• ဘာလို့ ဒီလောက်သဘောကျသွားရတာလဲဆိုတာ ပြန်တွေးမိတော့
    စိတ်အေးသက်သာရှိလို့ဆိုတာကို သတိထားမိတယ် ။
    ကိုယ်က ပူလောင်ပေမယ့်
    သူနဲ့သာဆို အေးချမ်းသွားသလို ခံစားရတယ် ။
    ဘယ်လောက်ပဲ မွန်းကြပ်စရာ ရှိနေပေမယ့်
    စကားစမြည်လေးတွေကြောင့် ကြည်လင်ပျော်ရွှင်သွားရတယ် ။
    အဲ့ဒါတွေကြောင့် သဘောကျရတာပဲ ဖြစ်လိမ့်မယ် ။


    #နိုရှီ
    ဘာလို့ ဒီလောက်သဘောကျသွားရတာလဲဆိုတာ ပြန်တွေးမိတော့ စိတ်အေးသက်သာရှိလို့ဆိုတာကို သတိထားမိတယ် ။ ကိုယ်က ပူလောင်ပေမယ့် သူနဲ့သာဆို အေးချမ်းသွားသလို ခံစားရတယ် ။ ဘယ်လောက်ပဲ မွန်းကြပ်စရာ ရှိနေပေမယ့် စကားစမြည်လေးတွေကြောင့် ကြည်လင်ပျော်ရွှင်သွားရတယ် ။ အဲ့ဒါတွေကြောင့် သဘောကျရတာပဲ ဖြစ်လိမ့်မယ် ။ 🌻💛 #နိုရှီ
    Like
    1
    · 0 Comments ·0 Shares ·20 Views
  • မေတ္တာစစ်နဲ့ ချစ်ပေးသူတွေကို
    တန်ဖိုးထားပါ ။

    အကူအညီ လိုအပ်နေသူတွေကို
    မျှော်လင့်ချက်မထားဘဲ ကူညီပါ ။

    နာကျင်စေသူတွေကို
    အငြိုးအတေးမထားဘဲ ခွင့်လွှတ်ပါ ။

    ထွက်ခွာသွားသူတွေကို မေ့ပစ်ပါ ။

    Credit to #ယူနိုရာ
    မေတ္တာစစ်နဲ့ ချစ်ပေးသူတွေကို တန်ဖိုးထားပါ ။ အကူအညီ လိုအပ်နေသူတွေကို မျှော်လင့်ချက်မထားဘဲ ကူညီပါ ။ နာကျင်စေသူတွေကို အငြိုးအတေးမထားဘဲ ခွင့်လွှတ်ပါ ။ ထွက်ခွာသွားသူတွေကို မေ့ပစ်ပါ ။ Credit to #ယူနိုရာ
    Like
    1
    · 0 Comments ·0 Shares ·41 Views
  • မသိချင်ယောင်
    ဆောင်နေတဲ့သူကို
    သိအောင် မပြောပါနဲ့ ။

    မခေါ်ချင်တော့တဲ့သူကို
    လက်ပြနှုတ်ဆက်ဖို့
    မကြိုးစားပါနဲ့ ။

    ရေစက်ကုန်သွားတဲ့သူကို
    ပြန်လာဖို့လည်း
    မျှော်လင့်မနေပါနဲ့ ။

    နားလည်မှုမရှိတဲ့သူကို
    ရှင်းပြဖို့လည်းအချိန်မပေးနဲ့ ။

    စိတ်ပျက်စေတဲ့သူကို
    ရင်ထဲမှာလည်း
    သိမ်းဆည်းမထားပါနဲ့ ။

    တာဝန်သိမှုမရှိသူကို
    ဘယ်နေရာမှ
    ခန့်အပ်မထားမိစေပါနဲ့ ။

    တစ်ကိုယ်ကောင်း
    ဆန်တတ်တဲ့သူကိုလည်း
    အားမနာကြပါနဲ့ ။

    အမျက်ထွက်လွယ်သူကို
    ဘယ်တောမှ အဖော်မပြုပါနဲ့
    ကိုယ်ပဲ ပင်ပန်းရပါတယ် ။


    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    မသိချင်ယောင် ဆောင်နေတဲ့သူကို သိအောင် မပြောပါနဲ့ ။ မခေါ်ချင်တော့တဲ့သူကို လက်ပြနှုတ်ဆက်ဖို့ မကြိုးစားပါနဲ့ ။ ရေစက်ကုန်သွားတဲ့သူကို ပြန်လာဖို့လည်း မျှော်လင့်မနေပါနဲ့ ။ နားလည်မှုမရှိတဲ့သူကို ရှင်းပြဖို့လည်းအချိန်မပေးနဲ့ ။ စိတ်ပျက်စေတဲ့သူကို ရင်ထဲမှာလည်း သိမ်းဆည်းမထားပါနဲ့ ။ တာဝန်သိမှုမရှိသူကို ဘယ်နေရာမှ ခန့်အပ်မထားမိစေပါနဲ့ ။ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့သူကိုလည်း အားမနာကြပါနဲ့ ။ အမျက်ထွက်လွယ်သူကို ဘယ်တောမှ အဖော်မပြုပါနဲ့ ကိုယ်ပဲ ပင်ပန်းရပါတယ် ။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    0 Comments ·0 Shares ·45 Views
  • "ဘယ်ဘဝဟာ
    ဘယ်လောက်ခက်ခဲတယ်ဆိုဆို
    ကိုယ်ချစ်တဲ့သူတွေမရှိဘဲ
    ရှင်သန်ရမယ့်ဘဝဟာ
    အခက်ခဲဆုံးပါပဲ။ "

    #လင်းခါး
    "ဘယ်ဘဝဟာ ဘယ်လောက်ခက်ခဲတယ်ဆိုဆို ကိုယ်ချစ်တဲ့သူတွေမရှိဘဲ ရှင်သန်ရမယ့်ဘဝဟာ အခက်ခဲဆုံးပါပဲ။ " #လင်းခါး
    0 Comments ·0 Shares ·27 Views
  • လူတိုင်းမှာ
    အားနည်းချက် ကိုယ်စီရှိကြတယ်။
    ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့
    တစ်ခြားသော အားနည်းချက်တွေကြောင့်
    ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။

    ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ
    ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ
    ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်
    ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။
    လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။

    ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့
    ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။

    အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး..
    ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ်
    လို့ ထင်တယ် ။
    ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့
    အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။
    ဘယ်သူ့ကိုမှ မကြောက်ရဘူး။
    ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
    ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
    ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
    ရင်ဆိုင်ရဲရမယ်။

    ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
    ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
    မလောရဘူး။

    ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
    တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
    ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။

    ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
    လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။
    ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ
    မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။

    ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။
    လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။

    လူတိုင်း သဘောကျအောင်မနေနဲ့။
    ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
    လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
    မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
    နေတာမျိုးတွေကို ရှောင်ရမယ်။

    ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
    လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။
    ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
    နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။
    လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။
    မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။
    လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
    အဝေအဖန် မစောစေနဲ့။
    အလိုက်သိတတ်ရမယ်။
    ဘယ်အရာမှ အလကား မလိုချင်နဲ့။
    သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
    အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။
    မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
    ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။
    ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
    အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
    မရင့်ကျက်ခြင်းပဲ။
    အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း
    ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
    တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။
    ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
    နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။

    စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။

    လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ
    ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။
    ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက
    လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ ..
    ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင်
    ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ.....
    နောက်ဆုံးပြောချင်တာ...

    ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend
    လေးတွေ အတွက် စကားလက်ဆောင်လေးကတော့...
    သက်မဲ့ သစ်ရွက်လေးတွေတောင်မှ..
    လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ..
    ဝဲပြန်ပြရသေးတာပဲ...
    ငါက.. လူသားတစ်ယောက်ပဲ...
    သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ
    မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ
    တတ်အောင် အဖန်ဖန်ကြိုးစားပါ ။

    အားအင်တစ်ခု ရပါစေ

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    🔸လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြတယ်။ ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့ တစ်ခြားသော အားနည်းချက်တွေကြောင့် ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင် ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။ လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။ ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့ ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။ အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး.. ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ် လို့ ထင်တယ် ။ ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့ အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။ ဘယ်သူ့ကိုမှ မကြောက်ရဘူး။ ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ် ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး ရင်ဆိုင်ရဲရမယ်။ ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။ ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။ မလောရဘူး။ ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။ ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။ ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။ ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။ လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။ လူတိုင်း သဘောကျအောင်မနေနဲ့။ ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။ လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊ မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး နေတာမျိုးတွေကို ရှောင်ရမယ်။ ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။ ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။ လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။ မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။ လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။ အဝေအဖန် မစောစေနဲ့။ အလိုက်သိတတ်ရမယ်။ ဘယ်အရာမှ အလကား မလိုချင်နဲ့။ သူတစ်ပါးဆီက အရာတွေကို လူလည်ကျ အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။ မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။ ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။ အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ မရင့်ကျက်ခြင်းပဲ။ အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့် တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။ ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော် နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။ စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။ လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။ ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ .. ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင် ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ..... နောက်ဆုံးပြောချင်တာ... ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend လေးတွေ အတွက် စကားလက်ဆောင်လေးကတော့... သက်မဲ့ သစ်ရွက်လေးတွေတောင်မှ.. လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ.. ဝဲပြန်ပြရသေးတာပဲ... ငါက.. လူသားတစ်ယောက်ပဲ... သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ တတ်အောင် အဖန်ဖန်ကြိုးစားပါ ။ အားအင်တစ်ခု ရပါစေ 🙏 #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·64 Views
  • စိတ်ညစ်မခံပါနဲ့

    သူတစ်ပါးကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်မခံနဲ့ ။ကိုယ့်ကိုယ်ကိုယ်ကြောင့်လည်း စိတ်ညစ်မခံလိုက်ပါနဲ့ ။ လူတစ်ယောက်မှာ စိတ်ကအဓိအကျဆုံး ဖြစ်တယ် ။ ဒါကြောင့် ဘာအတွက်နဲ့မှ ကိုယ့်ရဲ့စိတ်ကို စိတ်ညစ်မခံပါနဲ့ ။ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ထားပါ ။

    လူတစ်ယောက် စိတ်ပျော်ရွှင်နေရင် ရုပ်လည်ပျော်ရွှင်လာမယ် ။ ကိုယ့်စိတ်က ညစ်နေရင် ရုပ်လည်းကျဆင်းလာမယ် ။ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ ချစ်ခြင်း မုန်းခြင်းတွေ သိပ်ပြီးခံစားမနေလိုက်ပါနဲ့ ။အဲဒါတွေကိုသာယာယစ်မူးပြီး ခံစားနေရင် စိတ်ပျော်ရွှင်မှုထက် စိတ်ညစ်စရာတွေပဲ ခံစားရဖို့များပါတယ် ။

    လောကမှာ နေရမယ့်အချိန်က တကယ်ရေတွက်ကြည့်ရင်နည်းနည်းလေးရယ်ပါ ။ နေရမယ့်အချိန်လေးမှာ ကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မညစ်စေနဲ့ ။ သူတစ်ပါးကြောင့်လည်း မိမိရဲ့စိတ်ကို အညစ်မခံပါနဲ့ ။ ကိုယ့်ဘဝအတွက် စိတ်အေးစေမယ့်အရာတွေ ၊ ကိုယ့်ကြောင့် တစ်ပါးသူတွေ စိတ်ပျော်ရွှင်စေမယ့်အရာတွေကို ကိုယ်က ပြုလုပ်ပေးနိုင်အောင် ကြိုးစားပါ ။

    စိတ်ပျော်ရွှင်နေရင် ရုပ်ကလည်း ပြုပြင်စရာမလိုပဲ အလိုလိုနေရင်း ကြည့်လို့ကောင်းလာမှာပါ ။ စိတ်ညစ်စေမယ့်အရာတွေကို ခေါင်းထဲမထည့်မိအောင်နေပါ ။ စိတ်မကြည်လင်ဘူးဆိုရင် အပြောဆိုတွေ မှားလာမယ် ။ မကောင်းတဲ့အရာတွေကို ပြုလုပ်လာမယ် ။ ဒါကြောင့် မိမိရဲ့စိတ်ကို သူတစ်ပါးကြောင့်ဖြစ်စေ မိမိကြောင့်ဖြစ်စေ စိတ်ညစ်မခံပါနဲ့ အတတ်နိုင်ဆုံး မိမိရဲ့စိတ်ကို
    ပျော်ရွှင်အောင်ထားပါ ။

    အရှင်ဇဝန (ရွှေကုန်းမြေ)
    စိတ်ညစ်မခံပါနဲ့ သူတစ်ပါးကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်မခံနဲ့ ။ကိုယ့်ကိုယ်ကိုယ်ကြောင့်လည်း စိတ်ညစ်မခံလိုက်ပါနဲ့ ။ လူတစ်ယောက်မှာ စိတ်ကအဓိအကျဆုံး ဖြစ်တယ် ။ ဒါကြောင့် ဘာအတွက်နဲ့မှ ကိုယ့်ရဲ့စိတ်ကို စိတ်ညစ်မခံပါနဲ့ ။ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ထားပါ ။ လူတစ်ယောက် စိတ်ပျော်ရွှင်နေရင် ရုပ်လည်ပျော်ရွှင်လာမယ် ။ ကိုယ့်စိတ်က ညစ်နေရင် ရုပ်လည်းကျဆင်းလာမယ် ။ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ ချစ်ခြင်း မုန်းခြင်းတွေ သိပ်ပြီးခံစားမနေလိုက်ပါနဲ့ ။အဲဒါတွေကိုသာယာယစ်မူးပြီး ခံစားနေရင် စိတ်ပျော်ရွှင်မှုထက် စိတ်ညစ်စရာတွေပဲ ခံစားရဖို့များပါတယ် ။ လောကမှာ နေရမယ့်အချိန်က တကယ်ရေတွက်ကြည့်ရင်နည်းနည်းလေးရယ်ပါ ။ နေရမယ့်အချိန်လေးမှာ ကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မညစ်စေနဲ့ ။ သူတစ်ပါးကြောင့်လည်း မိမိရဲ့စိတ်ကို အညစ်မခံပါနဲ့ ။ ကိုယ့်ဘဝအတွက် စိတ်အေးစေမယ့်အရာတွေ ၊ ကိုယ့်ကြောင့် တစ်ပါးသူတွေ စိတ်ပျော်ရွှင်စေမယ့်အရာတွေကို ကိုယ်က ပြုလုပ်ပေးနိုင်အောင် ကြိုးစားပါ ။ စိတ်ပျော်ရွှင်နေရင် ရုပ်ကလည်း ပြုပြင်စရာမလိုပဲ အလိုလိုနေရင်း ကြည့်လို့ကောင်းလာမှာပါ ။ စိတ်ညစ်စေမယ့်အရာတွေကို ခေါင်းထဲမထည့်မိအောင်နေပါ ။ စိတ်မကြည်လင်ဘူးဆိုရင် အပြောဆိုတွေ မှားလာမယ် ။ မကောင်းတဲ့အရာတွေကို ပြုလုပ်လာမယ် ။ ဒါကြောင့် မိမိရဲ့စိတ်ကို သူတစ်ပါးကြောင့်ဖြစ်စေ မိမိကြောင့်ဖြစ်စေ စိတ်ညစ်မခံပါနဲ့ အတတ်နိုင်ဆုံး မိမိရဲ့စိတ်ကို ပျော်ရွှင်အောင်ထားပါ ။ အရှင်ဇဝန (ရွှေကုန်းမြေ)
    Like
    Care
    2
    · 0 Comments ·0 Shares ·33 Views
  • ကျွန်မက ဟန်မဆောင်တတ်ဘူး
    စိတ်ထဲရှိရင် ရှိတဲ့အတိုင်းပြောတတ်တယ်...

    စိတ်ထဲမှာမုန်းပြီး အပြင်မှာ ပျားရည်လောင်ထားတဲ့ အပြုံးတွေနဲ့ ပေါင်းတတ်တဲ့ လူတွေထဲမှာ
    ကျွန်မမပါဘူး...

    ကိုယ်မပြုံးပြချင်တဲ့လူကို ဟန်ဆောင်ပြီး
    မပြုံးပြတတ်ဘူး...

    ကျွန်မက အပေါ်ယံတွေကို သိပ်မုန်းတာလေ

    ကိုယ်ကလည်း ဟန်မဆောင်တတ်သလို
    ဟန်ဆောင်ပြီးတော့လည်း ကိုယ့်ဘဝထဲကို
    ဝင်မလာပါနဲ့...

    ဟန်ဆောင်သူတွေကို ကျွန်မ မလိုလားဘူး

    ကျွန်မက ပွင့်ပွင့်လင့်လင့်ပဲ
    ချစ်ရင် ချစ်တယ် မုန်းရင်မုန်းတယ်...

    ပြုံးရင်ပြုံးတယ် မဲ့ရင်မဲ့မယ်

    လူတစ်ယောက်ကို မပတ်သက်ချင်တော့ရင်
    တစ်သက်လုံး လှည့်မကြည့်တတ်တဲ့စိတ်တော့ရှိတယ်. . . ။

    ဆုမြတ်နိုး (𝐰.𝐬)
    ကျွန်မက ဟန်မဆောင်တတ်ဘူး စိတ်ထဲရှိရင် ရှိတဲ့အတိုင်းပြောတတ်တယ်... စိတ်ထဲမှာမုန်းပြီး အပြင်မှာ ပျားရည်လောင်ထားတဲ့ အပြုံးတွေနဲ့ ပေါင်းတတ်တဲ့ လူတွေထဲမှာ ကျွန်မမပါဘူး... ကိုယ်မပြုံးပြချင်တဲ့လူကို ဟန်ဆောင်ပြီး မပြုံးပြတတ်ဘူး... ကျွန်မက အပေါ်ယံတွေကို သိပ်မုန်းတာလေ ကိုယ်ကလည်း ဟန်မဆောင်တတ်သလို ဟန်ဆောင်ပြီးတော့လည်း ကိုယ့်ဘဝထဲကို ဝင်မလာပါနဲ့... ဟန်ဆောင်သူတွေကို ကျွန်မ မလိုလားဘူး ကျွန်မက ပွင့်ပွင့်လင့်လင့်ပဲ ချစ်ရင် ချစ်တယ် မုန်းရင်မုန်းတယ်... ပြုံးရင်ပြုံးတယ် မဲ့ရင်မဲ့မယ် လူတစ်ယောက်ကို မပတ်သက်ချင်တော့ရင် တစ်သက်လုံး လှည့်မကြည့်တတ်တဲ့စိတ်တော့ရှိတယ်. . . ။ ဆုမြတ်နိုး (𝐰.𝐬)
    Like
    Care
    2
    · 0 Comments ·0 Shares ·17 Views
  • တန်ဖိုးရှိတဲ့လူတွေကို မဆုံးရှုံးချင်ရင်
    တန်ဖိုးမဲ့စွာ မဆက်ဆံမိဖို့လဲ လိုပါတယ်...

    အကောင်းတွေပဲ မျှော်လင့်ထားတယ်ဆိုရင်
    ကိုယ့်ဖက်က ပြန်ကောင်းပေးဖို့လဲ မမေ့ပါနဲ့...။

    #ဦးလေးကြီး
    #crd
    တန်ဖိုးရှိတဲ့လူတွေကို မဆုံးရှုံးချင်ရင် တန်ဖိုးမဲ့စွာ မဆက်ဆံမိဖို့လဲ လိုပါတယ်... အကောင်းတွေပဲ မျှော်လင့်ထားတယ်ဆိုရင် ကိုယ့်ဖက်က ပြန်ကောင်းပေးဖို့လဲ မမေ့ပါနဲ့...။ #ဦးလေးကြီး #crd
    Like
    2
    · 0 Comments ·0 Shares ·41 Views
  • မရနိုင်တဲ့ မေတ္တာတွေကို မတောင့်တတာ ကောင်းပါတယ် ။

    မေတ္တာပေးရင် မေတ္တာပြန်ရရမှာပေါ့ဆိုပြီး
    ကလေးအတွေးတွေနဲ့
    ကိုယ်ချစ်မိတဲ့ လူတစ်ယောက်ဆီက
    ကိုယ့်ကို ပြန်ချစ်လာမှာပေါ့ ဆိုပြီး
    မျှော်လင့်မနေတာကောင်းပါတယ် ။

    တချို့လူတွေ
    ချစ်ပေးတာကို သိပ်လိုချင်သလောက်
    နည်းနည်းလေး ပြန် ငဲ့ကြည့်ဖို့တောင်
    ပျက်ကွက်တတ်တာ များပါတယ် ။

    တစ်ခါတစ်လေကျတော့ …
    ကိုယ့် ဘယ်လောက်ချစ်ပေးချစ်ပေး
    မလုံလောက်ရတာနဲ့
    မလိုအပ်တာနဲ့
    ကိုယ်သာ … တန်ဖိုးမဲ့သွားရတာမျိုးလည်း
    ကြုံရတတ်တယ် ။

    တစ်နေ့ကျရင် … ဆိုတဲ့အတွေးဟာ
    မျှော်လင့်ချက်ကို ဆွဲဆန့်ဖို့ ကောင်းသလောက်
    ဖြစ်မလာရင် …
    သိပ်နာကျင်ဖို့ ကောင်းတာမျိုးလေ

    ကိုယ့်အတွက်မို့
    ခက်ခဲနေတတ်ပေမယ့်
    တခြားတစ်ယောက်နဲ့ဆို
    လွယ်လွယ်ကူကူ ဖြစ်ပျက်သွားတာတွေချည်းပဲမို့

    မရနိုင်တဲ့ မေတ္တာကိုဆို မတောင့်တတာ ကောင်းပါတယ်

    #ကျေးကို
    မရနိုင်တဲ့ မေတ္တာတွေကို မတောင့်တတာ ကောင်းပါတယ် ။ မေတ္တာပေးရင် မေတ္တာပြန်ရရမှာပေါ့ဆိုပြီး ကလေးအတွေးတွေနဲ့ ကိုယ်ချစ်မိတဲ့ လူတစ်ယောက်ဆီက ကိုယ့်ကို ပြန်ချစ်လာမှာပေါ့ ဆိုပြီး မျှော်လင့်မနေတာကောင်းပါတယ် ။ တချို့လူတွေ ချစ်ပေးတာကို သိပ်လိုချင်သလောက် နည်းနည်းလေး ပြန် ငဲ့ကြည့်ဖို့တောင် ပျက်ကွက်တတ်တာ များပါတယ် ။ တစ်ခါတစ်လေကျတော့ … ကိုယ့် ဘယ်လောက်ချစ်ပေးချစ်ပေး မလုံလောက်ရတာနဲ့ မလိုအပ်တာနဲ့ ကိုယ်သာ … တန်ဖိုးမဲ့သွားရတာမျိုးလည်း ကြုံရတတ်တယ် ။ တစ်နေ့ကျရင် … ဆိုတဲ့အတွေးဟာ မျှော်လင့်ချက်ကို ဆွဲဆန့်ဖို့ ကောင်းသလောက် ဖြစ်မလာရင် … သိပ်နာကျင်ဖို့ ကောင်းတာမျိုးလေ ကိုယ့်အတွက်မို့ ခက်ခဲနေတတ်ပေမယ့် တခြားတစ်ယောက်နဲ့ဆို လွယ်လွယ်ကူကူ ဖြစ်ပျက်သွားတာတွေချည်းပဲမို့ မရနိုင်တဲ့ မေတ္တာကိုဆို မတောင့်တတာ ကောင်းပါတယ် #ကျေးကို
    Care
    1
    · 0 Comments ·0 Shares ·37 Views
  • ချစ်ခြင်းမေတ္တာဆိုတာ
    တကယ်ထူးဆန်းတယ် ...။

    ဘယ်လောက်ပဲ
    ပင်ပန်းခဲ့သည်ဖြစ်စေဦးတော့ သူ့အသံလေး
    ကြားလိုက်ရရင်ကို အမော တစ်ဝက်ပြေတယ် ။

    သူ့မျက်နှာလေး
    မြင်လိုက်ရရင်ကို ကမ္ဘာတစ်ခုလုံး အပိုင်
    ရ လိုက်သလိုမျိုး ပဲ ပျော်ရွှင်ရတယ် ။

    သူ့အကြောင်းလေးတွေ
    တွေးမိလိုက်ရင် အလိုလို ပြုံးမိနေတတ်တယ် ။

    အရိပ်တကြည့်ကြည့်နဲ့ ချစ်တယ်
    တန်ဖိုးထားတယ် မြတ်နိုးရတယ် ဘဝတစ်ခုလုံး
    အတွက် သူ့ကို ရည်ညွှန်းတယ် ။

    မိုးလင်းလို့
    မျက်လုံးနှစ်လုံး စဖွင့်လိုက်ပြီဆိုတာနဲ့ သူ့ကို
    အရင်ဆုံး သတိရတယ် ။

    တကယ်ချစ်မိသွားတဲ့အခါ
    အပြစ်ဆိုတာလည်း မမြင်ဘူး နောင်တ
    ဆိုတာလည်း မရှိဘူး

    အိမ်မက်ထဲတောင်
    သူ့ကို မြင်မက်တဲ့ အထိ ချစ်တယ် ။

    သူရဲ့
    အပြုမူအသေးဖွဲလေးကအစ သဘောကျတယ်
    လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တယ် ပိုင်ဆိုင်ချင်လာတယ် ။

    ပြီးတော့ ...

    သူနဲ့ပတ်သက်ထားသမျှ
    အရာရာအားလုံးဟာ ဘယ်တော့မှ
    ပျောက်ပျက်မသွားမယ့် အမှတ်တရကောင်း
    တွေချည်းပဲ ဖြစ်ချင်လာတယ် ။

    #crd_to_owner_with_respect
    ချစ်ခြင်းမေတ္တာဆိုတာ တကယ်ထူးဆန်းတယ် ...။ ဘယ်လောက်ပဲ ပင်ပန်းခဲ့သည်ဖြစ်စေဦးတော့ သူ့အသံလေး ကြားလိုက်ရရင်ကို အမော တစ်ဝက်ပြေတယ် ။ သူ့မျက်နှာလေး မြင်လိုက်ရရင်ကို ကမ္ဘာတစ်ခုလုံး အပိုင် ရ လိုက်သလိုမျိုး ပဲ ပျော်ရွှင်ရတယ် ။ သူ့အကြောင်းလေးတွေ တွေးမိလိုက်ရင် အလိုလို ပြုံးမိနေတတ်တယ် ။ အရိပ်တကြည့်ကြည့်နဲ့ ချစ်တယ် တန်ဖိုးထားတယ် မြတ်နိုးရတယ် ဘဝတစ်ခုလုံး အတွက် သူ့ကို ရည်ညွှန်းတယ် ။ မိုးလင်းလို့ မျက်လုံးနှစ်လုံး စဖွင့်လိုက်ပြီဆိုတာနဲ့ သူ့ကို အရင်ဆုံး သတိရတယ် ။ တကယ်ချစ်မိသွားတဲ့အခါ အပြစ်ဆိုတာလည်း မမြင်ဘူး နောင်တ ဆိုတာလည်း မရှိဘူး အိမ်မက်ထဲတောင် သူ့ကို မြင်မက်တဲ့ အထိ ချစ်တယ် ။ သူရဲ့ အပြုမူအသေးဖွဲလေးကအစ သဘောကျတယ် လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တယ် ပိုင်ဆိုင်ချင်လာတယ် ။ ပြီးတော့ ... သူနဲ့ပတ်သက်ထားသမျှ အရာရာအားလုံးဟာ ဘယ်တော့မှ ပျောက်ပျက်မသွားမယ့် အမှတ်တရကောင်း တွေချည်းပဲ ဖြစ်ချင်လာတယ် ။ #crd_to_owner_with_respect
    Care
    1
    · 0 Comments ·0 Shares ·61 Views
  • ငြိမ်ငြိမ်နေပေးတယ်
    တိတ်တဆိတ်ငြိမ်ပေးတယ်...။

    အတူတူ လိုက်မငိုပေးနိုင်ရင်တောင်
    သူတို့အပူကို ရယ်မိသယောင်မဖြစ်ရလေအောင်
    အပျော်တွေ လျှော့ထားမယ်...။

    အကောင်းတွေကိုပဲ မမျှော်လင့်ခဲ့ကြပေမယ့်
    အဆိုးတွေကိုချည်း လှိမ့်ခံနေခဲ့ရရှာတဲ့
    ရွှေပြည်တော်ဟာ မကျန်းမာဘူးမလား...။

    နွေကုန်သွားရင် ရောက်လာဦးမယ့် မိုးကို
    မိုးကုန်ပြီးရင် ထပ်ရောက်လာမယ့်ဆောင်းကို
    ဆောင်းကုန်တဲ့အခါ ရောက်လာပြန်မယ့်နွေဦးကို
    ပျော်ချင်ယောင်ဆောင်ကာ မျှော်ရင်း...။

    မျှဝေခံစားရင်း....
    ပူရင်း....
    ကူရင်း....။

    အပြစ်တင်ရင်လည်း ခံရုံပါပဲ...။

    ကိုယ်တို့ဟာ
    အဲဒီလိုနဲ့ပဲ...
    ဒီမြေဒီ‌ရေမှာ ကြံ့ကြံ့ခံရပ်ကျန်နေရစ်ခဲ့ကြတယ်....
    ဆိုတာကလွဲပြီး
    တတ်နိုင်တာ သိပ်မရှိခဲ့ကြဘူးမလားကွယ်....။

    #ညတာရာလင်း
    #𝓡𝓔𝓛𝓐𝓧
    ငြိမ်ငြိမ်နေပေးတယ် တိတ်တဆိတ်ငြိမ်ပေးတယ်...။ အတူတူ လိုက်မငိုပေးနိုင်ရင်တောင် သူတို့အပူကို ရယ်မိသယောင်မဖြစ်ရလေအောင် အပျော်တွေ လျှော့ထားမယ်...။ အကောင်းတွေကိုပဲ မမျှော်လင့်ခဲ့ကြပေမယ့် အဆိုးတွေကိုချည်း လှိမ့်ခံနေခဲ့ရရှာတဲ့ ရွှေပြည်တော်ဟာ မကျန်းမာဘူးမလား...။ နွေကုန်သွားရင် ရောက်လာဦးမယ့် မိုးကို မိုးကုန်ပြီးရင် ထပ်ရောက်လာမယ့်ဆောင်းကို ဆောင်းကုန်တဲ့အခါ ရောက်လာပြန်မယ့်နွေဦးကို ပျော်ချင်ယောင်ဆောင်ကာ မျှော်ရင်း...။ မျှဝေခံစားရင်း.... ပူရင်း.... ကူရင်း....။ အပြစ်တင်ရင်လည်း ခံရုံပါပဲ...။ ကိုယ်တို့ဟာ အဲဒီလိုနဲ့ပဲ... ဒီမြေဒီ‌ရေမှာ ကြံ့ကြံ့ခံရပ်ကျန်နေရစ်ခဲ့ကြတယ်.... ဆိုတာကလွဲပြီး တတ်နိုင်တာ သိပ်မရှိခဲ့ကြဘူးမလားကွယ်....။ #ညတာရာလင်း #𝓡𝓔𝓛𝓐𝓧
    Care
    1
    · 0 Comments ·0 Shares ·50 Views
  • ဘ၀ဆိုတာရှင်သန်နေဖို့ပါပဲ

    နေ့တစ်နေ့ကို ဖြတ်သန်းပြီးတဲ့အခါ
    စိတ်တိုင်းမကျတဲ့အဖြစ်တွေ ရှိရင်ရှိမယ်။

    ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ
    ဖြစ်တာတွေ ကြုံရင်ကြုံမယ်။

    စိတ်ပျက်လက်ပျက်နဲ့ ရှေ့မဆက်ချင်
    တော့တဲ့အချိန်တွေ ရှိကောင်းရှိမယ်။

    ကိုယ်မလုပ်နိုင်တော့ပါဘူး၊ မတတ်နိုင်
    တော့ပါဘူးလို့ စိတ်ကျစိတ်အားငယ်
    သွားတဲ့နေ့ရက်တွေ ရှိရင်ရှိမယ်။

    ဒါပေမဲ့ ညတစ်ည အဆုံးသတ်သွားတဲ့
    အခါ နောက်နေ့သစ်တစ်နေ့ကို Energy
    အပြည့်နဲ့ဖြတ်သန်းသွားဖို့လိုပါတယ်။

    ဘ၀မှာ လုပ်မှဖြစ်မယ့်အရာတွေအတွက်
    ရှောင်ပုန်းနေလို့ မရပါဘူး။

    တစ်ချိန်မလုပ်ရင် တစ်ချိန်မှာ စုလုပ်
    ရပါလိမ့်မယ်။

    အချိန်သင့်တုန်း အပင်ပန်းမခံချင်ရင်
    အချိန်လင့်မှ ပင်ပန်းမဆုံး ဖြစ်ရပါလိမ့်မယ်။

    အခက်အခဲကို ပိုကျော်နိုင်တဲ့သူသာ
    ပိုပျော်နိုင်တဲ့သူပါ။

    ဘ၀ဆိုတာ ရှင်သန်နေဖို့ပါပဲ...။

    #Credit #မေတ္တာဖြင့်စာပေမျှဝေသူ https://www.facebook.com/TAM.Villain.2006
    ဘ၀ဆိုတာရှင်သန်နေဖို့ပါပဲ နေ့တစ်နေ့ကို ဖြတ်သန်းပြီးတဲ့အခါ စိတ်တိုင်းမကျတဲ့အဖြစ်တွေ ရှိရင်ရှိမယ်။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်တာတွေ ကြုံရင်ကြုံမယ်။ စိတ်ပျက်လက်ပျက်နဲ့ ရှေ့မဆက်ချင် တော့တဲ့အချိန်တွေ ရှိကောင်းရှိမယ်။ ကိုယ်မလုပ်နိုင်တော့ပါဘူး၊ မတတ်နိုင် တော့ပါဘူးလို့ စိတ်ကျစိတ်အားငယ် သွားတဲ့နေ့ရက်တွေ ရှိရင်ရှိမယ်။ ဒါပေမဲ့ ညတစ်ည အဆုံးသတ်သွားတဲ့ အခါ နောက်နေ့သစ်တစ်နေ့ကို Energy အပြည့်နဲ့ဖြတ်သန်းသွားဖို့လိုပါတယ်။ ဘ၀မှာ လုပ်မှဖြစ်မယ့်အရာတွေအတွက် ရှောင်ပုန်းနေလို့ မရပါဘူး။ တစ်ချိန်မလုပ်ရင် တစ်ချိန်မှာ စုလုပ် ရပါလိမ့်မယ်။ အချိန်သင့်တုန်း အပင်ပန်းမခံချင်ရင် အချိန်လင့်မှ ပင်ပန်းမဆုံး ဖြစ်ရပါလိမ့်မယ်။ အခက်အခဲကို ပိုကျော်နိုင်တဲ့သူသာ ပိုပျော်နိုင်တဲ့သူပါ။ ဘ၀ဆိုတာ ရှင်သန်နေဖို့ပါပဲ...။ 👏🌹👏🌹👏🌹👏🌹👏 #Credit #မေတ္တာဖြင့်စာပေမျှဝေသူ 👏🌷👏🌷👏https://www.facebook.com/TAM.Villain.2006
    Care
    1
    · 0 Comments ·0 Shares ·62 Views
More Results