• ဝင်ငွေနဲ့ အသုံးစရိတ် မျှတအောင် ဘယ်လိုစီမံမလဲ။

    ကိုယ့်ဝင်ငွေနဲ့ ကိုယ့်အသုံးစရိတ် မျှတမှု မရှိဘူးဆိုရင် ငွေကြေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဝင်ငွေနဲ့ အသုံးစရိတ်ကို မျှတအောင် စီမံခန့်ခွဲဖို့ နည်းလမ်း(၅)ခုကို လိုက်နာသင့်ပါတယ်။

    ၁။ဝင်ငွေအားလုံးကို စာရင်းပြုစုပါ။
    လစာ၊ ပင်စင်၊ ရင်းနှီးမြှုပ်နှံမှုကနေ ရရှိတဲ့ အကျိုးအမြတ် စသဖြင့် သင့်ဝင်ငွေအားလုံးကို တိကျစွာ မှတ်တမ်းတင်ပါ။

    ၂။အသုံးစရိတ်အားလုံးကို မှတ်တမ်းတင်ပါ။ အိမ်လခ/အိမ်အရစ်ကျ၊ မီး၊ ရေ၊ ဖုန်းခ၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အကြွေး များ၊ ကျန်းမာရေး စတဲ့ အသုံးစရိတ်အားလုံးကို အသေးစိတ် ချရေးပါ။

    ၃။ဝင်ငွေနဲ့ အသုံးစရိတ်ကို နှိုင်းယှဉ်ပါ။
    သင့်ရဲ့ ဝင်ငွေကနေ အသုံးစရိတ်ကို နှုတ်ကြည့်ပါ။ အမြတ်ကျန်ခဲ့ရင် စုဆောင်းဖို့ အခွင့်အလမ်း ရှိပါတယ်။ အသုံးစရိတ်က ဝင်ငွေထက် ပိုများနေရင်တော့ ချိန်ညှိဖို့ လိုပါပြီ။

    ၄။အခြေခံလိုအပ်ချက်တွေကို အရင်ဖြည့်ပါ။
    အိမ်စရိတ်၊ စားဝတ်နေရေး၊ မီး၊ ရေ စတဲ့ မဖြစ်မနေ လိုအပ်တဲ့ အရာတွေကို ပထမဦးစားပေးပါ။

    ၅။အပိုအသုံးစရိတ်တွေကို ထိန်းချုပ်ပါ။
    ဖျော်ဖြေရေး၊ အပြင်ထွက်စားသောက်ခြင်း စတဲ့ မရှိမဖြစ်မဟုတ်တဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ ကြိုးစားပါ။

    သင့်ရဲ့ ဘတ်ဂျက်ကို ထိန်းချုပ်နိုင်ပြီး အရေးပေါ်ရန်ပုံငွေ ရှိလာပြီဆိုရင် အနာဂတ် ရည်မှန်းချက်တွေ (အိမ်ဝယ်တာ၊ ပညာရေး၊ အငြိမ်းစားယူတာ) အတွက် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားပါ။

    ဝင်ငွေနဲ့ အသုံးစရိတ်ကို မျှတအောင် စီမံခြင်းဟာ စိတ်ငြိမ်သက်မှုနဲ့ ငွေကြေး လုံခြုံမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီအချက်တွေကို လိုက်နာပြီး သင့်ရဲ့ ငွေကြေးအခြေအနေကို တိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။

    #coachpannsu
    #innerupgrade
    #selfleadership
    ဝင်ငွေနဲ့ အသုံးစရိတ် မျှတအောင် ဘယ်လိုစီမံမလဲ။ ကိုယ့်ဝင်ငွေနဲ့ ကိုယ့်အသုံးစရိတ် မျှတမှု မရှိဘူးဆိုရင် ငွေကြေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဝင်ငွေနဲ့ အသုံးစရိတ်ကို မျှတအောင် စီမံခန့်ခွဲဖို့ နည်းလမ်း(၅)ခုကို လိုက်နာသင့်ပါတယ်။ ၁။ဝင်ငွေအားလုံးကို စာရင်းပြုစုပါ။ လစာ၊ ပင်စင်၊ ရင်းနှီးမြှုပ်နှံမှုကနေ ရရှိတဲ့ အကျိုးအမြတ် စသဖြင့် သင့်ဝင်ငွေအားလုံးကို တိကျစွာ မှတ်တမ်းတင်ပါ။ ၂။အသုံးစရိတ်အားလုံးကို မှတ်တမ်းတင်ပါ။ အိမ်လခ/အိမ်အရစ်ကျ၊ မီး၊ ရေ၊ ဖုန်းခ၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အကြွေး များ၊ ကျန်းမာရေး စတဲ့ အသုံးစရိတ်အားလုံးကို အသေးစိတ် ချရေးပါ။ ၃။ဝင်ငွေနဲ့ အသုံးစရိတ်ကို နှိုင်းယှဉ်ပါ။ သင့်ရဲ့ ဝင်ငွေကနေ အသုံးစရိတ်ကို နှုတ်ကြည့်ပါ။ အမြတ်ကျန်ခဲ့ရင် စုဆောင်းဖို့ အခွင့်အလမ်း ရှိပါတယ်။ အသုံးစရိတ်က ဝင်ငွေထက် ပိုများနေရင်တော့ ချိန်ညှိဖို့ လိုပါပြီ။ ၄။အခြေခံလိုအပ်ချက်တွေကို အရင်ဖြည့်ပါ။ အိမ်စရိတ်၊ စားဝတ်နေရေး၊ မီး၊ ရေ စတဲ့ မဖြစ်မနေ လိုအပ်တဲ့ အရာတွေကို ပထမဦးစားပေးပါ။ ၅။အပိုအသုံးစရိတ်တွေကို ထိန်းချုပ်ပါ။ ဖျော်ဖြေရေး၊ အပြင်ထွက်စားသောက်ခြင်း စတဲ့ မရှိမဖြစ်မဟုတ်တဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ ကြိုးစားပါ။ သင့်ရဲ့ ဘတ်ဂျက်ကို ထိန်းချုပ်နိုင်ပြီး အရေးပေါ်ရန်ပုံငွေ ရှိလာပြီဆိုရင် အနာဂတ် ရည်မှန်းချက်တွေ (အိမ်ဝယ်တာ၊ ပညာရေး၊ အငြိမ်းစားယူတာ) အတွက် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားပါ။ ဝင်ငွေနဲ့ အသုံးစရိတ်ကို မျှတအောင် စီမံခြင်းဟာ စိတ်ငြိမ်သက်မှုနဲ့ ငွေကြေး လုံခြုံမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီအချက်တွေကို လိုက်နာပြီး သင့်ရဲ့ ငွေကြေးအခြေအနေကို တိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။ #coachpannsu #innerupgrade #selfleadership
    Care
    1
    · 0 Comments ·0 Shares ·131 Views
  • အရင်ကဆို မိုးမလင်းသေးဘူး
    စာတွေပို့တယ် ဖုန်းတွေခေါ်တယ်

    "ည ညဆိုလဲ ဖုန်းထဲမှာ စကားတွေပြောပြီး အချိန်ကုန်ခဲ့တယ်

    ကတိတွေပေးခဲ့တယ် ယုံကြည်မှု ရအောင်ကြိုးစားတယ်

    ကိုယ့်ဖက်က ယုံကြည်လိုက်မိတော့
    သူ့ဖက်က အချိုးတွေ ပြောင်းလဲလာတယ်

    တဖြည်းဖြည်း ကြာလာတော့ စကားနည်းလာတယ် မအားတဲ့ အချိန်တွေများလာတယ်
    ဆင်ခြေတွေ ပေးတတ်လာတယ်

    အရင်ကဆို စကားမပြောရရင် မနေနိုင်ဘူးတဲ့....
    ဖုန်းမကိုင်ရင် စိတ်ကောက်တတ်တယ်
    သူငယ်ချင်းနဲ့ ဖုန်းပြောရင် သဝန်တိုတတ်တယ်

    ခုကြာလာတော့ တဖြည်းဖြည်း စကားတွေ မပြောဖြစ်တော့ဘူး

    အရင်လိုလည်း ဖုန်းမခေါ်တော့ဘူး
    ဖုန်းခေါ်တော့လည်း မအားဘူး
    အလုပ်တွေ ရှုပ်နေတယ်ပေါ့...

    အချိန်တွေကြာလာတော့ သူစိမ်းဆန်သွားကြတယ်
    လူတွေရဲ့ စိတ်တွေက မတည်ငြိမ်ကြဘူး

    သူတို့ လိုချင်ရင် ရောက်လာကြတယ်
    သူတို့ မလိုချင်တော့ရင် တိတ်တဆိတ်လေး ထွက်သွားကြတယ်

    တချို့ လူတွေက အစလေးမှာ ချစ်ပြကြတာ/ ကြာလာရင် သူတို့ရဲ့ အချစ်တွေက ပျောက်ကွယ်သွားတယ်

    ဘယ်သူ့ကိုမှ ယုံကြည်လို့ မရဘူး။
    အရင်ကဆို မိုးမလင်းသေးဘူး စာတွေပို့တယ် ဖုန်းတွေခေါ်တယ် "ည ညဆိုလဲ ဖုန်းထဲမှာ စကားတွေပြောပြီး အချိန်ကုန်ခဲ့တယ် ကတိတွေပေးခဲ့တယ် ယုံကြည်မှု ရအောင်ကြိုးစားတယ် ကိုယ့်ဖက်က ယုံကြည်လိုက်မိတော့ သူ့ဖက်က အချိုးတွေ ပြောင်းလဲလာတယ် တဖြည်းဖြည်း ကြာလာတော့ စကားနည်းလာတယ် မအားတဲ့ အချိန်တွေများလာတယ် ဆင်ခြေတွေ ပေးတတ်လာတယ် အရင်ကဆို စကားမပြောရရင် မနေနိုင်ဘူးတဲ့.... ဖုန်းမကိုင်ရင် စိတ်ကောက်တတ်တယ် သူငယ်ချင်းနဲ့ ဖုန်းပြောရင် သဝန်တိုတတ်တယ် ခုကြာလာတော့ တဖြည်းဖြည်း စကားတွေ မပြောဖြစ်တော့ဘူး အရင်လိုလည်း ဖုန်းမခေါ်တော့ဘူး ဖုန်းခေါ်တော့လည်း မအားဘူး အလုပ်တွေ ရှုပ်နေတယ်ပေါ့... အချိန်တွေကြာလာတော့ သူစိမ်းဆန်သွားကြတယ် လူတွေရဲ့ စိတ်တွေက မတည်ငြိမ်ကြဘူး သူတို့ လိုချင်ရင် ရောက်လာကြတယ် သူတို့ မလိုချင်တော့ရင် တိတ်တဆိတ်လေး ထွက်သွားကြတယ် တချို့ လူတွေက အစလေးမှာ ချစ်ပြကြတာ/ ကြာလာရင် သူတို့ရဲ့ အချစ်တွေက ပျောက်ကွယ်သွားတယ် ဘယ်သူ့ကိုမှ ယုံကြည်လို့ မရဘူး။
    Care
    1
    · 0 Comments ·0 Shares ·121 Views
  • မိန်းမတွေကို သတိထား
    -----
    တရုတ်ဆိုရိုးတစ်ခုရှိတယ်။ ပြောပြမယ်

    အမေ့ကို ချစ်ဖွယ်သောစကားဆို

    အဖေ့ကို လေးစားစွာ ဆက်ဆံ

    အစ်ကိုတွေကို ချစ်အောင်ပြော

    အစ်မတွေကို နှစ်သက်အောင်ပြော

    ကလေးတွေကို စိတ်ပါလက်ပါဆက်ဆံ

    ဆွေမျိုးတွေကို မျှဝေလိုစိတ်ထား

    မိတ်ဆွေတွေကို ရယ်ရယ်မောမောပြော

    ဂုဏ်ရှိသူတွေကို ယဉ်ကျေးစွာပြော

    ဈေးသည်ကို ပြတ်ပြတ်ပြော

    ဖောက်သည်ကို ရိုးသား

    အလုပ်သမားကို ယဉ်ကျေး

    နိုင်ငံရေးသမားကို သတိထား

    ဘုရားသခင်ကို တိတ်ဆိတ်စွာရှိခိုး

    အင်း

    ဇနီးမယားကိုလား

    ဟုတ်ကဲ့

    ကိုယ့်မိန်းမကိုတော့

    ပြန်မပြောနဲ့ နားထောင်တဲ့

    ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းတစ်ပုဒ်ပြောပြဦးမယ်

    (၁)

    “မောင်”

    “ဘာလဲ”

    “ကျွန်မ ဝနေလားဟင်”

    “ဝနေတယ်”

    “အေးပေါ့ ဝနေပြီ ပြောတော့မှာပေါ့ ... ရှင် ခိုးခိုးကြည့်နေတဲ့ ဟိုဘက်အိမ်က ကောင်မ ငါးဖောင်ရိုးလိုတော့ မဟုတ်ဘူးပေါ့”

    “တိုးတိုးပြောပါကွာ ... ဟိုကကြားသွားပါ့မယ်”

    “ကြားကြား”

    (၂)

    “မောင်”

    “ပြော”

    “ကျွန်မ ဝလာလား”

    “မဝဘူး”

    “ကလိမ် ... ရှင်ဘယ်တုန်းက လိမ်ပြောတတ်တာလဲ ... ရှေ့တင်တောင် ဒီလောက် လိမ်နေတာ နောက်ကွယ်ဆို ပိုဆိုးတော့မှာပဲ”

    (၃)

    “မောင်”

    “ကျွန်မ ဝနေလားဟင်”

    “အင်း နည်းနည်းလေးတော့ ပြည့်တေ့တေ့ဖြစ်နေတယ်”

    “ဘာ ကျွန်မကို ဖောနေသလိုလို ဖောင်းနေသလို ကျန်းမာရေး မကောင်းသလိုလိုပြောတာ ... အေးလေ မြန်မြန်သေစေချင်နေမှာပေါ့”

    (၄)

    “မောင်”

    “ကျွန်မ ဝနေလားဟင်”

    “မသိတော့ဘူးကွာ”

    “ဪ ... ခုတော့ မသိတော့ဘူးပေါ့ ... ခုတော့ ကျွန်မဘာဖြစ်နေတယ်ဆိုတာ ရှင်က မကြည့်ချင် လောက်အောင် ဖြစ်နေပြီပေါ့ ... ရှင်ကန်းနေပြီပေါ့”

    (၅)

    “မောင်”

    “ဘာလဲ”

    “ကျွန်မ ဝနေသလားဟင်”

    “မင်းစိတ်ထဲမှာ ထင်တဲ့အတိုင်းပဲ”

    “ရှင်က ကျွန်မထင်တဲ့အတိုင်းပဲဆိုတော့ ဘာလဲ ကျွန်မကို အဖက်မလုပ်ချင်တဲ့သဘောလား ... ရှင်ပဲ မင်းကို မရရင် သေရပါတော့မယ်ဆိုပြီး မျက်ရည်ကျပြခဲ့တာ မေ့နေပြီလား”

    (၆)

    “မောင်”

    “အင်း”

    “ကျွန်မ ဝနေပြီလား”

    ယောကျ်ားက ပြန်မပြော

    “မောင်”

    ဘာမျှ မတုံ့ပြန်

    “ဘာလဲ ရှင် နားပင်းနေပြီလား”

    (The Way You Treat Your Wife)

    #တင်ညွန့်

    ၁၆.၁.၂၀၂၁

    #credit #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
    မိန်းမတွေကို သတိထား ----- တရုတ်ဆိုရိုးတစ်ခုရှိတယ်။ ပြောပြမယ် အမေ့ကို ချစ်ဖွယ်သောစကားဆို အဖေ့ကို လေးစားစွာ ဆက်ဆံ အစ်ကိုတွေကို ချစ်အောင်ပြော အစ်မတွေကို နှစ်သက်အောင်ပြော ကလေးတွေကို စိတ်ပါလက်ပါဆက်ဆံ ဆွေမျိုးတွေကို မျှဝေလိုစိတ်ထား မိတ်ဆွေတွေကို ရယ်ရယ်မောမောပြော ဂုဏ်ရှိသူတွေကို ယဉ်ကျေးစွာပြော ဈေးသည်ကို ပြတ်ပြတ်ပြော ဖောက်သည်ကို ရိုးသား အလုပ်သမားကို ယဉ်ကျေး နိုင်ငံရေးသမားကို သတိထား ဘုရားသခင်ကို တိတ်ဆိတ်စွာရှိခိုး အင်း ဇနီးမယားကိုလား ဟုတ်ကဲ့ ကိုယ့်မိန်းမကိုတော့ ပြန်မပြောနဲ့ နားထောင်တဲ့ ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းတစ်ပုဒ်ပြောပြဦးမယ် (၁) “မောင်” “ဘာလဲ” “ကျွန်မ ဝနေလားဟင်” “ဝနေတယ်” “အေးပေါ့ ဝနေပြီ ပြောတော့မှာပေါ့ ... ရှင် ခိုးခိုးကြည့်နေတဲ့ ဟိုဘက်အိမ်က ကောင်မ ငါးဖောင်ရိုးလိုတော့ မဟုတ်ဘူးပေါ့” “တိုးတိုးပြောပါကွာ ... ဟိုကကြားသွားပါ့မယ်” “ကြားကြား” (၂) “မောင်” “ပြော” “ကျွန်မ ဝလာလား” “မဝဘူး” “ကလိမ် ... ရှင်ဘယ်တုန်းက လိမ်ပြောတတ်တာလဲ ... ရှေ့တင်တောင် ဒီလောက် လိမ်နေတာ နောက်ကွယ်ဆို ပိုဆိုးတော့မှာပဲ” (၃) “မောင်” “ကျွန်မ ဝနေလားဟင်” “အင်း နည်းနည်းလေးတော့ ပြည့်တေ့တေ့ဖြစ်နေတယ်” “ဘာ ကျွန်မကို ဖောနေသလိုလို ဖောင်းနေသလို ကျန်းမာရေး မကောင်းသလိုလိုပြောတာ ... အေးလေ မြန်မြန်သေစေချင်နေမှာပေါ့” (၄) “မောင်” “ကျွန်မ ဝနေလားဟင်” “မသိတော့ဘူးကွာ” “ဪ ... ခုတော့ မသိတော့ဘူးပေါ့ ... ခုတော့ ကျွန်မဘာဖြစ်နေတယ်ဆိုတာ ရှင်က မကြည့်ချင် လောက်အောင် ဖြစ်နေပြီပေါ့ ... ရှင်ကန်းနေပြီပေါ့” (၅) “မောင်” “ဘာလဲ” “ကျွန်မ ဝနေသလားဟင်” “မင်းစိတ်ထဲမှာ ထင်တဲ့အတိုင်းပဲ” “ရှင်က ကျွန်မထင်တဲ့အတိုင်းပဲဆိုတော့ ဘာလဲ ကျွန်မကို အဖက်မလုပ်ချင်တဲ့သဘောလား ... ရှင်ပဲ မင်းကို မရရင် သေရပါတော့မယ်ဆိုပြီး မျက်ရည်ကျပြခဲ့တာ မေ့နေပြီလား” (၆) “မောင်” “အင်း” “ကျွန်မ ဝနေပြီလား” ယောကျ်ားက ပြန်မပြော “မောင်” ဘာမျှ မတုံ့ပြန် “ဘာလဲ ရှင် နားပင်းနေပြီလား” (The Way You Treat Your Wife) #တင်ညွန့် ၁၆.၁.၂၀၂၁ #credit #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
    Haha
    1
    · 0 Comments ·0 Shares ·164 Views
  • အတွေးတွေအစွန်းမရောက်ခြင်ပါဘူး
    အတွေးတွေအစွန်းမရောက်ခြင်ပါဘူး
    0 Comments ·0 Shares ·65 Views
  • မချစ်တော့ဘူးဆိုရင်
    အဆက်သွယ်နည်းလာခြင်းနဲ့ ပြတယ်။

    မလိုအပ်ကြတော့ဘူးဆိုရင်
    တိတ်ဆိတ်နေခြင်းတွေနဲ့ ပြတယ်။

    စွန့်ပစ်ချင်ကြပြီဆိုရင်
    မအားလပ်ခြင်းအကြောင်းပြချက်တွေနဲ့ ပြတယ်။

    ရှေ့မဆက်ချင်တော့ဘူးဆိုရင်
    စကားနည်းလာခြင်းတွေနဲ့ ပြတယ်။

    အသစ်တွေ့နေပြီဆိုရင်...
    အရာရာအပြစ်မြင်လာခြင်းတွေနဲ့ ပြတယ်။

    သစ္စာဖောက်နေပြီဆိုရင်...
    အစောကြီးအိပ်ချင်ပြီဆိုပြီး ပြတယ်။

    ပြကို ပြတယ်။
    ကြုံခဲ့ဖူးသူတိုင်း သိတယ်။

    လွဲချင်လာတဲ့အခါ အမူအရာတွေက ပြတယ်။

    မြတ်နိုးတွယ်တာချစ်ရပါသောမေ
    မချစ်တော့ဘူးဆိုရင် အဆက်သွယ်နည်းလာခြင်းနဲ့ ပြတယ်။ မလိုအပ်ကြတော့ဘူးဆိုရင် တိတ်ဆိတ်နေခြင်းတွေနဲ့ ပြတယ်။ စွန့်ပစ်ချင်ကြပြီဆိုရင် မအားလပ်ခြင်းအကြောင်းပြချက်တွေနဲ့ ပြတယ်။ ရှေ့မဆက်ချင်တော့ဘူးဆိုရင် စကားနည်းလာခြင်းတွေနဲ့ ပြတယ်။ အသစ်တွေ့နေပြီဆိုရင်... အရာရာအပြစ်မြင်လာခြင်းတွေနဲ့ ပြတယ်။ သစ္စာဖောက်နေပြီဆိုရင်... အစောကြီးအိပ်ချင်ပြီဆိုပြီး ပြတယ်။ ပြကို ပြတယ်။ ကြုံခဲ့ဖူးသူတိုင်း သိတယ်။ လွဲချင်လာတဲ့အခါ အမူအရာတွေက ပြတယ်။😊😊 မြတ်နိုးတွယ်တာချစ်ရပါသောမေ
    Care
    1
    · 0 Comments ·0 Shares ·186 Views
  • 🏵 #အစွမ်းထက်သော မန်ကျည်းသီးအသုံးဝင်မှုများ>>>>

    🏵 #မန်ကျည်းရွက်မှာပါတဲ့ ဖလေဗိုးနွိုက်တွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ >>>>>

    🏵 #မန်ကျည်းရွက်ဟာ ကိုယ်တွင်း အပူကို လျော့ကျစေပြီး အစာစားချင်စိတ်ကို တိုးစေတယ်လို့ အင်ဒိုနီးရှား ဆေးဖက်ဝင် အပင်တွေကို လေ့လာသူတွေက ဆိုပါတယ်။ မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု များသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာ ပါဝင်နေပါတယ်။ >>>>>>>>

    🏵 #မန်ကျည်းသီးမှာ ကျန်းမာရေးကောင်းဖို့ လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ တခြား အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ >>>>>>>>>

    🏵 #အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း များစွာ ပါဝင်တာကြောင့် အအေးမိရောဂါကို ကာကွယ်ပေးနိုင်တာ၊ အဖျားကျစေတာ၊ အစာကြေစေတာ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေတာ၊နှလုံးကျန်းမာရေးကောင်းစေတာ စတဲ့ ကောင်းကျိုးတွေအပြင် ဝမ်းမှန်စေတဲ့ အစွမ်းလည်း ရှိပါတယ်။>>>>>>>

    🏵 #ကိုယ်ခံစွမ်းအား ကောင်းစေပါတယ်>>>>>

    🏵 #မန်ကျည်းသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် နေ့စဉ် စားသုံးနေကျ အစားအသောက်ထဲ မန်ကျည်းသီးကို ထည့်စားပေးရင် ဗီတာမင်စီ ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။>>>>>>>

    🏵 #ကင်ဆာရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်>>>>>>>

    🏵 #မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့်တွေက များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး ကင်ဆာလို ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။>>>>>>>

    🏵 #ဝမ်းပျော့ပျော့သွားစေပါတယ်>>>>>>>

    🏵 #မန်ကျည်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းပျော့ပျော့ သွားစေတယ်လို့ ဆိုကြပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တာပါ။

    🏵 #သည်းခြေလုပ်ငန်းဆောင်တာ ကောင်းစေတယ်>>>>>

    #မန်ကျည်းသီးဟာ သည်းခြေလုပ်ငန်းဆောင်တာ ဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။>>>>>>

    🏵 #အစာကြေညက်စေပါတယ်>>>>>

    #မန်ကျည်းသီးဟာ အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာတွေ ကုသရာမှာ မန်ကျည်းသီးကို သုံးလေ့ရှိကြပါတယ်။>>>>>>

    🏵 #နှလုံးကျန်းမာစေပါတယ်>>>>

    🏵 #မန်ကျည်းသီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။>>>>

    🏵 #သွေးသန့်စင်စေပါတယ်>>>>>

    🏵 #မန်ကျည်းသီးဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ် စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်စေပါတယ်။>>>>>>

    🏵 #အရေပြားကို အနာကျက်စေပါတယ်>>>>>

    🏵 #မန်ကျည်းသီးဟာ အရေပြား ရောင်ရမ်းမှု ဖြစ်စဉ်ကို အမြန်သက်သာစေပြီး အနာကျက်မြန်စေပါတယ်။>>>>>

    🏵 #လည်ချောင်းနာတာကို သက်သာစေပါတယ်>>>>

    🏵 မန်ကျည်းသီးကို ရေနဲ့ အရည်ဖျော်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေပါတယ်။>>>>

    🏵 သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်>>>>>

    🏵 မန်ကျည်းသီးမှာ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ဆိုဒီယမ်ရဲ့ အာနိသင်ကို ထိန်းချုပ်ပေးကာ သွေးတိုးကို ကျစေပါတယ်။>>>>>>>

    #ကျန်းမာရေး #ဗဟုသုတ #စာပေ
    #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကိုCrd
    ကျန်းမာရေးနဲ့ပတ်သတ်တဲ့ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျေးဇူးတင်ပါတယ်
    🏵 #အစွမ်းထက်သော မန်ကျည်းသီးအသုံးဝင်မှုများ>>>> 🏵 #မန်ကျည်းရွက်မှာပါတဲ့ ဖလေဗိုးနွိုက်တွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ >>>>> 🏵 #မန်ကျည်းရွက်ဟာ ကိုယ်တွင်း အပူကို လျော့ကျစေပြီး အစာစားချင်စိတ်ကို တိုးစေတယ်လို့ အင်ဒိုနီးရှား ဆေးဖက်ဝင် အပင်တွေကို လေ့လာသူတွေက ဆိုပါတယ်။ မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု များသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာ ပါဝင်နေပါတယ်။ >>>>>>>> 🏵 #မန်ကျည်းသီးမှာ ကျန်းမာရေးကောင်းဖို့ လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ တခြား အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ >>>>>>>>> 🏵 #အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း များစွာ ပါဝင်တာကြောင့် အအေးမိရောဂါကို ကာကွယ်ပေးနိုင်တာ၊ အဖျားကျစေတာ၊ အစာကြေစေတာ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေတာ၊နှလုံးကျန်းမာရေးကောင်းစေတာ စတဲ့ ကောင်းကျိုးတွေအပြင် ဝမ်းမှန်စေတဲ့ အစွမ်းလည်း ရှိပါတယ်။>>>>>>> 🏵 #ကိုယ်ခံစွမ်းအား ကောင်းစေပါတယ်>>>>> 🏵 #မန်ကျည်းသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် နေ့စဉ် စားသုံးနေကျ အစားအသောက်ထဲ မန်ကျည်းသီးကို ထည့်စားပေးရင် ဗီတာမင်စီ ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။>>>>>>> 🏵 #ကင်ဆာရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်>>>>>>> 🏵 #မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့်တွေက များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး ကင်ဆာလို ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။>>>>>>> 🏵 #ဝမ်းပျော့ပျော့သွားစေပါတယ်>>>>>>> 🏵 #မန်ကျည်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းပျော့ပျော့ သွားစေတယ်လို့ ဆိုကြပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တာပါ။ 🏵 #သည်းခြေလုပ်ငန်းဆောင်တာ ကောင်းစေတယ်>>>>> #မန်ကျည်းသီးဟာ သည်းခြေလုပ်ငန်းဆောင်တာ ဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။>>>>>> 🏵 #အစာကြေညက်စေပါတယ်>>>>> #မန်ကျည်းသီးဟာ အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာတွေ ကုသရာမှာ မန်ကျည်းသီးကို သုံးလေ့ရှိကြပါတယ်။>>>>>> 🏵 #နှလုံးကျန်းမာစေပါတယ်>>>> 🏵 #မန်ကျည်းသီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။>>>> 🏵 #သွေးသန့်စင်စေပါတယ်>>>>> 🏵 #မန်ကျည်းသီးဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ် စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်စေပါတယ်။>>>>>> 🏵 #အရေပြားကို အနာကျက်စေပါတယ်>>>>> 🏵 #မန်ကျည်းသီးဟာ အရေပြား ရောင်ရမ်းမှု ဖြစ်စဉ်ကို အမြန်သက်သာစေပြီး အနာကျက်မြန်စေပါတယ်။>>>>> 🏵 #လည်ချောင်းနာတာကို သက်သာစေပါတယ်>>>> 🏵 မန်ကျည်းသီးကို ရေနဲ့ အရည်ဖျော်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေပါတယ်။>>>> 🏵 သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်>>>>> 🏵 မန်ကျည်းသီးမှာ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ဆိုဒီယမ်ရဲ့ အာနိသင်ကို ထိန်းချုပ်ပေးကာ သွေးတိုးကို ကျစေပါတယ်။>>>>>>> #ကျန်းမာရေး #ဗဟုသုတ #စာပေ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကိုCrd ကျန်းမာရေးနဲ့ပတ်သတ်တဲ့ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျေးဇူးတင်ပါတယ်🙏🥰
    Like
    1
    · 0 Comments ·0 Shares ·334 Views
  • အစွမ်း ထက်၏
    အစွမ်း ထက်၏
    0 Comments ·0 Shares ·139 Views
  • ဆက်ဆံရေး တချို့...
    အရင်လို ဟက်ဟက်ပက်ပက်
    မရှိတော့တဲ့အခါ..
    ဝမ်းနည်းစရာ မလိုပါဘူး...

    တစ်အိမ်ထဲမှာ အတူတူနေကြပြီး
    တစ်မိဘထဲက မွေးတဲ့...
    ညီအစ်ကို မောင်နှမတွေတောင်
    မသင့်မြတ်ကြတာ...

    ရင်ဘတ်ကြီးနဲ့ ရင်းပြီး
    ဘယ်သူ့ကိုမှ အောက်ကျခံပြီး
    ပေါင်းစရာ မလိုပါဘူး...

    အပေါ်ယံနဲ့ တန်တဲ့သူကို
    အပေါ်ယံပဲ ပြန်ဆက်ဆံရုံပေါ့..
    လေနဲ့ လာတဲ့သူကို
    လေပဲ ပြန်ပေးလိုက်ပါ...

    လောကမှာ...
    တန်ရာ တန်ရာပေါ့..
    မျှတပါတယ်...

    မေတ္တာ ပေးပြီး
    ဥပေက္ခာတွေပဲ ပြန်ရတဲ့အခါ..
    ကိုယ်ပဲ စိတ်တိုရတာလေ...

    ဒါကြောင့်..
    မလိုအပ်ရင်..
    လူတိုင်းကို အရောမဝင်ပါနဲ့..
    ရောလို့ မကောင်းတဲ့ အထဲမှာ
    လူတွေက ထိပ်ဆုံးက ပါတယ်...။
    ဆက်ဆံရေး တချို့... အရင်လို ဟက်ဟက်ပက်ပက် မရှိတော့တဲ့အခါ.. ဝမ်းနည်းစရာ မလိုပါဘူး... တစ်အိမ်ထဲမှာ အတူတူနေကြပြီး တစ်မိဘထဲက မွေးတဲ့... ညီအစ်ကို မောင်နှမတွေတောင် မသင့်မြတ်ကြတာ... ရင်ဘတ်ကြီးနဲ့ ရင်းပြီး ဘယ်သူ့ကိုမှ အောက်ကျခံပြီး ပေါင်းစရာ မလိုပါဘူး... အပေါ်ယံနဲ့ တန်တဲ့သူကို အပေါ်ယံပဲ ပြန်ဆက်ဆံရုံပေါ့.. လေနဲ့ လာတဲ့သူကို လေပဲ ပြန်ပေးလိုက်ပါ... လောကမှာ... တန်ရာ တန်ရာပေါ့.. မျှတပါတယ်... မေတ္တာ ပေးပြီး ဥပေက္ခာတွေပဲ ပြန်ရတဲ့အခါ.. ကိုယ်ပဲ စိတ်တိုရတာလေ... ဒါကြောင့်.. မလိုအပ်ရင်.. လူတိုင်းကို အရောမဝင်ပါနဲ့.. ရောလို့ မကောင်းတဲ့ အထဲမှာ လူတွေက ထိပ်ဆုံးက ပါတယ်...။
    0 Comments ·0 Shares ·358 Views
  • ငွေတွေရွှေတွေငါ့ဆီကိုအစုလိုက်အပြုံလိုက်ဝင်လာပြီ
    ငွေတွေရွှေတွေငါ့ဆီကိုအစုလိုက်အပြုံလိုက်ဝင်လာပြီ
    Love
    1
    · 0 Comments ·0 Shares ·173 Views
  • ရှမ်းအစားစာလဲနှစ်သက်
    သေးတယ်
    ရှမ်းအစားစာလဲနှစ်သက် သေးတယ်
    Like
    1
    · 0 Comments ·0 Shares ·301 Views
  • တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။

    #crd_to_owner_with_respect
    တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။ #crd_to_owner_with_respect
    Like
    2
    · 0 Comments ·0 Shares ·761 Views
  • မားကင်စွမ်းကန်ခ
    မြန်မာ့ရိုးရာအစားစာ
    မားကင်စွမ်းကန်ခ မြန်မာ့ရိုးရာအစားစာ
    Love
    1
    · 0 Comments ·0 Shares ·91 Views
More Results