• ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ


    နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား
    ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ပြင်....

    အတိတ်မှာငိုခဲ့ဖူးပြီ မဟုတ်လား
    ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့....

    ဒီနေ့က မလွယ်ကူဘူး
    မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ်

    အခု ဒုက္ခရောက်နေတယ်
    နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး

    အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက
    အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့

    အဆိုးဆုံး အခြေအနေကို
    လက်ခံနိုင်ခြင်းဟာ
    အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ

    နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး
    အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ်

    ဘဝင်မြင့် နေတယ်ဆိုပြီး
    ကဲ့ရဲ့စရာ မလိုဘူး
    အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ

    ဘဝထဲမှာ.....
    သူက ထွက်သွားတာ ရှိသလို
    ကိုယ်က ထွက်လာတာလဲ ရှိမယ်

    ကိုယ်မပါလဲ
    သူဆက်လျှောက်ရမှာ ဖြစ်သလို
    သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ

    လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ်
    အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့်
    ပတ်ဝန်းကျင် အသစ်မှာ အခြေချရမယ်
    အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ်

    ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်
    စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့
    ကိုယ့်ဘက်က အကောင်းဆုံး
    ပြင်ဆင်ထားရမယ်

    ခဏခဏ တွေ့ဆုံရမယ်
    ပြီးရင် ခဏခဏ လမ်းခွဲရမယ်

    ဒီစိတ်ကူးတွေ ပျက်သွားရင်
    နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ်

    အလားတူပဲ
    နောက်ထပ် အကြိမ်များစွာ
    နာကျင်ရဦးမယ်

    ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို
    ရင်နာစရာတွေအတွက် နှစ်ခါပြန် မငိုပါနဲ့

    အမှတ်တရတွေကို ပြန်တွေးပြီး
    ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့

    တစ်ယောက် အလုပ် လုပ်လို့
    တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ
    အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ်

    အမှားတွေကို အမှန်ထင်
    အတုတွေကို အစစ်လို ထင်လာတဲ့အခါ
    ဘွဲ့လက်မှက်က ပညာမဟုတ်မှန်း
    သိလိမ့်မယ်

    စိတ်ဖီစီးမှု အများဆုံး
    ဖြစ်နေတဲ့ သူတွေဟာ
    အောင်မြင်နေ သူတွေပဲလို့
    သိလာတဲ့အခါ....
    အောင်မြင်မှု အစစ်ဆိုတာ
    ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ်

    ကောက်ကျစ်မှုတွေကို
    မင်း မုန်းလာတဲ့နေ့
    ရိုးသားမှုနဲ့ လူဖြစ်ခွင့် ရတာဟာ
    ဘယ်လောက် အဖိုးတန်မှန်
    သိလာလိမ့်မယ်

    ဘဝက ခယောင်းလမ်း မဟုတ်ဘူး
    တစ်ခါတလေ ဆူးခင်းလမ်းလဲ
    လျှောက်ရတယ် ခလုတ်တိုက်မှာ
    စိုးလို့ မလျှောက်ဘူး ဆိုရင်တော့
    မင်းခြေထောက်တွေ သန်မာလာမှာ
    မဟုတ်ဘူး

    အချိန်နာရီတွေနဲ့ မဆိုင်ဘူး
    မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ
    မင်းကိုယ်တ်ိုင်း ပြောင်းလဲချင်စိတ်
    ရှိမှ ဖြစ်တာ

    အောက်ခြေမခိုင်ရင်
    ပြန် ပြုတ်ကျတတ်တာမို့
    အရည်အချင်း မရှိဘဲနဲ့
    အမြင့်ကို မတတ်ချင်ပါ

    ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့
    နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့
    ယုံကြည်ပါ မင်းလုပ်နိုင်တယ်ဆိုတာ ။
    crd.

    အောင်ဆွေဝင်း
    🤔 ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ 🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠 နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ပြင်.... အတိတ်မှာငိုခဲ့ဖူးပြီ မဟုတ်လား ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့.... ဒီနေ့က မလွယ်ကူဘူး မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ် အခု ဒုက္ခရောက်နေတယ် နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့ အဆိုးဆုံး အခြေအနေကို လက်ခံနိုင်ခြင်းဟာ အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ် ဘဝင်မြင့် နေတယ်ဆိုပြီး ကဲ့ရဲ့စရာ မလိုဘူး အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ ဘဝထဲမှာ..... သူက ထွက်သွားတာ ရှိသလို ကိုယ်က ထွက်လာတာလဲ ရှိမယ် ကိုယ်မပါလဲ သူဆက်လျှောက်ရမှာ ဖြစ်သလို သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ် အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့် ပတ်ဝန်းကျင် အသစ်မှာ အခြေချရမယ် အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ် ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့ ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင်ထားရမယ် ခဏခဏ တွေ့ဆုံရမယ် ပြီးရင် ခဏခဏ လမ်းခွဲရမယ် ဒီစိတ်ကူးတွေ ပျက်သွားရင် နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ် အလားတူပဲ နောက်ထပ် အကြိမ်များစွာ နာကျင်ရဦးမယ် ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို ရင်နာစရာတွေအတွက် နှစ်ခါပြန် မငိုပါနဲ့ အမှတ်တရတွေကို ပြန်တွေးပြီး ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့ တစ်ယောက် အလုပ် လုပ်လို့ တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ် အမှားတွေကို အမှန်ထင် အတုတွေကို အစစ်လို ထင်လာတဲ့အခါ ဘွဲ့လက်မှက်က ပညာမဟုတ်မှန်း သိလိမ့်မယ် စိတ်ဖီစီးမှု အများဆုံး ဖြစ်နေတဲ့ သူတွေဟာ အောင်မြင်နေ သူတွေပဲလို့ သိလာတဲ့အခါ.... အောင်မြင်မှု အစစ်ဆိုတာ ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ် ကောက်ကျစ်မှုတွေကို မင်း မုန်းလာတဲ့နေ့ ရိုးသားမှုနဲ့ လူဖြစ်ခွင့် ရတာဟာ ဘယ်လောက် အဖိုးတန်မှန် သိလာလိမ့်မယ် ဘဝက ခယောင်းလမ်း မဟုတ်ဘူး တစ်ခါတလေ ဆူးခင်းလမ်းလဲ လျှောက်ရတယ် ခလုတ်တိုက်မှာ စိုးလို့ မလျှောက်ဘူး ဆိုရင်တော့ မင်းခြေထောက်တွေ သန်မာလာမှာ မဟုတ်ဘူး အချိန်နာရီတွေနဲ့ မဆိုင်ဘူး မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ မင်းကိုယ်တ်ိုင်း ပြောင်းလဲချင်စိတ် ရှိမှ ဖြစ်တာ အောက်ခြေမခိုင်ရင် ပြန် ပြုတ်ကျတတ်တာမို့ အရည်အချင်း မရှိဘဲနဲ့ အမြင့်ကို မတတ်ချင်ပါ ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့ နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့ ယုံကြည်ပါ မင်းလုပ်နိုင်တယ်ဆိုတာ ။ crd. အောင်ဆွေဝင်း
    Like
    Care
    3
    · 0 Comments ·0 Shares ·84 Views
  • ဘဝကြီးရယ်
    ပျော်စရာဆိုတာ
    ဆက်သွယ်ရေးပြင်ပဖြစ်နေတာလား
    ဘဝကြီးရယ် ပျော်စရာဆိုတာ ဆက်သွယ်ရေးပြင်ပဖြစ်နေတာလား
    Care
    Like
    Love
    5
    · 1 Comments ·0 Shares ·37 Views
  • ဝမ်းနည်းစရာဆိုတာ...
    ဆုံးရှုံးလိုက်ရမှ မဟုတ်ပါဘူး

    ကိုယ်သံယောဇဉ်ထားမိတဲ့ လူက
    ပေါ့ပေါ့တန်တန် ဆက်ဆံတဲ့အခါ...
    သူ့အလိုလို ဖြစ်ပေါ်လာတတ်တယ်
    #card
    ဝမ်းနည်းစရာဆိုတာ... ဆုံးရှုံးလိုက်ရမှ မဟုတ်ပါဘူး ကိုယ်သံယောဇဉ်ထားမိတဲ့ လူက ပေါ့ပေါ့တန်တန် ဆက်ဆံတဲ့အခါ... သူ့အလိုလို ဖြစ်ပေါ်လာတတ်တယ် #card
    Love
    Care
    2
    · 0 Comments ·0 Shares ·30 Views
  • တစ်စုံတစ်ယောက် ကျွန်တော်တို့ကို
    မရွေးချယ်တာကိုလဲ စောဒကတက်ခွင့်မရှိဘူး
    သူ့မှာလဲရှေ့ဆက်လို့မရတဲ့
    အကြောင်းအရင်းတွေ ရှိမှာပေါ့
    အရာရာဟာတရားပါတယ်။
    တစ်စုံတစ်ယောက် ကျွန်တော်တို့ကို မရွေးချယ်တာကိုလဲ စောဒကတက်ခွင့်မရှိဘူး သူ့မှာလဲရှေ့ဆက်လို့မရတဲ့ အကြောင်းအရင်းတွေ ရှိမှာပေါ့ အရာရာဟာတရားပါတယ်။
    Like
    Care
    2
    · 0 Comments ·0 Shares ·27 Views
  • ဒေါနတပ်ရင်းနှင့် မွန်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှောင်တခင်စစ်ဆေး

    ရက်စွဲ။ ။ ၈ ရက် မတ်လ ၂၀၂၅။

    ၂၀၂၅ မတ်လ ၈ရက်နေ့မနက်ပိုင်းတွင် အမှတ် (၈)ပြည်ထောင်စုလမ်းပိုင်းကိုဒေါနတပ်ရင်းနှင့်မွန်မဟာမိတ်ပူးပေါင်းတပ်များကရှောင်တခင်စစ်ဆေးခဲ့ပါသည်။
    စစ်ကောင်စီတပ်သားများ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သူများအားအဓိကထားစစ်ဆေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါပူးပေါင်းဆောင်ရွက်မှုကို ဒေါနတပ်ရင်း၊ဒေါနစစ်ကြောင်း(၃)ဖြစ်သော KBDF၊ LPF နှင့် NMSP (AD)၊ ထားဝယ်နဂါးတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ကြောင်းတို့ပါဝင်လုပ်ဆောင်ခဲ့ပါသည်။

    Kanbauk Defense Force
    ဒေါနတပ်ခွဲ-၄
    ဒေါနတပ်ရင်းနှင့် မွန်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှောင်တခင်စစ်ဆေး ရက်စွဲ။ ။ ၈ ရက် မတ်လ ၂၀၂၅။ ၂၀၂၅ မတ်လ ၈ရက်နေ့မနက်ပိုင်းတွင် အမှတ် (၈)ပြည်ထောင်စုလမ်းပိုင်းကိုဒေါနတပ်ရင်းနှင့်မွန်မဟာမိတ်ပူးပေါင်းတပ်များကရှောင်တခင်စစ်ဆေးခဲ့ပါသည်။ စစ်ကောင်စီတပ်သားများ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သူများအားအဓိကထားစစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုကို ဒေါနတပ်ရင်း၊ဒေါနစစ်ကြောင်း(၃)ဖြစ်သော KBDF၊ LPF နှင့် NMSP (AD)၊ ထားဝယ်နဂါးတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ကြောင်းတို့ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ Kanbauk Defense Force ဒေါနတပ်ခွဲ-၄
    Like
    2
    · 0 Comments ·0 Shares ·53 Views
  • တောင်ကုတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် နေအိမ် ၃၀ ကျော်ကို AA ချိပ်ပိတ်

    ကံ့ကော်နီနီ- နိရဉ္စရာ၊ မတ် ၈ / ၂၀၂၅

    ရခိုင်ပြည်၊ တောင်ကုတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် တောင်ကုတ်မြို့က နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

    AA က တောင်ကုတ်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးဆက်လက်လုပ်ကိုင်နေသူတွေ၊ စစ်ကောင်စီသစ္စာတော်ခံတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောပါတယ်။

    "နေအိမ်တွေချိပ်ပိတ်သိမ်းဆည်းလိုက်တာ မှန်ပါတယ်။ ဦးကျောက်တောင်နေအိမ်လည်း ပါတယ်။ ပိုင်ဆိုင်မှုတွေအကုန်ပါတယ်"လို့ ပြောပါတယ်။

    ချိပ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာ တောင်ကုတ်မြို့တိုက်ပွဲကာလအတွင်း စစ်ကောင်စီကပေးအပ်တဲ့ရာထူးတွေကို ဆက်လက်ယူပြီး မြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

    ဓာတ်ပုံ - ရခိုင်တွင် AA က ချိပ်ပိတ်ထားသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။
    တောင်ကုတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် နေအိမ် ၃၀ ကျော်ကို AA ချိပ်ပိတ် ကံ့ကော်နီနီ- နိရဉ္စရာ၊ မတ် ၈ / ၂၀၂၅ ရခိုင်ပြည်၊ တောင်ကုတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် တောင်ကုတ်မြို့က နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ AA က တောင်ကုတ်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးဆက်လက်လုပ်ကိုင်နေသူတွေ၊ စစ်ကောင်စီသစ္စာတော်ခံတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောပါတယ်။ "နေအိမ်တွေချိပ်ပိတ်သိမ်းဆည်းလိုက်တာ မှန်ပါတယ်။ ဦးကျောက်တောင်နေအိမ်လည်း ပါတယ်။ ပိုင်ဆိုင်မှုတွေအကုန်ပါတယ်"လို့ ပြောပါတယ်။ ချိပ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာ တောင်ကုတ်မြို့တိုက်ပွဲကာလအတွင်း စစ်ကောင်စီကပေးအပ်တဲ့ရာထူးတွေကို ဆက်လက်ယူပြီး မြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ရခိုင်တွင် AA က ချိပ်ပိတ်ထားသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။
    0 Comments ·0 Shares ·31 Views
  • ကြိုက်လို့ မ လာတာ


    ကျွန်မက ကလစ်ကာပါမောင်
    Message တွေအကြောင်းမပြန်နိုင်ခဲ့ရင်လည်း
    ဗွေမယူပါနဲ့
    ကလစ်နေရတော့ notiကိုပိတ်ထားရလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    ဖုန်းဆက်တဲ့အခါ ပြန်ချမိရင်လည်း
    နားလည်ပေးပါ ကြော်ငြာတက်နေတုန်းမို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    အချိန်မပေးနိုင်ခဲ့ရင်လည်း ခွင့်လွတ်ပေးပါ
    ကလစ်ကမ်ပိန်းတွေအတွက် အားစိုက်နေရလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    ဖုန်းစက်လေးနေပြီမို့ မောင့်ပုံလေးတွေဖျက်မိရင် စိတ်မဆိုးပါနဲ့ vpnတွေအများကြီးထည့်ထားရလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    စာပို့နေရင်း လိုင်းပေါ်ကပျောက်သွားရင်လည်း သည်းခံပေးပါ တခြားကလစ်Appတွေ ကလစ်ဖို့ကျန်နေသေးလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    မောင်နဲ့ဆုံဖြစ်တဲ့အချိန် Audio bookဖွင့်ထားမိရင်လည်း လက်ခံပေးပါ ကြော်ငြာပန်းတွေတက်ဖို့ ဖွင့်ရတာမို့ပါ

    ကျွန်မကကလစ်ကာပါမောင်
    ထမင်းစားရင်တောင် ကလစ်နေရလို့ မဆူပါနဲ့
    တစ်ရက်တာ target မရသေးလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    App တွေဝှက်တဲ့အခါ တမျိုးမထင်ပါနဲ့
    အပြင်ထွက်ရင် ခွေးဆွဲမှာကြောက်လို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    ညသန်းခေါင်ယံထိ မအိပ်ရမကောင်းလားလို့
    စိတ်မပူပါနဲ့ Mission ပျားလည်းတို့ရသေးလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    မောင့်ကိုချစ်သလို
    ကလစ်တာကိုလည်း မပစ်နိုင်ပါဘူး
    အသစ်ရှာချင်လည်း မောင့်သဘောပါလေ
    မောင် ကျွန်မကို ခွင့်လွတ်မလား စွန့်လွတ်မလား
    ကျွန်မ ကလစ်ရဦးမှာမို့ ဒါပါပဲ

    #Maykhinkanyar
    ကြိုက်လို့ မ လာတာ ကျွန်မက ကလစ်ကာပါမောင် Message တွေအကြောင်းမပြန်နိုင်ခဲ့ရင်လည်း ဗွေမယူပါနဲ့ ကလစ်နေရတော့ notiကိုပိတ်ထားရလို့ပါ ကျွန်မက ကလစ်ကာပါမောင် ဖုန်းဆက်တဲ့အခါ ပြန်ချမိရင်လည်း နားလည်ပေးပါ ကြော်ငြာတက်နေတုန်းမို့ပါ ကျွန်မက ကလစ်ကာပါမောင် အချိန်မပေးနိုင်ခဲ့ရင်လည်း ခွင့်လွတ်ပေးပါ ကလစ်ကမ်ပိန်းတွေအတွက် အားစိုက်နေရလို့ပါ ကျွန်မက ကလစ်ကာပါမောင် ဖုန်းစက်လေးနေပြီမို့ မောင့်ပုံလေးတွေဖျက်မိရင် စိတ်မဆိုးပါနဲ့ vpnတွေအများကြီးထည့်ထားရလို့ပါ ကျွန်မက ကလစ်ကာပါမောင် စာပို့နေရင်း လိုင်းပေါ်ကပျောက်သွားရင်လည်း သည်းခံပေးပါ တခြားကလစ်Appတွေ ကလစ်ဖို့ကျန်နေသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် မောင်နဲ့ဆုံဖြစ်တဲ့အချိန် Audio bookဖွင့်ထားမိရင်လည်း လက်ခံပေးပါ ကြော်ငြာပန်းတွေတက်ဖို့ ဖွင့်ရတာမို့ပါ ကျွန်မကကလစ်ကာပါမောင် ထမင်းစားရင်တောင် ကလစ်နေရလို့ မဆူပါနဲ့ တစ်ရက်တာ target မရသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် App တွေဝှက်တဲ့အခါ တမျိုးမထင်ပါနဲ့ အပြင်ထွက်ရင် ခွေးဆွဲမှာကြောက်လို့ပါ ကျွန်မက ကလစ်ကာပါမောင် ညသန်းခေါင်ယံထိ မအိပ်ရမကောင်းလားလို့ စိတ်မပူပါနဲ့ Mission ပျားလည်းတို့ရသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် မောင့်ကိုချစ်သလို ကလစ်တာကိုလည်း မပစ်နိုင်ပါဘူး အသစ်ရှာချင်လည်း မောင့်သဘောပါလေ မောင် ကျွန်မကို ခွင့်လွတ်မလား စွန့်လွတ်မလား ကျွန်မ ကလစ်ရဦးမှာမို့ ဒါပါပဲ #Maykhinkanyar
    Love
    3
    · 0 Comments ·0 Shares ·41 Views
  • အဘွားက ပြောခဲ့ဖူးတယ်။

    ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
    ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။

    လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။

    အနာဂတ်အကြောင်း တွေးမပူနဲ့၊
    မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
    တွေးမကြောက်နဲ့တဲ့။

    ပန်းကန်တွေ ဆေး။
    အမှိုက်တွေ လှည်းကျင်း။
    စာရေးစရာရှိတာ ချရေး။
    ချက်စရာရှိတာ ချက်။

    ဒီလောက် လုပ်နိုင်ရင်
    ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
    တစ်လှမ်းချင်းပေါ့။

    ခက်ခဲတဲ့အချိန်မှာ
    တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
    နည်းနည်း အနားယူ။
    ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
    ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
    နောက်တစ်လှမ်း လှမ်း။
    နောက်တစ်ခါ အနားယူ။

    နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
    စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
    ဖြစ်သွားလိမ့်မယ်။

    အနာဂတ်ကို တွေးပူပြီး
    လက်လျှော့ချင်နေတဲ့စိတ်တွေ
    လျော့ပါးလာလိမ့်မယ်တဲ့။

    ~ အယ်လီနာ မီခယ်လ်ခိုဗာ
    အဘွားက ပြောခဲ့ဖူးတယ်။ ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။ လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။ အနာဂတ်အကြောင်း တွေးမပူနဲ့၊ မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ တွေးမကြောက်နဲ့တဲ့။ ပန်းကန်တွေ ဆေး။ အမှိုက်တွေ လှည်းကျင်း။ စာရေးစရာရှိတာ ချရေး။ ချက်စရာရှိတာ ချက်။ ဒီလောက် လုပ်နိုင်ရင် ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။ တစ်လှမ်းချင်းပေါ့။ ခက်ခဲတဲ့အချိန်မှာ တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။ နည်းနည်း အနားယူ။ ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။ နောက်တစ်လှမ်း လှမ်း။ နောက်တစ်ခါ အနားယူ။ နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ ဖြစ်သွားလိမ့်မယ်။ အနာဂတ်ကို တွေးပူပြီး လက်လျှော့ချင်နေတဲ့စိတ်တွေ လျော့ပါးလာလိမ့်မယ်တဲ့။ ~ အယ်လီနာ မီခယ်လ်ခိုဗာ
    Love
    2
    · 0 Comments ·0 Shares ·47 Views
  • အရမ်းကောင်းလိုက်တဲ့စာလေး ၊ ဖတ်ကြည့်ပါ

    ' သူစိမ်းကောင်းရင်
    ဆွေမျိုးလိုက်မမီဘူး ...' ဆိုတဲ့စကားက
    သိပ်ကိုမှန်တယ်။

    ဆွေမျိုးက သူစိမ်းလို လာပြုမူရင်
    ရွံစရာသိပ်ကောင်းတယ်။

    သူစိမ်းက ဆွေမျိုးလို လာဆက်ဆံရင်
    နှလုံးသားထဲ နွေးထွေးရတယ်။

    ဆွေမျိုးဆိုတာ ကိုယ့်မှာမရှိရင် နှိမ်မယ်၊
    ရှိရင်မနာလိုဖြစ်မယ်။

    ဆွေမျိုးယုတ်တဲ့အခါ
    သူစိမ်းတွေထက်သာတတ်ပါတယ်
    အသားထဲကလောက်ထွက်တာ ဆိုတာမျိုးပေါ့။

    #ဆရာအောင်သင်းစာပေများ
    #လူငယ်များအတွက်ဗဟုသုတစာပေများ
    #လူငယ်များအတွက့်စာကြည့်တိုက့်
    #ဆရာအောင်သင်းစာပေ
    #စာပေဗဟုသုတများ

    #crd_to_owner_with_respectcrd
    အရမ်းကောင်းလိုက်တဲ့စာလေး ၊ ဖတ်ကြည့်ပါ ‼️ ' သူစိမ်းကောင်းရင် ဆွေမျိုးလိုက်မမီဘူး ...' ဆိုတဲ့စကားက သိပ်ကိုမှန်တယ်။ ဆွေမျိုးက သူစိမ်းလို လာပြုမူရင် ရွံစရာသိပ်ကောင်းတယ်။ သူစိမ်းက ဆွေမျိုးလို လာဆက်ဆံရင် နှလုံးသားထဲ နွေးထွေးရတယ်။ ဆွေမျိုးဆိုတာ ကိုယ့်မှာမရှိရင် နှိမ်မယ်၊ ရှိရင်မနာလိုဖြစ်မယ်။ ဆွေမျိုးယုတ်တဲ့အခါ သူစိမ်းတွေထက်သာတတ်ပါတယ် အသားထဲကလောက်ထွက်တာ ဆိုတာမျိုးပေါ့။ #ဆရာအောင်သင်းစာပေများ #လူငယ်များအတွက်ဗဟုသုတစာပေများ #လူငယ်များအတွက့်စာကြည့်တိုက့် #ဆရာအောင်သင်းစာပေ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Love
    Like
    3
    · 2 Comments ·0 Shares ·80 Views
  • ဘယ်သူတွေ
    ကိုယ့်အပေါ်ကောင်းကောင်း
    မကောင်းကောင်း...စိတ်မဝင်စားဘူး

    အဲ့တာက
    သူတို့အကြောင်းနဲ့
    သူတို့စိတ်ပဲ

    ကိုယ်ကတော့
    ကိုယ့်လမ်းကြောင်းပေါ်မှာ
    ကောင်းတာတွေနဲ့ ဆက်လျှောက်နေမှာပဲ

    လူတိုင်းက ကိုယ့်တန်ဖိုးကို
    ကိုယ်တိုင် သတ်မှတ်ထားကြပြီးသားပဲလေ။

    #မနောသီရိ
    #လူငယ်များအတွက်ဗဟုသုတစာပေများ
    #အရမ်းကောင်းတဲ့စာသားပါ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    ဘယ်သူတွေ ကိုယ့်အပေါ်ကောင်းကောင်း မကောင်းကောင်း...စိတ်မဝင်စားဘူး အဲ့တာက သူတို့အကြောင်းနဲ့ သူတို့စိတ်ပဲ ကိုယ်ကတော့ ကိုယ့်လမ်းကြောင်းပေါ်မှာ ကောင်းတာတွေနဲ့ ဆက်လျှောက်နေမှာပဲ လူတိုင်းက ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်ထားကြပြီးသားပဲလေ။ #မနောသီရိ #လူငယ်များအတွက်ဗဟုသုတစာပေများ #အရမ်းကောင်းတဲ့စာသားပါ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Like
    1
    · 0 Comments ·0 Shares ·67 Views
  • ဖြစ်ချင်တာတွေ မျိုသိပ်ရင်း
    မဖြစ်ချင်တာတွေနဲ့ ရှင်သန်ရလို့
    လူတိုင်းမှာ
    မတူညီတဲ့ ဗားရှင်းတွေနဲ့
    အဆင်မပြေမှု အခက်အခဲကိုယ်စီ ရှိကြတယ် ။

    ခက်ခဲတဲ့ နေ့ရက်တွေကပဲ
    စိတ်ဓာတ်တွေကို ပိုပြီးသန်မာစေတာမို့
    ကိုယ့်ကမ္ဘာမှာ
    ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် နေတတ်ဖို့ပဲကြိုးစားပါ။

    ပြုံးပြုံးလေးနဲ့ ရှေ့ဆက်ပါ
    ခက်ခဲပေမယ့် ရှင်သန်ပါ....တဲ့

    Crd
    ဖြစ်ချင်တာတွေ မျိုသိပ်ရင်း မဖြစ်ချင်တာတွေနဲ့ ရှင်သန်ရလို့ လူတိုင်းမှာ မတူညီတဲ့ ဗားရှင်းတွေနဲ့ အဆင်မပြေမှု အခက်အခဲကိုယ်စီ ရှိကြတယ် ။ ခက်ခဲတဲ့ နေ့ရက်တွေကပဲ စိတ်ဓာတ်တွေကို ပိုပြီးသန်မာစေတာမို့ ကိုယ့်ကမ္ဘာမှာ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် နေတတ်ဖို့ပဲကြိုးစားပါ။ ပြုံးပြုံးလေးနဲ့ ရှေ့ဆက်ပါ ခက်ခဲပေမယ့် ရှင်သန်ပါ....တဲ့ Crd
    Care
    2
    · 0 Comments ·0 Shares ·61 Views
  • ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အတောက်တွေ ပုံမှန်ထက်
    များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ???
    - ပါးစပ်(ခံတွင်း)အနံ့ နံခြင်း
    - ချွေးအနံ့ ဆိုးရွားလွန်းခြင်း
    - လေလည်တဲ့အခါ ပုံမှန်ထက် အပုပ်နံ့
    ပိုထွက်ခြင်း
    - သွားဖုံးတွေ ကြွပြီး နာတတ်ခြင်း
    - ကိုယ်လက် မအီမသာ ဖြစ်ခြင်း
    - နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခြင်း
    - အကြောတက် ညောင်းညာခြင်း
    - ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
    - အသားအရေ ခြောက်သွေ့ပျက်စီးခြင်း
    စတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။

    ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင် သင့်ရဲ့ ကိုယ်ခန္ဓာအတွင်းက အပူအပုပ်နဲ့ အဆိပ်အတောက်တွေကို မကြာခဏ ထုတ်ပစ်ပြီး.....ခန္ဓာကိုယ်အတွင်းပိုင်း သန့်ရှင်းရေးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။

    ဒီလိုလုပ်ဖို့အတွက် စာရေးသူသိတဲ့နည်း (၅)နည်း ရှိပါတယ်။

    ၁။ #ကိုယ်ခန္ဓာချွေးပေါက်များမှထုတ်ခြင်း
    ချွေးပေါက်တွေကနေ အပူပုပ် အဆိပ်တောက်တွေကို ထုတ်နိုင်ပါတယ်။ အချို့ မြင်ဖူးကြမှာပါ...အပူပေးထားတဲ့ ဖန်ခွက်လေးတွေကို နောက်ကျောပေါ်တင်ပြီး လေဆုပ်ခွက်သဘောမျိုး လုပ်ထားတဲ့ ကုထုံးမျိုးပါ။

    ၂။ #စအိုမှထုတ်ခြင်း
    ဒါကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံး ပြောရရင် ဝမ်းနုတ်ကြတာမျိုးပါ။ ဝမ်းသွားတာဟာ သဘာဝအရ သွားတာ ကောင်းပေမယ့် လိုအပ်လာတဲ့အခါ မဖြစ်မနေ ဝမ်းသွားအောင် လုပ်ကြရပါတယ်။ အချို့က ဝမ်းနုတ်ပြီး အားအင်ကုန်ခန်းသွားတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိဘဲ နုံးခွေသွားတတ်ကြပါတယ်။

    #ပါးစပ်မှထုတ်ခြင်း
    ယခုခေတ်မှာတော့ အသုံးပြုတာ နည်းသွားပါပြီ။ ရှေးကုထုံးတွေမှာတော့ အန်ထွက်မယ့် ဆေးတစ်မျိုးကို တိုက်ကျွေးပြီး အဆိပ်တောက် အပူပုပ်စာတွေကို ပြန်ထုတ်ကြပါတယ်။ အရေးပေါ် အခြေအနေမှာပဲ သုံးလေ့ရှိကြပြီး နောက်ဆက်တွဲ ပေးရတဲ့ဆေးတွေလဲ ရှိသေးတော့ ကိုယ်တိုင်လုပ်ဖို့ မလွယ်ပါဘူး။

    ၄။ #ခေါင်းမှထုတ်ခြင်း
    ခေါင်းမှာရှိတဲ့ အကြောအခြင်တွေကို နှိပ်နယ်ပေးပြီး အပူအပုပ် အခိုးတွေ ထွက်သွားအောင် လုပ်ပေးရတဲ့ ကုထုံးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အကြောဖွဲ့စည်းပုံတွေကို နားလည်တဲ့ အကြောပညာရှင်မျိုးသာ ပြုလုပ်တာ ပိုသင့်တော်ပါတယ်။

    ဆံသဆိုင်တွေ၊ Spaတွေမှာ ခေါင်းလျှော်ရင်း ပြုလုပ်ပေးတာတွေကို ကြုံဖူးပေမယ့် တကယ့်အစစ်အမှန် အပူထုတ်ခြင်းမျိုးတော့ မဟုတ်သေးပါဘူး။

    ၅။ #ခြေဖဝါးမှထုတ်ခြင်း
    စာရေးသူ အကြိုက်ဆုံး နည်းလမ်းလဲ ဖြစ်ပြီး လုပ်ရတာလဲ အလွယ်ကူဆုံးပါ။ နည်းလမ်းတွေလဲ များပါတယ်။

    အကြိုက်ဆုံး နည်း(၂)နည်းကတော့ ဆားနယ်တာနဲ့ ခြေထောက်ဆေးကပ်ခွာ သုံးတာပဲ ဖြစ်ပါတယ်။

    #ဆားနယ်ခြင်း
    ဆားများများသုံးနိုင်ရင် ပိုကောင်းပါတယ်။ အချို့က ဆားနည်းနည်းလေးနဲ့ လုပ်တတ်ကြပါတယ်။ တကယ်က ဟိုမရောက် ဒီမရောက် ပိုဖြစ်သွားစေပါတယ်။

    မလုပ်ခင် ခြေထောက်ဆေး ခြောက်အောင်သုတ်ပြီး ခြေမျက်စိအောက်စပ်လောက်နီးပါးရှိတဲ့ ဆားခွက်ထဲကို ခြေထောက် ထည့်စိမ်ထားပြီး သေချာစွာ ပွတ်ခြင်း နှိပ်နယ်ခြင်းတွေကို မိနစ်(၂၀) နာရီဝက်လောက် လုပ်ပေရပါမယ်။

    ပြီးရင် ရေမဆေးဘဲ ခြေသုတ်ပြီး အိပ်ပါ။ ခုတင်ပေါ်မှာ ဆားနံ့ နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ဆားကို မကြာခဏ အသစ်လဲပေးတာမျိုး လုပ်ပေးတာ ပိုသင့်တော်ပါတယ်။

    ခြေဖဝါးဟာ လူ့ကိုယ်ခန္ဓာရဲ့ ပထဝီအကြောတွေ ပေါင်းစုံတဲ့ နေရာဖြစ်လို့ ခြေဖဝါးကနေ အဆိပ်အတောက် အပူအပုပ်တွေကို ထုတ်တာဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။

    #crd_to_owner_with_respect

    #ကျန်းမာခြင်းသည်လာဘ်တစ်ပါး

    Crd
    ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အတောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ??? - ပါးစပ်(ခံတွင်း)အနံ့ နံခြင်း - ချွေးအနံ့ ဆိုးရွားလွန်းခြင်း - လေလည်တဲ့အခါ ပုံမှန်ထက် အပုပ်နံ့ ပိုထွက်ခြင်း - သွားဖုံးတွေ ကြွပြီး နာတတ်ခြင်း - ကိုယ်လက် မအီမသာ ဖြစ်ခြင်း - နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခြင်း - အကြောတက် ညောင်းညာခြင်း - ကိုယ်လက် နာကျင်ကိုက်ခဲခြင်း - အသားအရေ ခြောက်သွေ့ပျက်စီးခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။ ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင် သင့်ရဲ့ ကိုယ်ခန္ဓာအတွင်းက အပူအပုပ်နဲ့ အဆိပ်အတောက်တွေကို မကြာခဏ ထုတ်ပစ်ပြီး.....ခန္ဓာကိုယ်အတွင်းပိုင်း သန့်ရှင်းရေးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် စာရေးသူသိတဲ့နည်း (၅)နည်း ရှိပါတယ်။ ၁။ #ကိုယ်ခန္ဓာချွေးပေါက်များမှထုတ်ခြင်း ချွေးပေါက်တွေကနေ အပူပုပ် အဆိပ်တောက်တွေကို ထုတ်နိုင်ပါတယ်။ အချို့ မြင်ဖူးကြမှာပါ...အပူပေးထားတဲ့ ဖန်ခွက်လေးတွေကို နောက်ကျောပေါ်တင်ပြီး လေဆုပ်ခွက်သဘောမျိုး လုပ်ထားတဲ့ ကုထုံးမျိုးပါ။ ၂။ #စအိုမှထုတ်ခြင်း ဒါကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံး ပြောရရင် ဝမ်းနုတ်ကြတာမျိုးပါ။ ဝမ်းသွားတာဟာ သဘာဝအရ သွားတာ ကောင်းပေမယ့် လိုအပ်လာတဲ့အခါ မဖြစ်မနေ ဝမ်းသွားအောင် လုပ်ကြရပါတယ်။ အချို့က ဝမ်းနုတ်ပြီး အားအင်ကုန်ခန်းသွားတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိဘဲ နုံးခွေသွားတတ်ကြပါတယ်။ ၃ #ပါးစပ်မှထုတ်ခြင်း ယခုခေတ်မှာတော့ အသုံးပြုတာ နည်းသွားပါပြီ။ ရှေးကုထုံးတွေမှာတော့ အန်ထွက်မယ့် ဆေးတစ်မျိုးကို တိုက်ကျွေးပြီး အဆိပ်တောက် အပူပုပ်စာတွေကို ပြန်ထုတ်ကြပါတယ်။ အရေးပေါ် အခြေအနေမှာပဲ သုံးလေ့ရှိကြပြီး နောက်ဆက်တွဲ ပေးရတဲ့ဆေးတွေလဲ ရှိသေးတော့ ကိုယ်တိုင်လုပ်ဖို့ မလွယ်ပါဘူး။ ၄။ #ခေါင်းမှထုတ်ခြင်း ခေါင်းမှာရှိတဲ့ အကြောအခြင်တွေကို နှိပ်နယ်ပေးပြီး အပူအပုပ် အခိုးတွေ ထွက်သွားအောင် လုပ်ပေးရတဲ့ ကုထုံးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အကြောဖွဲ့စည်းပုံတွေကို နားလည်တဲ့ အကြောပညာရှင်မျိုးသာ ပြုလုပ်တာ ပိုသင့်တော်ပါတယ်။ ဆံသဆိုင်တွေ၊ Spaတွေမှာ ခေါင်းလျှော်ရင်း ပြုလုပ်ပေးတာတွေကို ကြုံဖူးပေမယ့် တကယ့်အစစ်အမှန် အပူထုတ်ခြင်းမျိုးတော့ မဟုတ်သေးပါဘူး။ ၅။ #ခြေဖဝါးမှထုတ်ခြင်း စာရေးသူ အကြိုက်ဆုံး နည်းလမ်းလဲ ဖြစ်ပြီး လုပ်ရတာလဲ အလွယ်ကူဆုံးပါ။ နည်းလမ်းတွေလဲ များပါတယ်။ အကြိုက်ဆုံး နည်း(၂)နည်းကတော့ ဆားနယ်တာနဲ့ ခြေထောက်ဆေးကပ်ခွာ သုံးတာပဲ ဖြစ်ပါတယ်။ #ဆားနယ်ခြင်း ဆားများများသုံးနိုင်ရင် ပိုကောင်းပါတယ်။ အချို့က ဆားနည်းနည်းလေးနဲ့ လုပ်တတ်ကြပါတယ်။ တကယ်က ဟိုမရောက် ဒီမရောက် ပိုဖြစ်သွားစေပါတယ်။ မလုပ်ခင် ခြေထောက်ဆေး ခြောက်အောင်သုတ်ပြီး ခြေမျက်စိအောက်စပ်လောက်နီးပါးရှိတဲ့ ဆားခွက်ထဲကို ခြေထောက် ထည့်စိမ်ထားပြီး သေချာစွာ ပွတ်ခြင်း နှိပ်နယ်ခြင်းတွေကို မိနစ်(၂၀) နာရီဝက်လောက် လုပ်ပေရပါမယ်။ ပြီးရင် ရေမဆေးဘဲ ခြေသုတ်ပြီး အိပ်ပါ။ ခုတင်ပေါ်မှာ ဆားနံ့ နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ဆားကို မကြာခဏ အသစ်လဲပေးတာမျိုး လုပ်ပေးတာ ပိုသင့်တော်ပါတယ်။ ခြေဖဝါးဟာ လူ့ကိုယ်ခန္ဓာရဲ့ ပထဝီအကြောတွေ ပေါင်းစုံတဲ့ နေရာဖြစ်လို့ ခြေဖဝါးကနေ အဆိပ်အတောက် အပူအပုပ်တွေကို ထုတ်တာဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ #crd_to_owner_with_respect🙏🙏🙏 #ကျန်းမာခြင်းသည်လာဘ်တစ်ပါး Crd
    Like
    Love
    Care
    4
    · 0 Comments ·0 Shares ·94 Views
More Results