
-
-
မိမိကိုယ်ကိုယ် အားကိုးတတ်သော မိန်းကလေးဟာ
ဘယ်လိုဒဏ်ရာမှ မရနိုင်ပါဘူး အမျိုးသမီးလေးတို့ရေ
ကိုယ်ပိုင်ငွေရှိထားဖို့လိုတယ် ပညာရှာ၊ အလုပ်ကိုအာရုံစိုက်၊ လှအောင်နေ ၊ ငွေကိုတတ်နိုင်သမျှငယ်ရွယ်တုန်းရှာ ၊
အဲ့တာမှ အမှန်တကယ် ဘဝရဲ့ လုံခြုံပြည့်စုံမှု ။
ကိုယ့်ကိုကိုယ် အကောင်းဆုံးထားနိုင်ရင် ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာမလိုပါဘူး ။မိမိကိုယ်ကိုယ် အားကိုးတတ်သော မိန်းကလေးဟာ ဘယ်လိုဒဏ်ရာမှ မရနိုင်ပါဘူး အမျိုးသမီးလေးတို့ရေ💕 ကိုယ်ပိုင်ငွေရှိထားဖို့လိုတယ် ပညာရှာ၊ အလုပ်ကိုအာရုံစိုက်၊ လှအောင်နေ ၊ ငွေကိုတတ်နိုင်သမျှငယ်ရွယ်တုန်းရှာ ၊ အဲ့တာမှ အမှန်တကယ် ဘဝရဲ့ လုံခြုံပြည့်စုံမှု ။ ကိုယ့်ကိုကိုယ် အကောင်းဆုံးထားနိုင်ရင် ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာမလိုပါဘူး ။ 😊0 Comments ·0 Shares ·190 Views -
တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။
#crd_to_owner_with_respectတိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။ #crd_to_owner_with_respect -
သိပ်တန်ဖိုးရှိတဲ့ စာပေ
================
အဆင့်အတန်း
အဆင့်အတန်း မရှိတဲ့သူတွေဟာ
စကားကို လိမ်ညာ ပြောတတ်ကြပါတယ်။
သူတို့ လိုလားနေတဲ့အခါမှာ
ကောင်းမွန်စွာ ဆက်ဆံတတ်ကြပြီး
မလိုလားတော့တဲ့အခါမှာ
ချက်ချင်းပြောင်းလဲပြီး
အပြစ်မြင်ပြောဆိုဆက်ဆံတတ်ကြပါတယ်။
ရှေ့စကားနောက်စကားလည်း
မညီတတ်ကြပါဘူး။
သူ့ဘက် တစ်ဖက်တည်းကိုသာ
ကြည့်မြင်တတ်ကြပြီး
သူများတစ်ဖက်သားအပေါ်
အမြဲအပြစ်မြင်ပြောဆိုနေတတ်ကြပါတယ်။
ဒီလိုလူတွေဟာ
အမြဲတမ်း ငြင်းခုံပြီး
အမှားတွေကိုသာ ပြောတတ်လေ့ရှိတယ်။
ကိုယ့်မှာ အပြည့်အစုံကြီးမဟုတ်ပေမယ့်
သူတစ်ဖက်သားအထင်ကြီးစေရန်လည်း
မရှိပဲ ကြွားဝါပြောဆိုတတ်တဲ့လူစားမျိုးတွေပါ။
လူတစ်ဖက်သားရဲ့အပေါ်
မကျေနပ်တော့ဘူးဆိုရင်လည်း
ဒေါသမထိန်းနိုင်ပဲ
ဝါးလုံးရှည်နဲ့ရမ်းသကဲ့သို့
အခြား မဆိုင်တဲ့သူတွေကိုပါ
ရိုင်းစိုင်းစွာထည့်သွင်းပြီး
ပေးစားဆဲဆိုတတ်ကြပါတယ်။
ကိုယ့်ရဲ့အမှားကို
ကိုယ်တာဝန်မယူတတ်ကြသလို
တောင်းပန်ဖို့ကိုလည်း
မသိကျိုးကျွံပြုနေတတ်ပါတယ်။
စကားကို လွယ်လွယ်ပြောတတ်ပြီး
ကတိသစ္စာ မတည်တတ်ကြတဲ့သူတွေပါ။
အမှန်တရားကို လက်မခံတတ်သလို
ကိုယ့်အမှားကိုလည်း ဝန်မခံတတ်ကြပါဘူး။
ဘာသာတရားနဲ့ ပတ်သက်လာရင်လည်း
လေးစားမူ မရှိတတ်သလို
အမှန် အမှားကိုလည်း
ခွဲခြားနားမလည်တတ်ကြပါဘူး။
သူတစ်ပါးရဲ့ ပြည့်စုံမှုကို
မနာလိုစိတ်ထားပြီး ပြိုင်ဆိုင်တတ်ပါတယ်။
ကိုယ်ကျင့်သိက္ခာ ဣနြေ္ဒမရှိသလို
ဖောက်လွှဲဖောက်ပြန်စိတ်ထားရှိတဲ့သူစားမျိုးပါ။
စာပေပညာဗဟုသုတ မပြည့်မီပဲ
ကိုယ်နဲ့ မထိုက်တန်တဲ့
ရာထူးနေရာမျိုးကိုလည်း
ရယူလိုချင်တဲ့စိတ်ထားရှိပါတယ်။
ဒါကြောင့် ????
ကုသိုလ် အ-ကုသိုလ်ဆိုတာ
ဘာကို ပြောတာလဲ?
အဆင့်အတန်း နိမ့်တဲ့ စိတ်ကို
အ-ကုသိုလ် လို့ပြောတာဖြစ်တယ်။
အဆင့်အတန်း မြင့်တဲ့စိတ်ဆိုတာ ကုသိုလ်ပါ။
လူဆိုတာ စိတ်နေ သဘောထား နဲ့
အသိဉာဏ် အဆင့်အတန်း
မြင့်မားလာလေလေ
သဘောထား ကြီးလာလေလေ
ဖြစ်လာတာဟာ သဘာ၀ ဖြစ်ပါတယ်"..
#crdသိပ်တန်ဖိုးရှိတဲ့ စာပေ ================ အဆင့်အတန်း အဆင့်အတန်း မရှိတဲ့သူတွေဟာ စကားကို လိမ်ညာ ပြောတတ်ကြပါတယ်။ သူတို့ လိုလားနေတဲ့အခါမှာ ကောင်းမွန်စွာ ဆက်ဆံတတ်ကြပြီး မလိုလားတော့တဲ့အခါမှာ ချက်ချင်းပြောင်းလဲပြီး အပြစ်မြင်ပြောဆိုဆက်ဆံတတ်ကြပါတယ်။ ရှေ့စကားနောက်စကားလည်း မညီတတ်ကြပါဘူး။ သူ့ဘက် တစ်ဖက်တည်းကိုသာ ကြည့်မြင်တတ်ကြပြီး သူများတစ်ဖက်သားအပေါ် အမြဲအပြစ်မြင်ပြောဆိုနေတတ်ကြပါတယ်။ ဒီလိုလူတွေဟာ အမြဲတမ်း ငြင်းခုံပြီး အမှားတွေကိုသာ ပြောတတ်လေ့ရှိတယ်။ ကိုယ့်မှာ အပြည့်အစုံကြီးမဟုတ်ပေမယ့် သူတစ်ဖက်သားအထင်ကြီးစေရန်လည်း မရှိပဲ ကြွားဝါပြောဆိုတတ်တဲ့လူစားမျိုးတွေပါ။ လူတစ်ဖက်သားရဲ့အပေါ် မကျေနပ်တော့ဘူးဆိုရင်လည်း ဒေါသမထိန်းနိုင်ပဲ ဝါးလုံးရှည်နဲ့ရမ်းသကဲ့သို့ အခြား မဆိုင်တဲ့သူတွေကိုပါ ရိုင်းစိုင်းစွာထည့်သွင်းပြီး ပေးစားဆဲဆိုတတ်ကြပါတယ်။ ကိုယ့်ရဲ့အမှားကို ကိုယ်တာဝန်မယူတတ်ကြသလို တောင်းပန်ဖို့ကိုလည်း မသိကျိုးကျွံပြုနေတတ်ပါတယ်။ စကားကို လွယ်လွယ်ပြောတတ်ပြီး ကတိသစ္စာ မတည်တတ်ကြတဲ့သူတွေပါ။ အမှန်တရားကို လက်မခံတတ်သလို ကိုယ့်အမှားကိုလည်း ဝန်မခံတတ်ကြပါဘူး။ ဘာသာတရားနဲ့ ပတ်သက်လာရင်လည်း လေးစားမူ မရှိတတ်သလို အမှန် အမှားကိုလည်း ခွဲခြားနားမလည်တတ်ကြပါဘူး။ သူတစ်ပါးရဲ့ ပြည့်စုံမှုကို မနာလိုစိတ်ထားပြီး ပြိုင်ဆိုင်တတ်ပါတယ်။ ကိုယ်ကျင့်သိက္ခာ ဣနြေ္ဒမရှိသလို ဖောက်လွှဲဖောက်ပြန်စိတ်ထားရှိတဲ့သူစားမျိုးပါ။ စာပေပညာဗဟုသုတ မပြည့်မီပဲ ကိုယ်နဲ့ မထိုက်တန်တဲ့ ရာထူးနေရာမျိုးကိုလည်း ရယူလိုချင်တဲ့စိတ်ထားရှိပါတယ်။ ဒါကြောင့် ???? ကုသိုလ် အ-ကုသိုလ်ဆိုတာ ဘာကို ပြောတာလဲ? အဆင့်အတန်း နိမ့်တဲ့ စိတ်ကို အ-ကုသိုလ် လို့ပြောတာဖြစ်တယ်။ အဆင့်အတန်း မြင့်တဲ့စိတ်ဆိုတာ ကုသိုလ်ပါ။ လူဆိုတာ စိတ်နေ သဘောထား နဲ့ အသိဉာဏ် အဆင့်အတန်း မြင့်မားလာလေလေ သဘောထား ကြီးလာလေလေ ဖြစ်လာတာဟာ သဘာ၀ ဖြစ်ပါတယ်".. #crd -
နေရာ ရဖို့ထက် စေတနာလှဖို့က အဓိကပါ ။
ကိုယ့်စေတနာသာမှန်ရင်
ကိုယ်နှင့်တန်တဲ့နေရာ ရှိနေမှာပါ ။
အကောင်းရဖို့ဆိုရင်
အကြောင်းလှဖို့လည်း လိုတယ်လေ ။
နည်းနည်းလေးလုပ်ပြီးမှ များများတော့ လိုချင်လို့ မရပါဘူး။
ကိုယ်နှင့်တန်သလောက်ပဲ ရမှာပါ ။
အဖိုးတန်တဲ့ အရာတွေဆိုတာ
အကြံဖန်တွေနဲ့ လုံး၀ မရနိုင်ပါဘူး ။
အမှန်ကန်တွေ လုပ်ထားမှ ကိုယ်ရဖို့ သေချာနိုင်ပါတယ် ။
တစ်ချို့က မမှန်ကန်တဲ့နည်းနှင့် နေရာတွေ ရနေတတ်ကြတယ် ။
လက်တွေ့ဘဝတော့ခဏလေး ဟန်ကျပေမယ့်လည်း
သံသရာဘ၀မှာတော့ နလန်မထနိုင်အောင် ခံစားရမှာပါ ။
သူများ မိုးခါးရေသောက်တိုင်း
ကိုယ်လိုက် မသောက်မိပါစေနဲ့ ။
မိမိစိတ်ထား ဖြူ စင်ဖို့ပဲ ကြိုးစားပါ ။
#crd_to_owner_with_respect #hightlights #ဘ၀လမ်းညွှန် #မေတ္တာဖြင့်စာပေမျှဝေသူ #credit
#crdနေရာ ရဖို့ထက် စေတနာလှဖို့က အဓိကပါ ။ ကိုယ့်စေတနာသာမှန်ရင် ကိုယ်နှင့်တန်တဲ့နေရာ ရှိနေမှာပါ ။ အကောင်းရဖို့ဆိုရင် အကြောင်းလှဖို့လည်း လိုတယ်လေ ။ နည်းနည်းလေးလုပ်ပြီးမှ များများတော့ လိုချင်လို့ မရပါဘူး။ ကိုယ်နှင့်တန်သလောက်ပဲ ရမှာပါ ။ အဖိုးတန်တဲ့ အရာတွေဆိုတာ အကြံဖန်တွေနဲ့ လုံး၀ မရနိုင်ပါဘူး ။ အမှန်ကန်တွေ လုပ်ထားမှ ကိုယ်ရဖို့ သေချာနိုင်ပါတယ် ။ တစ်ချို့က မမှန်ကန်တဲ့နည်းနှင့် နေရာတွေ ရနေတတ်ကြတယ် ။ လက်တွေ့ဘဝတော့ခဏလေး ဟန်ကျပေမယ့်လည်း သံသရာဘ၀မှာတော့ နလန်မထနိုင်အောင် ခံစားရမှာပါ ။ သူများ မိုးခါးရေသောက်တိုင်း ကိုယ်လိုက် မသောက်မိပါစေနဲ့ ။ မိမိစိတ်ထား ဖြူ စင်ဖို့ပဲ ကြိုးစားပါ ။ #crd_to_owner_with_respect #hightlights #ဘ၀လမ်းညွှန် #မေတ္တာဖြင့်စာပေမျှဝေသူ #credit #crd -
တစ်စုံတစ်ယောက်ရဲ့
ဂရုတစိုက်ရှိမှုတွေကို မမျှော်လင့်တတ်တော့ဘူး
တစ်စုံတစ်ယောက်ရဲ့
ချစ်ခြင်းမေတ္တာတွေကို
မတောင့်တတတ်တော့ဘူး
ဒါဟာ ကျမ ရင့်ကျက်သွားတာလား
တည်ငြိမ်သွားတာလားတော့
အသေအချာမပြောတတ်ဘူး
သေချာတာတစ်ခုကတော့
ကျမရဲ့ စိတ်တွေ အေးချမ်းသွားတယ်
ပေါ့ပါးသွားတယ်
မရနိုင်တဲ့ ဂရုစိုက်မှုတွေ
မပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေကို
မျှော်လင့်တောင့်တနေတာထက်
အရာအားလုံးကို လွှတ်ချလိုက်ခြင်းကသာ ကျမရဲ့စိတ်ကို ချမ်းမြေ့မှု အပေးနိုင်ဆုံးလို့ သိလာတယ်
သူတပါးရဲ့ ချစ်ခြင်းတွေ ကို မျှော်လင့်ရတာ စိတ်ပင်ပန်းပါတယ်
ကျမရဲ့စိတ်ကို
လွတ်လပ်ခွင့်ပေးကြည့်လိုက်တဲ့အခါ
စိတ်အချမ်းမြေ့ဆုံးသူ
အပူပင်ကင်းဆုံးသူက
ကျမကိုယ်တိုင်ပဲ ဖြစ်လာပါတယ်
#Tulip.တစ်စုံတစ်ယောက်ရဲ့ ဂရုတစိုက်ရှိမှုတွေကို မမျှော်လင့်တတ်တော့ဘူး တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို မတောင့်တတတ်တော့ဘူး ဒါဟာ ကျမ ရင့်ကျက်သွားတာလား တည်ငြိမ်သွားတာလားတော့ အသေအချာမပြောတတ်ဘူး သေချာတာတစ်ခုကတော့ ကျမရဲ့ စိတ်တွေ အေးချမ်းသွားတယ် ပေါ့ပါးသွားတယ် မရနိုင်တဲ့ ဂရုစိုက်မှုတွေ မပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေကို မျှော်လင့်တောင့်တနေတာထက် အရာအားလုံးကို လွှတ်ချလိုက်ခြင်းကသာ ကျမရဲ့စိတ်ကို ချမ်းမြေ့မှု အပေးနိုင်ဆုံးလို့ သိလာတယ် သူတပါးရဲ့ ချစ်ခြင်းတွေ ကို မျှော်လင့်ရတာ စိတ်ပင်ပန်းပါတယ် ကျမရဲ့စိတ်ကို လွတ်လပ်ခွင့်ပေးကြည့်လိုက်တဲ့အခါ စိတ်အချမ်းမြေ့ဆုံးသူ အပူပင်ကင်းဆုံးသူက ကျမကိုယ်တိုင်ပဲ ဖြစ်လာပါတယ် #Tulip.🦋 -
တစ်ဖတ်ထဲ လှရုံနဲ့ မရဘူး
ဖိနပ်က နှစ်ဖက်ရှိမှ ခရီးရောက်တာ
ယုံကြည်မှုဆိုတာလဲ အဲ့လိုဘဲ
တစ်ယောက်တည်း ရှိယုံနဲ့မရဘူး
သူ့ဘက် ကိုယ့်ဘက်ရှိမှ
အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
ယုံကြည်မှုဆိုတာ
ပျတ်စီးသွားပြီဆိုတဲ့အခါ
ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး
ဒါကြောင့်
ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို
ကွယ်ရာမှာ အတင်းပြန်မပြောရဘူး
ယုံကြည်လို့
ချေးငှားလိုက်တဲ့ ပိုတ်ဆံကို
မတောင်းခင်ကတည်းက
အလိုက်တသိ ပြန်ပေးရတယ်
ယုံကြည်လို့
ကူညီပေးလိုက်တာကို
ဘယ်တော့မှ ကျေးဇူးမကန်းရဘူး
ယုံကြည်လို့
ပေးထားတဲ့ မေတ္တာကို
တန်ဖိုးမထား မလေးမစားမလုပ်ရဘူး
ယုံကြည်လို့
တွဲထားတဲ့ လက်တွေကို
နာကျင်ဒဏ်ရာတွေ မပေးရဘူး
ယုံကြည်လို့ပေးထားတဲ့
အခွင့်အရေးကို
ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး
အဲ့ဒီယုံကြည်မှုထဲမှာ
ချစ်ခြင်းမေတ္တာတွေပါတယ်
ကိုယ်ချင်းစာတရားတွေပါတယ်
သံယောဇဉ်တွေပါတယ်
ဒါကြောင့် ယုံကြည်မှုကို
လွယ်လွယ်နဲ့ မဖျတ်စီးသင့်ဘူး
တကယ်လို့
ယုံကြည်မှုကို ဖျတ်စီးလိုက်တဲ့အခါ
တကယ်နစ်နာဆုံးရှုံးသွားတာက
ကိုယ်ဖြစ်နေတတ်တယ်
ဒီလိုဘဲ
ဘဝမှာ
ကိုယ့်ရဲ့ယုံကြည်မူ့ကို
အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှ်ိတယ်
ဒါပေမယ့်
တကယ် ဝမ်းမနည်းပါဘူး
စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်
အဲ့ဒါက ဘာလဲဆိုတော့
အရင်လို စေတနာတွေ အကူအညီတွေ
ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့
ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ
ယုံကြည်မှုကို တန်ဖိုးထားပါ
တစ်ချို့အရာတွေက
ပြန်လိုချင်ရင်တောင်မှ
ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ...
လေးစားစွာဖြင့်
#crd
#crd_to_owner_with_respectcrdတစ်ဖတ်ထဲ လှရုံနဲ့ မရဘူး ဖိနပ်က နှစ်ဖက်ရှိမှ ခရီးရောက်တာ ယုံကြည်မှုဆိုတာလဲ အဲ့လိုဘဲ တစ်ယောက်တည်း ရှိယုံနဲ့မရဘူး သူ့ဘက် ကိုယ့်ဘက်ရှိမှ အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ ယုံကြည်မှုဆိုတာ ပျတ်စီးသွားပြီဆိုတဲ့အခါ ဘယ်လိုပြန်တည်ဆောက် တည်ဆောက် ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး ဒါကြောင့် ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို ကွယ်ရာမှာ အတင်းပြန်မပြောရဘူး ယုံကြည်လို့ ချေးငှားလိုက်တဲ့ ပိုတ်ဆံကို မတောင်းခင်ကတည်းက အလိုက်တသိ ပြန်ပေးရတယ် ယုံကြည်လို့ ကူညီပေးလိုက်တာကို ဘယ်တော့မှ ကျေးဇူးမကန်းရဘူး ယုံကြည်လို့ ပေးထားတဲ့ မေတ္တာကို တန်ဖိုးမထား မလေးမစားမလုပ်ရဘူး ယုံကြည်လို့ တွဲထားတဲ့ လက်တွေကို နာကျင်ဒဏ်ရာတွေ မပေးရဘူး ယုံကြည်လို့ပေးထားတဲ့ အခွင့်အရေးကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး အဲ့ဒီယုံကြည်မှုထဲမှာ ချစ်ခြင်းမေတ္တာတွေပါတယ် ကိုယ်ချင်းစာတရားတွေပါတယ် သံယောဇဉ်တွေပါတယ် ဒါကြောင့် ယုံကြည်မှုကို လွယ်လွယ်နဲ့ မဖျတ်စီးသင့်ဘူး တကယ်လို့ ယုံကြည်မှုကို ဖျတ်စီးလိုက်တဲ့အခါ တကယ်နစ်နာဆုံးရှုံးသွားတာက ကိုယ်ဖြစ်နေတတ်တယ် ဒီလိုဘဲ ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှ်ိတယ် ဒါပေမယ့် တကယ် ဝမ်းမနည်းပါဘူး စိတ်မကောင်းတာ တစ်ခုတော့ရှိတယ် အဲ့ဒါက ဘာလဲဆိုတော့ အရင်လို စေတနာတွေ အကူအညီတွေ ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့ ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ယုံကြည်မှုကို တန်ဖိုးထားပါ တစ်ချို့အရာတွေက ပြန်လိုချင်ရင်တောင်မှ ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ... လေးစားစွာဖြင့် #crd #crd_to_owner_with_respectcrd -
အမှားတွေဆီကနေ သင်ယူပါ
ဘဝဆိုတာ သင်ယူဖို့ပါပဲ
အမှားတွေဆီက သင်ယူတတ်တဲ့သူက
ပိုတော်လာတယ်
နာကျင်မှုတွေကို ခံနိုင်ရည်ရှိသွားတဲ့သူတွေက
ပိုရင့်ကျက်လာတယ်
မျက်ရည်ကို ဆေးဖက်ဝင်အောင် အသုံးချတတ်တဲ့သူတွေက
ခံစားမလွယ်တော့ပဲနဲ့ ပိုမာကျောလာတယ်
ပျော့ညံ့တဲ့စိတ်ကို
မခံချင်တဲ့စိတ်သို့ ပြောင်းလိုက်တဲ့အခါ
အဲ့ဒီလူရဲ့ အနာဂါတ်ဟာ ပိုတောက်ပလာတယ်။
လဲကျတာကို
အရှုံးလို့ မသတ်မှတ်တဲ့သူတွေက
အောင်မြင်မှုနဲ့ ပိုနီးသွားတယ်
နားလည်ပေးတဲ့သူက
အမုန်းနဲ့ ဒေါသတွေကင်းပြီး
ပိုအေးချမ်းတယ်
ခွင့်လွှတ်ပေးတတ်တဲ့သူက
ပိုပြည့်ဝပြီး လွတ်မြောက်မှုကို ခံစားရတယ်
သည်းခံတတ်တဲ့သူက
ရန်မများဘဲ ကိုယ့်စိတ်နဲ့ကိုယ် နေနိုင်သွားတယ်
သူ့နေရာမှာ ငါသာဆိုပြီး
ကိုယ်ချင်းစာပေးတတ်တဲ့သူက
လူ ပီသသွားတယ်
ငါ ဘာယူသွားရမလဲဆိုတဲ့ စိတ်နဲ့ မရှင်သန်နဲ့
ငါ ဘာပေးခဲ့ရမလဲဆိုတဲ့ စိတ်နဲ့ပဲ ရှင်သန်သွားပါ
မတော်လို့ တခုခုလွဲချော်သွားရင်
ငါတော့ မှားသွားပြီလို့ မတွေးပါနဲ့
တကယ်တော့
ဘဝဆိုတာ အရှုံးတွေနဲ့ ပြိုလဲနေဖို့ မဟုတ်ဘူး
ဘဝဆိုတာ အမှားတွေဆီက သင်ယူဖို့ပါအမှားတွေဆီကနေ သင်ယူပါ ဘဝဆိုတာ သင်ယူဖို့ပါပဲ အမှားတွေဆီက သင်ယူတတ်တဲ့သူက ပိုတော်လာတယ် နာကျင်မှုတွေကို ခံနိုင်ရည်ရှိသွားတဲ့သူတွေက ပိုရင့်ကျက်လာတယ် မျက်ရည်ကို ဆေးဖက်ဝင်အောင် အသုံးချတတ်တဲ့သူတွေက ခံစားမလွယ်တော့ပဲနဲ့ ပိုမာကျောလာတယ် ပျော့ညံ့တဲ့စိတ်ကို မခံချင်တဲ့စိတ်သို့ ပြောင်းလိုက်တဲ့အခါ အဲ့ဒီလူရဲ့ အနာဂါတ်ဟာ ပိုတောက်ပလာတယ်။ လဲကျတာကို အရှုံးလို့ မသတ်မှတ်တဲ့သူတွေက အောင်မြင်မှုနဲ့ ပိုနီးသွားတယ် နားလည်ပေးတဲ့သူက အမုန်းနဲ့ ဒေါသတွေကင်းပြီး ပိုအေးချမ်းတယ် ခွင့်လွှတ်ပေးတတ်တဲ့သူက ပိုပြည့်ဝပြီး လွတ်မြောက်မှုကို ခံစားရတယ် သည်းခံတတ်တဲ့သူက ရန်မများဘဲ ကိုယ့်စိတ်နဲ့ကိုယ် နေနိုင်သွားတယ် သူ့နေရာမှာ ငါသာဆိုပြီး ကိုယ်ချင်းစာပေးတတ်တဲ့သူက လူ ပီသသွားတယ် ငါ ဘာယူသွားရမလဲဆိုတဲ့ စိတ်နဲ့ မရှင်သန်နဲ့ ငါ ဘာပေးခဲ့ရမလဲဆိုတဲ့ စိတ်နဲ့ပဲ ရှင်သန်သွားပါ မတော်လို့ တခုခုလွဲချော်သွားရင် ငါတော့ မှားသွားပြီလို့ မတွေးပါနဲ့ တကယ်တော့ ဘဝဆိုတာ အရှုံးတွေနဲ့ ပြိုလဲနေဖို့ မဟုတ်ဘူး ဘဝဆိုတာ အမှားတွေဆီက သင်ယူဖို့ပါ -
..အမှန်တွေ့လောကမှာအဲလို့မျိုးက ခပ်များများ......"မဖိနှိမ့်ပါနဲ့"
ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို
ခွေးကြောက်တယ်ထင်ပြီး
ရှူးတိုက်ချင်သေးတယ်။
လည်မျိုတက်နင်းလို့ လျှာထွက်နေတာကို
မျက်နှာပြောင်တယ်ထင်ပြီး
ပါးရိုက်ချင်သေးတယ်။
ကြိုးစားနေချိန်မို့ သည်းခံနေတာကို
ကြောက်တတ်တယ်ထင်ပြီး
ဗိုလ်ကျချင်သေးတယ်။
အားနာလို့ လိုက်ရောတာကို
အ,တယ်ထင်ပြီး
အနိုင်ကျင့်ချင်သေးတယ်။
ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို
သတ္တိမရှိဘူးထင်ပြီး
မိုက်ကြေးခွဲချင်သေးတယ်။
နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို
အဆင့်မရှိဘူး ထင်ပြီး
မောက်မာချင်သေးတယ်။
လူတစ်ချို့က
ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊
ငါ သူ့ကိုပိုင်တယ်၊
ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊
ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး
အပေါ်စီးက အမြဲနေချင်ကြတယ်။
တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ
ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင်
ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက
အင်မတန် ပြင်းထန်လာလိမ့်မယ်။
အဲ့အချိန်ကျရင် သတိထားပေတော့
တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့ သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့။
#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
#crd_to_owner_with_respect
#CRD
Pointရှာတဲ့post..အမှန်တွေ့လောကမှာအဲလို့မျိုးက ခပ်များများ......"မဖိနှိမ့်ပါနဲ့" ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို ခွေးကြောက်တယ်ထင်ပြီး ရှူးတိုက်ချင်သေးတယ်။ လည်မျိုတက်နင်းလို့ လျှာထွက်နေတာကို မျက်နှာပြောင်တယ်ထင်ပြီး ပါးရိုက်ချင်သေးတယ်။ ကြိုးစားနေချိန်မို့ သည်းခံနေတာကို ကြောက်တတ်တယ်ထင်ပြီး ဗိုလ်ကျချင်သေးတယ်။ အားနာလို့ လိုက်ရောတာကို အ,တယ်ထင်ပြီး အနိုင်ကျင့်ချင်သေးတယ်။ ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို သတ္တိမရှိဘူးထင်ပြီး မိုက်ကြေးခွဲချင်သေးတယ်။ နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို အဆင့်မရှိဘူး ထင်ပြီး မောက်မာချင်သေးတယ်။ လူတစ်ချို့က ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊ ငါ သူ့ကိုပိုင်တယ်၊ ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊ ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး အပေါ်စီးက အမြဲနေချင်ကြတယ်။ တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင် ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက အင်မတန် ပြင်းထန်လာလိမ့်မယ်။ အဲ့အချိန်ကျရင် သတိထားပေတော့ တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့ သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့။ #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည် #လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည် #crd_to_owner_with_respect #CRD Pointရှာတဲ့post -
#သိလျှက်နဲ့ကျနော်
မျှော်လင့််ချက် မရှိဘူး....
သိလျှက်နဲ့
ကျနော် ချစ်ခဲ့မိတယ်
ဆုံးဆည်းခွင့် မရှိဘူး.....
တမ်းတသသ
ကျနော် စွဲလမ်းမိတယ်
ပိုင်ဆိုင်ခွင့် မရှိဘူး....
ကြေကွဲရင်း
ကျနော် မြတ်နိုးနေမိတယ်
ချစ်ခွင့်လေး ရနေသမျှ
သူ့ရင်ထဲ
ကျနော် အမြဲရှိချင်တယ်
နိုးတစ်ဝက် အိမ်မက်ရဲ့
သေသပ် လှပစွာသော
ဇာတ်သိမ်းခန်းကို
ကျနော့်ရဲ့ အတ္တနဲ့
မှင်သက်စွာ စောင့်ကြည့်ခွင့်လေး
ပေးသနားပါ.... ။
မစု(မုဒုံ)#သိလျှက်နဲ့ကျနော် မျှော်လင့််ချက် မရှိဘူး.... သိလျှက်နဲ့ ကျနော် ချစ်ခဲ့မိတယ် ဆုံးဆည်းခွင့် မရှိဘူး..... တမ်းတသသ ကျနော် စွဲလမ်းမိတယ် ပိုင်ဆိုင်ခွင့် မရှိဘူး.... ကြေကွဲရင်း ကျနော် မြတ်နိုးနေမိတယ် ချစ်ခွင့်လေး ရနေသမျှ သူ့ရင်ထဲ ကျနော် အမြဲရှိချင်တယ် နိုးတစ်ဝက် အိမ်မက်ရဲ့ သေသပ် လှပစွာသော ဇာတ်သိမ်းခန်းကို ကျနော့်ရဲ့ အတ္တနဲ့ မှင်သက်စွာ စောင့်ကြည့်ခွင့်လေး ပေးသနားပါ.... ။ မစု(မုဒုံ) -
❝သူမချစ်တော့တာသေချာရင်❞
-----------------------
လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ...
လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့်
ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက
သင့်ရဲ့တန်ဖိုးပါ။
သူမချစ်တော့တာသေချာနေပြီဆိုရင်...
လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ
ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ်
ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။
ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက်
အတင်းဆွဲထားစရာမလိုပါဘူး...
သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင်
ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။
မချစ်တော့တာ သေချာနေတဲ့လူအနားမှာ
ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက်
ရဲရဲကြီး မေ့ပြစ်လိုက်ပါ။
#မေဆု(ရာမညမြေ)❝သူမချစ်တော့တာသေချာရင်❞ ----------------------- ◽လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ... လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့် ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက သင့်ရဲ့တန်ဖိုးပါ။ ◽သူမချစ်တော့တာသေချာနေပြီဆိုရင်... လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ် ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။ ◽ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက် အတင်းဆွဲထားစရာမလိုပါဘူး... သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင် ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။ ◽မချစ်တော့တာ သေချာနေတဲ့လူအနားမှာ ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက် ရဲရဲကြီး မေ့ပြစ်လိုက်ပါ။ #မေဆု(ရာမညမြေ) -
ရန်မဖြစ်တတ်လို့ မဟုတ်ဘူး
ရန်ဖြစ်ဖို့စကားလုံး တွေးတာနဲ့တင်
ပူလောင်လို့ပါ။
ဒေါသမရှိတာမဟုတ်ဘူး
တစ်ဖက်လူက ဒုတိယ
ကိုယ်ကပထမ ပူလောင်လို့ပါ။
မာနမရှိတာမဟုတ်ပါဘူး
ရေပွက်ပမာ ဘဝခဏတာမှာ
လူမုန်းမများချင်လို့ပါ။
အမုန်းမရှိတာ မဟုတ်ပါဘူး
သူတစ်ပါးအတွက်နဲ့
မိမိစိတ် အညစ်အကြေးမစွန်းချင်လို့ပါ။
လောဘမရှိတာမဟုတ်ပါဘူး
အသောမသတ်တဲ့ သဘောတရားကပူလောင်လို့ပါ။
အညှိုးအတေးမရှိတာမဟုတ်ပါဘူး
ပြန်တွေးမိတိုင်း ပူလောင်လွန်းလို့
ဥပေက္ခာနဲ့ လဲလိုက်တာပါ။
တကယ်တော့......
ပူထုဇဉ်လူသားတစ်ယောက်ပဲလေ
အကုန်ရှိတာပေါ့။
ဒါပေမယ့်
အသိကို သတိလေးနဲ့ ထိန်းသိမ်းရင်း
သူတစ်ပါးအတွက်နဲ့
မိမိစိတ်ကို
အရောင်မစွန်းထင်းဖို့
မိမိစိတ်ချမ်းသာဖို့ လုပ်နေတာ
ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ပါ။
#credit
နှင်းဆီ စာပေ
#Ingyinnaing 🕊
#foryoupageシရန်မဖြစ်တတ်လို့ မဟုတ်ဘူး ရန်ဖြစ်ဖို့စကားလုံး တွေးတာနဲ့တင် ပူလောင်လို့ပါ။ ဒေါသမရှိတာမဟုတ်ဘူး တစ်ဖက်လူက ဒုတိယ ကိုယ်ကပထမ ပူလောင်လို့ပါ။ မာနမရှိတာမဟုတ်ပါဘူး ရေပွက်ပမာ ဘဝခဏတာမှာ လူမုန်းမများချင်လို့ပါ။ အမုန်းမရှိတာ မဟုတ်ပါဘူး သူတစ်ပါးအတွက်နဲ့ မိမိစိတ် အညစ်အကြေးမစွန်းချင်လို့ပါ။ လောဘမရှိတာမဟုတ်ပါဘူး အသောမသတ်တဲ့ သဘောတရားကပူလောင်လို့ပါ။ အညှိုးအတေးမရှိတာမဟုတ်ပါဘူး ပြန်တွေးမိတိုင်း ပူလောင်လွန်းလို့ ဥပေက္ခာနဲ့ လဲလိုက်တာပါ။ တကယ်တော့...... ပူထုဇဉ်လူသားတစ်ယောက်ပဲလေ အကုန်ရှိတာပေါ့။ ဒါပေမယ့် အသိကို သတိလေးနဲ့ ထိန်းသိမ်းရင်း သူတစ်ပါးအတွက်နဲ့ မိမိစိတ်ကို အရောင်မစွန်းထင်းဖို့ မိမိစိတ်ချမ်းသာဖို့ လုပ်နေတာ ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ပါ။ #credit နှင်းဆီ စာပေ #Ingyinnaing 🕊💙 #foryoupageシ
More Results