း အကျိုးပြုပါတယ် -
    • အစာအိမ်အတွက် အကာအကွယ်: အစာအိမ်နံရံကို အချွဲလွှာနဲ့ ဖုံးအုပ်ပေးပြီး ရောင်ရမ်းမှုနဲ့ အနာတွေကို ကာကွယ်ပေးပါတယ်။
    • စနစ်တကျ သန့်စင်ပေးခြင်း: အူလမ်းကြောင်းကို သန့်ရှင်းစေပြီး ကိုယ်တွင်းက သန်ကောင်တွေကိုလည်း ဖယ်ရှားပေးပါတယ်။
    • အာဟာရဓာတ် ကြွယ်ဝခြင်း: ကယ်လ်စီယမ်၊ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ အစုံအလင်ပါဝင်လို့ အသည်းနဲ့ ဦးနှောက်ကို အားကောင်းစေပါတယ်။
    ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
    1. ဝမ်းမှန်၊ ဗိုက်ရှင်း: ဗိုက်ပူတာနဲ့ ဗိုက်အောင့်တာတွေ ပျောက်ကင်းသွားပါတယ်။
    2. ဆီးကြည်လင်: ပရိုတင်းယိုစိမ့်မှုကြောင့် ဆီးနောက်နေတာတွေ သက်သာပြီး ဆီးကြည်လာပါတယ်။
    3. သွေးပေါင်နှင့် သကြားဓာတ်: သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကို တည်ငြိမ်စေပါတယ်။
    ဒီလို အကျိုးကျေးဇူးများတဲ့ ရုံးပတီသီးကို အိမ်နောက်ဖေးမှာတင် လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောဂါရှိသူများ၊ ဝမ်းချုပ်တတ်သူများနဲ့ ဆီးနောက်ကျိတတ်သူများအနေနဲ့ အဝေးမှာ ဆေးသွားရှာမနေဘဲ ဒီသဘာဝဆေးစွမ်းကောင်းလေးကို စမ်းသပ်စားသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
    #yoyocooking
    အရင်တုန်းက ဦးလေးဖြစ်သူဟာ အရက်ကို အလွန်အကျွံ သောက်သုံးခဲ့တဲ့ အကျိုးဆက်ကြောင့် ကျန်းမာရေး အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ အစာအိမ်ရောဂါကြောင့် ရင်ပူတာ၊ အက်ဆစ်ပြန်ဆန်တက်တာတွေ ခံစားရပြီး ညဘက်ဆိုရင်လည်း ဝေဒနာတွေကြောင့် အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရတာပါ။ ဒါတင်မကဘဲ ဆီးသွားတဲ့အခါမှာလည်း အမြှုပ်တွေထပြီး နောက်ကျိနေတာကြောင့် ကျန်းမာရေးအခြေအနေက တော်တော်လေး စိုးရိမ်ရတဲ့အဆင့် ရောက်နေခဲ့ပါတယ်။ ဒီလို ဝေဒနာတွေ ခံစားနေရတာကို အိမ်နီးနားချင်းဖြစ်သူ အန်တီမာလာက မြင်တွေ့သွားပြီးနောက် "ရုံးပတီသီး" ကို ပုံမှန်စားသုံးကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ✨ ၇ ရက်အတွင်း သိသိသာသာ ထူးခြားလာမှု ဦးလေးဟာ အန်တီမာလာရဲ့ အကြံပေးချက်အတိုင်း မနက်တိုင်းမှာ ရုံးပတီသီး ၅ တောင့်ကနေ ၆ တောင့်လောက်ကို ပုံမှန်စားပေးခဲ့ပါတယ်။ တစ်ခါတလေ အစိမ်းလိုက်စားသလို၊ တစ်ခါတလေလည်း ပြုတ်ပြီး ဒါမှမဟုတ် ကင်ပြီး စားခဲ့ပါတယ်။ မယုံနိုင်စရာကောင်းတဲ့ ရလဒ်ကတော့... တစ်ပတ်အကြာမှာပဲ ဦးလေးက "ငါ အသက်ပြန်ရှည်လာသလိုပဲဟေ့" လို့ အားရပါးရ ပြောနိုင်တဲ့အထိ လူသစ်တစ်ယောက်လို လန်းဆန်းလာခဲ့ပါတယ်။ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာပြီး မနက်နိုးတာနဲ့ တစ်နေကုန် တက်ကြွနေပါတော့တယ်။ 🔬 ရုံးပတီသီးရဲ့ အံ့မခန်းစွမ်းပကား (အချွဲဓာတ်ရဲ့ အစွမ်း) ရုံးပတီသီးမှာပါတဲ့ ထူးခြားတဲ့ အချွဲဓာတ် ဟာ ခန္ဓာကိုယ်အတွက် အောက်ပါအတိုင်း အကျိုးပြုပါတယ် - • အစာအိမ်အတွက် အကာအကွယ်: အစာအိမ်နံရံကို အချွဲလွှာနဲ့ ဖုံးအုပ်ပေးပြီး ရောင်ရမ်းမှုနဲ့ အနာတွေကို ကာကွယ်ပေးပါတယ်။ • စနစ်တကျ သန့်စင်ပေးခြင်း: အူလမ်းကြောင်းကို သန့်ရှင်းစေပြီး ကိုယ်တွင်းက သန်ကောင်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ • အာဟာရဓာတ် ကြွယ်ဝခြင်း: ကယ်လ်စီယမ်၊ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ အစုံအလင်ပါဝင်လို့ အသည်းနဲ့ ဦးနှောက်ကို အားကောင်းစေပါတယ်။ ✅ ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ 1. ဝမ်းမှန်၊ ဗိုက်ရှင်း: ဗိုက်ပူတာနဲ့ ဗိုက်အောင့်တာတွေ ပျောက်ကင်းသွားပါတယ်။ 2. ဆီးကြည်လင်: ပရိုတင်းယိုစိမ့်မှုကြောင့် ဆီးနောက်နေတာတွေ သက်သာပြီး ဆီးကြည်လာပါတယ်။ 3. သွေးပေါင်နှင့် သကြားဓာတ်: သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကို တည်ငြိမ်စေပါတယ်။ ဒီလို အကျိုးကျေးဇူးများတဲ့ ရုံးပတီသီးကို အိမ်နောက်ဖေးမှာတင် လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောဂါရှိသူများ၊ ဝမ်းချုပ်တတ်သူများနဲ့ ဆီးနောက်ကျိတတ်သူများအနေနဲ့ အဝေးမှာ ဆေးသွားရှာမနေဘဲ ဒီသဘာဝဆေးစွမ်းကောင်းလေးကို စမ်းသပ်စားသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ #yoyocooking
    Care
    1
    · 0 Comments ·0 Shares ·471 Views
More Results