• သတ္တိရှိတယ်ဆိုတာ
    ကြောက်စိတ်ရှိလျက်နဲ့
    မှန်တာကိုလုပ်ရဲတာပါပဲ။

    #အောင်ဆန်းစုကြည်

    သတ္တိရှိတယ်ဆိုတာ ကြောက်စိတ်ရှိလျက်နဲ့ မှန်တာကိုလုပ်ရဲတာပါပဲ။ #အောင်ဆန်းစုကြည်
    0 Comments ·0 Shares ·2 Views
  • ဘာလို့ ဒီလောက်သဘောကျသွားရတာလဲဆိုတာ ပြန်တွေးမိတော့
    စိတ်အေးသက်သာရှိလို့ဆိုတာကို သတိထားမိတယ် ။
    ကိုယ်က ပူလောင်ပေမယ့်
    သူနဲ့သာဆို အေးချမ်းသွားသလို ခံစားရတယ် ။
    ဘယ်လောက်ပဲ မွန်းကြပ်စရာ ရှိနေပေမယ့်
    စကားစမြည်လေးတွေကြောင့် ကြည်လင်ပျော်ရွှင်သွားရတယ် ။
    အဲ့ဒါတွေကြောင့် သဘောကျရတာပဲ ဖြစ်လိမ့်မယ် ။


    #နိုရှီ
    ဘာလို့ ဒီလောက်သဘောကျသွားရတာလဲဆိုတာ ပြန်တွေးမိတော့ စိတ်အေးသက်သာရှိလို့ဆိုတာကို သတိထားမိတယ် ။ ကိုယ်က ပူလောင်ပေမယ့် သူနဲ့သာဆို အေးချမ်းသွားသလို ခံစားရတယ် ။ ဘယ်လောက်ပဲ မွန်းကြပ်စရာ ရှိနေပေမယ့် စကားစမြည်လေးတွေကြောင့် ကြည်လင်ပျော်ရွှင်သွားရတယ် ။ အဲ့ဒါတွေကြောင့် သဘောကျရတာပဲ ဖြစ်လိမ့်မယ် ။ 🌻💛 #နိုရှီ
    Like
    1
    · 0 Comments ·0 Shares ·26 Views
  • ရန်မဖြစ်တတ်လို့ မဟုတ်ဘူး
    ရန်ဖြစ်ဖို့စကားလုံး တွေးတာနဲ့တင်
    ပူလောင်လို့ပါ။

    ဒေါသမရှိတာမဟုတ်ဘူး
    တစ်ဖက်လူက ဒုတိယ
    ကိုယ်ကပထမ ပူလောင်လို့ပါ။

    မာနမရှိတာမဟုတ်ပါဘူး
    ရေပွက်ပမာ ဘဝခဏတာမှာ
    လူမုန်းမများချင်လို့ပါ။

    အမုန်းမရှိတာ မဟုတ်ပါဘူး
    သူတစ်ပါးအတွက်နဲ့
    မိမိစိတ် အညစ်အကြေးမစွန်းချင်လို့ပါ။

    လောဘမရှိတာမဟုတ်ပါဘူး
    အသောမသတ်တဲ့ သဘောတရားကပူလောင်လို့ပါ။

    အညှိုးအတေးမရှိတာမဟုတ်ပါဘူး
    ပြန်တွေးမိတိုင်း ပူလောင်လွန်းလို့
    ဥပေက္ခာနဲ့ လဲလိုက်တာပါ။

    တကယ်တော့......

    ပူထုဇဉ်လူသားတစ်ယောက်ပဲလေ
    အကုန်ရှိတာပေါ့။

    ဒါပေမယ့်
    အသိကို သတိလေးနဲ့ ထိန်းသိမ်းရင်း
    သူတစ်ပါးအတွက်နဲ့
    မိမိစိတ်ကို
    အရောင်မစွန်းထင်းဖို့
    မိမိစိတ်ချမ်းသာဖို့ လုပ်နေတာ

    ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ပါ။

    #credit
    နှင်းဆီ စာပေ
    #Ingyinnaing 🕊
    #foryoupageシ
    ရန်မဖြစ်တတ်လို့ မဟုတ်ဘူး ရန်ဖြစ်ဖို့စကားလုံး တွေးတာနဲ့တင် ပူလောင်လို့ပါ။ ဒေါသမရှိတာမဟုတ်ဘူး တစ်ဖက်လူက ဒုတိယ ကိုယ်ကပထမ ပူလောင်လို့ပါ။ မာနမရှိတာမဟုတ်ပါဘူး ရေပွက်ပမာ ဘဝခဏတာမှာ လူမုန်းမများချင်လို့ပါ။ အမုန်းမရှိတာ မဟုတ်ပါဘူး သူတစ်ပါးအတွက်နဲ့ မိမိစိတ် အညစ်အကြေးမစွန်းချင်လို့ပါ။ လောဘမရှိတာမဟုတ်ပါဘူး အသောမသတ်တဲ့ သဘောတရားကပူလောင်လို့ပါ။ အညှိုးအတေးမရှိတာမဟုတ်ပါဘူး ပြန်တွေးမိတိုင်း ပူလောင်လွန်းလို့ ဥပေက္ခာနဲ့ လဲလိုက်တာပါ။ တကယ်တော့...... ပူထုဇဉ်လူသားတစ်ယောက်ပဲလေ အကုန်ရှိတာပေါ့။ ဒါပေမယ့် အသိကို သတိလေးနဲ့ ထိန်းသိမ်းရင်း သူတစ်ပါးအတွက်နဲ့ မိမိစိတ်ကို အရောင်မစွန်းထင်းဖို့ မိမိစိတ်ချမ်းသာဖို့ လုပ်နေတာ ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ပါ။ #credit နှင်းဆီ စာပေ #Ingyinnaing 🕊💙 #foryoupageシ
    Like
    1
    · 0 Comments ·0 Shares ·58 Views
  • ဘာတွေပဲဖြစ်ဖြစ်
    နောက်ဆုံးတော့ ကိုယ်ကိုယ်တိုင်ကသာ
    အရေးအကြီးဆုံးဖြစ်တယ်ဆိုတာသိပြီးတဲ့နောက်မှ
    လိုတာထက်ပိုနေတဲ့ခံစားချက်တွေကို
    ဖြုတ်ချခဲ့ရတာပဲ

    ဘယ်သူမှ အသိအမှတ်မပြုလည်း
    ကိုယ်လုပ်နိုင်တဲ့အရာတွေအပေါ်မှာ
    ကိုယ့်ကိုယ်ကိုယ်တိုးတိုးလေးပြန်ပြီး
    အသိအမှတ်ပြန်ပြုပေးနေရတယ်

    ဘာကိစ္စပဲ ဖြစ်ဖြစ်
    ဘာတွေပဲစိတ်ဆိုးဆိုး
    ဘယ်လောက်ပဲပျော်ပျော် လူဆိုတာ
    ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြန်ပြီး အားပေးမှ
    ကိုယ်ပြန်ထနိုင်တယ်ဆိုတာ ဒီနှစ်တွေထဲမှာ
    အများကြီးပိုသိလာရတယ်

    ကိုယ့်ပေတံနဲ့ နေရာတကာ လိုက်လိုက်တိုင်းပြီး
    ကိုယ်ချစ်ခင်ဖြစ်ရင် ကိုယ့်ပမာကိုယ်ချင်းစာစိတ်နဲ့
    စိတ်ပူပေးတတ်တဲ့
    အလေ့အထလေးကိုလည်း ခဏခဏသင်းသတ်နေရတယ်

    လူတွေဟာ ကိုယ့်လိုမဟုတ်ဘူးလေ ဆိုပြီး
    မကြာခဏ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးနေရပါတယ်
    ဒီနှစ်တွေထဲမှာ ကိုယ့်အတ္တနဲ့ကိုယ် အဆင်ပြေပြေ
    နေနိုင်ဖို့ ကိိုယ့်ကိုယ်ကိုယ် ကြိုးစားနေထိုင်နေရပါတယ်

    အဆင်ပြေပြေမပြေပြေ ကိုယ့်ပြဿနာနဲ့ကိုယ်တော့
    အသားကျအောင်ကြိုးစားနေရတာပါပဲ

    အဆင်ပြေပြေမပြေပြေ ကိုယ်တိုင်ပြန်ထနိုင်အောင်တော့ကြိုးစားရတာပဲ

    #credittooriginalwriterwithrespect
    ဘာတွေပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကိုယ်ကိုယ်တိုင်ကသာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာသိပြီးတဲ့နောက်မှ လိုတာထက်ပိုနေတဲ့ခံစားချက်တွေကို ဖြုတ်ချခဲ့ရတာပဲ ဘယ်သူမှ အသိအမှတ်မပြုလည်း ကိုယ်လုပ်နိုင်တဲ့အရာတွေအပေါ်မှာ ကိုယ့်ကိုယ်ကိုယ်တိုးတိုးလေးပြန်ပြီး အသိအမှတ်ပြန်ပြုပေးနေရတယ် ဘာကိစ္စပဲ ဖြစ်ဖြစ် ဘာတွေပဲစိတ်ဆိုးဆိုး ဘယ်လောက်ပဲပျော်ပျော် လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြန်ပြီး အားပေးမှ ကိုယ်ပြန်ထနိုင်တယ်ဆိုတာ ဒီနှစ်တွေထဲမှာ အများကြီးပိုသိလာရတယ် ကိုယ့်ပေတံနဲ့ နေရာတကာ လိုက်လိုက်တိုင်းပြီး ကိုယ်ချစ်ခင်ဖြစ်ရင် ကိုယ့်ပမာကိုယ်ချင်းစာစိတ်နဲ့ စိတ်ပူပေးတတ်တဲ့ အလေ့အထလေးကိုလည်း ခဏခဏသင်းသတ်နေရတယ် လူတွေဟာ ကိုယ့်လိုမဟုတ်ဘူးလေ ဆိုပြီး မကြာခဏ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးနေရပါတယ် ဒီနှစ်တွေထဲမှာ ကိုယ့်အတ္တနဲ့ကိုယ် အဆင်ပြေပြေ နေနိုင်ဖို့ ကိိုယ့်ကိုယ်ကိုယ် ကြိုးစားနေထိုင်နေရပါတယ် အဆင်ပြေပြေမပြေပြေ ကိုယ့်ပြဿနာနဲ့ကိုယ်တော့ အသားကျအောင်ကြိုးစားနေရတာပါပဲ အဆင်ပြေပြေမပြေပြေ ကိုယ်တိုင်ပြန်ထနိုင်အောင်တော့ကြိုးစားရတာပဲ #credittooriginalwriterwithrespect
    Like
    Care
    2
    · 0 Comments ·0 Shares ·59 Views
  • မိန်းကလေး တစ်ယောက်ဟာ
    သူမ တစ်ယောက်ထဲ တိတ်တဆိတ်လေးပဲ
    နေ့ရက်တွေကို ဖြတ်သန်းနေ တယ်ဆိုရင်
    သူမရဲ့ နာကျင်မှု တွေဟာ
    ဘယ်သူမှ သတိမထား မိခင်မှာ
    အတိုင်းတာတစ်ခုကို ကျော်လွန်သွားလို့ပါ
    အမျိုးသမီးတွေဟာ ~~
    မှီခိုစရာရှိရင် တစ်ခါတလေမှာ
    စိတ်ပျော့ တယ်လို့ ထင်ရပေမယ့်
    တစ်ခါတခါကျရင်တော့ ~~
    သန်သန်မာမာ ရှင်သန်ပြဖို့
    အရမ်းကို သတ္တိ ကောင်းပါတယ်။
    ပျော်အောင်လည်း နေပြီး
    ပိုလှအောင်လည်း နေတတ်လာတယ်။
    ပြီးတော့ တိတ်တဆိတ်လေး နေရတဲ့
    အရသာကို ပိုသဘောကျသွားပါတယ်
    တိတ်ဆိတ်မှု တစ်မျိုးက
    ဘဝကို ပိုအဓိပ္ပါယ် ရှိစေပါတယ်
    #crd_to_owner_with_respect
    မိန်းကလေး တစ်ယောက်ဟာ သူမ တစ်ယောက်ထဲ တိတ်တဆိတ်လေးပဲ နေ့ရက်တွေကို ဖြတ်သန်းနေ တယ်ဆိုရင် သူမရဲ့ နာကျင်မှု တွေဟာ ဘယ်သူမှ သတိမထား မိခင်မှာ အတိုင်းတာတစ်ခုကို ကျော်လွန်သွားလို့ပါ အမျိုးသမီးတွေဟာ ~~ မှီခိုစရာရှိရင် တစ်ခါတလေမှာ စိတ်ပျော့ တယ်လို့ ထင်ရပေမယ့် တစ်ခါတခါကျရင်တော့ ~~ သန်သန်မာမာ ရှင်သန်ပြဖို့ အရမ်းကို သတ္တိ ကောင်းပါတယ်။ ပျော်အောင်လည်း နေပြီး ပိုလှအောင်လည်း နေတတ်လာတယ်။ ပြီးတော့ တိတ်တဆိတ်လေး နေရတဲ့ အရသာကို ပိုသဘောကျသွားပါတယ် တိတ်ဆိတ်မှု တစ်မျိုးက ဘဝကို ပိုအဓိပ္ပါယ် ရှိစေပါတယ် #crd_to_owner_with_respect
    Like
    Care
    2
    · 0 Comments ·0 Shares ·39 Views
  • စိတ်ကလေး အချည်ခံထားရတယ်
    အသံလေးကြားရတာနဲ့ အမောတစ်ဝက်ပြေတယ်
    အရိပ်တကြည့်ကြည့် ဖြစ်ရတယ်
    မြတ်နိုးရတယ် တန်ဖိုးထားရတယ်
    တစ်နေ့တာရဲ့ ပထမဆုံး ဝတ္တရားဟာ
    မင်းကို သတိရဖို့ပဲ ဖြစ်ခဲ့တယ် ။


    #Lionel Sn
    စိတ်ကလေး အချည်ခံထားရတယ် အသံလေးကြားရတာနဲ့ အမောတစ်ဝက်ပြေတယ် အရိပ်တကြည့်ကြည့် ဖြစ်ရတယ် မြတ်နိုးရတယ် တန်ဖိုးထားရတယ် တစ်နေ့တာရဲ့ ပထမဆုံး ဝတ္တရားဟာ မင်းကို သတိရဖို့ပဲ ဖြစ်ခဲ့တယ် ။ 🌻🖤 #Lionel Sn
    Like
    Care
    2
    · 0 Comments ·0 Shares ·53 Views
  • လူတိုင်းမှာ
    အားနည်းချက် ကိုယ်စီရှိကြတယ်။
    ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့
    တစ်ခြားသော အားနည်းချက်တွေကြောင့်
    ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။

    ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ
    ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ
    ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်
    ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။
    လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။

    ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့
    ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။

    အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး..
    ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ်
    လို့ ထင်တယ် ။
    ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့
    အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။
    ဘယ်သူ့ကိုမှ မကြောက်ရဘူး။
    ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
    ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
    ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
    ရင်ဆိုင်ရဲရမယ်။

    ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
    ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
    မလောရဘူး။

    ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
    တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
    ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။

    ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
    လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။
    ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ
    မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။

    ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။
    လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။

    လူတိုင်း သဘောကျအောင်မနေနဲ့။
    ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
    လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
    မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
    နေတာမျိုးတွေကို ရှောင်ရမယ်။

    ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
    လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။
    ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
    နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။
    လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။
    မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။
    လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
    အဝေအဖန် မစောစေနဲ့။
    အလိုက်သိတတ်ရမယ်။
    ဘယ်အရာမှ အလကား မလိုချင်နဲ့။
    သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
    အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။
    မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
    ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။
    ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
    အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
    မရင့်ကျက်ခြင်းပဲ။
    အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း
    ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
    တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။
    ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
    နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။

    စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။

    လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ
    ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။
    ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက
    လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ ..
    ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင်
    ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ.....
    နောက်ဆုံးပြောချင်တာ...

    ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend
    လေးတွေ အတွက် စကားလက်ဆောင်လေးကတော့...
    သက်မဲ့ သစ်ရွက်လေးတွေတောင်မှ..
    လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ..
    ဝဲပြန်ပြရသေးတာပဲ...
    ငါက.. လူသားတစ်ယောက်ပဲ...
    သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ
    မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ
    တတ်အောင် အဖန်ဖန်ကြိုးစားပါ ။

    အားအင်တစ်ခု ရပါစေ

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    🔸လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြတယ်။ ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့ တစ်ခြားသော အားနည်းချက်တွေကြောင့် ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင် ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။ လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။ ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့ ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။ အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး.. ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ် လို့ ထင်တယ် ။ ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့ အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။ ဘယ်သူ့ကိုမှ မကြောက်ရဘူး။ ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ် ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး ရင်ဆိုင်ရဲရမယ်။ ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။ ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။ မလောရဘူး။ ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။ ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။ ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။ ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။ လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။ လူတိုင်း သဘောကျအောင်မနေနဲ့။ ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။ လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊ မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး နေတာမျိုးတွေကို ရှောင်ရမယ်။ ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။ ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။ လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။ မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။ လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။ အဝေအဖန် မစောစေနဲ့။ အလိုက်သိတတ်ရမယ်။ ဘယ်အရာမှ အလကား မလိုချင်နဲ့။ သူတစ်ပါးဆီက အရာတွေကို လူလည်ကျ အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။ မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။ ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။ အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ မရင့်ကျက်ခြင်းပဲ။ အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့် တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။ ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော် နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။ စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။ လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။ ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ .. ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင် ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ..... နောက်ဆုံးပြောချင်တာ... ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend လေးတွေ အတွက် စကားလက်ဆောင်လေးကတော့... သက်မဲ့ သစ်ရွက်လေးတွေတောင်မှ.. လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ.. ဝဲပြန်ပြရသေးတာပဲ... ငါက.. လူသားတစ်ယောက်ပဲ... သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ တတ်အောင် အဖန်ဖန်ကြိုးစားပါ ။ အားအင်တစ်ခု ရပါစေ 🙏 #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·68 Views
  • မိန်းကလေး တစ်ယောက်ဟာ
    သူမ တစ်ယောက်ထဲ တိတ်တဆိတ်လေးပဲ
    နေ့ရက်တွေကို ဖြတ်သန်းနေ တယ်ဆိုရင်
    သူမရဲ့ နာကျင်မှု တွေဟာ
    ဘယ်သူမှ သတိမထား မိခင်မှာ
    အတိုင်းတာတစ်ခုကို ကျော်လွန်သွားလို့ပါ
    အမျိုးသမီးတွေဟာ ~~
    မှီခိုစရာရှိရင် တစ်ခါတလေမှာ
    စိတ်ပျော့ တယ်လို့ ထင်ရပေမယ့်
    တစ်ခါတခါကျရင်တော့ ~~
    သန်သန်မာမာ ရှင်သန်ပြဖို့
    အရမ်းကို သတ္တိ ကောင်းပါတယ်။
    ပျော်အောင်လည်း နေပြီး
    ပိုလှအောင်လည်း နေတတ်လာတယ်။
    ပြီးတော့ တိတ်တဆိတ်လေး နေရတဲ့
    အရသာကို ပိုသဘောကျသွားပါတယ်
    တိတ်ဆိတ်မှု တစ်မျိုးက
    ဘဝကို ပိုအဓိပ္ပါယ် ရှိစေပါတယ်
    မိန်းကလေး တစ်ယောက်ဟာ သူမ တစ်ယောက်ထဲ တိတ်တဆိတ်လေးပဲ နေ့ရက်တွေကို ဖြတ်သန်းနေ တယ်ဆိုရင် သူမရဲ့ နာကျင်မှု တွေဟာ ဘယ်သူမှ သတိမထား မိခင်မှာ အတိုင်းတာတစ်ခုကို ကျော်လွန်သွားလို့ပါ အမျိုးသမီးတွေဟာ ~~ မှီခိုစရာရှိရင် တစ်ခါတလေမှာ စိတ်ပျော့ တယ်လို့ ထင်ရပေမယ့် တစ်ခါတခါကျရင်တော့ ~~ သန်သန်မာမာ ရှင်သန်ပြဖို့ အရမ်းကို သတ္တိ ကောင်းပါတယ်။ ပျော်အောင်လည်း နေပြီး ပိုလှအောင်လည်း နေတတ်လာတယ်။ ပြီးတော့ တိတ်တဆိတ်လေး နေရတဲ့ အရသာကို ပိုသဘောကျသွားပါတယ်💙 တိတ်ဆိတ်မှု တစ်မျိုးက ဘဝကို ပိုအဓိပ္ပါယ် ရှိစေပါတယ်
    Like
    Care
    2
    · 0 Comments ·0 Shares ·34 Views
  • လူတိုင်းကို
    သံသယနဲ့ မကြည့်ပါနဲ့
    မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

    လူတိုင်းကို
    အပြစ်ရှာပြီး မကြည့်ပါနဲ့
    ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ

    လူတိုင်းကို
    အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့
    မျှတခြင်း တရားနဲ့ ကြည့်ပါ

    လူတိုင်းကို
    မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့
    ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ

    လူတိုင်းကို
    အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့
    အပြုံးတရားတွေနဲ့ ကြည့်ပါ

    လူတိုင်းကို
    ရလိုမှုတွေနဲ့ မကြည့်ပါနဲ့
    စွန့်လွှတ်ခြင်း . . .တွေနဲ့ ကြည့်ပါ

    ဒါ့ကြောင့်မို့
    မျက်လုံးဟာ နှစ်ဖက်ပါပါ တယ်

    မျှမျှ တတ ကြည့်ပါ
    မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

    မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က

    အမြဲတမ်းဆေးဖက်ဝင်နေ
    ပါလိမ့်မယ် . . .

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    #မင်းထက်တော်တဲ့
    #ဘဝစာပေနှင့်ဗဟုသုတများ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #crd_to_owner_with_respectcrd #foryoupageシforyou #ခွန်အားရှိသောစာတ်ိုများ #fypシ゚viralシfypシ゚viralシalシ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #မလိုအပ်တာငါမသိ #ဂရုစိုက်မခြင်းအနုပညာမှာ #နေညိုအလွမ်း #kokokboss #သတ္တိရှိပါ #ဘဝစာပေနှင့်ဗဟုသုတများ #ခွန်အားရှိသောစာတ်ိုများ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #ဂရုစိုက်မခြင်းအနုပညာမှာ #fypシ゚viralシfypシ゚viralシalシ #foryoupageシforyou
    လူတိုင်းကို သံသယနဲ့ မကြည့်ပါနဲ့ မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ လူတိုင်းကို အပြစ်ရှာပြီး မကြည့်ပါနဲ့ ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ လူတိုင်းကို အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့ မျှတခြင်း တရားနဲ့ ကြည့်ပါ လူတိုင်းကို မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့ ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ လူတိုင်းကို အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့ အပြုံးတရားတွေနဲ့ ကြည့်ပါ လူတိုင်းကို ရလိုမှုတွေနဲ့ မကြည့်ပါနဲ့ စွန့်လွှတ်ခြင်း . . .တွေနဲ့ ကြည့်ပါ ဒါ့ကြောင့်မို့ မျက်လုံးဟာ နှစ်ဖက်ပါပါ တယ် မျှမျှ တတ ကြည့်ပါ မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က အမြဲတမ်းဆေးဖက်ဝင်နေ ပါလိမ့်မယ် . . . #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့် #မင်းထက်တော်တဲ့ #ဘဝစာပေနှင့်ဗဟုသုတများ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #crd_to_owner_with_respectcrd #foryoupageシforyou #ခွန်အားရှိသောစာတ်ိုများ #fypシ゚viralシfypシ゚viralシalシ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #မလိုအပ်တာငါမသိ #ဂရုစိုက်မခြင်းအနုပညာမှာ #နေညိုအလွမ်း #kokokboss #သတ္တိရှိပါ #ဘဝစာပေနှင့်ဗဟုသုတများ #ခွန်အားရှိသောစာတ်ိုများ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #ဂရုစိုက်မခြင်းအနုပညာမှာ #fypシ゚viralシfypシ゚viralシalシ #foryoupageシforyou
    Like
    Care
    2
    · 0 Comments ·0 Shares ·84 Views
  • "ကိုယ်" ဘယ်လောက်ပဲ
    အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ
    တန်ဖိုးသိသူနဲ့ တွေ့မှတန်ဖိုးထားခံရမှာပါ။

    "ကိုယ်" ဘယ်လောက်ပဲ
    ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ
    အလေးထားတဲ့သူနဲ့ တွေ့မှကိုယ့်ရဲ့ပေးဆပ်မှုဟာအရာထင်ပါလိမ့်မယ်။

    "ကိုယ်" ဘယ်လောက်ပဲ
    ရိုးသားနေပါစေ မှန်ကန်တဲ့
    လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ
    ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာကျော်ဇောနိုင်မှာပါ ။

    "ကိုယ်" ဘယ်လောက်ပဲ
    အလျှော့ပေးတဲ့ လူတစ်ယောက်
    ဖြစ်နေပါစေ ကိုယ့်အပေါ်
    ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့
    တွေ့မှ ဒါတွေကိုသိတတ်ခံစားနိုင်မှာပါ ။

    တစ်ကယ်လို့ ကောင်းမွန်တဲ့
    သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင်
    ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ
    နေထိုင်သွားဖို့.....သတိပေးနေရင် ရပါပြီ။

    Cr:
    #1918a
    #crd_to_owner_with_respect
    #ကဗျာချစ်သူ
    #mt
    "ကိုယ်" ဘယ်လောက်ပဲ အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ တန်ဖိုးသိသူနဲ့ တွေ့မှတန်ဖိုးထားခံရမှာပါ။ "ကိုယ်" ဘယ်လောက်ပဲ ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ အလေးထားတဲ့သူနဲ့ တွေ့မှကိုယ့်ရဲ့ပေးဆပ်မှုဟာအရာထင်ပါလိမ့်မယ်။ "ကိုယ်" ဘယ်လောက်ပဲ ရိုးသားနေပါစေ မှန်ကန်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာကျော်ဇောနိုင်မှာပါ ။ "ကိုယ်" ဘယ်လောက်ပဲ အလျှော့ပေးတဲ့ လူတစ်ယောက် ဖြစ်နေပါစေ ကိုယ့်အပေါ် ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့ တွေ့မှ ဒါတွေကိုသိတတ်ခံစားနိုင်မှာပါ ။ တစ်ကယ်လို့ ကောင်းမွန်တဲ့ သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင် ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ နေထိုင်သွားဖို့.....သတိပေးနေရင် ရပါပြီ။ Cr: #1918a #crd_to_owner_with_respect #ကဗျာချစ်သူ #mt
    Like
    2
    · 0 Comments ·0 Shares ·59 Views
  • အားနာသင့်တာကိုမှ အားနာပြီး
    ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်အောင် ကြိုးစားရဦးမယ် ။

    တချို့သောအရာတွေကို ဥပက္ခာတရားတွေ ထားပြီး တချို့သောအရာတွေကို မေတ္တာတရားတွေနဲ့ သည်းခံပြီး တချို့သောအရာတွေကို ခွင့်လွှတ်တတ်အောင်
    သင်ယူရဦးမယ် ။

    ဒေါသတွေကို အပြုံးတွေနဲ့
    လက်တုံ့ပြန်တတ်အောင် ကြိုးစားရင်း
    လက်သည်းတွေကို နေရာတိုင်းမှာ
    ထုတ်မပြရအောင် ဝှက်ထားရင်း
    အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြား သိမြင်ပြီး အတိအကျ ထပ်တူထပ်မျှ ပြန်ပေးနိုင်အောင်
    သင်ယူရဦးမယ် ။

    ပူလောင်မှုတွေ ကြားထဲက
    အေးမြခြင်းတွေကို ရှာဖွေမယ် ။
    သောကတွေကို ဖယ်ရှားပြီး
    ပျော်ရွှင်စရာတွေကို ဝေမျှပေးမယ် ။
    ယုံကြည်မှုကို အသက်လို တန်ဖိုးထားတဲ့
    ရပ်ဝန်းထဲမှာ နေမယ် ။
    နောက်ကျောကို ဓားနဲ့မထိုးတတ်တဲ့
    ပတ်ဝန်းကျင်မှာ ရှင်သန်မယ် ။

    စိတ်တူကိုယ်တူတွေ ဓာတ်ပြုရင်း
    အိပ်မက်တွေကို အရောင်ခြယ်ကြတာပေါ့ ။

    #ကေသရီ
    #Note_Pages
    အားနာသင့်တာကိုမှ အားနာပြီး ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်အောင် ကြိုးစားရဦးမယ် ။ တချို့သောအရာတွေကို ဥပက္ခာတရားတွေ ထားပြီး တချို့သောအရာတွေကို မေတ္တာတရားတွေနဲ့ သည်းခံပြီး တချို့သောအရာတွေကို ခွင့်လွှတ်တတ်အောင် သင်ယူရဦးမယ် ။ ဒေါသတွေကို အပြုံးတွေနဲ့ လက်တုံ့ပြန်တတ်အောင် ကြိုးစားရင်း လက်သည်းတွေကို နေရာတိုင်းမှာ ထုတ်မပြရအောင် ဝှက်ထားရင်း အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြား သိမြင်ပြီး အတိအကျ ထပ်တူထပ်မျှ ပြန်ပေးနိုင်အောင် သင်ယူရဦးမယ် ။ ပူလောင်မှုတွေ ကြားထဲက အေးမြခြင်းတွေကို ရှာဖွေမယ် ။ သောကတွေကို ဖယ်ရှားပြီး ပျော်ရွှင်စရာတွေကို ဝေမျှပေးမယ် ။ ယုံကြည်မှုကို အသက်လို တန်ဖိုးထားတဲ့ ရပ်ဝန်းထဲမှာ နေမယ် ။ နောက်ကျောကို ဓားနဲ့မထိုးတတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်မယ် ။ စိတ်တူကိုယ်တူတွေ ဓာတ်ပြုရင်း အိပ်မက်တွေကို အရောင်ခြယ်ကြတာပေါ့ ။ #ကေသရီ #Note_Pages
    Like
    Care
    2
    · 0 Comments ·0 Shares ·56 Views
  • ပိုပြီးရင့်ကျက် သန်မာလာတယ်လို့ လူတချို့က ထင်ကြတယ်။ တကယ်က ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာတာ၊ ဒဏ်ရာတွေ ထပ်မလိုချင်တော့တာပါ။

    ဒါကြောင့် အဆိပ်အတောက်တွေလို့ ထင်တာနဲ့ သက်ရှိသက်မဲ့ ဘယ်အရာကိုမဆို အလွယ်တကူ စွန့်ခွာရှောင်ရှားတတ်လာတယ်။

    သိမ်ငယ်ရတဲ့ ရပ်ဝန်းတွေကို ရှောင်တယ်။ တန်ဖိုးမထားတဲ့ သူတွေကိုလည်း ရှောင်တယ်။

    ခန္ဓာထဲက အဆိပ်တွေကို ပုံမှန်စွန့်ထုတ်သလို စိတ်ထဲက အမှိုက်တွေကိုလည်း ဖယ်ထုတ်တတ်လာတယ်။

    ဘယ်အဆိပ်အတောက်တွေကိုမှ ကိုယ်နဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိစေရမယ့် အရာတွေအဖြစ် သတ်မှတ်ထားတယ်။

    ဒါဟာ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းတွေ၊ Energy တွေကို မလိုအပ်ပဲ သူတစ်ပါးကြောင့် မထိခိုက်အောင်
    ကာကွယ်ထားခြင်းပါပဲ။ တစ်နည်းအားဖြင့် စိတ်ထောင်းကိုယ်ကြေ မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတာလို့ပဲ ဆိုရမယ်ထင်ပါရဲ့။

    #ယွန်း
    #KKM
    ပိုပြီးရင့်ကျက် သန်မာလာတယ်လို့ လူတချို့က ထင်ကြတယ်။ တကယ်က ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာတာ၊ ဒဏ်ရာတွေ ထပ်မလိုချင်တော့တာပါ။ ဒါကြောင့် အဆိပ်အတောက်တွေလို့ ထင်တာနဲ့ သက်ရှိသက်မဲ့ ဘယ်အရာကိုမဆို အလွယ်တကူ စွန့်ခွာရှောင်ရှားတတ်လာတယ်။ သိမ်ငယ်ရတဲ့ ရပ်ဝန်းတွေကို ရှောင်တယ်။ တန်ဖိုးမထားတဲ့ သူတွေကိုလည်း ရှောင်တယ်။ ခန္ဓာထဲက အဆိပ်တွေကို ပုံမှန်စွန့်ထုတ်သလို စိတ်ထဲက အမှိုက်တွေကိုလည်း ဖယ်ထုတ်တတ်လာတယ်။ ဘယ်အဆိပ်အတောက်တွေကိုမှ ကိုယ်နဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိစေရမယ့် အရာတွေအဖြစ် သတ်မှတ်ထားတယ်။ ဒါဟာ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းတွေ၊ Energy တွေကို မလိုအပ်ပဲ သူတစ်ပါးကြောင့် မထိခိုက်အောင် ကာကွယ်ထားခြင်းပါပဲ။ တစ်နည်းအားဖြင့် စိတ်ထောင်းကိုယ်ကြေ မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတာလို့ပဲ ဆိုရမယ်ထင်ပါရဲ့။ #ယွန်း #KKM
    Care
    1
    · 0 Comments ·0 Shares ·40 Views
More Results