• သန်မာနေရမယ် ကလေးရေ
    ဘဝက မင်းရွှေးချယ်ရမှာမဟုတ်ဘူး
    ကံတရားကပဲ မင်းကိုရွှေးချယ်နေမှာ . . .

    အဲ့ဒါကြောင့် မင်းအမြဲသန်မာနေရမယ်

    လောကကြီးက ကိုယ့်ကိုကြမ်းတမ်းခက်ခဲတဲ့
    နေရာရွှေးချယ်ရင် ကိုယ်ကလဲပိုပြီးသန်မာပြရမယ်

    ပျော့ညံ့နေရင် ရူံးမယ် ကြောက်ရွံ့နေရင်
    ပိုပြီးခက်ခဲမယ် ဘယ်အရာပဲ ဖြစ်လာဖြစ်လာ
    ရင်ဆိုင်နိုင်ရမယ် . . .

    ဘဝက နိမ့်လိုက် မြင့်လိုက် ခက်ခဲတဲ့အချိန်တွေကို
    မင်းကျော်ဖြတ်နိုင်မှ အမြင့်ဆုံးကိုရောက်မှာပေါ့ ။

    ဘဝက မင်းထင်သလောက်မလွယ်ကူတဲ့အတွက်
    ဒီနေ့ကစပြီး ပျော့ညံ့နေတဲ့ မင်းရဲ့စိတ်တွေကို
    အတိတ်မှာပဲ ထားခဲ့လိုက်ပါ
    သန်မာနေရမယ် ကလေးရေ ဘဝက မင်းရွှေးချယ်ရမှာမဟုတ်ဘူး ကံတရားကပဲ မင်းကိုရွှေးချယ်နေမှာ . . . အဲ့ဒါကြောင့် မင်းအမြဲသန်မာနေရမယ် လောကကြီးက ကိုယ့်ကိုကြမ်းတမ်းခက်ခဲတဲ့ နေရာရွှေးချယ်ရင် ကိုယ်ကလဲပိုပြီးသန်မာပြရမယ် ပျော့ညံ့နေရင် ရူံးမယ် ကြောက်ရွံ့နေရင် ပိုပြီးခက်ခဲမယ် ဘယ်အရာပဲ ဖြစ်လာဖြစ်လာ ရင်ဆိုင်နိုင်ရမယ် . . . ဘဝက နိမ့်လိုက် မြင့်လိုက် ခက်ခဲတဲ့အချိန်တွေကို မင်းကျော်ဖြတ်နိုင်မှ အမြင့်ဆုံးကိုရောက်မှာပေါ့ ။ ဘဝက မင်းထင်သလောက်မလွယ်ကူတဲ့အတွက် ဒီနေ့ကစပြီး ပျော့ညံ့နေတဲ့ မင်းရဲ့စိတ်တွေကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ
    Care
    2
    · 0 Comments ·0 Shares ·107 Views
  • ကိုယ်ရွေးချယ်မယ် လက်တစ်စုံဟာ ရုပ်ချောနေဖို့ ချမ်းသာနေဖို့ ပညာတက်နေဖို့မလို့ဘူး မောင်နှမ အရင်းပမာ နွေးထွေးတဲ့ မေတ္တာပေးနိုင်တဲ့သူမျိုး

    ဘယ်လို့ဘဝမျိုးပဲ ရောက်ရောက် ဘယ်လို့အခက်အခဲမျိုးပဲ ကြုံကြံုကိုယ့်ရဲ့ရှေ့က ရပ်တည်ပေးမယ်သူမျိုး......

    ပျိုရွယ်ချိန်မှာ ဂရုစိုက်ပေးတဲ့သူထက် ဇရာအိုချိန်မှာ ကိုယ်ရဲ့ လက်ကို ဆုပ်ကိုင်ပေးမယ့် သူမျိုးပေါ့... အဲ့လိုမျိုး လူတစ်ယောက် ပိုင်ဆိုင်ထားရင် ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်မှာပါ....၊၊

    ကိုယ်ရွေးချယ်မယ် လက်တစ်စုံဟာ ရုပ်ချောနေဖို့ ချမ်းသာနေဖို့ ပညာတက်နေဖို့မလို့ဘူး မောင်နှမ အရင်းပမာ နွေးထွေးတဲ့ မေတ္တာပေးနိုင်တဲ့သူမျိုး ဘယ်လို့ဘဝမျိုးပဲ ရောက်ရောက် ဘယ်လို့အခက်အခဲမျိုးပဲ ကြုံကြံုကိုယ့်ရဲ့ရှေ့က ရပ်တည်ပေးမယ်သူမျိုး...... ပျိုရွယ်ချိန်မှာ ဂရုစိုက်ပေးတဲ့သူထက် ဇရာအိုချိန်မှာ ကိုယ်ရဲ့ လက်ကို ဆုပ်ကိုင်ပေးမယ့် သူမျိုးပေါ့... အဲ့လိုမျိုး လူတစ်ယောက် ပိုင်ဆိုင်ထားရင် ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်မှာပါ....၊၊ ❤️🌹
    0 Comments ·0 Shares ·42 Views
  • ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။

    သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်စေဖို့လည်း တာ၀န်ကျေရတယ်။

    မေတ္တာကို ပြန်ပေးတတ်ဖို့လည်း တာ၀န်ကျေရတယ်

    စိတ်နှလုံး လုံခြုံစေမှုအတွက်လည်း တာ၀န်ကျေရတယ်။

    ကိုယ်ကျင့်တရား ကောင်းအောင် တည်ဆောက်တတ်ဖို့အတွက်လည်း တာ၀န်ကျေရတယ်။

    အသက်ရှင် ကျန်းမာအောင် လမ်းပြပေးရင်းနဲ့လည်း တာ၀န်ကျေရတယ်။

    အခက်အခဲတွေ ကြားထဲမှာ ရုန်းကန်တတ်စေဖို့ တာ၀န်ကျေရတယ်။

    လဲကျ ရှုံးနိမ့်မှုတွေကြားထဲမှာ နစ်မြုပ်မသွားစေဖို့ တာ၀န်ကျေရတယ်။

    ကောင်းမွန်တဲ့ အသက်မွေး၀မ်းကြောင်းမှု ဖြစ်စေဖို့လည်း တာ၀န်ကျေရတယ်။

    စိတ်ဒဏ်ရာ တွေ၊ နာကျည်းချက်တွေနဲ့ အဆိုးမြင်တတ်တဲ့ ကလေးတွေ မဖြစ်အောင် ပြုစုပေးရင်း တာဝန်ကျေရတယ်

    သူတို့လေးတွေ အရွယ်ရောက်လို့ ကိုယ့်ရဲ့ နေ၀င်ချိန်ကို ပြန်ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ ကိုယ့်ဖက်က လိပ်ပြာလုံလုံ စိတ်အေးအေးနဲ့ သူတို့တွေကို ထားခဲ့နိုင်ဖို့က အရေးအကြီးဆုံးပဲ။

    ငါမွေးလိုက်တဲ့ သား၊ ငါမွေးလိုက်တဲ့သမီး၊ ငါမပါဘဲ ရပ်တည်နိုင်ပြီ လို့ စောစောသေချာတဲ့လူတွေက စောစောအေးချမ်းတာပဲ။

    မူရင်း...crd
    ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။ 💯 သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်စေဖို့လည်း တာ၀န်ကျေရတယ်။ 💯 မေတ္တာကို ပြန်ပေးတတ်ဖို့လည်း တာ၀န်ကျေရတယ်💯 စိတ်နှလုံး လုံခြုံစေမှုအတွက်လည်း တာ၀န်ကျေရတယ်။💯 ကိုယ်ကျင့်တရား ကောင်းအောင် တည်ဆောက်တတ်ဖို့အတွက်လည်း တာ၀န်ကျေရတယ်။ 💯 အသက်ရှင် ကျန်းမာအောင် လမ်းပြပေးရင်းနဲ့လည်း တာ၀န်ကျေရတယ်။ 💯 အခက်အခဲတွေ ကြားထဲမှာ ရုန်းကန်တတ်စေဖို့ တာ၀န်ကျေရတယ်။ 💯 လဲကျ ရှုံးနိမ့်မှုတွေကြားထဲမှာ နစ်မြုပ်မသွားစေဖို့ တာ၀န်ကျေရတယ်။ 💯 ကောင်းမွန်တဲ့ အသက်မွေး၀မ်းကြောင်းမှု ဖြစ်စေဖို့လည်း တာ၀န်ကျေရတယ်။ 💯 စိတ်ဒဏ်ရာ တွေ၊ နာကျည်းချက်တွေနဲ့ အဆိုးမြင်တတ်တဲ့ ကလေးတွေ မဖြစ်အောင် ပြုစုပေးရင်း တာဝန်ကျေရတယ်💯 သူတို့လေးတွေ အရွယ်ရောက်လို့ ကိုယ့်ရဲ့ နေ၀င်ချိန်ကို ပြန်ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ ကိုယ့်ဖက်က လိပ်ပြာလုံလုံ စိတ်အေးအေးနဲ့ သူတို့တွေကို ထားခဲ့နိုင်ဖို့က အရေးအကြီးဆုံးပဲ။ 💯 ငါမွေးလိုက်တဲ့ သား၊ ငါမွေးလိုက်တဲ့သမီး၊ ငါမပါဘဲ ရပ်တည်နိုင်ပြီ လို့ စောစောသေချာတဲ့လူတွေက စောစောအေးချမ်းတာပဲ။💯💯💯 မူရင်း...crd
    0 Comments ·0 Shares ·68 Views
  • အမေကို စိတ်မဆင်းရဲပါစေနဲ့
    **********************

    သင်…
    အမေ့ကို တကယ်ချစ်သလား-?

    အပြောထက်
    အလုပ်နဲ့ သက်သေပြဖို့
    ဘယ်လို အခြေအနေ
    ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ

    အမေကို
    စိတ်ချမ်းသာအောင်တော့
    ထားပေးပါ။

    မရှိတော့မှ
    တောင့်တနေမယ့် အစား
    ရှိနေတုန်းလေးမှာ
    အမေပျော်အောင် ထားကြပါ။

    မိမိအတွက်နဲ့
    အမေ စိတ်မဆင်းရဲရပါစေနဲ့။

    အမေ စိတ်ပျော်ရွှင်စွာ
    နေရဖို့အတွက်
    မိမိရဲ့ အပြုအမူ
    အပြောအဆိုလေးတွေ
    လိမ္မာယဉ်ကျေးနေပါစေ။

    ဘာမှ မတည်မြဲတဲ့
    လောကကြီးထဲမှာ
    ဘယ်အရာတွေ
    ဘယ်လိုဟောင်းသွားလဲ

    အမေ့မေတ္တာ
    အမေ့စေတနာတွေက
    ဘယ်တော့မှ မဟောင်း
    ဘယ်တော့မှ မပြောင်းလဲပါဘူး။

    ဒါကြောင့်…
    အမေ ရှိနေခိုက်လေးမှာ
    ကျေးဇူး မဆပ်နိုင်ရင်တောင်မှ
    ကျေးဇူး မကန်းမိအောင်တော့
    အထူး သတိထားပါ။

    အမေ မရှိတော့ရင်လည်း
    အမေ့ကျေးဇူး အထူးသိတတ်ပြီး
    အမေ့ကို ရည်စူးကာ
    ကုသိုလ်ကောင်းမှု ပြုပေးကြပါ။

    ဒါမှ
    လူသားဆန် လူပီသပြီး
    လူ့တန်ဖိုး နားလည်သူအဖြစ်
    မိမိကိုယ်ကို
    ဂုဏ်ယူနေရပါလိမ့်မယ်။


    အရှင်ပုည( ဝကုန်း )

    #Credit
    အမေကို စိတ်မဆင်းရဲပါစေနဲ့ ********************** သင်… အမေ့ကို တကယ်ချစ်သလား-? အပြောထက် အလုပ်နဲ့ သက်သေပြဖို့ ဘယ်လို အခြေအနေ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ အမေကို စိတ်ချမ်းသာအောင်တော့ ထားပေးပါ။ မရှိတော့မှ တောင့်တနေမယ့် အစား ရှိနေတုန်းလေးမှာ အမေပျော်အောင် ထားကြပါ။ မိမိအတွက်နဲ့ အမေ စိတ်မဆင်းရဲရပါစေနဲ့။ အမေ စိတ်ပျော်ရွှင်စွာ နေရဖို့အတွက် မိမိရဲ့ အပြုအမူ အပြောအဆိုလေးတွေ လိမ္မာယဉ်ကျေးနေပါစေ။ ဘာမှ မတည်မြဲတဲ့ လောကကြီးထဲမှာ ဘယ်အရာတွေ ဘယ်လိုဟောင်းသွားလဲ အမေ့မေတ္တာ အမေ့စေတနာတွေက ဘယ်တော့မှ မဟောင်း ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒါကြောင့်… အမေ ရှိနေခိုက်လေးမှာ ကျေးဇူး မဆပ်နိုင်ရင်တောင်မှ ကျေးဇူး မကန်းမိအောင်တော့ အထူး သတိထားပါ။ အမေ မရှိတော့ရင်လည်း အမေ့ကျေးဇူး အထူးသိတတ်ပြီး အမေ့ကို ရည်စူးကာ ကုသိုလ်ကောင်းမှု ပြုပေးကြပါ။ ဒါမှ လူသားဆန် လူပီသပြီး လူ့တန်ဖိုး နားလည်သူအဖြစ် မိမိကိုယ်ကို ဂုဏ်ယူနေရပါလိမ့်မယ်။ … အရှင်ပုည( ဝကုန်း ) #Credit
    Care
    1
    · 0 Comments ·0 Shares ·73 Views
  • "အိမ်"
    ငယ်ငယ်တုန်းက
    အိမ်ဆိုတာ အမေ
    အမေဆိုတာ အိမ်ပဲလို့ထင်တယ်။

    အမေ မရှိရင်
    အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။
    အိမ်ပြန်မယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကိုရှာတာပဲ။

    အမေ ဘယ်မှာလဲ....
    အမေရှိတဲ့အရပ်က အိမ်ပေါ့။
    အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။

    ကြီးလာတော့လည်း
    အမေဆိုတာ အိမ်
    အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။
    အမေ မရှိရင် အိမ်မရှိဘူး။

    အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကို လွမ်းတာပါ။

    အိမ်ထဲဝင်တာနဲ့
    "အမေ" လို့ အရင်ခေါ်တာပါပဲ။

    အမေကို မတွေ့ရင်
    အမေကိုရှာတယ်။
    အမေကိုတွေ့မှ
    အော်.. အိမ် ပြန်ရောက်တယ်။

    အင်း.... ဘာဖြစ်လို့
    လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ
    အိမ်ပြန်ချင်ကြပါလိမ့်၊
    အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊
    အမေ့ကို အရင်သတိရကြပါလိမ့်၊
    ဘာမှမတတ်နိုင်တဲ့အခါ
    "အမေ"လို့ တကြပါလိမ့်...

    တစ်သက်ရှိခဲ့ပါပြီ...
    တမ်းတရင်း လွမ်းဆွတ်ရင်း
    ဘယ်နေရာမှာ
    လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့
    တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။

    ကျနော် အကျယ်ကြီး ပြောပါရစေ...

    အေမ

    အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ
    ကျွန်တော်တစ်သက်တာအတွက်
    အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ...

    #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    "အိမ်" ငယ်ငယ်တုန်းက အိမ်ဆိုတာ အမေ အမေဆိုတာ အိမ်ပဲလို့ထင်တယ်။ အမေ မရှိရင် အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။ အိမ်ပြန်မယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကိုရှာတာပဲ။ အမေ ဘယ်မှာလဲ.... အမေရှိတဲ့အရပ်က အိမ်ပေါ့။ အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။ ကြီးလာတော့လည်း အမေဆိုတာ အိမ် အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။ အမေ မရှိရင် အိမ်မရှိဘူး။ အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကို လွမ်းတာပါ။ အိမ်ထဲဝင်တာနဲ့ "အမေ" လို့ အရင်ခေါ်တာပါပဲ။ အမေကို မတွေ့ရင် အမေကိုရှာတယ်။ အမေကိုတွေ့မှ အော်.. အိမ် ပြန်ရောက်တယ်။ အင်း.... ဘာဖြစ်လို့ လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ အိမ်ပြန်ချင်ကြပါလိမ့်၊ အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊ အမေ့ကို အရင်သတိရကြပါလိမ့်၊ ဘာမှမတတ်နိုင်တဲ့အခါ "အမေ"လို့ တကြပါလိမ့်... တစ်သက်ရှိခဲ့ပါပြီ... တမ်းတရင်း လွမ်းဆွတ်ရင်း ဘယ်နေရာမှာ လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့ တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။ ကျနော် အကျယ်ကြီး ပြောပါရစေ... အေမ အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ ကျွန်တော်တစ်သက်တာအတွက် အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ... #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    Care
    1
    · 0 Comments ·0 Shares ·63 Views
  • ဘာမှ မရှိတဲ့အချိန်မျိူးမှာမှ
    ဘယ်သူက" မိသားစု" ဆိုတာ သိရတယ်။

    ဒုက္ခဖြစ်ချိန်ရောက်မှ
    ဘယ်သူက "မိတ်ဆွေ" ဆိုတာ သိရတယ်။

    ပိုက်ဆံချေးသုံးရတဲ့အချိန်ကြုံမှ
    ဘယ်သူက "လက်တွေ့ကူညီတယ်"ဆိုတာ သိရတယ်။

    အကျတ်တည်းဆုံး(အမှောင်ထဲရောက်ချိန်)မှ
    ဘယ်သူက "တွဲခေါ်တယ်" ဆိုတာ သိရတယ်။

    နောက်ဆုံး
    မင်းမှာ ခက်ခဲရုန်းကန်ရချိန်ပိုက်ဆန်မရှိတဲ့အချိန်ရောက်မှ " လက်တွဲဖော်" ဆိုတဲ့ အဓ္ိပ္ပါယ်ကို သိရမယ်။
    ဆိုးတူကောင်းတူ မျှဝေလို့ရမှ
    "လူရွေးမှန်မမှန်" သိရမယ်။

    သဲကွဲခဲ့ပါတယ်...။သဲကွဲသွားပါတယ်...။
    ပြီးတော့ သိခွင့်ရပါတယ်။
    အဆိုးတွေထဲက ကောင်းခြင်းတွေဆိုတာ
    သဲကွဲစွာ သိရခြင်းတွေပါ။
    မျက်နှာဖုံးအောက်က ရုပ်မှန်ကိုမြင်ရခြင်းပါ။
    ဒိအတွက်..
    အားလုံးကိုလှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။
    ဘာမှ မရှိတဲ့အချိန်မျိူးမှာမှ ဘယ်သူက" မိသားစု" ဆိုတာ သိရတယ်။ ဒုက္ခဖြစ်ချိန်ရောက်မှ ဘယ်သူက "မိတ်ဆွေ" ဆိုတာ သိရတယ်။ ပိုက်ဆံချေးသုံးရတဲ့အချိန်ကြုံမှ ဘယ်သူက "လက်တွေ့ကူညီတယ်"ဆိုတာ သိရတယ်။ အကျတ်တည်းဆုံး(အမှောင်ထဲရောက်ချိန်)မှ ဘယ်သူက "တွဲခေါ်တယ်" ဆိုတာ သိရတယ်။ နောက်ဆုံး မင်းမှာ ခက်ခဲရုန်းကန်ရချိန်ပိုက်ဆန်မရှိတဲ့အချိန်ရောက်မှ " လက်တွဲဖော်" ဆိုတဲ့ အဓ္ိပ္ပါယ်ကို သိရမယ်။ ဆိုးတူကောင်းတူ မျှဝေလို့ရမှ "လူရွေးမှန်မမှန်" သိရမယ်။ သဲကွဲခဲ့ပါတယ်...။သဲကွဲသွားပါတယ်...။ ပြီးတော့ သိခွင့်ရပါတယ်။ အဆိုးတွေထဲက ကောင်းခြင်းတွေဆိုတာ သဲကွဲစွာ သိရခြင်းတွေပါ။ မျက်နှာဖုံးအောက်က ရုပ်မှန်ကိုမြင်ရခြင်းပါ။ ဒိအတွက်.. အားလုံးကိုလှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။
    Care
    1
    · 0 Comments ·0 Shares ·73 Views
  • "ပို-က်ဆံကို သိပ်မဖြုန်:ပါနဲ့ ရှာရတာ အရမ်းခက်ခဲတယ်" ဆိုတဲ့စကားက ဒီနေ့ခေတ်ရဲ့ အခြေအနေကို အကောင်းဆုံး ဖော်ပြနေပါတယ်။ ချွေးနည်းစာနဲ့ ရှာဖွေထားတဲ့ ငွေကြေးလေးတွေကို တန်ဖိုးထားပြီး အသုံးမဖြုန်းဖို့ သတိပေးနေတာ တကယ်ကို ကောင်းပါတယ်။
    * "ခဏလေး ပျော်ဖို့အတွက် ပို-က်ဆံကို အများကြီး မဖြုန်:ပါနဲ့" ဆိုတာကလည်း ရေရှည်ကို တွေးခေါ်ပြီး လက်ရှိ ခဏတာ ပျော်ရွှင်မှုအတွက် အလွန်အကျွံ မသုံးစွဲဖို့ ဆိုလိုတာပါ။ တကယ်တော့ ရေရှည်မှာ ပိုပြီး ပျော်ရွှင်နိုင်မယ့် အရာတွေကို စုဆောင်းထားတာက ပိုကောင်းပါတယ်။
    * "ဝယ်စရာရှိရင်တောင် လိုအပ်တာထက် ပိုမဝယ်ပါနဲ့" ဆိုတာကတော့ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားသိမြင်ဖို့ တိုက်တွန်းတာပါ။ တကယ်တမ်း အသုံးမဝင်ဘဲ အိမ်မှာ ပုံနေမယ့် ပစ္စည်းတွေကို ဝယ်ယူတာဟာ ငွေကြေးကို အလဟသ ဖြစ်စေပါတယ်။
    * "ကိုယ့် ပစ္စည်းကို စည်:ကမ်:ရှိရှိ အသုံးပြုပါ ကိုယ့် စည်:ကမ်:မရှိရင် ဘယ်ပစ္စည်းမှ ကြာရှည်မခံပါဘူး" ဆိုတဲ့အချက်ကတော့ ပစ္စည်းတစ်ခုကို တန်ဖိုးထားပြီး ဂရုတစိုက် အသုံးပြုခြင်းရဲ့ အရေးပါပုံကို ပြောပြတာပါ။ ကိုယ်တိုင်က စည်းကမ်းရှိမှ ကိုယ့်ပစ္စည်းတွေဟာ ကြာရှည်ခံမှာပါ။
    "အပေါင်းသင်း များဖို့မလိုဘူး ကိုယ့်ကိုယ် နားလည်ပြီး သည်းခံတတ်တဲ့ လူမျိုးနဲ့ ပေါင်းသင်းဆက်ဆံပါ။ လူမှုဆက်ဆံရေးမှာ အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးကြောင်းကို ထောက်ပြတာပါ။ ကိုယ့်ကို နားလည်ပြီး အားပေးကူညီမယ့် မိတ်ဆွေကောင်းတွေ နည်းနည်းပဲရှိရှိ တန်ဖိုးထားပေါင်းသင်းဖို့ သင့်ပါတယ်။

    Credit
    "ပို-က်ဆံကို သိပ်မဖြုန်:ပါနဲ့ ရှာရတာ အရမ်းခက်ခဲတယ်" ဆိုတဲ့စကားက ဒီနေ့ခေတ်ရဲ့ အခြေအနေကို အကောင်းဆုံး ဖော်ပြနေပါတယ်။ ချွေးနည်းစာနဲ့ ရှာဖွေထားတဲ့ ငွေကြေးလေးတွေကို တန်ဖိုးထားပြီး အသုံးမဖြုန်းဖို့ သတိပေးနေတာ တကယ်ကို ကောင်းပါတယ်။ * "ခဏလေး ပျော်ဖို့အတွက် ပို-က်ဆံကို အများကြီး မဖြုန်:ပါနဲ့" ဆိုတာကလည်း ရေရှည်ကို တွေးခေါ်ပြီး လက်ရှိ ခဏတာ ပျော်ရွှင်မှုအတွက် အလွန်အကျွံ မသုံးစွဲဖို့ ဆိုလိုတာပါ။ တကယ်တော့ ရေရှည်မှာ ပိုပြီး ပျော်ရွှင်နိုင်မယ့် အရာတွေကို စုဆောင်းထားတာက ပိုကောင်းပါတယ်။ * "ဝယ်စရာရှိရင်တောင် လိုအပ်တာထက် ပိုမဝယ်ပါနဲ့" ဆိုတာကတော့ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားသိမြင်ဖို့ တိုက်တွန်းတာပါ။ တကယ်တမ်း အသုံးမဝင်ဘဲ အိမ်မှာ ပုံနေမယ့် ပစ္စည်းတွေကို ဝယ်ယူတာဟာ ငွေကြေးကို အလဟသ ဖြစ်စေပါတယ်။ * "ကိုယ့် ပစ္စည်းကို စည်:ကမ်:ရှိရှိ အသုံးပြုပါ ကိုယ့် စည်:ကမ်:မရှိရင် ဘယ်ပစ္စည်းမှ ကြာရှည်မခံပါဘူး" ဆိုတဲ့အချက်ကတော့ ပစ္စည်းတစ်ခုကို တန်ဖိုးထားပြီး ဂရုတစိုက် အသုံးပြုခြင်းရဲ့ အရေးပါပုံကို ပြောပြတာပါ။ ကိုယ်တိုင်က စည်းကမ်းရှိမှ ကိုယ့်ပစ္စည်းတွေဟာ ကြာရှည်ခံမှာပါ။ "အပေါင်းသင်း များဖို့မလိုဘူး ကိုယ့်ကိုယ် နားလည်ပြီး သည်းခံတတ်တဲ့ လူမျိုးနဲ့ ပေါင်းသင်းဆက်ဆံပါ။ လူမှုဆက်ဆံရေးမှာ အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးကြောင်းကို ထောက်ပြတာပါ။ ကိုယ့်ကို နားလည်ပြီး အားပေးကူညီမယ့် မိတ်ဆွေကောင်းတွေ နည်းနည်းပဲရှိရှိ တန်ဖိုးထားပေါင်းသင်းဖို့ သင့်ပါတယ်။ Credit
    Care
    2
    · 0 Comments ·0 Shares ·110 Views
  • အရေးကြုံလာရင်
    အသိပေး တိုင်ပင်စရာလူ ရှိဖို့လိုတယ်
    ဒီ့ထက် သိပ်ခက်လာရင်
    ယုံကြည်အားကိုးရမယ့် လူလိုတယ်။
    ရင်မဆိုင်ရဲလောက်အောင် အခက် ကြုံလာရင်တော့
    အိမ်နဲ့တူတဲ့ လူကို လိုပါတယ်။
    #Lionel Sn
    အရေးကြုံလာရင် အသိပေး တိုင်ပင်စရာလူ ရှိဖို့လိုတယ် ဒီ့ထက် သိပ်ခက်လာရင် ယုံကြည်အားကိုးရမယ့် လူလိုတယ်။ ရင်မဆိုင်ရဲလောက်အောင် အခက် ကြုံလာရင်တော့ အိမ်နဲ့တူတဲ့ လူကို လိုပါတယ်။ #Lionel Sn
    Care
    1
    · 0 Comments ·0 Shares ·69 Views
  • သကြား မှတ်လို့ ... ကိုယ်ကြိုက်တဲ့
    ကော်ဖီထဲ ထည့်ခဲ့တာ ...

    ဆား မှန်း သိပြီးမှတော့ ... ကြိတ်မှိတ်
    မြိုချနေမဲ့အစား ... သွန်ပစ်လိုက်တာ
    ပိုကောင်းပါတယ် ...

    ကော်ဖီ ... အသစ်တစ်ခွက် ...
    ထပ်သောက်မယ် ..

    ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း
    ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် ....

    မသင်ယူတတ်ခဲ့တုန်းကတော့ ....
    ဒဏ်ရာ လို့ထင်တယ်

    သင်ယူတတ်သွားတော့ ...
    သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ...

    သကြားယောင်ဆောင်သော ... ဆားတွေနဲ့ ...
    ဝေးပါစေ !

    #crdphoto #crd_to_owner_with_respect #wwa #htwehtweပုဂံမြေစာပေချစ်သူ #w2a #htwehtweblog #wl #HTHT #WWA #HT #W2A #HtweHtwe #WL #htwehtwevlog
    သကြား မှတ်လို့ ... ကိုယ်ကြိုက်တဲ့ ကော်ဖီထဲ ထည့်ခဲ့တာ ... ဆား မှန်း သိပြီးမှတော့ ... ကြိတ်မှိတ် မြိုချနေမဲ့အစား ... သွန်ပစ်လိုက်တာ ပိုကောင်းပါတယ် ... ကော်ဖီ ... အသစ်တစ်ခွက် ... ထပ်သောက်မယ် .. ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် .... မသင်ယူတတ်ခဲ့တုန်းကတော့ .... ဒဏ်ရာ လို့ထင်တယ် သင်ယူတတ်သွားတော့ ... သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ... သကြားယောင်ဆောင်သော ... ဆားတွေနဲ့ ... ဝေးပါစေ ! #crdphoto #crd_to_owner_with_respect #wwa #htwehtweပုဂံမြေစာပေချစ်သူ #w2a #htwehtweblog #wl #HTHT #WWA #HT #W2A #HtweHtwe #WL #htwehtwevlog
    Like
    Care
    2
    · 0 Comments ·0 Shares ·151 Views
  • အမေကို စိတ်မဆင်းရဲပါစေနဲ့
    **********************

    သင်…
    အမေ့ကို တကယ်ချစ်သလား-?

    အပြောထက်
    အလုပ်နဲ့ သက်သေပြဖို့
    ဘယ်လို အခြေအနေ
    ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ

    အမေကို
    စိတ်ချမ်းသာအောင်တော့
    ထားပေးပါ။

    မရှိတော့မှ
    တောင့်တနေမယ့် အစား
    ရှိနေတုန်းလေးမှာ
    အမေပျော်အောင် ထားကြပါ။

    မိမိအတွက်နဲ့
    အမေ စိတ်မဆင်းရဲရပါစေနဲ့။

    အမေ စိတ်ပျော်ရွှင်စွာ
    နေရဖို့အတွက်
    မိမိရဲ့ အပြုအမူ
    အပြောအဆိုလေးတွေ
    လိမ္မာယဉ်ကျေးနေပါစေ။

    ဘာမှ မတည်မြဲတဲ့
    လောကကြီးထဲမှာ
    ဘယ်အရာတွေ
    ဘယ်လိုဟောင်းသွားလဲ

    အမေ့မေတ္တာ
    အမေ့စေတနာတွေက
    ဘယ်တော့မှ မဟောင်း
    ဘယ်တော့မှ မပြောင်းလဲပါဘူး။

    ဒါကြောင့်…
    အမေ ရှိနေခိုက်လေးမှာ
    ကျေးဇူး မဆပ်နိုင်ရင်တောင်မှ
    ကျေးဇူး မကန်းမိအောင်တော့
    အထူး သတိထားပါ။

    အမေ မရှိတော့ရင်လည်း
    အမေ့ကျေးဇူး အထူးသိတတ်ပြီး
    အမေ့ကို ရည်စူးကာ
    ကုသိုလ်ကောင်းမှု ပြုပေးကြပါ။

    ဒါမှ
    လူသားဆန် လူပီသပြီး
    လူ့တန်ဖိုး နားလည်သူအဖြစ်
    မိမိကိုယ်ကို
    ဂုဏ်ယူနေရပါလိမ့်မယ်။


    အရှင်ပုည( ဝကုန်း )

    #Credit
    အမေကို စိတ်မဆင်းရဲပါစေနဲ့ ********************** သင်… အမေ့ကို တကယ်ချစ်သလား-? အပြောထက် အလုပ်နဲ့ သက်သေပြဖို့ ဘယ်လို အခြေအနေ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ အမေကို စိတ်ချမ်းသာအောင်တော့ ထားပေးပါ။ မရှိတော့မှ တောင့်တနေမယ့် အစား ရှိနေတုန်းလေးမှာ အမေပျော်အောင် ထားကြပါ။ မိမိအတွက်နဲ့ အမေ စိတ်မဆင်းရဲရပါစေနဲ့။ အမေ စိတ်ပျော်ရွှင်စွာ နေရဖို့အတွက် မိမိရဲ့ အပြုအမူ အပြောအဆိုလေးတွေ လိမ္မာယဉ်ကျေးနေပါစေ။ ဘာမှ မတည်မြဲတဲ့ လောကကြီးထဲမှာ ဘယ်အရာတွေ ဘယ်လိုဟောင်းသွားလဲ အမေ့မေတ္တာ အမေ့စေတနာတွေက ဘယ်တော့မှ မဟောင်း ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒါကြောင့်… အမေ ရှိနေခိုက်လေးမှာ ကျေးဇူး မဆပ်နိုင်ရင်တောင်မှ ကျေးဇူး မကန်းမိအောင်တော့ အထူး သတိထားပါ။ အမေ မရှိတော့ရင်လည်း အမေ့ကျေးဇူး အထူးသိတတ်ပြီး အမေ့ကို ရည်စူးကာ ကုသိုလ်ကောင်းမှု ပြုပေးကြပါ။ ဒါမှ လူသားဆန် လူပီသပြီး လူ့တန်ဖိုး နားလည်သူအဖြစ် မိမိကိုယ်ကို ဂုဏ်ယူနေရပါလိမ့်မယ်။ … အရှင်ပုည( ဝကုန်း ) #Credit
    Care
    1
    · 0 Comments ·0 Shares ·93 Views
  • ဒါမှ ငါတို့ သောက်အညာသားကွ !
    •••••••••••••••••••••••••••••••••••••••••

    ( ၀ )

    ‌ကြည်နူးရတယ် ငါ့ကောင်တို့ရေ • • • •
    ကြည်နူးရတယ် ဟ ! ! !

    လူညစ်လူလိမ်တွေ ပေါများတဲ့
    ဒီခေတ်ကြီးထဲမှာ အင်မတန်သဘောထားဖြူစင်တဲ့
    အညာသားတချို့ကို ငါပြန်တွေ့ရတာ
    သိပ်ပြီးဝမ်းသာတယ်။

    ( ၁ )

    ခြေနှစ်ချောင်းလုံးကျိုးပြီး
    ခွဲစိတ်ခန်းဝင်ရတဲ့ ကလေးတယောက်ကို
    အသိ‌ နောင်တော်ဆရာဝန် တာဝန်ယူပြီး အစအဆုံး
    ခွဲစိတ်ပေးလိုက်တယ်။

    ကုသစရိတ်အပြင် - နောက်ထပ် လိုတာသုံးဖို့ ၁၀ သိန်းပေးတော့ • • •

    ကလေးအဖေက
    " မခွဲခင်က ဆရာတို့ ၇ သိန်းပေးထားတယ်၊
    ခုခွဲစိတ်ခလည်း ဆရာတို့ပဲ အကုန်ကျခံထားတာ
    တဲ့၊ နောက်ထပ် ကလေးအတွက် သိပ်မလိုတော့
    ဘူးမလားဆရာ " တဲ့။ ဆရာဝန်က
    " အေး - - - ကုန်စရာကြီးကြီးမားမား
    မရှိတော့ဘူး " လို့လဲ ဆိုလိုက်ရော -

    ကလေးအဖေနဲ့အမေက • • • • •
    " ဒါဆိုရင် ခု ထပ်ပေးမယ့် ၁၀ သိန်းကို
    တခြား ကလေးတယောက်ကို
    ထပ်ကူညီလိုက်ပါ " တဲ့။

    ယီး !!!

    ( ငါ့ သောက်ရုပ်အကြမ်းကြီးနဲ့ မျက်ရည်ပါကျ )

    ဟာကွာ ! ဒီလူ ဘယ်လိုလူလဲပေါ့။

    မနေနိုင်လို့ သွားမေးမိတယ်။
    ခင်ဗျားကို ပေးတာလေ ယူပေါ့ဗျာဆိုတော့ • • •

    ကျုပ်ကလေး ကျန်းမာရေးအတွက်
    လုံလောက်ပြီတဲ့။

    သူနေကောင်းရင် -
    စား၊ဝတ်‌၊နေရေးအတွက် ကျုပ်တို့ဘာသာ
    ရုန်းကန်ပါမယ်တဲ့။

    ဟာကွာ !!

    ဒါမှ ငါတို့
    သောက်အညာသား၊ တောသားကွလို့
    ပြောခဲ့မိလိုက်တယ်။

    အေးရော။

    ( ၂ )

    မနေ့ညနေက နောက်တယောက်။
    ဆေးမကုဘဲ ငလျင်ကြောင့် ပိထားတဲ့ ခြေထောက်ကို တိုင်းရင်းဒဏ်ကြေလိမ်းဆေး လိမ်းနေတာ။
    အိမ်ကပြို လူကဒဏ်ရာကတော့ ကုစရာရှိပုံမပေါ်ဘူးရယ်။

    ကျွန်တော်တို့ ဇွတ်အတင်းခေါ်ပြီး

    ဘာမှ မယူခဲ့နဲ့ ၊

    အကျီပဲယူခဲ့၊

    တို့ဆီမှာ ထဘီအသစ်တွေပါတယ်ဆိုပြီး ခေါ်ခဲ့လိုက်တယ်။

    ကားပေါ်ရောက်တော့ • • •
    ဆေးရုံတက်ရရင် ဝတ်ဖို့ဆိုပြီး ထဘီ ၅ ကွင်းပေးလိုက်တယ်။

    ဒါနဲ့ ဆေးရုံရောက် !
    ဓါတ်မှန်‌ရိုက်တော့ ကျိုးနေတာတဲ့။

    ဪ!!!

    ဟိုက ဆရာဝန်က ကျောက်ပတ်တီးစီးပြီးတော့ ဆေးရုံတက်စရာမလိုဘူးဆိုတာနဲ့ အိမ်ပြန်ပို့လိုက်တာ။ ရွာထိပ်ရောက်တော့ ထဘီလေး ၅ ကွင်းကို ပြန်ပေးရှာတယ်။

    ဘာလို့လဲဆိုတော့

    " ကျုပ်တို့မှာ ဝတ်စရာ အိမ်မှာရှိပါတယ် " တဲ့။ "

    တခြားလိုတဲ့သူတွေ ပေးလိုက်ပါ " တဲ့။

    ဟ !!!

    ဘယ်လို အညာသူမ တွေလဲ? လို့။

    ငါ ကြည်နူးရပြန်တယ်။

    ( ၃ )

    မနေ့က အိမ်သာတလုံး သွားမျှဝေတယ်။
    အမြန်ဆောက်ကြဗျာ။

    ကျုပ်တို့ တာဝန်ယူတယ်...ဆိုပြီး ပြန်လာခဲ့လိုက်တယ်။

    ဒီနေ့ လမ်းသင့်တာ
    နဲ့ ဝင်ကြည့်တော့ - ပြီးသွားပြီ။

    " ဟ ! ဘယ်လိုများ ဆောတ်လိုက်တာလဲ ? "
    " မြေကျင်းတူးခ ဘယ်လောက်ကျလဲ ? " မေးတော့
    " အကိုတို့ အကုန်အကျများမှာစိုးလို့
    ကိုယ့်ဘာသာ တူးလိုက်တာပါ " တဲ့။

    ဟာ !
    ဒီသောက်အညာသားတွေနဲ့တော့ ခက်ပြီ....
    လို့။

    ဒါနဲ့ ပြိုလုလုဖြစ်နေတဲ့ ဒီအိမ်ရော ပြင်ချင်စိတ်ရှိလားလို့ မေးတော့။

    ရှိပါတယ်တဲ့ ...

    " လက်ထဲစုထားတဲ့ ၂ သိန်းရယ် ! နွားပေါက်တကောင်ရှိတာရောင်းပြီး ပြင်ကြမယ် " တဲ့။

    ဟ ! ဘယ်လိုလုပ် ရမှာလဲလို့။

    ငါတို့ ကူရမလားဆိုတော့ -
    အိမ်သာရရင်ပဲ ကျေနပ်ပါပြီတဲ့။

    အခြားသူတွေ ကူလိုက်ပါတဲ့။

    ဟောဗျာ ! အတော်ခက်တဲ့ လူတွေပါကွာ။ အတော်ကိုခက်တဲ့ လူတွေ။

    ဒီလူတွေ ခုလိုပြောချိန်တိုင်း သူတို့မျက်လုံးတွေကိုသေချာအကဲခတ်မိတယ်။

    လူကြားကောင်းအောင် ပေးကမ်းချင်အောင် ပြောနေကြတာမဟုတ်။

    တကယ့်ရင်ထဲက ပြောနေကြတာ။

    ငါ့ဘဝမှာ ငါ့ကိုယ်ငါ အညာသားအဖြစ် ဂုဏ်ယူ
    မိတာ ဒီတကြိမ် အကြီးမားဆုံးပါပဲ။

    #မင်းထက်မြတ်
    ( မိတ်ထီလာ)
    ဒါမှ ငါတို့ သောက်အညာသားကွ ! ••••••••••••••••••••••••••••••••••••••••• ( ၀ ) ‌ကြည်နူးရတယ် ငါ့ကောင်တို့ရေ • • • • ကြည်နူးရတယ် ဟ ! ! ! လူညစ်လူလိမ်တွေ ပေါများတဲ့ ဒီခေတ်ကြီးထဲမှာ အင်မတန်သဘောထားဖြူစင်တဲ့ အညာသားတချို့ကို ငါပြန်တွေ့ရတာ သိပ်ပြီးဝမ်းသာတယ်။ ( ၁ ) ခြေနှစ်ချောင်းလုံးကျိုးပြီး ခွဲစိတ်ခန်းဝင်ရတဲ့ ကလေးတယောက်ကို အသိ‌ နောင်တော်ဆရာဝန် တာဝန်ယူပြီး အစအဆုံး ခွဲစိတ်ပေးလိုက်တယ်။ ကုသစရိတ်အပြင် - နောက်ထပ် လိုတာသုံးဖို့ ၁၀ သိန်းပေးတော့ • • • ကလေးအဖေက " မခွဲခင်က ဆရာတို့ ၇ သိန်းပေးထားတယ်၊ ခုခွဲစိတ်ခလည်း ဆရာတို့ပဲ အကုန်ကျခံထားတာ တဲ့၊ နောက်ထပ် ကလေးအတွက် သိပ်မလိုတော့ ဘူးမလားဆရာ " တဲ့။ ဆရာဝန်က " အေး - - - ကုန်စရာကြီးကြီးမားမား မရှိတော့ဘူး " လို့လဲ ဆိုလိုက်ရော - ကလေးအဖေနဲ့အမေက • • • • • " ဒါဆိုရင် ခု ထပ်ပေးမယ့် ၁၀ သိန်းကို တခြား ကလေးတယောက်ကို ထပ်ကူညီလိုက်ပါ " တဲ့။ ယီး !!! ( ငါ့ သောက်ရုပ်အကြမ်းကြီးနဲ့ မျက်ရည်ပါကျ ) ဟာကွာ ! ဒီလူ ဘယ်လိုလူလဲပေါ့။ မနေနိုင်လို့ သွားမေးမိတယ်။ ခင်ဗျားကို ပေးတာလေ ယူပေါ့ဗျာဆိုတော့ • • • ကျုပ်ကလေး ကျန်းမာရေးအတွက် လုံလောက်ပြီတဲ့။ သူနေကောင်းရင် - စား၊ဝတ်‌၊နေရေးအတွက် ကျုပ်တို့ဘာသာ ရုန်းကန်ပါမယ်တဲ့။ ဟာကွာ !! ဒါမှ ငါတို့ သောက်အညာသား၊ တောသားကွလို့ ပြောခဲ့မိလိုက်တယ်။ အေးရော။ ( ၂ ) မနေ့ညနေက နောက်တယောက်။ ဆေးမကုဘဲ ငလျင်ကြောင့် ပိထားတဲ့ ခြေထောက်ကို တိုင်းရင်းဒဏ်ကြေလိမ်းဆေး လိမ်းနေတာ။ အိမ်ကပြို လူကဒဏ်ရာကတော့ ကုစရာရှိပုံမပေါ်ဘူးရယ်။ ကျွန်တော်တို့ ဇွတ်အတင်းခေါ်ပြီး ဘာမှ မယူခဲ့နဲ့ ၊ အကျီပဲယူခဲ့၊ တို့ဆီမှာ ထဘီအသစ်တွေပါတယ်ဆိုပြီး ခေါ်ခဲ့လိုက်တယ်။ ကားပေါ်ရောက်တော့ • • • ဆေးရုံတက်ရရင် ဝတ်ဖို့ဆိုပြီး ထဘီ ၅ ကွင်းပေးလိုက်တယ်။ ဒါနဲ့ ဆေးရုံရောက် ! ဓါတ်မှန်‌ရိုက်တော့ ကျိုးနေတာတဲ့။ ဪ!!! ဟိုက ဆရာဝန်က ကျောက်ပတ်တီးစီးပြီးတော့ ဆေးရုံတက်စရာမလိုဘူးဆိုတာနဲ့ အိမ်ပြန်ပို့လိုက်တာ။ ရွာထိပ်ရောက်တော့ ထဘီလေး ၅ ကွင်းကို ပြန်ပေးရှာတယ်။ ဘာလို့လဲဆိုတော့ " ကျုပ်တို့မှာ ဝတ်စရာ အိမ်မှာရှိပါတယ် " တဲ့။ " တခြားလိုတဲ့သူတွေ ပေးလိုက်ပါ " တဲ့။ ဟ !!! ဘယ်လို အညာသူမ တွေလဲ? လို့။ ငါ ကြည်နူးရပြန်တယ်။ ( ၃ ) မနေ့က အိမ်သာတလုံး သွားမျှဝေတယ်။ အမြန်ဆောက်ကြဗျာ။ ကျုပ်တို့ တာဝန်ယူတယ်...ဆိုပြီး ပြန်လာခဲ့လိုက်တယ်။ ဒီနေ့ လမ်းသင့်တာ နဲ့ ဝင်ကြည့်တော့ - ပြီးသွားပြီ။ " ဟ ! ဘယ်လိုများ ဆောတ်လိုက်တာလဲ ? " " မြေကျင်းတူးခ ဘယ်လောက်ကျလဲ ? " မေးတော့ " အကိုတို့ အကုန်အကျများမှာစိုးလို့ ကိုယ့်ဘာသာ တူးလိုက်တာပါ " တဲ့။ ဟာ ! ဒီသောက်အညာသားတွေနဲ့တော့ ခက်ပြီ.... လို့။ ဒါနဲ့ ပြိုလုလုဖြစ်နေတဲ့ ဒီအိမ်ရော ပြင်ချင်စိတ်ရှိလားလို့ မေးတော့။ ရှိပါတယ်တဲ့ ... " လက်ထဲစုထားတဲ့ ၂ သိန်းရယ် ! နွားပေါက်တကောင်ရှိတာရောင်းပြီး ပြင်ကြမယ် " တဲ့။ ဟ ! ဘယ်လိုလုပ် ရမှာလဲလို့။ ငါတို့ ကူရမလားဆိုတော့ - အိမ်သာရရင်ပဲ ကျေနပ်ပါပြီတဲ့။ အခြားသူတွေ ကူလိုက်ပါတဲ့။ ဟောဗျာ ! အတော်ခက်တဲ့ လူတွေပါကွာ။ အတော်ကိုခက်တဲ့ လူတွေ။ ဒီလူတွေ ခုလိုပြောချိန်တိုင်း သူတို့မျက်လုံးတွေကိုသေချာအကဲခတ်မိတယ်။ လူကြားကောင်းအောင် ပေးကမ်းချင်အောင် ပြောနေကြတာမဟုတ်။ တကယ့်ရင်ထဲက ပြောနေကြတာ။ ငါ့ဘဝမှာ ငါ့ကိုယ်ငါ အညာသားအဖြစ် ဂုဏ်ယူ မိတာ ဒီတကြိမ် အကြီးမားဆုံးပါပဲ။ #မင်းထက်မြတ် ( မိတ်ထီလာ)
    Like
    1
    · 0 Comments ·0 Shares ·108 Views
  • နေတတ်သလို နေလိုက်တယ်
    မနေတတ်ရင် ဘဝကြီးက
    နေပျော်စရာ ရှိနေပါ့မလား???

    အဆင်ပြေသလို ဖြတ်သန်းတယ်
    အဆင်မပြေမှုတွေကို
    လိုက်ပြီးခံစားနေလို့
    ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ
    မဟုတ်ဘူးလေ...

    သည်းခံသင့်သလောက်
    သည်းခံတယ်...
    သည်းမခံနိူင်တော့တဲ့အဆုံး
    ဥပေက္ခာ ပြုထားလိုက်တယ်...
    သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ
    အထိခိုက်မခံစားနိူင်တော့လို့...

    အားနာသင့်သလောက်ပဲ အားနာတော့မယ်
    အားနာခြင်းကို အခွင့်ရေးပေးပြီး
    ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ
    မကြည့်ရက်တော့ဘူးလေ...

    ခွင့်လွှတ်သင့်သလောက်
    ခွင့်လွှတ်လိုက်မယ်
    ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး
    သိက္ခာတွေ ချနင်းသွားရင်
    ဘယ်လောက်ချစ်ချစ်
    ဘယ်လောက်ခင်ခင်
    စွန့်လွှတ်လိုက်တော့မယ်...

    မေတ္တာပေးသင့်သလောက်ပေးလိုက်မယ်
    သံယောဇဉ်တွေအရင်လို ကြာကြာ
    မချည်နှောင်ချင်တော့ဘူး
    သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ
    အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ...

    အမုန်းတွေ ပွားမနေတော့ဘူး...
    အတ္တတွေ များမနေတော့ဘူး...
    လောဘတွေ ထားမနေတော့ဘူး...
    အတိတ်တွေ၊အနာဂတ်တွေအစား
    ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး
    ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်....

    ဘဝရဲ့အနှစ်ဆိုတာကြီးကို
    ကောင်းကောင်းသိလာတဲ့တစ်နေ့
    ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက
    ဝေးပြီး ကလေးတစ်ယောက်လို
    ရိုးသားလာတယ် ဖြူစင်လာတယ်
    ဒါက လူ့ဘဝရဲ့အနှစ်ပဲ...

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    နေတတ်သလို နေလိုက်တယ် မနေတတ်ရင် ဘဝကြီးက နေပျော်စရာ ရှိနေပါ့မလား??? အဆင်ပြေသလို ဖြတ်သန်းတယ် အဆင်မပြေမှုတွေကို လိုက်ပြီးခံစားနေလို့ ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ မဟုတ်ဘူးလေ... သည်းခံသင့်သလောက် သည်းခံတယ်... သည်းမခံနိူင်တော့တဲ့အဆုံး ဥပေက္ခာ ပြုထားလိုက်တယ်... သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ အထိခိုက်မခံစားနိူင်တော့လို့... အားနာသင့်သလောက်ပဲ အားနာတော့မယ် အားနာခြင်းကို အခွင့်ရေးပေးပြီး ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ မကြည့်ရက်တော့ဘူးလေ... ခွင့်လွှတ်သင့်သလောက် ခွင့်လွှတ်လိုက်မယ် ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး သိက္ခာတွေ ချနင်းသွားရင် ဘယ်လောက်ချစ်ချစ် ဘယ်လောက်ခင်ခင် စွန့်လွှတ်လိုက်တော့မယ်... မေတ္တာပေးသင့်သလောက်ပေးလိုက်မယ် သံယောဇဉ်တွေအရင်လို ကြာကြာ မချည်နှောင်ချင်တော့ဘူး သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ... အမုန်းတွေ ပွားမနေတော့ဘူး... အတ္တတွေ များမနေတော့ဘူး... လောဘတွေ ထားမနေတော့ဘူး... အတိတ်တွေ၊အနာဂတ်တွေအစား ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်.... ဘဝရဲ့အနှစ်ဆိုတာကြီးကို ကောင်းကောင်းသိလာတဲ့တစ်နေ့ ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက ဝေးပြီး ကလေးတစ်ယောက်လို ရိုးသားလာတယ် ဖြူစင်လာတယ် ဒါက လူ့ဘဝရဲ့အနှစ်ပဲ... #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·119 Views
More Results