• ဘဝဆိုတာ စိတ်ရဲ့ အရိပ်ပါပဲ
    ----–-----------------------
    ကိုယ်အပေါ် မကောင်းတဲ့ သူကို
    မကောင်းတဲ့ စိတ်နဲ့ တုံ့ပြန်လို့လည်း ရတယ်။

    ကောင်းတဲ့ စိတ်နဲ့
    မေတ္တာထားလို့လည်း ရတယ်။
    မိမိစိတ် မိမိစိတ်ကြိုက်ထားလို့ ရပါတယ်။

    ဒါပေမယ့် သတိထားရမှာက
    ဘဝဆိုတာ စိတ်ရဲ့အရိပ်ပါပဲ။

    စိတ်ကြောင့် ဘဝလှသွားတဲ့ လူတွေ ရှိတယ်။
    စိတ်ကြောင့်
    ဘဝမလှတဲ့ သူတွေလည်း ရှိပါတယ်။

    တကယ်တမ်း တွေးကြည့်ရင်
    ကံကြမ္မာဆိုတာ စက်ဝိုင်းကြီးလိုပါပဲ။

    ဒီလမ်းကို မကောင်းတဲ့ စိတ်နဲ့ သွားရင်
    မကောင်းတဲ့ အကျိုးက ကိုယ်ဆီကို
    တည့်တည့်ကြီး ရောက်လာမှာပဲ။

    ဒီလမ်းကို ကောင်းတဲ့ စိတ်နဲ့ သွားရင်
    ကောင်းတဲ့ အကျိုးက ကိုယ်ဆီကို
    တည့်တည့်ကြီး ပြန်ရောက်လာမှာပဲ။

    ဒီလိုပါပဲ
    ကိုယ်အပေါ် မကောင်းတဲ့ သူကို
    ကောင်းတဲ့ စိတ်နဲ့ မေတ္တာထားပြီး
    ကိုယ့်ဘက်က မြင်ပေးရင်
    ကိုယ့်ရဲ့ စိတ်က ကျေနပ်စရာ ဖြစ်လာတယ်။
    အေးချမ်းလာတယ် ခွင့်လွှတ်တတ်လာတယ်။

    ဒါကြောင့်မို့
    ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
    မကောင်းတဲ့စိတ် မထားပါနဲ့။

    သူ မကောင်းတာ သူ့အလုပ်ပါ။
    သူ့အကျိုး သူပဲ ခံစားရမှာပါ။

    မေတ္တာ တကယ်ထားပေးရင်
    တကယ်ကို အေးချမ်းရပါတယ်။

    မေတ္တာမှာ အေးချမ်းခြင်းရဲ့
    အာနိသင်တွေ ရှိပါတယ်...........။

    with respect - credit
    #knowledge #life lesson
    ဘဝဆိုတာ စိတ်ရဲ့ အရိပ်ပါပဲ ----–----------------------- ကိုယ်အပေါ် မကောင်းတဲ့ သူကို မကောင်းတဲ့ စိတ်နဲ့ တုံ့ပြန်လို့လည်း ရတယ်။ ကောင်းတဲ့ စိတ်နဲ့ မေတ္တာထားလို့လည်း ရတယ်။ မိမိစိတ် မိမိစိတ်ကြိုက်ထားလို့ ရပါတယ်။ ဒါပေမယ့် သတိထားရမှာက ဘဝဆိုတာ စိတ်ရဲ့အရိပ်ပါပဲ။ စိတ်ကြောင့် ဘဝလှသွားတဲ့ လူတွေ ရှိတယ်။ စိတ်ကြောင့် ဘဝမလှတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်တမ်း တွေးကြည့်ရင် ကံကြမ္မာဆိုတာ စက်ဝိုင်းကြီးလိုပါပဲ။ ဒီလမ်းကို မကောင်းတဲ့ စိတ်နဲ့ သွားရင် မကောင်းတဲ့ အကျိုးက ကိုယ်ဆီကို တည့်တည့်ကြီး ရောက်လာမှာပဲ။ ဒီလမ်းကို ကောင်းတဲ့ စိတ်နဲ့ သွားရင် ကောင်းတဲ့ အကျိုးက ကိုယ်ဆီကို တည့်တည့်ကြီး ပြန်ရောက်လာမှာပဲ။ ဒီလိုပါပဲ ကိုယ်အပေါ် မကောင်းတဲ့ သူကို ကောင်းတဲ့ စိတ်နဲ့ မေတ္တာထားပြီး ကိုယ့်ဘက်က မြင်ပေးရင် ကိုယ့်ရဲ့ စိတ်က ကျေနပ်စရာ ဖြစ်လာတယ်။ အေးချမ်းလာတယ် ခွင့်လွှတ်တတ်လာတယ်။ ဒါကြောင့်မို့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မကောင်းတဲ့စိတ် မထားပါနဲ့။ သူ မကောင်းတာ သူ့အလုပ်ပါ။ သူ့အကျိုး သူပဲ ခံစားရမှာပါ။ မေတ္တာ တကယ်ထားပေးရင် တကယ်ကို အေးချမ်းရပါတယ်။ မေတ္တာမှာ အေးချမ်းခြင်းရဲ့ အာနိသင်တွေ ရှိပါတယ်...........။ with respect - credit #knowledge #life lesson
    Like
    Care
    3
    · 0 Comments ·0 Shares ·720 Views
  • . ဆင်ပြောင်ကြီး အမြီးကျမှတစ်
    ****************************

    >> ရော့.. ဒီမှာပုလင်းတစ်လုံး အဲ့ဒီပုလင်းထဲကို
    ဆင်တစ်ကောင်ဖမ်းပြီးထည့်ခဲ့ ...
    ပြီးရင်ကျသင့်ငွေ တင်တောင်းလိုက် ...

    >> ဗျာ ... ဆင်အကြီးကြီးကို ဒီပုလင်း ...
    အသေးလေးထဲ ဘယ်လိုထည့်လို့ရမှာလဲဗျာ ...

    >> တော်တော်အသုံးမကျတဲ့ကောင်
    ကြိုးစားကြည့်မယ်မရှိဘူး. ...

    နောက်ထပ်ဘာအလုပ်မှမပေးတော့ဘူး.. ...
    သွားတော့ ...
    နောက်တစ်ယောက် ...

    >> မင်းကတော့ ပညာရှင်ဆိုတော့ ပုလင်းထဲကို
    ဆင်ဘယ်လိုထည့်ရမယ်ဆိုတာသိမှာပေါ့ ...
    ငါ့ကိုအဲ့ကိစ္စလေး မြန်မြန်လုပ်ပေးစမ်းကွာ ..
    မင်းရဲ့ပညာကြေးကိုလည်း ကျသလောက်ယူသွား ...

    >> ဒီလိုပါဗျ သီအိုရီအရ အထည့်ခံရမယ်ပစ္စည်းဟာ
    ထည့်မယ့်ပစ္စည်းထက်ကြီးရမှာဖြစ်သလို...
    ထည့်မယ့်ပစ္စည်းရဲ့ အလေးချိန်ကိုလည်းခံနိုင်မယ့်
    ကြံ့ခိုင်မှုမျိုးရှိရပါမယ် ပြီးတော့ ...

    >> အာ အဲ့ဒါတွေမသိချင်ဘူး မင်းလုပ်နိုင်လား
    မလုပ်နိုင်ဘူးလားပဲပြော ... 🗣

    >> သီအိုရီအရ မဖြစ်နိုင်လို့ပါခင်ဗျ

    >> တော်ပြီး မင်းမလုပ်နိုင်လည်း လုပ်နိုင်တဲ့သူပဲ ခိုင်းမယ် ...
    အလကားကောင် သူအသုံးမကျတာကို
    သီအိုရီကြောင့် ဘာကြောင့်နဲ့လွှဲချတယ် ... 🗣

    နောက်တစ်ယောက် ...

    >> မင်းကရော ဘာအလုပ်လုပ်လဲ ...

    >> ကျွန်တော်လား အကုန်လုပ်ပါတယ်ဗျ
    ဘာဖြစ်ဖြစ်ခိုင်းပါ ဖြစ်အောင်လုပ်ပေးပါ့မယ်ဗျ ...

    >> အေး ကြိုက်သွားပြီ ဒီလိုလူမျိုးကို
    ငါက ရှာနေတာ ...

    >> ဒီလိုကွာ ဒီပုလင်းအသေးလေးထဲကို
    ဆင်တစ်ကောင်ဖမ်းပြီးထည့်ချင်တာကွ ...
    ရမလား ... 🗣

    >> ဟုတ် ရတော့ ရမှာပါ ....
    သိပ်တော့မလွယ်လောက်ဖူး ...
    ဒါပေမယ့် ဖြစ်အောင်ကြိုးစားပြီးလုပ်ပေးပါ့မယ် ...

    အချိန်တော့နည်းနည်းပေးပါဗျ ...
    ပြီးတော့ ပိုက်ဆံလည်း နည်းနည်းတော့
    ကုန်မယ်နော် ...

    >> အာ ရတယ် အချိန်လည်းယူ သိပ်တော့
    မကြာစေနဲ့ ပိုက်ဆံကတော့ မင်းလိုသလောက်
    တင်ပြီး အရစ်ကျထုတ်လိုက်ကွာ ...

    >> ခုလောလောဆယ်တော့ ကြိုငွေလေး
    ထုတ်သွားလိုက်ပါ့မယ် ...
    .
    .
    .
    >> ဟေ့မင်းအလုပ်အဆင်ပြေလား
    ဘယ်အခြေအနေရောက်ပြီလဲ ... 🗣

    >> အခု ဆင်တော့ဖမ်းမိထားပါပြီ
    နောက်နှစ်ရက်လောက်ဆို လိုအပ်တာ
    ပြင်ဆင်ပြီး ပုလင်းထဲစထည့်ပါမယ် ...
    ခုပိုက်ဆံလိုလို့လာထုတ်တာပါ ...

    >> အေးအေးလိုတာယူသွား မြန်မြန်တော့လုပ် ...
    .
    .
    .

    >> ဟေ့မင်းလာတာနဲ့အတော်ပဲ ပြောပါအုန်းကွ
    လုပ်ငန်းအခြေအနေလေး ငါလည်း လူကြီးကို
    ပြန်ပြောရမှာကွ....

    >> အဆင်ပြေပါတယ် ခေါင်းနဲ့ရှေ့
    ခြေနှစ်ချောင်းတော့ ဝင်သွားပါပြီ ဆက်လုပ်ဖို့
    အသုံးလိုလို့ ပိုက်ဆံလာထုတ်တာပါ ...

    >> ဟုတ်လား တော်တော်နီးစပ်နေပြီပဲ
    ဆက်လုပ်ဆက်လုပ် ပိုက်ဆံလည်းယူသွား
    ငါလည်း သတင်းကောင်းလေးသွား
    ပြောလိုက်အုံးမယ် ...
    .
    .
    .

    >> ဟေ့ ရပြီလား ဘယ်မှာလဲ ...

    >> ရတော့ပါမယ်ဗျ ခုတစ်ကိုယ်လုံး
    ထည့်ပြီးပါပြီဗျ အမြှီးလေးပဲကျန်ပါတော့တယ်

    နောက်၅ရက်လောက်ဆို လာပေးပါ့မယ်ဗျ ...
    ခုတော့ အသုံးလိုနေတာလေး ...

    >> ဟေ့ဟေ့ သူ့ကိုလိုတဲ့ပိုက်ဆံထုတ်ပေးလိုက်ကြ ...
    .
    .
    .
    >> ဟေ့ မင်းပြောတော့ ၅ရက်လောက်
    ကြာအုန်းမယ်ဆို ဘယ်လိုဖြစ်လို့ ...

    >> ဟုတ်ပါတယ်ဗျာ ကျွန်တော်တို့အဖွဲ့လည်း
    နေ့မအိပ် ညမအိပ်ကြိုးစားပြီး လုပ်ကြပါတယ်ဗျာ ...
    ခုဟာက တော်တော်လေးလဲပြီးနေပါပြီ တကိုယ်လုံး
    လည်းထည့်လို့ရနေပြီ ...

    အမြှီးလေးကျန်တော့မှ အတင်းထည့်လိုက်တာ
    ပုလင်းနဲ့မဆိုသလောက်လေးကြပ်ပြီး
    ကွဲသွားတယ်ဗျာ ...
    ကျွန်တော် ထပ်ကြိုးစားပေးရမလား ...

    >> အင်းတော်ပါပြီကွာ မင်းလည်းကြိုးစားတာပဲ
    ခုဟာက ရခါနီးမှ အဆင်မပြေဖြစ်သွားတာကိုး
    ထားလိုက်ပါတော့ ...

    >> ဟုတ်ကဲ့ပါဗျ နောက်လိုတာရှိလည်းခိုင်းပါ ...

    >> အေးအေး ငါလည်းလူကြီးတွေကိုသွားပြီး
    တင်ပြလိုက်အုံးမယ် မင်းကိုလည်းနောက်မှ
    ဆုပေးအုန်းမယ် ...

    အဲ့သလိုနဲ့ ...
    ဆင်ပြောင်ကြီး အမြှီးမှတစ်တဲ့အကြောင်း
    လူကြီးတွေအကြားမှာ စွန့်စားခန်းကြီးတစ်ခုလို
    ပြောစမှတ်ဖြစ်နေတာပေါ့ ...

    ဆင်ကြီးကိုပုလင်းထဲထည့်ခိုင်းသူကတော့
    ရာထူးတွေတက်ပြီး ဆင်ကြီးကိုပုလင်းထဲ
    ထည့်ပေးတဲ့သူကတော့ ဂုဏ်ပြုခံရပြီ
    နောက်လုပ်ငန်းတွေလည်း ထပ်လုပ်ခွင့်
    ရသွားတာပေါ့ ...

    ဒါပါပဲ ..

    ခင်ဗျားတို့ကိုပြောပြရတာလည်း
    မောလိုက်တာဗျာ ... မအားရတဲ့ကြားထဲ ...

    ကျွန်တော်လား??? ..
    မအားသေးဘူးလေဗျာ ...

    ဆင်လိုက်ဖမ်းရအုန်းမယ် ...

    crd
    via jack sparrow
    . 🐘 ဆင်ပြောင်ကြီး အမြီးကျမှတစ် 🐘 **************************** >> ရော့.. ဒီမှာပုလင်းတစ်လုံး အဲ့ဒီပုလင်းထဲကို ဆင်တစ်ကောင်ဖမ်းပြီးထည့်ခဲ့ ... 🐘 ပြီးရင်ကျသင့်ငွေ တင်တောင်းလိုက် ... 💵 >> ဗျာ ... ဆင်အကြီးကြီးကို ဒီပုလင်း ... 🐘 အသေးလေးထဲ ဘယ်လိုထည့်လို့ရမှာလဲဗျာ ... 🧂 >> တော်တော်အသုံးမကျတဲ့ကောင် ကြိုးစားကြည့်မယ်မရှိဘူး. ... 😏 နောက်ထပ်ဘာအလုပ်မှမပေးတော့ဘူး.. ... သွားတော့ ... နောက်တစ်ယောက် ... 🚶 >> မင်းကတော့ ပညာရှင်ဆိုတော့ ပုလင်းထဲကို ဆင်ဘယ်လိုထည့်ရမယ်ဆိုတာသိမှာပေါ့ ... ငါ့ကိုအဲ့ကိစ္စလေး မြန်မြန်လုပ်ပေးစမ်းကွာ .. မင်းရဲ့ပညာကြေးကိုလည်း ကျသလောက်ယူသွား ... 💵 >> ဒီလိုပါဗျ သီအိုရီအရ အထည့်ခံရမယ်ပစ္စည်းဟာ ထည့်မယ့်ပစ္စည်းထက်ကြီးရမှာဖြစ်သလို... ထည့်မယ့်ပစ္စည်းရဲ့ အလေးချိန်ကိုလည်းခံနိုင်မယ့် ကြံ့ခိုင်မှုမျိုးရှိရပါမယ် ပြီးတော့ ... >> အာ အဲ့ဒါတွေမသိချင်ဘူး မင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလားပဲပြော ... 🗣 >> သီအိုရီအရ မဖြစ်နိုင်လို့ပါခင်ဗျ >> တော်ပြီး မင်းမလုပ်နိုင်လည်း လုပ်နိုင်တဲ့သူပဲ ခိုင်းမယ် ... အလကားကောင် သူအသုံးမကျတာကို သီအိုရီကြောင့် ဘာကြောင့်နဲ့လွှဲချတယ် ... 🗣 နောက်တစ်ယောက် ... >> မင်းကရော ဘာအလုပ်လုပ်လဲ ... >> ကျွန်တော်လား အကုန်လုပ်ပါတယ်ဗျ ဘာဖြစ်ဖြစ်ခိုင်းပါ ဖြစ်အောင်လုပ်ပေးပါ့မယ်ဗျ ... >> အေး ကြိုက်သွားပြီ ဒီလိုလူမျိုးကို ငါက ရှာနေတာ ... >> ဒီလိုကွာ ဒီပုလင်းအသေးလေးထဲကို ဆင်တစ်ကောင်ဖမ်းပြီးထည့်ချင်တာကွ ... 🐘 ရမလား ... 🗣 >> ဟုတ် ရတော့ ရမှာပါ .... သိပ်တော့မလွယ်လောက်ဖူး ... ဒါပေမယ့် ဖြစ်အောင်ကြိုးစားပြီးလုပ်ပေးပါ့မယ် ... အချိန်တော့နည်းနည်းပေးပါဗျ ... ပြီးတော့ ပိုက်ဆံလည်း နည်းနည်းတော့ ကုန်မယ်နော် ... 💵 >> အာ ရတယ် အချိန်လည်းယူ သိပ်တော့ မကြာစေနဲ့ ပိုက်ဆံကတော့ မင်းလိုသလောက် တင်ပြီး အရစ်ကျထုတ်လိုက်ကွာ ... 💵 >> ခုလောလောဆယ်တော့ ကြိုငွေလေး ထုတ်သွားလိုက်ပါ့မယ် ... 💵 . . . >> ဟေ့မင်းအလုပ်အဆင်ပြေလား ဘယ်အခြေအနေရောက်ပြီလဲ ... 🗣 >> အခု ဆင်တော့ဖမ်းမိထားပါပြီ နောက်နှစ်ရက်လောက်ဆို လိုအပ်တာ ပြင်ဆင်ပြီး ပုလင်းထဲစထည့်ပါမယ် ... ခုပိုက်ဆံလိုလို့လာထုတ်တာပါ ... 💵 >> အေးအေးလိုတာယူသွား မြန်မြန်တော့လုပ် ... . . . >> ဟေ့မင်းလာတာနဲ့အတော်ပဲ ပြောပါအုန်းကွ လုပ်ငန်းအခြေအနေလေး ငါလည်း လူကြီးကို ပြန်ပြောရမှာကွ.... >> အဆင်ပြေပါတယ် ခေါင်းနဲ့ရှေ့ ခြေနှစ်ချောင်းတော့ ဝင်သွားပါပြီ ဆက်လုပ်ဖို့ အသုံးလိုလို့ ပိုက်ဆံလာထုတ်တာပါ ... 💵 >> ဟုတ်လား တော်တော်နီးစပ်နေပြီပဲ ဆက်လုပ်ဆက်လုပ် ပိုက်ဆံလည်းယူသွား ငါလည်း သတင်းကောင်းလေးသွား ပြောလိုက်အုံးမယ် ... 💵 . . . >> ဟေ့ ရပြီလား ဘယ်မှာလဲ ... >> ရတော့ပါမယ်ဗျ ခုတစ်ကိုယ်လုံး ထည့်ပြီးပါပြီဗျ အမြှီးလေးပဲကျန်ပါတော့တယ် နောက်၅ရက်လောက်ဆို လာပေးပါ့မယ်ဗျ ... ခုတော့ အသုံးလိုနေတာလေး ... 😊 >> ဟေ့ဟေ့ သူ့ကိုလိုတဲ့ပိုက်ဆံထုတ်ပေးလိုက်ကြ ... . . . >> ဟေ့ မင်းပြောတော့ ၅ရက်လောက် ကြာအုန်းမယ်ဆို ဘယ်လိုဖြစ်လို့ ... >> ဟုတ်ပါတယ်ဗျာ ကျွန်တော်တို့အဖွဲ့လည်း နေ့မအိပ် ညမအိပ်ကြိုးစားပြီး လုပ်ကြပါတယ်ဗျာ ... ခုဟာက တော်တော်လေးလဲပြီးနေပါပြီ တကိုယ်လုံး လည်းထည့်လို့ရနေပြီ ... အမြှီးလေးကျန်တော့မှ အတင်းထည့်လိုက်တာ ပုလင်းနဲ့မဆိုသလောက်လေးကြပ်ပြီး ကွဲသွားတယ်ဗျာ ... ကျွန်တော် ထပ်ကြိုးစားပေးရမလား ... >> အင်းတော်ပါပြီကွာ မင်းလည်းကြိုးစားတာပဲ ခုဟာက ရခါနီးမှ အဆင်မပြေဖြစ်သွားတာကိုး ထားလိုက်ပါတော့ ... >> ဟုတ်ကဲ့ပါဗျ နောက်လိုတာရှိလည်းခိုင်းပါ ... >> အေးအေး ငါလည်းလူကြီးတွေကိုသွားပြီး တင်ပြလိုက်အုံးမယ် မင်းကိုလည်းနောက်မှ ဆုပေးအုန်းမယ် ... အဲ့သလိုနဲ့ ... ဆင်ပြောင်ကြီး အမြှီးမှတစ်တဲ့အကြောင်း လူကြီးတွေအကြားမှာ စွန့်စားခန်းကြီးတစ်ခုလို ပြောစမှတ်ဖြစ်နေတာပေါ့ ... 🐘 ဆင်ကြီးကိုပုလင်းထဲထည့်ခိုင်းသူကတော့ ရာထူးတွေတက်ပြီး ဆင်ကြီးကိုပုလင်းထဲ ထည့်ပေးတဲ့သူကတော့ ဂုဏ်ပြုခံရပြီ နောက်လုပ်ငန်းတွေလည်း ထပ်လုပ်ခွင့် ရသွားတာပေါ့ ... ဒါပါပဲ .. ခင်ဗျားတို့ကိုပြောပြရတာလည်း မောလိုက်တာဗျာ ... မအားရတဲ့ကြားထဲ ... ကျွန်တော်လား??? .. မအားသေးဘူးလေဗျာ ... 🚶 ဆင်လိုက်ဖမ်းရအုန်းမယ် ... 🐘 crd via jack sparrow
    Like
    Care
    2
    · 2 Comments ·0 Shares ·934 Views
  • ဆေးလိပ်သောက်သူများ ဖတ်ရန်
    ---------------------------------------

    ဒီစာကို ဖတ်နေပြီဆိုရင် သင်က
    ဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။

    သင်က နှစ်ရှည်လများ
    ဆေးလိပ်ကိုသောက်နေခဲ့တယ်။
    ကိုယ်တိုင်က စသောက်တာပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေက
    မြှောက်ပေးခဲ့လို့ပဲဖြစ်ဖြစ် အခုချိန်မှာတော့
    သင်က ဆေးလိပ်ကို
    မသောက်ရမနေနိုင်ဖြစ်နေပြီ၊
    ဆေးလိပ်ကို ရပ်လို့မရတော့ဘူး
    ထင်နေရင်တော့ သင်မှားနေပါပြီ။

    ဆေးလိပ်သောက်တဲ့သူတွေ မသိသေးတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါတယ်။
    ဒါကဘာလဲဆိုရင် ဆေးလိပ်ကိုဖြတ်လိုက်တဲ့
    အချိန်က စပြီး နာရီပိုင်းအတွင်းမှာပဲ
    သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေစပြီး
    ဖြစ်လာပါတယ်။
    အဲဒီပြောင်းလဲမှုတွေက ဘာတွေလဲဆိုတာကို ကြည့်လိုက်ရအောင်။

    ဆေးလိပ်မသောက်တော့တဲ့
    တစ်နာရီအတွင်းမှာ-သင့်ရဲ့နှလုံးခုန်နှုန်းက
    စပြီးစည်းချက်မှန်လာတယ်။
    တိုးနေတဲ့သွေးပေါင်ချိန်က
    တဖြည်းဖြည်းကျလာတယ်။
    မကြာခဏအေးစက်နေတဲ့
    လက်ဖျားခြေဖျားတွေက
    သွေးလည်ပတ်မှုကြောင့် ပူနွေးလာတယ်။
    ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို
    စပြီးခံစားနေရတာပဲ ဖြစ်ပါတယ်။

    (၈) နာရီလောက် ဆေးလိပ်နဲ့
    ဝေးသွားတဲ့အခါ-
    သင့်သွေးထဲက ကာဗွန်မိုနောက်ဆိုဒ်
    ပါဝင်မှုက ကျဆင်းသွားပါတယ်။
    ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ
    သင့်အတွက် အဆိပ်ပါ။
    အောက်ဆီဂျင်ပမာဏ ပုံမှန်ပြန်ဖြစ်လာတယ်။
    ဒီအချိန်မှာ သင့်ရဲ့ဦးနှောက်နဲ့ နှလုံးက
    ပြန်လည်အသက်ရှင်သန်ခြင်းရဲ့
    အရသာကို ခံစားနေရပါပြီ။
    စိတ်နဲ့ ခန္ဓာကိုယ် ပေါ့ပါးလာတယ်၊
    အသက်ရှူရတာ ပိုပြီး အဆင်ပြေလာပါတယ်။

    ဆေးလိပ်ဖြတ်ပြီး (၂) ရက်ကြာတဲ့အခါ-
    နှစ်ပေါင်းများစွာက သင်မသတိထားမိခဲ့တဲ့
    အနံ့တွေကို ပြန်ပြီးခံစားနေရပါပြီ။
    အစားအသောက်တွေရဲ့အရသာက
    ခါတိုင်းထက် ပိုကောင်းလာပါတယ်။
    သင့်ရဲ့လျှာကလည်း အာရုံခံစားမှု
    ပိုကောင်းလာပါတယ်။
    ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က
    သူ့ဘာသာသူ သန့်စင်နေပါပြီ။

    ၂ ပတ်ကနေ( ၃) လအတွင်း-
    သင့်ရဲ့အဆုတ်တွေ
    ပြန်လည်ကောင်းမွန်လာတယ်။
    ချောင်းဆိုးတာ နည်းသွားတယ်။
    အရင်ကလို သိပ်မမောဘဲ ပိုကြာကြာ
    လမ်းလျှောက်နိုင်လာတယ်။
    သွေးလည်ပတ်မှု ကောင်းမွန်လာတယ်။
    ရုတ်တရက် နှလုံးဖောက်နိုင်ခြေ စပြီး
    ကျဆင်းလာပါတယ်။

    ၁ နှစ်ကြာတဲ့အခါမှာတော့-
    နှလုံးရောဂါဖြစ်ပွါးနိုင်ခြေက ၅၀% အထိ
    ကျဆင်းသွားပါတယ်။
    ဟုတ်ပါတယ် - တဝက်တိတိပါ။
    သင့်နှလုံးက ပိုပြီးအားကောင်းကောင်းနဲ့
    ခုန်လာတယ်။
    သင့်အသားအရေက ပိုပြီးစိုပြေလာတယ်။
    ဒီအချိန်မှာတော့ ခန္ဓာကိုယ်ကလည်း
    ပိုနုပျိုလာတယ်လို့ ခံစားနေရပါပြီ။

    ၅ နှစ်ကနေ ၁၀ နှစ်အထိ
    တောင့်ထားနိုင်ရင်တော့-
    လေဖြတ်နိုင်ခြေနဲ့ အဆုတ်ကင်ဆာ
    ဖြစ်ပွားနိုင်ခြေတွေ သိသိသာသာ
    ကျဆင်းသွားပါလိမ့်မယ်။

    ဒါကြောင့် သင်ကဆေးလိပ်ဖြတ်ဖို့
    နောက်မကျသေးပါဘူး။
    ဒီဗီဒီယိုပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့
    စဉ်းစားကြည့်ပါ။

    ဆေးလိပ်ဘယ်လိုဖြတ်ရမလဲ?

    ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရင်
    အရမ်းစိတ်မလှုပ်ရှားပါနဲ့။
    အသက်ကို ပြင်းပြင်းရှူသွင်းပါ။
    ရေသောက်ပါ။
    အာရုံပြောင်းပါ။
    လမ်းလျှောက်ပါ၊ အကြောဆန့်ပါ၊ တစ်ယောက်ယောက်နဲ့ စကားပြောပါ။
    ဆေးလိပ်သောက်ချင်စိတ်က
    ခဏပဲလို့ ကိုယ့်ကိုယ်ကို ပြန်ပြောပါ။

    ဆေးလိပ်သောက်တယ်ဆိုတာ
    အကျင့်တစ်ခုပါ။
    အကျင့်တစ်ခုဟာ
    ဖျောက်ပစ်ဖို့ခက်ပါတယ်။
    ဒါပေမယ့် အစားထိုးဖို့ကတော့ လွယ်ပါတယ်။

    ကော်ဖီသောက်ပြီး ဆေးလိပ်သောက်တတ်တဲ့
    အကျင့်ရှိရင်- ကော်ဖီအစား လ္ဘက်ရည်နဲ့
    အစားထိုးလိုက်ပါ။
    ထမင်းစားပြီးပြီးချင်း သို့မဟုတ်
    ကားမောင်းရင်းဆေးလိပ်သောက်တတ်ရင် — သကြားမပါတဲ့ ပီကေဝါးပါ။
    ပျင်းလာလို့ ဆေးလိပ်သောက်ချင်လာရင် —
    ခဏလမ်းထလျှောက်ပါ၊
    ရေသောက်ပါ၊ (သို့) ဖုန်း ခဏလောက်
    သုံးလိုက်ပါ။

    ဆေးလိပ်မသောက်ဘဲ နေနိုင်တဲ့
    နေ့တိုင်းဟာ အောင်ပွဲတစ်ခုပါပဲ။
    ဘယ်လောက်သေးသေးလေးပဲဖြစ်ဖြစ်
    ကိုယ့်ရဲ့တိုးတက်မှုကို ချီးကျူးပါ။

    သင်တန်ဖိုးထားရတဲ့သူတွေနဲ့ သက်တမ်းစေ့ နေထိုင်သွားချင်တယ်ဆိုရင်
    ဒီစာလေးဖတ်ပြီးတာနဲ့
    ဆေးလိပ်ဖြတ်ဖို့ စဉ်းစားကြည့်ပါ။

    Crd .
    Share
    ဆေးလိပ်သောက်သူများ ဖတ်ရန် --------------------------------------- ဒီစာကို ဖတ်နေပြီဆိုရင် သင်က ဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။ သင်က နှစ်ရှည်လများ ဆေးလိပ်ကိုသောက်နေခဲ့တယ်။ ကိုယ်တိုင်က စသောက်တာပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေက မြှောက်ပေးခဲ့လို့ပဲဖြစ်ဖြစ် အခုချိန်မှာတော့ သင်က ဆေးလိပ်ကို မသောက်ရမနေနိုင်ဖြစ်နေပြီ၊ ဆေးလိပ်ကို ရပ်လို့မရတော့ဘူး ထင်နေရင်တော့ သင်မှားနေပါပြီ။ ဆေးလိပ်သောက်တဲ့သူတွေ မသိသေးတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါတယ်။ ဒါကဘာလဲဆိုရင် ဆေးလိပ်ကိုဖြတ်လိုက်တဲ့ အချိန်က စပြီး နာရီပိုင်းအတွင်းမှာပဲ သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေစပြီး ဖြစ်လာပါတယ်။ အဲဒီပြောင်းလဲမှုတွေက ဘာတွေလဲဆိုတာကို ကြည့်လိုက်ရအောင်။ ဆေးလိပ်မသောက်တော့တဲ့ တစ်နာရီအတွင်းမှာ-သင့်ရဲ့နှလုံးခုန်နှုန်းက စပြီးစည်းချက်မှန်လာတယ်။ တိုးနေတဲ့သွေးပေါင်ချိန်က တဖြည်းဖြည်းကျလာတယ်။ မကြာခဏအေးစက်နေတဲ့ လက်ဖျားခြေဖျားတွေက သွေးလည်ပတ်မှုကြောင့် ပူနွေးလာတယ်။ ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စပြီးခံစားနေရတာပဲ ဖြစ်ပါတယ်။ (၈) နာရီလောက် ဆေးလိပ်နဲ့ ဝေးသွားတဲ့အခါ- သင့်သွေးထဲက ကာဗွန်မိုနောက်ဆိုဒ် ပါဝင်မှုက ကျဆင်းသွားပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ သင့်အတွက် အဆိပ်ပါ။ အောက်ဆီဂျင်ပမာဏ ပုံမှန်ပြန်ဖြစ်လာတယ်။ ဒီအချိန်မှာ သင့်ရဲ့ဦးနှောက်နဲ့ နှလုံးက ပြန်လည်အသက်ရှင်သန်ခြင်းရဲ့ အရသာကို ခံစားနေရပါပြီ။ စိတ်နဲ့ ခန္ဓာကိုယ် ပေါ့ပါးလာတယ်၊ အသက်ရှူရတာ ပိုပြီး အဆင်ပြေလာပါတယ်။ ဆေးလိပ်ဖြတ်ပြီး (၂) ရက်ကြာတဲ့အခါ- နှစ်ပေါင်းများစွာက သင်မသတိထားမိခဲ့တဲ့ အနံ့တွေကို ပြန်ပြီးခံစားနေရပါပြီ။ အစားအသောက်တွေရဲ့အရသာက ခါတိုင်းထက် ပိုကောင်းလာပါတယ်။ သင့်ရဲ့လျှာကလည်း အာရုံခံစားမှု ပိုကောင်းလာပါတယ်။ ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က သူ့ဘာသာသူ သန့်စင်နေပါပြီ။ ၂ ပတ်ကနေ( ၃) လအတွင်း- သင့်ရဲ့အဆုတ်တွေ ပြန်လည်ကောင်းမွန်လာတယ်။ ချောင်းဆိုးတာ နည်းသွားတယ်။ အရင်ကလို သိပ်မမောဘဲ ပိုကြာကြာ လမ်းလျှောက်နိုင်လာတယ်။ သွေးလည်ပတ်မှု ကောင်းမွန်လာတယ်။ ရုတ်တရက် နှလုံးဖောက်နိုင်ခြေ စပြီး ကျဆင်းလာပါတယ်။ ၁ နှစ်ကြာတဲ့အခါမှာတော့- နှလုံးရောဂါဖြစ်ပွါးနိုင်ခြေက ၅၀% အထိ ကျဆင်းသွားပါတယ်။ ဟုတ်ပါတယ် - တဝက်တိတိပါ။ သင့်နှလုံးက ပိုပြီးအားကောင်းကောင်းနဲ့ ခုန်လာတယ်။ သင့်အသားအရေက ပိုပြီးစိုပြေလာတယ်။ ဒီအချိန်မှာတော့ ခန္ဓာကိုယ်ကလည်း ပိုနုပျိုလာတယ်လို့ ခံစားနေရပါပြီ။ ၅ နှစ်ကနေ ၁၀ နှစ်အထိ တောင့်ထားနိုင်ရင်တော့- လေဖြတ်နိုင်ခြေနဲ့ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေတွေ သိသိသာသာ ကျဆင်းသွားပါလိမ့်မယ်။ ဒါကြောင့် သင်ကဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။ ဒီဗီဒီယိုပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့ စဉ်းစားကြည့်ပါ။ ဆေးလိပ်ဘယ်လိုဖြတ်ရမလဲ? ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရင် အရမ်းစိတ်မလှုပ်ရှားပါနဲ့။ အသက်ကို ပြင်းပြင်းရှူသွင်းပါ။ ရေသောက်ပါ။ အာရုံပြောင်းပါ။ လမ်းလျှောက်ပါ၊ အကြောဆန့်ပါ၊ တစ်ယောက်ယောက်နဲ့ စကားပြောပါ။ ဆေးလိပ်သောက်ချင်စိတ်က ခဏပဲလို့ ကိုယ့်ကိုယ်ကို ပြန်ပြောပါ။ ဆေးလိပ်သောက်တယ်ဆိုတာ အကျင့်တစ်ခုပါ။ အကျင့်တစ်ခုဟာ ဖျောက်ပစ်ဖို့ခက်ပါတယ်။ ဒါပေမယ့် အစားထိုးဖို့ကတော့ လွယ်ပါတယ်။ ကော်ဖီသောက်ပြီး ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင်- ကော်ဖီအစား လ္ဘက်ရည်နဲ့ အစားထိုးလိုက်ပါ။ ထမင်းစားပြီးပြီးချင်း သို့မဟုတ် ကားမောင်းရင်းဆေးလိပ်သောက်တတ်ရင် — သကြားမပါတဲ့ ပီကေဝါးပါ။ ပျင်းလာလို့ ဆေးလိပ်သောက်ချင်လာရင် — ခဏလမ်းထလျှောက်ပါ၊ ရေသောက်ပါ၊ (သို့) ဖုန်း ခဏလောက် သုံးလိုက်ပါ။ ဆေးလိပ်မသောက်ဘဲ နေနိုင်တဲ့ နေ့တိုင်းဟာ အောင်ပွဲတစ်ခုပါပဲ။ ဘယ်လောက်သေးသေးလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့တိုးတက်မှုကို ချီးကျူးပါ။ သင်တန်ဖိုးထားရတဲ့သူတွေနဲ့ သက်တမ်းစေ့ နေထိုင်သွားချင်တယ်ဆိုရင် ဒီစာလေးဖတ်ပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့ စဉ်းစားကြည့်ပါ။ Crd . Share
    Like
    Care
    2
    · 0 Comments ·0 Shares ·895 Views
  • ရေစက်နှင့်လူ့ဘဝသင်ခန်းစာ
    **********************************
    လူဆိုတာ ထင်မှတ်မထားတဲ့
    ဆုံမှတ် တစ်ခုပေါ်မှာ
    ဆုံတွေ့ခဲ့ကြတယ် ။

    တစ်ချို့က အကြွေးတွေကို
    ဆပ် ထားခဲ့ကြသလို...

    တစ်ချို့က အကြွေးတွေကို
    တောင်းယူ သွားခဲ့ကြတယ် ။

    တကယ်တော့ လူတစ်ဦးနဲ့
    တစ်ဦး ဆုံဆည်းဖို့ ဆိုတာဟာ....

    သိပ်ပြီးတော့ မလွယ်ကူလှပါဘူး
    အကြောင်းညီညွတ် မှသာ
    တစ်ဦးနဲ့ တစ်ဦး ဆုံဖြစ်ခဲ့ကြတာပါ ။

    ရေစက်ရှိလို့ ဆုံဖြစ်ကြတယ်
    ရေစက်ကုန်တော့ သူ့အလိုလို
    ကိုယ့်ရဲ့ဘေးနား ကနေပြီး
    ထွက်ခွာသွားခဲ့ကြတယ် ။

    တစ်ချို့က ကြည်နူးစရာတွေ
    ပေးထားခဲ့ ကြတယ် ။

    တစ်ချို့က နာကျင်စရာတွေနဲ့
    နောင်တတွေကို ပေးထားခဲ့ကြတယ် ။

    ဘယ်လိုပဲ ဆုံဖြစ်ခဲ့ ဆုံဖြစ်ခဲ့
    ကိုယ်က အကောင်းမွန်ဆုံး
    ဆက်ဆံ ပေးခဲ့တယ် မဟုတ်လား ။

    တစ်ခါတလေ အတိတ်ကံကြောင့်
    စိတ်ပျက်ဝမ်းနည်း နာကျင်စရာတွေနဲ့
    ဆုံဖြစ်ခဲ့ရင် ပေါ့.......

    အော်..... ငါ အကြွေးတစ်ခု
    ကျေသွားပြန်ပြီလို့ပဲ စေတနာ
    မေတ္တာတွေနဲ့ ဆပ်လိုက်ပါ ။

    တောက်ပတဲ့ ကြယ်ဟာ
    တိမ်မှောင်ဖုံးလည်း အလှပျက်ရိုး
    ထုံးစံမရှိပါဘူး။
    ရေစက်နှင့်လူ့ဘဝသင်ခန်းစာ ********************************** လူဆိုတာ ထင်မှတ်မထားတဲ့ ဆုံမှတ် တစ်ခုပေါ်မှာ ဆုံတွေ့ခဲ့ကြတယ် ။ တစ်ချို့က အကြွေးတွေကို ဆပ် ထားခဲ့ကြသလို... တစ်ချို့က အကြွေးတွေကို တောင်းယူ သွားခဲ့ကြတယ် ။ တကယ်တော့ လူတစ်ဦးနဲ့ တစ်ဦး ဆုံဆည်းဖို့ ဆိုတာဟာ.... သိပ်ပြီးတော့ မလွယ်ကူလှပါဘူး အကြောင်းညီညွတ် မှသာ တစ်ဦးနဲ့ တစ်ဦး ဆုံဖြစ်ခဲ့ကြတာပါ ။ ရေစက်ရှိလို့ ဆုံဖြစ်ကြတယ် ရေစက်ကုန်တော့ သူ့အလိုလို ကိုယ့်ရဲ့ဘေးနား ကနေပြီး ထွက်ခွာသွားခဲ့ကြတယ် ။ တစ်ချို့က ကြည်နူးစရာတွေ ပေးထားခဲ့ ကြတယ် ။ တစ်ချို့က နာကျင်စရာတွေနဲ့ နောင်တတွေကို ပေးထားခဲ့ကြတယ် ။ ဘယ်လိုပဲ ဆုံဖြစ်ခဲ့ ဆုံဖြစ်ခဲ့ ကိုယ်က အကောင်းမွန်ဆုံး ဆက်ဆံ ပေးခဲ့တယ် မဟုတ်လား ။ တစ်ခါတလေ အတိတ်ကံကြောင့် စိတ်ပျက်ဝမ်းနည်း နာကျင်စရာတွေနဲ့ ဆုံဖြစ်ခဲ့ရင် ပေါ့....... အော်..... ငါ အကြွေးတစ်ခု ကျေသွားပြန်ပြီလို့ပဲ စေတနာ မေတ္တာတွေနဲ့ ဆပ်လိုက်ပါ ။ တောက်ပတဲ့ ကြယ်ဟာ တိမ်မှောင်ဖုံးလည်း အလှပျက်ရိုး ထုံးစံမရှိပါဘူး။
    Like
    Care
    3
    · 0 Comments ·0 Shares ·380 Views
  • သိပ်ပြီးတော့ တွေဝေမနေပါနဲ့
    ------------------------------
    ကိုယ့် မေတ္တာ စေတနာတွေ
    တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို
    ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့
    မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့
    အချိန်မဆွဲပါနဲ့။

    ကိုယ့်ကို နာကျင်စေခဲ့တဲ့
    အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။

    ကိုယ့်ကို စာနာနားလည်ပေးပြီး
    ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင်
    သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။

    တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။
    ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။

    ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။
    လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့
    ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့။

    တချို့အရာတွေက လွှတ်ချလိုက်တာနဲ့
    ဘဝဟာ ပေါ့ပါးသွားတယ်။
    တချို့အရာတွေကျတော့
    မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။

    with respect - credit
    #knowledge #life lesson
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့ ------------------------------ ကိုယ့် မေတ္တာ စေတနာတွေ တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့ မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်ကို နာကျင်စေခဲ့တဲ့ အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။ ကိုယ့်ကို စာနာနားလည်ပေးပြီး ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင် သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။ တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။ ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။ ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။ လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့ ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့ သိပ်ပြီးတော့ တွေဝေမနေပါနဲ့။ တချို့အရာတွေက လွှတ်ချလိုက်တာနဲ့ ဘဝဟာ ပေါ့ပါးသွားတယ်။ တချို့အရာတွေကျတော့ မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။ with respect - credit #knowledge #life lesson
    Care
    1
    · 0 Comments ·0 Shares ·321 Views
  • (၁) ပြုံးပါ။

    အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။

    (၂) နားထောင်ပါ။

    တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။

    (၃) မနှိုင်းယှဉ်ပါနဲ့။

    သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။

    (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။

    လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

    (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။

    သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။

    (၆) ချီးမွမ်းစကားပြောဆိုပါ။

    တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။

    (၇) သူများမကောင်းကြောင်း မပြောပါနဲ့။

    သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။

    (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။

    လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။

    (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။

    ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။

    (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။

    ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    (၁) ပြုံးပါ။ အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။ (၂) နားထောင်ပါ။ တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။ (၃) မနှိုင်းယှဉ်ပါနဲ့။ သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။ (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။ လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။ (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။ သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။ (၆) ချီးမွမ်းစကားပြောဆိုပါ။ တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။ (၇) သူများမကောင်းကြောင်း မပြောပါနဲ့။ သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။ (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။ လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။ (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။ ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။ (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။ ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    Care
    1
    · 0 Comments ·0 Shares ·514 Views
  • တစ်ခါတလေ
    ကိုယ့်စိတ်ကိုတောင် ကိုယ်မပိုင်တာ
    သူများစိတ်ကို ပိုင်ဖို့ဆိုတာ
    ပိုလို့တောင် မဖြစ်နိုင်ဘူး။

    လောကကြီးမှာ
    ကိုယ်တကယ်ထိန်းချုပ်ထားနိုင်တဲ့
    အရာ ဘာတစ်ခုမှ မရှိပါဘူး။
    အရာအားလုံးဟာ ဖြစ်ပြီးပျက်မှာပဲ။

    ဘဝမှာ
    ကျေနပ်ရောင့်ရဲတင်းတိမ်တဲ့စိတ်ရှိခြင်းက
    သင့်ကို အေးချမ်းစေမယ်။
    မျှော်လင့်ချက်နည်းပါးခြင်းကတော့
    သင့်စိတ်ကို ချမ်းသာစေလိမ့်တယ်။
    တစ်ခုခုဆို စိတ်ထဲမှာမထမ်းပိုးထားဘဲ
    လွှတ်ချတတ်ခြင်းကတော့
    သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစေပါလိမ့်မယ်။

    Crd_ပေးပါသည်။ Yan Naing
    တစ်ခါတလေ ကိုယ့်စိတ်ကိုတောင် ကိုယ်မပိုင်တာ သူများစိတ်ကို ပိုင်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။ လောကကြီးမှာ ကိုယ်တကယ်ထိန်းချုပ်ထားနိုင်တဲ့ အရာ ဘာတစ်ခုမှ မရှိပါဘူး။ အရာအားလုံးဟာ ဖြစ်ပြီးပျက်မှာပဲ။ ဘဝမှာ ကျေနပ်ရောင့်ရဲတင်းတိမ်တဲ့စိတ်ရှိခြင်းက သင့်ကို အေးချမ်းစေမယ်။ မျှော်လင့်ချက်နည်းပါးခြင်းကတော့ သင့်စိတ်ကို ချမ်းသာစေလိမ့်တယ်။ တစ်ခုခုဆို စိတ်ထဲမှာမထမ်းပိုးထားဘဲ လွှတ်ချတတ်ခြင်းကတော့ သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစေပါလိမ့်မယ်။ Crd_ပေးပါသည်။ Yan Naing
    Care
    1
    · 0 Comments ·0 Shares ·282 Views
  • • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။

    • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။

    > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ <

    • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။

    • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။

    • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။

    • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။

    • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။

    • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်)

    > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း <

    1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။

    2. အသီးများကို အသာအယာ ထုပေးပါ။

    3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။

    4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။

    • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #ကျန်းမာရေး #ဗဟုသုတ #စာပေ
    #နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
    #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
    #လေးစားစွာဖြင့်မူရင်းရေးသားသူကို
    #creditပေးပါတယ် #P_Chan #hashtag
    #fbviralpost2025シ #fblifestyles
    • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။ > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ < • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။ • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။ • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။ • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။ • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။ • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်) > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း < 1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။ 2. အသီးများကို အသာအယာ ထုပေးပါ။ 3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။ 4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။ • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #ကျန်းမာရေး #ဗဟုသုတ #စာပေ #နွယ်မြက်သစ်ပင်ဆေးဖက်ဝင် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကို #creditပေးပါတယ် #P_Chan #hashtag #fbviralpost2025シ #fblifestyles
    Care
    1
    · 0 Comments ·0 Shares ·617 Views
  • အိမ်သာသွားတာခနခနရှိပြီ ဗိုက်ထဲကနေ အောင့်ပြီး ဝမ်းသွားချင်ပေမယ့် တကယ်သွားတဲ့အခါ ဝမ်းမထွက်ဘဲ အတော်လေး ဒုက္ခရောက်နေရင်

    ကျွန်တော့်ရဲ့ အစွမ်းထက် သဘာဝဆေးနည်းလေးတစ်မျိုးကို မျှဝေပေးချင်ပါတယ်။

    လုပ်ရတာလဲ လွယ်ကူပြီး တကယ်ကောင်းတယ်

    • အရင်ဆုံး ရှောက်နူသီးခွံကို ပါးပါးလေးတွေဖြစ်အောင် အရင်လှီးလိုက်ပါ။
    • ထိုရှောက်နူသီးခွံလေးတွေကို ရေနွေးထဲမှာ စိမ်ပြီး သောက်သုံးရုံပါပဲ။
    • အကျိုးကျေးဇူး အပြည့်အဝရရှိဖို့ ညအိပ်ရာမဝင်ခင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။
    ဒီရေနွေးကြမ်းလေးကို သောက်ပေးခြင်းဖြင့် -
    • အူလမ်းကြောင်းအတွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။
    • ခေါင်းမူးဝေခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေကိုပါ သက်သာစေတယ်။
    • အဓိကကတော့ အဆမတန် ဝမ်းချုပ်နေတာတွေကို ကောင်းမွန်စေပါတယ်။
    ဒီနည်းလမ်းလေးက အရမ်းရိုးရှင်းပေမယ့် တကယ်ကို လက်တွေ့ကျပြီး ထိရောက်တာကြောင့် ဝမ်းချုပ်တတ်သူများ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်ခင်ဗျာ။

    #crd_to_owner_with_respect
    #ShweKhitMedia
    အိမ်သာသွားတာခနခနရှိပြီ ဗိုက်ထဲကနေ အောင့်ပြီး ဝမ်းသွားချင်ပေမယ့် တကယ်သွားတဲ့အခါ ဝမ်းမထွက်ဘဲ အတော်လေး ဒုက္ခရောက်နေရင် ကျွန်တော့်ရဲ့ အစွမ်းထက် သဘာဝဆေးနည်းလေးတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလဲ လွယ်ကူပြီး တကယ်ကောင်းတယ် • အရင်ဆုံး ရှောက်နူသီးခွံကို ပါးပါးလေးတွေဖြစ်အောင် အရင်လှီးလိုက်ပါ။ • ထိုရှောက်နူသီးခွံလေးတွေကို ရေနွေးထဲမှာ စိမ်ပြီး သောက်သုံးရုံပါပဲ။ • အကျိုးကျေးဇူး အပြည့်အဝရရှိဖို့ ညအိပ်ရာမဝင်ခင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။ ဒီရေနွေးကြမ်းလေးကို သောက်ပေးခြင်းဖြင့် - • အူလမ်းကြောင်းအတွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။ • ခေါင်းမူးဝေခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေကိုပါ သက်သာစေတယ်။ • အဓိကကတော့ အဆမတန် ဝမ်းချုပ်နေတာတွေကို ကောင်းမွန်စေပါတယ်။ ဒီနည်းလမ်းလေးက အရမ်းရိုးရှင်းပေမယ့် တကယ်ကို လက်တွေ့ကျပြီး ထိရောက်တာကြောင့် ဝမ်းချုပ်တတ်သူများ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်ခင်ဗျာ။ #crd_to_owner_with_respect #ShweKhitMedia
    Care
    1
    · 0 Comments ·0 Shares ·444 Views
  • ကိုယ့်အိမ်ခြံဝန်းထဲမှာ စိုက်ထားတဲ့ သင်္ဘောသီးပင်ကနေ အသီးတွေ အများကြီးနဲ့ အလုံးကြီးကြီး ဆွတ်ခူးစားချင်ကြတယ်မလား? တကယ်တော့ သင်္ဘောသီးစိုက်ရတာ မခက်ပါဘူး။ မြေဆီလွှာ၊ ရေ၊ နေရောင်ခြည်နဲ့ မြေသြဇာကို စနစ်တကျ ဂရုစိုက်ပေးရုံနဲ့ အပင်ကနေ ပြန်လည်ပေးဆပ်မယ့် ရလဒ်က အံ့မခန်းပါပဲ။
    သင်္ဘောသီးပင် အသီးထွက်နှုန်းကောင်းစေမယ့် နည်းလမ်းကောင်းလေးတွေကို ကြည့်လိုက်ရအောင်
    ၁။ နေရောင်ခြည် အပြည့်အဝရပါစေ
    သင်္ဘောသီးက နေကြိုက်တဲ့အပင်ပါ။ တစ်နေ့ကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီအထိ နေရောင်ရတဲ့နေရာမျိုးမှာ စိုက်ပေးပါ။ ဒါပေမဲ့ လေပြင်းတိုက်ရင် အပင်ကျိုးလွယ်တတ်လို့ လေကွယ်တဲ့နေရာမျိုး ဖြစ်ရင်တော့ ပိုကောင်းပါတယ်။
    ၂။ ရေဝပ်တာကို သတိထားပါ
    မြေဆီလွှာက သဲနုန်းမြေ ဒါမှမဟုတ် မြေဆွေးရောထားတဲ့ မြေမျိုး ဖြစ်ရပါမယ်။ သင်္ဘောသီးက ရေကြိုက်ပေမဲ့ ရေဝပ်တာကိုတော့ လုံးဝမကြိုက်ပါဘူး။ ရေဝပ်ရင် အမြစ်ပုပ်တတ်လို့ ရေကို ချင့်ချိန်လောင်းပေးပါ။
    ၃။ မြေသြဇာ ပုံမှန်ကျွေးပါ
    သင်္ဘောသီးပင်က အာဟာရကို အများကြီး စားသုံးတဲ့ အပင်မျိုးပါ။ ဒါကြောင့် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်တစ်ကြိမ် မြေသြဇာ ပုံမှန်ကျွေးပေးဖို့ လိုပါတယ်။ အထူးသဖြင့် နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ် ပါဝင်တဲ့ သဘာဝမြေဆွေး ဒါမှမဟုတ် နွားချေးမြေသြဇာတွေက အပင်ကို မြန်မြန်ထွားစေပြီး အသီးထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတယ်။
    ၄။ မလိုအပ်တဲ့ အရွက်တွေကို ဖယ်ရှားပါ
    အောက်ခြေက အရွက်အဟောင်းတွေ၊ ဝါနေတဲ့ အရွက်တွေ ဒါမှမဟုတ် ရောဂါရနေတဲ့ အရွက်တွေကို နှမြောမနေဘဲ ဖြတ်ထုတ်ပစ်ပါ။ ဒါမှ အာဟာရကို အသီးဆီ ပိုရောက်စေပြီး လေဝင်လေထွက်ကောင်းကာ ပိုးမွှားဒဏ်ကနေ ကာကွယ်နိုင်မှာပါ။
    ၅။ ပိုးမွှားရန်ကို ကာကွယ်ပါ
    အပင်ကို အမြဲစစ်ဆေးပေးပါ။ ပိုးကောင်လေးတွေ ဒါမှမဟုတ် မှိုတက်တာမျိုးရှိရင် သဘာဝပိုးသတ်ဆေး (ဥပမာ- တမာပိုးသတ်ဆေး) ကို အသုံးပြုပြီး နှိမ်နင်းပေးပါ။ စောစောစီးစီး သိလေလေ၊ ကုသရတာ ပိုလွယ်လေပါပဲ။
    ၆။ ဆွတ်ခူးချိန်ကို မှတ်ထားပါ
    သင်္ဘောသီးက အခွံလေး စပြီး ဝါလာပြီဆိုရင် ဆွတ်ခူးလို့ ရပါပြီ။ ဒီနည်းလမ်းအတိုင်းသာ ဂရုစိုက်မယ်ဆိုရင် ၁ နှစ်အတွင်းမှာတင် အသီးတွေ အများကြီးနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်ကို ရရှိမှာ အသေအချာပါပဲ။
    စိုက်ပျိုးရတာ ဝါသနာပါတဲ့ မိတ်ဆွေတို့လည်း ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်စိုက် သင်္ဘောသီးချိုချိုလေးတွေကို ဆွတ်ခူးစားသုံးနိုင်ကြပါစေရှင်။
    #forevermmmedia #စိုက်ပျိုးရေး #အပင#သင်္ဘောသီးစိုက်ပျိုးနည်း #အိမ်တွင်းစိုက်ပျိုးရေး #စိုက်ပျိုးရေးဗဟုသုတ #သဘာဝမြေသြဇာ
    ကိုယ့်အိမ်ခြံဝန်းထဲမှာ စိုက်ထားတဲ့ သင်္ဘောသီးပင်ကနေ အသီးတွေ အများကြီးနဲ့ အလုံးကြီးကြီး ဆွတ်ခူးစားချင်ကြတယ်မလား? တကယ်တော့ သင်္ဘောသီးစိုက်ရတာ မခက်ပါဘူး။ မြေဆီလွှာ၊ ရေ၊ နေရောင်ခြည်နဲ့ မြေသြဇာကို စနစ်တကျ ဂရုစိုက်ပေးရုံနဲ့ အပင်ကနေ ပြန်လည်ပေးဆပ်မယ့် ရလဒ်က အံ့မခန်းပါပဲ။ သင်္ဘောသီးပင် အသီးထွက်နှုန်းကောင်းစေမယ့် နည်းလမ်းကောင်းလေးတွေကို ကြည့်လိုက်ရအောင် 👇 ၁။ နေရောင်ခြည် အပြည့်အဝရပါစေ ☀️ သင်္ဘောသီးက နေကြိုက်တဲ့အပင်ပါ။ တစ်နေ့ကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီအထိ နေရောင်ရတဲ့နေရာမျိုးမှာ စိုက်ပေးပါ။ ဒါပေမဲ့ လေပြင်းတိုက်ရင် အပင်ကျိုးလွယ်တတ်လို့ လေကွယ်တဲ့နေရာမျိုး ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ ၂။ ရေဝပ်တာကို သတိထားပါ 💧 မြေဆီလွှာက သဲနုန်းမြေ ဒါမှမဟုတ် မြေဆွေးရောထားတဲ့ မြေမျိုး ဖြစ်ရပါမယ်။ သင်္ဘောသီးက ရေကြိုက်ပေမဲ့ ရေဝပ်တာကိုတော့ လုံးဝမကြိုက်ပါဘူး။ ရေဝပ်ရင် အမြစ်ပုပ်တတ်လို့ ရေကို ချင့်ချိန်လောင်းပေးပါ။ ၃။ မြေသြဇာ ပုံမှန်ကျွေးပါ ✨ သင်္ဘောသီးပင်က အာဟာရကို အများကြီး စားသုံးတဲ့ အပင်မျိုးပါ။ ဒါကြောင့် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်တစ်ကြိမ် မြေသြဇာ ပုံမှန်ကျွေးပေးဖို့ လိုပါတယ်။ အထူးသဖြင့် နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ် ပါဝင်တဲ့ သဘာဝမြေဆွေး ဒါမှမဟုတ် နွားချေးမြေသြဇာတွေက အပင်ကို မြန်မြန်ထွားစေပြီး အသီးထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတယ်။ ၄။ မလိုအပ်တဲ့ အရွက်တွေကို ဖယ်ရှားပါ ✂️ အောက်ခြေက အရွက်အဟောင်းတွေ၊ ဝါနေတဲ့ အရွက်တွေ ဒါမှမဟုတ် ရောဂါရနေတဲ့ အရွက်တွေကို နှမြောမနေဘဲ ဖြတ်ထုတ်ပစ်ပါ။ ဒါမှ အာဟာရကို အသီးဆီ ပိုရောက်စေပြီး လေဝင်လေထွက်ကောင်းကာ ပိုးမွှားဒဏ်ကနေ ကာကွယ်နိုင်မှာပါ။ ၅။ ပိုးမွှားရန်ကို ကာကွယ်ပါ 🐛 အပင်ကို အမြဲစစ်ဆေးပေးပါ။ ပိုးကောင်လေးတွေ ဒါမှမဟုတ် မှိုတက်တာမျိုးရှိရင် သဘာဝပိုးသတ်ဆေး (ဥပမာ- တမာပိုးသတ်ဆေး) ကို အသုံးပြုပြီး နှိမ်နင်းပေးပါ။ စောစောစီးစီး သိလေလေ၊ ကုသရတာ ပိုလွယ်လေပါပဲ။ ၆။ ဆွတ်ခူးချိန်ကို မှတ်ထားပါ 🍈 သင်္ဘောသီးက အခွံလေး စပြီး ဝါလာပြီဆိုရင် ဆွတ်ခူးလို့ ရပါပြီ။ ဒီနည်းလမ်းအတိုင်းသာ ဂရုစိုက်မယ်ဆိုရင် ၁ နှစ်အတွင်းမှာတင် အသီးတွေ အများကြီးနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်ကို ရရှိမှာ အသေအချာပါပဲ။ စိုက်ပျိုးရတာ ဝါသနာပါတဲ့ မိတ်ဆွေတို့လည်း ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်စိုက် သင်္ဘောသီးချိုချိုလေးတွေကို ဆွတ်ခူးစားသုံးနိုင်ကြပါစေရှင်။ 🥰 #forevermmmedia #စိုက်ပျိုးရေး #အပင် #သင်္ဘောသီးစိုက်ပျိုးနည်း #အိမ်တွင်းစိုက်ပျိုးရေး #စိုက်ပျိုးရေးဗဟုသုတ #သဘာဝမြေသြဇာ
    Care
    1
    · 0 Comments ·0 Shares ·447 Views
  • ဒီရက်ပိုင်း ကျွန်မ ရှောက်နုရွက် (ရှောက်ရွက်)ကို ပုံမှန်ပြုတ်သောက်ဖြစ်နေပါတယ်။ အသက်ကြီးလာတဲ့အခါ သွေးဖိအားက ကြိုတင်အကြောင်းမကြားဘဲ တက်လိုက်ကျလိုက် ဖြစ်တတ်တယ်မဟုတ်လား ဒါကြောင့် အိမ်မှာအမြဲရှိတဲ့ ဆေးဖက်ဝင်အပင်ကို အသုံးချဖြစ်တာပါ။
    နွေးထွေးတဲ့ ရှောက်ရွက်ပြုတ်ရည်က အကျိုးကျေးဇူးများစွာ ပေးပါတယ်:
    • သောက်လိုက်ရင် သွေးလေစီးဆင်းမှု ပိုကောင်းလာသလို ခံစားရတယ်။
    • ခေါင်းလေးတာတွေ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ကို ပေါ့ပါးစေတယ်။
    • အရင်ကလို သွေးတိုးက အရမ်းတက်လိုက်ကျလိုက် မဖြစ်တော့ဘဲ တည်ငြိမ်လာတာကို သိသိသာသာ သတိထားမိတယ်။
    • သူ့ရဲ့ သင်းပျံ့တဲ့ရနံ့က စိတ်ကို အပန်းပြေစေပြီး ညအိပ်ရာမဝင်ခင် သောက်ရင် ပိုပြီးတော့ အဆင်ပြေပါတယ်။
    အိမ်မှာ ကိုယ်တိုင်လုပ်ရတာ အရမ်းလွယ်ကူပါတယ်:
    1. ရှောက်ရွက်ရင့်ရင့် ၄-၅ ရွက်ခန့်ကို ခူးပြီး သန့်စင်အောင် ဆေးကြောပါ။
    2. ရေအိုးအသေးတစ်လုံးနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။
    3. အပူချိန် အနည်းငယ်ကျသွားတဲ့အထိ ထားပြီးမှ တစ်နေ့တာလုံး အေးအေးဆေးဆေး တစ်ငုံချင်းစီ သောက်သုံးနိုင်ပါတယ်။
    ဒီလိုမျိုး အနီးနားမှာရှိတဲ့ အရာလေးတွေက ခန္ဓာကိုယ်ကို တကယ်ပဲ ကောင်းကောင်းဂရုစိုက်ပေးနိုင်ပါတယ်။ သွေးတိုးတက်လွယ်တဲ့သူတွေရှိရင် စမ်းသပ်သောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်
    #alinthitmedia
    ဒီရက်ပိုင်း ကျွန်မ ရှောက်နုရွက် (ရှောက်ရွက်)ကို ပုံမှန်ပြုတ်သောက်ဖြစ်နေပါတယ်။ အသက်ကြီးလာတဲ့အခါ သွေးဖိအားက ကြိုတင်အကြောင်းမကြားဘဲ တက်လိုက်ကျလိုက် ဖြစ်တတ်တယ်မဟုတ်လား 😅 ဒါကြောင့် အိမ်မှာအမြဲရှိတဲ့ ဆေးဖက်ဝင်အပင်ကို အသုံးချဖြစ်တာပါ။ 🍃 နွေးထွေးတဲ့ ရှောက်ရွက်ပြုတ်ရည်က အကျိုးကျေးဇူးများစွာ ပေးပါတယ်: • သောက်လိုက်ရင် သွေးလေစီးဆင်းမှု ပိုကောင်းလာသလို ခံစားရတယ်။ • ခေါင်းလေးတာတွေ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ကို ပေါ့ပါးစေတယ်။ • အရင်ကလို သွေးတိုးက အရမ်းတက်လိုက်ကျလိုက် မဖြစ်တော့ဘဲ တည်ငြိမ်လာတာကို သိသိသာသာ သတိထားမိတယ်။ • သူ့ရဲ့ သင်းပျံ့တဲ့ရနံ့က စိတ်ကို အပန်းပြေစေပြီး ညအိပ်ရာမဝင်ခင် သောက်ရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ ✨ အိမ်မှာ ကိုယ်တိုင်လုပ်ရတာ အရမ်းလွယ်ကူပါတယ်: 1. ရှောက်ရွက်ရင့်ရင့် ၄-၅ ရွက်ခန့်ကို ခူးပြီး သန့်စင်အောင် ဆေးကြောပါ။ 2. ရေအိုးအသေးတစ်လုံးနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ 3. အပူချိန် အနည်းငယ်ကျသွားတဲ့အထိ ထားပြီးမှ တစ်နေ့တာလုံး အေးအေးဆေးဆေး တစ်ငုံချင်းစီ သောက်သုံးနိုင်ပါတယ်။ ဒီလိုမျိုး အနီးနားမှာရှိတဲ့ အရာလေးတွေက ခန္ဓာကိုယ်ကို တကယ်ပဲ ကောင်းကောင်းဂရုစိုက်ပေးနိုင်ပါတယ်။ သွေးတိုးတက်လွယ်တဲ့သူတွေရှိရင် စမ်းသပ်သောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ❤️🌿 #alinthitmedia
    Care
    1
    · 0 Comments ·0 Shares ·454 Views
  • "စားသမျှပြန်ဆန်တက်၊ ရင်တွေပူ" တဲ့ ***GERD ရောဂါ*** ကို လျစ်လျူမရှုပါနဲ့!

    ထမင်းစားပြီးတိုင်း ရင်ဘတ်ထဲက ပူလောင်နေသလား?
    အချဉ်ရည်တွေ၊ စားပြီးသားအစာတွေ လည်ချောင်းထဲ ပြန်ကန်တက်လာလို့ စိတ်ညစ်နေရပြီလား?
    ဒါဟာ ရိုးရိုး အစာမကြေတာ မဟုတ်ဘဲ ကုသဖို့လိုအပ်တဲ့ GERD (အစာရေမြိုပြန်ဆန်တက်ရောဂါ) ဖြစ်နေနိုင်ပါတယ်။

    GERD ဆိုတာ ဘာလဲ?
    ^^^^^^^^^^^^^^^^^^^^^
    ရိုးရှင်းစွာပြောရရင် အစာအိမ်ထဲမှာရှိရမယ့် အစွမ်းထက် အချဉ်ရည်တွေက အပေါ်ကို ပြန်ကန်တက်ပြီး အစာရေမြိုပြွန်ကို လောင်ကျွမ်းစေတာပါ။ ဒီလို ခဏခဏဖြစ်လာရင် အစာရေမြိုပြွန် ရောင်ရမ်းပျက်စီးလာတတ်ပါတယ်။

    သင် GERD ခံစားနေရပြီလား? (လက္ခဏာများ)
    ^^^^^^^^^^^^^^^^^^^^^^^^^^^
    ရင်ညွန့်ရိုးတစ်လျှောက် ပူလောင်ခြင်း (Heartburn)
    ခါးသက်သက်/ချဉ်စပ်စပ် အရသာနှင့်အတူ အစာများပြန်ဆန်တက်ခြင်း
    နှလုံးရောဂါနှင့် မှားယွင်းတတ်သော ရင်ဘတ်အောင့်ခြင်း
    ညဘက်တွေမှာ အကြောင်းရင်းမရှိဘဲ ချောင်းဆိုးခြင်း
    မကြာခဏ လည်ချောင်းနာခြင်း နှင့် အသံဝင်ခြင်း
    သတိပေးချက်! GERD ကို ပေါ့ပေါ့ဆဆ သဘောထားပြီး မကုသဘဲထားလိုက်ရင် အစာရေမြိုကျဉ်းခြင်း၊ Barrett's Esophagus (ကင်ဆာအကြိုအဆင့်) မှသည် အစာရေမြိုကင်ဆာ အထိ ဖြစ်လာနိုင်ပါတယ်။

    GERD ကို သက်သာစေမည့် နေထိုင်မှုပုံစံ
    ^^^^^^^^^^^^^^^^^^
    အပြောင်းအလဲများ

    ဆေးသောက်တာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ သင့်နေ့စဉ်ဘဝကို ဒီလိုပြောင်းလဲကြည့်ပါ-

    စားသောက်ပုံ

    တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းချင်းစီ ၃ နပ်မှ ၆ နပ်ခွဲစားပါ။
    ည ၇ နာရီကျော်ရင် အစာမစားပါနဲ့။ (အိပ်ရာမဝင်ခင် ၃ နာရီခွာပါ)
    အပူအစပ် လျှော့စားပြီး အသီးအရွက် များများစားပါ။
    အချိုရည်အစား ရေနွေးကြမ်းသောက်ပါ။

    နေထိုင်ပုံ

    ကိုယ်အလေးချိန် လျှော့ချပါ။
    တစ်နေ့ ၁၅-၃၀ မိနစ် လမ်းလျှောက်ပါ။
    အိပ်စက်ပုံ (အရေးကြီး)
    ခေါင်းအုံးကို ပုံမှန်ထက် မြင့်ထားပြီးအိပ်ပါ။
    ညာဘက်စောင်းမအိပ်ပါနဲ့ (ဘယ်ဘက်စောင်းအိပ်တာ ပိုကောင်းပါတယ်)။
    ပက်လက် (သို့) မှောက်လျက် မအိပ်ပါနဲ့။

    အကယ်၍ ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆွေးနွေးကုသမှု ခံယူကြဖို့ တိုက်တွန်းချင်ပါတယ်။

    ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
    Family Cooking
    ==================
    #ကျန်းမာရေး #wellness #health #familycooking
    #GERDawareness #AcidReflux #HealthTipsMyanmar #အစာအိမ်ရောဂါ #ကျန်းမာရေးဗဟုသုတ
    "စားသမျှပြန်ဆန်တက်၊ ရင်တွေပူ" တဲ့ ***GERD ရောဂါ*** ကို လျစ်လျူမရှုပါနဲ့! 🚫 ထမင်းစားပြီးတိုင်း ရင်ဘတ်ထဲက ပူလောင်နေသလား? အချဉ်ရည်တွေ၊ စားပြီးသားအစာတွေ လည်ချောင်းထဲ ပြန်ကန်တက်လာလို့ စိတ်ညစ်နေရပြီလား? 😫 ဒါဟာ ရိုးရိုး အစာမကြေတာ မဟုတ်ဘဲ ကုသဖို့လိုအပ်တဲ့ GERD (အစာရေမြိုပြန်ဆန်တက်ရောဂါ) ဖြစ်နေနိုင်ပါတယ်။ GERD ဆိုတာ ဘာလဲ? 🤔 ^^^^^^^^^^^^^^^^^^^^^ ရိုးရှင်းစွာပြောရရင် အစာအိမ်ထဲမှာရှိရမယ့် အစွမ်းထက် အချဉ်ရည်တွေက အပေါ်ကို ပြန်ကန်တက်ပြီး အစာရေမြိုပြွန်ကို လောင်ကျွမ်းစေတာပါ။ ဒီလို ခဏခဏဖြစ်လာရင် အစာရေမြိုပြွန် ရောင်ရမ်းပျက်စီးလာတတ်ပါတယ်။ သင် GERD ခံစားနေရပြီလား? (လက္ခဏာများ) 👇 ^^^^^^^^^^^^^^^^^^^^^^^^^^^ 🔥 ရင်ညွန့်ရိုးတစ်လျှောက် ပူလောင်ခြင်း (Heartburn) 🤢 ခါးသက်သက်/ချဉ်စပ်စပ် အရသာနှင့်အတူ အစာများပြန်ဆန်တက်ခြင်း 💔 နှလုံးရောဂါနှင့် မှားယွင်းတတ်သော ရင်ဘတ်အောင့်ခြင်း 😷 ညဘက်တွေမှာ အကြောင်းရင်းမရှိဘဲ ချောင်းဆိုးခြင်း 🗣️ မကြာခဏ လည်ချောင်းနာခြင်း နှင့် အသံဝင်ခြင်း ⚠️ သတိပေးချက်! GERD ကို ပေါ့ပေါ့ဆဆ သဘောထားပြီး မကုသဘဲထားလိုက်ရင် အစာရေမြိုကျဉ်းခြင်း၊ Barrett's Esophagus (ကင်ဆာအကြိုအဆင့်) မှသည် အစာရေမြိုကင်ဆာ အထိ ဖြစ်လာနိုင်ပါတယ်။ ✅ GERD ကို သက်သာစေမည့် နေထိုင်မှုပုံစံ ^^^^^^^^^^^^^^^^^^ အပြောင်းအလဲများ ဆေးသောက်တာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ သင့်နေ့စဉ်ဘဝကို ဒီလိုပြောင်းလဲကြည့်ပါ- 🍽️ စားသောက်ပုံ တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းချင်းစီ ၃ နပ်မှ ၆ နပ်ခွဲစားပါ။ ည ၇ နာရီကျော်ရင် အစာမစားပါနဲ့။ (အိပ်ရာမဝင်ခင် ၃ နာရီခွာပါ) အပူအစပ် လျှော့စားပြီး အသီးအရွက် များများစားပါ။ အချိုရည်အစား ရေနွေးကြမ်းသောက်ပါ။ 🍵 🏃‍♂️ နေထိုင်ပုံ ကိုယ်အလေးချိန် လျှော့ချပါ။ တစ်နေ့ ၁၅-၃၀ မိနစ် လမ်းလျှောက်ပါ။ 🛌 အိပ်စက်ပုံ (အရေးကြီး) ခေါင်းအုံးကို ပုံမှန်ထက် မြင့်ထားပြီးအိပ်ပါ။ ညာဘက်စောင်းမအိပ်ပါနဲ့ (ဘယ်ဘက်စောင်းအိပ်တာ ပိုကောင်းပါတယ်)။ ပက်လက် (သို့) မှောက်လျက် မအိပ်ပါနဲ့။ 📌 အကယ်၍ ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆွေးနွေးကုသမှု ခံယူကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။ 💖 Family Cooking ================== #ကျန်းမာရေး #wellness #health #familycooking #GERDawareness #AcidReflux #HealthTipsMyanmar #အစာအိမ်ရောဂါ #ကျန်းမာရေးဗဟုသုတ
    Care
    1
    · 1 Comments ·0 Shares ·478 Views
More Results