• ၀င်ငွေကောင်းနေတုန်း
    တစ်သက်လုံး ဒီလိုကောင်းနေမှာပဲလို့
    ယူဆပြီး အသုံးဖြုန်းကြီးနေရင်
    အရာရာစည်းစနစ်မရှိရင်
    ဘ၀ကြီးကဗရမ်းဗတာတွေဖြစ်တတ်တယ်
    လျှောက်သုံးစွဲတာမျိုးဂရုစိုက်ဖို့လိုတယ်
    အသုံးနဲ့အဖြုန်း ဂရုစိုက်ဖို့လိုတယ်
    ၀င်ငွေကောင်းနေတုန်း တစ်သက်လုံး ဒီလိုကောင်းနေမှာပဲလို့ ယူဆပြီး အသုံးဖြုန်းကြီးနေရင် အရာရာစည်းစနစ်မရှိရင် ဘ၀ကြီးကဗရမ်းဗတာတွေဖြစ်တတ်တယ် လျှောက်သုံးစွဲတာမျိုးဂရုစိုက်ဖို့လိုတယ် အသုံးနဲ့အဖြုန်း ဂရုစိုက်ဖို့လိုတယ်
    0 Comments ·0 Shares ·8 Views
  • စိတ်ကြီးဝင်နေတဲ့ ကြက်တူရွေးတကောင်ဟာ
    လင်းယုန်ငှက်ထံ ချဉ်းကပ်ပြီး ပြောတယ်။

    "ကမ္ဘာ့အမြင့်ဆုံးသစ်ပင်တွေပေါ်အထိ ငါ
    ပျံသန်းနိုင်တယ်။ မင်း ဘယ်လောက် အမြင့်ထိ ပျံနိုင်လဲ"

    လင်းယုန်က ပြောတယ်။

    "အင်း၊ ငါကအမြင့်ပျံ တော်တဲ့ငှက် မဟုတ်တော့ အမြင့်ဆုံးသစ်ပင်တွေကိုတောင် သိပ် မရောက်ဖူးပါဘူး"
    ကြက်တူရွေးက ရယ်မောလိုက်တယ်။

    "အိုး...ရှက်စရာကောင်းလိုက်တာကွာ
    ငှက်အများစုထက်ငါက မြင့်မြင့်ပျံသန်းနေတာကို မယုံနိုင်လောက်အောင်ပျော်ရွှင်မိပါတယ်" လို့
    ကြွားလုံးထုတ်လိုက်တယ်။

    မင်းက တကယ့်ကို ကံကောင်းတဲ့ ငှက်ပဲ" လို့ လင်းယုန်က ပြောတယ်။

    နောက်တနေ့မှာ ကြက်တူရွေးက လင်းယုန်ငှက်ထံ
    ထပ်သွားပြီး ပြောပြန်တယ်။

    "မင်းကို အမြင့်ဆုံး ပျံသန်းတတ်အောင် သင်ပေးရင် ငါ့လိုပဲ အမြင့်ဆုံးသစ်ပင်တွေကို ရောက်နိုင်ပါ့မလား"

    "ဒါက အရမ်းမိုက်တာပဲ။ ကျေးဇူးပြုပြီး သင်ပေးပါ" လို့လင်းယုန်က ပြောတယ်။

    အဲဒီနောက် လင်းယုန်ငှက်ဟာ ကြက်တူရွေးနဲ့အတူ လိုက်သွားပြီး ပျံသန်းခဲ့ပါတယ်။
    "ဒီလိုပျံရတယ်ကွ"
    ကြက်တူရွေးက ပျံသန်းရင်းပြောတယ်။
    ဒါပေမယ့် လင်းယုန်ငှက်ဟာ အင်အားနဲ့ ပျံသန်းလိုက်တယ်။လင်းယုန်ပျံတဲ့အမြင့်ထိ သူ လိုက်မပျံနိုင်တဲ့အခါ ကြက်တူရွေးဟာ လုံးဝအံ့အားသင့်သွားခဲ့ပြီး သူ့မျက်လုံးတွေကို သူမယုံနိုင်ဘူး။

    နောက်ဆုံးတော့ လင်းယုန် အောက်ကို ပြန်ဆင်းသက်လာတဲ့အခါ ကြက်တူရွေးက နောင်တ၊အရှက်တရားတွေနဲ့ ပြည့်နှက်နေပြီး မေးလိုက်တယ်။

    "မင်းက ပါရမီရှင်ပဲ။ ငါ့ကို ဘာလို့ မပြောခဲ့တာလဲ"

    လင်းယုန်က ပြုံးပြီး ပြောလိုက်တယ်။

    "လင်းယုန်ငှက်နဲ့ ကြက်တူရွေးရဲ့ ကွာခြားချက် အဲဒါပဲ။
    ငါက လင်းယုန်တကောင်ဖြစ်ပြီး စကားအများကြီး မပြောတတ်ဘူး။ လေလုံး ထွားတာ မဟုတ်ဘူး။
    ငါ့ရဲ့ စွမ်းအားနဲ့ စွမ်းရည်အကြောင်း ငါသိတယ်။ ကောင်းကင် အမြင့်ဆုံးမှာ ငါ ပျံသန်းနေတာ မြင်ပြီး အံ့သြသွားလား။ငါဟာ မုန်တိုင်းတိမ်တိုက်တွေ အထက်မှာ ပျံသန်းနိုင်တဲ့ တကောင်တည်းသော ငှက်ပဲ။တခြားငှက်တွေ မိုးတွင်းမှာ မိုးကိုရှောင်ဖို့ ခိုလှုံစရာနေရာရှာရပေမယ့် ငါကတော့ တိမ်တွေအထက်မှာ ပျံသန်းပြီး မိုးကို ရှောင်လို့ရတယ်။
    လေထုပါးတဲ့နေရာအထိ ငါ ပျံသန်းနိုင်တယ်၊ ပြီးတော့ ငါ့နှလုံးခုန်တိုင်း သွေးစီးကြောင်းထဲကို သွေးပိုသွင်းပြီး အောက်ဆီဂျင်ပို့ပေးနိုင်တယ်"

    ကျွန်တော်တို့ဟာ အများကြီး ကြွားလုံးထုတ်တတ်တဲ့ ကြက်တူရွေးတကောင် မဖြစ်ပါစေနဲ့။ လင်းယုန်လို နှိမ့်ချပြီး ဆိတ်ဆိတ်နေပါ။ ကိုယ့်တန်ဖိုးကို သက်သေပြဖို့ အချိန်မဖြုန်းပါနဲ့။ ကိုယ်က ဘာလဲ၊ ကိုယ် ဘာဖြစ်နိုင်တယ်ဆိုတာကို အချိန်က သက်သေပြပါလိမ့်မယ်။

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့် ##CRD
    စိတ်ကြီးဝင်နေတဲ့ ကြက်တူရွေးတကောင်ဟာ လင်းယုန်ငှက်ထံ ချဉ်းကပ်ပြီး ပြောတယ်။ "ကမ္ဘာ့အမြင့်ဆုံးသစ်ပင်တွေပေါ်အထိ ငါ ပျံသန်းနိုင်တယ်။ မင်း ဘယ်လောက် အမြင့်ထိ ပျံနိုင်လဲ" လင်းယုန်က ပြောတယ်။ "အင်း၊ ငါကအမြင့်ပျံ တော်တဲ့ငှက် မဟုတ်တော့ အမြင့်ဆုံးသစ်ပင်တွေကိုတောင် သိပ် မရောက်ဖူးပါဘူး" ကြက်တူရွေးက ရယ်မောလိုက်တယ်။ "အိုး...ရှက်စရာကောင်းလိုက်တာကွာ ငှက်အများစုထက်ငါက မြင့်မြင့်ပျံသန်းနေတာကို မယုံနိုင်လောက်အောင်ပျော်ရွှင်မိပါတယ်" လို့ ကြွားလုံးထုတ်လိုက်တယ်။ မင်းက တကယ့်ကို ကံကောင်းတဲ့ ငှက်ပဲ" လို့ လင်းယုန်က ပြောတယ်။ နောက်တနေ့မှာ ကြက်တူရွေးက လင်းယုန်ငှက်ထံ ထပ်သွားပြီး ပြောပြန်တယ်။ "မင်းကို အမြင့်ဆုံး ပျံသန်းတတ်အောင် သင်ပေးရင် ငါ့လိုပဲ အမြင့်ဆုံးသစ်ပင်တွေကို ရောက်နိုင်ပါ့မလား" "ဒါက အရမ်းမိုက်တာပဲ။ ကျေးဇူးပြုပြီး သင်ပေးပါ" လို့လင်းယုန်က ပြောတယ်။ အဲဒီနောက် လင်းယုန်ငှက်ဟာ ကြက်တူရွေးနဲ့အတူ လိုက်သွားပြီး ပျံသန်းခဲ့ပါတယ်။ "ဒီလိုပျံရတယ်ကွ" ကြက်တူရွေးက ပျံသန်းရင်းပြောတယ်။ ဒါပေမယ့် လင်းယုန်ငှက်ဟာ အင်အားနဲ့ ပျံသန်းလိုက်တယ်။လင်းယုန်ပျံတဲ့အမြင့်ထိ သူ လိုက်မပျံနိုင်တဲ့အခါ ကြက်တူရွေးဟာ လုံးဝအံ့အားသင့်သွားခဲ့ပြီး သူ့မျက်လုံးတွေကို သူမယုံနိုင်ဘူး။ နောက်ဆုံးတော့ လင်းယုန် အောက်ကို ပြန်ဆင်းသက်လာတဲ့အခါ ကြက်တူရွေးက နောင်တ၊အရှက်တရားတွေနဲ့ ပြည့်နှက်နေပြီး မေးလိုက်တယ်။ "မင်းက ပါရမီရှင်ပဲ။ ငါ့ကို ဘာလို့ မပြောခဲ့တာလဲ" လင်းယုန်က ပြုံးပြီး ပြောလိုက်တယ်။ "လင်းယုန်ငှက်နဲ့ ကြက်တူရွေးရဲ့ ကွာခြားချက် အဲဒါပဲ။ ငါက လင်းယုန်တကောင်ဖြစ်ပြီး စကားအများကြီး မပြောတတ်ဘူး။ လေလုံး ထွားတာ မဟုတ်ဘူး။ ငါ့ရဲ့ စွမ်းအားနဲ့ စွမ်းရည်အကြောင်း ငါသိတယ်။ ကောင်းကင် အမြင့်ဆုံးမှာ ငါ ပျံသန်းနေတာ မြင်ပြီး အံ့သြသွားလား။ငါဟာ မုန်တိုင်းတိမ်တိုက်တွေ အထက်မှာ ပျံသန်းနိုင်တဲ့ တကောင်တည်းသော ငှက်ပဲ။တခြားငှက်တွေ မိုးတွင်းမှာ မိုးကိုရှောင်ဖို့ ခိုလှုံစရာနေရာရှာရပေမယ့် ငါကတော့ တိမ်တွေအထက်မှာ ပျံသန်းပြီး မိုးကို ရှောင်လို့ရတယ်။ လေထုပါးတဲ့နေရာအထိ ငါ ပျံသန်းနိုင်တယ်၊ ပြီးတော့ ငါ့နှလုံးခုန်တိုင်း သွေးစီးကြောင်းထဲကို သွေးပိုသွင်းပြီး အောက်ဆီဂျင်ပို့ပေးနိုင်တယ်" ကျွန်တော်တို့ဟာ အများကြီး ကြွားလုံးထုတ်တတ်တဲ့ ကြက်တူရွေးတကောင် မဖြစ်ပါစေနဲ့။ လင်းယုန်လို နှိမ့်ချပြီး ဆိတ်ဆိတ်နေပါ။ ကိုယ့်တန်ဖိုးကို သက်သေပြဖို့ အချိန်မဖြုန်းပါနဲ့။ ကိုယ်က ဘာလဲ၊ ကိုယ် ဘာဖြစ်နိုင်တယ်ဆိုတာကို အချိန်က သက်သေပြပါလိမ့်မယ်။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့် ##CRD
    Like
    1
    · 0 Comments ·0 Shares ·17 Views
  • လူဆိုတာ မာနကြီးရင်လည်း
    မအောင်မြင်တတ်သလို

    မနာလိုစိတ် အရမ်းများရင်လည်း
    အရောင် သိပ်မထွက်ပါဘူး ။

    အ၀တ်တွေဘယ်လိုကောင်းကောင်း
    ရတနာတွေ ဘယ်လောက်တန်တန်
    စိတ်ဓါတ်မမှန်ရင် အဖိုးမတန်ပါဘူး ။

    ပိုင်ဆိုင်တာများလို့လည်း
    ပေးကမ်းမှုမရှိရင် လူ့အကာပါပဲ ။

    ဘွဲ့အာဏာပါဝါ ဘယ်လိုရှိရှိ
    ကိုယ်ကျင့်တရားမရှိရင် လူအပိုပါပဲ ။

    အသက်ဘယ်လောက်ရှည်ရှည်
    အမှန်သိတဲ့စိတ်မရှိရင် ဆင်းရဲသူပါပဲ ။

    နေရတာချင်း မတူကြပေမယ့်
    သေရမှာချင်းဟာ အတူတူပဲဖြစ်လို့

    မသေခင် ကူညီတတ်တဲ့လူတွေ
    သူများဒုက္ခမပေးတဲ့လူတွေဖြစ်အောင်
    နေထိုင်တတ်ဖို့ အရေးကြီးပါတယ် ။

    #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ
    #foryoupageシforyou #facebookreelsviral #fypシ #facebookviral #facebookpost #foryou #tiktok #tiktokviral #tiktoknews #fypシ #foryoupageシforyou #4m #fypシ゚viralシ
    လူဆိုတာ မာနကြီးရင်လည်း မအောင်မြင်တတ်သလို မနာလိုစိတ် အရမ်းများရင်လည်း အရောင် သိပ်မထွက်ပါဘူး ။ အ၀တ်တွေဘယ်လိုကောင်းကောင်း ရတနာတွေ ဘယ်လောက်တန်တန် စိတ်ဓါတ်မမှန်ရင် အဖိုးမတန်ပါဘူး ။ ပိုင်ဆိုင်တာများလို့လည်း ပေးကမ်းမှုမရှိရင် လူ့အကာပါပဲ ။ ဘွဲ့အာဏာပါဝါ ဘယ်လိုရှိရှိ ကိုယ်ကျင့်တရားမရှိရင် လူအပိုပါပဲ ။ အသက်ဘယ်လောက်ရှည်ရှည် အမှန်သိတဲ့စိတ်မရှိရင် ဆင်းရဲသူပါပဲ ။ နေရတာချင်း မတူကြပေမယ့် သေရမှာချင်းဟာ အတူတူပဲဖြစ်လို့ မသေခင် ကူညီတတ်တဲ့လူတွေ သူများဒုက္ခမပေးတဲ့လူတွေဖြစ်အောင် နေထိုင်တတ်ဖို့ အရေးကြီးပါတယ် ။ #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙 #foryoupageシforyou #facebookreelsviral #fypシ #facebookviral #facebookpost #foryou #tiktok #tiktokviral #tiktoknews #fypシ #foryoupageシforyou #4m #fypシ゚viralシ
    Like
    Care
    2
    · 0 Comments ·0 Shares ·81 Views
  • ဒီအတိုင်းလေးပဲ ကောင်းပါတယ်
    အချိန်မရွေး စကားပြောလို့ရမယ်
    ဆုံးရှုံးရတာတို့
    ပိုင်ဆိုင်ရတာတို့
    ဘာမှ မရှိတော့ဘူး
    ဒီအတိုင်းလေးပဲ ကောင်းပါတယ်
    တစ်သက်လုံး ပတ်သက်နေလို့ရတယ်လေ ။

    #လင်းမာအို
    ဒီအတိုင်းလေးပဲ ကောင်းပါတယ် အချိန်မရွေး စကားပြောလို့ရမယ် ဆုံးရှုံးရတာတို့ ပိုင်ဆိုင်ရတာတို့ ဘာမှ မရှိတော့ဘူး ဒီအတိုင်းလေးပဲ ကောင်းပါတယ် တစ်သက်လုံး ပတ်သက်နေလို့ရတယ်လေ ။ #လင်းမာအို
    Like
    2
    · 0 Comments ·0 Shares ·51 Views
  • ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေ:ခြင်း အကျိုးများဖတ်ချိန်တမိနစ်

    ၁။ တစ်နေကုန် အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။

    ၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်းသွားကြိတ်ခြင်း၊ လျှာဝါးခြင်းသွားရည်ကျခြင်းများ သက်သာ စေသည်။

    ၃။ ရင်ညွှန့်သို့ တက်သောလေ/ ဘဝင်သို့တက်သောလေ/ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။

    ၄။ ခြေထောက်ကို သန့်စင်စွာ ဆေ:ပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများ မက်ခြင်းမှ သ.က်သာစေနိုင်သည်။

    ၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သ.က်သာစေသည်။

    ၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း မျက်စိဖွင့်မကောင်းခြင်းမှ သ.က်သာစေသည်။

    ၇။ ခန္ဓာကိုယ် အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သ.က်သာစေသည်။

    ၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကို*က်ခြင်းများမှ သ.က်သာစေသည်။

    ၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သ.က်သာစေသည်။

    ၁၀။ ဆံပင်ဖြူခြင်းကို သ.က်သာစေသည်။

    ၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

    ၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သ.က်သာစေနိုင်သည်။

    မိမိပြုသောကံမိမိထံပြန်လာမည်
    မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
    နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ
    ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
    #crd_to_owner_with_respect
    #မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
    #ကျန်းမာပျော်ရွှင်ကြပါစေ
    ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေ:ခြင်း အကျိုးများဖတ်ချိန်တမိနစ် ၁။ တစ်နေကုန် အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။ ၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်းသွားကြိတ်ခြင်း၊ လျှာဝါးခြင်းသွားရည်ကျခြင်းများ သက်သာ စေသည်။ ၃။ ရင်ညွှန့်သို့ တက်သောလေ/ ဘဝင်သို့တက်သောလေ/ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။ ၄။ ခြေထောက်ကို သန့်စင်စွာ ဆေ:ပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများ မက်ခြင်းမှ သ.က်သာစေနိုင်သည်။ ၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သ.က်သာစေသည်။ ၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း မျက်စိဖွင့်မကောင်းခြင်းမှ သ.က်သာစေသည်။ ၇။ ခန္ဓာကိုယ် အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သ.က်သာစေသည်။ ၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကို*က်ခြင်းများမှ သ.က်သာစေသည်။ ၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သ.က်သာစေသည်။ ၁၀။ ဆံပင်ဖြူခြင်းကို သ.က်သာစေသည်။ ၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။ ၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သ.က်သာစေနိုင်သည်။ မိမိပြုသောကံမိမိထံပြန်လာမည် မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ် နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည် #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည် #ကျန်းမာပျော်ရွှင်ကြပါစေ
    Like
    2
    · 0 Comments ·0 Shares ·76 Views
  • အနာတရတွေကင်းဝေးနိုင်မယ်ဆိုရင်
    ငါက ပန်းလေးတစ်ပွင့်ဖြစ်ချင်တယ်...
    နာကျင်ရတဲ့ခံစားချက်တွေကို သက်သာစေချင်လို့
    ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာခဲ့ပေးချင်လို့
    အပြုံးလေးတွေဖူးပွင့်သွားတာမြင်စေချင်လို့
    ကြည်လင်ချမ်းမြေ့သော ပန်းလေးအဖြစ်ပေါ့...။
    အနာတရတွေကင်းဝေးနိုင်မယ်ဆိုရင် ငါက ပန်းလေးတစ်ပွင့်ဖြစ်ချင်တယ်... နာကျင်ရတဲ့ခံစားချက်တွေကို သက်သာစေချင်လို့ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာခဲ့ပေးချင်လို့ အပြုံးလေးတွေဖူးပွင့်သွားတာမြင်စေချင်လို့ ကြည်လင်ချမ်းမြေ့သော ပန်းလေးအဖြစ်ပေါ့...။
    0 Comments ·0 Shares ·45 Views
  • နားလည်မှု
    °°°°°°°°°°°°°°°°°°

    နားလည်မှု ဆိုတဲ့ စကားလုံးက
    အရမ်းကို လေးနက်လွန်းပါတယ်

    လောကမှာ
    ချစ်စရာအကောင်းဆုံးလူက
    ရုပ်အချောဆုံးလူ မဟုတ်ပါဘူး

    နားလည်မှုမြင့်မားတဲ့ လူသည်သာ
    လောကမှာ
    ချစ်စရာ အကောင်းဆုံးလူပါ

    ဘာဖြစ်လို့လဲဆိုတော့
    နားလည်မှုရှိတဲ့သူက
    အရာရာကို ဖြည့်တွေးပေးပြီး
    ခွင့်လွှတ်ပေးတတ်တဲ့လို့ပါ

    တစ်ယောက်နဲ့တစ်ယောက်
    အမှားအယွင်း ရှိခဲ့ရင်တောင်
    ထောက်ထား ညှာတာစရာတွေကို
    ပြန်ကြည့်ပြီး ဖြည့်တွေးပေးတက်ကြသူတွေပါ

    အချစ်ဆိုတဲ့ အရာကို
    နားလည်မှုမထည့်ပေးရင်
    အချိန်မရွေး ပြိုကျသွားစေတတ်သလို

    အချစ်မပါလည်း
    အပြန်အလှန် နားလည်မှုရှိရင်
    ကြာလာတဲ့အခါ
    ခိုင်မာတဲ့သံယောဇဉ်ကြိုးကို
    မွေးထုတ်ပေးနိုင်ပါတယ်။

    ဒါကြောင့်
    ကိုယ်က ဒီလူတစ်ယောက်နဲ့
    ပက်သက်ရတော့မယ်ဆိုရင်
    သူ့ဖက်က ဘယ်လိုပဲဖြစ်ဖြစ်
    ကိုယ့်ဖက်က တက်နိုင်သလောက်
    နားလည်မှုရှိပေးဖို့ လိုအပ်ပါတယ်....

    မူရင်းရေးသားသူအား လေးစားစွာဖြင့်
    #Crd
    26.4.2025
    R
    နားလည်မှု °°°°°°°°°°°°°°°°°° 🌸နားလည်မှု ဆိုတဲ့ စကားလုံးက အရမ်းကို လေးနက်လွန်းပါတယ်🍂 🌸လောကမှာ ချစ်စရာအကောင်းဆုံးလူက ရုပ်အချောဆုံးလူ မဟုတ်ပါဘူး🍂 🌸နားလည်မှုမြင့်မားတဲ့ လူသည်သာ လောကမှာ ချစ်စရာ အကောင်းဆုံးလူပါ🍂 🌸ဘာဖြစ်လို့လဲဆိုတော့ နားလည်မှုရှိတဲ့သူက အရာရာကို ဖြည့်တွေးပေးပြီး ခွင့်လွှတ်ပေးတတ်တဲ့လို့ပါ🍂 🌸တစ်ယောက်နဲ့တစ်ယောက် အမှားအယွင်း ရှိခဲ့ရင်တောင် ထောက်ထား ညှာတာစရာတွေကို ပြန်ကြည့်ပြီး ဖြည့်တွေးပေးတက်ကြသူတွေပါ🍂 🌸အချစ်ဆိုတဲ့ အရာကို နားလည်မှုမထည့်ပေးရင် အချိန်မရွေး ပြိုကျသွားစေတတ်သလို 🍂 🌸အချစ်မပါလည်း အပြန်အလှန် နားလည်မှုရှိရင် ကြာလာတဲ့အခါ ခိုင်မာတဲ့သံယောဇဉ်ကြိုးကို မွေးထုတ်ပေးနိုင်ပါတယ်။🍂 🌸ဒါကြောင့် ကိုယ်က ဒီလူတစ်ယောက်နဲ့ ပက်သက်ရတော့မယ်ဆိုရင် သူ့ဖက်က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဖက်က တက်နိုင်သလောက် နားလည်မှုရှိပေးဖို့ လိုအပ်ပါတယ်....🍂 🌿မူရင်းရေးသားသူအား လေးစားစွာဖြင့်🌿 #Crd🌿 🌹26.4.2025🌹 🌹R🌹
    Like
    1
    · 0 Comments ·0 Shares ·64 Views
  • ပြီးရင်လည်း တစ်ယောက်တည်း ဖြစ်ဖြစ်သွားတာပါပဲ။
    တစ်ယောက်ယောက်ပဲ အနားမှာ ရှိနေပေးတော့မလိုလို၊ တစ်ယောက်ယောက်ကပဲ ကိုယ့်ကို သူ့အနားမှာ တစ်သက်လုံး ခေါ်ထားတော့မလိုလို၊ အဲ့သလိုမျိုးတွေ ထင်ယောင်ထင်မှား ဖြစ်ခဲ့ရတာလဲ အကြိမ်ကြိမ်ပဲ။ ဘယ်လောက်ပဲ မတူညီတဲ့ စတင်ခြင်းတွေ ဖြစ်နေပါစေ တူညီတာတစ်ခုက အဆုံးမှာ
    ကျွန်တော်ဟာ တစ်ယောက်တည်း ဖြစ်ဖြစ်သွားတာပဲ။

    || 25.4.2025
    ပြီးရင်လည်း တစ်ယောက်တည်း ဖြစ်ဖြစ်သွားတာပါပဲ။ တစ်ယောက်ယောက်ပဲ အနားမှာ ရှိနေပေးတော့မလိုလို၊ တစ်ယောက်ယောက်ကပဲ ကိုယ့်ကို သူ့အနားမှာ တစ်သက်လုံး ခေါ်ထားတော့မလိုလို၊ အဲ့သလိုမျိုးတွေ ထင်ယောင်ထင်မှား ဖြစ်ခဲ့ရတာလဲ အကြိမ်ကြိမ်ပဲ။ ဘယ်လောက်ပဲ မတူညီတဲ့ စတင်ခြင်းတွေ ဖြစ်နေပါစေ တူညီတာတစ်ခုက အဆုံးမှာ ကျွန်တော်ဟာ တစ်ယောက်တည်း ဖြစ်ဖြစ်သွားတာပဲ။ 💭 || 25.4.2025
    Care
    1
    · 0 Comments ·0 Shares ·37 Views
  • သိပ်တန်ဖိုးရှိတဲ့ စာပေ
    ================

    အဆင့်အတန်း
    အဆင့်အတန်း မရှိတဲ့သူတွေဟာ
    စကားကို လိမ်ညာ ပြောတတ်ကြပါတယ်။
    သူတို့ လိုလားနေတဲ့အခါမှာ
    ကောင်းမွန်စွာ ဆက်ဆံတတ်ကြပြီး
    မလိုလားတော့တဲ့အခါမှာ
    ချက်ချင်းပြောင်းလဲပြီး
    အပြစ်မြင်ပြောဆိုဆက်ဆံတတ်ကြပါတယ်။

    ရှေ့စကားနောက်စကားလည်း
    မညီတတ်ကြပါဘူး။
    သူ့ဘက် တစ်ဖက်တည်းကိုသာ
    ကြည့်မြင်တတ်ကြပြီး
    သူများတစ်ဖက်သားအပေါ်
    အမြဲအပြစ်မြင်ပြောဆိုနေတတ်ကြပါတယ်။

    ဒီလိုလူတွေဟာ
    အမြဲတမ်း ငြင်းခုံပြီး
    အမှားတွေကိုသာ ပြောတတ်လေ့ရှိတယ်။
    ကိုယ့်မှာ အပြည့်အစုံကြီးမဟုတ်ပေမယ့်
    သူတစ်ဖက်သားအထင်ကြီးစေရန်လည်း
    မရှိပဲ ကြွားဝါပြောဆိုတတ်တဲ့လူစားမျိုးတွေပါ။

    လူတစ်ဖက်သားရဲ့အပေါ်
    မကျေနပ်တော့ဘူးဆိုရင်လည်း
    ဒေါသမထိန်းနိုင်ပဲ
    ဝါးလုံးရှည်နဲ့ရမ်းသကဲ့သို့
    အခြား မဆိုင်တဲ့သူတွေကိုပါ
    ရိုင်းစိုင်းစွာထည့်သွင်းပြီး
    ပေးစားဆဲဆိုတတ်ကြပါတယ်။

    ကိုယ့်ရဲ့အမှားကို
    ကိုယ်တာဝန်မယူတတ်ကြသလို
    တောင်းပန်ဖို့ကိုလည်း
    မသိကျိုးကျွံပြုနေတတ်ပါတယ်။
    စကားကို လွယ်လွယ်ပြောတတ်ပြီး
    ကတိသစ္စာ မတည်တတ်ကြတဲ့သူတွေပါ။
    အမှန်တရားကို လက်မခံတတ်သလို
    ကိုယ့်အမှားကိုလည်း ဝန်မခံတတ်ကြပါဘူး။

    ဘာသာတရားနဲ့ ပတ်သက်လာရင်လည်း
    လေးစားမူ မရှိတတ်သလို
    အမှန် အမှားကိုလည်း
    ခွဲခြားနားမလည်တတ်ကြပါဘူး။
    သူတစ်ပါးရဲ့ ပြည့်စုံမှုကို
    မနာလိုစိတ်ထားပြီး ပြိုင်ဆိုင်တတ်ပါတယ်။
    ကိုယ်ကျင့်သိက္ခာ ဣနြေ္ဒမရှိသလို
    ဖောက်လွှဲဖောက်ပြန်စိတ်ထားရှိတဲ့သူစားမျိုးပါ။
    စာပေပညာဗဟုသုတ မပြည့်မီပဲ
    ကိုယ်နဲ့ မထိုက်တန်တဲ့
    ရာထူးနေရာမျိုးကိုလည်း
    ရယူလိုချင်တဲ့စိတ်ထားရှိပါတယ်။

    ဒါကြောင့် ????
    ကုသိုလ် အ-ကုသိုလ်ဆိုတာ
    ဘာကို ပြောတာလဲ?
    အဆင့်အတန်း နိမ့်တဲ့ စိတ်ကို
    အ-ကုသိုလ် လို့ပြောတာဖြစ်တယ်။
    အဆင့်အတန်း မြင့်တဲ့စိတ်ဆိုတာ ကုသိုလ်ပါ။

    လူဆိုတာ စိတ်နေ သဘောထား နဲ့
    အသိဉာဏ် အဆင့်အတန်း
    မြင့်မားလာလေလေ
    သဘောထား ကြီးလာလေလေ
    ဖြစ်လာတာဟာ သဘာ၀ ဖြစ်ပါတယ်"..

    #crd
    သိပ်တန်ဖိုးရှိတဲ့ စာပေ ================ အဆင့်အတန်း အဆင့်အတန်း မရှိတဲ့သူတွေဟာ စကားကို လိမ်ညာ ပြောတတ်ကြပါတယ်။ သူတို့ လိုလားနေတဲ့အခါမှာ ကောင်းမွန်စွာ ဆက်ဆံတတ်ကြပြီး မလိုလားတော့တဲ့အခါမှာ ချက်ချင်းပြောင်းလဲပြီး အပြစ်မြင်ပြောဆိုဆက်ဆံတတ်ကြပါတယ်။ ရှေ့စကားနောက်စကားလည်း မညီတတ်ကြပါဘူး။ သူ့ဘက် တစ်ဖက်တည်းကိုသာ ကြည့်မြင်တတ်ကြပြီး သူများတစ်ဖက်သားအပေါ် အမြဲအပြစ်မြင်ပြောဆိုနေတတ်ကြပါတယ်။ ဒီလိုလူတွေဟာ အမြဲတမ်း ငြင်းခုံပြီး အမှားတွေကိုသာ ပြောတတ်လေ့ရှိတယ်။ ကိုယ့်မှာ အပြည့်အစုံကြီးမဟုတ်ပေမယ့် သူတစ်ဖက်သားအထင်ကြီးစေရန်လည်း မရှိပဲ ကြွားဝါပြောဆိုတတ်တဲ့လူစားမျိုးတွေပါ။ လူတစ်ဖက်သားရဲ့အပေါ် မကျေနပ်တော့ဘူးဆိုရင်လည်း ဒေါသမထိန်းနိုင်ပဲ ဝါးလုံးရှည်နဲ့ရမ်းသကဲ့သို့ အခြား မဆိုင်တဲ့သူတွေကိုပါ ရိုင်းစိုင်းစွာထည့်သွင်းပြီး ပေးစားဆဲဆိုတတ်ကြပါတယ်။ ကိုယ့်ရဲ့အမှားကို ကိုယ်တာဝန်မယူတတ်ကြသလို တောင်းပန်ဖို့ကိုလည်း မသိကျိုးကျွံပြုနေတတ်ပါတယ်။ စကားကို လွယ်လွယ်ပြောတတ်ပြီး ကတိသစ္စာ မတည်တတ်ကြတဲ့သူတွေပါ။ အမှန်တရားကို လက်မခံတတ်သလို ကိုယ့်အမှားကိုလည်း ဝန်မခံတတ်ကြပါဘူး။ ဘာသာတရားနဲ့ ပတ်သက်လာရင်လည်း လေးစားမူ မရှိတတ်သလို အမှန် အမှားကိုလည်း ခွဲခြားနားမလည်တတ်ကြပါဘူး။ သူတစ်ပါးရဲ့ ပြည့်စုံမှုကို မနာလိုစိတ်ထားပြီး ပြိုင်ဆိုင်တတ်ပါတယ်။ ကိုယ်ကျင့်သိက္ခာ ဣနြေ္ဒမရှိသလို ဖောက်လွှဲဖောက်ပြန်စိတ်ထားရှိတဲ့သူစားမျိုးပါ။ စာပေပညာဗဟုသုတ မပြည့်မီပဲ ကိုယ်နဲ့ မထိုက်တန်တဲ့ ရာထူးနေရာမျိုးကိုလည်း ရယူလိုချင်တဲ့စိတ်ထားရှိပါတယ်။ ဒါကြောင့် ???? ကုသိုလ် အ-ကုသိုလ်ဆိုတာ ဘာကို ပြောတာလဲ? အဆင့်အတန်း နိမ့်တဲ့ စိတ်ကို အ-ကုသိုလ် လို့ပြောတာဖြစ်တယ်။ အဆင့်အတန်း မြင့်တဲ့စိတ်ဆိုတာ ကုသိုလ်ပါ။ လူဆိုတာ စိတ်နေ သဘောထား နဲ့ အသိဉာဏ် အဆင့်အတန်း မြင့်မားလာလေလေ သဘောထား ကြီးလာလေလေ ဖြစ်လာတာဟာ သဘာ၀ ဖြစ်ပါတယ်".. #crd
    Like
    Care
    2
    · 0 Comments ·0 Shares ·84 Views
  • ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။

    သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်စေဖို့လည်း တာ၀န်ကျေရတယ်။

    မေတ္တာကို ပြန်ပေးတတ်ဖို့လည်း တာ၀န်ကျေရတယ်

    စိတ်နှလုံး လုံခြုံစေမှုအတွက်လည်း တာ၀န်ကျေရတယ်။

    ကိုယ်ကျင့်တရား ကောင်းအောင် တည်ဆောက်တတ်ဖို့အတွက်လည်း တာ၀န်ကျေရတယ်။

    အသက်ရှင် ကျန်းမာအောင် လမ်းပြပေးရင်းနဲ့လည်း တာ၀န်ကျေရတယ်။

    အခက်အခဲတွေ ကြားထဲမှာ ရုန်းကန်တတ်စေဖို့ တာ၀န်ကျေရတယ်။

    လဲကျ ရှုံးနိမ့်မှုတွေကြားထဲမှာ နစ်မြုပ်မသွားစေဖို့ တာ၀န်ကျေရတယ်။

    ကောင်းမွန်တဲ့ အသက်မွေး၀မ်းကြောင်းမှု ဖြစ်စေဖို့လည်း တာ၀န်ကျေရတယ်။

    စိတ်ဒဏ်ရာ တွေ၊ နာကျည်းချက်တွေနဲ့ အဆိုးမြင်တတ်တဲ့ ကလေးတွေ မဖြစ်အောင် ပြုစုပေးရင်း တာဝန်ကျေရတယ်

    သူတို့လေးတွေ အရွယ်ရောက်လို့ ကိုယ့်ရဲ့ နေ၀င်ချိန်ကို ပြန်ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ ကိုယ့်ဖက်က လိပ်ပြာလုံလုံ စိတ်အေးအေးနဲ့ သူတို့တွေကို ထားခဲ့နိုင်ဖို့က အရေးအကြီးဆုံးပဲ။

    ငါမွေးလိုက်တဲ့ သား၊ ငါမွေးလိုက်တဲ့သမီး၊ ငါမပါဘဲ ရပ်တည်နိုင်ပြီ လို့ စောစောသေချာတဲ့လူတွေက စောစောအေးချမ်းတာပဲ။

    မူရင်း...crd
    ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။ 💯 သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်စေဖို့လည်း တာ၀န်ကျေရတယ်။ 💯 မေတ္တာကို ပြန်ပေးတတ်ဖို့လည်း တာ၀န်ကျေရတယ်💯 စိတ်နှလုံး လုံခြုံစေမှုအတွက်လည်း တာ၀န်ကျေရတယ်။💯 ကိုယ်ကျင့်တရား ကောင်းအောင် တည်ဆောက်တတ်ဖို့အတွက်လည်း တာ၀န်ကျေရတယ်။ 💯 အသက်ရှင် ကျန်းမာအောင် လမ်းပြပေးရင်းနဲ့လည်း တာ၀န်ကျေရတယ်။ 💯 အခက်အခဲတွေ ကြားထဲမှာ ရုန်းကန်တတ်စေဖို့ တာ၀န်ကျေရတယ်။ 💯 လဲကျ ရှုံးနိမ့်မှုတွေကြားထဲမှာ နစ်မြုပ်မသွားစေဖို့ တာ၀န်ကျေရတယ်။ 💯 ကောင်းမွန်တဲ့ အသက်မွေး၀မ်းကြောင်းမှု ဖြစ်စေဖို့လည်း တာ၀န်ကျေရတယ်။ 💯 စိတ်ဒဏ်ရာ တွေ၊ နာကျည်းချက်တွေနဲ့ အဆိုးမြင်တတ်တဲ့ ကလေးတွေ မဖြစ်အောင် ပြုစုပေးရင်း တာဝန်ကျေရတယ်💯 သူတို့လေးတွေ အရွယ်ရောက်လို့ ကိုယ့်ရဲ့ နေ၀င်ချိန်ကို ပြန်ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ ကိုယ့်ဖက်က လိပ်ပြာလုံလုံ စိတ်အေးအေးနဲ့ သူတို့တွေကို ထားခဲ့နိုင်ဖို့က အရေးအကြီးဆုံးပဲ။ 💯 ငါမွေးလိုက်တဲ့ သား၊ ငါမွေးလိုက်တဲ့သမီး၊ ငါမပါဘဲ ရပ်တည်နိုင်ပြီ လို့ စောစောသေချာတဲ့လူတွေက စောစောအေးချမ်းတာပဲ။💯💯💯 မူရင်း...crd
    0 Comments ·0 Shares ·52 Views
  • အမေကို စိတ်မဆင်းရဲပါစေနဲ့
    **********************

    သင်…
    အမေ့ကို တကယ်ချစ်သလား-?

    အပြောထက်
    အလုပ်နဲ့ သက်သေပြဖို့
    ဘယ်လို အခြေအနေ
    ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ

    အမေကို
    စိတ်ချမ်းသာအောင်တော့
    ထားပေးပါ။

    မရှိတော့မှ
    တောင့်တနေမယ့် အစား
    ရှိနေတုန်းလေးမှာ
    အမေပျော်အောင် ထားကြပါ။

    မိမိအတွက်နဲ့
    အမေ စိတ်မဆင်းရဲရပါစေနဲ့။

    အမေ စိတ်ပျော်ရွှင်စွာ
    နေရဖို့အတွက်
    မိမိရဲ့ အပြုအမူ
    အပြောအဆိုလေးတွေ
    လိမ္မာယဉ်ကျေးနေပါစေ။

    ဘာမှ မတည်မြဲတဲ့
    လောကကြီးထဲမှာ
    ဘယ်အရာတွေ
    ဘယ်လိုဟောင်းသွားလဲ

    အမေ့မေတ္တာ
    အမေ့စေတနာတွေက
    ဘယ်တော့မှ မဟောင်း
    ဘယ်တော့မှ မပြောင်းလဲပါဘူး။

    ဒါကြောင့်…
    အမေ ရှိနေခိုက်လေးမှာ
    ကျေးဇူး မဆပ်နိုင်ရင်တောင်မှ
    ကျေးဇူး မကန်းမိအောင်တော့
    အထူး သတိထားပါ။

    အမေ မရှိတော့ရင်လည်း
    အမေ့ကျေးဇူး အထူးသိတတ်ပြီး
    အမေ့ကို ရည်စူးကာ
    ကုသိုလ်ကောင်းမှု ပြုပေးကြပါ။

    ဒါမှ
    လူသားဆန် လူပီသပြီး
    လူ့တန်ဖိုး နားလည်သူအဖြစ်
    မိမိကိုယ်ကို
    ဂုဏ်ယူနေရပါလိမ့်မယ်။


    အရှင်ပုည( ဝကုန်း )

    #Credit
    အမေကို စိတ်မဆင်းရဲပါစေနဲ့ ********************** သင်… အမေ့ကို တကယ်ချစ်သလား-? အပြောထက် အလုပ်နဲ့ သက်သေပြဖို့ ဘယ်လို အခြေအနေ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ အမေကို စိတ်ချမ်းသာအောင်တော့ ထားပေးပါ။ မရှိတော့မှ တောင့်တနေမယ့် အစား ရှိနေတုန်းလေးမှာ အမေပျော်အောင် ထားကြပါ။ မိမိအတွက်နဲ့ အမေ စိတ်မဆင်းရဲရပါစေနဲ့။ အမေ စိတ်ပျော်ရွှင်စွာ နေရဖို့အတွက် မိမိရဲ့ အပြုအမူ အပြောအဆိုလေးတွေ လိမ္မာယဉ်ကျေးနေပါစေ။ ဘာမှ မတည်မြဲတဲ့ လောကကြီးထဲမှာ ဘယ်အရာတွေ ဘယ်လိုဟောင်းသွားလဲ အမေ့မေတ္တာ အမေ့စေတနာတွေက ဘယ်တော့မှ မဟောင်း ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒါကြောင့်… အမေ ရှိနေခိုက်လေးမှာ ကျေးဇူး မဆပ်နိုင်ရင်တောင်မှ ကျေးဇူး မကန်းမိအောင်တော့ အထူး သတိထားပါ။ အမေ မရှိတော့ရင်လည်း အမေ့ကျေးဇူး အထူးသိတတ်ပြီး အမေ့ကို ရည်စူးကာ ကုသိုလ်ကောင်းမှု ပြုပေးကြပါ။ ဒါမှ လူသားဆန် လူပီသပြီး လူ့တန်ဖိုး နားလည်သူအဖြစ် မိမိကိုယ်ကို ဂုဏ်ယူနေရပါလိမ့်မယ်။ … အရှင်ပုည( ဝကုန်း ) #Credit
    Care
    1
    · 0 Comments ·0 Shares ·53 Views
  • "အိမ်"
    ငယ်ငယ်တုန်းက
    အိမ်ဆိုတာ အမေ
    အမေဆိုတာ အိမ်ပဲလို့ထင်တယ်။

    အမေ မရှိရင်
    အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။
    အိမ်ပြန်မယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကိုရှာတာပဲ။

    အမေ ဘယ်မှာလဲ....
    အမေရှိတဲ့အရပ်က အိမ်ပေါ့။
    အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။

    ကြီးလာတော့လည်း
    အမေဆိုတာ အိမ်
    အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။
    အမေ မရှိရင် အိမ်မရှိဘူး။

    အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကို လွမ်းတာပါ။

    အိမ်ထဲဝင်တာနဲ့
    "အမေ" လို့ အရင်ခေါ်တာပါပဲ။

    အမေကို မတွေ့ရင်
    အမေကိုရှာတယ်။
    အမေကိုတွေ့မှ
    အော်.. အိမ် ပြန်ရောက်တယ်။

    အင်း.... ဘာဖြစ်လို့
    လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ
    အိမ်ပြန်ချင်ကြပါလိမ့်၊
    အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊
    အမေ့ကို အရင်သတိရကြပါလိမ့်၊
    ဘာမှမတတ်နိုင်တဲ့အခါ
    "အမေ"လို့ တကြပါလိမ့်...

    တစ်သက်ရှိခဲ့ပါပြီ...
    တမ်းတရင်း လွမ်းဆွတ်ရင်း
    ဘယ်နေရာမှာ
    လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့
    တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။

    ကျနော် အကျယ်ကြီး ပြောပါရစေ...

    အေမ

    အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ
    ကျွန်တော်တစ်သက်တာအတွက်
    အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ...

    #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    "အိမ်" ငယ်ငယ်တုန်းက အိမ်ဆိုတာ အမေ အမေဆိုတာ အိမ်ပဲလို့ထင်တယ်။ အမေ မရှိရင် အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။ အိမ်ပြန်မယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကိုရှာတာပဲ။ အမေ ဘယ်မှာလဲ.... အမေရှိတဲ့အရပ်က အိမ်ပေါ့။ အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။ ကြီးလာတော့လည်း အမေဆိုတာ အိမ် အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။ အမေ မရှိရင် အိမ်မရှိဘူး။ အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကို လွမ်းတာပါ။ အိမ်ထဲဝင်တာနဲ့ "အမေ" လို့ အရင်ခေါ်တာပါပဲ။ အမေကို မတွေ့ရင် အမေကိုရှာတယ်။ အမေကိုတွေ့မှ အော်.. အိမ် ပြန်ရောက်တယ်။ အင်း.... ဘာဖြစ်လို့ လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ အိမ်ပြန်ချင်ကြပါလိမ့်၊ အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊ အမေ့ကို အရင်သတိရကြပါလိမ့်၊ ဘာမှမတတ်နိုင်တဲ့အခါ "အမေ"လို့ တကြပါလိမ့်... တစ်သက်ရှိခဲ့ပါပြီ... တမ်းတရင်း လွမ်းဆွတ်ရင်း ဘယ်နေရာမှာ လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့ တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။ ကျနော် အကျယ်ကြီး ပြောပါရစေ... အေမ အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ ကျွန်တော်တစ်သက်တာအတွက် အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ... #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    Care
    1
    · 0 Comments ·0 Shares ·47 Views
More Results