• ရှိရင်မလွယ်နဲ့ မရှိရင်မလွယ်ဘူး
    ငွေကိုမချွေတာနိုင်ရင် ပိုရှာပါ
    ပိုမရှာနိုင်ရင် ချွေတာပါ

    မရှိခင်မှာ ချွေတာပါ
    ရှိလာတဲ့အခါ စည်းကမ်းရှိပါ
    ငွေရှာပြီး မချွေတာရင်
    ေ-သအောင်ရှာ မကြီးပွားပါဘူး

    သုံးလို့ ပိုတဲ့ ပိုက်ဆံကို မစုနဲ့
    စုလို့ ပိုတဲ့ပိုက်ဆံကိုသာ သုံးပါ
    ငွေရှာတတ်ဖို့ထက် ငွေသုံးတတ်ဖို့ လိုပါတယ်

    မလိုအပ်တာတွေ လျှောက်ဝယ်နေမယ်ဆိုရင်
    မကြာခင်မှာပဲ လိုအပ်တာတွေကို ပြန်ရောင်းရလိမ့်မယ်

    သင်ဟာ လူချမ်းသာတစ်ယောက် မဟုတ်သေးရင်
    ဈေးကြီးတာတွေ ရှောင်ပါ
    ငွေရှာပါ၊ ငွေစုပါ ၊ လူအထင်ကြီးဖို့ မလိုဘူး၊
    ဘဝအထိုင်ကျဖို့ပဲ လိုအပ်ပါတယ်

    သူဌေးက ဆင်းရဲသားလိုနေတတ်ရင်
    လွယ်လွယ်နဲ့ မဆင်းရဲတတ်သလို
    ဆင်းရဲသားက သူဌေးလိုနေရင်တော့ ဘယ်တော့မှ
    မချမ်းသာတတ်တော့ပါဘူး...

    - မေတ္တာဖြင့်မျှဝေပါသည်။
    - မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

    #itsuptoyou #crd #စာပေ #ဘဝ #ငွေ
    ရှိရင်မလွယ်နဲ့ မရှိရင်မလွယ်ဘူး ငွေကိုမချွေတာနိုင်ရင် ပိုရှာပါ ပိုမရှာနိုင်ရင် ချွေတာပါ မရှိခင်မှာ ချွေတာပါ ရှိလာတဲ့အခါ စည်းကမ်းရှိပါ ငွေရှာပြီး မချွေတာရင် ေ-သအောင်ရှာ မကြီးပွားပါဘူး သုံးလို့ ပိုတဲ့ ပိုက်ဆံကို မစုနဲ့ စုလို့ ပိုတဲ့ပိုက်ဆံကိုသာ သုံးပါ ငွေရှာတတ်ဖို့ထက် ငွေသုံးတတ်ဖို့ လိုပါတယ် မလိုအပ်တာတွေ လျှောက်ဝယ်နေမယ်ဆိုရင် မကြာခင်မှာပဲ လိုအပ်တာတွေကို ပြန်ရောင်းရလိမ့်မယ် သင်ဟာ လူချမ်းသာတစ်ယောက် မဟုတ်သေးရင် ဈေးကြီးတာတွေ ရှောင်ပါ ငွေရှာပါ၊ ငွေစုပါ ၊ လူအထင်ကြီးဖို့ မလိုဘူး၊ ဘဝအထိုင်ကျဖို့ပဲ လိုအပ်ပါတယ် သူဌေးက ဆင်းရဲသားလိုနေတတ်ရင် လွယ်လွယ်နဲ့ မဆင်းရဲတတ်သလို ဆင်းရဲသားက သူဌေးလိုနေရင်တော့ ဘယ်တော့မှ မချမ်းသာတတ်တော့ပါဘူး... - မေတ္တာဖြင့်မျှဝေပါသည်။ - မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။ #itsuptoyou #crd #စာပေ #ဘဝ #ငွေ
    0 Comments ·0 Shares ·20 Views
  • အိုးနဲ့တူတဲ့လူသုံးမျိုး

    (၁)မပြည့်တဲ့အိုး။

    "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို
    နည်းနည်းသိပြီး စကားကို ဟောင်ဖွာ
    ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။

    အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊
    အရိပ်အကဲကိုလည်း နားမလည်၊
    ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း
    ပြောတတ်ပါသေးတယ်။

    ဒီအိုးလို သူမျိုးဟာ-
    ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ
    တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့
    ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။

    (၂)ပြည့်နေပြီလို့_ထင်နေတဲ့အိုး။

    အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင်
    အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ
    မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ်
    နေသူမျိုးပါ။

    ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး
    မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ
    တတ်ပါသေးတယ်။

    စကားပြော မောက်မာ ခက်ထန်တတ်ပြီး
    အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ
    ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင်
    ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။

    ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့
    ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး
    အရေးမပါ အရာမရောက်တော့တဲ့
    ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။

    (၃) ဘာဆို_ဘာမှမရှိသေးတဲ့အိုး။

    အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း
    အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ
    တဲ့ လူမျိုးပါ။

    သူများကို အထင်မသေးတတ်သလို
    ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့်
    မနေတတ်ပါဘူး။

    ဒီအိုးလို သူမျိုးကသာ...
    ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ်
    ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက်
    များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး
    လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။

    crd#
    #crd_to_owner_with_respect
    အိုးနဲ့တူတဲ့လူသုံးမျိုး (၁)မပြည့်တဲ့အိုး။🍯 "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို နည်းနည်းသိပြီး စကားကို ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။ အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊ အရိပ်အကဲကိုလည်း နားမလည်၊ ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း ပြောတတ်ပါသေးတယ်။ ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။ (၂)ပြည့်နေပြီလို့_ထင်နေတဲ့အိုး။🧉 အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ် နေသူမျိုးပါ။ ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ တတ်ပါသေးတယ်။ စကားပြော မောက်မာ ခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင် ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။ ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါ အရာမရောက်တော့တဲ့ ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။ (၃) ဘာဆို_ဘာမှမရှိသေးတဲ့အိုး။🏺 အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ တဲ့ လူမျိုးပါ။ သူများကို အထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။ ဒီအိုးလို သူမျိုးကသာ... ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ် ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက် များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။ crd# #crd_to_owner_with_respect
    0 Comments ·0 Shares ·22 Views
  • ပိုက်ဆံကို ဘယ်လိုစုဆောင်းမလဲ။
    လူတိုင်းက ပိုက်ဆံပိုချင်ကြပါတယ်။ ဒါပေမဲ့ အများစုက ပိုက်ဆံကို ဘယ်လိုစုရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ မသိကြပါဘူး။ တကယ်တော့ ပိုက်ဆံစုဆောင်းဖို့ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အသုံးစရိတ်ကို သေချာစနစ်တကျစီမံနိုင်ရင် အဆင်ပြေပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ ကိုယ်သုံးမယ့်ပိုက်ဆံကို ခြေရာခံပါ။
    ပိုက်ဆံစုဆောင်းဖို့ ပထမဆုံးအဆင့်က ကိုယ်ဘယ်လောက်သုံးလဲဆိုတာ သိဖို့ပါ။ အဲဒီအတွက် ကိုယ့်ရဲ့အသုံးစရိတ်တွေကို မှတ်စုစာအုပ်ထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲက App တစ်ခုခုနဲ့ဖြစ်ဖြစ် မှတ်ထားပါ။ တစ်ရက်ကို ဘယ်လောက်ကုန်လဲ၊ ဘယ်နေရာတွေမှာ ဘယ်လောက်ကုန်လဲဆိုတာ သေချာရေးမှတ်ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့မလိုအပ်တဲ့ အသုံးစရိတ်တွေကို သိလာပြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    ၂။ ဘတ်ဂျက်ကိုရေးဆွဲပါ။
    ကိုယ်သုံးနေတဲ့အသုံးစရိတ်တွေကို သိပြီဆိုရင် ဘတ်ဂျက်တစ်ခုကို ရေးဆွဲပါ။ ဥပမာ- စားသောက်စရိတ်အတွက် ဘယ်လောက်၊ သွားလာရေးအတွက် ဘယ်လောက်၊ ဖျော်ဖြေရေးအတွက် ဘယ်လောက်ဆိုပြီး သတ်မှတ်ပါ။ ဒီလိုသတ်မှတ်ရာမှာ နာမည်ကျော် 50/30/20 နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
    50% ကို အိမ်လခ၊ ကားစရိတ်၊ မီးဖိုး၊ ရေဖိုး စတဲ့ မရှိမဖြစ်အသုံးစရိတ်တွေအတွက် သုံးပါ။
    30% ကို အားလပ်ရက် ခရီးသွားခြင်း၊ အပြင်မှာထွက်စားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတဲ့ ကိုယ်လိုချင်တဲ့အရာတွေအတွက် သုံးပါ။
    20% ကို စုဆောင်းငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် သုံးပါ။
    ဒီနည်းလမ်းကို အသုံးပြုပြီး ကိုယ့်ဝင်ငွေအပေါ်မူတည်ပြီး ဘတ်ဂျက်ကို စနစ်တကျရေးဆွဲနိုင်ပါတယ်။

    ၃။ ပိုက်ဆံစုဆောင်းတာကို အလေ့အထတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။
    ကိုယ့်ဘတ်ဂျက်ကို စနစ်တကျ ရေးဆွဲပြီးပြီဆိုရင် လခထုတ်တိုင်း ပိုက်ဆံကို အရင်စုပါ။ ဥပမာ- လခရတာနဲ့ ၂၀% ကို စုလိုက်ပြီးမှ ကျန်တဲ့ ၈၀% နဲ့ သုံးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုက်ဆံစုတာကို အလေ့အထတစ်ခုဖြစ်သွားစေပြီး ရေရှည်မှာ ငွေကြေးအတွက် ပူစရာမလိုတော့ပါဘူး။

    ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ဘဝအတွက် ငွေကြေးတည်ငြိမ်မှုနဲ့ လုံခြုံမှုတွေကို တည်ဆောက်နိုင်မှာပါ။ ငွေကြေးစီမံမှုဆိုတာ ကိုယ့်ရဲ့ဝင်ငွေကို သုံးပုံသုံးနည်း ကောင်းအောင်လုပ်ဆောင်နိုင်တဲ့ အနုပညာတစ်ခုပါပဲ။

    တွေးစရာတစ်ခုရမယ်ဆိုရင် Yes လို့ရေးခဲ့ပါ။

    #coachpannsu
    #innerupgrade
    #selfleadership
    ပိုက်ဆံကို ဘယ်လိုစုဆောင်းမလဲ။ လူတိုင်းက ပိုက်ဆံပိုချင်ကြပါတယ်။ ဒါပေမဲ့ အများစုက ပိုက်ဆံကို ဘယ်လိုစုရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ မသိကြပါဘူး။ တကယ်တော့ ပိုက်ဆံစုဆောင်းဖို့ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အသုံးစရိတ်ကို သေချာစနစ်တကျစီမံနိုင်ရင် အဆင်ပြေပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကိုယ်သုံးမယ့်ပိုက်ဆံကို ခြေရာခံပါ။ ပိုက်ဆံစုဆောင်းဖို့ ပထမဆုံးအဆင့်က ကိုယ်ဘယ်လောက်သုံးလဲဆိုတာ သိဖို့ပါ။ အဲဒီအတွက် ကိုယ့်ရဲ့အသုံးစရိတ်တွေကို မှတ်စုစာအုပ်ထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲက App တစ်ခုခုနဲ့ဖြစ်ဖြစ် မှတ်ထားပါ။ တစ်ရက်ကို ဘယ်လောက်ကုန်လဲ၊ ဘယ်နေရာတွေမှာ ဘယ်လောက်ကုန်လဲဆိုတာ သေချာရေးမှတ်ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့မလိုအပ်တဲ့ အသုံးစရိတ်တွေကို သိလာပြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ၂။ ဘတ်ဂျက်ကိုရေးဆွဲပါ။ ကိုယ်သုံးနေတဲ့အသုံးစရိတ်တွေကို သိပြီဆိုရင် ဘတ်ဂျက်တစ်ခုကို ရေးဆွဲပါ။ ဥပမာ- စားသောက်စရိတ်အတွက် ဘယ်လောက်၊ သွားလာရေးအတွက် ဘယ်လောက်၊ ဖျော်ဖြေရေးအတွက် ဘယ်လောက်ဆိုပြီး သတ်မှတ်ပါ။ ဒီလိုသတ်မှတ်ရာမှာ နာမည်ကျော် 50/30/20 နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ 💰50% ကို အိမ်လခ၊ ကားစရိတ်၊ မီးဖိုး၊ ရေဖိုး စတဲ့ မရှိမဖြစ်အသုံးစရိတ်တွေအတွက် သုံးပါ။ 💰 30% ကို အားလပ်ရက် ခရီးသွားခြင်း၊ အပြင်မှာထွက်စားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတဲ့ ကိုယ်လိုချင်တဲ့အရာတွေအတွက် သုံးပါ။ 💰20% ကို စုဆောင်းငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် သုံးပါ။ ဒီနည်းလမ်းကို အသုံးပြုပြီး ကိုယ့်ဝင်ငွေအပေါ်မူတည်ပြီး ဘတ်ဂျက်ကို စနစ်တကျရေးဆွဲနိုင်ပါတယ်။ ၃။ ပိုက်ဆံစုဆောင်းတာကို အလေ့အထတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။ ကိုယ့်ဘတ်ဂျက်ကို စနစ်တကျ ရေးဆွဲပြီးပြီဆိုရင် လခထုတ်တိုင်း ပိုက်ဆံကို အရင်စုပါ။ ဥပမာ- လခရတာနဲ့ ၂၀% ကို စုလိုက်ပြီးမှ ကျန်တဲ့ ၈၀% နဲ့ သုံးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုက်ဆံစုတာကို အလေ့အထတစ်ခုဖြစ်သွားစေပြီး ရေရှည်မှာ ငွေကြေးအတွက် ပူစရာမလိုတော့ပါဘူး။ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ဘဝအတွက် ငွေကြေးတည်ငြိမ်မှုနဲ့ လုံခြုံမှုတွေကို တည်ဆောက်နိုင်မှာပါ။ ငွေကြေးစီမံမှုဆိုတာ ကိုယ့်ရဲ့ဝင်ငွေကို သုံးပုံသုံးနည်း ကောင်းအောင်လုပ်ဆောင်နိုင်တဲ့ အနုပညာတစ်ခုပါပဲ။ တွေးစရာတစ်ခုရမယ်ဆိုရင် Yes လို့ရေးခဲ့ပါ။ #coachpannsu #innerupgrade #selfleadership
    Care
    1
    · 0 Comments ·0 Shares ·173 Views
  • ဒီတစ်ခါ.. ငါ့ကိုငါ ပြန်ရွေးသွားပြီမို့..
    ရှေ့ဆက် ငါမပါဝင်တော့တဲ့နေ့ရက်တွေကြီး သက်သက်မို့ congratulation ပါနော်။
    (ဂုဏ်ယူပါတယ်)..

    ငါနေတတ်သွားတဲ့အခါ
    (မင်းကိုမင်းခွင့်လွှတ်ပါ)။
    ငါတိတ်ဆိတ်သွားတဲ့အခါ
    (မင်းကိုမင်း နားလည်ပါ)။
    သဲကြီးမဲကြီး လိုက်ရှာရင်း... အဆုံးမှာ ငါ့ကိုငါပဲပြန်ရှာတွေ့သွားတယ်။

    ဒီတစ်တခါတော့. ငါ့ကိုငါ ပြန်ချစ်ကြည့်မယ်နော်။ ငါ့ကိုငါ ပြန်ဂရုစိုက်ကြည့်မယ် ငါ့ကိုငါ အချိန်တွေပြန်ပေးမယ်။ထောက်လက်စဒူးတွေ ပြန်မတ် လိုက်မယ်။

    ရှေ့လျှောက်.. စကားတွေလိုတာထက်ပိုမပြောတော့မှာမို့ မေတ္တာတွေ လိုတာထက်ပိုမပေးတော့မှာမို့ လမ်းတွေ့တောင် မျက်နှာလွှဲပေးပါ။

    ဘဝမှာ. မတွေ့ဖူးလောက်အောင် ပျော့ညံ့ဈေးပေါသူဖြစ်ဖူး သလို... ဘယ်သူမှ မမြင်ဖူးလောက်အောင် ပြတ်သားဈေးကြီး လွန်းသူ လည်း ဖြစ်ကြည့်ချင်တယ်။

    ချစ်စိတ်...သည်းခံစိတ်.. ပျော့ညံ့စိတ်..စောင့်မျှော်စိတ် လိုချင် တပ်မက်စိတ်တွေဟာ Expire date(အချိန်အကန့်သတ်) ရှိတယ်။
    #crd_to_owner_with_respect
    ဒီတစ်ခါ.. ငါ့ကိုငါ ပြန်ရွေးသွားပြီမို့.. ရှေ့ဆက် ငါမပါဝင်တော့တဲ့နေ့ရက်တွေကြီး သက်သက်မို့ congratulation ပါနော်။ (ဂုဏ်ယူပါတယ်).. ငါနေတတ်သွားတဲ့အခါ (မင်းကိုမင်းခွင့်လွှတ်ပါ)။ ငါတိတ်ဆိတ်သွားတဲ့အခါ (မင်းကိုမင်း နားလည်ပါ)။ သဲကြီးမဲကြီး လိုက်ရှာရင်း... အဆုံးမှာ ငါ့ကိုငါပဲပြန်ရှာတွေ့သွားတယ်။ ဒီတစ်တခါတော့. ငါ့ကိုငါ ပြန်ချစ်ကြည့်မယ်နော်။ ငါ့ကိုငါ ပြန်ဂရုစိုက်ကြည့်မယ် ငါ့ကိုငါ အချိန်တွေပြန်ပေးမယ်။ထောက်လက်စဒူးတွေ ပြန်မတ် လိုက်မယ်။ ရှေ့လျှောက်.. စကားတွေလိုတာထက်ပိုမပြောတော့မှာမို့ မေတ္တာတွေ လိုတာထက်ပိုမပေးတော့မှာမို့ လမ်းတွေ့တောင် မျက်နှာလွှဲပေးပါ။ ဘဝမှာ. မတွေ့ဖူးလောက်အောင် ပျော့ညံ့ဈေးပေါသူဖြစ်ဖူး သလို... ဘယ်သူမှ မမြင်ဖူးလောက်အောင် ပြတ်သားဈေးကြီး လွန်းသူ လည်း ဖြစ်ကြည့်ချင်တယ်။ ချစ်စိတ်...သည်းခံစိတ်.. ပျော့ညံ့စိတ်..စောင့်မျှော်စိတ် လိုချင် တပ်မက်စိတ်တွေဟာ Expire date(အချိန်အကန့်သတ်) ရှိတယ်။ #crd_to_owner_with_respect
    Care
    1
    · 0 Comments ·0 Shares ·338 Views
  • ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ

    အရင်းနှီးဆုံးတွေက
    အနာကျင်ရဆုံးတွေ ပေးတဲ့အခါ
    ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    အယုံကြည်ရဆုံးတွေက
    ရင်နာစရာတွေ လုပ်သွားတဲ့အခါ
    ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    အချစ်ရဆုံးတွေက
    ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ
    မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    နောက်ထပ်
    ပြန်ဆုံနိုင်စရာအကြောင်းလည်းမရှိတဲ့
    ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက်
    နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး
    ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    ဆုံးရှုံးခဲ့တာတွေ
    နစ်နာခဲ့တာတွေအတွက်
    လွယ်လွယ်လေးနဲ့တော့
    ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး
    လွယ်လွယ်လေးနဲ့တော့
    မေ့ပစ်လိုက်နိုင်မှာ မဟုတ်ဘူး။

    စိတ်တိုစရာတွေ
    စိတ်နာစရာတွေ
    စိတ်ဒဏ်ရာတွေဆိုတာ
    ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း
    လောကမှာ ခွင့်မလွှတ်နိုင်စရာကို
    ခွင့်လွှတ်ပေးနိုင် ခြင်းကသာ
    စိတ်ချမ်းသာရမှာပါ။
    မေ့မပစ်နိုင်စရာကို
    မေ့ပစ်လိုက်နိုင်ခြင်းကသာ
    စိတ်ငြိမ်းအေးချမ်းရမှာပါ။

    ဘဝမှာ
    သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော
    ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင်
    ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    သိထားဖို့က.

    လောကဓံကို ရင်ဆိုင်တဲ့အခါမှာ
    လက်ထဲမှာ "ဓား" ရှိဖို့ မလိုဘူး
    ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။

    ဒါကြောင့်
    ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး
    ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့
    ကိုယ်လုပ်ခဲ့တဲ့အတိတ်က
    အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်။

    သူကသာ ကြွေးသစ်ယူနေတာ
    သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည်
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    #ဗန်းမော်သိန်းဖေ Page မှ ပြန်လည်မျှဝေခြင်းသာဖြစ်သည်။
    #Facebook
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ အရင်းနှီးဆုံးတွေက အနာကျင်ရဆုံးတွေ ပေးတဲ့အခါ ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ အယုံကြည်ရဆုံးတွေက ရင်နာစရာတွေ လုပ်သွားတဲ့အခါ ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ အချစ်ရဆုံးတွေက ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ နောက်ထပ် ပြန်ဆုံနိုင်စရာအကြောင်းလည်းမရှိတဲ့ ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက် နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ ဆုံးရှုံးခဲ့တာတွေ နစ်နာခဲ့တာတွေအတွက် လွယ်လွယ်လေးနဲ့တော့ ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး လွယ်လွယ်လေးနဲ့တော့ မေ့ပစ်လိုက်နိုင်မှာ မဟုတ်ဘူး။ စိတ်တိုစရာတွေ စိတ်နာစရာတွေ စိတ်ဒဏ်ရာတွေဆိုတာ ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း လောကမှာ ခွင့်မလွှတ်နိုင်စရာကို ခွင့်လွှတ်ပေးနိုင် ခြင်းကသာ စိတ်ချမ်းသာရမှာပါ။ မေ့မပစ်နိုင်စရာကို မေ့ပစ်လိုက်နိုင်ခြင်းကသာ စိတ်ငြိမ်းအေးချမ်းရမှာပါ။ ဘဝမှာ သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင် ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ သိထားဖို့က. လောကဓံကို ရင်ဆိုင်တဲ့အခါမှာ လက်ထဲမှာ "ဓား" ရှိဖို့ မလိုဘူး ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။ ဒါကြောင့် ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့ ကိုယ်လုပ်ခဲ့တဲ့အတိတ်က အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်။ သူကသာ ကြွေးသစ်ယူနေတာ သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည် ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ #ဗန်းမော်သိန်းဖေ Page မှ ပြန်လည်မျှဝေခြင်းသာဖြစ်သည်။ #Facebook
    Love
    1
    · 0 Comments ·0 Shares ·270 Views
  • ဘဝရဲ့ဝဠ် ကြွေး များ ဘယ်အထိဆပ်နေရအုံးမလဲကြွေးလာယူသူနဲ့ကြွေဆပ်သူတဲ့
    ဘဝရဲ့ဝဠ် ကြွေး များ ဘယ်အထိဆပ်နေရအုံးမလဲကြွေးလာယူသူနဲ့ကြွေဆပ်သူတဲ့
    Love
    1
    · 0 Comments ·0 Shares ·182 Views
  • မိမိကိုယ်ကိုယ် အားကိုးတတ်သော မိန်းကလေးဟာ
    ဘယ်လိုဒဏ်ရာမှ မရနိုင်ပါဘူး အမျိုးသမီးလေးတို့ရေ

    ကိုယ်ပိုင်ငွေရှိထားဖို့လိုတယ် ပညာရှာ၊ အလုပ်ကိုအာရုံစိုက်၊ လှအောင်နေ ၊ ငွေကိုတတ်နိုင်သမျှငယ်ရွယ်တုန်းရှာ ၊
    အဲ့တာမှ အမှန်တကယ် ဘဝရဲ့ လုံခြုံပြည့်စုံမှု ။

    ကိုယ့်ကိုကိုယ် အကောင်းဆုံးထားနိုင်ရင် ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာမလိုပါဘူး ။
    မိမိကိုယ်ကိုယ် အားကိုးတတ်သော မိန်းကလေးဟာ ဘယ်လိုဒဏ်ရာမှ မရနိုင်ပါဘူး အမျိုးသမီးလေးတို့ရေ💕 ကိုယ်ပိုင်ငွေရှိထားဖို့လိုတယ် ပညာရှာ၊ အလုပ်ကိုအာရုံစိုက်၊ လှအောင်နေ ၊ ငွေကိုတတ်နိုင်သမျှငယ်ရွယ်တုန်းရှာ ၊ အဲ့တာမှ အမှန်တကယ် ဘဝရဲ့ လုံခြုံပြည့်စုံမှု ။ ကိုယ့်ကိုကိုယ် အကောင်းဆုံးထားနိုင်ရင် ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာမလိုပါဘူး ။ 😊
    0 Comments ·0 Shares ·358 Views
  • ကိုယ့်အချိုး ၊
    ကိုယ့်အထာနဲ့ကိုယ့်ဘဝမှာ ကိုယ်နေပါ ။
    ရင်ဘတ်မတူလို့ မပေါင်းတာကိုလဲ စိတ်မဆိုးပါဘူး ။
    မကောင်းဘူးထင်လို့
    မပတ်သတ်ချင်ရင်လဲ
    အပြုံးမပျက်ပါဘူး ။
    မျက်နှာချို မ​သွေးတတ်တော့ အဖက်မလုပ်လဲ အေးဆေးပါ ။
    စိတ်ဒုက္ခတွေပေးပြီး
    မလေးမစားတော့ လာမဆက်ဆံပါနဲ့ ။
    #KAIA
    #ဘဝစာပေနှင့်ဗဟုသုတများ
    #crd_to_owner_with_respectcrd
    ကိုယ့်အချိုး ၊ ကိုယ့်အထာနဲ့ကိုယ့်ဘဝမှာ ကိုယ်နေပါ ။ ရင်ဘတ်မတူလို့ မပေါင်းတာကိုလဲ စိတ်မဆိုးပါဘူး ။ မကောင်းဘူးထင်လို့ မပတ်သတ်ချင်ရင်လဲ အပြုံးမပျက်ပါဘူး ။ မျက်နှာချို မ​သွေးတတ်တော့ အဖက်မလုပ်လဲ အေးဆေးပါ ။ စိတ်ဒုက္ခတွေပေးပြီး မလေးမစားတော့ လာမဆက်ဆံပါနဲ့ ။ #KAIA✍️✍️✍️ #ဘဝစာပေနှင့်ဗဟုသုတများ #crd_to_owner_with_respectcrd
    Like
    Love
    2
    · 0 Comments ·0 Shares ·693 Views
  • အလုပ်တစ်ခုတည်း အပေါ် မမှီခိုပါနဲ့...

    အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအလုပ်ကနေ ထွက်ရတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့....

    အရံအလုပ်လေး တစ်ခုခုတော့ ကိုယ့်မှာ ရှိနေဖို့လိုပါတယ်...

    စီးပွားရေး လုပ်ငန်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့...

    အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီ စီးပွားရေးလုပ်ငန်း ပြိုလဲသွားတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့....

    အခြား စီးပွားရေးလုပ်ငန်း တစ်ခုခုတော့ စလုပ်ထားဖို့ လိုအပ်ပါတယ်....

    ကိုယ့်ယောကျာ်း / ဇနီးမယား ရဲ့ ဝင်ငွေ တစ်ခုတည်းအပေါ် မမှီခိုပါနဲ့...

    အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ယောကျာ်း/ ဇနီးမယား မရှိတော့တဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့...

    ကိုယ်ပိုင် ဝင်ငွေလေးတွေ ရှိထားသင့်ပါတယ်...

    ကားတွေမှာတောင် ဘီး အပိုတွေဆိုတာ ပါပါတယ်...

    လမ်းခရီးမှာ ဘီးပေါက်သွားတဲ့အခါ ဒုက္ခမရောက်ပဲ လိုရာခရီးကို ဆက်သွားနိုင်ဖို့ ဘီးအပိုတွေ ရှိနေသလိုပဲ....

    ကိုယ့်ရဲ့ ဘဝမှာလဲ တစ်ခုမရှိတော့တဲ့အခါ အခြားတစ်ခုနဲ့ ရှေ့ဆက်ရှင်သန်ရပ်တည်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။

    ဘယ်တော့မှ တစ်ခုတည်းအပေါ်မှာ မမှီခိုပါနဲ့...

    #ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့

    Book.mm

    #ထိုင်းနိုင်ငံ #bookshop #booklover

    #bookworm #bookrecommendations
    🖤 အလုပ်တစ်ခုတည်း အပေါ် မမှီခိုပါနဲ့... အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအလုပ်ကနေ ထွက်ရတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့.... အရံအလုပ်လေး တစ်ခုခုတော့ ကိုယ့်မှာ ရှိနေဖို့လိုပါတယ်... 🖤 စီးပွားရေး လုပ်ငန်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့... အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီ စီးပွားရေးလုပ်ငန်း ပြိုလဲသွားတဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့.... အခြား စီးပွားရေးလုပ်ငန်း တစ်ခုခုတော့ စလုပ်ထားဖို့ လိုအပ်ပါတယ်.... 🖤 ကိုယ့်ယောကျာ်း / ဇနီးမယား ရဲ့ ဝင်ငွေ တစ်ခုတည်းအပေါ် မမှီခိုပါနဲ့... အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ယောကျာ်း/ ဇနီးမယား မရှိတော့တဲ့အခါ ရှင်သန်ရပ်တည်နိုင်ဖို့... ကိုယ်ပိုင် ဝင်ငွေလေးတွေ ရှိထားသင့်ပါတယ်... ကားတွေမှာတောင် ဘီး အပိုတွေဆိုတာ ပါပါတယ်... လမ်းခရီးမှာ ဘီးပေါက်သွားတဲ့အခါ ဒုက္ခမရောက်ပဲ လိုရာခရီးကို ဆက်သွားနိုင်ဖို့ ဘီးအပိုတွေ ရှိနေသလိုပဲ.... ကိုယ့်ရဲ့ ဘဝမှာလဲ တစ်ခုမရှိတော့တဲ့အခါ အခြားတစ်ခုနဲ့ ရှေ့ဆက်ရှင်သန်ရပ်တည်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်တော့မှ တစ်ခုတည်းအပေါ်မှာ မမှီခိုပါနဲ့... #ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့✅❤️ Book.mm ✨🍀 #ထိုင်းနိုင်ငံ #bookshop #booklover #bookworm #bookrecommendations
    Like
    1
    · 0 Comments ·0 Shares ·574 Views
  • ဘယ်သူတွေဘာပြောပြော
    ကိုယ်မှန်တယ်ထင်တဲ့လမ်းကို
    လျှောက်ရတာပါပဲ။

    ဘယ်သူတွေ
    ဘယ်လိုဝေဖန်ဝေဖန်
    ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို
    လုပ်ရတာပါပဲ။

    သူတပါးအပြောမှာ
    လမ်းမဆုံးအောင်
    စကားတွေကို
    သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။

    ချီးကျူးသူက ချီးကျူးမယ်
    ကဲ့ရဲ့သူက ကဲ့ရဲ့မယ်
    ဒါသူတို့အလုပ်
    ကိုယ့်အလုပ်မှမဟုတ်တာ။

    ကိုယ့်အလုပ်က
    သူတပါးကိုမထိခိုက်ဖို့နဲ့
    ကိုယ်ကိုယ်တိုင်
    အရှိတရားတွေကို
    လက်ခံတတ်ဖို့ပါပဲ။

    မမြဲရင်မတွဲနဲ့တော့
    မတွဲရင်မဆွဲနဲ့တော့
    ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင်
    တစ်ခါထဲသာနာကျင်ခံလိုက်ပါ။

    သူကမချစ်လ်ို့ဆိုပြီးလဲ
    သူ့ကို မမုန်းနဲ့

    သူကချစ်လို့ဆိုပြီးလဲ
    အချိန်တိုင်း ပြုံးမနေနဲ့

    အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့
    တနေ့ကျရင်
    ရင့်ကျက်အောင်သာ
    သင်ယူလိုက်ပါ။

    ခရီးဘယ်လောက်ဝေးဝေး
    သတ်မှတ်ထားတဲ့နေရာရောက်ရင်
    အကုန်ထားခဲ့ပြီး
    ဆင်းခဲ့ရမှာပဲလေ

    ဘာတစ်ခုမှ
    သယ်ဆောင်လို့မရတဲ့ဘဝမှာ
    ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ
    အာရုံစိုက်လိုက်ပါ။

    #သျှင်လွန်း
    ဘယ်သူတွေဘာပြောပြော ကိုယ်မှန်တယ်ထင်တဲ့လမ်းကို လျှောက်ရတာပါပဲ။ ဘယ်သူတွေ ဘယ်လိုဝေဖန်ဝေဖန် ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို လုပ်ရတာပါပဲ။ သူတပါးအပြောမှာ လမ်းမဆုံးအောင် စကားတွေကို သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။ ချီးကျူးသူက ချီးကျူးမယ် ကဲ့ရဲ့သူက ကဲ့ရဲ့မယ် ဒါသူတို့အလုပ် ကိုယ့်အလုပ်မှမဟုတ်တာ။ ကိုယ့်အလုပ်က သူတပါးကိုမထိခိုက်ဖို့နဲ့ ကိုယ်ကိုယ်တိုင် အရှိတရားတွေကို လက်ခံတတ်ဖို့ပါပဲ။ မမြဲရင်မတွဲနဲ့တော့ မတွဲရင်မဆွဲနဲ့တော့ ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင် တစ်ခါထဲသာနာကျင်ခံလိုက်ပါ။ သူကမချစ်လ်ို့ဆိုပြီးလဲ သူ့ကို မမုန်းနဲ့ သူကချစ်လို့ဆိုပြီးလဲ အချိန်တိုင်း ပြုံးမနေနဲ့ အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့ တနေ့ကျရင် ရင့်ကျက်အောင်သာ သင်ယူလိုက်ပါ။ ခရီးဘယ်လောက်ဝေးဝေး သတ်မှတ်ထားတဲ့နေရာရောက်ရင် အကုန်ထားခဲ့ပြီး ဆင်းခဲ့ရမှာပဲလေ ဘာတစ်ခုမှ သယ်ဆောင်လို့မရတဲ့ဘဝမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ အာရုံစိုက်လိုက်ပါ။ #သျှင်လွန်း
    0 Comments ·0 Shares ·369 Views
  • အဖော်ကောင်းဆိုတာ
    ပူလောင်စေတဲ့သူ မဟုတ်ပဲ
    ကိုယ့်ကို အေးမြတဲ့
    အရိပ်ပေးသူကိုခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    စိတ်ပူစေတဲ့သူ မဟုတ်ဘဲ
    ကိုယ့်ကို စိတ်ပူပေးတဲ့သူကိုခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    အခက်အခဲကို နားလည်ပေးတဲ့သူကို
    ခေါ်တာမဟုတ်ဘဲ
    အခက်အခဲကို နှစ်ယောက်အတူ
    ဖြေရှင်းပေးတဲ့သူကိုခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    စာနာနားလည်သူကို ခေါ်တာမဟုတ်ဘဲ
    မျှဝေခံစားပေးတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    အပြုစုခံချင်သူ မဟုတ်ဘဲ
    ပြု စုပေးတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    ဂရုစိုက်ခံချင်သူ မဟုတ်ဘဲ
    ဂရုစိုက်ပေးတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    ကိုယ့်ကို ယုံကြည်ပေးတဲ့သူ မဟုတ်ဘဲ
    ကိုယ်က ယုံကြည်ရတဲ့သူကို ခေါ်တယ်။

    အဖော်ကောင်းဆိုတာ
    အယူသမားကို ခေါ်တာမဟုတ်ဘဲ
    အပေးသမားကိုခေါ်တယ်။

    တကယ်တော့
    ဘဝရဲ့ အဖော်ကောင်းဆိုတာ
    ကိုယ့်အားနည်းချက်ကို သိသည့်တိုင်
    တွေဝေ နောက်ဆုတ်မသွားဘဲ
    လက်ကို ရဲရဲလာတွဲရဲတဲ့သူကို ခေါ်တယ်။

    #မေတ္တာဖြင့်ပြန်လှန်မျှဝေသည်
    #crd
    အဖော်ကောင်းဆိုတာ ပူလောင်စေတဲ့သူ မဟုတ်ပဲ ကိုယ့်ကို အေးမြတဲ့ အရိပ်ပေးသူကိုခေါ်တယ်။ အဖော်ကောင်းဆိုတာ စိတ်ပူစေတဲ့သူ မဟုတ်ဘဲ ကိုယ့်ကို စိတ်ပူပေးတဲ့သူကိုခေါ်တယ်။ အဖော်ကောင်းဆိုတာ အခက်အခဲကို နားလည်ပေးတဲ့သူကို ခေါ်တာမဟုတ်ဘဲ အခက်အခဲကို နှစ်ယောက်အတူ ဖြေရှင်းပေးတဲ့သူကိုခေါ်တယ်။ အဖော်ကောင်းဆိုတာ စာနာနားလည်သူကို ခေါ်တာမဟုတ်ဘဲ မျှဝေခံစားပေးတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ အပြုစုခံချင်သူ မဟုတ်ဘဲ ပြု စုပေးတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ ဂရုစိုက်ခံချင်သူ မဟုတ်ဘဲ ဂရုစိုက်ပေးတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ ကိုယ့်ကို ယုံကြည်ပေးတဲ့သူ မဟုတ်ဘဲ ကိုယ်က ယုံကြည်ရတဲ့သူကို ခေါ်တယ်။ အဖော်ကောင်းဆိုတာ အယူသမားကို ခေါ်တာမဟုတ်ဘဲ အပေးသမားကိုခေါ်တယ်။ တကယ်တော့ ဘဝရဲ့ အဖော်ကောင်းဆိုတာ ကိုယ့်အားနည်းချက်ကို သိသည့်တိုင် တွေဝေ နောက်ဆုတ်မသွားဘဲ လက်ကို ရဲရဲလာတွဲရဲတဲ့သူကို ခေါ်တယ်။ #မေတ္တာဖြင့်ပြန်လှန်မျှဝေသည် #crd
    0 Comments ·0 Shares ·407 Views
  • လူတိုင်းကတော့ သူတို့ကို
    တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊
    ကူညီပေးတာ၊ အခွင့်အရေးပေးတာကို
    ကြိုက်ကြသူတွေချည်းပါပဲ။

    ဒါပေမဲ့ ပေးပါများလာတဲ့အခါ
    အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။
    လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။

    မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။
    အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
    မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။

    အဲ့ဒီအခါ အရင်လို
    စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
    သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊
    အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊
    မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း
    ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။

    မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့
    မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။

    အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။
    ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ
    အားမနာမိပါစနေဲ့။
    တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။

    #crd_to_owner_with_respect
    လူတိုင်းကတော့ သူတို့ကို တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊ ကူညီပေးတာ၊ အခွင့်အရေးပေးတာကို ကြိုက်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ပေးပါများလာတဲ့အခါ အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။ လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။ မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။ အရင်က မင်းလုပ်ပေးခဲ့သမျှဟာ မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။ အဲ့ဒီအခါ အရင်လို စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက် သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊ အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊ မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။ မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့ မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။ အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။ ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ အားမနာမိပါစနေဲ့။ တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။ #crd_to_owner_with_respect
    0 Comments ·0 Shares ·610 Views
More Results