
-
-
တစ်ခါစိုက်ပြီးရင် တစ်သက်လုံးစားတဲ့ ပူစီနံပင်စိုက်ပျိုးနည်းက
သင်ထင်ထားသလောက် မခက်ခဲပါဘူး ။
မည်သူမဆို လုပ်နိုင်ပါသည် ။
ဖော့ဗူးတွေကို အပေါက်တွေဖောက်ပြီး ကိုယ်စားပြီးသား ပူစီနံပင် အကိုင်းရင့်တွေကို စိုတ်ထည့်ပါ ။ " အရွက်ပါ ပါချင်ရင် အရင်းကနေ ၃-၄ ရွက်လောက်ကို ခြွေပစ်ပြီး စိုက်ပါ " ။
ပြီးရင် ရေကန် သို့မဟုတ် ရေဇလာထဲကို စိမ်ထားပါ ။
၅-၇ ရက်လောက်ဆို အမြစ်တွေစထွက်လာပြီး ။
ပြီးရင် ကိုယ်စိုက်ချင်တဲ့နေရာ ပြောင်းစိုက်လို့ရပါပြီး ။
မြေအိုးထဲစိုက်လဲရသလို ၊ မြေကြီးမှာစိုက်လဲ ရပါတယ် ။
အားလုံးအဆင်ပြေကြပါစေ ။
CrdMON SOUNG
မူရင်းရေးသားသူအားလေးစားစွာcrdပေးပါတယ်တစ်ခါစိုက်ပြီးရင် တစ်သက်လုံးစားတဲ့ ပူစီနံပင်စိုက်ပျိုးနည်းက သင်ထင်ထားသလောက် မခက်ခဲပါဘူး ။ မည်သူမဆို လုပ်နိုင်ပါသည် ။ ဖော့ဗူးတွေကို အပေါက်တွေဖောက်ပြီး ကိုယ်စားပြီးသား ပူစီနံပင် အကိုင်းရင့်တွေကို စိုတ်ထည့်ပါ ။ " အရွက်ပါ ပါချင်ရင် အရင်းကနေ ၃-၄ ရွက်လောက်ကို ခြွေပစ်ပြီး စိုက်ပါ " ။ ပြီးရင် ရေကန် သို့မဟုတ် ရေဇလာထဲကို စိမ်ထားပါ ။ ၅-၇ ရက်လောက်ဆို အမြစ်တွေစထွက်လာပြီး ။ ပြီးရင် ကိုယ်စိုက်ချင်တဲ့နေရာ ပြောင်းစိုက်လို့ရပါပြီး ။ မြေအိုးထဲစိုက်လဲရသလို ၊ မြေကြီးမှာစိုက်လဲ ရပါတယ် ။ အားလုံးအဆင်ပြေကြပါစေ ။ CrdMON SOUNG မူရင်းရေးသားသူအားလေးစားစွာcrdပေးပါတယ် -
မိတ်ဆွေ ရိုးသားဖြောင့်မတ်ပါ မအပါစေနဲ့မိတ်ဆွေ ရိုးသားဖြောင့်မတ်ပါ မအပါစေနဲ့
-
တစ်ခါတလေမှာ
ကိုယ်သည်လဲဆန္ဒနဲ့ဘဝ
တထပ်ထဲကျချင်ခဲ့တာပေါ့။
တချို့အရာတွေက ခါးမှန်းသိလဲကြိတ်မှိတ်
မြိုချခဲ့ရတယ် ဆေးဖက်ဝင်လို့တော့မဟုတ်ပါဘူး
အဲ့ဒီဒုက္ခတွေကနေပြေးမထွက်နိုင်သေးလို့ပါ။
ပျော်စရာရှိရင်တောင်မှ
အပြည့်အဝပျော်ခွင့်မရတဲ့ဘဝမှာ နာကျင်စရာတွေကိုလဲမေ့ထားလို့မရပြန်ဘူး။
ဘဝမှာမတွေးပဲနေလို့ရတဲ့ နာကျင်မှုတွေရှိသလို
မတွေးလဲ ကိုယ့်အသိစိတ်ထဲကိုရောက်ရောက်လာတဲ့နာကျင်မှုတွေလဲရှိတယ်။
အတတ်နိုင်ဆုံးမေ့ပျောက်နိုင်အောင်
ကြိုးစားပေမယ့်လဲ
တချို့သောအတိတ်တွေကအရိပ်လိုကပ်လိုက်လာနေတော့ရုတ်တရက် ဖျက်ထုတ်ဖို့အရမ်းခက်တယ်။
#crd
#စာသား
#စာပေကြိုက်သူများတစ်ခါတလေမှာ ကိုယ်သည်လဲဆန္ဒနဲ့ဘဝ တထပ်ထဲကျချင်ခဲ့တာပေါ့။ တချို့အရာတွေက ခါးမှန်းသိလဲကြိတ်မှိတ် မြိုချခဲ့ရတယ် ဆေးဖက်ဝင်လို့တော့မဟုတ်ပါဘူး အဲ့ဒီဒုက္ခတွေကနေပြေးမထွက်နိုင်သေးလို့ပါ။ ပျော်စရာရှိရင်တောင်မှ အပြည့်အဝပျော်ခွင့်မရတဲ့ဘဝမှာ နာကျင်စရာတွေကိုလဲမေ့ထားလို့မရပြန်ဘူး။ ဘဝမှာမတွေးပဲနေလို့ရတဲ့ နာကျင်မှုတွေရှိသလို မတွေးလဲ ကိုယ့်အသိစိတ်ထဲကိုရောက်ရောက်လာတဲ့နာကျင်မှုတွေလဲရှိတယ်။ အတတ်နိုင်ဆုံးမေ့ပျောက်နိုင်အောင် ကြိုးစားပေမယ့်လဲ တချို့သောအတိတ်တွေကအရိပ်လိုကပ်လိုက်လာနေတော့ရုတ်တရက် ဖျက်ထုတ်ဖို့အရမ်းခက်တယ်။ #crd #စာသား #စာပေကြိုက်သူများ -
တစ်ချို့လူတွေက
ထစ်ကနဲ့ ဆိုမျက်ရည်လွယ်တယ်
အဲ့ဒီအခြေအနေကို
စိတ်ဓာတ်ပျော့ညံ့တယ်လို့
မထင်လိုက်နဲ့…
စိတ်ခံစားချက်ပြင်းပြတယ်လို့လည်း
မတွေးနဲ့
သူတို့ ချစ်တဲ့ ပတ်ဝန်းကျင်ကို
မထိခိုက်စေချင်လို့
ဒေါသ ကိုမျက်ရည်နဲ့ ဖျော်ချ လိုက်တာ။
အဲ့ဒီ လူတွေ ဟာအရာရာကို
ရင်ဘက်နဲ့ ပဲ ပေါင်းသင်းတတ်တယ်
အကယ်၍ သူတို့ မျက်ရည်မကျတော့ဘူးဆိုရင်
သေချာတယ် အဲ့ဒီ လူဟာ
သူချစ်တဲ့ ပတ်ဝန်းကျင်သို့မဟုတ်
သူမြတ်နိုးတဲ့ အရာတွေအပေါ်မှာ
အရာရာကို ဘေးဖယ်ထားလိုက်ပြီလို့
သတ်မှတ်လို့ရတယ် ။
တနည်းပြောရရင်တော့
လစ်လျူရူဖို့ကြိုးစားလိုက်တာ
ဥပေက္ခာ ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ ။
ဒါကြောင့် မျက်ရည်လွယ်တဲ့သူတွေဟာ
စိတ်ဓာတ်ပျော့ညံ့တာမဟုတ်ဘူးလို့ပြောပြချင်တယ် ။
#crdတစ်ချို့လူတွေက ထစ်ကနဲ့ ဆိုမျက်ရည်လွယ်တယ် အဲ့ဒီအခြေအနေကို စိတ်ဓာတ်ပျော့ညံ့တယ်လို့ မထင်လိုက်နဲ့… စိတ်ခံစားချက်ပြင်းပြတယ်လို့လည်း မတွေးနဲ့ သူတို့ ချစ်တဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေချင်လို့ ဒေါသ ကိုမျက်ရည်နဲ့ ဖျော်ချ လိုက်တာ။ အဲ့ဒီ လူတွေ ဟာအရာရာကို ရင်ဘက်နဲ့ ပဲ ပေါင်းသင်းတတ်တယ် အကယ်၍ သူတို့ မျက်ရည်မကျတော့ဘူးဆိုရင် သေချာတယ် အဲ့ဒီ လူဟာ သူချစ်တဲ့ ပတ်ဝန်းကျင်သို့မဟုတ် သူမြတ်နိုးတဲ့ အရာတွေအပေါ်မှာ အရာရာကို ဘေးဖယ်ထားလိုက်ပြီလို့ သတ်မှတ်လို့ရတယ် ။ တနည်းပြောရရင်တော့ လစ်လျူရူဖို့ကြိုးစားလိုက်တာ ဥပေက္ခာ ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ ။ ဒါကြောင့် မျက်ရည်လွယ်တဲ့သူတွေဟာ စိတ်ဓာတ်ပျော့ညံ့တာမဟုတ်ဘူးလို့ပြောပြချင်တယ် ။ #crd -
ရန်ကုန်မြို့တွင် မင်းအောင်လှိုင်၊ ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ မတ် ၉
ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်အား ကြိုဆိုလက်ခံသော ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူ မြန်မာပြည်သူများမှအတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Yangon 4 brother ( Y4B ) ပူးပေါင်းအဖွဲ့များဖြစ်ကြသော Linn Yaung Ni Youth Organization _ LYNYO၊ Mayangone Democratic Front_MDF၊ Kyimyindaing Networks_KMD18 နှင့် Owl Community တို့လှုပ်ရှားလုပ်ဆောင်ခဲ့ကြဖြစ်ကြောင်း သိရှိရသည်။ရန်ကုန်မြို့တွင် မင်းအောင်လှိုင်၊ ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ် ရန်ကုန်၊ မတ် ၉ ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်အား ကြိုဆိုလက်ခံသော ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူ မြန်မာပြည်သူများမှအတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Yangon 4 brother ( Y4B ) ပူးပေါင်းအဖွဲ့များဖြစ်ကြသော Linn Yaung Ni Youth Organization _ LYNYO၊ Mayangone Democratic Front_MDF၊ Kyimyindaing Networks_KMD18 နှင့် Owl Community တို့လှုပ်ရှားလုပ်ဆောင်ခဲ့ကြဖြစ်ကြောင်း သိရှိရသည်။0 Comments ·0 Shares ·41 Views -
လင် နဲ့ မယား ဆိုတာ
=================
လင် နဲ့ မယားဆိုတာ သူမှီ ကိုယ်မှီ
အပြန်အလှန်မှီခို အကျိုးပြုကြတဲ့
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကြသူတွေပါ။
အိမ်ထောင်ရေး ဆိုတာ....ပြီးပြည့်စုံသူနှစ်ဦး
ပေါင်းဖက်ကြတာ မဟုတ်ပဲအားနည်းချက် အားသာချက် ကိုယ်စီနဲ့ မပြည့်စုံသူနှစ်ဦးက ပြည့်စုံအောင် ကြိုးစားနေကြခြင်းပါပဲ။သူသာတယ် ကိုယ်တော်တယ် မရှိပါဘူး....
ဟန်ချက်ညီညီ ပျံသန်းနိုင်ဖို့ အတောင်ပံတစ်စုံဖြစ်ဖို့ပဲ
လိုအပ်ပါတယ်။👫လင် နဲ့ မယား ဆိုတာ 👫 ================= 💁လင် နဲ့ မယားဆိုတာ သူမှီ ကိုယ်မှီ အပြန်အလှန်မှီခို အကျိုးပြုကြတဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကြသူတွေပါ။ အိမ်ထောင်ရေး ဆိုတာ....ပြီးပြည့်စုံသူနှစ်ဦး ပေါင်းဖက်ကြတာ မဟုတ်ပဲအားနည်းချက် အားသာချက် ကိုယ်စီနဲ့ မပြည့်စုံသူနှစ်ဦးက ပြည့်စုံအောင် ကြိုးစားနေကြခြင်းပါပဲ။သူသာတယ် ကိုယ်တော်တယ် မရှိပါဘူး.... ဟန်ချက်ညီညီ ပျံသန်းနိုင်ဖို့ အတောင်ပံတစ်စုံဖြစ်ဖို့ပဲ လိုအပ်ပါတယ်။ -
စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါးဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ...
မတ် ၈ ၊ ၂၀၂၅
စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
မတ်လ ၁ ရက်နဲ့ ၂ ရက်တွေက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hip 25 နှစ်ပြည့်ပွဲကို Noid Entertainment ကုမ္ပဏီက "Noid Music Festival" အမည်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အထက်ပါ NOID Music Festival ပွဲကို စစ်ကောင်စီ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၇၇) ရဲ့ သားဖြစ်သူ ထက်ရဲနောင်က စပွန်ဆာပေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာလည်း စစ်ကောင်စီရဲ့ သွယ်ဝိုက်ပံ့ပိုးပေးမှုတွေ ပါဝင်ခဲ့တယ်လို့ တော်လှန်လူငယ်တွေက ထောက်ပြနေတာဖြစ်ပါတယ်။
မတရားအာဏာသိမ်းခဲ့တဲ့ အဖွဲ့အစည်းထဲက ထိပ်တန်းအရာရှိ ၁ ယောက်ဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီပွဲမှာ ထက်ရဲနောင်နဲ့အတူ ပါဝင်သီဆိုခဲ့တဲ့ ဟစ်ဟော့အဆိုတော်တွေရဲ့ တပျော်တပါး ဆင်နွှဲနေကြတဲ့ ဖျော်ဖြေမှုပုံရိပ်တွေ ထွက်ရှိလာပြီးတဲ့နောက် တော်လှန်လူငယ်တွေနဲ့အားပေးခဲ့ဖူးသူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန် နေတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်တဲ့ စရဖ ဟာလည်း စစ်တပ် အာဏာမသိမ်းခင်အချိန်ကတည်းက အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကွန်ယက်တွေထဲ ထိုးဖောက်ဝင်ရောက်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ Acid အဖွဲ့က ဟစ်ဟော့(ပ်) အဆိုတော်တစ်ဖြစ်လဲ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်ကို ရက်ရက်စက်စက် ကြိုးပေးသတ်ဖြတ်ခဲ့သလို စစ်တပ်အရာရှိတွေကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိူင်းယှဥ်ပြီး ဝေဖန်ခဲ့ဖူးတဲ့ အဆိုတော် ဗျူဟာကိုလည်း ဖမ်းဆီးအကျဥ်းချထားတာလည်း ဖြစ်ပါတယ်။
" ဒီကောင်တွေရှေ့မှာ ဘားတွေ ကလပ်တွေမှာသီချင်းဆိုနေကြတာပဲ။ အဲ့အထိဘာမှမပြောကြဘူး။ အခုက ဘောမရုံတင်မဟုတ်တော့ဘူးဆိုတော့ပြောစရာကိုမရှိတော့တာပါ။ အခုလို စစ်တပ်လူ့မလိုင်လွှာကကောင်တွေနဲ့ပေါင်းနေမှတော့ သူတို့လုပ်ထားတဲ့ ဂီတက မြောင်းထဲရောက်သွားပါပြီ." လို့လည်း တော်လှန်လူငယ် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ကိုဇေယျာသော်ရဲ့ အမျိုးသမီးဖြစ်သူ တော်လှန်အနုပညာရှင် မသဇင်ညွှန့်အောင်ကလည်း
" ကိုဇေယျာသော်ရက်ပ်တွေ ယူဆိုကြဖို့ မင်းတို့နဲ့တန်လို့လားး ဟမ် ၊ လူငယ်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နေရာဝင်ယူပီး ထကြွနေတာ မင်းတို့အတွက်တော့ အဲလိုလေးတွေလုပ်ရတာ သူပုန်ထတာမျိုးပေါ့ ဟုတ်လား၊ စစ်ဖိနပ်အောက်မှာ မင်းအောင်လှိုင်ကိုအခွန်ဆောင်မှ ပွဲလုပ်ရတဲ့ဘဝတွေမှာ သာယာနေကြတာ ၊ မင်းတို့ပျော်ချင်လို့ပျော်တဲ့ အပျော်ပွဲမှာ Nitric Rap တွေယူဆိုစရာ ***************ကြောင်းကိုမရှိဘူး သီချင်းရေးဆိုထားတဲ့ပိုင်ရှင်ကို အားမနာတာမျိုး ၊သတ္တိမရှိတဲ့ လမ်းမပေါ်ကဘဝတွေကို ကိုယ်စားမပြုတဲ့ ***************ပေါ Hip Hop အကြောင်းတွေ သိပ်မပြောကြနဲ့ ***************ရှက်ပဲ" လို့ သူ့ရဲ့ လူမူ့ကွန်ရက်အကောင့်မှာ ရေးသားထားပါသေးတယ်။
မြန်မာ Hip Hip 25 နှစ်ပြည့်၊ NOID Music Festival ပွဲကို ဖျော်ဖြေခဲ့သူတွေထဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးသီချင်းသီဆိုခဲ့သူ ဇွဲသက်ပိုင်၊ လန်ဘားတို့ အပြင် စစ်အာဏာသိမ်းလးခါစ တော်လှန်ရေးသီချင်းတွေ သီဆိုခဲ့တဲ့ ဟစ်ဟော့(ပ်) အဆိုတော် အများအပြားပါဝင်နေရာ တော်လှန်လူငယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေတာလည်း ဖြစ်ပါတယ်။
ပုံစာ - Noid Music Festival မှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သား ထက်ရဲနောင် တို့ကို တွေ့ရစဥ်စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါးဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ... မတ် ၈ ၊ ၂၀၂၅ စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ မတ်လ ၁ ရက်နဲ့ ၂ ရက်တွေက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hip 25 နှစ်ပြည့်ပွဲကို Noid Entertainment ကုမ္ပဏီက "Noid Music Festival" အမည်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အထက်ပါ NOID Music Festival ပွဲကို စစ်ကောင်စီ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၇၇) ရဲ့ သားဖြစ်သူ ထက်ရဲနောင်က စပွန်ဆာပေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာလည်း စစ်ကောင်စီရဲ့ သွယ်ဝိုက်ပံ့ပိုးပေးမှုတွေ ပါဝင်ခဲ့တယ်လို့ တော်လှန်လူငယ်တွေက ထောက်ပြနေတာဖြစ်ပါတယ်။ မတရားအာဏာသိမ်းခဲ့တဲ့ အဖွဲ့အစည်းထဲက ထိပ်တန်းအရာရှိ ၁ ယောက်ဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီပွဲမှာ ထက်ရဲနောင်နဲ့အတူ ပါဝင်သီဆိုခဲ့တဲ့ ဟစ်ဟော့အဆိုတော်တွေရဲ့ တပျော်တပါး ဆင်နွှဲနေကြတဲ့ ဖျော်ဖြေမှုပုံရိပ်တွေ ထွက်ရှိလာပြီးတဲ့နောက် တော်လှန်လူငယ်တွေနဲ့အားပေးခဲ့ဖူးသူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန် နေတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်တဲ့ စရဖ ဟာလည်း စစ်တပ် အာဏာမသိမ်းခင်အချိန်ကတည်းက အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကွန်ယက်တွေထဲ ထိုးဖောက်ဝင်ရောက်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ Acid အဖွဲ့က ဟစ်ဟော့(ပ်) အဆိုတော်တစ်ဖြစ်လဲ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်ကို ရက်ရက်စက်စက် ကြိုးပေးသတ်ဖြတ်ခဲ့သလို စစ်တပ်အရာရှိတွေကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိူင်းယှဥ်ပြီး ဝေဖန်ခဲ့ဖူးတဲ့ အဆိုတော် ဗျူဟာကိုလည်း ဖမ်းဆီးအကျဥ်းချထားတာလည်း ဖြစ်ပါတယ်။ " ဒီကောင်တွေရှေ့မှာ ဘားတွေ ကလပ်တွေမှာသီချင်းဆိုနေကြတာပဲ။ အဲ့အထိဘာမှမပြောကြဘူး။ အခုက ဘောမရုံတင်မဟုတ်တော့ဘူးဆိုတော့ပြောစရာကိုမရှိတော့တာပါ။ အခုလို စစ်တပ်လူ့မလိုင်လွှာကကောင်တွေနဲ့ပေါင်းနေမှတော့ သူတို့လုပ်ထားတဲ့ ဂီတက မြောင်းထဲရောက်သွားပါပြီ." လို့လည်း တော်လှန်လူငယ် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ ကိုဇေယျာသော်ရဲ့ အမျိုးသမီးဖြစ်သူ တော်လှန်အနုပညာရှင် မသဇင်ညွှန့်အောင်ကလည်း " ကိုဇေယျာသော်ရက်ပ်တွေ ယူဆိုကြဖို့ မင်းတို့နဲ့တန်လို့လားး ဟမ် ၊ လူငယ်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နေရာဝင်ယူပီး ထကြွနေတာ မင်းတို့အတွက်တော့ အဲလိုလေးတွေလုပ်ရတာ သူပုန်ထတာမျိုးပေါ့ ဟုတ်လား၊ စစ်ဖိနပ်အောက်မှာ မင်းအောင်လှိုင်ကိုအခွန်ဆောင်မှ ပွဲလုပ်ရတဲ့ဘဝတွေမှာ သာယာနေကြတာ ၊ မင်းတို့ပျော်ချင်လို့ပျော်တဲ့ အပျော်ပွဲမှာ Nitric Rap တွေယူဆိုစရာ စောက်ကြောင်းကိုမရှိဘူး သီချင်းရေးဆိုထားတဲ့ပိုင်ရှင်ကို အားမနာတာမျိုး ၊သတ္တိမရှိတဲ့ လမ်းမပေါ်ကဘဝတွေကို ကိုယ်စားမပြုတဲ့ စောက်ပေါ Hip Hop အကြောင်းတွေ သိပ်မပြောကြနဲ့ စောက်ရှက်ပဲ" လို့ သူ့ရဲ့ လူမူ့ကွန်ရက်အကောင့်မှာ ရေးသားထားပါသေးတယ်။ မြန်မာ Hip Hip 25 နှစ်ပြည့်၊ NOID Music Festival ပွဲကို ဖျော်ဖြေခဲ့သူတွေထဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးသီချင်းသီဆိုခဲ့သူ ဇွဲသက်ပိုင်၊ လန်ဘားတို့ အပြင် စစ်အာဏာသိမ်းလးခါစ တော်လှန်ရေးသီချင်းတွေ သီဆိုခဲ့တဲ့ ဟစ်ဟော့(ပ်) အဆိုတော် အများအပြားပါဝင်နေရာ တော်လှန်လူငယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေတာလည်း ဖြစ်ပါတယ်။ ပုံစာ - Noid Music Festival မှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သား ထက်ရဲနောင် တို့ကို တွေ့ရစဥ်0 Comments ·0 Shares ·56 Views -
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးလက်မြေအဖွဲ့နဲ့ စစ်ဘေးရှောင်တွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။
#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ #ကရင်နီပြည် #ဒီးမော့ဆိုမြို့နယ်ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးလက်မြေအဖွဲ့နဲ့ စစ်ဘေးရှောင်တွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။ #အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ #ကရင်နီပြည် #ဒီးမော့ဆိုမြို့နယ် -
တောင်ကုတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် နေအိမ် ၃၀ ကျော်ကို AA ချိပ်ပိတ်
ကံ့ကော်နီနီ- နိရဉ္စရာ၊ မတ် ၈ / ၂၀၂၅
ရခိုင်ပြည်၊ တောင်ကုတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် တောင်ကုတ်မြို့က နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
AA က တောင်ကုတ်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးဆက်လက်လုပ်ကိုင်နေသူတွေ၊ စစ်ကောင်စီသစ္စာတော်ခံတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောပါတယ်။
"နေအိမ်တွေချိပ်ပိတ်သိမ်းဆည်းလိုက်တာ မှန်ပါတယ်။ ဦးကျောက်တောင်နေအိမ်လည်း ပါတယ်။ ပိုင်ဆိုင်မှုတွေအကုန်ပါတယ်"လို့ ပြောပါတယ်။
ချိပ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာ တောင်ကုတ်မြို့တိုက်ပွဲကာလအတွင်း စစ်ကောင်စီကပေးအပ်တဲ့ရာထူးတွေကို ဆက်လက်ယူပြီး မြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရခိုင်တွင် AA က ချိပ်ပိတ်ထားသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။တောင်ကုတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် နေအိမ် ၃၀ ကျော်ကို AA ချိပ်ပိတ် ကံ့ကော်နီနီ- နိရဉ္စရာ၊ မတ် ၈ / ၂၀၂၅ ရခိုင်ပြည်၊ တောင်ကုတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် တောင်ကုတ်မြို့က နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ AA က တောင်ကုတ်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးဆက်လက်လုပ်ကိုင်နေသူတွေ၊ စစ်ကောင်စီသစ္စာတော်ခံတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောပါတယ်။ "နေအိမ်တွေချိပ်ပိတ်သိမ်းဆည်းလိုက်တာ မှန်ပါတယ်။ ဦးကျောက်တောင်နေအိမ်လည်း ပါတယ်။ ပိုင်ဆိုင်မှုတွေအကုန်ပါတယ်"လို့ ပြောပါတယ်။ ချိပ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာ တောင်ကုတ်မြို့တိုက်ပွဲကာလအတွင်း စစ်ကောင်စီကပေးအပ်တဲ့ရာထူးတွေကို ဆက်လက်ယူပြီး မြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ရခိုင်တွင် AA က ချိပ်ပိတ်ထားသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။0 Comments ·0 Shares ·39 Views -
ကြိုက်လို့ မ လာတာ
ကျွန်မက ကလစ်ကာပါမောင်
Message တွေအကြောင်းမပြန်နိုင်ခဲ့ရင်လည်း
ဗွေမယူပါနဲ့
ကလစ်နေရတော့ notiကိုပိတ်ထားရလို့ပါ
ကျွန်မက ကလစ်ကာပါမောင်
ဖုန်းဆက်တဲ့အခါ ပြန်ချမိရင်လည်း
နားလည်ပေးပါ ကြော်ငြာတက်နေတုန်းမို့ပါ
ကျွန်မက ကလစ်ကာပါမောင်
အချိန်မပေးနိုင်ခဲ့ရင်လည်း ခွင့်လွတ်ပေးပါ
ကလစ်ကမ်ပိန်းတွေအတွက် အားစိုက်နေရလို့ပါ
ကျွန်မက ကလစ်ကာပါမောင်
ဖုန်းစက်လေးနေပြီမို့ မောင့်ပုံလေးတွေဖျက်မိရင် စိတ်မဆိုးပါနဲ့ vpnတွေအများကြီးထည့်ထားရလို့ပါ
ကျွန်မက ကလစ်ကာပါမောင်
စာပို့နေရင်း လိုင်းပေါ်ကပျောက်သွားရင်လည်း သည်းခံပေးပါ တခြားကလစ်Appတွေ ကလစ်ဖို့ကျန်နေသေးလို့ပါ
ကျွန်မက ကလစ်ကာပါမောင်
မောင်နဲ့ဆုံဖြစ်တဲ့အချိန် Audio bookဖွင့်ထားမိရင်လည်း လက်ခံပေးပါ ကြော်ငြာပန်းတွေတက်ဖို့ ဖွင့်ရတာမို့ပါ
ကျွန်မကကလစ်ကာပါမောင်
ထမင်းစားရင်တောင် ကလစ်နေရလို့ မဆူပါနဲ့
တစ်ရက်တာ target မရသေးလို့ပါ
ကျွန်မက ကလစ်ကာပါမောင်
App တွေဝှက်တဲ့အခါ တမျိုးမထင်ပါနဲ့
အပြင်ထွက်ရင် ခွေးဆွဲမှာကြောက်လို့ပါ
ကျွန်မက ကလစ်ကာပါမောင်
ညသန်းခေါင်ယံထိ မအိပ်ရမကောင်းလားလို့
စိတ်မပူပါနဲ့ Mission ပျားလည်းတို့ရသေးလို့ပါ
ကျွန်မက ကလစ်ကာပါမောင်
မောင့်ကိုချစ်သလို
ကလစ်တာကိုလည်း မပစ်နိုင်ပါဘူး
အသစ်ရှာချင်လည်း မောင့်သဘောပါလေ
မောင် ကျွန်မကို ခွင့်လွတ်မလား စွန့်လွတ်မလား
ကျွန်မ ကလစ်ရဦးမှာမို့ ဒါပါပဲ
#Maykhinkanyarကြိုက်လို့ မ လာတာ ကျွန်မက ကလစ်ကာပါမောင် Message တွေအကြောင်းမပြန်နိုင်ခဲ့ရင်လည်း ဗွေမယူပါနဲ့ ကလစ်နေရတော့ notiကိုပိတ်ထားရလို့ပါ ကျွန်မက ကလစ်ကာပါမောင် ဖုန်းဆက်တဲ့အခါ ပြန်ချမိရင်လည်း နားလည်ပေးပါ ကြော်ငြာတက်နေတုန်းမို့ပါ ကျွန်မက ကလစ်ကာပါမောင် အချိန်မပေးနိုင်ခဲ့ရင်လည်း ခွင့်လွတ်ပေးပါ ကလစ်ကမ်ပိန်းတွေအတွက် အားစိုက်နေရလို့ပါ ကျွန်မက ကလစ်ကာပါမောင် ဖုန်းစက်လေးနေပြီမို့ မောင့်ပုံလေးတွေဖျက်မိရင် စိတ်မဆိုးပါနဲ့ vpnတွေအများကြီးထည့်ထားရလို့ပါ ကျွန်မက ကလစ်ကာပါမောင် စာပို့နေရင်း လိုင်းပေါ်ကပျောက်သွားရင်လည်း သည်းခံပေးပါ တခြားကလစ်Appတွေ ကလစ်ဖို့ကျန်နေသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် မောင်နဲ့ဆုံဖြစ်တဲ့အချိန် Audio bookဖွင့်ထားမိရင်လည်း လက်ခံပေးပါ ကြော်ငြာပန်းတွေတက်ဖို့ ဖွင့်ရတာမို့ပါ ကျွန်မကကလစ်ကာပါမောင် ထမင်းစားရင်တောင် ကလစ်နေရလို့ မဆူပါနဲ့ တစ်ရက်တာ target မရသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် App တွေဝှက်တဲ့အခါ တမျိုးမထင်ပါနဲ့ အပြင်ထွက်ရင် ခွေးဆွဲမှာကြောက်လို့ပါ ကျွန်မက ကလစ်ကာပါမောင် ညသန်းခေါင်ယံထိ မအိပ်ရမကောင်းလားလို့ စိတ်မပူပါနဲ့ Mission ပျားလည်းတို့ရသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် မောင့်ကိုချစ်သလို ကလစ်တာကိုလည်း မပစ်နိုင်ပါဘူး အသစ်ရှာချင်လည်း မောင့်သဘောပါလေ မောင် ကျွန်မကို ခွင့်လွတ်မလား စွန့်လွတ်မလား ကျွန်မ ကလစ်ရဦးမှာမို့ ဒါပါပဲ #Maykhinkanyar -
လွယ်လွယ်နဲ့
ရတဲ့အရာတစ်ခုကို
ဘယ်သူကမှတန်ဖိုးမထားဘူး
တန်ဖိုးရှိတယ်လို့လည်း မမြင်ဘူး။
ကိုယ်က,ကောင်းပေးလွန်းရင် လောကကြီးမှာ
ချောင်ထိုးခံရတတ်တယ်။
လူတွေက
မရတဲ့အရာကို ပိုလိုချင်ကြတယ်
ရထားတဲ့အရာကို တန်ဖိုးမထားကြဘူး။
မရှိတဲ့အရာကို ပိုရှာဖွေကြတယ်
ရှိနေတဲ့အရာကို တန်ဖိုးမထားကြဘူး။
မပြောတဲ့သူဆီက
စကားတွေကို မျှော်လင့်ကြတယ်
ပြောပြနေတဲ့သူဆီက စကားတွေကို နားမထောင်ချင်ဘူး။
တည်နေတဲ့သူဆီက
အပြုံးကို မြင်ချင်ကြတယ်
ပြုံးပြနေသူကိုကျ တံထွေးနဲ့လှမ်းထွေးချင်တယ်။
ကိုယ်ဘက်က ဘယ်လောက်ကောင်းကောင်း
လွယ်လွယ်ရသလိုဖြစ်သွားရင်
တန်ဖိုးမဲ့တတ်တယ်။
လွယ်လွယ်ရရင် ချောင်ထိုးပစ်ခံရတဲ့အထဲမှာ
စေတနာ ခင်မင်မှု နဲ့ အချစ်တို့က
ထိပ်ဆုံးကပဲ။
လူတိုင်းက
ကိုယ့်အပေါ်ကောင်းမယ်လို့
မမျှော်လင့်ထားပါနဲ့
ကိုယ်ကပဲ လူတိုင်းကို ကောင်းပေးနိုင်ဖို့ ကြိုးစားပါ
ကိုယ်ပေးသောမေတ္တာ ကိုယ့်ဆီပြန်ရောက်မယ်လို့
မမျှော်လင့်ထားပါနဲ့
ပေးကတည်းက အပြီးပေးလိုက်ပါ။
အဖက်မလုပ်ခံရတာတွေများပြီး
အရမ်းနာကျင်လာတဲ့အခါ
မှန် တစ်ချပ်လိုပဲ နေလိုက်ပါ
အဆင်ပြေမှာပါ......
#လူငယ်များအတွက်ဗဟုသုတစာပေများ
#အရမ်းကောင်းတဲ့စာသားပါ
#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
#စာပေဗဟုသုတများ
#crd_to_owner_with_respectcrdလွယ်လွယ်နဲ့ ရတဲ့အရာတစ်ခုကို ဘယ်သူကမှတန်ဖိုးမထားဘူး တန်ဖိုးရှိတယ်လို့လည်း မမြင်ဘူး။ ကိုယ်က,ကောင်းပေးလွန်းရင် လောကကြီးမှာ ချောင်ထိုးခံရတတ်တယ်။ လူတွေက မရတဲ့အရာကို ပိုလိုချင်ကြတယ် ရထားတဲ့အရာကို တန်ဖိုးမထားကြဘူး။ မရှိတဲ့အရာကို ပိုရှာဖွေကြတယ် ရှိနေတဲ့အရာကို တန်ဖိုးမထားကြဘူး။ မပြောတဲ့သူဆီက စကားတွေကို မျှော်လင့်ကြတယ် ပြောပြနေတဲ့သူဆီက စကားတွေကို နားမထောင်ချင်ဘူး။ တည်နေတဲ့သူဆီက အပြုံးကို မြင်ချင်ကြတယ် ပြုံးပြနေသူကိုကျ တံထွေးနဲ့လှမ်းထွေးချင်တယ်။ ကိုယ်ဘက်က ဘယ်လောက်ကောင်းကောင်း လွယ်လွယ်ရသလိုဖြစ်သွားရင် တန်ဖိုးမဲ့တတ်တယ်။ လွယ်လွယ်ရရင် ချောင်ထိုးပစ်ခံရတဲ့အထဲမှာ စေတနာ ခင်မင်မှု နဲ့ အချစ်တို့က ထိပ်ဆုံးကပဲ။ လူတိုင်းက ကိုယ့်အပေါ်ကောင်းမယ်လို့ မမျှော်လင့်ထားပါနဲ့ ကိုယ်ကပဲ လူတိုင်းကို ကောင်းပေးနိုင်ဖို့ ကြိုးစားပါ ကိုယ်ပေးသောမေတ္တာ ကိုယ့်ဆီပြန်ရောက်မယ်လို့ မမျှော်လင့်ထားပါနဲ့ ပေးကတည်းက အပြီးပေးလိုက်ပါ။ အဖက်မလုပ်ခံရတာတွေများပြီး အရမ်းနာကျင်လာတဲ့အခါ မှန် တစ်ချပ်လိုပဲ နေလိုက်ပါ အဆင်ပြေမှာပါ...... #လူငယ်များအတွက်ဗဟုသုတစာပေများ #အရမ်းကောင်းတဲ့စာသားပါ #အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
More Results