• ရှေးလူကြီးတွေဟာ ပိုးစာရွက်ကို နေ့စဉ် ရေနွေးအဖြစ် သောက်သုံးလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရွက်သေးသေးလေးတွေဟာ ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာကို အထောက်အကူပြုနိုင်လို့ပါပဲ။
    ပိုးစာရွက်ရဲ့ အဓိက အစွမ်းသတ္တိများ
    1. မျက်လုံးအားကောင်းခြင်း :
    • ပိုးစာရွက်မှာ မျက်လုံးကို တိုက်ရိုက်အားဖြည့်ပေးတဲ့ Lutein နဲ့ Zeaxanthin တို့ ပါဝင်တာကြောင့် မျက်လုံးပင်ပန်းတာ၊ မှုန်ဝါးတာ၊ ညဘက် အလင်းရောင်ကြောင့် မျက်စိကျိန်းတာတွေ သိသိသာသာ လျော့နည်းစေပါတယ်။
    2. သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း :
    • အချိုကြိုက်သူတွေနဲ့ သကြားဓာတ်တက်လွယ်သူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ပိုးစာရွက်က သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေကာ အစာစားပြီးနောက် ငိုက်မျဉ်းခြင်းကို သက်သာစေပါတယ်။
    3. ချောင်းခြောက်ဆိုးတာ၊ နာတာရှည် ချောင်းဆိုးတာ၊ သလိပ်ကပ်တာ၊ အသက်ရှူမဝတာတွေအတွက် ကူညီပေးပါတယ်။ ပိုးစာရွက်က အေးမြတဲ့ အာနိသင်ရှိလို့ အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေပြီး ဖုန်မှုန့်တွေများတဲ့နေ့တွေမှာ သောက်သုံးရင် အဆုတ်ကို ပေါ့ပါးစေတယ်လို့ ခံစားရပါလိမ့်မယ်။
    4. သွေးလည်ပတ်မှုကောင်းစေခြင်း
    • ခေါင်းမူးတာ၊ မျက်နှာမိုက်ခနဲဖြစ်တာ၊ ဦးခေါင်းလေးလံတာတွေ ခံစားရရင် သောက်သုံးပေးပါက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ခေါင်းကြည်လင်လာစေပါတယ်။
    5. ဝမ်းမှန်စေခြင်း
    • အမျှင်ဓာတ် (Fiber) မြင့်မားစွာ ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကောင်းမွန်စွာ အလုပ်လုပ်စေပြီး ဝမ်းချုပ်လွယ်သူများ ကိုယ်ခန္ဓာ ပေါ့ပါးလာစေပါတယ်။
    ပြုတ်သောက်နည်းများ
    ၁။ အလွယ်ကူဆုံး (စိမ်သောက်နည်း)
    • ပိုးစာရွက် လက်တစ်ဆုပ်စာ (အခြောက်) ကို ရေနွေးပူပူ တစ်ခွက်နဲ့ ၅-၁၀ မိနစ် စိမ်ပြီး နွေးနွေးလေး သောက်ပါ။
    ၂။ အဆုတ်အတွက် (ပြုတ်သောက်နည်း)
    • ပိုးစာရွက် လက်တစ်ဆုပ်စာ (အစို) ကို ရေ ၁ လီတာ နဲ့ ၁၀ မိနစ် ပြုတ်ပါ။ မနက်ခင်း သို့မဟုတ် ညအိပ်ရာမဝင်မီ သောက်ပါ။
    အကြံပြုချက် (မျက်လုံး ပင်ပန်းတဲ့အခါ)
    • မျက်လုံးအရမ်း ပင်ပန်းတဲ့နေ့တွေမှာ ပိုးစာရွက်အခြောက် ၁ ဇွန်း ကို ရေနွေးစိမ်ပြီး ညအိပ်ရာမဝင်ခင် သောက်ပေးရင် မျက်လုံးလေးလံမှု သက်သာစေပါတယ်။
    ပိုးစာရွက် တစ်ရွက်တည်းက မျက်စိ၊ အဆုတ်၊ သွေး၊ သကြားဓာတ်နဲ့ အူလမ်းကြောင်းကိုပါ ကူညီပေးနိုင်တာကြောင့် ရှေးလူကြီးတွေ နေ့စဉ်သောက်သုံးခဲ့တာ အံ့ဩစရာ မရှိပါဘူး။
    #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပိုးစာရွက် #မျက်လုံးအားကောင်း #သွေးတိုးထိန်း #အဆုတ်ကျန်းမာရေး #ဝမ်းမှန်
    ရှေးလူကြီးတွေဟာ ပိုးစာရွက်ကို နေ့စဉ် ရေနွေးအဖြစ် သောက်သုံးလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရွက်သေးသေးလေးတွေဟာ ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာကို အထောက်အကူပြုနိုင်လို့ပါပဲ။ ✨ ပိုးစာရွက်ရဲ့ အဓိက အစွမ်းသတ္တိများ 1. မျက်လုံးအားကောင်းခြင်း : • ပိုးစာရွက်မှာ မျက်လုံးကို တိုက်ရိုက်အားဖြည့်ပေးတဲ့ Lutein နဲ့ Zeaxanthin တို့ ပါဝင်တာကြောင့် မျက်လုံးပင်ပန်းတာ၊ မှုန်ဝါးတာ၊ ညဘက် အလင်းရောင်ကြောင့် မျက်စိကျိန်းတာတွေ သိသိသာသာ လျော့နည်းစေပါတယ်။ 2. သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း : • အချိုကြိုက်သူတွေနဲ့ သကြားဓာတ်တက်လွယ်သူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ပိုးစာရွက်က သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေကာ အစာစားပြီးနောက် ငိုက်မျဉ်းခြင်းကို သက်သာစေပါတယ်။ 3. ချောင်းခြောက်ဆိုးတာ၊ နာတာရှည် ချောင်းဆိုးတာ၊ သလိပ်ကပ်တာ၊ အသက်ရှူမဝတာတွေအတွက် ကူညီပေးပါတယ်။ ပိုးစာရွက်က အေးမြတဲ့ အာနိသင်ရှိလို့ အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေပြီး ဖုန်မှုန့်တွေများတဲ့နေ့တွေမှာ သောက်သုံးရင် အဆုတ်ကို ပေါ့ပါးစေတယ်လို့ ခံစားရပါလိမ့်မယ်။ 4. သွေးလည်ပတ်မှုကောင်းစေခြင်း • ခေါင်းမူးတာ၊ မျက်နှာမိုက်ခနဲဖြစ်တာ၊ ဦးခေါင်းလေးလံတာတွေ ခံစားရရင် သောက်သုံးပေးပါက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ခေါင်းကြည်လင်လာစေပါတယ်။ 5. ဝမ်းမှန်စေခြင်း • အမျှင်ဓာတ် (Fiber) မြင့်မားစွာ ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကောင်းမွန်စွာ အလုပ်လုပ်စေပြီး ဝမ်းချုပ်လွယ်သူများ ကိုယ်ခန္ဓာ ပေါ့ပါးလာစေပါတယ်။ 🍵 ပြုတ်သောက်နည်းများ ၁။ အလွယ်ကူဆုံး (စိမ်သောက်နည်း) • ပိုးစာရွက် လက်တစ်ဆုပ်စာ (အခြောက်) ကို ရေနွေးပူပူ တစ်ခွက်နဲ့ ၅-၁၀ မိနစ် စိမ်ပြီး နွေးနွေးလေး သောက်ပါ။ ၂။ အဆုတ်အတွက် (ပြုတ်သောက်နည်း) • ပိုးစာရွက် လက်တစ်ဆုပ်စာ (အစို) ကို ရေ ၁ လီတာ နဲ့ ၁၀ မိနစ် ပြုတ်ပါ။ မနက်ခင်း သို့မဟုတ် ညအိပ်ရာမဝင်မီ သောက်ပါ။ 💡 အကြံပြုချက် (မျက်လုံး ပင်ပန်းတဲ့အခါ) • မျက်လုံးအရမ်း ပင်ပန်းတဲ့နေ့တွေမှာ ပိုးစာရွက်အခြောက် ၁ ဇွန်း ကို ရေနွေးစိမ်ပြီး ညအိပ်ရာမဝင်ခင် သောက်ပေးရင် မျက်လုံးလေးလံမှု သက်သာစေပါတယ်။ ပိုးစာရွက် တစ်ရွက်တည်းက မျက်စိ၊ အဆုတ်၊ သွေး၊ သကြားဓာတ်နဲ့ အူလမ်းကြောင်းကိုပါ ကူညီပေးနိုင်တာကြောင့် ရှေးလူကြီးတွေ နေ့စဉ်သောက်သုံးခဲ့တာ အံ့ဩစရာ မရှိပါဘူး။ #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ပိုးစာရွက် #မျက်လုံးအားကောင်း #သွေးတိုးထိန်း #အဆုတ်ကျန်းမာရေး #ဝမ်းမှန်
    Love
    Care
    2
    · 0 Comments ·0 Shares ·60 Views
  • #မြို့နယ်အလိုက်ထုံးစပ်နည်း ထုံးဖောက်နည်းများ #

    ရန်ကုန် မြို့အတွက် ထုံး စပ်နည်း ပါ

    #အောင်ထုံးဘူး
    # သဇင်ကျော်ထုံးဘူး
    #တခြားဘယ် ready made ထုံး ဘူးမဆို ရပါတယ်
    #အသုံးပြုပုံ #
    ပထမ ထုံတစ်ဘူးဝယ်ပါ
    ထုံး ဘူးကို သမအောင် လှုပ်ပေးပါ
    ပြီးရင် ပေါင်းအိုး (သို့) ဒန်အိုးထဲ ထည့်ပါ
    အိုးပွက်လာသည်အထိ ကျိုပါ
    အိုးဆူလာရင်
    #သကြား ထမင်းစား ၄ဇွန်း
    #ဆား လဘက်စား ၁ဇွန်း
    #ထောပတ် လဘက်စား ၁ဇွန်း
    # အချိုမူန့် လဘက်စား ၁ဇွန်း
    ထည့်ပြီး နှံ့အောင်မွှေပေးပါ
    ၁၅မိနစ် ခန့်ကျိုပြီး အိုးကို အအေးခံထားပါ
    အေးရင် ထုံး က ကျို ထားလို့ ပျစ်နေလိမ့်မယ်
    ထုံး အပျစ်အကျဲကို ချိန်ဆ ပြီး ရေနွေးရောပါ
    ပြီး ရင် ရေစစ်နဲ့ ၂ထပ်စစ်ပြီး
    တစ်ည သိပ်ထားပါ
    မနက်ကျ ဆိုင် မှာ စတင် ရောင်းချနိုင်ပါပြီ
    ကွမ်းရွက် ကိုညောင်တုန်းကွမ်းရွက် သုံးပေးပါ
    အားလုံး အဆင်ပြေကြပါစေ

    Yadi Kyaw

    မန္တလေး မြို့အတွက်
    ထုံးစပ်နည်းပါ

    ကျော်ထင် ၂ထုပ်
    ၀ငျး(သို့) ရွှေနန်းတော်(သို့)
    ထီးနီနီ(သို့ ) ဇွဲ ထုံးကြမ်း
    ၁ထုပ် လိုပါတယ်။
    # အသုံးပြုပုံ
    ကျော်ထင် ၂ထုပ်
    ၀ငျး ၁ထုပ်ကို
    ကော်ပုံး (သို့) စဥ့်အိုးတစ်ခုခု နဲ့ ထည့်ပါ။
    ရေနွေးပွက်ပွက်ဆူ ထည့်ပါ။
    ပြီးရင် နှံ့အောင်မွှေပေးပါ။
    နောက်ရက် အပေါ်ရေကြည်နေ့တိုင်းသွန်ပါ။
    ရေနွေး ထပ်ထည့်ပါ။
    နှံ့အောင်မွှေပေးပါ။
    တစ်နေ့ ၂ကြိမ် ပြုလုပ်ပေးပါ။
    အနည်းဆုံး (၇)ရက်လောက် နှပ်ထားပေးပါ။
    (၈)ရက်မြောက်နေ့တွင် အပေါ်ရေကြည်အကုန်သွန်ပါ။ ကျန်တဲ့ ထုံးအနှစ်ထဲကို အုန်းသီး ၃လုံးစာ
    အုန်းနို့ရည် ညှစ်ထည့်ပါ။ ကျို ထည့်ရင် ပိုကောင်းပါတယ်။
    ပြီး ရင် စပါကလင် (၂)လုံး
    Power အမူန့် (၆) ထုပ်
    ဆား ထမင်းစား( ၂)ဇွန်း
    ထည့်ပြီးနှံ့နေအောင် မွှေပေးပါ။
    ရောင်းခါနီး ထုံးအပျစ်အကျဲကို
    ရေကျက်အေး ထည့်ပြီး အသုံးပြုပေးပါ။
    ရောင်းခါနီးရေစစ်နဲ့ ၂ကြိမ်စစ်ပေးပါ။
    လုံး၀ ထုံးမပေါက်ပဲ အရမ်းစားကောင်းပါတယ်နော်။
    အားလုံးအဆင်ပြေကြပါစေရှင်

    Yadi kyaw✍✍✍

    မြိတ်မြို့ ထုံးစပ်နည်း

    မြိတ်ထုံးစပ်နည်းမပြောခင်
    မြိတ်သူ မြိတ်သားတို့ရဲ့
    စကားသံ ၀ဲဝဲလေးနဲ့
    ချစ်စရာအသံလေးအကြောင်း
    ပြောချင်ပါတယ်
    သူတို့က အမျိုးသားတွေဆို #ဟုတ်ကဲ့#
    ဆိုတဲ့ နေရာမှာ #ခင်ဗျ#ဆိုပြီးသုံးပါတယ်
    အမျိုးသမီးတွေက #ဟုတ်ကဲ့#ဆိုတဲ့ နေရာမှာ
    #ရှင့်#ဆိုတဲ့ စကားသုံးနူန်းတာက်ို တွေ့ရပါတယ်
    ကဲ
    #ထုံးစပ်နည်းအကြောင်း ဆက်မယ်
    # မြိတ်မြို့က ကွမ်းရွက်တွေက အစိမ်းရင့်ရောင်ရှိပြီးအရမ်းထူ တဲ့ အတွက် ထုံးကြမ်းသီးသန့် သုံးရပါမယ်
    # ထုံးကြမ်းသေတ္တာတွေနဲ့ ရှိပါတယ်#
    #အသုံးပြုပုံ#
    #ထုံးကြမ်း ၃ပိသာ
    #ပုံးတစ်ခုခုနဲ့ ထည့်ပြီး နှံ့အောင်မွှေပေးပါ။
    #သံပုရာသီး ၃လုံးအခြမ်းလိုက်ထည့်ပါ။
    #ပဲဆီ အစစ် ၁၀သား ကျို ထည့်ပါ။
    #ဆား ၁၀သား
    #ရေနဲ့ ဖြစ်ဖြစ်
    #ရေနွေးနဲ့ ဖြစ်ဖြစ် ထုံးပုံထဲ ထည့်ပြီး
    #သစ်သားယောင်းမ (သို့)ဒုတ်တစ်ခုခုနဲ့
    နှံ့နေအောင် မိနစ် ၂၀လောက်ထိ မွှေပေးပါ။
    # နေ့စဥ် ရေကြည်သွန် ရေလဲ ၂ကြိမ်ခန့် ပြုလုပ်ပေးပါ။
    # ၁၅ ရက် ကြာတဲ့ အခါ
    #ထုံးတွေအားလုံးကို ရေစစ်နဲ့ ၂ကြိမ် စစ်ပါ။
    #ပြီးရင် ရေသန့်ဘူးတစ်ဘူးစာ ထုံးကို ယူပါ။
    #ပြီးရင် နွားနို့ ၂၅ကျပ်သား ကျိုထည့်ပါ။
    ။အချိုအတွက် ပါ၀ာဆေးသကြားအနည်းငယ်သုံးပေးပါ။
    #ထုံးအလေးဓာတ် လိုချင် သံပုရာသီးတလုံး အရည်ညှစ်ထည့်ပါ။
    # နှပ်ဆေးရည် ထမင်းစား၁ဇွန်းထည့်ပေးပါ။
    #ပါ၀ာဆေးသကြားလဘက်စား၁ဇွန်းထည့်ပြီး
    ၁၀မိနစ်ကြာသည်အထိ အထိ မွှေပေးပါ။
    #ပြီးရင် ရေစစ်နဲ့ သေချာစစ်ပြီးအသင့်သုံးနိုင်ပါပြီရှင်။
    #ထုံးလေးလေးပင်ပင်နဲ့ အရမ်းစားကောင်းတဲ့
    #မြိတ်မြို့ရဲ့ ထုံးစပ်နည်းလေးသုံးကြည့်နော်
    အားလုံးအဆင်ပြေကြပါစေ

    Yadi kyaw

    ရွှေဘိုမြို့ ထုံးစပ်နည်း


    #ထုံးပြင်း ၆ ပိသာ
    #ထုံးပျော့ ၃ပိသာ
    စုစုပေါင်း
    ထုံး ၉ပိသာ လိုပါတယ်နော်

    # အသုံးပြုပုံ#

    ထုံး၉ပိသာကို ကော်ပုံး (သို့) စဥ့်အိုးထဲတွင်
    ရေနွေးပွက်ပွက်ဆူ လောင်းထည့်ပြီး နှံ့အောင်မွှေပါ။
    ပြီးရင် သံပုရာသီး (၃)လုံး
    အရက်ဦးရည် (တောအရက်) လဘက်ရည် ခွက် ၁ခွက်၊ဆား ၂၅ ကျပ်သား ၊ထုံးပါဝါအမှုန့် (၁၀)ထုပ်၊ရောထည့်ပြီး သေချာလေး မွှေပေးပါ။
    နေ့တိုင်းအပေါ်ရေကြည်သွန် ၊ရေနွေးထပ်ထည့်ပါ။
    (၁၀) ရက် အနည်းဆုံး လုပ်ပေးပါ။
    (၁၁) ရက်မြောက်နေ့တွင်
    နို့စိမ်း (၃) ဘူး ကို ကျအောင် ကျိုပါ။
    သကြား(၂၀) သား
    အချိုမှုန့်(၅)ကျပ်သား
    အားလုံးရောကျို ပြီး နှပ်ထားတဲ့ ပုံးထဲ ထည့်ပါ။
    ဆိုင်ရောင်းခါနီး ရေစစ်နဲ့ ၂ကြိမ် စစ်ပေးပါ။
    ထုံးအပျစ်အကျဲကို ရေကျက်အေးနဲ့ ရောစပ် အသုံးပြုပေးပါ။
    ရွှေဘို မြို့က နာမည်ကြီး ကွမ်းယာဆိုင် ညီမလေး
    သင်ဇာရဲ့ နည်းလေးပါ။
    အားလုံးအဆင်ပြေကြပါစေ

    Yadi kyaw

    မော်လမြိုင်ထုံးစပ်နည်း

    #ထုံးအပြင်း
    ထုံးကြမ်း ၃ပျိသာ လိုပါတယ်နော်။
    ပြီးရင် သံပုရာသီးအေသး၈လုံး
    ဆား ၁၀သား
    လိုပါတယ်နော်။
    ပထမ ထုံး ကြမ်း၃ပိသာကို ရေနွေးနဲ့ ကြေအောင်ချေမယ်နော်။
    ပြီးရင် ရေစစ်နဲ့ ၂ကြိမ် စစ်မယ်။
    ခဲ ၊သလဲ တွေ စင်သွားအောင်ပါ၊
    ပြီးရင် သံပုရာသီး ၈ လုံးကို အခြမ်းလိုက်ထည့်မယ်။
    မနက်တစ်ခါ
    ညနေတစ်ခါ
    ရေကြည်သွန်မယ်နော်။
    သံပုရာသီးတွေကို ၅ရက်နေရင် ဖယ်ပစ်ပါ။
    ပြီးရင် ရေစစ်နဲ့ တစ်ကြိမ် ထပ်စစ်မယ်
    ရက် ၂၀လောက် နေရင် သုံးလို့ ရပြီနော်
    ထုံးပြင်းနေသေးရင်တော့ ၁လထိ ထားရမယ်။
    ကိုယ်ကြိုက်တဲ့ ထုံးအနေတော် ဖြစ်ပြီဆိုရင်တော့
    ထုံးကို တစ်အိုးစာ ချိုးရေခွက်နဲ့ ခပ်ပြီး
    တစ်အိုးစာ ဖျော်ရမယ်။
    ဗယ်နီလာနဲ့
    ဗာနီလင်းထည့်ရမယ်။
    ဗယ်နီလာ ၂ကပျြသား
    ဗာနီလင်း ၁ကျပ်သား
    နို့စိမ်းဘူးသေး ၁ဘူး
    ထည့်ပေးရပါမယ်နော်။
    ဗာနီလင်းက ထုံးရဲ့ အောက်နံ့တွေကို ပျောက်စေပါတယ်။
    ဗယ္နီလာကေတာ့ ထုံးကို ဆိမ့်တဲ့ အရသာ ရှိပါတယ်။
    ဟိန္ဒူ ကုလားဆိုင်တွေမှာ မေး၀ယ် ပါ။
    အားလုံးအဆင်ပြေပါစေ

    Yadi kyaw✍✍✍

    နောက်တနည်း

    (၃)ရက်အတွင်းထုံးကြမ်းဖောက်နည်း

    ပါဝင်ပစ္စည်းများ
    -ထုံးပြင်း(၂)ပိသာ (ကျော်ထင်၊ကျော်ထက်၊ဇွဲ၊
    ရွှေနန်းတော် အစရှိသဖြင့် အပြင်းထုပ်ကိုသုံး
    ရန်)
    -အချဥ်မှုန့်(၄၀)သား(ကုန်စုံဆိုင်တွေမှာရနိုင်)
    -ရေ (၁၂)လီတာ
    #ပြုလုပ်နည်း
    -ထုံးပြင်း(၂)ပိသာကိုရေ(၂)လီတာထည့်၍
    လက်အိတ်စွတ်၍ မွှေပါ၊ချေပါ။
    -ရေ(၁၀)လီတာထပ်ထပ်ပါ၊နှံ့အောင်မွှေပါ။
    -အချဥ်မှုန့်(၃)ခေါက်ခွဲ၍ ထည့်ပါ၊(၁)ခေါက်
    ထည့်(၂)မိနစ်မွှေပါ၊(၂)ခေါက်ထည့်(၂)မိနစ်
    မွှေပါ၊(၃)ခေါက်ထည့်(၂)မိနစ်မွှေပါ၊ထည့်ပြီး
    ရင်မမွှေဘဲထားလိုက်ပါ။
    -ဒုတိယရက်တွင် ရေကို(၅)လီတာခပ်ထုတ်ပါ။
    ရေ(၅)လီတာပြန်ထည့်ပါ၊ပြီးရင် မွှေပါ၊ပြီးရင်
    အားလုံးကို ရေစစ်နဲ့စစ်ပါ(တခြားပုံထဲသို့)၊ပြီး
    ရင်ပြန်နှပ်ထားလိုက်ပါ။
    -တတိယရက်တွင် ရေအားလုံးခပ်ထုတ်ပါ
    (အချိန်နဲနဲပေး၍ အနည်ထိုင်ချိန်စောင့်ကာ
    ရေအားလုံးမကျန်အောင်ခပ်ထုတ်ပါ၊နောက်
    ဆုံးထုံးအနှစ်သာကျန်သည်အထိ)
    #ရေလုံးဝမမွှေပါနှင့်။
    -ဒါဆိုထုံးစပ်လို့ရပါပြီ(မိမိကြိုက်နှစ်သက်ရာ
    ဖြင့်စပ်နိုင်)
    #မှတ်ချက်
    ထုံးကိုမြည်းကြည့်ပါ(ပေါ့နေရင် အပြင်းနည်း
    နည်းစီချိန်ဆ၍ ရောပါ)
    -အချဥ်မှုန့်(၄၀)သားထည့်လိုက်တာနက် ထုံးက
    လုံးဝမပေါက်တော့ပါ။ပျော့ဖတ်သွားပါတယ်။
    တအားပျော့ဖတ်တာမဟုတ်ပါ၊ပေါ့ပါ့ပါးပါး
    စားသူအတွက်အဆင်ပြေပါတယ်။
    #အဲ့ထုံးကို အပြင်းပြန်လုပ်မယ်(ထုံးအပြင်းနဲနဲ
    စီချိန်ဆရောပါ)
    #ဒါဆိုအဆင်ပြေပါပြီ။
    -ဖောက်တာရပြီဆို ထုံးစပ်လို့ရပါပြီ။

    Crd# သီဟ

    ထုံးအပြင်းဖောက်နည်းပါ...

    #ပါဝင်ပစ္စည်းများ
    #ထုံးအပြင်း(၃)ပိသာ
    #ဆားကအစိတ်သား
    #သံပုရာသီးအသေး(၈)လုံး

    #ပြုလုပ်ပုံ
    -ထုံးအပြင်းကိုရေနွေးပူပူထဲထည့်ပြီးကြာကြာ
    မွှေပေးပါ။
    -အအေးခံပါ၊အေးသွားရင်သံပုရာရည်ကော
    အခွံတွေပါထည့်ရပါမယ်။
    -ရေအေးထည်နာနာမွှေပါ၊မနက်တိုင်းရေ
    ကြည်သွန်ပေးပါ။(ရေပြန်ထည့်နာနာမွှေ)
    -(၅)ရက်ပြည့်ရင် သံပုရာသီးတွေကိုထုတ်ပစ်
    ပါ။(၄၅)ရက်ဖောက်ရပါမယ်။
    -(၄၅)ရက်ပြည့်ရင်(၃)ရက်စာလောက်ဗူးအ
    သေးထဲကိုရေစစ်နဲ့စစ်ထည့်ပါ။အရက်တစ်
    ပတ်ထည့်မွှေပါ(ဝီစကီထည့်ရင်အနံ့ပိုမွှေး)
    ကြာကြာမွှေပေးပါ ။
    -နောက်မနက်ကျရေကြည်သွန်ပြီးရေအစား
    စူပါကလင်ထည့်ပါ၊ကြာကြာမွှေပါ။
    -နောက်တစ်ရက်မနက်ကျရင် အပေါ်ကဂျပ်
    လေးတွေ ဆယ်ပေးပါ(ရေမသွန်ရတော့ပါ)
    -နှစ်ရက်လုပ်ပြီးရင်ထုံးအပြင်းစားမပေါက်တဲ့
    ထုံးရပါပြီ
    #ဒီထုံးစားပြီးရင်ဘယ်ဆိုင်မှမတိုးတော့ပါ
    #ထုံးသုပ်နည်း
    -ထုံးအပြင်းဖြစ်သည့်အတွက် အဖျားလေးပဲ
    သုပ်ရပါမည်။
    အားလုံးအဆင်ပြေကြပါစေ

    Yadi kyaw

    ထုံးသံပုရာဖောက်နည်း

    #ပါဝင်ပစ္စည်းများ
    -ထုံးအပြင်း(၅)ပိသာ+ထုံးအပျော့(၅)ပိသာ
    -သံပုယိုသီး(၁၀)လုံး
    -ဆား(၄၀)သား
    -ကော်ပုံး(သို့)မြေအိုးအကြီး(ထုံးပိသာနှစ်ဆယ်ဆန့်အိုးတွင် ဖောက်ရန်)
    -ထုံးဖျော်ရန် ပုံးတခုခုလိုပါတယ်

    #ပြုလုပ်ပုံ
    -ထုံးဖောက်မည့်အိုး(သို့)ကော်ပုံးကိုရေသန့်စင်အောင်ဆေးကြောပါ။
    -ထုံးကိုပုံးတခုခုနဲ့ဖျော်ပါ။
    -ပြီးရင်ကော်ပုံး(သို့)စဥိ့အိုးထဲထည့်ပေးပါ။
    -ပြီးရင် သံပုယိုသီးများကို အရေရောအဖတ်ကောထည့်ပါ။
    -ဆားကိုရေနွေးနဲ့ အရည်ဖော်ပြီးထည့်ပေးပါရန်။
    -အားလုံးထည့်ပြီးသွားပါက စိတ်ကြိုက်မွှေပါ
    စိတ်ကြိုက်မွှေပြီးပြီဆိုရင် ရေအပြည့်ဖြည့်ပါ။
    -ပြီးရင်သမ မျှတစေရန် တုတ်အကြီးနဲ့မွှေပါ။(ထုံးမွှေရန်တုတ် သန့်သန့်တခု ပြုလုပ်ထားပါ)
    -ပြီးရင်အမှုန်မဝင်စေရန် အဖုံးကိုအုပ်ထားပေးပါ။
    -(၃)ရက်အတွင်းအပေါ်ရေကြည်မသွန်ဘဲနှပ်ထားပေးပါ(သံပုရာရနံ့စွဲစေရန်)
    -(၄)ရက်မြောက်နေ့တွင် အပေါ်ရေကြည်စသွန်ပေးရပါမယ်(ရေပြည့်ဖြည့်မွှေပေးပါ)
    -တလခွဲဝန်းကျင် နေ့တိုင်းရေကြည်သွန်ပေးပါ။
    -တလခွဲဝန်းကျင်ပြည့်တာနဲ့အပေါ်ရေကြည်
    သွန်ပေးပါ၊ရေအားလုံးသွန်ပါ။
    -မိမိသုံးလိုသလောက်ထုံးအနှစ်ကိုရေစစ်နဲ့ စစ်ယူပါ။
    -ပြီးရင် မိမိကြိုက်နှစ်သက်တဲ့အရသာနဲ့ ရောစပ်ပါက သံပုရာနံသင်းသင်းလေးနဲ့ထုံးသံပုရာရပါပြီ။

    ၄၅ ရက်ပြည့်ပြီဆိုတာနဲ့
    #အချိုအတွက်
    သကြား
    ဆေးသကြား
    #အဆိမ့်အရသာအတွက်
    အုန်းနို့
    နို့စိမ်း
    နွားနို့
    နို့ဆီ
    နို့မွှေး ကြိုက်ရာ ရောစပ်၍ အသုံးပြုပေးပါရှင်
    အားလုံးအဆင်ပြေကြပါစေ
    Yadi kyaw

    #ဒီနေ့သူငယ်ချင်းတွေ အတွက်

    အုန်းသီးနဲ့ ထုံးဖောက်နည်း
    အကြောင်းရေးပေးပါ့မယ်
    တစ်ကယ်လက်တွေ့စမ်းသပ်ပြီး
    နားမလည်မှ ဖုန်းဆက်မေးရန်
    ကြိုတင် ပြောချင်ပါတယ်ရှင်
    အလုပ်တစ်ဖတ်
    ခလေးတစ်ဖတ်နဲ့မို့
    cb မှာ စာမပြန်နိုင်တာ
    com မှာ rp မပြန်နိုင်တာ
    တွေ အတွက်လဲ တောင်းပန်ပါတယ်ရှင်
    ကဲ
    ဆက်ရအောင်
    ပထမ ထုံးကြမ်း ၁ပ်ိသာ လိုပါတယ်
    အုန်းသီး တစ်လုံး လိုပါတယ်

    # အသုံးပြုပုံ
    ထုံးကြမ်း၁ပိသာကို ကျိုပါ။
    အပေါ် တက်လာတဲ့ အမြုပ်တွေ ခပ်ထုတ်ပါ။
    ထုံး အေးပြီ ဆိုတာနဲ့ အုန်းသီး ကို ခွဲပြီး အစိပ်လေးတွေ စိပ်ပြီး ထုံးထဲ ထည့်ပါ။
    ပြီးရင် သံပုရာသီး ၂လုံး အခြမ်းလိုက် ထည့်ပါ။
    ရေကြည်သွန် ရေလဲ မွှေ နေ့စဥ် လုပ်ပေးပါ။
    ၄ ရက် မြောက်နေ့မှာ ရေစစ်နဲ့ အကုန် စစ်ပေးပါ။
    အနည်းဆုံး ၁၀ရက်တိတိ လုပ်ပေးရပါမယ်နော်။
    ထုံးအပြင်း ကြိုက်သူများအတွက်ပါ။
    ၁၁ ရက်မြောက်နေ့တွင်
    အုန်းနို့ ဘူးကြီး ၁ဘူး
    သကြား၁၀သား
    ဆားထမင်းစား၁ဇွန်း (ပေါ့ရင် ထပ်ထည့်)
    power အမူန့်ထုပ် ၅ထုပ်
    ကျို ထည့်ပါ။
    ရောင်းခါနီးရေစစ်နဲ့ ၂ကြိမ်စစ်ပြီးအသုံးပြုပေးပါရှင်။
    အားလုံးအဆင်ပြေ ကြပါစေ

    Yadi kyaw

    အဆင်မပြေတဲ့အကို အမ. များ
    လိုအပ်လျှင်ယူသုံးပါ.....
    ထုံးအပြော့ ၂ပိသာ
    အပြင်းက ၁ပိသာ
    ရောပါ ဆား ၂၅ ကျပ်သား
    ထေားပက်ဆီ15ကျပ်သား
    သံပုရာသီးငါးလုံးကိုစိတ်ထည့်ပြီးရောသမမွှေပေးပြီးအနည်းဆုံး၁၅ရက်ကြာအောင်နှပ်ထားပေးပါ တစ်ရက်ကိုတစ်ကြိမ်ပေါ်ယံဂျပ်တွေကိုခပ်ထုပ်ပါ ပြီးရင်ရေကြည်ကိုပါသွန်ပေးပါ အဲဒီပုံစံလိုမျိူးအင်တုံ သို့မဟုတ်စဉ့်အိုးကိုအသုံးပြုပေးပါ ၁၅ ရက်ကြာတဲ့အခါအသုံးပြုလို့ရပါပြီ အသုံးပြုတော့မည်ဆိုရင်ထုံးကိုရေစစ်သို့မဟုတ်အဝတ်စပါးပါးလေးနဲ့စစ်ပေးပါ အသုံးပြုမည့်အိုးထဲသို့ထည့်တော့မည်ဆိုရင် 100plusမပစ်မကျဲမျှတအောင်ရောမွှေပေးပြီးအသုံးပြုကြည့်လိုက်ပါ........ထုံးအပြင်း..အပျော့ကို..မီ့မီ့သုံးမဲ့ကွမ်းရွက်ပေါ်မူ
    တည်ပြီး...လိုသလိုချိန်ဆထည့်နီူင်ပါတယ်.....
    ရောင်းဝယ်ကောင်း၍...ကြီးပွားတီုးတက်ကြပါစေ
    #မြို့နယ်အလိုက်ထုံးစပ်နည်း ထုံးဖောက်နည်းများ # ♥️ရန်ကုန် မြို့အတွက် ထုံး စပ်နည်း ပါ♥️ #အောင်ထုံးဘူး # သဇင်ကျော်ထုံးဘူး #တခြားဘယ် ready made ထုံး ဘူးမဆို ရပါတယ် #အသုံးပြုပုံ # ပထမ ထုံတစ်ဘူးဝယ်ပါ ထုံး ဘူးကို သမအောင် လှုပ်ပေးပါ ပြီးရင် ပေါင်းအိုး (သို့) ဒန်အိုးထဲ ထည့်ပါ အိုးပွက်လာသည်အထိ ကျိုပါ အိုးဆူလာရင် #သကြား ထမင်းစား ၄ဇွန်း #ဆား လဘက်စား ၁ဇွန်း #ထောပတ် လဘက်စား ၁ဇွန်း # အချိုမူန့် လဘက်စား ၁ဇွန်း ထည့်ပြီး နှံ့အောင်မွှေပေးပါ ၁၅မိနစ် ခန့်ကျိုပြီး အိုးကို အအေးခံထားပါ အေးရင် ထုံး က ကျို ထားလို့ ပျစ်နေလိမ့်မယ် ထုံး အပျစ်အကျဲကို ချိန်ဆ ပြီး ရေနွေးရောပါ ပြီး ရင် ရေစစ်နဲ့ ၂ထပ်စစ်ပြီး တစ်ည သိပ်ထားပါ မနက်ကျ ဆိုင် မှာ စတင် ရောင်းချနိုင်ပါပြီ😊 ကွမ်းရွက် ကိုညောင်တုန်းကွမ်းရွက် သုံးပေးပါ 😘 အားလုံး အဆင်ပြေကြပါစေ Yadi Kyaw 🙏🙏🙏 💚မန္တလေး မြို့အတွက် ထုံးစပ်နည်းပါ💚 ကျော်ထင် ၂ထုပ် ၀ငျး(သို့) ရွှေနန်းတော်(သို့) ထီးနီနီ(သို့ ) ဇွဲ ထုံးကြမ်း ၁ထုပ် လိုပါတယ်။ # အသုံးပြုပုံ ကျော်ထင် ၂ထုပ် ၀ငျး ၁ထုပ်ကို ကော်ပုံး (သို့) စဥ့်အိုးတစ်ခုခု နဲ့ ထည့်ပါ။ ရေနွေးပွက်ပွက်ဆူ ထည့်ပါ။ ပြီးရင် နှံ့အောင်မွှေပေးပါ။ နောက်ရက် အပေါ်ရေကြည်နေ့တိုင်းသွန်ပါ။ ရေနွေး ထပ်ထည့်ပါ။ နှံ့အောင်မွှေပေးပါ။ တစ်နေ့ ၂ကြိမ် ပြုလုပ်ပေးပါ။ အနည်းဆုံး (၇)ရက်လောက် နှပ်ထားပေးပါ။ (၈)ရက်မြောက်နေ့တွင် အပေါ်ရေကြည်အကုန်သွန်ပါ။ ကျန်တဲ့ ထုံးအနှစ်ထဲကို အုန်းသီး ၃လုံးစာ အုန်းနို့ရည် ညှစ်ထည့်ပါ။ ကျို ထည့်ရင် ပိုကောင်းပါတယ်။ ပြီး ရင် စပါကလင် (၂)လုံး Power အမူန့် (၆) ထုပ် ဆား ထမင်းစား( ၂)ဇွန်း ထည့်ပြီးနှံ့နေအောင် မွှေပေးပါ။ ရောင်းခါနီး ထုံးအပျစ်အကျဲကို ရေကျက်အေး ထည့်ပြီး အသုံးပြုပေးပါ။ ရောင်းခါနီးရေစစ်နဲ့ ၂ကြိမ်စစ်ပေးပါ။ လုံး၀ ထုံးမပေါက်ပဲ အရမ်းစားကောင်းပါတယ်နော်။ အားလုံးအဆင်ပြေကြပါစေရှင်🙏🙏🙏🙏🙏 Yadi kyaw✍✍✍ 💚မြိတ်မြို့ ထုံးစပ်နည်း💚 မြိတ်ထုံးစပ်နည်းမပြောခင် မြိတ်သူ မြိတ်သားတို့ရဲ့ စကားသံ ၀ဲဝဲလေးနဲ့ ချစ်စရာအသံလေးအကြောင်း ပြောချင်ပါတယ် သူတို့က အမျိုးသားတွေဆို #ဟုတ်ကဲ့# ဆိုတဲ့ နေရာမှာ #ခင်ဗျ#ဆိုပြီးသုံးပါတယ် အမျိုးသမီးတွေက #ဟုတ်ကဲ့#ဆိုတဲ့ နေရာမှာ #ရှင့်#ဆိုတဲ့ စကားသုံးနူန်းတာက်ို တွေ့ရပါတယ်😍 ကဲ #ထုံးစပ်နည်းအကြောင်း ဆက်မယ်✍️ # မြိတ်မြို့က ကွမ်းရွက်တွေက အစိမ်းရင့်ရောင်ရှိပြီးအရမ်းထူ တဲ့ အတွက် ထုံးကြမ်းသီးသန့် သုံးရပါမယ်✍️ # ထုံးကြမ်းသေတ္တာတွေနဲ့ ရှိပါတယ်# #အသုံးပြုပုံ# #ထုံးကြမ်း ၃ပိသာ #ပုံးတစ်ခုခုနဲ့ ထည့်ပြီး နှံ့အောင်မွှေပေးပါ။ #သံပုရာသီး ၃လုံးအခြမ်းလိုက်ထည့်ပါ။ #ပဲဆီ အစစ် ၁၀သား ကျို ထည့်ပါ။ #ဆား ၁၀သား #ရေနဲ့ ဖြစ်ဖြစ် #ရေနွေးနဲ့ ဖြစ်ဖြစ် ထုံးပုံထဲ ထည့်ပြီး #သစ်သားယောင်းမ (သို့)ဒုတ်တစ်ခုခုနဲ့ နှံ့နေအောင် မိနစ် ၂၀လောက်ထိ မွှေပေးပါ။ # နေ့စဥ် ရေကြည်သွန် ရေလဲ ၂ကြိမ်ခန့် ပြုလုပ်ပေးပါ။ # ၁၅ ရက် ကြာတဲ့ အခါ #ထုံးတွေအားလုံးကို ရေစစ်နဲ့ ၂ကြိမ် စစ်ပါ။ #ပြီးရင် ရေသန့်ဘူးတစ်ဘူးစာ ထုံးကို ယူပါ။ #ပြီးရင် နွားနို့ ၂၅ကျပ်သား ကျိုထည့်ပါ။ ။အချိုအတွက် ပါ၀ာဆေးသကြားအနည်းငယ်သုံးပေးပါ။ #ထုံးအလေးဓာတ် လိုချင် သံပုရာသီးတလုံး အရည်ညှစ်ထည့်ပါ။ # နှပ်ဆေးရည် ထမင်းစား၁ဇွန်းထည့်ပေးပါ။ #ပါ၀ာဆေးသကြားလဘက်စား၁ဇွန်းထည့်ပြီး ၁၀မိနစ်ကြာသည်အထိ အထိ မွှေပေးပါ။ #ပြီးရင် ရေစစ်နဲ့ သေချာစစ်ပြီးအသင့်သုံးနိုင်ပါပြီရှင်။ #ထုံးလေးလေးပင်ပင်နဲ့ အရမ်းစားကောင်းတဲ့ #မြိတ်မြို့ရဲ့ ထုံးစပ်နည်းလေးသုံးကြည့်နော် အားလုံးအဆင်ပြေကြပါစေ🙏🙏🙏🙏🙏 Yadi kyaw✍️✍️✍️✍️✍️ 💚ရွှေဘိုမြို့ ထုံးစပ်နည်း💚 #ထုံးပြင်း ၆ ပိသာ #ထုံးပျော့ ၃ပိသာ စုစုပေါင်း ထုံး ၉ပိသာ လိုပါတယ်နော်😊 # အသုံးပြုပုံ# ထုံး၉ပိသာကို ကော်ပုံး (သို့) စဥ့်အိုးထဲတွင် ရေနွေးပွက်ပွက်ဆူ လောင်းထည့်ပြီး နှံ့အောင်မွှေပါ။ ပြီးရင် သံပုရာသီး (၃)လုံး အရက်ဦးရည် (တောအရက်) လဘက်ရည် ခွက် ၁ခွက်၊ဆား ၂၅ ကျပ်သား ၊ထုံးပါဝါအမှုန့် (၁၀)ထုပ်၊ရောထည့်ပြီး သေချာလေး မွှေပေးပါ။ နေ့တိုင်းအပေါ်ရေကြည်သွန် ၊ရေနွေးထပ်ထည့်ပါ။ (၁၀) ရက် အနည်းဆုံး လုပ်ပေးပါ။ (၁၁) ရက်မြောက်နေ့တွင် နို့စိမ်း (၃) ဘူး ကို ကျအောင် ကျိုပါ။ သကြား(၂၀) သား အချိုမှုန့်(၅)ကျပ်သား အားလုံးရောကျို ပြီး နှပ်ထားတဲ့ ပုံးထဲ ထည့်ပါ။ ဆိုင်ရောင်းခါနီး ရေစစ်နဲ့ ၂ကြိမ် စစ်ပေးပါ။ ထုံးအပျစ်အကျဲကို ရေကျက်အေးနဲ့ ရောစပ် အသုံးပြုပေးပါ။ ရွှေဘို မြို့က နာမည်ကြီး ကွမ်းယာဆိုင် ညီမလေး သင်ဇာရဲ့ နည်းလေးပါ။ အားလုံးအဆင်ပြေကြပါစေ🙏🙏🙏🙏🙏 Yadi kyaw✍️✍️✍️✍️✍️ 💚မော်လမြိုင်ထုံးစပ်နည်း💚 #ထုံးအပြင်း ထုံးကြမ်း ၃ပျိသာ လိုပါတယ်နော်။ ပြီးရင် သံပုရာသီးအေသး၈လုံး ဆား ၁၀သား လိုပါတယ်နော်။ ပထမ ထုံး ကြမ်း၃ပိသာကို ရေနွေးနဲ့ ကြေအောင်ချေမယ်နော်။ ပြီးရင် ရေစစ်နဲ့ ၂ကြိမ် စစ်မယ်။ ခဲ ၊သလဲ တွေ စင်သွားအောင်ပါ၊ ပြီးရင် သံပုရာသီး ၈ လုံးကို အခြမ်းလိုက်ထည့်မယ်။ မနက်တစ်ခါ ညနေတစ်ခါ ရေကြည်သွန်မယ်နော်။ သံပုရာသီးတွေကို ၅ရက်နေရင် ဖယ်ပစ်ပါ။ ပြီးရင် ရေစစ်နဲ့ တစ်ကြိမ် ထပ်စစ်မယ် ရက် ၂၀လောက် နေရင် သုံးလို့ ရပြီနော် ထုံးပြင်းနေသေးရင်တော့ ၁လထိ ထားရမယ်။ ကိုယ်ကြိုက်တဲ့ ထုံးအနေတော် ဖြစ်ပြီဆိုရင်တော့ ထုံးကို တစ်အိုးစာ ချိုးရေခွက်နဲ့ ခပ်ပြီး တစ်အိုးစာ ဖျော်ရမယ်။ ဗယ်နီလာနဲ့ ဗာနီလင်းထည့်ရမယ်။ ဗယ်နီလာ ၂ကပျြသား ဗာနီလင်း ၁ကျပ်သား နို့စိမ်းဘူးသေး ၁ဘူး ထည့်ပေးရပါမယ်နော်။ ဗာနီလင်းက ထုံးရဲ့ အောက်နံ့တွေကို ပျောက်စေပါတယ်။ ဗယ္နီလာကေတာ့ ထုံးကို ဆိမ့်တဲ့ အရသာ ရှိပါတယ်။ ဟိန္ဒူ ကုလားဆိုင်တွေမှာ မေး၀ယ် ပါ။ အားလုံးအဆင်ပြေပါစေ🙏🙏🙏🙏🙏 Yadi kyaw✍✍✍ နောက်တနည်း ၊💚(၃)ရက်အတွင်းထုံးကြမ်းဖောက်နည်း💚 ပါဝင်ပစ္စည်းများ -ထုံးပြင်း(၂)ပိသာ (ကျော်ထင်၊ကျော်ထက်၊ဇွဲ၊ ရွှေနန်းတော် အစရှိသဖြင့် အပြင်းထုပ်ကိုသုံး ရန်) -အချဥ်မှုန့်(၄၀)သား(ကုန်စုံဆိုင်တွေမှာရနိုင်) -ရေ (၁၂)လီတာ #ပြုလုပ်နည်း -ထုံးပြင်း(၂)ပိသာကိုရေ(၂)လီတာထည့်၍ လက်အိတ်စွတ်၍ မွှေပါ၊ချေပါ။ -ရေ(၁၀)လီတာထပ်ထပ်ပါ၊နှံ့အောင်မွှေပါ။ -အချဥ်မှုန့်(၃)ခေါက်ခွဲ၍ ထည့်ပါ၊(၁)ခေါက် ထည့်(၂)မိနစ်မွှေပါ၊(၂)ခေါက်ထည့်(၂)မိနစ် မွှေပါ၊(၃)ခေါက်ထည့်(၂)မိနစ်မွှေပါ၊ထည့်ပြီး ရင်မမွှေဘဲထားလိုက်ပါ။ -ဒုတိယရက်တွင် ရေကို(၅)လီတာခပ်ထုတ်ပါ။ ရေ(၅)လီတာပြန်ထည့်ပါ၊ပြီးရင် မွှေပါ၊ပြီးရင် အားလုံးကို ရေစစ်နဲ့စစ်ပါ(တခြားပုံထဲသို့)၊ပြီး ရင်ပြန်နှပ်ထားလိုက်ပါ။ -တတိယရက်တွင် ရေအားလုံးခပ်ထုတ်ပါ (အချိန်နဲနဲပေး၍ အနည်ထိုင်ချိန်စောင့်ကာ ရေအားလုံးမကျန်အောင်ခပ်ထုတ်ပါ၊နောက် ဆုံးထုံးအနှစ်သာကျန်သည်အထိ) #ရေလုံးဝမမွှေပါနှင့်။ -ဒါဆိုထုံးစပ်လို့ရပါပြီ(မိမိကြိုက်နှစ်သက်ရာ ဖြင့်စပ်နိုင်) #မှတ်ချက် ထုံးကိုမြည်းကြည့်ပါ(ပေါ့နေရင် အပြင်းနည်း နည်းစီချိန်ဆ၍ ရောပါ) -အချဥ်မှုန့်(၄၀)သားထည့်လိုက်တာနက် ထုံးက လုံးဝမပေါက်တော့ပါ။ပျော့ဖတ်သွားပါတယ်။ တအားပျော့ဖတ်တာမဟုတ်ပါ၊ပေါ့ပါ့ပါးပါး စားသူအတွက်အဆင်ပြေပါတယ်။ #အဲ့ထုံးကို အပြင်းပြန်လုပ်မယ်(ထုံးအပြင်းနဲနဲ စီချိန်ဆရောပါ) #ဒါဆိုအဆင်ပြေပါပြီ။ -ဖောက်တာရပြီဆို ထုံးစပ်လို့ရပါပြီ။ Crd# သီဟ ၊💚ထုံးအပြင်းဖောက်နည်းပါ...💚 #ပါဝင်ပစ္စည်းများ #ထုံးအပြင်း(၃)ပိသာ #ဆားကအစိတ်သား #သံပုရာသီးအသေး(၈)လုံး #ပြုလုပ်ပုံ -ထုံးအပြင်းကိုရေနွေးပူပူထဲထည့်ပြီးကြာကြာ မွှေပေးပါ။ -အအေးခံပါ၊အေးသွားရင်သံပုရာရည်ကော အခွံတွေပါထည့်ရပါမယ်။ -ရေအေးထည်နာနာမွှေပါ၊မနက်တိုင်းရေ ကြည်သွန်ပေးပါ။(ရေပြန်ထည့်နာနာမွှေ) -(၅)ရက်ပြည့်ရင် သံပုရာသီးတွေကိုထုတ်ပစ် ပါ။(၄၅)ရက်ဖောက်ရပါမယ်။ -(၄၅)ရက်ပြည့်ရင်(၃)ရက်စာလောက်ဗူးအ သေးထဲကိုရေစစ်နဲ့စစ်ထည့်ပါ။အရက်တစ် ပတ်ထည့်မွှေပါ(ဝီစကီထည့်ရင်အနံ့ပိုမွှေး) ကြာကြာမွှေပေးပါ ။ -နောက်မနက်ကျရေကြည်သွန်ပြီးရေအစား စူပါကလင်ထည့်ပါ၊ကြာကြာမွှေပါ။ -နောက်တစ်ရက်မနက်ကျရင် အပေါ်ကဂျပ် လေးတွေ ဆယ်ပေးပါ(ရေမသွန်ရတော့ပါ) -နှစ်ရက်လုပ်ပြီးရင်ထုံးအပြင်းစားမပေါက်တဲ့ ထုံးရပါပြီ #ဒီထုံးစားပြီးရင်ဘယ်ဆိုင်မှမတိုးတော့ပါ #ထုံးသုပ်နည်း -ထုံးအပြင်းဖြစ်သည့်အတွက် အဖျားလေးပဲ သုပ်ရပါမည်။✍️✍️✍️ အားလုံးအဆင်ပြေကြပါစေ🙏🙏🙏🙏🙏 Yadi kyaw✍️✍️✍️✍️✍️ 💚ထုံးသံပုရာဖောက်နည်း💚 #ပါဝင်ပစ္စည်းများ -ထုံးအပြင်း(၅)ပိသာ+ထုံးအပျော့(၅)ပိသာ -သံပုယိုသီး(၁၀)လုံး -ဆား(၄၀)သား -ကော်ပုံး(သို့)မြေအိုးအကြီး(ထုံးပိသာနှစ်ဆယ်ဆန့်အိုးတွင် ဖောက်ရန်) -ထုံးဖျော်ရန် ပုံးတခုခုလိုပါတယ် #ပြုလုပ်ပုံ -ထုံးဖောက်မည့်အိုး(သို့)ကော်ပုံးကိုရေသန့်စင်အောင်ဆေးကြောပါ။ -ထုံးကိုပုံးတခုခုနဲ့ဖျော်ပါ။ -ပြီးရင်ကော်ပုံး(သို့)စဥိ့အိုးထဲထည့်ပေးပါ။ -ပြီးရင် သံပုယိုသီးများကို အရေရောအဖတ်ကောထည့်ပါ။ -ဆားကိုရေနွေးနဲ့ အရည်ဖော်ပြီးထည့်ပေးပါရန်။ -အားလုံးထည့်ပြီးသွားပါက စိတ်ကြိုက်မွှေပါ✍️ စိတ်ကြိုက်မွှေပြီးပြီဆိုရင် ရေအပြည့်ဖြည့်ပါ။ -ပြီးရင်သမ မျှတစေရန် တုတ်အကြီးနဲ့မွှေပါ။(ထုံးမွှေရန်တုတ် သန့်သန့်တခု ပြုလုပ်ထားပါ) -ပြီးရင်အမှုန်မဝင်စေရန် အဖုံးကိုအုပ်ထားပေးပါ။ -(၃)ရက်အတွင်းအပေါ်ရေကြည်မသွန်ဘဲနှပ်ထားပေးပါ(သံပုရာရနံ့စွဲစေရန်) -(၄)ရက်မြောက်နေ့တွင် အပေါ်ရေကြည်စသွန်ပေးရပါမယ်(ရေပြည့်ဖြည့်မွှေပေးပါ) -တလခွဲဝန်းကျင် နေ့တိုင်းရေကြည်သွန်ပေးပါ။ -တလခွဲဝန်းကျင်ပြည့်တာနဲ့အပေါ်ရေကြည် သွန်ပေးပါ၊ရေအားလုံးသွန်ပါ။ -မိမိသုံးလိုသလောက်ထုံးအနှစ်ကိုရေစစ်နဲ့ စစ်ယူပါ။ -ပြီးရင် မိမိကြိုက်နှစ်သက်တဲ့အရသာနဲ့ ရောစပ်ပါက သံပုရာနံသင်းသင်းလေးနဲ့ထုံးသံပုရာရပါပြီ။ ၄၅ ရက်ပြည့်ပြီဆိုတာနဲ့ #အချိုအတွက် သကြား ဆေးသကြား #အဆိမ့်အရသာအတွက် အုန်းနို့ နို့စိမ်း နွားနို့ နို့ဆီ နို့မွှေး ကြိုက်ရာ ရောစပ်၍ အသုံးပြုပေးပါရှင်🙏 အားလုံးအဆင်ပြေကြပါစေ Yadi kyaw✍️✍️✍️✍️✍️ #ဒီနေ့သူငယ်ချင်းတွေ အတွက် 💚အုန်းသီးနဲ့ ထုံးဖောက်နည်း💚 အကြောင်းရေးပေးပါ့မယ်✍️ တစ်ကယ်လက်တွေ့စမ်းသပ်ပြီး နားမလည်မှ ဖုန်းဆက်မေးရန် ကြိုတင် ပြောချင်ပါတယ်ရှင်🙏 အလုပ်တစ်ဖတ် ခလေးတစ်ဖတ်နဲ့မို့ cb မှာ စာမပြန်နိုင်တာ com မှာ rp မပြန်နိုင်တာ တွေ အတွက်လဲ တောင်းပန်ပါတယ်ရှင်🙏 ကဲ ဆက်ရအောင် ပထမ ထုံးကြမ်း ၁ပ်ိသာ လိုပါတယ် အုန်းသီး တစ်လုံး လိုပါတယ် # အသုံးပြုပုံ ထုံးကြမ်း၁ပိသာကို ကျိုပါ။ အပေါ် တက်လာတဲ့ အမြုပ်တွေ ခပ်ထုတ်ပါ။ ထုံး အေးပြီ ဆိုတာနဲ့ အုန်းသီး ကို ခွဲပြီး အစိပ်လေးတွေ စိပ်ပြီး ထုံးထဲ ထည့်ပါ။ ပြီးရင် သံပုရာသီး ၂လုံး အခြမ်းလိုက် ထည့်ပါ။ ရေကြည်သွန် ရေလဲ မွှေ နေ့စဥ် လုပ်ပေးပါ။ ၄ ရက် မြောက်နေ့မှာ ရေစစ်နဲ့ အကုန် စစ်ပေးပါ။ အနည်းဆုံး ၁၀ရက်တိတိ လုပ်ပေးရပါမယ်နော်။ ထုံးအပြင်း ကြိုက်သူများအတွက်ပါ။ ၁၁ ရက်မြောက်နေ့တွင် အုန်းနို့ ဘူးကြီး ၁ဘူး သကြား၁၀သား ဆားထမင်းစား၁ဇွန်း (ပေါ့ရင် ထပ်ထည့်) power အမူန့်ထုပ် ၅ထုပ် ကျို ထည့်ပါ။ ရောင်းခါနီးရေစစ်နဲ့ ၂ကြိမ်စစ်ပြီးအသုံးပြုပေးပါရှင်။ အားလုံးအဆင်ပြေ ကြပါစေ🙏🙏🙏🙏🙏 Yadi kyaw✍️✍️✍️✍️✍️ 💚အဆင်မပြေတဲ့အကို အမ. များ လိုအပ်လျှင်ယူသုံးပါ.....💚 ထုံးအပြော့ ၂ပိသာ အပြင်းက ၁ပိသာ ရောပါ ဆား ၂၅ ကျပ်သား ထေားပက်ဆီ15ကျပ်သား သံပုရာသီးငါးလုံးကိုစိတ်ထည့်ပြီးရောသမမွှေပေးပြီးအနည်းဆုံး၁၅ရက်ကြာအောင်နှပ်ထားပေးပါ တစ်ရက်ကိုတစ်ကြိမ်ပေါ်ယံဂျပ်တွေကိုခပ်ထုပ်ပါ ပြီးရင်ရေကြည်ကိုပါသွန်ပေးပါ အဲဒီပုံစံလိုမျိူးအင်တုံ သို့မဟုတ်စဉ့်အိုးကိုအသုံးပြုပေးပါ ၁၅ ရက်ကြာတဲ့အခါအသုံးပြုလို့ရပါပြီ အသုံးပြုတော့မည်ဆိုရင်ထုံးကိုရေစစ်သို့မဟုတ်အဝတ်စပါးပါးလေးနဲ့စစ်ပေးပါ အသုံးပြုမည့်အိုးထဲသို့ထည့်တော့မည်ဆိုရင် 100plusမပစ်မကျဲမျှတအောင်ရောမွှေပေးပြီးအသုံးပြုကြည့်လိုက်ပါ........ထုံးအပြင်း..အပျော့ကို..မီ့မီ့သုံးမဲ့ကွမ်းရွက်ပေါ်မူ တည်ပြီး...လိုသလိုချိန်ဆထည့်နီူင်ပါတယ်..... ရောင်းဝယ်ကောင်း၍...ကြီးပွားတီုးတက်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
    Like
    Care
    2
    · 0 Comments ·0 Shares ·62 Views
  • #စားတမာ

    တမာပင်၏ သိပ္ပံအမည်က #Azadirachta indica A. Juss. ဖြစ်တယ်၊ ဆရာကြီး ဦးခင်မောင်တင်ကတော့ ဟေ့ မောင် "အဇာဒီရစ်ချ်ဒါး" တွေ ဘာတွေလုပ်မနေ့နဲ့ အဇာတသတ် လို့သာမှတ်ကွာတဲ့၊ အေးရော၊ တမာပန်းတွေ ပွင့်တိုင်း ဆရာကြီးအသံကို ကြားယောင်နေမိဆဲ၊ အခုတော့ ဆရာကြီးလည်း မရှိတော့ပြီ၊ တမာရဲ့ English အမည်က Margosa tree, Neem မာဂိုးစား အပင် ၊ နင်းမ် လို့ခေါ်တယ်၊ မှတ်ရတာလွယ်တယ်။ တမာ မျိုးရင်း အမည်က Meliaceae မယ်လီအေးစီး ဖြစ်တယ်။ ယင်းမာပင် က လည်း တမာမျိုးရင်းထဲကပါဘဲ။ တမာခါးလည်း ခေါ်သလို အညာတမာလည်းခေါ်ကြတယ်။

    ဒါပေမည့် ကျနော့် အတွေးမှားခဲ့တယ်။ တမာ အမျိုးမျိုး ရှိတယိ ၊ ရေတမာ၊ ပန်းတမာ၊ တမာခါး၊ တောင်တမာ စသည်ဖြင့် အမျိုးမျိုးပေါ့၊ သင်္ဘောပန်းတမာတောင်ရှိသေးရော့၊ အမည်ကွဲသလို scientific name လည်းမတူဖူး၊ "အညာကို တမာလွှမ်းရမည် ဆိုတဲ့တမာက တမာခါး" Margosa tree, Neem ဖြစ်တယ်။

    ဒါပေမည့် ခါးတမာတွေကြားထဲမှာ ထူးထူးခြားခြား စားတမာ ဆိုတာလည်းရှိတယ်။ တာဝန်ကျဖူးသော
    Monywa University ထဲက တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ ရိုက်နှိပ်သော Camp ရှေ့မှာ အပင် ၂ ပင်ရှိတယ်။ မုံရွာမြို့ထဲမှာလည်း ၄ ပင်လောက်ရှိတယ်၊ အငြိမ်မနေတတ်သူမို့ ဘယ်နေရာလည်း ဆိုတာ တန်းပြောနိုင်တယ်။ စစ်ကိုင်း ကောင်းမှုတော် ဘုရားကြီး ဝင်းထဲမှာလည်း သက်ရင့် စားတမာပင်ကြီး တပင်ရှိတယ်။ တမာဖူးချိန်ဆို တက္ကသိုလ် ဝင်းထဲက ဝန်ထမ်းတွေ စားတမာဖူး ခူးကြတယ်၊ စားတမာပင်လေးခမြာ အညွန့်မလူနိုင်ရှာ၊ သူတို့ကို စပ်စုတော့ ဒါက ခါးတမာ ၊ ဒါက စားတမာ ခွဲခြားပြပေးတယ်၊ မတူဖူးလားဆိုတော့ မတူဘူးတဲ့၊

    ဘယ်နေရာမှာ ကွဲသလည်း

    ပန်းခိုင်ထွက်ပုံပါ ၊ စားတမာပန်းက အဖြူရောင် ၊ အစုလိုက် ထွေးထွေးလေးထွက်တယ်၊ ပုံမှာကြည့်ပါ။ သူက အဆုပ် အဆုပ်လိုက်လေး နဲ့ ပွင့်တာ သိသာတယ်၊ ခါးတမာကတော့ ပန်းခိုင်က ထိပ်ကနေထွက်ပြီး ကိုင်းဖြာတယ်၊ ပွင့်အားကောင်းတယ် ၊ အဖြူရောင် ကနေ အဝါဖြော့သော ပန်းတွေပွင့်တယ်။ ရနံသင်းတာကတော့ အတူတူပါ ၊ ပင်စည်မှာ ကြီးမားပြီး နက်သော အပွေးအခေါက်ပါရင် စားတမာဖြစ်တယ်။ အရွက်ပုံစံ အဖူးထွက်ပုံတွေက ခါးတမာနဲ့မတူပါဘူး။ သူ့အရသာက ခါးတမာလိုအရမ်းမခါးပါဘူး

    စားလား ခါးလားကို တမာရွက်ပြုတ်မှာ ခွဲလို့ရလား?

    မရပါဘူး၊ ပြုတ်ပြီးသား တမာရွက်နု ထဲကို မန်ကျည်း မှည့်လေးခတ်လိုက်ရင် ခွဲလို့တောင်မရပါဘူး၊ အချို့က ခါးတဲ့အရသာရယ် ပြုတ်ထားတဲ့ အနံ့လေးရယ် ကိုမှ နှစ်သက်တာ။ တကယ်တမာ ကြိုက်သူကတော့ ၂ မျိုးစလုံးကို အားပေးကြတာပါဘဲ၊ တမာရွက်ပေါ်ချိန်မှာ ဗမာခရမ်းချဥ်သီး (ကိုင်းသီး) လည်း ပေါ်ချိန်မို့ ငရုတ်သီးစပ်စပ် လေးနဲ့ ချက်ထားတဲ့ ငပိချက် (ငပိရည်) လေးနဲ့များ တွဲစားလိုက်ရရင် ဆွေမျိုးမေ့လောက်တယ်။ ငယ်ငယ်က တမာရိုးနဲ့ သွားတိုက်ဖူးတာကို ခုခေတ်ကလေးတွေ ပြောပြရင် ရယ်နေမှာ သေခြာလောက်တယ်၊

    တမာရနံ့လေး သင်းသင်းမွှေးတဲ့ အညာမြေကိုပြန်သတိရနေသည် မေ့မရနိုင်ပါသည် အခွင့်ရယ်သာသော တစ်နေ့မှာ အပြေးလေးလာခဲ့ဦးမည် ရွှေညာသူရေ ကိုယ်လာရင်ကြိုမှာလားလို့အတည်" ဆိုတဲ့ အောင်သူရဲ့ သီချင်းသံကြားရတိုင်း တမာမြေ မုံရွာကို သတိရမိတယ်။

    တမာပန်းပွင့်ချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တက္ကသိုလ် ဝင်တန်းအဖြေလွှာ စစ်ခဲ့ရတာတွေ၊ လှို့ဝှက် Camp ကို နေ့စဥ် ထမင်းပို့ခဲ့ရတာတွေ၊ အဖြေလွှာ သိမ်းရ ထုတ်ခဲ့ရတဲ့ အချိန်တွေ၊ ဒီလို အချိန်မှာကျင်းပလေ့ရှိသော ကျောင်းသားများရဲ့ပျော်စရာ သင်္ကြန် ပွဲတော် တွေက တရေးရေးပြန်ပေါ်လာတယ်၊ မဝေးသော ကာလတခုမှာ ကွယ်လွန်သွားသော Dr သူရဦးကိုလည်း သတိတရရှိမိပြန်တယ်၊

    ခေတ်တွေ စံနစ်တွေပြောင်းသွားပေမည့် တမာပန်းတွေကတော့ ရာသီချိန်ရောက်တိုင်း ဝတ္တရား မပျက် ပွင့်နေကြတယ်၊ နောင်လည်းပွင့်နေကြမှာပါ။

    Collected by
    Kothet Naing Oo

    မူရင်းရေးသူဆရာသက်နိုင်ဦး
    အားလေးစားစွာ crd ပေးပါတယ်
    #စားတမာ တမာပင်၏ သိပ္ပံအမည်က #Azadirachta indica A. Juss. ဖြစ်တယ်၊ ဆရာကြီး ဦးခင်မောင်တင်ကတော့ ဟေ့ မောင် "အဇာဒီရစ်ချ်ဒါး" တွေ ဘာတွေလုပ်မနေ့နဲ့ အဇာတသတ် လို့သာမှတ်ကွာတဲ့၊ အေးရော၊ တမာပန်းတွေ ပွင့်တိုင်း ဆရာကြီးအသံကို ကြားယောင်နေမိဆဲ၊ အခုတော့ ဆရာကြီးလည်း မရှိတော့ပြီ၊ တမာရဲ့ English အမည်က Margosa tree, Neem မာဂိုးစား အပင် ၊ နင်းမ် လို့ခေါ်တယ်၊ မှတ်ရတာလွယ်တယ်။ တမာ မျိုးရင်း အမည်က Meliaceae မယ်လီအေးစီး ဖြစ်တယ်။ ယင်းမာပင် က လည်း တမာမျိုးရင်းထဲကပါဘဲ။ တမာခါးလည်း ခေါ်သလို အညာတမာလည်းခေါ်ကြတယ်။ ဒါပေမည့် ကျနော့် အတွေးမှားခဲ့တယ်။ တမာ အမျိုးမျိုး ရှိတယိ ၊ ရေတမာ၊ ပန်းတမာ၊ တမာခါး၊ တောင်တမာ စသည်ဖြင့် အမျိုးမျိုးပေါ့၊ သင်္ဘောပန်းတမာတောင်ရှိသေးရော့၊ အမည်ကွဲသလို scientific name လည်းမတူဖူး၊ "အညာကို တမာလွှမ်းရမည် ဆိုတဲ့တမာက တမာခါး" Margosa tree, Neem ဖြစ်တယ်။ ဒါပေမည့် ခါးတမာတွေကြားထဲမှာ ထူးထူးခြားခြား စားတမာ ဆိုတာလည်းရှိတယ်။ တာဝန်ကျဖူးသော Monywa University ထဲက တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ ရိုက်နှိပ်သော Camp ရှေ့မှာ အပင် ၂ ပင်ရှိတယ်။ မုံရွာမြို့ထဲမှာလည်း ၄ ပင်လောက်ရှိတယ်၊ အငြိမ်မနေတတ်သူမို့ ဘယ်နေရာလည်း ဆိုတာ တန်းပြောနိုင်တယ်။ စစ်ကိုင်း ကောင်းမှုတော် ဘုရားကြီး ဝင်းထဲမှာလည်း သက်ရင့် စားတမာပင်ကြီး တပင်ရှိတယ်။ တမာဖူးချိန်ဆို တက္ကသိုလ် ဝင်းထဲက ဝန်ထမ်းတွေ စားတမာဖူး ခူးကြတယ်၊ စားတမာပင်လေးခမြာ အညွန့်မလူနိုင်ရှာ၊ သူတို့ကို စပ်စုတော့ ဒါက ခါးတမာ ၊ ဒါက စားတမာ ခွဲခြားပြပေးတယ်၊ မတူဖူးလားဆိုတော့ မတူဘူးတဲ့၊ ဘယ်နေရာမှာ ကွဲသလည်း ပန်းခိုင်ထွက်ပုံပါ ၊ စားတမာပန်းက အဖြူရောင် ၊ အစုလိုက် ထွေးထွေးလေးထွက်တယ်၊ ပုံမှာကြည့်ပါ။ သူက အဆုပ် အဆုပ်လိုက်လေး နဲ့ ပွင့်တာ သိသာတယ်၊ ခါးတမာကတော့ ပန်းခိုင်က ထိပ်ကနေထွက်ပြီး ကိုင်းဖြာတယ်၊ ပွင့်အားကောင်းတယ် ၊ အဖြူရောင် ကနေ အဝါဖြော့သော ပန်းတွေပွင့်တယ်။ ရနံသင်းတာကတော့ အတူတူပါ ၊ ပင်စည်မှာ ကြီးမားပြီး နက်သော အပွေးအခေါက်ပါရင် စားတမာဖြစ်တယ်။ အရွက်ပုံစံ အဖူးထွက်ပုံတွေက ခါးတမာနဲ့မတူပါဘူး။ သူ့အရသာက ခါးတမာလိုအရမ်းမခါးပါဘူး စားလား ခါးလားကို တမာရွက်ပြုတ်မှာ ခွဲလို့ရလား? မရပါဘူး၊ ပြုတ်ပြီးသား တမာရွက်နု ထဲကို မန်ကျည်း မှည့်လေးခတ်လိုက်ရင် ခွဲလို့တောင်မရပါဘူး၊ အချို့က ခါးတဲ့အရသာရယ် ပြုတ်ထားတဲ့ အနံ့လေးရယ် ကိုမှ နှစ်သက်တာ။ တကယ်တမာ ကြိုက်သူကတော့ ၂ မျိုးစလုံးကို အားပေးကြတာပါဘဲ၊ တမာရွက်ပေါ်ချိန်မှာ ဗမာခရမ်းချဥ်သီး (ကိုင်းသီး) လည်း ပေါ်ချိန်မို့ ငရုတ်သီးစပ်စပ် လေးနဲ့ ချက်ထားတဲ့ ငပိချက် (ငပိရည်) လေးနဲ့များ တွဲစားလိုက်ရရင် ဆွေမျိုးမေ့လောက်တယ်။ ငယ်ငယ်က တမာရိုးနဲ့ သွားတိုက်ဖူးတာကို ခုခေတ်ကလေးတွေ ပြောပြရင် ရယ်နေမှာ သေခြာလောက်တယ်၊ တမာရနံ့လေး သင်းသင်းမွှေးတဲ့ အညာမြေကိုပြန်သတိရနေသည် မေ့မရနိုင်ပါသည် အခွင့်ရယ်သာသော တစ်နေ့မှာ အပြေးလေးလာခဲ့ဦးမည် ရွှေညာသူရေ ကိုယ်လာရင်ကြိုမှာလားလို့အတည်" ဆိုတဲ့ အောင်သူရဲ့ သီချင်းသံကြားရတိုင်း တမာမြေ မုံရွာကို သတိရမိတယ်။ တမာပန်းပွင့်ချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တက္ကသိုလ် ဝင်တန်းအဖြေလွှာ စစ်ခဲ့ရတာတွေ၊ လှို့ဝှက် Camp ကို နေ့စဥ် ထမင်းပို့ခဲ့ရတာတွေ၊ အဖြေလွှာ သိမ်းရ ထုတ်ခဲ့ရတဲ့ အချိန်တွေ၊ ဒီလို အချိန်မှာကျင်းပလေ့ရှိသော ကျောင်းသားများရဲ့ပျော်စရာ သင်္ကြန် ပွဲတော် တွေက တရေးရေးပြန်ပေါ်လာတယ်၊ မဝေးသော ကာလတခုမှာ ကွယ်လွန်သွားသော Dr သူရဦးကိုလည်း သတိတရရှိမိပြန်တယ်၊ ခေတ်တွေ စံနစ်တွေပြောင်းသွားပေမည့် တမာပန်းတွေကတော့ ရာသီချိန်ရောက်တိုင်း ဝတ္တရား မပျက် ပွင့်နေကြတယ်၊ နောင်လည်းပွင့်နေကြမှာပါ။ Collected by Kothet Naing Oo မူရင်းရေးသူဆရာသက်နိုင်ဦး အားလေးစားစွာ crd ပေးပါတယ်
    Like
    Care
    2
    · 0 Comments ·0 Shares ·70 Views
  • အကြွေးကင်းတဲ့ ဘဝဖြစ်အောင် ကြိုးစားပါ
    -----------------------------------
    စိတ်ပင်ပန်းတာကို မခံချင်ရင်တော့
    ဘယ်သူ့ အပေါ်မှာမှ
    ဘာမျှော်လင့်ချက်မှ မထားပဲနဲ့
    အမှီအခိုကင်းပြီး
    တကိုယ်တည်း ရှင်သန်တောက်ပ နိုင်အောင်
    ကြိုးစားရပါမယ်။

    လူပင်ပန်းတာကို မခံချင်ရင်တော့
    ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို
    ဦးနှောက်ဉာဏ်ကို ပါးပါးလေး လွှာပြီး
    သုံးတတ်မှ ရမယ်။

    ဆင်းရဲတဲ့ဒဏ်ကို မခံချင်ရင်တော့
    ဝင်ငွေနဲ့ ထွက်ငွေကို
    အချိုးကျ မျှတစွာ သုံးစွဲ တတ်ဖို့နဲ့
    ဝင်ငွေကို ပိုနိုင်သမျှ ပိုပါစေ
    ထွက်ငွေကို တတ်နိုင်သမျှ လျှော့နိုင်ရမယ်။

    အသုံးနဲ့ အဖြုန်းကိုလည်း ခွဲခြားတတ်ရမယ်။
    အရမ်းကြီး မလိုအပ်ရင် မဝယ်ပါနဲ့။
    မိမိရဲ့ ပစ္စည်းတွေကိုလည်း စည်းနဲ့ကမ်းနဲ့
    ကိုင်တွယ်တတ်ရမယ် ဒါမှရေရှည် ခံမှာပါ။
    ဒါက ချွေတာခြင်းတစ်မျိုးပဲ။

    သူများအကြွေး မတင်အောင်
    နေတတ်ဖို့လည်း အရေးကြီးပါတယ်။
    အကြွေးကင်းတဲ့ ဘဝကို ပိုင်ဆိုင်နေရင်ပဲ
    အတော်လေးကို အဆင်ပြေနေပါပြီ။

    ကိုယ်ချင်းစာတရား ထားရှိခြင်းက
    ကိုယ့်အတွက်ရော တပါးသူအတွက်ပါ
    စိတ်နှလုံး ချမ်းမြေ့ခြင်းကို ရရှိစေမှာပါ.............။
    အကြွေးကင်းတဲ့ ဘဝဖြစ်အောင် ကြိုးစားပါ ----------------------------------- စိတ်ပင်ပန်းတာကို မခံချင်ရင်တော့ ဘယ်သူ့ အပေါ်မှာမှ ဘာမျှော်လင့်ချက်မှ မထားပဲနဲ့ အမှီအခိုကင်းပြီး တကိုယ်တည်း ရှင်သန်တောက်ပ နိုင်အောင် ကြိုးစားရပါမယ်။ လူပင်ပန်းတာကို မခံချင်ရင်တော့ ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို ဦးနှောက်ဉာဏ်ကို ပါးပါးလေး လွှာပြီး သုံးတတ်မှ ရမယ်။ ဆင်းရဲတဲ့ဒဏ်ကို မခံချင်ရင်တော့ ဝင်ငွေနဲ့ ထွက်ငွေကို အချိုးကျ မျှတစွာ သုံးစွဲ တတ်ဖို့နဲ့ ဝင်ငွေကို ပိုနိုင်သမျှ ပိုပါစေ ထွက်ငွေကို တတ်နိုင်သမျှ လျှော့နိုင်ရမယ်။ အသုံးနဲ့ အဖြုန်းကိုလည်း ခွဲခြားတတ်ရမယ်။ အရမ်းကြီး မလိုအပ်ရင် မဝယ်ပါနဲ့။ မိမိရဲ့ ပစ္စည်းတွေကိုလည်း စည်းနဲ့ကမ်းနဲ့ ကိုင်တွယ်တတ်ရမယ် ဒါမှရေရှည် ခံမှာပါ။ ဒါက ချွေတာခြင်းတစ်မျိုးပဲ။ သူများအကြွေး မတင်အောင် နေတတ်ဖို့လည်း အရေးကြီးပါတယ်။ အကြွေးကင်းတဲ့ ဘဝကို ပိုင်ဆိုင်နေရင်ပဲ အတော်လေးကို အဆင်ပြေနေပါပြီ။ ကိုယ်ချင်းစာတရား ထားရှိခြင်းက ကိုယ့်အတွက်ရော တပါးသူအတွက်ပါ စိတ်နှလုံး ချမ်းမြေ့ခြင်းကို ရရှိစေမှာပါ.............။
    Love
    1
    · 0 Comments ·0 Shares ·142 Views
  • " သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့ "

    ခရမ်းချဉ်သီး ပွဲစားတစ်ယောက်
    ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။

    ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။

    ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။

    သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။

    ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။

    ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။

    ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။

    အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။

    စစ်မှန်တဲ့ အောင်မြင်မှု့ဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။

    ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။

    အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။

    ပျာယာမခပ်ဖို့ လောဘမကြီးဖို့
    ဆန္ဒတွေ မစောဖို့တော့ လိုပါတယ်

    credit to own writer
    " သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့ " ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။ ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။ သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။ ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။ ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။ ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။ အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။ စစ်မှန်တဲ့ အောင်မြင်မှု့ဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။ ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။ အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။ ပျာယာမခပ်ဖို့ လောဘမကြီးဖို့ ဆန္ဒတွေ မစောဖို့တော့ လိုပါတယ် credit to own writer
    Care
    1
    · 1 Comments ·0 Shares ·119 Views
  • တကယ်လုပ်လို့ တကယ်မပျောက်ရင်....
    ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။

    ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို
    စေတနာမှန်း မသိနိုင်တဲ့အထိ ...
    သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး
    ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။

    တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့...
    ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့
    လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး
    ပြောပြတာကိုတောင် ...
    ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။

    ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။
    ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ
    ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို...

    အပေါ်မှာပြောခဲ့သလို...
    ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ...
    ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်...
    မလုပ်ပါနဲ့ မောင်လင်းရာ ....
    အလကားနေ အလကား သေသွားမှဖြင့် ..
    သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ...
    လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ...
    ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့....

    အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့...
    ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ...
    ဟုတ်ပါပြီ ငါ့ အမရယ်...
    ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။
    အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။

    သည်းချေ ကျောက်တည်တဲ့ဝေဒနာက
    အတော်ခံစားရခက်ပါတယ်ဗျ။
    တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး..
    အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။

    အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့...
    ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။
    ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ
    ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး...
    သူ့အမျိုးသားက လာမေးတာကြောင့်...
    ရှိပါတယ်။

    သည်းချေ မှာ ကျောက်တည်သော်၎င်း
    ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း
    ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း...
    တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။
    လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး
    ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။
    ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။
    ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်...
    ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။
    ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး..
    ရှင်းပြလိုက်တာ...

    ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့...
    မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်...
    တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ...

    ကဲ ....
    မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး...
    ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..?
    သက်သာပျောက်ကင်းမယ်လို့ရော..
    ယုံကြည်ပါသလား...

    အမစန်းစန်းမြင့်ကတော့....
    ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည်
    ဝယ်ပြီး အိမ်အထိ လာပို့သွားသလို...
    ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း
    ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့
    ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။

    ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။

    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)
    #crd_to_owner_with_respect
    #alinthitmedia
    တကယ်လုပ်လို့ တကယ်မပျောက်ရင်.... ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။ ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို စေတနာမှန်း မသိနိုင်တဲ့အထိ ... သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။ တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့... ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့ လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး ပြောပြတာကိုတောင် ... ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။ ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။ ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို... အပေါ်မှာပြောခဲ့သလို... ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ... ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်... မလုပ်ပါနဲ့ မောင်လင်းရာ .... အလကားနေ အလကား သေသွားမှဖြင့် .. သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ... လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ... ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့.... အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့... ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ... ဟုတ်ပါပြီ ငါ့ အမရယ်... ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။ အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။ သည်းချေ ကျောက်တည်တဲ့ဝေဒနာက အတော်ခံစားရခက်ပါတယ်ဗျ။ တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး.. အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။ အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့... ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။ ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး... သူ့အမျိုးသားက လာမေးတာကြောင့်... ရှိပါတယ်။ သည်းချေ မှာ ကျောက်တည်သော်၎င်း ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း... တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။ လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။ ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။ ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်... ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။ ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး.. ရှင်းပြလိုက်တာ... ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့... မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်... တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ... ကဲ .... မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး... ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..? သက်သာပျောက်ကင်းမယ်လို့ရော.. ယုံကြည်ပါသလား... အမစန်းစန်းမြင့်ကတော့.... ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည် ဝယ်ပြီး အိမ်အထိ လာပို့သွားသလို... ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့ ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။ ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။ ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ) #crd_to_owner_with_respect #alinthitmedia
    Like
    Care
    2
    · 0 Comments ·0 Shares ·205 Views
  • ကမ္ဘာကြီးတစ်လုံးကို သယ်ထားရသလို ခါးနာနေတာလား...? မျိုးဆက် ၃ ဆက်လောက် လမ်းလျှောက်လာရသလို အဆစ်အမြစ်တွေ နာနေတာလား...?

    ဒါဆို ဒီကိုလာခဲ့ပါ....!
    "နတ်ပန်းညို" လို့ခေါ်တဲ့ အစွမ်းထက် ဆေးဖက်ဝင်အပင် ရှိပါတယ်။ ဘယ်နေရာနာကျ'င်နေပါစေ၊ အဲဒီနေရာကို လိမ်းလိုက်ရုံပါပဲ.....!

    အဆိပ်ဖြေတာရော၊ အရိုးတွေကို ပြန်လည်ကောင်းမွန်စေတာရော အစွမ်းထက်ပါတယ်။ လူတွေ မနာကျ'င်သေးခင်မှာတောင် ဒီဆေးပင်က ကုသဖို့ အသင့်ရှိနေပါပြီး...!

    သုံးစွဲနည်းကတော့ သင့်စိတ်ကူးထဲက အချစ်ရေးလိုပဲ လွယ်ကူ ရိုးရှင်းပါတယ်........!

    ခါးနာ၊ အဆစ်အမြစ်ကို'က်ခဲ၊ အရိုးနာကျ'င်ခြင်း များအတွက်
    အရွက်လက်လက်ဆက်ဆက်ကို ထောင်းပြီး နာတဲ့နေရာမှာ အုံပေးပါ။ နည်းနည်းပူပေမယ့် စိတ်ကို ကြည်လင်စေပါတယ်။

    သွေးလေမမှန်ခြင်း၊ အတွင်းကြေဒ'ဏ်ရာ များအတွက်
    အရွက်လက်လက်ဆက်ဆက်ကနေ အရည်ကိုညှစ်ယူပြီး သောက်ပါ။ (အချိုရည်လို တစ်ရှိန်ထိုး မသောက်ဘဲ ဖြည်းဖြည်းချင်း သောက်ပါနော်)

    အဖုအပိမ့်ထွက်ခြင်း၊ အရေပြားယားယံခြင်း များအတွက်
    နတ်ပန်းညိုရွက်ကို ပြုတ်ပြီး ရေချိုးပါ။ ရိုးရှင်းတဲ့ အိမ်လုပ် Spa ပါပဲ၊ ဒါပေမယ့် အရမ်းကောင်းပါတယ်။

    အင်းဆက်ပိုးမွှားကို'က်ခြင်း၊ ပျား၊ နကျယ်ကောင် အကို'က်ခံရခြင်း များအတွက်
    အရွက်ကို ထောင်းပြီး ကို'က်ခံရတဲ့နေရာကို အုံပါ။ အဆိ'ပ်ပြေပြီး လူကလည်း သက်သာရာရသွားပါလိမ့်မယ်။

    သင့်အိမ်မှာ ဒီဆေးပင်မရှိသေးရင် အခုပဲစိုက်လိုက်ပါ...!
    နာမှသတိရရင် နောက်ကျနေပြီးနော် !

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    MON SOUNG
    #MONSOUNG
    ကမ္ဘာကြီးတစ်လုံးကို သယ်ထားရသလို ခါးနာနေတာလား...? မျိုးဆက် ၃ ဆက်လောက် လမ်းလျှောက်လာရသလို အဆစ်အမြစ်တွေ နာနေတာလား...? ဒါဆို ဒီကိုလာခဲ့ပါ....! "နတ်ပန်းညို" လို့ခေါ်တဲ့ အစွမ်းထက် ဆေးဖက်ဝင်အပင် ရှိပါတယ်။ ဘယ်နေရာနာကျ'င်နေပါစေ၊ အဲဒီနေရာကို လိမ်းလိုက်ရုံပါပဲ.....! အဆိပ်ဖြေတာရော၊ အရိုးတွေကို ပြန်လည်ကောင်းမွန်စေတာရော အစွမ်းထက်ပါတယ်။ လူတွေ မနာကျ'င်သေးခင်မှာတောင် ဒီဆေးပင်က ကုသဖို့ အသင့်ရှိနေပါပြီး...! သုံးစွဲနည်းကတော့ သင့်စိတ်ကူးထဲက အချစ်ရေးလိုပဲ လွယ်ကူ ရိုးရှင်းပါတယ်........! ခါးနာ၊ အဆစ်အမြစ်ကို'က်ခဲ၊ အရိုးနာကျ'င်ခြင်း များအတွက် 👉 အရွက်လက်လက်ဆက်ဆက်ကို ထောင်းပြီး နာတဲ့နေရာမှာ အုံပေးပါ။ နည်းနည်းပူပေမယ့် စိတ်ကို ကြည်လင်စေပါတယ်။ သွေးလေမမှန်ခြင်း၊ အတွင်းကြေဒ'ဏ်ရာ များအတွက် 👉 အရွက်လက်လက်ဆက်ဆက်ကနေ အရည်ကိုညှစ်ယူပြီး သောက်ပါ။ (အချိုရည်လို တစ်ရှိန်ထိုး မသောက်ဘဲ ဖြည်းဖြည်းချင်း သောက်ပါနော်) အဖုအပိမ့်ထွက်ခြင်း၊ အရေပြားယားယံခြင်း များအတွက် 👉 နတ်ပန်းညိုရွက်ကို ပြုတ်ပြီး ရေချိုးပါ။ ရိုးရှင်းတဲ့ အိမ်လုပ် Spa ပါပဲ၊ ဒါပေမယ့် အရမ်းကောင်းပါတယ်။ အင်းဆက်ပိုးမွှားကို'က်ခြင်း၊ ပျား၊ နကျယ်ကောင် အကို'က်ခံရခြင်း များအတွက် 👉 အရွက်ကို ထောင်းပြီး ကို'က်ခံရတဲ့နေရာကို အုံပါ။ အဆိ'ပ်ပြေပြီး လူကလည်း သက်သာရာရသွားပါလိမ့်မယ်။ သင့်အိမ်မှာ ဒီဆေးပင်မရှိသေးရင် အခုပဲစိုက်လိုက်ပါ...! နာမှသတိရရင် နောက်ကျနေပြီးနော် !😊 ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 MON SOUNG #MONSOUNG
    Care
    1
    · 0 Comments ·0 Shares ·156 Views
  • အရင်က ဦးလေးဟာ မကြာခဏဆိုသလို ပင်ပန်းလွယ်တယ်၊ ခြေကုန်လက်ပန်းကျပြီး နုံးချိနေတာ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသည်းက ကောင်းကောင်း အလုပ်မလုပ်တာ၊ အသည်းအဆီဖုံးနေတာ ကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဦးလေးက မန်ကျည်းရွက်စိမ်း ရေနွေး ကို ပြုတ်သောက်ဖို့ ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။
    ဦးလေးက ပြုတ်သောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးသွားပြီး၊ လေပြေ၊ ဗိုက်ချောင်သွားတယ် လို့ ပြောပါတယ်။ အခုထိလည်း ရံဖန်ရံခါ ပြန်ပြုတ်သောက်နေတုန်းပဲတဲ့။
    "မန်ကျည်းရွက်စိမ်း" ရဲ့ အစွမ်းသတ္တိများ
    • သွေးသန့်တယ်: သွေးလည်ပတ်မှု ကောင်းစေတယ်။
    • လေခိုတာ ထုတ်တယ်: ဗိုက်ပွတာ၊ လေထိုးလေအောင့်တာကို သက်သာစေတယ်။
    • အဆိပ်အတောက်တွေ ဖယ်ရှားတယ်: အစာချေစနစ်ကို သန့်စင် ဆေးကြောပေးတယ်။
    • အအေးမိ၊ ချောင်းဆိုးတာပါ သက်သာစေနိုင်တယ်။
    ပြုလုပ်နည်း (အရမ်းလွယ်ကူပါတယ်)
    1. ပါဝင်ပစ္စည်း: မန်ကျည်းရွက်စိမ်း လက်တစ်ဆုပ်စာ ယူပါ။
    2. ပြုတ်ခြင်း: ရေ ၁ လီတာ (တစ်ပုလင်း) ထည့်ပြီး ၁၅ မိနစ်ခန့် ဆူအောင် ပြုတ်ပါ။
    3. သောက်သုံးပုံ: မနက်စာနဲ့ ညစာ စားပြီးတဲ့အခါ တစ်နေ့ ၂ ကြိမ်၊ နွေးနွေးလေး သောက်ပါ။
    4. ပုံမှန်သောက်သုံးမှု: ၃ ရက်မှ ၅ ရက် ဆက်တိုက် သောက်ပြီးရင် ၅ ရက် နား ပါ။ ပြီးမှ ပြန်လုပ်ပါ။
    ကိုယ့်ကိုယ်ကိုယ် လေးလံနေတယ်၊ မောပန်းနွမ်းနယ်နေတယ်၊ အားမရှိဘူး၊ ဒါမှမဟုတ် အသည်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ (မျက်လုံးဝါတာ၊ အသားဝါတာ) ရှိတယ်ဆိုရင်တော့ ဒီသဘာဝနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်နော်!

    #alinthitmedia
    အရင်က ဦးလေးဟာ မကြာခဏဆိုသလို ပင်ပန်းလွယ်တယ်၊ ခြေကုန်လက်ပန်းကျပြီး နုံးချိနေတာ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသည်းက ကောင်းကောင်း အလုပ်မလုပ်တာ၊ အသည်းအဆီဖုံးနေတာ ကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဦးလေးက မန်ကျည်းရွက်စိမ်း ရေနွေး ကို ပြုတ်သောက်ဖို့ ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။ ဦးလေးက ပြုတ်သောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးသွားပြီး၊ လေပြေ၊ ဗိုက်ချောင်သွားတယ် လို့ ပြောပါတယ်။ အခုထိလည်း ရံဖန်ရံခါ ပြန်ပြုတ်သောက်နေတုန်းပဲတဲ့။ 🌱 "မန်ကျည်းရွက်စိမ်း" ရဲ့ အစွမ်းသတ္တိများ • သွေးသန့်တယ်: သွေးလည်ပတ်မှု ကောင်းစေတယ်။ • လေခိုတာ ထုတ်တယ်: ဗိုက်ပွတာ၊ လေထိုးလေအောင့်တာကို သက်သာစေတယ်။ • အဆိပ်အတောက်တွေ ဖယ်ရှားတယ်: အစာချေစနစ်ကို သန့်စင် ဆေးကြောပေးတယ်။ • အအေးမိ၊ ချောင်းဆိုးတာပါ သက်သာစေနိုင်တယ်။ 🍵 ပြုလုပ်နည်း (အရမ်းလွယ်ကူပါတယ်) 1. ပါဝင်ပစ္စည်း: မန်ကျည်းရွက်စိမ်း လက်တစ်ဆုပ်စာ ယူပါ။ 2. ပြုတ်ခြင်း: ရေ ၁ လီတာ (တစ်ပုလင်း) ထည့်ပြီး ၁၅ မိနစ်ခန့် ဆူအောင် ပြုတ်ပါ။ 3. သောက်သုံးပုံ: မနက်စာနဲ့ ညစာ စားပြီးတဲ့အခါ တစ်နေ့ ၂ ကြိမ်၊ နွေးနွေးလေး သောက်ပါ။ 4. ပုံမှန်သောက်သုံးမှု: ၃ ရက်မှ ၅ ရက် ဆက်တိုက် သောက်ပြီးရင် ၅ ရက် နား ပါ။ ပြီးမှ ပြန်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးလံနေတယ်၊ မောပန်းနွမ်းနယ်နေတယ်၊ အားမရှိဘူး၊ ဒါမှမဟုတ် အသည်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ (မျက်လုံးဝါတာ၊ အသားဝါတာ) ရှိတယ်ဆိုရင်တော့ ဒီသဘာဝနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်နော်! #alinthitmedia
    Like
    Love
    Care
    3
    · 2 Comments ·0 Shares ·220 Views
  • ကလေးဘဝကတည်းက လူကြီးတွေ ပြောတာကို အမြဲကြားဖူးခဲ့ရတယ်... " သားရေ ခါးတဲ့အရာတွေက၊ တကယ်ကောင်းတဲ့ ဆေးတွေပဲ... လျစ်လျူမရှုသင့်ဘူး" တဲ့။

    ကျွန်တော်တို့ အဘွားနဲ့ နေတုန်းက အဘွားက ခြံစည်းရိုးဘေးမှာ ကြက်ဟင်းခါးသီးပင် တစ်ပင်နှစ်ပင်လောက် အမြဲတမ်း စိုက်ထားတတ်တယ်။ အသီးတွေကလည်း သေးသေးလေးတွေပဲ၊ ဒါပေမယ့် ရာသီဥတုမရွေး ခူးလို့ရနေတယ်။

    အဘွားက ရယ်ပြီး ပြောတတ်တယ်... "လျှာခဏလေး ခါးတာ၊ ဒါပေမယ့် အတွင်းထဲထိ ကောင်းတယ်" တဲ့။

    ကိုယ်မအီမသာ ဖြစ်တဲ့အခါ၊ ဗိုက်တင်းပြီး မအီမသာ ခံစားရတဲ့အခါ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်နေတဲ့အခါမျိုးဆိုရင်...

    အဘွားက ခြံနောက်ဖေးကို ထွက်သွားပြီး ကြက်ဟင်းခါးသီး တစ်ဆုပ်လောက် ခူးလာတယ်။

    ရေနဲ့ ပြုတ်ပြီး နွေးနွေးလေး သောက်လိုက်တယ်။

    မကြာခင်မှာပဲ အဘွားက ပြုံးပြီး ဗိုက်ထဲမှာ သိပ်ကို လေဟာသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ပြောပြတယ်။

    တကယ်လို့ ညဘက် အိပ်မပျော်ဘူး၊ စိတ်ထဲ လွင့်မျောနေသလို ဖြစ်နေရင်လည်း အလားတူ လုပ်တယ်။ ညအိပ်ရာမဝင်ခင် ပြုတ်ပြီး သောက်လိုက်တာ... နာရီဝက်တောင် မကြာဘဲ မနက်ထိ အိပ်ပျော်သွားတတ်တယ်

    ဒီအပင်လေးရဲ့ အားသာချက်တွေကတော့...

    နွယ်တက်တာ အရမ်းကောင်းပြီး စိုက်ပျိုးရ လွယ်ကူတယ်။

    ဘယ်အစိတ်အပိုင်းကိုမဆို ဟင်းချက်ဖို့ သုံးလို့ရတယ်။

    ရိုးရိုးလေး ကြော်စားနိုင်တယ်။

    ငါးခြောက်နဲ့ ရောပြီး မွှေးမွှေးလေး ဟင်းချိုချက်စားလို့ရတယ်။

    နွေးနွေးလေး ပြုတ်ပြီး သောက်လို့လည်း ရတယ်။

    ကိုယ်တိုင် စိုက်ပျိုးတာဆိုတော့ ဓာတုပစ္စည်းတွေ ပတ်သက်မှာ စိတ်ပူစရာ မလိုဘူး။ စားလိုက်ရင် ခန္ဓာကိုယ်ထဲမှာ လေဟာသွားပြီး ကြည်လင်ပေါ့ပါးသွားသလို ခံစားရတယ်။

    ရှေးလူကြီးတွေက ဒီအပင်ရဲ့ တန်ဖိုးကို သိထားတာ ကြာပြီ။ ဒါကြောင့် အိမ်တိုင်းလိုလိုမှာ စိုက်ထားလေ့ ရှိတယ်။ ခြံစည်းရိုးဘေးမှာ တွယ်ကပ်နေတဲ့ ဒီအပင်လေးကို မြင်ရုံနဲ့တင် ကိုယ့်ကို အနီးကပ် ဂရုစိုက်ပေးနေတဲ့ ရတနာတစ်ပါး ရှိနေသလိုမျိုး ခံစားရပါတယ်နော်

    #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ကြက်ဟင်းခါးသီး #အိပ်မပျော် #လေပွသက်သာ
    ကလေးဘဝကတည်းက လူကြီးတွေ ပြောတာကို အမြဲကြားဖူးခဲ့ရတယ်... " သားရေ ခါးတဲ့အရာတွေက၊ တကယ်ကောင်းတဲ့ ဆေးတွေပဲ... လျစ်လျူမရှုသင့်ဘူး" တဲ့။ ကျွန်တော်တို့ အဘွားနဲ့ နေတုန်းက အဘွားက ခြံစည်းရိုးဘေးမှာ ကြက်ဟင်းခါးသီးပင် တစ်ပင်နှစ်ပင်လောက် အမြဲတမ်း စိုက်ထားတတ်တယ်။ အသီးတွေကလည်း သေးသေးလေးတွေပဲ၊ ဒါပေမယ့် ရာသီဥတုမရွေး ခူးလို့ရနေတယ်။ အဘွားက ရယ်ပြီး ပြောတတ်တယ်... "လျှာခဏလေး ခါးတာ၊ ဒါပေမယ့် အတွင်းထဲထိ ကောင်းတယ်" တဲ့။ ကိုယ်မအီမသာ ဖြစ်တဲ့အခါ၊ ဗိုက်တင်းပြီး မအီမသာ ခံစားရတဲ့အခါ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်နေတဲ့အခါမျိုးဆိုရင်... အဘွားက ခြံနောက်ဖေးကို ထွက်သွားပြီး ကြက်ဟင်းခါးသီး တစ်ဆုပ်လောက် ခူးလာတယ်။ ရေနဲ့ ပြုတ်ပြီး နွေးနွေးလေး သောက်လိုက်တယ်။ မကြာခင်မှာပဲ အဘွားက ပြုံးပြီး ဗိုက်ထဲမှာ သိပ်ကို လေဟာသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ပြောပြတယ်။ တကယ်လို့ ညဘက် အိပ်မပျော်ဘူး၊ စိတ်ထဲ လွင့်မျောနေသလို ဖြစ်နေရင်လည်း အလားတူ လုပ်တယ်။ ညအိပ်ရာမဝင်ခင် ပြုတ်ပြီး သောက်လိုက်တာ... နာရီဝက်တောင် မကြာဘဲ မနက်ထိ အိပ်ပျော်သွားတတ်တယ် 😳။ ဒီအပင်လေးရဲ့ အားသာချက်တွေကတော့... နွယ်တက်တာ အရမ်းကောင်းပြီး စိုက်ပျိုးရ လွယ်ကူတယ်။ ဘယ်အစိတ်အပိုင်းကိုမဆို ဟင်းချက်ဖို့ သုံးလို့ရတယ်။ ရိုးရိုးလေး ကြော်စားနိုင်တယ်။ ငါးခြောက်နဲ့ ရောပြီး မွှေးမွှေးလေး ဟင်းချိုချက်စားလို့ရတယ်။ နွေးနွေးလေး ပြုတ်ပြီး သောက်လို့လည်း ရတယ်။ ကိုယ်တိုင် စိုက်ပျိုးတာဆိုတော့ ဓာတုပစ္စည်းတွေ ပတ်သက်မှာ စိတ်ပူစရာ မလိုဘူး။ စားလိုက်ရင် ခန္ဓာကိုယ်ထဲမှာ လေဟာသွားပြီး ကြည်လင်ပေါ့ပါးသွားသလို ခံစားရတယ်။ ရှေးလူကြီးတွေက ဒီအပင်ရဲ့ တန်ဖိုးကို သိထားတာ ကြာပြီ။ ဒါကြောင့် အိမ်တိုင်းလိုလိုမှာ စိုက်ထားလေ့ ရှိတယ်။ ခြံစည်းရိုးဘေးမှာ တွယ်ကပ်နေတဲ့ ဒီအပင်လေးကို မြင်ရုံနဲ့တင် ကိုယ့်ကို အနီးကပ် ဂရုစိုက်ပေးနေတဲ့ ရတနာတစ်ပါး ရှိနေသလိုမျိုး ခံစားရပါတယ်နော် 💛။ #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #ကြက်ဟင်းခါးသီး #အိပ်မပျော် #လေပွသက်သာ
    Like
    Care
    2
    · 1 Comments ·0 Shares ·250 Views
  • ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။
    ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲက
    သင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်ရဲယိုပင်ကိုသာ ရွေးချယ်လိုက်ပါတဲ့။

    မိမိအိမ်ရဲ့ မြေမှာ
    အနည်းဆုံး ရဲယိုပင် တစ်ပင် စိုက်လိုက်ပါ။

    တိုက်ခန်း, ကွန်ဒိုနဲ့
    နေတဲ့သူများကတော့
    ပန်းအိုးတစ်အိုး နဲ့ စိုက်လိုက်ပါ။

    ဒါမှသာ ရဲယိုရွက်လေးတွေ
    ထွက်လာတာ မြင်နေရမှ
    ရဲယိုရွက်ကို စားဖို့ မမေ့မှာပါ။

    တစ်ကယ်လို့ အကြောင်း အမျိုးမျိုးကြောင့်
    မစိုက်ဖြစ်ကြဘူး ဆိုရင်လည်း

    ရဲယိုရွက်ကို ချက်စားကြဖို့
    စေတနာ အရင်းခံနဲ့ တိုက်တွန်းပါတယ်။

    ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်း

    ရဲယိုရွက် ဘဲဥ အချပ်လိုက်ကြော်

    ရဲယိုရွက် ငါးဘတ်မွှေ

    ရဲယိုရွက် ငါးခူဟင်း

    ရဲယိုရွက် ကြက်ဥမွှေကြော်

    ရဲယိုရွက်ကြော်

    ရဲယိုရွက် ကြက်ကြော်သုပ်

    ရဲယိုရွက် ငါးခူစင်းကော

    ရဲယိုရွက် ကြက်သားဟင်း

    ကျန်းမာရေးအတွက် ကောင်းလွန်းလို့
    ထပ်ချက်စားတဲ့ ရဲယိုရွက်

    အသစ် ဟင်းလျှာတွေကို
    ထပ်ထပ်ပြီး ဖြည့်ပေးသွားပါမယ်။

    အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ။

    Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ

    ရဲယို နဲ့ ကျန်းမာရေး
    **********

    အစားအစာတိုင်းက
    အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။

    ခန္ဓာကိုယ်အတွက်
    ကျန်းမာရေး အကျိုးကျေးဇူးတွေ
    အများကြီးရစေတာပါ။

    ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊

    ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး
    စားလို့ရသလို

    ရဲယိုသီးကိုလည်း
    ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။

    ရဲယိုပင်က
    တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။

    ရဲယို က
    ဘယ်လိုများဆေးဖက်ဝင်တာလဲ

    ရဲယိုသီးရော ရဲယိုရွက်ကပါ
    ကျန်းမာရေးအကျိုးကျေးဇူး
    တော်တော်လေးများပါတယ်။

    သက်ကြီးရွယ်အိုတွေအတွက်ရော

    လူငယ်တွေအတွက်ပါ
    အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။

    ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး
    အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။

    ရှေးယခင်ကာလတွေကတည်းက
    အရေပြားအတွက်ဆေးအဖြစ်

    အသုံးပြုခဲ့ကြပါတယ်။

    အသီးနဲ့ အရွက်တင် မကပါဘူး။
    အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း
    ဆေးဖက်ဝင်ပါသေးတယ်။

    ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ

    ရဲယိုရွက်၊ ရဲယိုသီးတို့မှာ
    ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊

    ဗီတာမင် A၊ ဗီတာမင် C နဲ့
    သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။

    ဒါတွေအပြင်
    ကင်ဆာ နဲ့ နှလုံးရောဂါတွေကို

    ကာကွယ်ပေးနိုင်တဲ့
    ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း
    ပါဝင်နေပါသေးတယ်။

    အစာလည်းဆေး၊
    ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို

    အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။
    မကြိုက်တဲ့သူတွေအတွက်တော့

    အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။
    ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။

    ရဲယိုရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများကတော့

    အကိုက်အခဲပျောက်စေတယ်

    ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်
    အကိုက်အခဲပျောက်ပင်လို့တောင်
    ခေါ်ကြတာမျိုးရှိပါတယ်။

    လေ့လာမှုတွေအရ ရဲယိုပင်က
    အကိုက်အခဲပျောက်စေနိုင်ပြီး

    လေးဖက်နာ ဝေဒနာနဲ့
    အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို
    သက်သာစေနိုင်ပါတယ်။

    ကိုယ်ခံအားကောင်းစေတယ်။


    ကိုယ်ခံအားကောင်းစေဖို့
    အထောက်အကူပြုပေးပါတယ်။

    ဘက်တီးရီးယားတွေ

    အန္တရာယ်ကနေ ကာကွယ်ပေးသလို
    တုပ်ကွေးလိုမျိုး

    ကူးစက်တတ်တဲ့ ရောဂါတွေကနေ
    ကာကွယ်ပေးနိုင်ပါတယ်။

    အိပ်ပျော်စေတယ်။

    ရဲယိုသီး နဲ့ ရဲယိုရွက်က
    ဆီရိုတိုနင်ဟော်မုန်းနဲ့
    မယ်လ်လာတိုနင်ဟော်မုန်းတွေကို
    လှုံ့ဆော်ပေးပါတယ်။

    စိတ်ခံစားမှု ကောင်းမွန်စေပြီး

    စိတ်ဓာတ်မကျစေဖို့နဲ့
    အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို
    လှုံ့ဆော်ပေးမှတော့

    စိတ်ဓာတ်ကျမှာ
    အိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။

    အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။

    ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့

    ဂုဏ်သတ္တိတွေက
    အသားအရေကို နုပျိုစေပြီး

    ဆံသားကို သန်စွမ်းစေနိုင်သလို
    ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။


    ကင်ဆာကာကွယ်ပေးနိုင်တယ်

    ရဲယို ရွက် နဲ့ ရဲယိုသီးတွေက
    နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင်
    လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။

    ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို
    တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို

    ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း
    ဟန့်တားပေးနိုင်ပါတယ်။

    သွေးတိုးကျစေနိုင်တယ်

    phytonutrients ပါဝင်နေသလို
    ဗီတာမင် C နဲ့ ဆီလီနီယမ်တို့

    ပါဝင်နေတာကြောင့်
    သွေးကြောနံရံတွေကို

    Free Radical တွေကြောင့်
    ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

    ပိုတက်ဆီယမ်ပါဝင်မှုကြောင့်

    သွေးတိုးကျစေနိုင်ပါတယ်။
    နောက်ထပ်အာနိသင်တစ်ခုက

    သွေးကြောတွေကို ပြေလျော့စေတာပါ။

    သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။

    သွေးတွင်းက အကျိုးမပြုတဲ့
    ကိုလက်စထရောတွေကို ကျဆင်းစေပြီး

    သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်
    ကာကွယ်ပေးနိုင်ပါတယ်။

    မှတ်ဉာဏ်ကောင်းစေနိုင်တယ်

    သွေးတွင်းကိုလက်စထရောကို

    ကျဆင်းစေနိုင်ပြီး
    သွေးကြောတွေထဲမှာ

    သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့်
    ဦးနှောက်ထဲကို

    သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး
    ဦးနှောက်ကို ကျန်းမာစေနိုင်သလို
    မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။

    ဝမ်းမှန်စေနိုင်တယ်

    ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ

    ပါဝင်နေတာကြောင့်
    အူတွေအတွင်းမှာ

    စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး
    ဝမ်းမှန်စေနိုင်ပါတယ်။

    အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့
    ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို
    ထောက်ပံ့ပေးပါတယ်။

    ဒါတွေအပြင်

    ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့

    ဓာတ်တွေက
    ကျန်းမာရေးကို တော်တော်လေး

    အထောက်အကူပြုပေးတာပါ။

    လေနာရောဂါ၊

    အတက်ရောဂါတွေကို သက်သာစေနိုင်သလို
    ချောင်းဆိုးပျောက်စေပါတယ်။

    ဆီးချိုအတွက် အသုံးတည့်သလို

    ဆီးသွားရင် နာကျင်တာ၊

    အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့

    ကင်ဆာကာကွယ်ဖို့နဲ့

    လေမဖြတ်အောင်
    ကာကွယ်ဖို့အတွက်လည်း

    အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။

    ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း
    စားသုံးပေးလို့ရပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ

    Crd original writer
    #ကျန်းမာရေးဗဟုသုတအနေဖြင့်ပြန်လည်မျှဝေတာဖြစ်ပါတယ် #sweswe #ကျန်းမာရေးဗဟုသုတရကြပါစေ #fblifestyle
    ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲက သင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်ရဲယိုပင်ကိုသာ ရွေးချယ်လိုက်ပါတဲ့။ မိမိအိမ်ရဲ့ မြေမှာ အနည်းဆုံး ရဲယိုပင် တစ်ပင် စိုက်လိုက်ပါ။ တိုက်ခန်း, ကွန်ဒိုနဲ့ နေတဲ့သူများကတော့ ပန်းအိုးတစ်အိုး နဲ့ စိုက်လိုက်ပါ။ ဒါမှသာ ရဲယိုရွက်လေးတွေ ထွက်လာတာ မြင်နေရမှ ရဲယိုရွက်ကို စားဖို့ မမေ့မှာပါ။ တစ်ကယ်လို့ အကြောင်း အမျိုးမျိုးကြောင့် မစိုက်ဖြစ်ကြဘူး ဆိုရင်လည်း ရဲယိုရွက်ကို ချက်စားကြဖို့ စေတနာ အရင်းခံနဲ့ တိုက်တွန်းပါတယ်။ ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်း ရဲယိုရွက် ဘဲဥ အချပ်လိုက်ကြော် ရဲယိုရွက် ငါးဘတ်မွှေ ရဲယိုရွက် ငါးခူဟင်း ရဲယိုရွက် ကြက်ဥမွှေကြော် ရဲယိုရွက်ကြော် ရဲယိုရွက် ကြက်ကြော်သုပ် ရဲယိုရွက် ငါးခူစင်းကော ရဲယိုရွက် ကြက်သားဟင်း ကျန်းမာရေးအတွက် ကောင်းလွန်းလို့ ထပ်ချက်စားတဲ့ ရဲယိုရွက် အသစ် ဟင်းလျှာတွေကို ထပ်ထပ်ပြီး ဖြည့်ပေးသွားပါမယ်။ အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ။ Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ ရဲယို နဲ့ ကျန်းမာရေး ********** အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရစေတာပါ။ ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊ ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။ ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။ ရဲယို က ဘယ်လိုများဆေးဖက်ဝင်တာလဲ ရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။ သက်ကြီးရွယ်အိုတွေအတွက်ရော လူငယ်တွေအတွက်ပါ အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။ ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။ ရှေးယခင်ကာလတွေကတည်းက အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အသီးနဲ့ အရွက်တင် မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါသေးတယ်။ ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ရဲယိုရွက်၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့ သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါသေးတယ်။ အစာလည်းဆေး၊ ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ မကြိုက်တဲ့သူတွေအတွက်တော့ အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။ ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။ ရဲယိုရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများကတော့ အကိုက်အခဲပျောက်စေတယ် ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင် အကိုက်အခဲပျောက်ပင်လို့တောင် ခေါ်ကြတာမျိုးရှိပါတယ်။ လေ့လာမှုတွေအရ ရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီး လေးဖက်နာ ဝေဒနာနဲ့ အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတယ်။ ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အိပ်ပျော်စေတယ်။ ရဲယိုသီး နဲ့ ရဲယိုရွက်က ဆီရိုတိုနင်ဟော်မုန်းနဲ့ မယ်လ်လာတိုနင်ဟော်မုန်းတွေကို လှုံ့ဆော်ပေးပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့ အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ အိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။ အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။ ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့ ဂုဏ်သတ္တိတွေက အသားအရေကို နုပျိုစေပြီး ဆံသားကို သန်စွမ်းစေနိုင်သလို ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။ ကင်ဆာကာကွယ်ပေးနိုင်တယ် ရဲယို ရွက် နဲ့ ရဲယိုသီးတွေက နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ပါတယ်။ သွေးတိုးကျစေနိုင်တယ် phytonutrients ပါဝင်နေသလို ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့် သွေးကြောနံရံတွေကို Free Radical တွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ နောက်ထပ်အာနိသင်တစ်ခုက သွေးကြောတွေကို ပြေလျော့စေတာပါ။ သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေနိုင်တယ် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကို ကျန်းမာစေနိုင်သလို မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်တယ် ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် အူတွေအတွင်းမှာ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထောက်ပံ့ပေးပါတယ်။ ဒါတွေအပြင် ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ လေနာရောဂါ၊ အတက်ရောဂါတွေကို သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါတယ်။ ဆီးချိုအတွက် အသုံးတည့်သလို ဆီးသွားရင် နာကျင်တာ၊ အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့ ကင်ဆာကာကွယ်ဖို့နဲ့ လေမဖြတ်အောင် ကာကွယ်ဖို့အတွက်လည်း အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း စားသုံးပေးလို့ရပါတယ်။ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Crd original writer 🤍🤍 #ကျန်းမာရေးဗဟုသုတအနေဖြင့်ပြန်လည်မျှဝေတာဖြစ်ပါတယ် #sweswe #ကျန်းမာရေးဗဟုသုတရကြပါစေ #fblifestyle
    Like
    Care
    2
    · 0 Comments ·0 Shares ·488 Views
  • “သံပရာသီးဖျော်ရည်” အိမ်တွင်းဖြစ်ဖျော်ရည်တစ်မျိုးဖြစ်ပေမယ့် ထင်ထားတာထက် ကျန်းမာရေးအတွက် ပိုကောင်းတယ်!
    လူအများစုက ဆိုဒါကို “အရသာမရှိတဲ့ အချိုရည်တစ်မျိုး” လို့ မြင်ကြတယ်။
    ဒါပေမဲ့ သံပရာသီးအလုံးတစ်ဝက်လောက်ကို ညှစ်ထည့်လိုက်မယ်ဆိုရင်…
    ခန္ဓာကိုယ်က ချက်ချင်း နိုးထလာသလို ခံစားရပါလိမ့်မယ်!

    လူအများ သောက်သုံးလာကြတဲ့ အကျိုးကျေးဇူးများ...
    • ရေသောက်သုံးမှု ပိုမိုလွယ်ကူလာပြီး အချိုမပါဘဲ
    လန်းဆန်းစေခြင်း။
    • အချိုရည်/သကြားပါတဲ့ အချိုရည်တွေ သောက်ချင်စိတ်
    ကို လျော့ကျစေခြင်း။
    • သံပရာသီးမှ ဗီတာမင် C ရရှိခြင်း။
    • နေ့လယ်ဘက်သောက်ခြင်းက ဦးနှောက်ကို နိုးကြားစေပြီး
    ငိုက်မျဉ်းမှုမရှိအောင် ကူညီပေးခြင်း။
    အချိုရည်သောက်သုံးတဲ့ အလေ့အကျင့်ကို စတင်ပြောင်းလဲပြီး သဘာဝအတိုင်း လန်းဆန်းမှုကို ရချင်သူတွေအတွက်
    သံပရာသီးဖျော်ရည်က “စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ပြီး သက်ရောက်မှုလည်း အများကြီး သက်သာပါတယ်”

    ဖန်ခွက်တစ်ခွက်စာအတွက် ပြုလုပ်နည်း...
    • အအေးခံထားသော ဆိုဒါ ၁ ဖန်ခွက် ( 300–350 ml )
    (မရှိရင် ရေနွေးနွေး အစားထိုးနိုင်သည်)
    • သံပရာသီးအလုံး ½ – ၁ လုံး
    • ဆား လက်ဖက်ရည်ဇွန်း အဖျားလောက်
    (အရသာပိုမိုပြည့်စုံချင်ရင်)
    • ပျားရည် လက်ဖက်ရည်ဇွန်း ½ ဇွန်း
    (ထည့်နိုင်ပါတယ်၊ ဒါပေမဲ့ မလိုအပ်ပါဘူး)
    • မသောက်ခင် ဖြည်းဖြည်းလေး မွှေပေးပါ။
    • လျှို့ဝှက်ချက်က အရမ်းချိုမသွားဖို့ပါ – အဓိကအရသာက
    “လန်းဆန်းမှု၊ အချဉ်ဓာတ်နဲ့ အမြှုပ်ထွက်ခြင်း” တို့ပဲ ဖြစ်ပါ
    တယ်။

    “အကျိုးသက်ရောက်မှု ရှိအောင်” သောက်သုံးနည်း...
    (ဆိုလိုသည်မှာ အချိုရည်သောက်သုံးမှု အလေ့အကျင့် လျော့နည်းလာပြီး ရေသောက်သုံးမှု ပိုများလာစေရန်)

    နေ့လယ် ၂ နာရီမှ ၄ နာရီအတွင်း သောက်ပါ။
    • လူအများစု ငိုက်တတ်တဲ့အချိန်ဖြစ်လို့ အချိုရည်/ကော်ဖီကို
    သွားယူသောက်မယ့်အစား
    • သံပရာသီးဖျော်ရည် ၁ ဖန်ခွက်နဲ့ အစားထိုးလိုက်ပါ။
    ညစာမစားခင် မိနစ် ၂၀ အလို။
    • ညစာမစားမီ “လန်းဆန်းပြီး သကြားဓာတ်နည်းပါးခြင်း” ကို
    ရရှိစေပါတယ်။

    သတိပြုရန်အချက်များ
    အက်ဆစ်ဓာတ်ကို ခံနိုင်ရည်နည်းသူ (သို့) အက်ဆစ်ပြန်ဆန်တက်သူများ အချဉ်ဓာတ် အလွန်အကျွံ မဖြစ်စေရန် သတိထားပါ။
    တစ်နေကုန် သောက်နေဖို့ မလိုအပ်ပါဘူး၊ တစ်နေ့ကို ၁ ဖန်ခွက် လုံလောက်ပါတယ်။

    အချိုလျှော့ချတာကို မခံစားရဘဲ လုပ်ချင်သူတွေ
    “ဒီ ဖန်ခွက် ၁ ခွက်” ကနေ စတင်ကြည့်ပါ။
    သံပရာသီးဖျော်ရည် = ရိုးရှင်းလွယ်ကူတဲ့ လန်းဆန်းမှု တစ်မျိုးဖြစ်ပေမဲ့ သင့်ရဲ့ ရေသောက်သုံးမှု အလေ့အကျင့်ကို တစ်နေကုန် ပြောင်းလဲပေးနိုင်ပါတယ်။

    မစမ်းသောက်ခင် မျှဝေသိမ်းဆည်းထားနိုင်ပါတယ်!

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေ 🙏🏻

    MON SOUNG
    #MONSOUNG
    “သံပရာသီးဖျော်ရည်” အိမ်တွင်းဖြစ်ဖျော်ရည်တစ်မျိုးဖြစ်ပေမယ့် ထင်ထားတာထက် ကျန်းမာရေးအတွက် ပိုကောင်းတယ်! 💚🥤 📍📍လူအများစုက ဆိုဒါကို “အရသာမရှိတဲ့ အချိုရည်တစ်မျိုး” လို့ မြင်ကြတယ်။ ဒါပေမဲ့ သံပရာသီးအလုံးတစ်ဝက်လောက်ကို ညှစ်ထည့်လိုက်မယ်ဆိုရင်… ခန္ဓာကိုယ်က ချက်ချင်း နိုးထလာသလို ခံစားရပါလိမ့်မယ်! လူအများ သောက်သုံးလာကြတဲ့ အကျိုးကျေးဇူးများ... • ရေသောက်သုံးမှု ပိုမိုလွယ်ကူလာပြီး အချိုမပါဘဲ လန်းဆန်းစေခြင်း။ • အချိုရည်/သကြားပါတဲ့ အချိုရည်တွေ သောက်ချင်စိတ် ကို လျော့ကျစေခြင်း။ • သံပရာသီးမှ ဗီတာမင် C ရရှိခြင်း။ • နေ့လယ်ဘက်သောက်ခြင်းက ဦးနှောက်ကို နိုးကြားစေပြီး ငိုက်မျဉ်းမှုမရှိအောင် ကူညီပေးခြင်း။ အချိုရည်သောက်သုံးတဲ့ အလေ့အကျင့်ကို စတင်ပြောင်းလဲပြီး သဘာဝအတိုင်း လန်းဆန်းမှုကို ရချင်သူတွေအတွက် သံပရာသီးဖျော်ရည်က “စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ပြီး သက်ရောက်မှုလည်း အများကြီး သက်သာပါတယ်” 😄 ဖန်ခွက်တစ်ခွက်စာအတွက် ပြုလုပ်နည်း... • အအေးခံထားသော ဆိုဒါ ၁ ဖန်ခွက် ( 300–350 ml ) (မရှိရင် ရေနွေးနွေး အစားထိုးနိုင်သည်) • သံပရာသီးအလုံး ½ – ၁ လုံး • ဆား လက်ဖက်ရည်ဇွန်း အဖျားလောက် (အရသာပိုမိုပြည့်စုံချင်ရင်) • ပျားရည် လက်ဖက်ရည်ဇွန်း ½ ဇွန်း (ထည့်နိုင်ပါတယ်၊ ဒါပေမဲ့ မလိုအပ်ပါဘူး) • မသောက်ခင် ဖြည်းဖြည်းလေး မွှေပေးပါ။ • လျှို့ဝှက်ချက်က အရမ်းချိုမသွားဖို့ပါ – အဓိကအရသာက “လန်းဆန်းမှု၊ အချဉ်ဓာတ်နဲ့ အမြှုပ်ထွက်ခြင်း” တို့ပဲ ဖြစ်ပါ တယ်။ “အကျိုးသက်ရောက်မှု ရှိအောင်” သောက်သုံးနည်း... (ဆိုလိုသည်မှာ အချိုရည်သောက်သုံးမှု အလေ့အကျင့် လျော့နည်းလာပြီး ရေသောက်သုံးမှု ပိုများလာစေရန်) နေ့လယ် ၂ နာရီမှ ၄ နာရီအတွင်း သောက်ပါ။ • လူအများစု ငိုက်တတ်တဲ့အချိန်ဖြစ်လို့ အချိုရည်/ကော်ဖီကို သွားယူသောက်မယ့်အစား • သံပရာသီးဖျော်ရည် ၁ ဖန်ခွက်နဲ့ အစားထိုးလိုက်ပါ။ ညစာမစားခင် မိနစ် ၂၀ အလို။ • ညစာမစားမီ “လန်းဆန်းပြီး သကြားဓာတ်နည်းပါးခြင်း” ကို ရရှိစေပါတယ်။ သတိပြုရန်အချက်များ အက်ဆစ်ဓာတ်ကို ခံနိုင်ရည်နည်းသူ (သို့) အက်ဆစ်ပြန်ဆန်တက်သူများ အချဉ်ဓာတ် အလွန်အကျွံ မဖြစ်စေရန် သတိထားပါ။ တစ်နေကုန် သောက်နေဖို့ မလိုအပ်ပါဘူး၊ တစ်နေ့ကို ၁ ဖန်ခွက် လုံလောက်ပါတယ်။ အချိုလျှော့ချတာကို မခံစားရဘဲ လုပ်ချင်သူတွေ “ဒီ ဖန်ခွက် ၁ ခွက်” ကနေ စတင်ကြည့်ပါ။ သံပရာသီးဖျော်ရည် = ရိုးရှင်းလွယ်ကူတဲ့ လန်းဆန်းမှု တစ်မျိုးဖြစ်ပေမဲ့ သင့်ရဲ့ ရေသောက်သုံးမှု အလေ့အကျင့်ကို တစ်နေကုန် ပြောင်းလဲပေးနိုင်ပါတယ်။ 💚🥤✨ မစမ်းသောက်ခင် မျှဝေသိမ်းဆည်းထားနိုင်ပါတယ်! ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေ 🙏🏻 MON SOUNG #MONSOUNG
    Like
    Care
    2
    · 7 Comments ·0 Shares ·327 Views
  • ဘုန်းကြီး နဲ့ သူတောင်းစား
    ************************

    ဗိုက်ဆာလို့ ကျောင်းမှာ လာတောင်းစားတဲ့ သူတောင်းစားကို ဘုန်းကြီးက အုပ်ခဲပုံရွှေခိုင်းလိုက်သောအခါ

    တစ်နေ့မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းကို လက်တစ်ဖက်တည်းရှိတဲ့ သူတောင်းစားတစ်ယောက် ရောက်လာပြီး စားစရာလာတောင်း စားတယ် ..အဲ့မှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ တိုးတော့ ကျောင်းထိုင်ဆရာတော် ဆီမှာ စားစရာတောင်း တယ်။

    ဆရာတော်က ဆွမ်းစားဆောင်ရှေ့ က အုတ်ပုံကို လက်ညိုး ထိုးပြ ပြီး “ဒကာတော် အဲ့ဒီအုတ်ပုံကို ဆွမ်းစားဆောင်နောက် အရင် ရွေ့ပေးပါအုန်း ” လို့ မိန့်တော်မူတယ်။ အဲ့တော့ လက်ပြတ် သူတောင်းစားက ဘုန်းကြီးကို မကျေမနပ်နဲ့ ပြောတယ်။

    “ အရှင်ဘုရား။ တပည့်တော် မှာ လက်တစ်ဖက်တည်းရှိတာ ဘယ်လိုလုပ်ပြီး ဒီအုပ်ပုံကို ရွေ့နိုင်မှာလဲ အရှင်ဘုရား ဆွမ်းကျန် ဟင်းကျန်လေးတောင် မစွန့် ပေးချင်လဲ နေပါ။ တပည့်တော် တစ်ခြားမှာပဲ သွားတောင်းစားတော့ မယ် ” လို့ပြောရော ။

    ဘုန်းကြီးက ဘာမှ ပြန်မပြောဘူး။ အုတ်ပုံဆီ လျောက်သွားပြီး လက် တစ်ဖက်တည်းနဲ့ အုတ်ခဲကို မပြီး ဆွမ်းစားဆောင်နောက်မှာ သွားချ တယ် ပြီးတော့မှ လေသံအေးအေးနဲ့ ပြောတာ “ ဒီလိုအလုပ်မျိုးက လက်တစ်ဖက်တည်းနဲ့လဲ လုပ်လို့ရတယ် ”

    လက်တစ်ဖက်ပြတ် သူတောင်းစားလည်း ဗိုက်ကဆာ စားသောက်စရာလဲ လိုချင်တာ နဲ့ ဘုန်းကြီးပြောတဲ့အတိုင်း လုပ်ပါလေရော လက်တစ်ဖက် တည်းနဲ့ အုတ်ခဲတွေ တစ်ခဲချင်း တစ်ခဲချင်းစီ ဆွမ်းစားဆောင်နောက်ကို သယ်သွားချလိုက်တာ အချိန်အတော်လေးလဲကြာရောအုတ်ခဲပုံ တစ်ပုံလုံး ကျောင်းအနောက် ရောက်သွားပါလေရော။

    အဲ့ဒီနောက် ဘုန်းကြီးလဲထမင်းဟင်းတွေကို ကောင်းကောင်း ပြင်ဆင်ပြီး ကျွေးလိုက်တယ် သူတောင်းစား ထမင်းစားပြီးတော့ ဘုန်းကြီးက ပိုက်ဆံတစ်ချို့ ထုတ်ပေးတယ် …

    သူတောင်းစားလည်း ပိုက်ဆံတွေရတော့ အရမ်းဝမ်းသာသွားတယ်။ ဒါနဲ့ “ ကျေးဇူးတင်လိုက်တာဘုရား ကျေးဇူးတင်ပါတယ် အရှင်ဘုရား” နဲ့ ထိုင်ရှိခိုးရော။ ဘုန်းကြီးက ပြောတာ “ ဘုန်းဘုန်းကို ကျေးဇူးတင်စရာ မလိုပါဘူး ဒကာတော်။

    ဘာကြောင့်လဲဆိုတော့ အဲ့ ဒီပိုက်ဆံတွေဟာ ဒကာတော်ရဲ့ အားအင် အစွမ်းအစကနေ လာတဲ့ ပိုက်ဆံတွေပဲလေ” တဲ့။သူတောင်းစားဟာ သူရဲ့ အစွမ်းအစ ကနေ ရတဲ့ငွေ အတွက် အရမ်း ကြည်နူ ပီတိ ဖြစ်မိတယ် လို့ခံစားရတယ်။

    “ တပည့်တော် အမြဲ မှတ်သားထားပါ့မယ် ဘုရား ” ဆိုပြီး ဘုန်းကြီး ကို ကျေးဇူးတင်စွာနဲ့ ကန်တော့ပြီး ထွက်ခွာသွားခဲ့ ပါတော့တယ်။

    နောက်ထပ် လေးငါးရက်လောက် ထပ်ကြာတော့ နောက်ထပ် သူတောင်းစားတစ်ယောက်က ကျောင်းမှာလာပြီး ဆွမ်းကျန်ထမင်းကျန် ထပ် လာတောင်းစားတယ် …

    “ ဘုန်းကြီးလည်း သူတောင်းစားကို ဆွမ်းစားဆောင် နောက် ခေါ်သွားပြီး အုတ်ပုံကို လက်ညိုးထိုးပြပြီး ဒီအုတ်ပုံ ကို ဆွမ်းစာဆောင်အရှေ့ အရင်ရွေ့ပေးပါအုန်း လို့ ပြောတယ် ”
    ဒါပေမဲ့ ခြေလက်အကောင်း နဲ့ အဲ့ဒီသူတောင်းစားဟာ ဘုန်းကြီး ခိုင်းတာ ကို စိတ်မဝင်စားပါဘူး ။
    “ဆွမ်းကျန်လေး တောင်းစားတာတောင် မကျွေးချင်ဘူး။ လူကိုများ ဟိုခိုင်းလိုက် ဒီခိုင်းလိုက်နဲ့ ” လို့ မကျေမနပ်နဲ့ ပြောပြီး ထွက်ခွာသွားတော့ တယ်။

    ကျောင်းထဲ က သံဃာတွေ အဲ့တာတွေကို မြင်တော့ ဘုန်းကြီးကို ဝိုင်းမေး ကြတယ်။
    “ အရင်တစ်ခေါက်တုန်းက အရှင်ဘုရားက ဟိုသူတောင်းစားကို ဒီအုတ်ပုံကြီး ဆွမ်းစားဆောင်နောက် ရွေ့ ခိုင်းတယ်။ ခုတစ်ခါကျ ဒီသူတောင်းစားကို ကျောင်းရှေ့ ပြန်ရွေ့ခိုင်းတယ်။

    တကယ်တမ်းတော့ အရှင်ဘုရားက အုတ်ပုံကို ဘယ်နား ထားစေချင်တာလဲ ဘုရား ”ဘုန်းကြီး က သံဃာတော်တွေကို ပြန်ပြောပြတာ “ အုတ်ပုံက ဆွမ်းစားဆောင် ရှေ့ မှာပဲနေနေ နောက်မှာပဲနေနေ မထူးခြားပါဘူး။ အတူတူ ပါပဲ။

    ထူးခြားတာက အဲ့ဒီသူတောင်းစားတွေအတွက် ရွှေ့ မယ် မရွှေ့ဘူး ဆိုတာ လေးပါပဲ ” တဲ

    အချိန်ကာလတွေ နှစ်ချီပြီး ကြာသွားခဲ့တယ်။ တစ်နေ့မှာ အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ လူတစ်ယောက် ကျောင်းမှာ အလှုလာလုပ်တယ်။ အဲ့ဒီလူ ဟာ လက်တစ်ဖက်ပဲ ရှိတယ်။

    တကယ်တမ်းတော့ အဲ့ဒီလူဟာ အရင်တုန်းက ဘုန်းကြီး အုတ်ပုံရွေ့ဖို့ ခိုင်းလိုက်တဲ့ လက်တစ်ဖက်ပြတ်နဲ့ သူတောင်းစားပါပဲ…..

    သူဟာ ဘုန်းကြီးနဲ့ ဆုံတွေ့ ခွင့်ရခဲ့ပြီးတဲ့နောက် သူ့ကိုယ်တွင်းမှာရှိတဲ့ သူရဲ့ တန်ဖိုးကို သိရှိနားလည်သွားခဲ့ပြီး သူနဲ့ သင့်တော် လျောက်ပတ်တဲ့ အလုပ်အကိုင်တွေကို ကြိုးစားလုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကို အခြေအနေ ကောင်းမွန်မြင့်တက်လာစေနိုင်ခဲ့တော့တာပါပဲ

    ( မိမိ ကိုယ်ကို ယုံကြည် ကိုယ့်ရဲ့တန်ဖိုးကို ကိုယ် သိတတ် ပြီး ကိုယ့်အားကိုယ် ကိုး တတ်ခြင်းဟာ လူဖြစ်ခြင်းရဲ့ အရေးအကြီးဆုံး အခြေ ခံ အကြောင်းအရင်းပဲ ဖြစ်ပါတော့တယ် )
    . . . . . . . . . . . . . . . . . . . . . . . . . . . . . .

    လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
    ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ။

    မန္တလေးစာကြည့်တိုက် ‘

    မှတ်ချက်
    မိမိ လိုင်းသုံးတဲ့အခါမှာ ဖုန်းဘေကုန်ရကျိုး
    နပ်အောင်
    အသိပညာတစ်ခုခုတော့ ရအောင်ယူသွားပါ။

    #Crd
    (ကူးယူမျှဝေဓမ္မဒါနပြုပါသည်)
    ဘုန်းကြီး နဲ့ သူတောင်းစား ************************ ဗိုက်ဆာလို့ ကျောင်းမှာ လာတောင်းစားတဲ့ သူတောင်းစားကို ဘုန်းကြီးက အုပ်ခဲပုံရွှေခိုင်းလိုက်သောအခါ တစ်နေ့မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းကို လက်တစ်ဖက်တည်းရှိတဲ့ သူတောင်းစားတစ်ယောက် ရောက်လာပြီး စားစရာလာတောင်း စားတယ် ..အဲ့မှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ တိုးတော့ ကျောင်းထိုင်ဆရာတော် ဆီမှာ စားစရာတောင်း တယ်။ ဆရာတော်က ဆွမ်းစားဆောင်ရှေ့ က အုတ်ပုံကို လက်ညိုး ထိုးပြ ပြီး “ဒကာတော် အဲ့ဒီအုတ်ပုံကို ဆွမ်းစားဆောင်နောက် အရင် ရွေ့ပေးပါအုန်း ” လို့ မိန့်တော်မူတယ်။ အဲ့တော့ လက်ပြတ် သူတောင်းစားက ဘုန်းကြီးကို မကျေမနပ်နဲ့ ပြောတယ်။ “ အရှင်ဘုရား။ တပည့်တော် မှာ လက်တစ်ဖက်တည်းရှိတာ ဘယ်လိုလုပ်ပြီး ဒီအုပ်ပုံကို ရွေ့နိုင်မှာလဲ အရှင်ဘုရား ဆွမ်းကျန် ဟင်းကျန်လေးတောင် မစွန့် ပေးချင်လဲ နေပါ။ တပည့်တော် တစ်ခြားမှာပဲ သွားတောင်းစားတော့ မယ် ” လို့ပြောရော ။ ဘုန်းကြီးက ဘာမှ ပြန်မပြောဘူး။ အုတ်ပုံဆီ လျောက်သွားပြီး လက် တစ်ဖက်တည်းနဲ့ အုတ်ခဲကို မပြီး ဆွမ်းစားဆောင်နောက်မှာ သွားချ တယ် ပြီးတော့မှ လေသံအေးအေးနဲ့ ပြောတာ “ ဒီလိုအလုပ်မျိုးက လက်တစ်ဖက်တည်းနဲ့လဲ လုပ်လို့ရတယ် ” လက်တစ်ဖက်ပြတ် သူတောင်းစားလည်း ဗိုက်ကဆာ စားသောက်စရာလဲ လိုချင်တာ နဲ့ ဘုန်းကြီးပြောတဲ့အတိုင်း လုပ်ပါလေရော လက်တစ်ဖက် တည်းနဲ့ အုတ်ခဲတွေ တစ်ခဲချင်း တစ်ခဲချင်းစီ ဆွမ်းစားဆောင်နောက်ကို သယ်သွားချလိုက်တာ အချိန်အတော်လေးလဲကြာရောအုတ်ခဲပုံ တစ်ပုံလုံး ကျောင်းအနောက် ရောက်သွားပါလေရော။ အဲ့ဒီနောက် ဘုန်းကြီးလဲထမင်းဟင်းတွေကို ကောင်းကောင်း ပြင်ဆင်ပြီး ကျွေးလိုက်တယ် သူတောင်းစား ထမင်းစားပြီးတော့ ဘုန်းကြီးက ပိုက်ဆံတစ်ချို့ ထုတ်ပေးတယ် … သူတောင်းစားလည်း ပိုက်ဆံတွေရတော့ အရမ်းဝမ်းသာသွားတယ်။ ဒါနဲ့ “ ကျေးဇူးတင်လိုက်တာဘုရား ကျေးဇူးတင်ပါတယ် အရှင်ဘုရား” နဲ့ ထိုင်ရှိခိုးရော။ ဘုန်းကြီးက ပြောတာ “ ဘုန်းဘုန်းကို ကျေးဇူးတင်စရာ မလိုပါဘူး ဒကာတော်။ ဘာကြောင့်လဲဆိုတော့ အဲ့ ဒီပိုက်ဆံတွေဟာ ဒကာတော်ရဲ့ အားအင် အစွမ်းအစကနေ လာတဲ့ ပိုက်ဆံတွေပဲလေ” တဲ့။သူတောင်းစားဟာ သူရဲ့ အစွမ်းအစ ကနေ ရတဲ့ငွေ အတွက် အရမ်း ကြည်နူ ပီတိ ဖြစ်မိတယ် လို့ခံစားရတယ်။ “ တပည့်တော် အမြဲ မှတ်သားထားပါ့မယ် ဘုရား ” ဆိုပြီး ဘုန်းကြီး ကို ကျေးဇူးတင်စွာနဲ့ ကန်တော့ပြီး ထွက်ခွာသွားခဲ့ ပါတော့တယ်။ နောက်ထပ် လေးငါးရက်လောက် ထပ်ကြာတော့ နောက်ထပ် သူတောင်းစားတစ်ယောက်က ကျောင်းမှာလာပြီး ဆွမ်းကျန်ထမင်းကျန် ထပ် လာတောင်းစားတယ် … “ ဘုန်းကြီးလည်း သူတောင်းစားကို ဆွမ်းစားဆောင် နောက် ခေါ်သွားပြီး အုတ်ပုံကို လက်ညိုးထိုးပြပြီး ဒီအုတ်ပုံ ကို ဆွမ်းစာဆောင်အရှေ့ အရင်ရွေ့ပေးပါအုန်း လို့ ပြောတယ် ” ဒါပေမဲ့ ခြေလက်အကောင်း နဲ့ အဲ့ဒီသူတောင်းစားဟာ ဘုန်းကြီး ခိုင်းတာ ကို စိတ်မဝင်စားပါဘူး ။ “ဆွမ်းကျန်လေး တောင်းစားတာတောင် မကျွေးချင်ဘူး။ လူကိုများ ဟိုခိုင်းလိုက် ဒီခိုင်းလိုက်နဲ့ ” လို့ မကျေမနပ်နဲ့ ပြောပြီး ထွက်ခွာသွားတော့ တယ်။ ကျောင်းထဲ က သံဃာတွေ အဲ့တာတွေကို မြင်တော့ ဘုန်းကြီးကို ဝိုင်းမေး ကြတယ်။ “ အရင်တစ်ခေါက်တုန်းက အရှင်ဘုရားက ဟိုသူတောင်းစားကို ဒီအုတ်ပုံကြီး ဆွမ်းစားဆောင်နောက် ရွေ့ ခိုင်းတယ်။ ခုတစ်ခါကျ ဒီသူတောင်းစားကို ကျောင်းရှေ့ ပြန်ရွေ့ခိုင်းတယ်။ တကယ်တမ်းတော့ အရှင်ဘုရားက အုတ်ပုံကို ဘယ်နား ထားစေချင်တာလဲ ဘုရား ”ဘုန်းကြီး က သံဃာတော်တွေကို ပြန်ပြောပြတာ “ အုတ်ပုံက ဆွမ်းစားဆောင် ရှေ့ မှာပဲနေနေ နောက်မှာပဲနေနေ မထူးခြားပါဘူး။ အတူတူ ပါပဲ။ ထူးခြားတာက အဲ့ဒီသူတောင်းစားတွေအတွက် ရွှေ့ မယ် မရွှေ့ဘူး ဆိုတာ လေးပါပဲ ” တဲ အချိန်ကာလတွေ နှစ်ချီပြီး ကြာသွားခဲ့တယ်။ တစ်နေ့မှာ အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ လူတစ်ယောက် ကျောင်းမှာ အလှုလာလုပ်တယ်။ အဲ့ဒီလူ ဟာ လက်တစ်ဖက်ပဲ ရှိတယ်။ တကယ်တမ်းတော့ အဲ့ဒီလူဟာ အရင်တုန်းက ဘုန်းကြီး အုတ်ပုံရွေ့ဖို့ ခိုင်းလိုက်တဲ့ လက်တစ်ဖက်ပြတ်နဲ့ သူတောင်းစားပါပဲ….. သူဟာ ဘုန်းကြီးနဲ့ ဆုံတွေ့ ခွင့်ရခဲ့ပြီးတဲ့နောက် သူ့ကိုယ်တွင်းမှာရှိတဲ့ သူရဲ့ တန်ဖိုးကို သိရှိနားလည်သွားခဲ့ပြီး သူနဲ့ သင့်တော် လျောက်ပတ်တဲ့ အလုပ်အကိုင်တွေကို ကြိုးစားလုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကို အခြေအနေ ကောင်းမွန်မြင့်တက်လာစေနိုင်ခဲ့တော့တာပါပဲ ( မိမိ ကိုယ်ကို ယုံကြည် ကိုယ့်ရဲ့တန်ဖိုးကို ကိုယ် သိတတ် ပြီး ကိုယ့်အားကိုယ် ကိုး တတ်ခြင်းဟာ လူဖြစ်ခြင်းရဲ့ အရေးအကြီးဆုံး အခြေ ခံ အကြောင်းအရင်းပဲ ဖြစ်ပါတော့တယ် ) . . . . . . . . . . . . . . . . . . . . . . . . . . . . . . လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ။ မန္တလေးစာကြည့်တိုက် ‘ မှတ်ချက် မိမိ လိုင်းသုံးတဲ့အခါမှာ ဖုန်းဘေကုန်ရကျိုး နပ်အောင် အသိပညာတစ်ခုခုတော့ ရအောင်ယူသွားပါ။ #Crd (ကူးယူမျှဝေဓမ္မဒါနပြုပါသည်)
    Love
    Care
    2
    · 0 Comments ·0 Shares ·297 Views
More Results