• သတိရခြင်းမှာ ပိုင်ဆိုင်လိုစိတ်မပါဘူး
    ကိုယ်မင်းကို ရိုးရိုးလေးပဲသတိရပါတယ်

    လွမ်းတဲ့စကားမှာ မျှော်လင့်ချက်မပါဘူး
    အဖြစ်အပျက်ကို တမ်းတမိရုံလေးပါပဲ

    စိုးရိမ်စိတ်မှာ တစုံတခုရယူလိုမှု့မပါဘူး
    အဆင်ပြေနေတယ်ဆိုတာလေးပဲ
    ကြားချင်မိရုံပါပဲ
    သတိရခြင်းမှာ ပိုင်ဆိုင်လိုစိတ်မပါဘူး ကိုယ်မင်းကို ရိုးရိုးလေးပဲသတိရပါတယ် လွမ်းတဲ့စကားမှာ မျှော်လင့်ချက်မပါဘူး အဖြစ်အပျက်ကို တမ်းတမိရုံလေးပါပဲ စိုးရိမ်စိတ်မှာ တစုံတခုရယူလိုမှု့မပါဘူး အဆင်ပြေနေတယ်ဆိုတာလေးပဲ ကြားချင်မိရုံပါပဲ
    Like
    Care
    2
    · 0 Comments ·0 Shares ·163 Views
  • တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။

    #crd_to_owner_with_respect
    တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။ #crd_to_owner_with_respect
    Like
    2
    · 0 Comments ·0 Shares ·238 Views
  • ကိုယ့်အချိုး ၊
    ကိုယ့်အထာနဲ့ကိုယ့်ဘဝမှာ ကိုယ်နေပါ ။
    ရင်ဘတ်မတူလို့ မပေါင်းတာကိုလဲ စိတ်မဆိုးပါဘူး ။
    မကောင်းဘူးထင်လို့
    မပတ်သတ်ချင်ရင်လဲ
    အပြုံးမပျက်ပါဘူး ။
    မျက်နှာချို မ​သွေးတတ်တော့ အဖက်မလုပ်လဲ အေးဆေးပါ ။
    စိတ်ဒုက္ခတွေပေးပြီး
    မလေးမစားတော့ လာမဆက်ဆံပါနဲ့ ။
    #KAIA
    #ဘဝစာပေနှင့်ဗဟုသုတများ
    #crd_to_owner_with_respectcrd
    ကိုယ့်အချိုး ၊ ကိုယ့်အထာနဲ့ကိုယ့်ဘဝမှာ ကိုယ်နေပါ ။ ရင်ဘတ်မတူလို့ မပေါင်းတာကိုလဲ စိတ်မဆိုးပါဘူး ။ မကောင်းဘူးထင်လို့ မပတ်သတ်ချင်ရင်လဲ အပြုံးမပျက်ပါဘူး ။ မျက်နှာချို မ​သွေးတတ်တော့ အဖက်မလုပ်လဲ အေးဆေးပါ ။ စိတ်ဒုက္ခတွေပေးပြီး မလေးမစားတော့ လာမဆက်ဆံပါနဲ့ ။ #KAIA✍️✍️✍️ #ဘဝစာပေနှင့်ဗဟုသုတများ #crd_to_owner_with_respectcrd
    Like
    Love
    2
    · 0 Comments ·0 Shares ·255 Views
  • ပင်ပန်းတယ်
    မဟုတ်လား ။

    ထုတ်မပြောချင်တာတွေလည်း
    ရှိတယ်မဟုတ်လား။

    ငိုလို့မရလို့
    ရယ်လိုက်ရတဲ့
    ဟာသတွေလည်း
    များပြီမဟုတ်လား ။

    အဆင်ပြေရဲ့လားမေးတိုင်း
    ဒီလိုပါပဲလို့
    ဖြေတတ်ခဲ့တာ
    ဘယ်အချိန်လောက်ကတည်းကဆိုတာ
    မမှတ်မိတော့ဘူး ။

    #SONE
    ပင်ပန်းတယ် မဟုတ်လား ။ ထုတ်မပြောချင်တာတွေလည်း ရှိတယ်မဟုတ်လား။ ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း များပြီမဟုတ်လား ။ အဆင်ပြေရဲ့လားမေးတိုင်း ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ ဘယ်အချိန်လောက်ကတည်းကဆိုတာ မမှတ်မိတော့ဘူး ။ #SONE 🤍🌻
    Like
    1
    · 0 Comments ·0 Shares ·151 Views
  • ဘယ်သူတွေဘာပြောပြော
    ကိုယ်မှန်တယ်ထင်တဲ့လမ်းကို
    လျှောက်ရတာပါပဲ။

    ဘယ်သူတွေ
    ဘယ်လိုဝေဖန်ဝေဖန်
    ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို
    လုပ်ရတာပါပဲ။

    သူတပါးအပြောမှာ
    လမ်းမဆုံးအောင်
    စကားတွေကို
    သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။

    ချီးကျူးသူက ချီးကျူးမယ်
    ကဲ့ရဲ့သူက ကဲ့ရဲ့မယ်
    ဒါသူတို့အလုပ်
    ကိုယ့်အလုပ်မှမဟုတ်တာ။

    ကိုယ့်အလုပ်က
    သူတပါးကိုမထိခိုက်ဖို့နဲ့
    ကိုယ်ကိုယ်တိုင်
    အရှိတရားတွေကို
    လက်ခံတတ်ဖို့ပါပဲ။

    မမြဲရင်မတွဲနဲ့တော့
    မတွဲရင်မဆွဲနဲ့တော့
    ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင်
    တစ်ခါထဲသာနာကျင်ခံလိုက်ပါ။

    သူကမချစ်လ်ို့ဆိုပြီးလဲ
    သူ့ကို မမုန်းနဲ့

    သူကချစ်လို့ဆိုပြီးလဲ
    အချိန်တိုင်း ပြုံးမနေနဲ့

    အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့
    တနေ့ကျရင်
    ရင့်ကျက်အောင်သာ
    သင်ယူလိုက်ပါ။

    ခရီးဘယ်လောက်ဝေးဝေး
    သတ်မှတ်ထားတဲ့နေရာရောက်ရင်
    အကုန်ထားခဲ့ပြီး
    ဆင်းခဲ့ရမှာပဲလေ

    ဘာတစ်ခုမှ
    သယ်ဆောင်လို့မရတဲ့ဘဝမှာ
    ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ
    အာရုံစိုက်လိုက်ပါ။

    #သျှင်လွန်း
    ဘယ်သူတွေဘာပြောပြော ကိုယ်မှန်တယ်ထင်တဲ့လမ်းကို လျှောက်ရတာပါပဲ။ ဘယ်သူတွေ ဘယ်လိုဝေဖန်ဝေဖန် ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို လုပ်ရတာပါပဲ။ သူတပါးအပြောမှာ လမ်းမဆုံးအောင် စကားတွေကို သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။ ချီးကျူးသူက ချီးကျူးမယ် ကဲ့ရဲ့သူက ကဲ့ရဲ့မယ် ဒါသူတို့အလုပ် ကိုယ့်အလုပ်မှမဟုတ်တာ။ ကိုယ့်အလုပ်က သူတပါးကိုမထိခိုက်ဖို့နဲ့ ကိုယ်ကိုယ်တိုင် အရှိတရားတွေကို လက်ခံတတ်ဖို့ပါပဲ။ မမြဲရင်မတွဲနဲ့တော့ မတွဲရင်မဆွဲနဲ့တော့ ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင် တစ်ခါထဲသာနာကျင်ခံလိုက်ပါ။ သူကမချစ်လ်ို့ဆိုပြီးလဲ သူ့ကို မမုန်းနဲ့ သူကချစ်လို့ဆိုပြီးလဲ အချိန်တိုင်း ပြုံးမနေနဲ့ အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့ တနေ့ကျရင် ရင့်ကျက်အောင်သာ သင်ယူလိုက်ပါ။ ခရီးဘယ်လောက်ဝေးဝေး သတ်မှတ်ထားတဲ့နေရာရောက်ရင် အကုန်ထားခဲ့ပြီး ဆင်းခဲ့ရမှာပဲလေ ဘာတစ်ခုမှ သယ်ဆောင်လို့မရတဲ့ဘဝမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ အာရုံစိုက်လိုက်ပါ။ #သျှင်လွန်း
    0 Comments ·0 Shares ·156 Views
  • လူတိုင်းကတော့ သူတို့ကို
    တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊
    ကူညီပေးတာ၊ အခွင့်အရေးပေးတာကို
    ကြိုက်ကြသူတွေချည်းပါပဲ။

    ဒါပေမဲ့ ပေးပါများလာတဲ့အခါ
    အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။
    လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။

    မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။
    အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
    မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။

    အဲ့ဒီအခါ အရင်လို
    စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
    သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊
    အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊
    မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း
    ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။

    မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့
    မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။

    အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။
    ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ
    အားမနာမိပါစနေဲ့။
    တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။

    #crd_to_owner_with_respect
    လူတိုင်းကတော့ သူတို့ကို တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊ ကူညီပေးတာ၊ အခွင့်အရေးပေးတာကို ကြိုက်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ပေးပါများလာတဲ့အခါ အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။ လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။ မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။ အရင်က မင်းလုပ်ပေးခဲ့သမျှဟာ မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။ အဲ့ဒီအခါ အရင်လို စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက် သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊ အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊ မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။ မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့ မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။ အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။ ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ အားမနာမိပါစနေဲ့။ တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။ #crd_to_owner_with_respect
    0 Comments ·0 Shares ·214 Views
  • ကျနော်တို့ ဘဝမှာ
    အမြဲတမ်း ရင်ဘတ်ထဲ
    သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ်။

    အဲ့ဒီလူဟာ
    ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
    အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

    မခေါ်ရလဲ ဖြစ်တယ်။
    မတွေ့ရလည်း ရတယ်။
    ပတ်သတ်မှုဆိုတာထက်
    ရင်ဘတ်ထဲက ခံစားမှုတစ်ခုပါ။
    ချစ်တာ မချစ်တာက ကျယ်ပြန့်လွန်းလို့
    မြတ်နိုးမှုပဲ ဆိုပါစို့။

    တကူးတကကြီး နှုတ်မဆက်ဖြစ်ဘူး။
    တစ်ခါတစ်ရံ လချီပြီး စကားမပြောဖြစ်ဘူး။
    ပြောဖြစ်ရင်လည်း ခဏလောက်ပဲ။

    သူနှစ်သက်တဲ့အရာတွေတွေ့ရင်
    တကယ့်အခက်အခဲတွေကြုံရင်
    သတိရလိုက်တယ်။ ဒီလိုပဲရိုးရှင်ပါတယ်။

    အမြဲထုတ်မပြောဖြစ်တဲ့
    ရင်ဘတ်ထဲသိမ်းထားတဲ့
    ကျနော်တို့ရဲ့ တစ်စုံတစ်ယောက်ပေါ့။

    - လူခေး -
    ကျနော်တို့ ဘဝမှာ အမြဲတမ်း ရင်ဘတ်ထဲ သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ်။ အဲ့ဒီလူဟာ ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ မခေါ်ရလဲ ဖြစ်တယ်။ မတွေ့ရလည်း ရတယ်။ ပတ်သတ်မှုဆိုတာထက် ရင်ဘတ်ထဲက ခံစားမှုတစ်ခုပါ။ ချစ်တာ မချစ်တာက ကျယ်ပြန့်လွန်းလို့ မြတ်နိုးမှုပဲ ဆိုပါစို့။ တကူးတကကြီး နှုတ်မဆက်ဖြစ်ဘူး။ တစ်ခါတစ်ရံ လချီပြီး စကားမပြောဖြစ်ဘူး။ ပြောဖြစ်ရင်လည်း ခဏလောက်ပဲ။ သူနှစ်သက်တဲ့အရာတွေတွေ့ရင် တကယ့်အခက်အခဲတွေကြုံရင် သတိရလိုက်တယ်။ ဒီလိုပဲရိုးရှင်ပါတယ်။ အမြဲထုတ်မပြောဖြစ်တဲ့ ရင်ဘတ်ထဲသိမ်းထားတဲ့ ကျနော်တို့ရဲ့ တစ်စုံတစ်ယောက်ပေါ့။ - လူခေး -
    0 Comments ·0 Shares ·131 Views
  • နေတအားပူတယ်နော်
    မင်းလေးဖျားမှာဆိုးလို့
    သတိပေးတာ
    နေတအားပူတယ်နော် မင်းလေးဖျားမှာဆိုးလို့ သတိပေးတာ
    Like
    Care
    2
    · 5 Comments ·0 Shares ·157 Views
  • ပြောစရာစကားတွေ ရှားပါးသွားရင်
    တစ်ယောက်နဲ့တစ်ယောက် ဝေမျှချင်စိတ်တွေ နည်းပါးသွားရင်
    နှစ်ယောက်ကြားမှာ စိတ်အားထက်သန်မှုတွေတိတ်ဆိတ်ခြောက်ကပ်သွားရင်
    ပြီးတော့ အချင်းချင်းကြားက တိုးတိတ်သံတွေ ကျယ်လောင်လာခဲ့ရင်
    အဲဒါ အကုန်ပြီးသွားတော့တာပဲ၊ အဆုံးသတ်ပဲ သိလား။

    ပြောခဲ့သလို ဒီကမ္ဘာမှာ မမြဲတာတစ်ခုကပဲ မြဲတာ၊ ကျန်တာ အားလုံး ယာယီပါ။

    #အိခိုင်မွန်
    ပြောစရာစကားတွေ ရှားပါးသွားရင် တစ်ယောက်နဲ့တစ်ယောက် ဝေမျှချင်စိတ်တွေ နည်းပါးသွားရင် နှစ်ယောက်ကြားမှာ စိတ်အားထက်သန်မှုတွေတိတ်ဆိတ်ခြောက်ကပ်သွားရင် ပြီးတော့ အချင်းချင်းကြားက တိုးတိတ်သံတွေ ကျယ်လောင်လာခဲ့ရင် အဲဒါ အကုန်ပြီးသွားတော့တာပဲ၊ အဆုံးသတ်ပဲ သိလား။ ပြောခဲ့သလို ဒီကမ္ဘာမှာ မမြဲတာတစ်ခုကပဲ မြဲတာ၊ ကျန်တာ အားလုံး ယာယီပါ။ #အိခိုင်မွန်
    Like
    1
    · 0 Comments ·0 Shares ·152 Views
  • အမေကို စိတ်မဆင်းရဲပါစေနဲ့
    **********************

    သင်…
    အမေ့ကို တကယ်ချစ်သလား-?

    အပြောထက်
    အလုပ်နဲ့ သက်သေပြဖို့
    ဘယ်လို အခြေအနေ
    ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ

    အမေကို
    စိတ်ချမ်းသာအောင်တော့
    ထားပေးပါ။

    မရှိတော့မှ
    တောင့်တနေမယ့် အစား
    ရှိနေတုန်းလေးမှာ
    အမေပျော်အောင် ထားကြပါ။

    မိမိအတွက်နဲ့
    အမေ စိတ်မဆင်းရဲရပါစေနဲ့။

    အမေ စိတ်ပျော်ရွှင်စွာ
    နေရဖို့အတွက်
    မိမိရဲ့ အပြုအမူ
    အပြောအဆိုလေးတွေ
    လိမ္မာယဉ်ကျေးနေပါစေ။

    ဘာမှ မတည်မြဲတဲ့
    လောကကြီးထဲမှာ
    ဘယ်အရာတွေ
    ဘယ်လိုဟောင်းသွားလဲ

    အမေ့မေတ္တာ
    အမေ့စေတနာတွေက
    ဘယ်တော့မှ မဟောင်း
    ဘယ်တော့မှ မပြောင်းလဲပါဘူး။

    ဒါကြောင့်…
    အမေ ရှိနေခိုက်လေးမှာ
    ကျေးဇူး မဆပ်နိုင်ရင်တောင်မှ
    ကျေးဇူး မကန်းမိအောင်တော့
    အထူး သတိထားပါ။

    အမေ မရှိတော့ရင်လည်း
    အမေ့ကျေးဇူး အထူးသိတတ်ပြီး
    အမေ့ကို ရည်စူးကာ
    ကုသိုလ်ကောင်းမှု ပြုပေးကြပါ။

    ဒါမှ
    လူသားဆန် လူပီသပြီး
    လူ့တန်ဖိုး နားလည်သူအဖြစ်
    မိမိကိုယ်ကို
    ဂုဏ်ယူနေရပါလိမ့်မယ်။


    အရှင်ပုည( ဝကုန်း )

    #Credit
    အမေကို စိတ်မဆင်းရဲပါစေနဲ့ ********************** သင်… အမေ့ကို တကယ်ချစ်သလား-? အပြောထက် အလုပ်နဲ့ သက်သေပြဖို့ ဘယ်လို အခြေအနေ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ အမေကို စိတ်ချမ်းသာအောင်တော့ ထားပေးပါ။ မရှိတော့မှ တောင့်တနေမယ့် အစား ရှိနေတုန်းလေးမှာ အမေပျော်အောင် ထားကြပါ။ မိမိအတွက်နဲ့ အမေ စိတ်မဆင်းရဲရပါစေနဲ့။ အမေ စိတ်ပျော်ရွှင်စွာ နေရဖို့အတွက် မိမိရဲ့ အပြုအမူ အပြောအဆိုလေးတွေ လိမ္မာယဉ်ကျေးနေပါစေ။ ဘာမှ မတည်မြဲတဲ့ လောကကြီးထဲမှာ ဘယ်အရာတွေ ဘယ်လိုဟောင်းသွားလဲ အမေ့မေတ္တာ အမေ့စေတနာတွေက ဘယ်တော့မှ မဟောင်း ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒါကြောင့်… အမေ ရှိနေခိုက်လေးမှာ ကျေးဇူး မဆပ်နိုင်ရင်တောင်မှ ကျေးဇူး မကန်းမိအောင်တော့ အထူး သတိထားပါ။ အမေ မရှိတော့ရင်လည်း အမေ့ကျေးဇူး အထူးသိတတ်ပြီး အမေ့ကို ရည်စူးကာ ကုသိုလ်ကောင်းမှု ပြုပေးကြပါ။ ဒါမှ လူသားဆန် လူပီသပြီး လူ့တန်ဖိုး နားလည်သူအဖြစ် မိမိကိုယ်ကို ဂုဏ်ယူနေရပါလိမ့်မယ်။ … အရှင်ပုည( ဝကုန်း ) #Credit
    Care
    1
    · 0 Comments ·0 Shares ·190 Views
  • "အိမ်"
    ငယ်ငယ်တုန်းက
    အိမ်ဆိုတာ အမေ
    အမေဆိုတာ အိမ်ပဲလို့ထင်တယ်။

    အမေ မရှိရင်
    အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။
    အိမ်ပြန်မယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကိုရှာတာပဲ။

    အမေ ဘယ်မှာလဲ....
    အမေရှိတဲ့အရပ်က အိမ်ပေါ့။
    အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။

    ကြီးလာတော့လည်း
    အမေဆိုတာ အိမ်
    အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။
    အမေ မရှိရင် အိမ်မရှိဘူး။

    အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကို လွမ်းတာပါ။

    အိမ်ထဲဝင်တာနဲ့
    "အမေ" လို့ အရင်ခေါ်တာပါပဲ။

    အမေကို မတွေ့ရင်
    အမေကိုရှာတယ်။
    အမေကိုတွေ့မှ
    အော်.. အိမ် ပြန်ရောက်တယ်။

    အင်း.... ဘာဖြစ်လို့
    လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ
    အိမ်ပြန်ချင်ကြပါလိမ့်၊
    အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊
    အမေ့ကို အရင်သတိရကြပါလိမ့်၊
    ဘာမှမတတ်နိုင်တဲ့အခါ
    "အမေ"လို့ တကြပါလိမ့်...

    တစ်သက်ရှိခဲ့ပါပြီ...
    တမ်းတရင်း လွမ်းဆွတ်ရင်း
    ဘယ်နေရာမှာ
    လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့
    တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။

    ကျနော် အကျယ်ကြီး ပြောပါရစေ...

    အေမ

    အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ
    ကျွန်တော်တစ်သက်တာအတွက်
    အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ...

    #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    "အိမ်" ငယ်ငယ်တုန်းက အိမ်ဆိုတာ အမေ အမေဆိုတာ အိမ်ပဲလို့ထင်တယ်။ အမေ မရှိရင် အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။ အိမ်ပြန်မယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကိုရှာတာပဲ။ အမေ ဘယ်မှာလဲ.... အမေရှိတဲ့အရပ်က အိမ်ပေါ့။ အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။ ကြီးလာတော့လည်း အမေဆိုတာ အိမ် အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။ အမေ မရှိရင် အိမ်မရှိဘူး။ အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကို လွမ်းတာပါ။ အိမ်ထဲဝင်တာနဲ့ "အမေ" လို့ အရင်ခေါ်တာပါပဲ။ အမေကို မတွေ့ရင် အမေကိုရှာတယ်။ အမေကိုတွေ့မှ အော်.. အိမ် ပြန်ရောက်တယ်။ အင်း.... ဘာဖြစ်လို့ လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ အိမ်ပြန်ချင်ကြပါလိမ့်၊ အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊ အမေ့ကို အရင်သတိရကြပါလိမ့်၊ ဘာမှမတတ်နိုင်တဲ့အခါ "အမေ"လို့ တကြပါလိမ့်... တစ်သက်ရှိခဲ့ပါပြီ... တမ်းတရင်း လွမ်းဆွတ်ရင်း ဘယ်နေရာမှာ လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့ တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။ ကျနော် အကျယ်ကြီး ပြောပါရစေ... အေမ အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ ကျွန်တော်တစ်သက်တာအတွက် အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ... #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    Care
    1
    · 0 Comments ·0 Shares ·189 Views
  • ဆေးလိပ်ကို ၁ချက်ရှိုက်လိုက်တိုင်းမှာ chemical ဓာတုပစ္စည်း ၇၀၀၀ လောက်က အဆုတ်ထဲကို ဝင်သွားပြီး ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားပါတယ်။ (ဒီအထဲမှာ ၆၉ခုက ကင်ဆာဖြစ်စေတဲ့ carcinogen တွေ ဖြစ်ပါတယ်)

    ကမ္ဘာပေါ်မှာ ကင်ဆာ ၈ခုတိုင်းမှာ ၁ခုက ဆေးလိပ်ကြောင့်ဖြစ်တာ ဖြစ်ပါတယ်။

    ကင်ဆာကြောင့် အသက်ဆုံးရှုံးမှု ၅ခုတိုင်းမှာ ၁ခုက ဆေးလိပ်က ရတဲ့ ကင်ဆာကြောင့် ဖြစ်တာ ဖြစ်ပါတယ်။

    ဆေးလိပ်သောက်ခြင်းကိုသာ မတီထွင်ခဲ့ရင်/ မတည်ရှိခဲ့ရင် အဆုတ်ကင်ဆာဆိုတာ ရှားပါးရောဂါ၁မျိုး ဖြစ်နေမှာပါ။

    ဆေးလိပ်သောက်ခြင်းက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၆၁ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။ အစာအိမ်ကင်ဆာဆိုတာ ကြောက်ဖို့ အကောင်းဆုံးနဲ့ အသက်ဆုံးရှုံးစေမှု အမြင့်ဆုံး ကင်ဆာတွေထဲက၁ခုပါ။

    ပါးစပ်တဝိုက်မှာလည်း ကင်ဆာတွေဖြစ်စေပြီး အစာရေမျို နဲ့ pharynx မှာ ကင်ဆာဖြစ်ခြင်းရဲ့ ၆၀ ရာခိုင်နှုန်း, larynx ကင်ဆာ ဖြစ်ခြင်းရဲ့ ၇၇ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

    ဆေးလိပ်က ဝင်တဲ့ ဓာတုပစ္စည်းတွေ အဆိပ်တွေကြောင့် တစ်ကိုယ်လုံးမှာလည်း ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ (အခုဖော်ပြထားတဲ့ ကင်ဆာတွေကိုသာ ဖြစ်စေတာမဟုတ်ပါ)

    ဒါပေမယ့် ဆေးလိပ်ဖြတ်ဖို့ နောက်ကျနေပြီလို့ မတွေးပါနဲ့။ သင်နောက်ဆုံး သောက်လိုက်တဲ့ ဆေးလိပ်အပြီး ၆နာရီ အကြာမှာ ခန္ဓာကိုယ်က စပြီး ပြန်လည် တည်ဆောက်ဖို့ ပြုပြင်ဖို့လုပ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစ ဆေးလိပ်ဖြတ်မယ်၊ အစားအစာကို သင့်တင့်လျှောက်ပတ်အောင် စားမယ်၊ အသီးအရွက် အသီးအနှံများများစားမယ်၊ အိပ်ရေးဝအောင်အိပ်မယ်၊ ကျန်းမာရေးလိုက်စားမယ်ဆိုရင် ဆေးလိပ်ကို အချိန်ကြာမြင့်စွာ သောက်ခဲ့တယ်ဆိုရင်တောင် ကျန်းမာစွာ အသက်ရှင်နေနိုင်ဖို့ ရာခိုင်နှုန်းကို များစေမှာ ဖြစ်ပါတယ်။

    ၁ခုသတိပြုရမှာက ကိုယ်တိုင်ဆေးလိပ်သောက်မှ ရောဂါဖြစ်မှာမဟုတ်ဘဲ မိမိဘေးမှာ/ အိမ်ထဲမှာ ဆေးလိပ်သောက်လို့ မိမိက မသောက်ဘဲ သူများသောက်တဲ့အငွေ့ကို ရှူမိတယ်ဆိုရင်လည်း အပေါ်က ပြောထားတဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ဆေးလိပ်သောက်တတ်တဲ့ သင်ချစ်ရတဲ့သူတွေကို ဒီ post ကို ပြဖို့ မမေ့ပါနဲ့ဦးခင်ဗျာ။ သင်ကိုယ်တိုင် သောက်တယ်ဆိုရင်လည်း ဖြတ်ဖို့ အသိ၁ခု ဝင်သွားဖို့ မျှော်လင့်ပါတယ်။

    သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူခြင်းကြောင့် မိမိမှာ ဘာရောဂါတွေ ဖြစ်စေနိုင်လဲဆိုတာကိုတော့ ကွန်းမန့်ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ 👇🏻

    ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ

    Dr. Beast
    ⚠️ ဆေးလိပ်ကို ၁ချက်ရှိုက်လိုက်တိုင်းမှာ chemical ဓာတုပစ္စည်း ၇၀၀၀ လောက်က အဆုတ်ထဲကို ဝင်သွားပြီး ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားပါတယ်။ (ဒီအထဲမှာ ၆၉ခုက ကင်ဆာဖြစ်စေတဲ့ carcinogen တွေ ဖြစ်ပါတယ်) ⚠️ ကမ္ဘာပေါ်မှာ ကင်ဆာ ၈ခုတိုင်းမှာ ၁ခုက ဆေးလိပ်ကြောင့်ဖြစ်တာ ဖြစ်ပါတယ်။ ⚠️ ကင်ဆာကြောင့် အသက်ဆုံးရှုံးမှု ၅ခုတိုင်းမှာ ၁ခုက ဆေးလိပ်က ရတဲ့ ကင်ဆာကြောင့် ဖြစ်တာ ဖြစ်ပါတယ်။ ⚠️ ဆေးလိပ်သောက်ခြင်းကိုသာ မတီထွင်ခဲ့ရင်/ မတည်ရှိခဲ့ရင် အဆုတ်ကင်ဆာဆိုတာ ရှားပါးရောဂါ၁မျိုး ဖြစ်နေမှာပါ။ ⚠️ ဆေးလိပ်သောက်ခြင်းက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၆၁ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။ အစာအိမ်ကင်ဆာဆိုတာ ကြောက်ဖို့ အကောင်းဆုံးနဲ့ အသက်ဆုံးရှုံးစေမှု အမြင့်ဆုံး ကင်ဆာတွေထဲက၁ခုပါ။ ⚠️ ပါးစပ်တဝိုက်မှာလည်း ကင်ဆာတွေဖြစ်စေပြီး အစာရေမျို နဲ့ pharynx မှာ ကင်ဆာဖြစ်ခြင်းရဲ့ ၆၀ ရာခိုင်နှုန်း, larynx ကင်ဆာ ဖြစ်ခြင်းရဲ့ ၇၇ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ⚠️ ဆေးလိပ်က ဝင်တဲ့ ဓာတုပစ္စည်းတွေ အဆိပ်တွေကြောင့် တစ်ကိုယ်လုံးမှာလည်း ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ (အခုဖော်ပြထားတဲ့ ကင်ဆာတွေကိုသာ ဖြစ်စေတာမဟုတ်ပါ) ✅ ဒါပေမယ့် ဆေးလိပ်ဖြတ်ဖို့ နောက်ကျနေပြီလို့ မတွေးပါနဲ့။ သင်နောက်ဆုံး သောက်လိုက်တဲ့ ဆေးလိပ်အပြီး ၆နာရီ အကြာမှာ ခန္ဓာကိုယ်က စပြီး ပြန်လည် တည်ဆောက်ဖို့ ပြုပြင်ဖို့လုပ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစ ဆေးလိပ်ဖြတ်မယ်၊ အစားအစာကို သင့်တင့်လျှောက်ပတ်အောင် စားမယ်၊ အသီးအရွက် အသီးအနှံများများစားမယ်၊ အိပ်ရေးဝအောင်အိပ်မယ်၊ ကျန်းမာရေးလိုက်စားမယ်ဆိုရင် ဆေးလိပ်ကို အချိန်ကြာမြင့်စွာ သောက်ခဲ့တယ်ဆိုရင်တောင် ကျန်းမာစွာ အသက်ရှင်နေနိုင်ဖို့ ရာခိုင်နှုန်းကို များစေမှာ ဖြစ်ပါတယ်။ ‼️ ၁ခုသတိပြုရမှာက ကိုယ်တိုင်ဆေးလိပ်သောက်မှ ရောဂါဖြစ်မှာမဟုတ်ဘဲ မိမိဘေးမှာ/ အိမ်ထဲမှာ ဆေးလိပ်သောက်လို့ မိမိက မသောက်ဘဲ သူများသောက်တဲ့အငွေ့ကို ရှူမိတယ်ဆိုရင်လည်း အပေါ်က ပြောထားတဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ 📩 ဒါကြောင့် ဆေးလိပ်သောက်တတ်တဲ့ သင်ချစ်ရတဲ့သူတွေကို ဒီ post ကို ပြဖို့ မမေ့ပါနဲ့ဦးခင်ဗျာ။ သင်ကိုယ်တိုင် သောက်တယ်ဆိုရင်လည်း ဖြတ်ဖို့ အသိ၁ခု ဝင်သွားဖို့ မျှော်လင့်ပါတယ်။ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူခြင်းကြောင့် မိမိမှာ ဘာရောဂါတွေ ဖြစ်စေနိုင်လဲဆိုတာကိုတော့ ကွန်းမန့်ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ 👇🏻 ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅ Dr. Beast 🚭
    Love
    1
    · 0 Comments ·0 Shares ·221 Views
More Results