• ❝သူမချစ်တော့တာသေချာရင်❞
    -----------------------

    လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ...
    လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့်
    ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက
    သင့်ရဲ့တန်ဖိုးပါ။

    သူမချစ်တော့တာသေချာနေပြီဆိုရင်...
    လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ
    ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ်
    ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။

    ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက်
    အတင်းဆွဲထားစရာမလိုပါဘူး...
    သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင်
    ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။

    မချစ်တော့တာ သေချာနေတဲ့လူအနားမှာ
    ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက်
    ရဲရဲကြီး မေ့ပြစ်လိုက်ပါ။

    #မေဆု(ရာမညမြေ)
    ❝သူမချစ်တော့တာသေချာရင်❞ ----------------------- ◽လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ... လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့် ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက သင့်ရဲ့တန်ဖိုးပါ။ ◽သူမချစ်တော့တာသေချာနေပြီဆိုရင်... လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ် ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။ ◽ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက် အတင်းဆွဲထားစရာမလိုပါဘူး... သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင် ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။ ◽မချစ်တော့တာ သေချာနေတဲ့လူအနားမှာ ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက် ရဲရဲကြီး မေ့ပြစ်လိုက်ပါ။ #မေဆု(ရာမညမြေ)
    Like
    1
    ¡ 0 Comments ¡0 Shares ¡21 Views
  • ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့။
    =====================

    စိတ်မညစ်ရအောင်
    ဒီစာလေး ဖတ်ပါနော်….

    ကိုယ့်ကို နှိပ်စက်နိုင်နေတဲ့
    အတွေးတွေ မတွေးပါနဲ့။

    ကိုယ့်စိတ်ကို ပူလောင်စေတဲ့
    အတွေးတွေ မတွေးပါနဲ့။

    ကိုယ့်အပေါ် မကောင်းတဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်ကို မခေါ်ချင်တဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်ကို ဂရုမစိုက်တဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့် စေတနာကို နားမလည်တဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်အပေါ် သစ္စာမရှိတဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်အပေါ် လိမ်ညာလှည့်စားတဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်ကို မုန်းတဲ့
    သူတွေ အကြောင်းလည်း မတွေးပါနဲ့။

    ကိုယ့်ကိုမချစ်လို့ ကျောခိုင်းထွက်သွားတဲ့
    သူတစ်ယောက် အကြောင်း မတွေးပါနဲ့။

    “မတွေးပါနဲ့”
    အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့
    အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ
    "ကိုယ့်စိတ်ကို နှိပ်စက်နေလို့”
    ကိုယ့်မှာ စိတ် ချမ်းသာမှုဆိုတာ
    ဘယ်တော့မှ ရနိုင်ဖို့မလွယ်ပါဘူး။

    ဒါ့ကြောင့်
    ကိုယ့်စ်ိတ်ကို ချမ်းသာအောင် တွေးပါ။
    နားလည်ပေးနိုင်မယ့် အတွေးသာတွေးပါ။
    မေတ္တာပွားနိုင်ဖို့ တွေးပါ။
    ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့တွေးပါ။
    အမုန်း မပွားဖို့ပဲ တွေးပါ။
    မေတ္တာထားခြင်းသည်
    အကောင်းဆုံး လက်စားချေခြင်းပါပဲ။

    ကိုယ့်စိတ်ကို နှိပ်စက်နိုင်ဆုံးသူဟာ
    ကိုယ် ကိုယ်တိုင်သာ ဖြစ်ပါတယ်။
    တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို
    ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။

    အဲ့ဒီ သူတွေကို ကိုယ့်စိတ်ထဲမှာ ထားပြီး
    ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါပဲ။
    ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို
    ပြန်ပြီး မနှိပ်စက်ပါနဲ့တော့……

    လူ့ဘဝက တိုတောင်းလွန်းလှပါတယ်။
    ခဏတာရလာတဲ့ လူ့ဘဝလေးမှာ
    ကိုယ့်ကိုယ်ကို ပျော်ရွှင်အေးချမ်းမှု
    ရအောင် ကိုယ်တိုင်လုပ်ယူ ဖန်တီးပြီး
    ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်။

    ငယ်ငယ်ကလည်း ငိုခဲ့ပြီးပြီ။
    အရွယ်ရောက်တော့လည်း ငိုခဲ့ပြီးပြီ။
    မနေ့ကလည်း ငိုခဲ့ပြီးပြီ။
    ဒီနေ့လည်း ငိုခဲ့ပြီးပြီ။
    မနက်ဖြန်ကစပြီး ရယ်နိုင်ဖို့ ကြိုးစားပါ။

    လူ့ဘဝ တိုတိုလေးမှာ အမြဲတမ်း
    ငိုနေရရင် လူဖြစ်ရှုံးပါတယ်။
    ” ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့တော့ ”

    Credit _ ဒိုက်ဒိုက် (မြင်းခြံ)
    #နန်းနှောင်းယိန်း မှ ပြန်လည်မျှဝေသည်။
    Photo credit - We Heart It.
    ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့။ ===================== စိတ်မညစ်ရအောင် ဒီစာလေး ဖတ်ပါနော်…. ကိုယ့်ကို နှိပ်စက်နိုင်နေတဲ့ အတွေးတွေ မတွေးပါနဲ့။ ကိုယ့်စိတ်ကို ပူလောင်စေတဲ့ အတွေးတွေ မတွေးပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်ကို မခေါ်ချင်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်ကို ဂရုမစိုက်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့် စေတနာကို နားမလည်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်အပေါ် သစ္စာမရှိတဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်အပေါ် လိမ်ညာလှည့်စားတဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်ကို မုန်းတဲ့ သူတွေ အကြောင်းလည်း မတွေးပါနဲ့။ ကိုယ့်ကိုမချစ်လို့ ကျောခိုင်းထွက်သွားတဲ့ သူတစ်ယောက် အကြောင်း မတွေးပါနဲ့။ “မတွေးပါနဲ့” အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့ အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ "ကိုယ့်စိတ်ကို နှိပ်စက်နေလို့” ကိုယ့်မှာ စိတ် ချမ်းသာမှုဆိုတာ ဘယ်တော့မှ ရနိုင်ဖို့မလွယ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်စ်ိတ်ကို ချမ်းသာအောင် တွေးပါ။ နားလည်ပေးနိုင်မယ့် အတွေးသာတွေးပါ။ မေတ္တာပွားနိုင်ဖို့ တွေးပါ။ ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့တွေးပါ။ အမုန်း မပွားဖို့ပဲ တွေးပါ။ မေတ္တာထားခြင်းသည် အကောင်းဆုံး လက်စားချေခြင်းပါပဲ။ ကိုယ့်စိတ်ကို နှိပ်စက်နိုင်ဆုံးသူဟာ ကိုယ် ကိုယ်တိုင်သာ ဖြစ်ပါတယ်။ တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။ အဲ့ဒီ သူတွေကို ကိုယ့်စိတ်ထဲမှာ ထားပြီး ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါပဲ။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး မနှိပ်စက်ပါနဲ့တော့…… လူ့ဘဝက တိုတောင်းလွန်းလှပါတယ်။ ခဏတာရလာတဲ့ လူ့ဘဝလေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အေးချမ်းမှု ရအောင် ကိုယ်တိုင်လုပ်ယူ ဖန်တီးပြီး ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်။ ငယ်ငယ်ကလည်း ငိုခဲ့ပြီးပြီ။ အရွယ်ရောက်တော့လည်း ငိုခဲ့ပြီးပြီ။ မနေ့ကလည်း ငိုခဲ့ပြီးပြီ။ ဒီနေ့လည်း ငိုခဲ့ပြီးပြီ။ မနက်ဖြန်ကစပြီး ရယ်နိုင်ဖို့ ကြိုးစားပါ။ လူ့ဘဝ တိုတိုလေးမှာ အမြဲတမ်း ငိုနေရရင် လူဖြစ်ရှုံးပါတယ်။ ” ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့တော့ ” Credit _ ဒိုက်ဒိုက် (မြင်းခြံ) #နန်းနှောင်းယိန်း မှ ပြန်လည်မျှဝေသည်။ Photo credit - We Heart It.
    Like
    Care
    2
    ¡ 0 Comments ¡0 Shares ¡45 Views
  • ငလျင်ဒဏ်သင့် ပြည်သူများ အခက်ခဲများအတွက်
    အင်းလေးဒေသ

    ခွန်မောင်ညွန်း+နန်းခမ်းသွဲမိသားစု

    လိုက်ပေးကောင်ခမ်းကျေးရွာ

    ၁သိန်းကျပ်ပါ

    #သဘာဝဘေးအန္တရယ်ငလျင်မြန်မာ

    #ဆိုက်ခေါင်

    #အင်းလေး

    #thailand

    #Myanmar

    #shanste
    09250628290
    ငလျင်ဒဏ်သင့် ပြည်သူများ အခက်ခဲများအတွက် အင်းလေးဒေသ ခွန်မောင်ညွန်း+နန်းခမ်းသွဲမိသားစု လိုက်ပေးကောင်ခမ်းကျေးရွာ ၁သိန်းကျပ်ပါ #သဘာဝဘေးအန္တရယ်ငလျင်မြန်မာ #ဆိုက်ခေါင် #အင်းလေး #thailand #Myanmar #shanste 09250628290
    0 Comments ¡0 Shares ¡74 Views
  • ပွဲစဥ်ကိုခန့်မှန်းပြီး ဆုကြေးငွေ ငါးသိန်းကျပ်တိတိ ရယူလိုက်နော်

    နောက်ထက်တစ်ခုအနေနဲ့ကတော့ User မဟုတ်တဲ့သူမှန်ကန်တယ်ဆိုရင် ၃၀၀၀၀ ကျပ်ကို ယူနစ်အနေနဲ့ပေးမှာပါ။

    ဟုတ်ပါတယ် ဒီတစ်ခါ ဘောလုံး အဓိပတိ နဲ့ MGM77 Myanmar တို့က ပူးပေါင်းပြီးဆုကြေးငွေပေးမှာပါ။

    ကျပ် ငါးသိန်း ဆွတ်ခူးဖို့ဆိုရင်တော့ MGM77 Myanmar member မဖြစ်မနေဖြစ်မှရပါမယ်နော်။

    မနက်ဖြန်ည 1:30 နာရီ မှာ ယှဥ်ပြိုင်ကစားမယ့်

    နော်တင်ဟမ်ဖောရက်စ် vs မန်ယူ ပွဲစဉ်ကို

    1. ပထမဆုံးဂိုးသွင်းမယ့် ကစားသမားနာမည်

    2. ပထမဆုံးအဝါကတ် ကစားသမားနာမည်

    3. ပွဲပြီးရလာဒ်

    ဥပမာ - အီလန်ဂါ (ပထမဆုံးဂိုးသွင်းကစားသမား) / ဖာနန်ဒက်စ် (ပထမဆုံးအဝါကတ်ကစားသမား) / 2-2 (ပွဲပြီးရလဒ်)

    အဲ့လိုခန့်မှန်းပေးပြီး MGM77 Myanmar ကပေးတဲ့ ဆုငွေကျပ် ၅ သိန်းတိတိ ရယူနိုင်ပါတယ်နော်။

    MGM77 Member စိတ်ဝင်စားသူများအတွက်

    Phone - 09255396170

    Viber - https://msng.link/o/?959255396170=vi

    Telegram - https://t.me/mgm396

    အနည်းဆုံး ၅ ထောင် ကျပ်မှစ၍ Member အကောင့်ဖွင့်လို့ရပါတယ်။

    စည်းကမ်းချက်များ

    - Page ကို Like and Follow လုပ်ထားပေးရပါမည်။

    - ပွဲမစခင်တစ်နာရီအလိုထိပဲမန့်လို့ရပါမယ်

    - ပွဲချိန်စပြီး မန့်တဲ့ comment များ cancel ပါမည်။

    - ဒီ Post ကိုမဖြစ်မနေတစ်ခါ Share ပေးရပါမည်။ Share ပြီးတဲ့ Ss ကို comment မှာခန့်မှန်းချက်နဲ့အတူ မန့်ပေးပါ။

    - ကံထူးသူ တစ်ယောက်ထပ် ပိုပါက ဆုငွေ အညီအမျှခွဲယူရမည်။

    - အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်များရှိလာပါက Admin Team ဆုံးဖြတ်ချက်သာအမှန်ဖြစ်သည်။
    ပွဲစဥ်ကိုခန့်မှန်းပြီး ဆုကြေးငွေ ငါးသိန်းကျပ်တိတိ ရယူလိုက်နော် 🤩 နောက်ထက်တစ်ခုအနေနဲ့ကတော့ User မဟုတ်တဲ့သူမှန်ကန်တယ်ဆိုရင် ၃၀၀၀၀ ကျပ်ကို ယူနစ်အနေနဲ့ပေးမှာပါ။ ဟုတ်ပါတယ် ဒီတစ်ခါ ဘောလုံး အဓိပတိ နဲ့ MGM77 Myanmar တို့က ပူးပေါင်းပြီးဆုကြေးငွေပေးမှာပါ။ ကျပ် ငါးသိန်း ဆွတ်ခူးဖို့ဆိုရင်တော့ MGM77 Myanmar member မဖြစ်မနေဖြစ်မှရပါမယ်နော်။ မနက်ဖြန်ည 1:30 နာရီ မှာ ယှဥ်ပြိုင်ကစားမယ့် နော်တင်ဟမ်ဖောရက်စ် vs မန်ယူ ပွဲစဉ်ကို 1. ပထမဆုံးဂိုးသွင်းမယ့် ကစားသမားနာမည် 2. ပထမဆုံးအဝါကတ် ကစားသမားနာမည် 3. ပွဲပြီးရလာဒ် ဥပမာ - အီလန်ဂါ (ပထမဆုံးဂိုးသွင်းကစားသမား) / ဖာနန်ဒက်စ် (ပထမဆုံးအဝါကတ်ကစားသမား) / 2-2 (ပွဲပြီးရလဒ်) အဲ့လိုခန့်မှန်းပေးပြီး MGM77 Myanmar ကပေးတဲ့ ဆုငွေကျပ် ၅ သိန်းတိတိ ရယူနိုင်ပါတယ်နော်။ 👇MGM77 Member စိတ်ဝင်စားသူများအတွက် 👇 Phone - 09255396170 Viber - https://msng.link/o/?959255396170=vi Telegram - https://t.me/mgm396 အနည်းဆုံး ၅ ထောင် ကျပ်မှစ၍ Member အကောင့်ဖွင့်လို့ရပါတယ်။ စည်းကမ်းချက်များ - Page ကို Like and Follow လုပ်ထားပေးရပါမည်။ - ပွဲမစခင်တစ်နာရီအလိုထိပဲမန့်လို့ရပါမယ် - ပွဲချိန်စပြီး မန့်တဲ့ comment များ cancel ပါမည်။ - ဒီ Post ကိုမဖြစ်မနေတစ်ခါ Share ပေးရပါမည်။ Share ပြီးတဲ့ Ss ကို comment မှာခန့်မှန်းချက်နဲ့အတူ မန့်ပေးပါ။ - ကံထူးသူ တစ်ယောက်ထပ် ပိုပါက ဆုငွေ အညီအမျှခွဲယူရမည်။ - အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်များရှိလာပါက Admin Team ဆုံးဖြတ်ချက်သာအမှန်ဖြစ်သည်။
    Message me to Viber
    msng.link
    Message me to Viber: 959255396170
    0 Comments ¡0 Shares ¡62 Views
  • လောက က အရိုင်းဆန်ပါတယ်
    ထပ်တူကျဖို့ ကြိုးစားရင်တော့ အရိုးဆွေးသည်အထိ
    အဖြေရမှာ မဟုတ်ပါဘူး။

    ဇရပ်မှာနေနေ
    နန်းတော်မှာနေနေ
    စိတ်ပျော်ရင် နိဗ္ဗာန်တစ်ခုပါပဲ..။

    #ညီသုတ
    လောက က အရိုင်းဆန်ပါတယ် ထပ်တူကျဖို့ ကြိုးစားရင်တော့ အရိုးဆွေးသည်အထိ အဖြေရမှာ မဟုတ်ပါဘူး။ ဇရပ်မှာနေနေ နန်းတော်မှာနေနေ စိတ်ပျော်ရင် နိဗ္ဗာန်တစ်ခုပါပဲ..။ #ညီသုတ
    0 Comments ¡0 Shares ¡27 Views
  • အလွမ်းတွေကို
    ပန်းတွေလိုသီကုံး

    ချစ်သူ့ ရင်ခွင်သို့
    မှေးစက်ခွင့်ပြုပါ။

    အလွမ်းတွေ ပွေ့ပိုက်
    လွမ်းနေတတ်ပြီ။ချစ်သူ

    လွမ်းဖွယ်အတိနဲ့
    အဓိပ္ပာယ်ပြည့်ဝ သိပ်သည်းလှပေါ့

    အမြဲတမ်း လွမ်းခဲ့မိသူ
    ကိုယ့်အလွမ်းတွေနဲ့ ပူလောင်

    ကိုယ့်ရှေ့မှာနွေဟာ
    အပူရောင်ပါဘဲ။

    လွမ်းဖော်လွမ်းဖက်
    ဥသြငှက်ရယ်။

    ညှာတာသနား
    ကျွန်တော်နှင့်ဝေးတစ်နေရာသို့

    တေးဆိုပေးလှည့်ပါလား။

    လွမ်းလွန်မိလွန်းသူ
    ကျွန်တော့်
    အသည်း

    ရော်ရွက်နည်းတူ
    ကြွေလုမတတ်ပါရှင်။

    အလွမ်းသို့စေ
    တမ်းတမိကျွန်တော်

    ကြင်သူ့ ထံသာ
    လွမ်းမိသည့်အကြောင်း

    အပါးတော်နား
    သခင့်ထံသို့

    သဝဏ်လွှာလေးသာ ပို့ပေးပါလား။
    ဥသြငှက်ငယ်ရယ်။

    လွမ်းဆွတ်အသင်္ချေ
    လွမ်းနွေ အနန္တနှင့်

    နှလုံးသားနေရာမှာ
    ထုံးဖွဲ့ထားသည့် သံယောဇဉ်နွယ်ကြိုးဖြင့်

    ချစ်သောသူ(ခင်ဗျား။)
    အတွက်

    ကျွန်တော်

    ကဗျာဘဏ်တိုက်လေး
    ဆောက်ထားလိုက်ပါပြီ။

    ကဗျာဘဏ်တိုက်လေးမှသာ
    ချစ်သောသူရယ်

    စမ်းကလေးပမာ
    ချမ်းမြေ့၍ သာပျော်မွေ့လိုက်ပါ။

    လေပြည်လေးထဲမှ
    ကြည်နူးပျော်ရွှင်ပေးပါ။

    ငြိမ်းချမ်းခြင်းနှင့်သာ

    ကျွန်တော်ရဲ့
    ကဗျာဘဏ်တိုက်မှ ချစ်သောသူ(ခင်ဗျား)
    မွေ့ပျော် ၍နေပျော်လိုက်ပါတော့လား။

    %%%%%%%%%

    လရိပ်ချိူ @ တောင်ကြီး
    #ချစ်သောရင်ငြိမ်းပန်း
    အလွမ်းတွေကို ပန်းတွေလိုသီကုံး ချစ်သူ့ ရင်ခွင်သို့ မှေးစက်ခွင့်ပြုပါ။ အလွမ်းတွေ ပွေ့ပိုက် လွမ်းနေတတ်ပြီ။ချစ်သူ လွမ်းဖွယ်အတိနဲ့ အဓိပ္ပာယ်ပြည့်ဝ သိပ်သည်းလှပေါ့ အမြဲတမ်း လွမ်းခဲ့မိသူ ကိုယ့်အလွမ်းတွေနဲ့ ပူလောင် ကိုယ့်ရှေ့မှာနွေဟာ အပူရောင်ပါဘဲ။ လွမ်းဖော်လွမ်းဖက် ဥသြငှက်ရယ်။ ညှာတာသနား ကျွန်တော်နှင့်ဝေးတစ်နေရာသို့ တေးဆိုပေးလှည့်ပါလား။ လွမ်းလွန်မိလွန်းသူ ကျွန်တော့် အသည်း ရော်ရွက်နည်းတူ ကြွေလုမတတ်ပါရှင်။ အလွမ်းသို့စေ တမ်းတမိကျွန်တော် ကြင်သူ့ ထံသာ လွမ်းမိသည့်အကြောင်း အပါးတော်နား သခင့်ထံသို့ သဝဏ်လွှာလေးသာ ပို့ပေးပါလား။ ဥသြငှက်ငယ်ရယ်။ လွမ်းဆွတ်အသင်္ချေ လွမ်းနွေ အနန္တနှင့် နှလုံးသားနေရာမှာ ထုံးဖွဲ့ထားသည့် သံယောဇဉ်နွယ်ကြိုးဖြင့် ချစ်သောသူ(ခင်ဗျား။) အတွက် ကျွန်တော် ကဗျာဘဏ်တိုက်လေး ဆောက်ထားလိုက်ပါပြီ။ ကဗျာဘဏ်တိုက်လေးမှသာ ချစ်သောသူရယ် စမ်းကလေးပမာ ချမ်းမြေ့၍ သာပျော်မွေ့လိုက်ပါ။ လေပြည်လေးထဲမှ ကြည်နူးပျော်ရွှင်ပေးပါ။ ငြိမ်းချမ်းခြင်းနှင့်သာ ကျွန်တော်ရဲ့ ကဗျာဘဏ်တိုက်မှ ချစ်သောသူ(ခင်ဗျား) မွေ့ပျော် ၍နေပျော်လိုက်ပါတော့လား။ %%%%%%%%% လရိပ်ချိူ @ တောင်ကြီး #ချစ်သောရင်ငြိမ်းပန်း
    0 Comments ¡0 Shares ¡13 Views
  • ■ အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေး ဆေးကုသမှု အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

    အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ မတ် ၂၉ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

    ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသ မှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ဖြစ်ပြီး တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပြသခဲ့‌ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ် ကြောင်း ပါရှိသည်။

    အဆိုပါကယ်ဆယ်ရေးအဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်တွင် ကြိုဆိုခဲ့သည်။



    #earthquake #Myanmar_Earthquake_2025

    ■ Eleven Website: https://news-eleven.com
    ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
    ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
    ■ Eleven Telegram Channel : https://t.me/elevenmediagroup
    ■ Eleven Viber : https://vb.me/elevenmediagroup
    ■ အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေး ဆေးကုသမှု အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ မတ် ၂၉ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသ မှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ဖြစ်ပြီး တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပြသခဲ့‌ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ် ကြောင်း ပါရှိသည်။ အဆိုပါကယ်ဆယ်ရေးအဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်တွင် ကြိုဆိုခဲ့သည်။ #earthquake #Myanmar_Earthquake_2025 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
    Eleven Media Group Co., Ltd
    news-eleven.com
    Eleven Media Group was established on June, 2000
    0 Comments ¡0 Shares ¡54 Views
  • ခင်ထွေးရီကို ကျွန်တော်က အောင် လို့ခေါ်တယ်။ သူမရဲ့ နာမည်ရင်းက လွင်လွင်အောင်။

    ကျွန်တော်တို့ရွာမှာ သူတောင်းစားတစ်ယောက်ရှိတယ်။ သူတောင်းတဲ့ပုံစံကတမျိုး။ "အောင် အကိုကြီး အောင်အမကြီးတို့ရယ် အောင်ညီလေးကို အောင်ထမင်းဖိုးလေး အောင်တစ်ဆယ် ဆယ့်ငါးကျပ်လောက် အောင်ပေးသနားပါ " ဆိုပြီးစကားလုံးတိုင်း အောင်ထည့်တောင်းတာပဲ။

    ခင်ထွေးရီကို ကျွန်တော်မကြာခနနောက်တယ်။ " အောင်အချစ်ရယ် အောင် မောင်မောင့်ကို အောင်အချစ်ကလေး အောင်တို့ကနိဆိတ်ကနန်း အောင်ချစ်ခွင့်ပေးပါ အောင်ရယ် " ဆိုပြီးတော့ပေါ့။
    ခင်ထွေးရီကို ကျွန်တော်က အောင် လို့ခေါ်တယ်။ သူမရဲ့ နာမည်ရင်းက လွင်လွင်အောင်။ ကျွန်တော်တို့ရွာမှာ သူတောင်းစားတစ်ယောက်ရှိတယ်။ သူတောင်းတဲ့ပုံစံကတမျိုး။ "အောင် အကိုကြီး အောင်အမကြီးတို့ရယ် အောင်ညီလေးကို အောင်ထမင်းဖိုးလေး အောင်တစ်ဆယ် ဆယ့်ငါးကျပ်လောက် အောင်ပေးသနားပါ " ဆိုပြီးစကားလုံးတိုင်း အောင်ထည့်တောင်းတာပဲ။ ခင်ထွေးရီကို ကျွန်တော်မကြာခနနောက်တယ်။ " အောင်အချစ်ရယ် အောင် မောင်မောင့်ကို အောင်အချစ်ကလေး အောင်တို့ကနိဆိတ်ကနန်း အောင်ချစ်ခွင့်ပေးပါ အောင်ရယ် " ဆိုပြီးတော့ပေါ့။

    မောင့်ကို ချစ်တဲ့ ခင်ထွေးရီ

    အဲဒီလိုနဲ့ ကျုပ်ဆယ်တန်းရောက်လာခဲ့တယ်။ လူကောင်ကြီးလဲ ထွားလာတယ်။ အသံကလဲ သန်းထွန်းလေး အသံကနေ ဇော်ဝင်းထွဋ်အသံဖြစ်လာတယ်။ အိမွန်ကြောင့်ဖြစ်လာတဲ့ အချစ်အညှောင့်ကလေးကလဲ ဆရာကြီးကြိမ်လုံးနဲ့ ဆရာဦးဆွေမြင့် အရှက်ခွဲမှုကြောင့် ကြားနှစ်တွေမှာ နလံမထူတော့ဘူးပေါ့။ အိမွန်လဲ မေရွက်ဝါနာမည်နဲ့ အတန်းထဲမှာ ပေါနေတယ်။ အတန်းကတော့တူဆဲပဲ။ မေရွက်ဝါဆိုတာ မေရွာဝက်လို့ စပြောင်တဲ့အနေနဲ့ခေါ်တာ။ အဲဒီအချိန် အဲဒီမိန်းမ... Read more

    မောင့်ကို ချစ်တဲ့ ခင်ထွေးရီ
    အဲဒီလိုနဲ့ ကျုပ်ဆယ်တန်းရောက်လာခဲ့တယ်။ လူကောင်ကြီးလဲ ထွားလာတယ်။ အသံကလဲ သန်းထွန်းလေး အသံကနေ ဇော်ဝင်းထွဋ်အသံဖြစ်လာတယ်။ အိမွန်ကြောင့်ဖြစ်လာတဲ့ အချစ်အညှောင့်ကလေးကလဲ ဆရာကြီးကြိမ်လုံးနဲ့ ဆရာဦးဆွေမြင့် အရှက်ခွဲမှုကြောင့် ကြားနှစ်တွေမှာ နလံမထူတော့ဘူးပေါ့။ အိမွန်လဲ မေရွက်ဝါနာမည်နဲ့ အတန်းထဲမှာ ပေါနေတယ်။ အတန်းကတော့တူဆဲပဲ။ မေရွက်ဝါဆိုတာ မေရွာဝက်လို့ စပြောင်တဲ့အနေနဲ့ခေါ်တာ။ အဲဒီအချိန် အဲဒီမိန်းမ...
    Like
    Love
    Care
    3
    ¡ 0 Comments ¡0 Shares ¡87 Views
  • 1.အဖွင့်ဂိုး-ဖာနန်ဒက်
    2.ဒိန်းမတ် 0-0 ပေါ်တူဂီ HT
    3.ဒိန်းမတ် 0-1 ပေါ်တူဂီ FT
    12:25Am
    1.အဖွင့်ဂိုး-ဖာနန်ဒက် 2.ဒိန်းမတ် 0-0 ပေါ်တူဂီ HT 3.ဒိန်းမတ် 0-1 ပေါ်တူဂီ FT 12:25Am
    Love
    1
    ¡ 0 Comments ¡0 Shares ¡20 Views
  • #လိုတာထက်_မပိုနဲ့


    ဘယ်သူ့ကိုမဆို ရောပြီး
    ပေါင်းသင်းဆက်ဆံတတ်တာ
    ကောင်းပေမယ့်လည်း
    ဘယ်အရာမဆို
    လိုတာထက် မပိုတာက
    အကောင်းဆုံးပါပဲ၊၊

    အချစ်ပဲ ဖြစ်ဖြစ်၊ စေတနာပဲဖြစ်ဖြစ်၊ ဂရုစိုက်တာပဲ ဖြစ်ဖြစ်
    လိုတာထက် ပိုမပေးမိရန် လိုအပ်ပါတယ်၊၊
    လူတစ်ချို့အတွက် လိုတာထက်
    ပိုပေးမိရင် ပေးတဲ့အရာက
    တန်ဖိုးနည်းသွားတာလေ၊၊

    တစ်စုံတစ်ယောက်ကို လိုတာထက်
    ပိုဂရုစိုက်ကြည့်၊ ချစ်ကြည့်
    အချိန်တန်ရင် နောက်ဆုံး
    ပစ်ချသွားတာချည်းပဲမဟုတ်လား။

    အပေါင်းအသင်း တွေကြားမှာ
    အားနာတတ်တဲ့ စိတ်နဲ့
    အရာအားလုံးကို လိုတာထက်
    ပိုလုပ်ပေးကြည့်•••
    သူ့အလိုလို ကိုယ်က
    လိုသုံးကြီးဖြစ်သွားတာပဲလေ။

    တန်ရင်ဆေး မလိုရင်ဘေးပါပဲ။

    တစ်ခါတစ်လေ ကိုယ့်စိတ်ကြောင့်
    လုပ်ပေးလိုက်တဲ့ စေတနာစိတ်က
    ကိုယ်ရဲ့ မာနနဲ့ သိက္ခာတွေပါ
    ထိခိုက်တတ်ကြတယ်။

    မပြောပဲနေလိုက်ရတဲ့
    အခိုက်အတန့်တွေရှိပေမယ့်
    ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်စိတ်ကြောင့်
    ဖြစ်လာတဲ့ အရာတွေမို့
    ဆင်ချင်လိုက်ရတဲ့
    အခိုက်အတန့်တွေရှိတယ်။

    ပိုနေသမျှ အရာအားလုံးက•••
    ကိုယ့်ဘက်က စေတနာ
    မေတ္တာမှန်ပေမယ့်•••
    ကိုယ်စိတ်လို သဘောမရှိတဲ့
    တစ်ဖက်လူအတွက်တော့
    အမှိုက်သာသာဖြစ်သွားတတ်တယ်၊၊

    ဒါကြောင့်•••
    ဘယ်သူ့အပေါ် ကိုမှ
    လိုတာထက်ပို မဆက်ဆံပါနဲ့၊၊
    ပုံမှန် ဆက်ဆံရေးက ကောင်းပါတယ်။

    သိက္ခာနဲ့မာနကိုထိပါးပြီး•••
    လိုတာထက် ပိုဆက်ဆံမိလိုက်တဲ့
    အခိုက် တန်ပြန်ရတာက•••
    ကိုယ်ပဲ ခံစားရတာမို့
    တစ်ချို့တွေက
    လိုတာထက် ပိုပြီးပေးလိုက်မိရင်
    တန်ဖိုးထားရကောင်းမှန်း
    မသိကြဘူးဆိုတာ ပိုသိလာတယ်။

    ကိုယ့်သိက္ခာ ကိုယ့်မာနကို ထိပါးပြီး
    ကိုယ့်မေတ္တာကိုယ့်စေတနာတွေကို
    စျေးပေါပေါနဲ့ တန်ဖိုးအဖြတ်မခံပါနဲ့။
    ကိုယ့်သိက္ခာ ကိုယ်ထိန်းပြီး•••
    ဘယ်သူ့ကိုမှ လိုတာထက်
    ပိုမဆက်ဆံတာအကောင်းဆုံးပါပဲ။

    လူတွေအကြောင်းက လူတွေပဲ
    သင်ပေးကြတာပဲ မဟုတ်ဘူးလား၊၊

    Crd
    🌹#လိုတာထက်_မပိုနဲ့🌹 📚📚📚📚📚📚📚📚📚 ဘယ်သူ့ကိုမဆို ရောပြီး ပေါင်းသင်းဆက်ဆံတတ်တာ ကောင်းပေမယ့်လည်း ဘယ်အရာမဆို လိုတာထက် မပိုတာက အကောင်းဆုံးပါပဲ၊၊ အချစ်ပဲ ဖြစ်ဖြစ်၊ စေတနာပဲဖြစ်ဖြစ်၊ ဂရုစိုက်တာပဲ ဖြစ်ဖြစ် လိုတာထက် ပိုမပေးမိရန် လိုအပ်ပါတယ်၊၊ လူတစ်ချို့အတွက် လိုတာထက် ပိုပေးမိရင် ပေးတဲ့အရာက တန်ဖိုးနည်းသွားတာလေ၊၊ တစ်စုံတစ်ယောက်ကို လိုတာထက် ပိုဂရုစိုက်ကြည့်၊ ချစ်ကြည့် အချိန်တန်ရင် နောက်ဆုံး ပစ်ချသွားတာချည်းပဲမဟုတ်လား။ အပေါင်းအသင်း တွေကြားမှာ အားနာတတ်တဲ့ စိတ်နဲ့ အရာအားလုံးကို လိုတာထက် ပိုလုပ်ပေးကြည့်••• သူ့အလိုလို ကိုယ်က လိုသုံးကြီးဖြစ်သွားတာပဲလေ။ တန်ရင်ဆေး မလိုရင်ဘေးပါပဲ။ တစ်ခါတစ်လေ ကိုယ့်စိတ်ကြောင့် လုပ်ပေးလိုက်တဲ့ စေတနာစိတ်က ကိုယ်ရဲ့ မာနနဲ့ သိက္ခာတွေပါ ထိခိုက်တတ်ကြတယ်။ မပြောပဲနေလိုက်ရတဲ့ အခိုက်အတန့်တွေရှိပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်စိတ်ကြောင့် ဖြစ်လာတဲ့ အရာတွေမို့ ဆင်ချင်လိုက်ရတဲ့ အခိုက်အတန့်တွေရှိတယ်။ ပိုနေသမျှ အရာအားလုံးက••• ကိုယ့်ဘက်က စေတနာ မေတ္တာမှန်ပေမယ့်••• ကိုယ်စိတ်လို သဘောမရှိတဲ့ တစ်ဖက်လူအတွက်တော့ အမှိုက်သာသာဖြစ်သွားတတ်တယ်၊၊ ဒါကြောင့်••• ဘယ်သူ့အပေါ် ကိုမှ လိုတာထက်ပို မဆက်ဆံပါနဲ့၊၊ ပုံမှန် ဆက်ဆံရေးက ကောင်းပါတယ်။ သိက္ခာနဲ့မာနကိုထိပါးပြီး••• လိုတာထက် ပိုဆက်ဆံမိလိုက်တဲ့ အခိုက် တန်ပြန်ရတာက••• ကိုယ်ပဲ ခံစားရတာမို့ တစ်ချို့တွေက လိုတာထက် ပိုပြီးပေးလိုက်မိရင် တန်ဖိုးထားရကောင်းမှန်း မသိကြဘူးဆိုတာ ပိုသိလာတယ်။ ကိုယ့်သိက္ခာ ကိုယ့်မာနကို ထိပါးပြီး ကိုယ့်မေတ္တာကိုယ့်စေတနာတွေကို စျေးပေါပေါနဲ့ တန်ဖိုးအဖြတ်မခံပါနဲ့။ ကိုယ့်သိက္ခာ ကိုယ်ထိန်းပြီး••• ဘယ်သူ့ကိုမှ လိုတာထက် ပိုမဆက်ဆံတာအကောင်းဆုံးပါပဲ။ လူတွေအကြောင်းက လူတွေပဲ သင်ပေးကြတာပဲ မဟုတ်ဘူးလား၊၊ Crd
    Care
    1
    ¡ 0 Comments ¡0 Shares ¡115 Views
  • “ဒီနေ့ဘာဖြစ်ခဲ့လဲ”

    ဒီနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

    ◾️မိုးဗြဲမြို့အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် အထိနာလို့ ပြန်ဆုတ်သွား

    ကရင်နီ-ရှမ်းပြည်အစပ် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က မနေ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပေမယ့် အထိနာကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့(MPRT)က ထုတ်ပြန်ပါတယ်။ ထိုးစစ်ကို ခုခံတဲ့တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော်လေးဦးလည်း ကျဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းရော၊ ဒရုန်းရော၊ လက်နက်ကြီးရော မျိုးစုံသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက ပစ်ခတ်နေတာလို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

    ◾️ကော့ကရိတ်အနီး တိုက်ပွဲပြင်းထန်နေ

    ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ ကော့နွှဲ့ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီတပ် အထိနာနေတယ်လို့ Special Operation Group-SOG စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မနေ့က ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးတဲ့ ကော့နွှဲ့ကျေးရွာမှာ စစ်ကောင်စီတပ် ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး SOG စစ်ကြောင်းမှလည်း ရဲဘော် ရန်နိုင်စိုး(ခ)ရဲဘော်ဟင်္သာတ ကျဆုံးခဲ့ရတယ်လို့ SOG စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

    ◾️မြောက်ဦးကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်

    အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ဦးမြို့ အောက်လေညှင်းတောင်ကျေးရွာကို ဖေဖော်ဝါရီ ၂၅ရက် ညပိုင်းက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကြဲချတဲ့ ဗုံးဟာ ရွာအနီးရှိ လယ်ကွင်းထဲ ကျခဲ့တာကြောင့် ထိခိုက်သူမရှိဘူးလို့ ဒေသခံအချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ချက်ချင်းမသိရှိဘဲ ရွာအပြင်ဘက် ဗုံးကျလို့ ကံကောင်းသွားတယ်လို့ မြောက်ဦးမြို့ပေါ်နေထိုင်သူတစ်ဦးက ပြောပါတယ်။ လေကြောင်းအန္တရာယ်ကိုတော့ အမြဲသတိရှိနေရတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီရဲ့ ဒီတကြိမ်လေကြောင်းတိုက်ခိုက်မှုဟာ မြောက်ဦးမြို့ကို ဇန်နဝါရီ ၁၈ ရက် လေကြောင်းတိုက်ခိုက်မှုအပြီး ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ပါတယ်။

    ◾️အင်းစိန်ထောင်မှခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာများအား စစ်ကောင်စီ စစ်မှုထမ်းခိုင်းဖို့ ပြင်ဆင်

    အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးတွေကို စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတွေဆီ ပို့ဆောင်လိုက်ပြီး အမျိုးသား ၅၀၀ကျော်ကို စစ်ကောင်စီက စစ်သင်တန်းပေးဖို့ စီစဉ်နေတယ်လို့ စစ်တွေမြို့သတင်းရင်းမြစ်က ပြောပါတယ်။ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာ ၉၃၆ဦးကို စစ်ကောင်စီတပ်နဲ့ ရဲများက ခရီးသယ်တင်ကားတွေနဲ့ ဖေဖော်ဝါရီ ၁၆ရက်မှာ အင်းစိန်ထောင်မှ ခေါ်ထုတ်သွားကာ ရန်ကုန်ဆိပ်ကမ်းမှတဆင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ရက်မှာ စစ်တွေမြို့သို့ ရောက်ရှိပြီးနောက် အမျိုးသားများအား စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီက ခေါ်ထုတ်သွားတွေထဲ လွတ်ရက်စေ့ ရိုဟင်ဂျာအမျိုးသား(၁၈)ဦး၊ ကျန်ရိုဟင်ဂျာအမျိုးသား(၅၈၄)ဦး၊ အမျိုးသမီး(၂၆၇)ဦး၊ ကလေး(၆၇)ဦးတို့ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။ အဲဒီရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်သားသစ်အဖြစ်စုဆောင်းနိုင်သလို တိုက်ပွဲတွေမှာ လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်တာကြောင့် စောင့်ကြည့်သင့်ကြောင်း PPNM က တိုက်တွန်းထားပါတယ်။

    ◾️ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ ရာအိမ်မှူးသေဆုံးပြီးနောက် ဒေါပုံမြို့နယ်ကို စစ်ကောင်စီ ပုဒ်မ ၁၄၄ အမိန့်ထုတ်

    ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒေါပုံမြို့မှာ အိမ်ထောင်စုစာရင်းလိုက်လံကောက်ယူခဲ့တဲ့ စစ်ကောင်စီ ရာအိမ်မှူး အောင်မိုးဆိုသူ ဆေးကုသနေစဥ် ဖေဖော်ဝါရီ ၂၆ ရက်က သေဆုံးခဲ့တာကြောင့် နောက်တစ်ရက်မှာ ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပုဒ်မ(၁၄၄) အမိန့် ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ဒေါပုံမြို့နယ်ထွေအုပ်ရုံး အမိန့်စာအရ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်စေမယ့်အပြင် ရုန်းရင်းမှုများဖြစ်ပွားနိုင်တယ်လို့ ယုံကြည်ယူဆကြောင်း ဖော်ပြပါတယ်။ ဒါ့ကြောင့် ဒေါပုံမြို့နယ်မှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံးပြုခြင်းဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည် လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနဲ့ ရုန်းရင်းဆန်ခတ်မှုများကို တားမြစ်ကြောင်း စစ်ကောင်စီရဲ့ မြို့နယ်ထွေအုပ်က ဆိုပါတယ်။

    ◾️KNU တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အမျိုးသမီး တစ်ဦးသေဆုံး

    ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နဲ့ သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့တယ်လို့ KNUက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၆ရက် နေ့ခင်းပိုင်းက စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter တစ်စီးဖြင့် ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ခွန်နဝါ(မောထီး)ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ဝင်းရေးမြို့နယ်၊ ပန်းအောင်(တိုခေါဖူး)ကျေးရွာဘုန်းကြီးကျောင်းသို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော် သုံးပါးနဲ့ (၅)နှစ် အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနဲ့ အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်တဲ့ နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ဖော်ပြပါတယ်။

    ◾️သာပေါင်းတကျော့ပြန်တိုက်ပွဲ ပြင်းထန်

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ အာရက္ခတပ်တော်(AA)ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။ မနေ့ မနက်အစောပိုင်းကစလို့ သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့မှာ တိုက်ပွဲများပြင်းထန်နေတယ်လို့ ဒေသခံများက ပြောပါတယ်။ တိုက်ပွဲဟာ ခွေးကုတ်ရွာ၊ ကင်ပွန်းချဉ်ရွာ၊ သာပေါင်းလေးရွာနဲ့ အနန်းကုန်းရွာအနီးမှာ ဖြစ်ပွားနေတာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရသူများကို စစ်တပ်က သာပေါင်း၊ ရေကြည်နဲ့ ပုသိမ်ဆေးရုံသို့ပို့ဆောင်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

    ◾️မန်တုံမှာ KIA နဲ့ TNLA မြေပြင်တပ်ဖွဲ့များကြား ပဋိပက္ခထပ်မံဖြစ်ပွား

    ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့များကြား မနေ့က ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ရက်က KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၄) တပ်ရင်း(၃၄) လက်အောက်ရှိ KIA ရဲ့ လောက်ကျယ်၊ ရော်ကျိန်း၊ မန်ဖန်ဂိတ်စခန်းများနဲ့ KIO မန်ပွန်းတိုက်နယ်ရုံးကို တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ဝင်များက အင်အားသုံးစီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်အပေါ် ညှိနှိုင်းဖြေရှင်းပြီး ရက်ပိုင်းအကြာ မနေ့ နေ့ခင်းပိုင်းမှာ မန်တုံမြို့နယ် မန်မောက်ရွာရှိ KIA တပ်ရင်း(၃၄)တပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့တဲ့ ပြဿနာဖြစ်ခဲ့တာလို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

    ◾️စလင်းအခြေစိုက် တော်လှန်ရေးတပ်များ တပ်ပေါင်းစုဖွဲ့စည်း

    ဘုံရန်သူစစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းဖို့ မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ် ၆ဖွဲ့က တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းကြောင်း သဘောတူဆုံးဖြတ်လိုက်ပါတယ်။ မနေ့က အစည်းအဝေးပြုလုပ်ပြီး အချက် ၁၃ချက်ပါ မြေပြင်မဟာမိတ်ဘုံ သဘောတူညီချက်ကို စလင်းအခြေစိုက်တပ်ရင်းများနဲ့ Local PDF အဖွဲ့ ၆ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာပါ။ တပ်ပေါင်းစုဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် ၆ဖွဲ့မှာ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်း၊ ဗမာ့တပ်တော် အမှတ်(၇၀၇)တပ်ရင်း၊ SALIN (LPDF)၊ ဒေါင်းစစ်အောင် (LPDF)နဲ့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ တို့ဖြစ်ပါတယ်။ သဘောတူညီချက်တွေထဲ တော်လှန်အင်အားစု ပြိုကွဲစေသော၊ နှောင့်နှေးစေသော အပြုအမူ၊ အပြောအဆိုများ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား လုံးဝမပြုလုပ်ဖို့ ပါရှိပါတယ်။ လက်ရှိမှာ စလင်းမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်မှုများ ရှိနေတယ်လို့ သိရပါတယ်။

    ◾️မကွေး-စစ်ကိုင်းတိုင်းအစပ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

    မကွေးနဲ့ စစ်ကိုင်းတိုင်း ဒေသအစပ် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ရေစကြိုမြို့နယ်မှ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့ခင်းပိုင်းကစလို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ တိုက်ခိုက်နေတာလို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို စစ်ကောင်စီခံခဲ့ရပြီး တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် ပစ်ကူတွေ အသုံးပြုခဲ့ရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ◾️ကန့်ဘလူမြို့နယ် စံပါယ်နံ့သာကွင်းလမ်းမှာ တိုက်ပွဲတွေဖြစ်နေလို့ လမ်းပိတ်ထားရ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း စံပါယ်နံ့သာကွင်းလမ်းမှာ စစ်ကောင်စီတပ်က စစ်‌ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကားလမ်းပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။ စံပါယ်နံ့သာကွင်းလမ်းကို ပြန်လည်ရယူဖို့အတွက် ဖေဖော်ဝါရီ ၁၉ရက်‌က စံပါယ်နံ့သာဘက်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ကန့်ဘလူအခြေစိုက် အမှတ်(၆၀၀၆)တင့်ကားတပ်ရင်းကနေ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းဟာ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး ရွှေဘို- မြစ်ကြီးနားကားလမ်း၊ ကန့်ဘလူမြို့နယ်ထဲက ကွင်းလမ်းကို တပတ်ကျော်အကြာအထိ ပိတ်ထားရဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ နောက်ထပ် ကွင်းလမ်းတခုကနေ ကားတွေသွားလာခွင့်ပြုထားတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

    ◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ရဲဘော်ဖိုးချမ်း ကျဆုံးခြင်း ၃နှစ် ၁၁လပြည့်သောနေ့အဖြစ် ဂူဗိမာန်ရှိရာဆီသို့ ချီတက်အလေးပြုခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။
    ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီလူထုသပိတ်စစ်ကြောင်းက "အထွေထွေကြပ်တည်းမှုကို အံတုကြ"၊ "ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စတဲ့ စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

    တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည်လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် "လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" စာသားနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
    သရက်ချောင်းမြို့နယ်မှာလည်း ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ "လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ် လုပ်ဆောင်ခဲ့ပါတယ်။
    “ဒီနေ့ဘာဖြစ်ခဲ့လဲ” ဒီနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။ ◾️မိုးဗြဲမြို့အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် အထိနာလို့ ပြန်ဆုတ်သွား ကရင်နီ-ရှမ်းပြည်အစပ် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က မနေ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပေမယ့် အထိနာကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့(MPRT)က ထုတ်ပြန်ပါတယ်။ ထိုးစစ်ကို ခုခံတဲ့တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော်လေးဦးလည်း ကျဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းရော၊ ဒရုန်းရော၊ လက်နက်ကြီးရော မျိုးစုံသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက ပစ်ခတ်နေတာလို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ ◾️ကော့ကရိတ်အနီး တိုက်ပွဲပြင်းထန်နေ ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ ကော့နွှဲ့ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီတပ် အထိနာနေတယ်လို့ Special Operation Group-SOG စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မနေ့က ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးတဲ့ ကော့နွှဲ့ကျေးရွာမှာ စစ်ကောင်စီတပ် ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး SOG စစ်ကြောင်းမှလည်း ရဲဘော် ရန်နိုင်စိုး(ခ)ရဲဘော်ဟင်္သာတ ကျဆုံးခဲ့ရတယ်လို့ SOG စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ◾️မြောက်ဦးကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက် အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ဦးမြို့ အောက်လေညှင်းတောင်ကျေးရွာကို ဖေဖော်ဝါရီ ၂၅ရက် ညပိုင်းက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကြဲချတဲ့ ဗုံးဟာ ရွာအနီးရှိ လယ်ကွင်းထဲ ကျခဲ့တာကြောင့် ထိခိုက်သူမရှိဘူးလို့ ဒေသခံအချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ချက်ချင်းမသိရှိဘဲ ရွာအပြင်ဘက် ဗုံးကျလို့ ကံကောင်းသွားတယ်လို့ မြောက်ဦးမြို့ပေါ်နေထိုင်သူတစ်ဦးက ပြောပါတယ်။ လေကြောင်းအန္တရာယ်ကိုတော့ အမြဲသတိရှိနေရတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီရဲ့ ဒီတကြိမ်လေကြောင်းတိုက်ခိုက်မှုဟာ မြောက်ဦးမြို့ကို ဇန်နဝါရီ ၁၈ ရက် လေကြောင်းတိုက်ခိုက်မှုအပြီး ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ပါတယ်။ ◾️အင်းစိန်ထောင်မှခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာများအား စစ်ကောင်စီ စစ်မှုထမ်းခိုင်းဖို့ ပြင်ဆင် အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးတွေကို စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတွေဆီ ပို့ဆောင်လိုက်ပြီး အမျိုးသား ၅၀၀ကျော်ကို စစ်ကောင်စီက စစ်သင်တန်းပေးဖို့ စီစဉ်နေတယ်လို့ စစ်တွေမြို့သတင်းရင်းမြစ်က ပြောပါတယ်။ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာ ၉၃၆ဦးကို စစ်ကောင်စီတပ်နဲ့ ရဲများက ခရီးသယ်တင်ကားတွေနဲ့ ဖေဖော်ဝါရီ ၁၆ရက်မှာ အင်းစိန်ထောင်မှ ခေါ်ထုတ်သွားကာ ရန်ကုန်ဆိပ်ကမ်းမှတဆင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ရက်မှာ စစ်တွေမြို့သို့ ရောက်ရှိပြီးနောက် အမျိုးသားများအား စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီက ခေါ်ထုတ်သွားတွေထဲ လွတ်ရက်စေ့ ရိုဟင်ဂျာအမျိုးသား(၁၈)ဦး၊ ကျန်ရိုဟင်ဂျာအမျိုးသား(၅၈၄)ဦး၊ အမျိုးသမီး(၂၆၇)ဦး၊ ကလေး(၆၇)ဦးတို့ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။ အဲဒီရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်သားသစ်အဖြစ်စုဆောင်းနိုင်သလို တိုက်ပွဲတွေမှာ လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်တာကြောင့် စောင့်ကြည့်သင့်ကြောင်း PPNM က တိုက်တွန်းထားပါတယ်။ ◾️ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ ရာအိမ်မှူးသေဆုံးပြီးနောက် ဒေါပုံမြို့နယ်ကို စစ်ကောင်စီ ပုဒ်မ ၁၄၄ အမိန့်ထုတ် ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒေါပုံမြို့မှာ အိမ်ထောင်စုစာရင်းလိုက်လံကောက်ယူခဲ့တဲ့ စစ်ကောင်စီ ရာအိမ်မှူး အောင်မိုးဆိုသူ ဆေးကုသနေစဥ် ဖေဖော်ဝါရီ ၂၆ ရက်က သေဆုံးခဲ့တာကြောင့် နောက်တစ်ရက်မှာ ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပုဒ်မ(၁၄၄) အမိန့် ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ဒေါပုံမြို့နယ်ထွေအုပ်ရုံး အမိန့်စာအရ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်စေမယ့်အပြင် ရုန်းရင်းမှုများဖြစ်ပွားနိုင်တယ်လို့ ယုံကြည်ယူဆကြောင်း ဖော်ပြပါတယ်။ ဒါ့ကြောင့် ဒေါပုံမြို့နယ်မှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံးပြုခြင်းဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည် လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနဲ့ ရုန်းရင်းဆန်ခတ်မှုများကို တားမြစ်ကြောင်း စစ်ကောင်စီရဲ့ မြို့နယ်ထွေအုပ်က ဆိုပါတယ်။ ◾️KNU တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အမျိုးသမီး တစ်ဦးသေဆုံး ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နဲ့ သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့တယ်လို့ KNUက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၆ရက် နေ့ခင်းပိုင်းက စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter တစ်စီးဖြင့် ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ခွန်နဝါ(မောထီး)ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ဝင်းရေးမြို့နယ်၊ ပန်းအောင်(တိုခေါဖူး)ကျေးရွာဘုန်းကြီးကျောင်းသို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော် သုံးပါးနဲ့ (၅)နှစ် အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနဲ့ အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်တဲ့ နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ဖော်ပြပါတယ်။ ◾️သာပေါင်းတကျော့ပြန်တိုက်ပွဲ ပြင်းထန် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ အာရက္ခတပ်တော်(AA)ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။ မနေ့ မနက်အစောပိုင်းကစလို့ သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့မှာ တိုက်ပွဲများပြင်းထန်နေတယ်လို့ ဒေသခံများက ပြောပါတယ်။ တိုက်ပွဲဟာ ခွေးကုတ်ရွာ၊ ကင်ပွန်းချဉ်ရွာ၊ သာပေါင်းလေးရွာနဲ့ အနန်းကုန်းရွာအနီးမှာ ဖြစ်ပွားနေတာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရသူများကို စစ်တပ်က သာပေါင်း၊ ရေကြည်နဲ့ ပုသိမ်ဆေးရုံသို့ပို့ဆောင်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ◾️မန်တုံမှာ KIA နဲ့ TNLA မြေပြင်တပ်ဖွဲ့များကြား ပဋိပက္ခထပ်မံဖြစ်ပွား ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့များကြား မနေ့က ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ရက်က KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၄) တပ်ရင်း(၃၄) လက်အောက်ရှိ KIA ရဲ့ လောက်ကျယ်၊ ရော်ကျိန်း၊ မန်ဖန်ဂိတ်စခန်းများနဲ့ KIO မန်ပွန်းတိုက်နယ်ရုံးကို တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ဝင်များက အင်အားသုံးစီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်အပေါ် ညှိနှိုင်းဖြေရှင်းပြီး ရက်ပိုင်းအကြာ မနေ့ နေ့ခင်းပိုင်းမှာ မန်တုံမြို့နယ် မန်မောက်ရွာရှိ KIA တပ်ရင်း(၃၄)တပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့တဲ့ ပြဿနာဖြစ်ခဲ့တာလို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ◾️စလင်းအခြေစိုက် တော်လှန်ရေးတပ်များ တပ်ပေါင်းစုဖွဲ့စည်း ဘုံရန်သူစစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းဖို့ မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ် ၆ဖွဲ့က တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းကြောင်း သဘောတူဆုံးဖြတ်လိုက်ပါတယ်။ မနေ့က အစည်းအဝေးပြုလုပ်ပြီး အချက် ၁၃ချက်ပါ မြေပြင်မဟာမိတ်ဘုံ သဘောတူညီချက်ကို စလင်းအခြေစိုက်တပ်ရင်းများနဲ့ Local PDF အဖွဲ့ ၆ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာပါ။ တပ်ပေါင်းစုဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် ၆ဖွဲ့မှာ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်း၊ ဗမာ့တပ်တော် အမှတ်(၇၀၇)တပ်ရင်း၊ SALIN (LPDF)၊ ဒေါင်းစစ်အောင် (LPDF)နဲ့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ တို့ဖြစ်ပါတယ်။ သဘောတူညီချက်တွေထဲ တော်လှန်အင်အားစု ပြိုကွဲစေသော၊ နှောင့်နှေးစေသော အပြုအမူ၊ အပြောအဆိုများ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား လုံးဝမပြုလုပ်ဖို့ ပါရှိပါတယ်။ လက်ရှိမှာ စလင်းမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်မှုများ ရှိနေတယ်လို့ သိရပါတယ်။ ◾️မကွေး-စစ်ကိုင်းတိုင်းအစပ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ မကွေးနဲ့ စစ်ကိုင်းတိုင်း ဒေသအစပ် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ရေစကြိုမြို့နယ်မှ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့ခင်းပိုင်းကစလို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ တိုက်ခိုက်နေတာလို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို စစ်ကောင်စီခံခဲ့ရပြီး တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် ပစ်ကူတွေ အသုံးပြုခဲ့ရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ◾️ကန့်ဘလူမြို့နယ် စံပါယ်နံ့သာကွင်းလမ်းမှာ တိုက်ပွဲတွေဖြစ်နေလို့ လမ်းပိတ်ထားရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း စံပါယ်နံ့သာကွင်းလမ်းမှာ စစ်ကောင်စီတပ်က စစ်‌ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကားလမ်းပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။ စံပါယ်နံ့သာကွင်းလမ်းကို ပြန်လည်ရယူဖို့အတွက် ဖေဖော်ဝါရီ ၁၉ရက်‌က စံပါယ်နံ့သာဘက်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ကန့်ဘလူအခြေစိုက် အမှတ်(၆၀၀၆)တင့်ကားတပ်ရင်းကနေ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းဟာ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး ရွှေဘို- မြစ်ကြီးနားကားလမ်း၊ ကန့်ဘလူမြို့နယ်ထဲက ကွင်းလမ်းကို တပတ်ကျော်အကြာအထိ ပိတ်ထားရဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ နောက်ထပ် ကွင်းလမ်းတခုကနေ ကားတွေသွားလာခွင့်ပြုထားတယ်လို့ သူက ဆက်ရှင်းပြပါတယ်။ ◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ရဲဘော်ဖိုးချမ်း ကျဆုံးခြင်း ၃နှစ် ၁၁လပြည့်သောနေ့အဖြစ် ဂူဗိမာန်ရှိရာဆီသို့ ချီတက်အလေးပြုခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီလူထုသပိတ်စစ်ကြောင်းက "အထွေထွေကြပ်တည်းမှုကို အံတုကြ"၊ "ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စတဲ့ စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည်လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် "လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" စာသားနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ သရက်ချောင်းမြို့နယ်မှာလည်း ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ "လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ် လုပ်ဆောင်ခဲ့ပါတယ်။
    Like
    2
    ¡ 0 Comments ¡0 Shares ¡156 Views
  • ကျေးဇူးကန်းတဲ့ ပုဏား
    ´´´´´´´´´´´´´´´´´´´´´´´
    တခါတုန်းက ဗာရာဏသီမြို့ အနီးတွင် မိဂါစိန် ဟူသော ဥယျာဉ်တခု ရှိ၏။ ဗြဟ္ဓဒတ်မင်းကြီးသည် အခါအားလျော်စွာ ထိုဥယျာဉ်သို့ သွားရောက်၍ အပန်းဖြေ၏။ ဥယျာဉ်သည် သစ်ပင်ပန်းမံ တို့ဖြင့် တင့်တယ်သာယာ လှပသည် ဖြစ်၍ မင်းကြီးရောက်လေတိုင်း အပန်းဖြေ၍ စိတ်ရောကိုယ်ပါ လန်းဆန်းရလေသည်။

    သို့ရာတွင် တနေ့က တခေါက်ရောက်သည်တွင်ကား မင်းကြီးမှာ အပန်းမပြေရုံမှ မက စိတ်ညစ်ညူး၍သွားရ၏။ ဥယျာဉ်တော်၏ အုတ်တံတိုင်း အနီးတွင် မမြင်အပ် မမြင်ချင်ဖွယ် မတင့်တယ်သော အရာကို မြင်လိုက်ရ၍ ဖြစ်ပေသည်။ ထိုအရာကား ရုပ်ပျက်ဆင်းပျက် လူနာတယောက် ဖြစ်၏။

    ထိုသူသည် အုတ်တံတိုင်းနားမှာ ဖတ်ရွက်များကို ခင်း၍ အိပ်ကာ ဆင်းရဲပင်းပန်းစွာ သည်းညူးနေလေသည်။ သူ့တကိုယ်လုံးမှာလည်း အနာများ ဗရပွ ဖြစ်နေ၏။ ပေါက်တဲ့ နေရာက ပေါက်။ သွေးယိုတဲ့ နေရာက ယို ။ တချို့ နေရာမှာတော့ အရိုးနှင် အရေများ ကပ်လျက် ။ အရေအောက်တွင် အကြောကြီးများက ပိုက်ကွန်ကို ဖြန့်ထားသကဲ့သို့ ထင်းထင်းပေါ်၍ နေကြ၏ ။

    ထိုသူ၏ အဝတ်အဆင်နှင့် ဆံပင်ပြုပြင်ထားပုံ ရှုရခြင်းအားဖြင့် ပုဏ္ဏားတယောက်ဟု သိရပေသည်။ ထိုပုဏ္ဏားပေါ် တွင် ရွံရှာမိသည်နှင့် အမျှ ဗြဟ္ဓဒတ်မင်းကြီးသည် သနားခြင်းလည်း ဖြစ်လာမိ၏။ ထို့အတူ ထိုအဖြစ်သို့ ရောက်လာရသည့် အကြောင်းကိုလည်း သိချင်နေ၏။

    ထို့ကြောင့် " အို ပုဏ္ဏား၊ သင် ဘာဖြစ်လို့များ ဒါလောက်တောင် ရုပ်ပျက် ဆင်းပျက် ဖြစ်နေရတာ ပါလဲ။ ဘယ်လို မကောင်းမှုများ ပြုမှားမိလို့ပါလဲ " ဟု အသာတကြည် မေးလိုက်၏ ။ လူမမာပုဏ္ဏားက " နားဆင်တော်မူပါ အရှင်မင်းကြီး။ ကျွန်တော် တက်နိုင်သမျှ တင်လျှောက်ပါ့မည်ဘုရား " ပုဏ္ဏားက အရိုအသေပြုကာ ဗြဟ္ဓဒတ်မင်းကြီးအား သူ့ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ပြောပြလေသည်။

    အရှင်မင်းကြီး ကျွန်တော်က ကာသိကရွာက လယ်သမား ပုဏ္ဏားဖြစ်ပါတယ်။ လယ်ထွန်ဖြုတ်ချိန်မှာ ကန်သင်း ပေါက်စရာရှိတာနဲ့ နွားတွေကို ကြိုးဖြုတ်ပြီး လှန်ထားမိပါတယ်။ အလုပ်မှာသာ စိတ်ဝင်စားနေမိတာမို့ နွားတွေ ဘယ်သွားပြီး ဘာစားနေတယ် ဆိုတာ ကျွန်တော် ဂရုမစိုက်မိပါဘူး ။

    သတိရလို့ ကြည့်လိုက်တဲ့ အခါမှာ နွားတွေ မရှိတော့ပါဘူး ဘုရား။ ဒါနဲ့ ဘုရား ကျွန်တော်လည်း နွားတွေ သွားတက်တဲ့ တောအုပ်ထဲ ဝင်ပြီးရှာပါတယ်။ အဲ့ဒီမှာ မတွေ့တာနဲ့ တတောပြီး တတော ရှာလာလိုက်တာ ဟိမဝန္တာတောကြီးအထိ ရောက်လာပါတယ်။ ဟိမဝန္တာရောက်တယ်ဆိုရင်ပဲ မျက်စိလည်ပြီး လမ်းတွေ ပျောက်ကုန်ပါတယ်။ နွားကိုလည်း မတွေ့ အစာလည်း မစားရနဲ့ ၇ ရက် တိုင်တိုင်ပါပဲ ဘုရား။

    အဲဒီလို ရောက်တက်ရာရာ သွားနေရင်းက ကံအားလျော်စွာ တည်ပင်တပင်ကို တွေ့ရပါတယ်။ တည်ပင်ဟာ အသူတရာနက်တဲ့ ချောက်ကမ်းပါးမှာ ပေါက်နေပါတယ်။ သူ့အသီးများဟာ စားချင်စဖွယ် မှည့်ဝင်းလို့ နေပါတယ်။ ဘုရားကျွန်တော်ဟာ တည်ပင်ကို မြင်လိုက်ရရင်ပဲ အပြေးအလွှား သွားပြီး လေတိုက်လို့ ကြွေကျနေတဲ့ တည်သီးများကို ကောက်စားလိုက်ပါတယ်။ အင်မတန်မှ အရသာ ထူးမြတ်လှပါတယ် ဘုရား။

    တည်သီးများဟာ ပါးစပ်က စားလိုက်ပေမယ့် ဘယ်ရောက်သွားတယ်လို့ မသိရအောင် ပါပဲ။ တလုံးစားနေရင်းက နောက်တလုံးကို စားချင်စိတ် ပေါက်နေပါတော့တယ်။ ဒါကြောင့် မကြာခင်မှာပဲ လေကြွေတည်သီးတွေ ကုန်လို့မို့ အပင်ပေါ် တက်ရပါတော့တယ်။ အပင်ပေါ်က လက်လှမ်းမီသမျှ တည်သီးများကို ဘုရားကျွန်တော် ကြွပ်ကြွပ်မည်အောင် ခူးစားပါတယ် ။

    တစတစနဲ့ ကိုက်ရင်းက အသီးတွေကုန်လို့ မို့ ကိုင်းဖျားမှာသာ အသီးများ ကျန်ပါတော့တယ်။ အဲ့ဒီကိုင်းဖျားမှာပဲ အလွန်မှည့်ပြီး စားချင်စရာကောင်းလှတဲ့ အသီးကြီး ရှိနေပါတယ်။ ဒါနဲ့ ဘုရားကျွန်တော် အရဲစွန့်ပြီး ကိုင်းဖျားကိုလျှောက်လို့ ဆွတ်ဖို့ရာ လက်လှမ်းလိုက်တာနဲ့ တပြိုင်နက် နင်းထားတဲ့ကိုင်းက ပြုတ်ကျပါရော ဘုရား ။ အို၊ ဒီတခါဖြင့် သေဘေးတွေ့ပဟ ဒီလိုပဲ စိတ်ထဲက တွေးလိုက်မိပါတယ် ။

    ဦးခေါင်း***************ထိုး ၊ ခြေထောက်မိုးမျှော် ချောက်ထဲသို့ ကျသွားပါတော့တယ်။ အောက်မှာ အတောင်များစွာ နက်တဲ့ ရေတွေ ရှိတာကြောင့် သေဘေးတော့ မထိုက်ပါ။ သို့သော်လည်း ချောက်ပေါ်ကို ပြန်မတက်နိုင်။ တွေးကာ မှိုင်ကာနဲပ ငိုကြွေးကာပဲ ၁၀ ရက်တိုင်တိုင် နေခဲ့ရပါတယ်။

    ၁၀ ရက် မြောက်တဲ့နေ့မှ ကယ်မယ့်သူနဲ တွေ့ရပါတော့တယ်။ ဧရာမ မျောက်ကြီးတကောင်ဟာ ကယ်တင်ရှင် ဖြစ်နေပါတယ်။ သူဟာ သစ်ကိုင်းတခုကို ခုန်ကူးရင်း ကျွန်တော့်အထက် ကမ်းပါးမှာ ရောက်လာပါတယ်။ ချောက်အတွင်းက ကျွန်တော့်ကို လှမ်းပြီး ကြည့်နေပါတော့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟ အစာမစားရလို့ ကြုံလှီ ခြောက်ကပ် နေပါပြီ။ အသားအရေ ခြောက်ခန်းနေပါပြီ။

    ဒါကို မြင်ပြီး မျောက်ကြီးက သနားလာဟန် တူပါတယ်။ သူက လူတို့ဘာသာ စကားနဲ့ပဲ " အသင်ဟာ လူလား၊ ဘီလူးလား၊ အကြောင်းမှန်ကို ပြောစမ်းပါ " လို့ ဆိုပါတယ် ။ ကျွန်တော်မျိုးကလည်း " အသင်မျောက်မင်း၊ ကျွန်တော်ဟာ မနုဿလူသားစင်စစ် မှန်ပါတယ်။ ကျွန်တော်ဒီချောက်ထဲက ဘယ်နည်းနဲမှ မတတ်နိုင်ပါ။ အို အသင်မျောက်မင်း ကျွန်တော့်ကို ကယ်တင်ပါ " လို့ ရိုရိုသေသေနဲ့ပဲ ကျွန်တော်က တောင်းပန်လိုက်ရ ပါတယ်။

    ဒီတော့ သန်မာလှတဲ့ မျောက်ကြီးဟာ ကျောက်ခဲတွေ၊ ကျောက်စွန်းတွေကို လက်မြဲမြဲ ခြေမြဲမြဲနဲ့ ဆွဲပြီး ဆင်းလာပါတယ် ။ " ကဲ ဒုက္ခသည်အမောင်လူသား၊ ငါ့ကျောမှာ မြဲမြဲခွစီးပြီး လည်ပင်းမှာ ဖက်ထားပေတာ့ " လို့ ပြောပြီး ချောက်ကမ်းပါးအတွင်းက ကျွန်တော့်ကို ကယ်ထုတ်ခဲ့ပါတယ် ။ နှစ်ယောက်ရဲ့ ဝန်ကို ထမ်းလာရတာမို့ သူ့လက်သူ့ခြေများ သွေးခြည်များ ဥကုန်ပါတော့တယ်။ အင်မတန်မှပဲ မောပန်းသွား ပါတယ်။

    ဒါကြောင့်မို့ပဲ အပေါ်ရောက်တဲ့အခါ မျောက်ကြီးက " ကဲ အမောင်လူသား၊ ငါတရေး အိပ်လိုက်ဦးမယ်။ ဒီတောအရပ်ဆိုတာ ကျားတွေ ကျားသစ်တွေ ရှိတတ်တယ်။ ငါအိပ်ပျော်နေတဲ့ အခိုက်မှာ သင်က ကောင်းကောင်း စောင့်ရှောက်ပါ ဘိ " ဆိုပြီး မျောက်ကြီးဟာ ကျွန်တော့်ကို ယုံကြည်စိတ်ချစွာနဲ့ပဲ ကျွန်တော့် ပေါင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဆိုတဲ့ အမိုက်တကာ့ ထိပ်ခေါင်တင်ဟာ မသင့်တော်တာ စိတ်ကူးမိတော့တာပါပဲ ဘုရား။

    တောထဲမှာရှိတဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်တွေကို လူတွေ စားလို့နေကြတယ်။ အခု ဒီမျောက်လို ဟာကြီးတွေ ကိုကာ။ ဒါလည်း ရရင်တော့ စားကြတာ ပါပဲ။ ၁၀ ရက် တိုင်တိုင် အစာမစား ရတဲ့ ငါ့ဗိုက်ကလည်း တကြုတ်ကြုတ် မြည်လို့။ တောက် ဒီမျောက်ကြီးကို သတ်ပြီး ကင်စားလိုက်ရရင် တော့လား ။ အောင်မယ် ပိုတဲ့ဟာတွေ ဖက်နဲ့ ထုပ်ယူရင် တလမ်းလုံးအတွက် ရိက္ခာတောင် ရဦးမှာ။

    ကံမကောင်းချင်တော့ စိတ်အကြံရဲ့ နောက်မှာ လက်က ထက်ကြပ် ပါသွား ပါတော့တယ် ။ အနားက ကျောက်တုံးကြီးကို ယူပြီး မျောက်ကြီးခေါင်းကို ထုခွဲလိုက် ပါတော့တယ်။ ဒါပေမယ့် ကျွန်တော်ဟာ အစာပြတ်လို့ အားနည်းနေ တာကြောင့် မျောက်ကြီးဟာ သေပွဲ မဝင်ပါ။

    အဲ့ဒီတုန်းက သူ့မျက်နှာထားကို ကျွန်တော့် မျက်စိထဲမှာ ခုထက်ထိ မြင်နေပါသေးတယ်။ သွေးသံရဲရဲနဲ့ ထခုန်ရင်းက ကျွန်တော်မှန်းလည်း သိရော တကထတည်း စိမ်းစိမ်းကြီး ကြည့်နေလိုက်တာ ကျွန်တော် အသည်းတုန် အူတုန် ဖြစ်ရတဲ့အထိပါပဲ။ သူ့ခေါင်းက သွေးတွေက တပေါက်ပေါက်ကျလို့။ ထို့အတူပဲ သူ့မျက်လုံးများကလည်း မျက်ရည်တွေ တပေါက်ပေါက်နဲ့။ တလုံးချင်းနဲ့ သူငိုရင်းပြောနေတဲ့ စကားလုံးများကို ကျွန်တော့နားထဲက မထွက်သေးပါ။

    " အို အသင်ယောက်ျား၊ လုပ်မှ လုပ်ရက်လေစွ တကား။ အသင်ဟာ တခြားရန်သူတွေကို ကာကွယ်ရမှာ ဖြစ်ပါလျက် အခု ငါ့ကို သင်ကိုယ်တိုင်က ရန်ပြုပါပကော ။ သြော် အံ့သြလောက်တဲ့ ယောက်ျားပါပေတကား။ အသင် ယောက်ျား၊ ငါဟာ အသင့်ကို ဟိုး တမလွန်လောကက ကယ်ထုတ်လို့ လာခဲ့ရတယ်။ ငါသာ မကယ်ရင် တမလွန် လောကသို့ ဧကန်သွားရတော့မယ်။ ဒီလို ကျေးဇူးရှင်ကိုမှ ဒီလိုယုတ်မာလှတဲ့ အကြံအစည်မျိုး ပြုရက်ပါပေ့ကွယ် "

    " အို သူတော်မဟုတ် ယောကျာ်းယုတ်၊ အသင့်အတွက်ကြောင့် ငါ့မှာဖြင့် ဒုက္ခဝေဒနာ ခံစားနေပြီ။ ဒါပေမယ့်လို့ အသင့်မှာတော့ ဒီလိုဆင်းရဲတဲ့ ဝေဒနာမျိုး မရောက်လာ မနှိပ်စက်ပါစေနဲ့။ ဝါးပင်ဟာ ကိုယ့်အသီးက ကိုယ့်ကိုသတ်သလိုပဲ ဒီမကောင်းမှုက သင့်ကို မသတ်ပါစေနဲ့ ။ ကိုယ်စိတ်နှလုံး မစောင့်သုံးတဲ့ အို လူယုတ် သင့်ကိုတော့ဖြင့် ငါက အကျွမ်းတဝင် မပြုရဲတော့ပြီ။ ငါ့နောက်ပါးက သွေးစက်တွေ ခြေရာခံပြီးတော့သာ လိုက်ခဲ့ပေတော့ " ဆိုပြီး မျောက်ကြီးဟာ သွေးပေါက်သွေးစက်နဲ့ ကျွန်တော့်ကို လမ်းပြပြီး လူတို့ရပ်ထံ ပို့ဆောင်ပေးပါတယ်။

    လမ်းရှိရာကို ရောက်ရင်ပဲ မျောက်ကြီးဟာ တောထဲကို ပြန်ဝင်ပြီးတော့ တောင်ပေါ်ကို တက်သွားပါတော့တယ်။ တောထဲက ထွက်အလာမှာ ကျွန်တော့် တကိုယ်လုံးဟာ ပူလောင်လွန်းမက လောင်လာပါတယ်။ ရေသောက်ချင်လွန်းလို့ ရေကန်တခုကို ဆင်းလိုက်တဲ့အခါ စောစောက ကြည်လင်အေးမြနေတဲ့ ရေကန်ဟာ သွေးတွေ၊ ပြည်တွေလို ဖြစ်ပြီး ကျိုက်ကျိုက်ဆူလို့ နေပါရော ဘုရား ။

    ဒါတင် မကသေးပါဘူး ဘုရား။ အဲဒီရေကန်က ရေပေါက်တွေဟာ ကျွန်တော့်ကိုယ်ပေါ်မှာ စင်လာကြ ပါတယ်။ အဲဒီ ရေပေါက်တွေအမျှ ကျွန်တော့်ကိုယ်ပေါ်မှာ အနာကြီးတွေ ဖြစ်လာပါတယ်။ ချက်ချင်းပဲ သွေးတွေ ပြည်တွေ တည်လို့ ကိုယ့်ကိုယ်ကိုတောင် မသတီစရာ ဖြစ်ရပါတော့တယ်။

    ကျွန်တော်ဟာ ဘယ်လိုပဲ ဒုက္ခရောက်ပေမယ့် ကိုယ့်ရပ်ရွာကိုတော့ ရောက်အောင် ပြန်မယ်ဟဲ့ ဆိုပြီး အားခဲလို့ လာခဲ့ပါတယ်။ လမ်းမှာတွေ့သမျှ ရွာတွေ၊ လူတွေကိုလည်း အသနားခံ တောင်းပန်ပါတယ်။ ဒါပေမယ့် တွေ့သမျှ လူတွေကဖြင့် သနားဖို့ နေနေသာသာ ကျွန်တော်လာတာ မြင်ရင်ပဲ အဝေးက ရှောင်ကြပါတော့တယ်။ ကျွန်တော်က မတတ်သာလွန်းလို့ ဇွတ်တိုးသွား ပြန်တေ့ာလဲ တုတ်တွေ၊ ဓားတွေနဲ့ ကာကွယ်ပြီး ဆဲဆို ကြိမ်းမောင်းကြ ပါတော့တယ်။

    ကဲ ကျွန်တော့ ဖြစ်အင်၊ ကျွန်တော့် မကောင်းမှုကို တော့ဖြင့် အရှင်မင်းကြီး ကြားသိရပါပြီ၊ ရှုမြင်ရပါပြီ။ ဒီနားမှာ ရောက်နေကြတဲ့ အရှင်မင်းကြီးနှင့် တကွ မှူးမတ်ဗိုလ်ပါ အပေါင်းကို ကျွန်တော် အထူးတလည် အမှားစကား ပါးလိုက်ချင်တာ ကတော့ဖြင့် မိတ်ကောင်း၊ ဆွေကောင်းများကို ကျွန်တော့်နည်းတူ မပြစ်မှားဖို့ ပါပဲ ဘုရား။

    ဒုက္ခသည် ပုဏ္ဏားက ဖြစ်ကြောင်းကုန်စင်ကို ဤသို့ စီကာပတ်ကုံးပြောပြကာ မကြာမီ သေဆုံးလေ၏။ ဗြဟ္မဒတ်မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါတို့သည် သတိသံဝေဂရလျက် နန်းတော်သို့ ပြန်ခဲ့ကြလေသည်။

    ဇာတ်ပေါင်းသော် မျောက်မင်းသည်ဘုရားအလောင်း၊ ပုဏ္ဏားသည်ဒေဝဒတ် ဖြစ်ခဲ့ကြတယ်တဲ့ ကလေးတို့ရေ...


    Credit: Original Author
    ကျေးဇူးကန်းတဲ့ ပုဏား ´´´´´´´´´´´´´´´´´´´´´´´ တခါတုန်းက ဗာရာဏသီမြို့ အနီးတွင် မိဂါစိန် ဟူသော ဥယျာဉ်တခု ရှိ၏။ ဗြဟ္ဓဒတ်မင်းကြီးသည် အခါအားလျော်စွာ ထိုဥယျာဉ်သို့ သွားရောက်၍ အပန်းဖြေ၏။ ဥယျာဉ်သည် သစ်ပင်ပန်းမံ တို့ဖြင့် တင့်တယ်သာယာ လှပသည် ဖြစ်၍ မင်းကြီးရောက်လေတိုင်း အပန်းဖြေ၍ စိတ်ရောကိုယ်ပါ လန်းဆန်းရလေသည်။ သို့ရာတွင် တနေ့က တခေါက်ရောက်သည်တွင်ကား မင်းကြီးမှာ အပန်းမပြေရုံမှ မက စိတ်ညစ်ညူး၍သွားရ၏။ ဥယျာဉ်တော်၏ အုတ်တံတိုင်း အနီးတွင် မမြင်အပ် မမြင်ချင်ဖွယ် မတင့်တယ်သော အရာကို မြင်လိုက်ရ၍ ဖြစ်ပေသည်။ ထိုအရာကား ရုပ်ပျက်ဆင်းပျက် လူနာတယောက် ဖြစ်၏။ ထိုသူသည် အုတ်တံတိုင်းနားမှာ ဖတ်ရွက်များကို ခင်း၍ အိပ်ကာ ဆင်းရဲပင်းပန်းစွာ သည်းညူးနေလေသည်။ သူ့တကိုယ်လုံးမှာလည်း အနာများ ဗရပွ ဖြစ်နေ၏။ ပေါက်တဲ့ နေရာက ပေါက်။ သွေးယိုတဲ့ နေရာက ယို ။ တချို့ နေရာမှာတော့ အရိုးနှင် အရေများ ကပ်လျက် ။ အရေအောက်တွင် အကြောကြီးများက ပိုက်ကွန်ကို ဖြန့်ထားသကဲ့သို့ ထင်းထင်းပေါ်၍ နေကြ၏ ။ ထိုသူ၏ အဝတ်အဆင်နှင့် ဆံပင်ပြုပြင်ထားပုံ ရှုရခြင်းအားဖြင့် ပုဏ္ဏားတယောက်ဟု သိရပေသည်။ ထိုပုဏ္ဏားပေါ် တွင် ရွံရှာမိသည်နှင့် အမျှ ဗြဟ္ဓဒတ်မင်းကြီးသည် သနားခြင်းလည်း ဖြစ်လာမိ၏။ ထို့အတူ ထိုအဖြစ်သို့ ရောက်လာရသည့် အကြောင်းကိုလည်း သိချင်နေ၏။ ထို့ကြောင့် " အို ပုဏ္ဏား၊ သင် ဘာဖြစ်လို့များ ဒါလောက်တောင် ရုပ်ပျက် ဆင်းပျက် ဖြစ်နေရတာ ပါလဲ။ ဘယ်လို မကောင်းမှုများ ပြုမှားမိလို့ပါလဲ " ဟု အသာတကြည် မေးလိုက်၏ ။ လူမမာပုဏ္ဏားက " နားဆင်တော်မူပါ အရှင်မင်းကြီး။ ကျွန်တော် တက်နိုင်သမျှ တင်လျှောက်ပါ့မည်ဘုရား " ပုဏ္ဏားက အရိုအသေပြုကာ ဗြဟ္ဓဒတ်မင်းကြီးအား သူ့ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ပြောပြလေသည်။ အရှင်မင်းကြီး ကျွန်တော်က ကာသိကရွာက လယ်သမား ပုဏ္ဏားဖြစ်ပါတယ်။ လယ်ထွန်ဖြုတ်ချိန်မှာ ကန်သင်း ပေါက်စရာရှိတာနဲ့ နွားတွေကို ကြိုးဖြုတ်ပြီး လှန်ထားမိပါတယ်။ အလုပ်မှာသာ စိတ်ဝင်စားနေမိတာမို့ နွားတွေ ဘယ်သွားပြီး ဘာစားနေတယ် ဆိုတာ ကျွန်တော် ဂရုမစိုက်မိပါဘူး ။ သတိရလို့ ကြည့်လိုက်တဲ့ အခါမှာ နွားတွေ မရှိတော့ပါဘူး ဘုရား။ ဒါနဲ့ ဘုရား ကျွန်တော်လည်း နွားတွေ သွားတက်တဲ့ တောအုပ်ထဲ ဝင်ပြီးရှာပါတယ်။ အဲ့ဒီမှာ မတွေ့တာနဲ့ တတောပြီး တတော ရှာလာလိုက်တာ ဟိမဝန္တာတောကြီးအထိ ရောက်လာပါတယ်။ ဟိမဝန္တာရောက်တယ်ဆိုရင်ပဲ မျက်စိလည်ပြီး လမ်းတွေ ပျောက်ကုန်ပါတယ်။ နွားကိုလည်း မတွေ့ အစာလည်း မစားရနဲ့ ၇ ရက် တိုင်တိုင်ပါပဲ ဘုရား။ အဲဒီလို ရောက်တက်ရာရာ သွားနေရင်းက ကံအားလျော်စွာ တည်ပင်တပင်ကို တွေ့ရပါတယ်။ တည်ပင်ဟာ အသူတရာနက်တဲ့ ချောက်ကမ်းပါးမှာ ပေါက်နေပါတယ်။ သူ့အသီးများဟာ စားချင်စဖွယ် မှည့်ဝင်းလို့ နေပါတယ်။ ဘုရားကျွန်တော်ဟာ တည်ပင်ကို မြင်လိုက်ရရင်ပဲ အပြေးအလွှား သွားပြီး လေတိုက်လို့ ကြွေကျနေတဲ့ တည်သီးများကို ကောက်စားလိုက်ပါတယ်။ အင်မတန်မှ အရသာ ထူးမြတ်လှပါတယ် ဘုရား။ တည်သီးများဟာ ပါးစပ်က စားလိုက်ပေမယ့် ဘယ်ရောက်သွားတယ်လို့ မသိရအောင် ပါပဲ။ တလုံးစားနေရင်းက နောက်တလုံးကို စားချင်စိတ် ပေါက်နေပါတော့တယ်။ ဒါကြောင့် မကြာခင်မှာပဲ လေကြွေတည်သီးတွေ ကုန်လို့မို့ အပင်ပေါ် တက်ရပါတော့တယ်။ အပင်ပေါ်က လက်လှမ်းမီသမျှ တည်သီးများကို ဘုရားကျွန်တော် ကြွပ်ကြွပ်မည်အောင် ခူးစားပါတယ် ။ တစတစနဲ့ ကိုက်ရင်းက အသီးတွေကုန်လို့ မို့ ကိုင်းဖျားမှာသာ အသီးများ ကျန်ပါတော့တယ်။ အဲ့ဒီကိုင်းဖျားမှာပဲ အလွန်မှည့်ပြီး စားချင်စရာကောင်းလှတဲ့ အသီးကြီး ရှိနေပါတယ်။ ဒါနဲ့ ဘုရားကျွန်တော် အရဲစွန့်ပြီး ကိုင်းဖျားကိုလျှောက်လို့ ဆွတ်ဖို့ရာ လက်လှမ်းလိုက်တာနဲ့ တပြိုင်နက် နင်းထားတဲ့ကိုင်းက ပြုတ်ကျပါရော ဘုရား ။ အို၊ ဒီတခါဖြင့် သေဘေးတွေ့ပဟ ဒီလိုပဲ စိတ်ထဲက တွေးလိုက်မိပါတယ် ။ ဦးခေါင်းစောက်ထိုး ၊ ခြေထောက်မိုးမျှော် ချောက်ထဲသို့ ကျသွားပါတော့တယ်။ အောက်မှာ အတောင်များစွာ နက်တဲ့ ရေတွေ ရှိတာကြောင့် သေဘေးတော့ မထိုက်ပါ။ သို့သော်လည်း ချောက်ပေါ်ကို ပြန်မတက်နိုင်။ တွေးကာ မှိုင်ကာနဲပ ငိုကြွေးကာပဲ ၁၀ ရက်တိုင်တိုင် နေခဲ့ရပါတယ်။ ၁၀ ရက် မြောက်တဲ့နေ့မှ ကယ်မယ့်သူနဲ တွေ့ရပါတော့တယ်။ ဧရာမ မျောက်ကြီးတကောင်ဟာ ကယ်တင်ရှင် ဖြစ်နေပါတယ်။ သူဟာ သစ်ကိုင်းတခုကို ခုန်ကူးရင်း ကျွန်တော့်အထက် ကမ်းပါးမှာ ရောက်လာပါတယ်။ ချောက်အတွင်းက ကျွန်တော့်ကို လှမ်းပြီး ကြည့်နေပါတော့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟ အစာမစားရလို့ ကြုံလှီ ခြောက်ကပ် နေပါပြီ။ အသားအရေ ခြောက်ခန်းနေပါပြီ။ ဒါကို မြင်ပြီး မျောက်ကြီးက သနားလာဟန် တူပါတယ်။ သူက လူတို့ဘာသာ စကားနဲ့ပဲ " အသင်ဟာ လူလား၊ ဘီလူးလား၊ အကြောင်းမှန်ကို ပြောစမ်းပါ " လို့ ဆိုပါတယ် ။ ကျွန်တော်မျိုးကလည်း " အသင်မျောက်မင်း၊ ကျွန်တော်ဟာ မနုဿလူသားစင်စစ် မှန်ပါတယ်။ ကျွန်တော်ဒီချောက်ထဲက ဘယ်နည်းနဲမှ မတတ်နိုင်ပါ။ အို အသင်မျောက်မင်း ကျွန်တော့်ကို ကယ်တင်ပါ " လို့ ရိုရိုသေသေနဲ့ပဲ ကျွန်တော်က တောင်းပန်လိုက်ရ ပါတယ်။ ဒီတော့ သန်မာလှတဲ့ မျောက်ကြီးဟာ ကျောက်ခဲတွေ၊ ကျောက်စွန်းတွေကို လက်မြဲမြဲ ခြေမြဲမြဲနဲ့ ဆွဲပြီး ဆင်းလာပါတယ် ။ " ကဲ ဒုက္ခသည်အမောင်လူသား၊ ငါ့ကျောမှာ မြဲမြဲခွစီးပြီး လည်ပင်းမှာ ဖက်ထားပေတာ့ " လို့ ပြောပြီး ချောက်ကမ်းပါးအတွင်းက ကျွန်တော့်ကို ကယ်ထုတ်ခဲ့ပါတယ် ။ နှစ်ယောက်ရဲ့ ဝန်ကို ထမ်းလာရတာမို့ သူ့လက်သူ့ခြေများ သွေးခြည်များ ဥကုန်ပါတော့တယ်။ အင်မတန်မှပဲ မောပန်းသွား ပါတယ်။ ဒါကြောင့်မို့ပဲ အပေါ်ရောက်တဲ့အခါ မျောက်ကြီးက " ကဲ အမောင်လူသား၊ ငါတရေး အိပ်လိုက်ဦးမယ်။ ဒီတောအရပ်ဆိုတာ ကျားတွေ ကျားသစ်တွေ ရှိတတ်တယ်။ ငါအိပ်ပျော်နေတဲ့ အခိုက်မှာ သင်က ကောင်းကောင်း စောင့်ရှောက်ပါ ဘိ " ဆိုပြီး မျောက်ကြီးဟာ ကျွန်တော့်ကို ယုံကြည်စိတ်ချစွာနဲ့ပဲ ကျွန်တော့် ပေါင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဆိုတဲ့ အမိုက်တကာ့ ထိပ်ခေါင်တင်ဟာ မသင့်တော်တာ စိတ်ကူးမိတော့တာပါပဲ ဘုရား။ တောထဲမှာရှိတဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်တွေကို လူတွေ စားလို့နေကြတယ်။ အခု ဒီမျောက်လို ဟာကြီးတွေ ကိုကာ။ ဒါလည်း ရရင်တော့ စားကြတာ ပါပဲ။ ၁၀ ရက် တိုင်တိုင် အစာမစား ရတဲ့ ငါ့ဗိုက်ကလည်း တကြုတ်ကြုတ် မြည်လို့။ တောက် ဒီမျောက်ကြီးကို သတ်ပြီး ကင်စားလိုက်ရရင် တော့လား ။ အောင်မယ် ပိုတဲ့ဟာတွေ ဖက်နဲ့ ထုပ်ယူရင် တလမ်းလုံးအတွက် ရိက္ခာတောင် ရဦးမှာ။ ကံမကောင်းချင်တော့ စိတ်အကြံရဲ့ နောက်မှာ လက်က ထက်ကြပ် ပါသွား ပါတော့တယ် ။ အနားက ကျောက်တုံးကြီးကို ယူပြီး မျောက်ကြီးခေါင်းကို ထုခွဲလိုက် ပါတော့တယ်။ ဒါပေမယ့် ကျွန်တော်ဟာ အစာပြတ်လို့ အားနည်းနေ တာကြောင့် မျောက်ကြီးဟာ သေပွဲ မဝင်ပါ။ အဲ့ဒီတုန်းက သူ့မျက်နှာထားကို ကျွန်တော့် မျက်စိထဲမှာ ခုထက်ထိ မြင်နေပါသေးတယ်။ သွေးသံရဲရဲနဲ့ ထခုန်ရင်းက ကျွန်တော်မှန်းလည်း သိရော တကထတည်း စိမ်းစိမ်းကြီး ကြည့်နေလိုက်တာ ကျွန်တော် အသည်းတုန် အူတုန် ဖြစ်ရတဲ့အထိပါပဲ။ သူ့ခေါင်းက သွေးတွေက တပေါက်ပေါက်ကျလို့။ ထို့အတူပဲ သူ့မျက်လုံးများကလည်း မျက်ရည်တွေ တပေါက်ပေါက်နဲ့။ တလုံးချင်းနဲ့ သူငိုရင်းပြောနေတဲ့ စကားလုံးများကို ကျွန်တော့နားထဲက မထွက်သေးပါ။ " အို အသင်ယောက်ျား၊ လုပ်မှ လုပ်ရက်လေစွ တကား။ အသင်ဟာ တခြားရန်သူတွေကို ကာကွယ်ရမှာ ဖြစ်ပါလျက် အခု ငါ့ကို သင်ကိုယ်တိုင်က ရန်ပြုပါပကော ။ သြော် အံ့သြလောက်တဲ့ ယောက်ျားပါပေတကား။ အသင် ယောက်ျား၊ ငါဟာ အသင့်ကို ဟိုး တမလွန်လောကက ကယ်ထုတ်လို့ လာခဲ့ရတယ်။ ငါသာ မကယ်ရင် တမလွန် လောကသို့ ဧကန်သွားရတော့မယ်။ ဒီလို ကျေးဇူးရှင်ကိုမှ ဒီလိုယုတ်မာလှတဲ့ အကြံအစည်မျိုး ပြုရက်ပါပေ့ကွယ် " " အို သူတော်မဟုတ် ယောကျာ်းယုတ်၊ အသင့်အတွက်ကြောင့် ငါ့မှာဖြင့် ဒုက္ခဝေဒနာ ခံစားနေပြီ။ ဒါပေမယ့်လို့ အသင့်မှာတော့ ဒီလိုဆင်းရဲတဲ့ ဝေဒနာမျိုး မရောက်လာ မနှိပ်စက်ပါစေနဲ့။ ဝါးပင်ဟာ ကိုယ့်အသီးက ကိုယ့်ကိုသတ်သလိုပဲ ဒီမကောင်းမှုက သင့်ကို မသတ်ပါစေနဲ့ ။ ကိုယ်စိတ်နှလုံး မစောင့်သုံးတဲ့ အို လူယုတ် သင့်ကိုတော့ဖြင့် ငါက အကျွမ်းတဝင် မပြုရဲတော့ပြီ။ ငါ့နောက်ပါးက သွေးစက်တွေ ခြေရာခံပြီးတော့သာ လိုက်ခဲ့ပေတော့ " ဆိုပြီး မျောက်ကြီးဟာ သွေးပေါက်သွေးစက်နဲ့ ကျွန်တော့်ကို လမ်းပြပြီး လူတို့ရပ်ထံ ပို့ဆောင်ပေးပါတယ်။ လမ်းရှိရာကို ရောက်ရင်ပဲ မျောက်ကြီးဟာ တောထဲကို ပြန်ဝင်ပြီးတော့ တောင်ပေါ်ကို တက်သွားပါတော့တယ်။ တောထဲက ထွက်အလာမှာ ကျွန်တော့် တကိုယ်လုံးဟာ ပူလောင်လွန်းမက လောင်လာပါတယ်။ ရေသောက်ချင်လွန်းလို့ ရေကန်တခုကို ဆင်းလိုက်တဲ့အခါ စောစောက ကြည်လင်အေးမြနေတဲ့ ရေကန်ဟာ သွေးတွေ၊ ပြည်တွေလို ဖြစ်ပြီး ကျိုက်ကျိုက်ဆူလို့ နေပါရော ဘုရား ။ ဒါတင် မကသေးပါဘူး ဘုရား။ အဲဒီရေကန်က ရေပေါက်တွေဟာ ကျွန်တော့်ကိုယ်ပေါ်မှာ စင်လာကြ ပါတယ်။ အဲဒီ ရေပေါက်တွေအမျှ ကျွန်တော့်ကိုယ်ပေါ်မှာ အနာကြီးတွေ ဖြစ်လာပါတယ်။ ချက်ချင်းပဲ သွေးတွေ ပြည်တွေ တည်လို့ ကိုယ့်ကိုယ်ကိုတောင် မသတီစရာ ဖြစ်ရပါတော့တယ်။ ကျွန်တော်ဟာ ဘယ်လိုပဲ ဒုက္ခရောက်ပေမယ့် ကိုယ့်ရပ်ရွာကိုတော့ ရောက်အောင် ပြန်မယ်ဟဲ့ ဆိုပြီး အားခဲလို့ လာခဲ့ပါတယ်။ လမ်းမှာတွေ့သမျှ ရွာတွေ၊ လူတွေကိုလည်း အသနားခံ တောင်းပန်ပါတယ်။ ဒါပေမယ့် တွေ့သမျှ လူတွေကဖြင့် သနားဖို့ နေနေသာသာ ကျွန်တော်လာတာ မြင်ရင်ပဲ အဝေးက ရှောင်ကြပါတော့တယ်။ ကျွန်တော်က မတတ်သာလွန်းလို့ ဇွတ်တိုးသွား ပြန်တေ့ာလဲ တုတ်တွေ၊ ဓားတွေနဲ့ ကာကွယ်ပြီး ဆဲဆို ကြိမ်းမောင်းကြ ပါတော့တယ်။ ကဲ ကျွန်တော့ ဖြစ်အင်၊ ကျွန်တော့် မကောင်းမှုကို တော့ဖြင့် အရှင်မင်းကြီး ကြားသိရပါပြီ၊ ရှုမြင်ရပါပြီ။ ဒီနားမှာ ရောက်နေကြတဲ့ အရှင်မင်းကြီးနှင့် တကွ မှူးမတ်ဗိုလ်ပါ အပေါင်းကို ကျွန်တော် အထူးတလည် အမှားစကား ပါးလိုက်ချင်တာ ကတော့ဖြင့် မိတ်ကောင်း၊ ဆွေကောင်းများကို ကျွန်တော့်နည်းတူ မပြစ်မှားဖို့ ပါပဲ ဘုရား။ ဒုက္ခသည် ပုဏ္ဏားက ဖြစ်ကြောင်းကုန်စင်ကို ဤသို့ စီကာပတ်ကုံးပြောပြကာ မကြာမီ သေဆုံးလေ၏။ ဗြဟ္မဒတ်မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါတို့သည် သတိသံဝေဂရလျက် နန်းတော်သို့ ပြန်ခဲ့ကြလေသည်။ ဇာတ်ပေါင်းသော် မျောက်မင်းသည်ဘုရားအလောင်း၊ ပုဏ္ဏားသည်ဒေဝဒတ် ဖြစ်ခဲ့ကြတယ်တဲ့ ကလေးတို့ရေ... Credit: Original Author
    Love
    3
    ¡ 1 Comments ¡0 Shares ¡684 Views
More Results