• အသက်ကြီးလာလေလေ
    လူတွေကို ပိုနားလည်လာလေလေပဲ

    အခုနောက်ပိုင်း မုန်းတာလည်း မရှိတော့ဘူး
    စိတ်ဆိုးချင်တာ ...
    ဒေါသထွက်ချင်တာတွေလည်း
    မရှိတော့ဘူး ။

    စိတ်ကိုပင်ပန်းစေမယ့် အတွေးတွေ
    ကိုယ့်ကို အဆင်မပြေ ဖြစ်စေတဲ့ လူတွေဆိုရင်
    မတွေးမိ
    မမြင်မိအောင် ‌နေလိုက်တယ် ..

    အငုံစိတ်ရှိတဲ့သူတွေဆို
    ရှောင်လိုက်တယ်
    အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့
    ဆက်ဆံရေးကိုပိုပြီး တည်ဆောက်ဖြစ်တယ် ။

    အသက်ကြီးလာလေလေ
    အချိန်ကို အလဟဿကုန်ဆုံးရမှာ
    နှမြောလာလေလေပဲ

    အဲဒီတော့
    အချိန်ကို လိုအပ်တဲ့နေရာမှာ
    တန်ဖိုးရှိတဲ့လူတွေနဲ့
    အကျိုးရှိရှိပဲ ကုန်ဆုံးချင်တော့တာ ။

    အဲဒီတော့ လူတွေ‌ကို စိတ်ဆိုးဖို့ထက်
    နားလည်ပေးနိုင်ဖို့ပဲ တွေးဖြစ်တယ်
    သူ့နေရာ ၊ သူရှုထောင့်ကနေ
    သူရဲ့ အခြေအနေ ဆိုတာမျိုးကိုပေါ့ ..

    လက်ကျန်အချိန်ကို မသိရတဲ့ လူတစ်ယောက်မို့
    ပျော်ရွှင်ချင်တယ် ..
    တတ်နိုင်သမျှ အပူကင်းချင်တယ် ..
    ဘာဆိုဘာမှ များများမတွေးချင်တော့ဘဲ
    သောက ကင်းကင်းနဲ့ပဲ နေထိုင်ချင်တော့တယ် ။

    #သက်ထားခင်(THK)
    #လက်ကျန်ဆန္ဒ
    #စာပေဗဟုသုတုလူတိုင်းရ
    #ခွန်အားရှိသောစာတ်ိုများ
    #ဘဝစာပေနှင့်ဗဟုသုတများ
    #crd_to_owner_with_respectcrd
    အသက်ကြီးလာလေလေ လူတွေကို ပိုနားလည်လာလေလေပဲ အခုနောက်ပိုင်း မုန်းတာလည်း မရှိတော့ဘူး စိတ်ဆိုးချင်တာ ... ဒေါသထွက်ချင်တာတွေလည်း မရှိတော့ဘူး ။ စိတ်ကိုပင်ပန်းစေမယ့် အတွေးတွေ ကိုယ့်ကို အဆင်မပြေ ဖြစ်စေတဲ့ လူတွေဆိုရင် မတွေးမိ မမြင်မိအောင် ‌နေလိုက်တယ် .. အငုံစိတ်ရှိတဲ့သူတွေဆို ရှောင်လိုက်တယ် အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ ဆက်ဆံရေးကိုပိုပြီး တည်ဆောက်ဖြစ်တယ် ။ အသက်ကြီးလာလေလေ အချိန်ကို အလဟဿကုန်ဆုံးရမှာ နှမြောလာလေလေပဲ အဲဒီတော့ အချိန်ကို လိုအပ်တဲ့နေရာမှာ တန်ဖိုးရှိတဲ့လူတွေနဲ့ အကျိုးရှိရှိပဲ ကုန်ဆုံးချင်တော့တာ ။ အဲဒီတော့ လူတွေ‌ကို စိတ်ဆိုးဖို့ထက် နားလည်ပေးနိုင်ဖို့ပဲ တွေးဖြစ်တယ် သူ့နေရာ ၊ သူရှုထောင့်ကနေ သူရဲ့ အခြေအနေ ဆိုတာမျိုးကိုပေါ့ .. လက်ကျန်အချိန်ကို မသိရတဲ့ လူတစ်ယောက်မို့ ပျော်ရွှင်ချင်တယ် .. တတ်နိုင်သမျှ အပူကင်းချင်တယ် .. ဘာဆိုဘာမှ များများမတွေးချင်တော့ဘဲ သောက ကင်းကင်းနဲ့ပဲ နေထိုင်ချင်တော့တယ် ။ #သက်ထားခင်(THK) #လက်ကျန်ဆန္ဒ #စာပေဗဟုသုတုလူတိုင်းရ #ခွန်အားရှိသောစာတ်ိုများ #ဘဝစာပေနှင့်ဗဟုသုတများ #crd_to_owner_with_respectcrd
    Love
    1
    · 0 Comments ·0 Shares ·27 Views
  • ဒုတိယ မိသားစုဆိုတာ
    လူတိုင်းလိုလိုမှာ ရှိပါတယ်

    ကိုယ့်ရဲ့မိသားစုအရင်းလို
    ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို
    ကိုယ့်ရဲ့မိသားစုအရင်းထက်တောင်
    ပိုကောင်းတဲ့ ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ်

    ရေစက်ကောင်းတွေပါပြီး
    ဒီဘဝမှာ ပြန်ဆုံရတယ်ပဲပြောရမလား

    သွေးလည်းမတော် သားလည်းမစပ်
    မွေးစားတာမျိုးလည်း မဟုတ်
    ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်.....

    ကိုယ့်အပေါ် မှာ
    တကယ့်မိသားစုတစ်ခုလို
    နွေးထွေးလုံခြုံစေတယ်

    ကြင်နာယုယပေးတယ်။

    ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။

    ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။

    နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။

    ပျော်ရွှင်အေးချမ်းစေတယ်။

    လင်းလက်တောက်ပစေတယ်။

    ဒါဟာ ဒုတိယမိသားစုပါပဲ။

    တချို့အတွက်
    အလုပ်နဲ့ အလုပ်ရှင်။

    တချို့အတွက် လုပ်ဖော်ကိုင်ဖက်။

    တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ။

    တချို့အတွက် အိမ်နီးနားခြင်း။

    တချို့အတွက် သူငယ်ချင်း။

    တချို့အတွက် ချစ်သူ။

    ဒုတိယမိသားစုဟာ
    ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။

    #ဘဝအတွတ်စာဖတ်ပါ
    #ခွန်အားရှိသောစာတ်ိုများ
    #ဆရာအောင်သင်းစာပေ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    ဒုတိယ မိသားစုဆိုတာ လူတိုင်းလိုလိုမှာ ရှိပါတယ် ကိုယ့်ရဲ့မိသားစုအရင်းလို ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို ကိုယ့်ရဲ့မိသားစုအရင်းထက်တောင် ပိုကောင်းတဲ့ ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ် ရေစက်ကောင်းတွေပါပြီး ဒီဘဝမှာ ပြန်ဆုံရတယ်ပဲပြောရမလား သွေးလည်းမတော် သားလည်းမစပ် မွေးစားတာမျိုးလည်း မဟုတ် ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်..... ကိုယ့်အပေါ် မှာ တကယ့်မိသားစုတစ်ခုလို နွေးထွေးလုံခြုံစေတယ် ကြင်နာယုယပေးတယ်။ ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။ ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။ နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။ ပျော်ရွှင်အေးချမ်းစေတယ်။ လင်းလက်တောက်ပစေတယ်။ ဒါဟာ ဒုတိယမိသားစုပါပဲ။ တချို့အတွက် အလုပ်နဲ့ အလုပ်ရှင်။ တချို့အတွက် လုပ်ဖော်ကိုင်ဖက်။ တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ။ တချို့အတွက် အိမ်နီးနားခြင်း။ တချို့အတွက် သူငယ်ချင်း။ တချို့အတွက် ချစ်သူ။ ဒုတိယမိသားစုဟာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။ #ဘဝအတွတ်စာဖတ်ပါ #ခွန်အားရှိသောစာတ်ိုများ #ဆရာအောင်သင်းစာပေ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Care
    Love
    3
    · 0 Comments ·0 Shares ·122 Views
  • စိန်လည်း ကာဗွန်ပဲ
    မီးသွေးလည်း ကာဗွန်ပါပဲ

    ကာဗွန်ချင်း တူပေမဲ့
    တန်ဖိုးချင်းကတော့ မတူဘူး

    အဖိနှိပ်ခံ အပူပေးခံရတာများတော့
    မလောင်ကျွမ်းပဲ
    တောင့်ခံနိုင်တဲ့ သူက
    စိန် ဖြစ်သွားတာပါပဲ

    အပူနဲ့ ဖိအားကြောင့်
    ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ

    အဲဒါကြောင့် အပူတွေ
    ဖိအားတွေ လာရင်
    စိတ်မပျက်ပါနဲ့

    ငါ့ကို စိန်ဖြစ်အောင်
    လုပ်ပေးမဲ့ အရာတွေပဲလို့
    ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ

    မကြာခင်ကာလမှာပဲ
    စိန်ဖြစ်သွားပါလိမ့်မယ်

    လိုက်ပြီး ခံစား
    လောင်ကျွမ်း နေရင်တော့
    မီးသွေးပဲ ဖြစ်သွားမှာပေါ့။

    #crd
    #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ
    #foryoupageシforyou #facebookreelsviral #fypシ #facebookviral #facebookpost #foryou #tiktok #tiktokviral #tiktoknews #fypシ #foryoupageシforyou #4m #fypシ゚viralシ
    စိန်လည်း ကာဗွန်ပဲ မီးသွေးလည်း ကာဗွန်ပါပဲ ကာဗွန်ချင်း တူပေမဲ့ တန်ဖိုးချင်းကတော့ မတူဘူး အဖိနှိပ်ခံ အပူပေးခံရတာများတော့ မလောင်ကျွမ်းပဲ တောင့်ခံနိုင်တဲ့ သူက စိန် ဖြစ်သွားတာပါပဲ အပူနဲ့ ဖိအားကြောင့် ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ အဲဒါကြောင့် အပူတွေ ဖိအားတွေ လာရင် စိတ်မပျက်ပါနဲ့ ငါ့ကို စိန်ဖြစ်အောင် လုပ်ပေးမဲ့ အရာတွေပဲလို့ ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ မကြာခင်ကာလမှာပဲ စိန်ဖြစ်သွားပါလိမ့်မယ် လိုက်ပြီး ခံစား လောင်ကျွမ်း နေရင်တော့ မီးသွေးပဲ ဖြစ်သွားမှာပေါ့။ #crd #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙 #foryoupageシforyou #facebookreelsviral #fypシ #facebookviral #facebookpost #foryou #tiktok #tiktokviral #tiktoknews #fypシ #foryoupageシforyou #4m #fypシ゚viralシ
    Like
    Care
    2
    · 0 Comments ·0 Shares ·159 Views
  • တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
    ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...

    တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
    ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...

    တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
    ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...

    တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
    သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...

    အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
    ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...

    အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
    ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...

    ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...

    အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
    သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
    ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်...

    #Credit_to_the_Original_Uploader
    #စာပေဗဟုသုတများ
    #စာပေချစ်သူ
    #မေတ္တာဖြင့်
    #crd_to_owner_with_respectcrd
    တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်... တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ... တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော... တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင် သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး... အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး... အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး... ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ... အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... #Credit_to_the_Original_Uploader #စာပေဗဟုသုတများ #စာပေချစ်သူ #မေတ္တာဖြင့် #crd_to_owner_with_respectcrd
    Like
    3
    · 0 Comments ·0 Shares ·170 Views
  • ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေ:ခြင်း အကျိုးများဖတ်ချိန်တမိနစ်

    ၁။ တစ်နေကုန် အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။

    ၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်းသွားကြိတ်ခြင်း၊ လျှာဝါးခြင်းသွားရည်ကျခြင်းများ သက်သာ စေသည်။

    ၃။ ရင်ညွှန့်သို့ တက်သောလေ/ ဘဝင်သို့တက်သောလေ/ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။

    ၄။ ခြေထောက်ကို သန့်စင်စွာ ဆေ:ပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများ မက်ခြင်းမှ သ.က်သာစေနိုင်သည်။

    ၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သ.က်သာစေသည်။

    ၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း မျက်စိဖွင့်မကောင်းခြင်းမှ သ.က်သာစေသည်။

    ၇။ ခန္ဓာကိုယ် အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သ.က်သာစေသည်။

    ၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကို*က်ခြင်းများမှ သ.က်သာစေသည်။

    ၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သ.က်သာစေသည်။

    ၁၀။ ဆံပင်ဖြူခြင်းကို သ.က်သာစေသည်။

    ၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

    ၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သ.က်သာစေနိုင်သည်။

    မိမိပြုသောကံမိမိထံပြန်လာမည်
    မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
    နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ
    ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
    #crd_to_owner_with_respect
    #မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
    #ကျန်းမာပျော်ရွှင်ကြပါစေ
    ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေ:ခြင်း အကျိုးများဖတ်ချိန်တမိနစ် ၁။ တစ်နေကုန် အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။ ၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်းသွားကြိတ်ခြင်း၊ လျှာဝါးခြင်းသွားရည်ကျခြင်းများ သက်သာ စေသည်။ ၃။ ရင်ညွှန့်သို့ တက်သောလေ/ ဘဝင်သို့တက်သောလေ/ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။ ၄။ ခြေထောက်ကို သန့်စင်စွာ ဆေ:ပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများ မက်ခြင်းမှ သ.က်သာစေနိုင်သည်။ ၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သ.က်သာစေသည်။ ၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း မျက်စိဖွင့်မကောင်းခြင်းမှ သ.က်သာစေသည်။ ၇။ ခန္ဓာကိုယ် အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သ.က်သာစေသည်။ ၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကို*က်ခြင်းများမှ သ.က်သာစေသည်။ ၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သ.က်သာစေသည်။ ၁၀။ ဆံပင်ဖြူခြင်းကို သ.က်သာစေသည်။ ၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။ ၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သ.က်သာစေနိုင်သည်။ မိမိပြုသောကံမိမိထံပြန်လာမည် မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ် နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည် #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည် #ကျန်းမာပျော်ရွှင်ကြပါစေ
    Like
    2
    · 0 Comments ·0 Shares ·130 Views
  • နားလည်မှု
    °°°°°°°°°°°°°°°°°°

    နားလည်မှု ဆိုတဲ့ စကားလုံးက
    အရမ်းကို လေးနက်လွန်းပါတယ်

    လောကမှာ
    ချစ်စရာအကောင်းဆုံးလူက
    ရုပ်အချောဆုံးလူ မဟုတ်ပါဘူး

    နားလည်မှုမြင့်မားတဲ့ လူသည်သာ
    လောကမှာ
    ချစ်စရာ အကောင်းဆုံးလူပါ

    ဘာဖြစ်လို့လဲဆိုတော့
    နားလည်မှုရှိတဲ့သူက
    အရာရာကို ဖြည့်တွေးပေးပြီး
    ခွင့်လွှတ်ပေးတတ်တဲ့လို့ပါ

    တစ်ယောက်နဲ့တစ်ယောက်
    အမှားအယွင်း ရှိခဲ့ရင်တောင်
    ထောက်ထား ညှာတာစရာတွေကို
    ပြန်ကြည့်ပြီး ဖြည့်တွေးပေးတက်ကြသူတွေပါ

    အချစ်ဆိုတဲ့ အရာကို
    နားလည်မှုမထည့်ပေးရင်
    အချိန်မရွေး ပြိုကျသွားစေတတ်သလို

    အချစ်မပါလည်း
    အပြန်အလှန် နားလည်မှုရှိရင်
    ကြာလာတဲ့အခါ
    ခိုင်မာတဲ့သံယောဇဉ်ကြိုးကို
    မွေးထုတ်ပေးနိုင်ပါတယ်။

    ဒါကြောင့်
    ကိုယ်က ဒီလူတစ်ယောက်နဲ့
    ပက်သက်ရတော့မယ်ဆိုရင်
    သူ့ဖက်က ဘယ်လိုပဲဖြစ်ဖြစ်
    ကိုယ့်ဖက်က တက်နိုင်သလောက်
    နားလည်မှုရှိပေးဖို့ လိုအပ်ပါတယ်....

    မူရင်းရေးသားသူအား လေးစားစွာဖြင့်
    #Crd
    26.4.2025
    R
    နားလည်မှု °°°°°°°°°°°°°°°°°° 🌸နားလည်မှု ဆိုတဲ့ စကားလုံးက အရမ်းကို လေးနက်လွန်းပါတယ်🍂 🌸လောကမှာ ချစ်စရာအကောင်းဆုံးလူက ရုပ်အချောဆုံးလူ မဟုတ်ပါဘူး🍂 🌸နားလည်မှုမြင့်မားတဲ့ လူသည်သာ လောကမှာ ချစ်စရာ အကောင်းဆုံးလူပါ🍂 🌸ဘာဖြစ်လို့လဲဆိုတော့ နားလည်မှုရှိတဲ့သူက အရာရာကို ဖြည့်တွေးပေးပြီး ခွင့်လွှတ်ပေးတတ်တဲ့လို့ပါ🍂 🌸တစ်ယောက်နဲ့တစ်ယောက် အမှားအယွင်း ရှိခဲ့ရင်တောင် ထောက်ထား ညှာတာစရာတွေကို ပြန်ကြည့်ပြီး ဖြည့်တွေးပေးတက်ကြသူတွေပါ🍂 🌸အချစ်ဆိုတဲ့ အရာကို နားလည်မှုမထည့်ပေးရင် အချိန်မရွေး ပြိုကျသွားစေတတ်သလို 🍂 🌸အချစ်မပါလည်း အပြန်အလှန် နားလည်မှုရှိရင် ကြာလာတဲ့အခါ ခိုင်မာတဲ့သံယောဇဉ်ကြိုးကို မွေးထုတ်ပေးနိုင်ပါတယ်။🍂 🌸ဒါကြောင့် ကိုယ်က ဒီလူတစ်ယောက်နဲ့ ပက်သက်ရတော့မယ်ဆိုရင် သူ့ဖက်က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဖက်က တက်နိုင်သလောက် နားလည်မှုရှိပေးဖို့ လိုအပ်ပါတယ်....🍂 🌿မူရင်းရေးသားသူအား လေးစားစွာဖြင့်🌿 #Crd🌿 🌹26.4.2025🌹 🌹R🌹
    Like
    1
    · 0 Comments ·0 Shares ·97 Views
  • နေရာ ရဖို့ထက် စေတနာလှဖို့က အဓိကပါ ။

    ကိုယ့်စေတနာသာမှန်ရင်
    ကိုယ်နှင့်တန်တဲ့နေရာ ရှိနေမှာပါ ။

    အကောင်းရဖို့ဆိုရင်
    အကြောင်းလှဖို့လည်း လိုတယ်လေ ။

    နည်းနည်းလေးလုပ်ပြီးမှ များများတော့ လိုချင်လို့ မရပါဘူး။
    ကိုယ်နှင့်တန်သလောက်ပဲ ရမှာပါ ။

    အဖိုးတန်တဲ့ အရာတွေဆိုတာ
    အကြံဖန်တွေနဲ့ လုံး၀ မရနိုင်ပါဘူး ။

    အမှန်ကန်တွေ လုပ်ထားမှ ကိုယ်ရဖို့ သေချာနိုင်ပါတယ် ။

    တစ်ချို့က မမှန်ကန်တဲ့နည်းနှင့် နေရာတွေ ရနေတတ်ကြတယ် ။

    လက်တွေ့ဘဝတော့ခဏလေး ဟန်ကျပေမယ့်လည်း

    သံသရာဘ၀မှာတော့ နလန်မထနိုင်အောင် ခံစားရမှာပါ ။

    သူများ မိုးခါးရေသောက်တိုင်း
    ကိုယ်လိုက် မသောက်မိပါစေနဲ့ ။
    မိမိစိတ်ထား ဖြူ စင်ဖို့ပဲ ကြိုးစားပါ ။

    #crd_to_owner_with_respect #hightlights #ဘ၀လမ်းညွှန် #မေတ္တာဖြင့်စာပေမျှဝေသူ #credit
    #crd
    နေရာ ရဖို့ထက် စေတနာလှဖို့က အဓိကပါ ။ ကိုယ့်စေတနာသာမှန်ရင် ကိုယ်နှင့်တန်တဲ့နေရာ ရှိနေမှာပါ ။ အကောင်းရဖို့ဆိုရင် အကြောင်းလှဖို့လည်း လိုတယ်လေ ။ နည်းနည်းလေးလုပ်ပြီးမှ များများတော့ လိုချင်လို့ မရပါဘူး။ ကိုယ်နှင့်တန်သလောက်ပဲ ရမှာပါ ။ အဖိုးတန်တဲ့ အရာတွေဆိုတာ အကြံဖန်တွေနဲ့ လုံး၀ မရနိုင်ပါဘူး ။ အမှန်ကန်တွေ လုပ်ထားမှ ကိုယ်ရဖို့ သေချာနိုင်ပါတယ် ။ တစ်ချို့က မမှန်ကန်တဲ့နည်းနှင့် နေရာတွေ ရနေတတ်ကြတယ် ။ လက်တွေ့ဘဝတော့ခဏလေး ဟန်ကျပေမယ့်လည်း သံသရာဘ၀မှာတော့ နလန်မထနိုင်အောင် ခံစားရမှာပါ ။ သူများ မိုးခါးရေသောက်တိုင်း ကိုယ်လိုက် မသောက်မိပါစေနဲ့ ။ မိမိစိတ်ထား ဖြူ စင်ဖို့ပဲ ကြိုးစားပါ ။ #crd_to_owner_with_respect #hightlights #ဘ၀လမ်းညွှန် #မေတ္တာဖြင့်စာပေမျှဝေသူ #credit #crd
    Care
    1
    · 0 Comments ·0 Shares ·84 Views
  • "အိမ်"
    ငယ်ငယ်တုန်းက
    အိမ်ဆိုတာ အမေ
    အမေဆိုတာ အိမ်ပဲလို့ထင်တယ်။

    အမေ မရှိရင်
    အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။
    အိမ်ပြန်မယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကိုရှာတာပဲ။

    အမေ ဘယ်မှာလဲ....
    အမေရှိတဲ့အရပ်က အိမ်ပေါ့။
    အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။

    ကြီးလာတော့လည်း
    အမေဆိုတာ အိမ်
    အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။
    အမေ မရှိရင် အိမ်မရှိဘူး။

    အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကို လွမ်းတာပါ။

    အိမ်ထဲဝင်တာနဲ့
    "အမေ" လို့ အရင်ခေါ်တာပါပဲ။

    အမေကို မတွေ့ရင်
    အမေကိုရှာတယ်။
    အမေကိုတွေ့မှ
    အော်.. အိမ် ပြန်ရောက်တယ်။

    အင်း.... ဘာဖြစ်လို့
    လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ
    အိမ်ပြန်ချင်ကြပါလိမ့်၊
    အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊
    အမေ့ကို အရင်သတိရကြပါလိမ့်၊
    ဘာမှမတတ်နိုင်တဲ့အခါ
    "အမေ"လို့ တကြပါလိမ့်...

    တစ်သက်ရှိခဲ့ပါပြီ...
    တမ်းတရင်း လွမ်းဆွတ်ရင်း
    ဘယ်နေရာမှာ
    လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့
    တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။

    ကျနော် အကျယ်ကြီး ပြောပါရစေ...

    အေမ

    အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ
    ကျွန်တော်တစ်သက်တာအတွက်
    အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ...

    #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    "အိမ်" ငယ်ငယ်တုန်းက အိမ်ဆိုတာ အမေ အမေဆိုတာ အိမ်ပဲလို့ထင်တယ်။ အမေ မရှိရင် အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။ အိမ်ပြန်မယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကိုရှာတာပဲ။ အမေ ဘယ်မှာလဲ.... အမေရှိတဲ့အရပ်က အိမ်ပေါ့။ အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။ ကြီးလာတော့လည်း အမေဆိုတာ အိမ် အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။ အမေ မရှိရင် အိမ်မရှိဘူး။ အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကို လွမ်းတာပါ။ အိမ်ထဲဝင်တာနဲ့ "အမေ" လို့ အရင်ခေါ်တာပါပဲ။ အမေကို မတွေ့ရင် အမေကိုရှာတယ်။ အမေကိုတွေ့မှ အော်.. အိမ် ပြန်ရောက်တယ်။ အင်း.... ဘာဖြစ်လို့ လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ အိမ်ပြန်ချင်ကြပါလိမ့်၊ အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊ အမေ့ကို အရင်သတိရကြပါလိမ့်၊ ဘာမှမတတ်နိုင်တဲ့အခါ "အမေ"လို့ တကြပါလိမ့်... တစ်သက်ရှိခဲ့ပါပြီ... တမ်းတရင်း လွမ်းဆွတ်ရင်း ဘယ်နေရာမှာ လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့ တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။ ကျနော် အကျယ်ကြီး ပြောပါရစေ... အေမ အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ ကျွန်တော်တစ်သက်တာအတွက် အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ... #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    Care
    1
    · 0 Comments ·0 Shares ·77 Views
  • ပြုပြင်တတ်တဲ့သူနဲ့
    အမှန်ကိုဝန်ခံရဲတဲ့သူရှိရင်
    အမှားဆိုတာဟာ
    ခွင့်လွှတ်ပေးဖို့ကောင်းတဲ့အရာပဲ။

    အမှန်ကိုမပြုပြင်ဘူး
    အမှားကိုလိမ်ညာဖုံးကွယ်တဲ့သူဆိုရင်တော့
    စွန့်လွတ်ခြင်းဟာ
    အကောင်းဆုံးနည်းလမ်းပဲ။

    ပေးသင့်တဲ့အခွင့်အရေးတွေပေးလိုက်ပါ
    သည်းခံသင့်တဲ့အတိုင်းအတာအထိ
    သည်းခံပေးလိုက်ပါ။

    မပြောင်းလဲလာဘူး
    မပြုပြင်လာဘူးဆိုရင်တော့
    ဝေးဝေးနေလိုက်တာဟာ
    အကောင်းဆုံးပါပဲ။

    #crd_to_owner_with_respect
    ပြုပြင်တတ်တဲ့သူနဲ့ အမှန်ကိုဝန်ခံရဲတဲ့သူရှိရင် အမှားဆိုတာဟာ ခွင့်လွှတ်ပေးဖို့ကောင်းတဲ့အရာပဲ။ အမှန်ကိုမပြုပြင်ဘူး အမှားကိုလိမ်ညာဖုံးကွယ်တဲ့သူဆိုရင်တော့ စွန့်လွတ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းပဲ။ ပေးသင့်တဲ့အခွင့်အရေးတွေပေးလိုက်ပါ သည်းခံသင့်တဲ့အတိုင်းအတာအထိ သည်းခံပေးလိုက်ပါ။ မပြောင်းလဲလာဘူး မပြုပြင်လာဘူးဆိုရင်တော့ ဝေးဝေးနေလိုက်တာဟာ အကောင်းဆုံးပါပဲ။ #crd_to_owner_with_respect
    Love
    Care
    3
    · 0 Comments ·0 Shares ·51 Views
  • တစ်ဖတ်ထဲ လှရုံနဲ့ မရဘူး
    ဖိနပ်က နှစ်ဖက်ရှိမှ ခရီးရောက်တာ
    ယုံကြည်မှုဆိုတာလဲ အဲ့လိုဘဲ
    တစ်ယောက်တည်း ရှိယုံနဲ့မရဘူး
    သူ့ဘက် ကိုယ့်ဘက်ရှိမှ
    အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
    ယုံကြည်မှုဆိုတာ
    ပျတ်စီးသွားပြီဆိုတဲ့အခါ
    ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
    ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး
    ဒါကြောင့်
    ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို
    ကွယ်ရာမှာ အတင်းပြန်မပြောရဘူး
    ယုံကြည်လို့
    ချေးငှားလိုက်တဲ့ ပိုတ်ဆံကို
    မတောင်းခင်ကတည်းက
    အလိုက်တသိ ပြန်ပေးရတယ်
    ယုံကြည်လို့
    ကူညီပေးလိုက်တာကို
    ဘယ်တော့မှ ကျေးဇူးမကန်းရဘူး
    ယုံကြည်လို့
    ပေးထားတဲ့ မေတ္တာကို
    တန်ဖိုးမထား မလေးမစားမလုပ်ရဘူး
    ယုံကြည်လို့
    တွဲထားတဲ့ လက်တွေကို
    နာကျင်ဒဏ်ရာတွေ မပေးရဘူး
    ယုံကြည်လို့ပေးထားတဲ့
    အခွင့်အရေးကို
    ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး
    အဲ့ဒီယုံကြည်မှုထဲမှာ
    ချစ်ခြင်းမေတ္တာတွေပါတယ်
    ကိုယ်ချင်းစာတရားတွေပါတယ်
    သံယောဇဉ်တွေပါတယ်
    ဒါကြောင့် ယုံကြည်မှုကို
    လွယ်လွယ်နဲ့ မဖျတ်စီးသင့်ဘူး
    တကယ်လို့
    ယုံကြည်မှုကို ဖျတ်စီးလိုက်တဲ့အခါ
    တကယ်နစ်နာဆုံးရှုံးသွားတာက
    ကိုယ်ဖြစ်နေတတ်တယ်
    ဒီလိုဘဲ
    ဘဝမှာ
    ကိုယ့်ရဲ့ယုံကြည်မူ့ကို
    အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှ်ိတယ်
    ဒါပေမယ့်
    တကယ် ဝမ်းမနည်းပါဘူး
    စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်
    အဲ့ဒါက ဘာလဲဆိုတော့
    အရင်လို စေတနာတွေ အကူအညီတွေ
    ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့
    ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ
    ယုံကြည်မှုကို တန်ဖိုးထားပါ
    တစ်ချို့အရာတွေက
    ပြန်လိုချင်ရင်တောင်မှ
    ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ...

    လေးစားစွာဖြင့်
    #crd
    #crd_to_owner_with_respectcrd
    တစ်ဖတ်ထဲ လှရုံနဲ့ မရဘူး ဖိနပ်က နှစ်ဖက်ရှိမှ ခရီးရောက်တာ ယုံကြည်မှုဆိုတာလဲ အဲ့လိုဘဲ တစ်ယောက်တည်း ရှိယုံနဲ့မရဘူး သူ့ဘက် ကိုယ့်ဘက်ရှိမှ အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ ယုံကြည်မှုဆိုတာ ပျတ်စီးသွားပြီဆိုတဲ့အခါ ဘယ်လိုပြန်တည်ဆောက် တည်ဆောက် ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး ဒါကြောင့် ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို ကွယ်ရာမှာ အတင်းပြန်မပြောရဘူး ယုံကြည်လို့ ချေးငှားလိုက်တဲ့ ပိုတ်ဆံကို မတောင်းခင်ကတည်းက အလိုက်တသိ ပြန်ပေးရတယ် ယုံကြည်လို့ ကူညီပေးလိုက်တာကို ဘယ်တော့မှ ကျေးဇူးမကန်းရဘူး ယုံကြည်လို့ ပေးထားတဲ့ မေတ္တာကို တန်ဖိုးမထား မလေးမစားမလုပ်ရဘူး ယုံကြည်လို့ တွဲထားတဲ့ လက်တွေကို နာကျင်ဒဏ်ရာတွေ မပေးရဘူး ယုံကြည်လို့ပေးထားတဲ့ အခွင့်အရေးကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး အဲ့ဒီယုံကြည်မှုထဲမှာ ချစ်ခြင်းမေတ္တာတွေပါတယ် ကိုယ်ချင်းစာတရားတွေပါတယ် သံယောဇဉ်တွေပါတယ် ဒါကြောင့် ယုံကြည်မှုကို လွယ်လွယ်နဲ့ မဖျတ်စီးသင့်ဘူး တကယ်လို့ ယုံကြည်မှုကို ဖျတ်စီးလိုက်တဲ့အခါ တကယ်နစ်နာဆုံးရှုံးသွားတာက ကိုယ်ဖြစ်နေတတ်တယ် ဒီလိုဘဲ ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှ်ိတယ် ဒါပေမယ့် တကယ် ဝမ်းမနည်းပါဘူး စိတ်မကောင်းတာ တစ်ခုတော့ရှိတယ် အဲ့ဒါက ဘာလဲဆိုတော့ အရင်လို စေတနာတွေ အကူအညီတွေ ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့ ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ယုံကြည်မှုကို တန်ဖိုးထားပါ တစ်ချို့အရာတွေက ပြန်လိုချင်ရင်တောင်မှ ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ... လေးစားစွာဖြင့် #crd #crd_to_owner_with_respectcrd
    Like
    1
    · 0 Comments ·0 Shares ·101 Views
  • ..အမှန်တွေ့လောကမှာအဲလို့မျိုးက ခပ်များများ......"မဖိနှိမ့်ပါနဲ့"
    ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို
    ခွေးကြောက်တယ်ထင်ပြီး
    ရှူးတိုက်ချင်သေးတယ်။

    လည်မျိုတက်နင်းလို့ လျှာထွက်နေတာကို
    မျက်နှာပြောင်တယ်ထင်ပြီး
    ပါးရိုက်ချင်သေးတယ်။

    ကြိုးစားနေချိန်မို့ သည်းခံနေတာကို
    ကြောက်တတ်တယ်ထင်ပြီး
    ဗိုလ်ကျချင်သေးတယ်။

    အားနာလို့ လိုက်ရောတာကို
    အ,တယ်ထင်ပြီး
    အနိုင်ကျင့်ချင်သေးတယ်။

    ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို
    သတ္တိမရှိဘူးထင်ပြီး
    မိုက်ကြေးခွဲချင်သေးတယ်။

    နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို
    အဆင့်မရှိဘူး ထင်ပြီး
    မောက်မာချင်သေးတယ်။

    လူတစ်ချို့က
    ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊
    ငါ သူ့ကိုပိုင်တယ်၊
    ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊
    ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး
    အပေါ်စီးက အမြဲနေချင်ကြတယ်။

    တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ
    ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင်
    ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက
    အင်မတန် ပြင်းထန်လာလိမ့်မယ်။
    အဲ့အချိန်ကျရင် သတိထားပေတော့
    တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့ သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့။

    #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    #လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
    #crd_to_owner_with_respect
    #CRD
    Pointရှာတဲ့post
    ..အမှန်တွေ့လောကမှာအဲလို့မျိုးက ခပ်များများ......"မဖိနှိမ့်ပါနဲ့" ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို ခွေးကြောက်တယ်ထင်ပြီး ရှူးတိုက်ချင်သေးတယ်။ လည်မျိုတက်နင်းလို့ လျှာထွက်နေတာကို မျက်နှာပြောင်တယ်ထင်ပြီး ပါးရိုက်ချင်သေးတယ်။ ကြိုးစားနေချိန်မို့ သည်းခံနေတာကို ကြောက်တတ်တယ်ထင်ပြီး ဗိုလ်ကျချင်သေးတယ်။ အားနာလို့ လိုက်ရောတာကို အ,တယ်ထင်ပြီး အနိုင်ကျင့်ချင်သေးတယ်။ ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို သတ္တိမရှိဘူးထင်ပြီး မိုက်ကြေးခွဲချင်သေးတယ်။ နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို အဆင့်မရှိဘူး ထင်ပြီး မောက်မာချင်သေးတယ်။ လူတစ်ချို့က ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊ ငါ သူ့ကိုပိုင်တယ်၊ ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊ ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး အပေါ်စီးက အမြဲနေချင်ကြတယ်။ တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင် ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက အင်မတန် ပြင်းထန်လာလိမ့်မယ်။ အဲ့အချိန်ကျရင် သတိထားပေတော့ တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့ သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့။ #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည် #လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည် #crd_to_owner_with_respect #CRD Pointရှာတဲ့post
    Care
    1
    · 0 Comments ·0 Shares ·124 Views
  • သကြား မှတ်လို့ ... ကိုယ်ကြိုက်တဲ့
    ကော်ဖီထဲ ထည့်ခဲ့တာ ...

    ဆား မှန်း သိပြီးမှတော့ ... ကြိတ်မှိတ်
    မြိုချနေမဲ့အစား ... သွန်ပစ်လိုက်တာ
    ပိုကောင်းပါတယ် ...

    ကော်ဖီ ... အသစ်တစ်ခွက် ...
    ထပ်သောက်မယ် ..

    ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း
    ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် ....

    မသင်ယူတတ်ခဲ့တုန်းကတော့ ....
    ဒဏ်ရာ လို့ထင်တယ်

    သင်ယူတတ်သွားတော့ ...
    သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ...

    သကြားယောင်ဆောင်သော ... ဆားတွေနဲ့ ...
    ဝေးပါစေ !

    #crdphoto #crd_to_owner_with_respect #wwa #htwehtweပုဂံမြေစာပေချစ်သူ #w2a #htwehtweblog #wl #HTHT #WWA #HT #W2A #HtweHtwe #WL #htwehtwevlog
    သကြား မှတ်လို့ ... ကိုယ်ကြိုက်တဲ့ ကော်ဖီထဲ ထည့်ခဲ့တာ ... ဆား မှန်း သိပြီးမှတော့ ... ကြိတ်မှိတ် မြိုချနေမဲ့အစား ... သွန်ပစ်လိုက်တာ ပိုကောင်းပါတယ် ... ကော်ဖီ ... အသစ်တစ်ခွက် ... ထပ်သောက်မယ် .. ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် .... မသင်ယူတတ်ခဲ့တုန်းကတော့ .... ဒဏ်ရာ လို့ထင်တယ် သင်ယူတတ်သွားတော့ ... သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ... သကြားယောင်ဆောင်သော ... ဆားတွေနဲ့ ... ဝေးပါစေ ! #crdphoto #crd_to_owner_with_respect #wwa #htwehtweပုဂံမြေစာပေချစ်သူ #w2a #htwehtweblog #wl #HTHT #WWA #HT #W2A #HtweHtwe #WL #htwehtwevlog
    Like
    Care
    2
    · 0 Comments ·0 Shares ·168 Views
More Results