• "ဆင်တုံးမနွယ်" ကျန်းမာရေးလိုက်စားတဲ့ သူများအတွက် အသက်ရှည်ဆေး!
    လူတော်တော်များများ လျစ်လျူရှုထားတဲ့ ခါးသက်တဲ့ ဆေးဖက်ဝင်အပင်။ ဒါပေမဲ့... ဆေးဘက်ဝင်အာနိသင်ကတော့ နံပါတ်တစ်ပါပဲ!

    ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသည်။
    သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။
    အပူအပုပ်ကျစေသည်၊ ရေငတ်ပြေစေသည်။
    ခန္ဓာကိုယ်ကို အားဖြည့်ပေးသည်၊
    စွမ်းအင်ပြန်လည်ပြည့်ဖြိုးစေသည်။
    အေးတဲ့သတ္တိရှိလို့ အစာစားချင်စိတ်ကို တိုးစေသည်။
    "ခါးသက်သက် အာနိသင်ကြောင့်" အသက်အရွယ်ကို
    ထိန်းသိမ်းပေးနိုင်ပြီး ရောဂါများကို တိုက်ထုတ်နိုင်သည်ဟု
    ယုံကြည်ကြသည်!

    ဆင်တုံးမနွယ် စိမ်နည်း (ပြုလုပ်ရလွယ်ကူပြီး အကျိုးကျေးဇူးများ)
    ၁။ ဆင်တုံးမနွယ်ကို အကွင်းလိုက် ပါးပါးလှီးပါ။
    ၂။ နေလှန်းပြီး ၂ ရက်ကြာ အတော်အသင့် ခြောက်သွေ့အောင်ထားပါ။
    ၃။ ဖန်အိုးထဲသို့ ထည့်ကာ ၄၀ ဒီဂရီရှိတဲ့ အရက်ဖြူ ဒါမှမဟုတ် ပျားရည်စစ်စစ် / သကြားခဲ တို့ဖြင့် ဖြည့်ပါ။
    ၄။ ၇ ရက်ခန့် စိမ်ထားပါ။

    သောက်သုံးနည်း...
    မနက်–ည အစာမစားမီ လက်ဖက်ရည်ဇွန်း ၁–၂ ဇွန်း တစ်နေ့ ၂ ကြိမ် သောက်ပါ။
    အရည်ကုန်သွားပါက ပြန်ဖြည့်ပြီး ဆက်လက်စိမ်ထားကာ သောက်သုံးနိုင်ပါတယ်။
    ပုံမှန်သောက်သုံးပါက ကျန်းမာရေးကောင်းမွန်လာမည်မှာ သေချာပါသည်။

    အားလုံးကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    #crd_to_owner_with_respect
    #ShweKhitMedia
    "ဆင်တုံးမနွယ်" ကျန်းမာရေးလိုက်စားတဲ့ သူများအတွက် အသက်ရှည်ဆေး! လူတော်တော်များများ လျစ်လျူရှုထားတဲ့ ခါးသက်တဲ့ ဆေးဖက်ဝင်အပင်။ ဒါပေမဲ့... ဆေးဘက်ဝင်အာနိသင်ကတော့ နံပါတ်တစ်ပါပဲ! ✅ ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသည်။ ✅ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။ ✅ အပူအပုပ်ကျစေသည်၊ ရေငတ်ပြေစေသည်။ ✅ ခန္ဓာကိုယ်ကို အားဖြည့်ပေးသည်၊ စွမ်းအင်ပြန်လည်ပြည့်ဖြိုးစေသည်။ ✅ အေးတဲ့သတ္တိရှိလို့ အစာစားချင်စိတ်ကို တိုးစေသည်။ ✅ "ခါးသက်သက် အာနိသင်ကြောင့်" အသက်အရွယ်ကို ထိန်းသိမ်းပေးနိုင်ပြီး ရောဂါများကို တိုက်ထုတ်နိုင်သည်ဟု ယုံကြည်ကြသည်! 📌 ဆင်တုံးမနွယ် စိမ်နည်း (ပြုလုပ်ရလွယ်ကူပြီး အကျိုးကျေးဇူးများ) ၁။ ဆင်တုံးမနွယ်ကို အကွင်းလိုက် ပါးပါးလှီးပါ။ ၂။ နေလှန်းပြီး ၂ ရက်ကြာ အတော်အသင့် ခြောက်သွေ့အောင်ထားပါ။ ၃။ ဖန်အိုးထဲသို့ ထည့်ကာ ၄၀ ဒီဂရီရှိတဲ့ အရက်ဖြူ ဒါမှမဟုတ် ပျားရည်စစ်စစ် / သကြားခဲ တို့ဖြင့် ဖြည့်ပါ။ ၄။ ၇ ရက်ခန့် စိမ်ထားပါ။ 📌 သောက်သုံးနည်း... 🕘 မနက်–ည အစာမစားမီ လက်ဖက်ရည်ဇွန်း ၁–၂ ဇွန်း တစ်နေ့ ၂ ကြိမ် သောက်ပါ။ အရည်ကုန်သွားပါက ပြန်ဖြည့်ပြီး ဆက်လက်စိမ်ထားကာ သောက်သုံးနိုင်ပါတယ်။ ပုံမှန်သောက်သုံးပါက ကျန်းမာရေးကောင်းမွန်လာမည်မှာ သေချာပါသည်။ အားလုံးကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 #crd_to_owner_with_respect #ShweKhitMedia
    Love
    Care
    2
    · 2 Comments ·0 Shares ·92 Views
  • " သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့ "

    ခရမ်းချဉ်သီး ပွဲစားတစ်ယောက်
    ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။

    ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။

    ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။

    သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။

    ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။

    ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။

    ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။

    အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။

    စစ်မှန်တဲ့ အောင်မြင်မှု့ဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။

    ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။

    အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။

    ပျာယာမခပ်ဖို့ လောဘမကြီးဖို့
    ဆန္ဒတွေ မစောဖို့တော့ လိုပါတယ်

    credit to own writer
    " သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့ " ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။ ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။ သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။ ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။ ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။ ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။ အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။ စစ်မှန်တဲ့ အောင်မြင်မှု့ဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။ ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။ အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။ ပျာယာမခပ်ဖို့ လောဘမကြီးဖို့ ဆန္ဒတွေ မစောဖို့တော့ လိုပါတယ် credit to own writer
    Care
    1
    · 1 Comments ·0 Shares ·92 Views
  • တကယ်လုပ်လို့ တကယ်မပျောက်ရင်....
    ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။

    ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို
    စေတနာမှန်း မသိနိုင်တဲ့အထိ ...
    သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး
    ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။

    တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့...
    ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့
    လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး
    ပြောပြတာကိုတောင် ...
    ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။

    ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။
    ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ
    ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို...

    အပေါ်မှာပြောခဲ့သလို...
    ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ...
    ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်...
    မလုပ်ပါနဲ့ မောင်လင်းရာ ....
    အလကားနေ အလကား သေသွားမှဖြင့် ..
    သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ...
    လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ...
    ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့....

    အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့...
    ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ...
    ဟုတ်ပါပြီ ငါ့ အမရယ်...
    ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။
    အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။

    သည်းချေ ကျောက်တည်တဲ့ဝေဒနာက
    အတော်ခံစားရခက်ပါတယ်ဗျ။
    တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး..
    အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။

    အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့...
    ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။
    ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ
    ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး...
    သူ့အမျိုးသားက လာမေးတာကြောင့်...
    ရှိပါတယ်။

    သည်းချေ မှာ ကျောက်တည်သော်၎င်း
    ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း
    ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း...
    တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။
    လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး
    ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။
    ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။
    ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်...
    ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။
    ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး..
    ရှင်းပြလိုက်တာ...

    ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့...
    မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်...
    တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ...

    ကဲ ....
    မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး...
    ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..?
    သက်သာပျောက်ကင်းမယ်လို့ရော..
    ယုံကြည်ပါသလား...

    အမစန်းစန်းမြင့်ကတော့....
    ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည်
    ဝယ်ပြီး အိမ်အထိ လာပို့သွားသလို...
    ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း
    ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့
    ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။

    ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။

    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)
    #crd_to_owner_with_respect
    #alinthitmedia
    တကယ်လုပ်လို့ တကယ်မပျောက်ရင်.... ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့ တဲ့။ ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို စေတနာမှန်း မသိနိုင်တဲ့အထိ ... သူတို့ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိတယ်။ ။ တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့... ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့ လုပ်ကြည့်ပါလား ကုကြည့်ပါလားဆိုပြီး ပြောပြတာကိုတောင် ... ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။ ကျနော့်အတွက်ကတော့ ရိုးနေပါပြီ။ ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ....ဒီခေတ်ကြီးထဲ ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို... အပေါ်မှာပြောခဲ့သလို... ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ဝေဒနာအကြောင်း ပြောနေလို့ ... ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်... မလုပ်ပါနဲ့ မောင်လင်းရာ .... အလကားနေ အလကား သေသွားမှဖြင့် .. သုတေသန ပြုထားတာ မရှိပဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ... လူကိုယ်ပဲ အထင်သေးတာမဟုတ်ဘူးပဲ... ပညာကိုပါ အစော်ကားခံခဲ့ရဘူးတာမို့.... အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့... ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ... ဟုတ်ပါပြီ ငါ့ အမရယ်... ကျနော်ပြောသလိုသာ သေခြာလုပ်ပါ။ အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေခြာပေါက် ပြုတ်ကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။ သည်းချေ ကျောက်တည်တဲ့ဝေဒနာက အတော်ခံစားရခက်ပါတယ်ဗျ။ တချို့ဆို ၃ -၄-၅ လုံးလောက်အထိ ရှိနေတတ်ပြီး.. အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။ အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေခြာကို သိခွင့်ရတာဖြစ်လို့... ပြီးတော့ လေဆာနဲ့လည်းမပစ်ချင်ဘူး(ငွေကုန်မှာကြောက်လို့) ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။ ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး... သူ့အမျိုးသားက လာမေးတာကြောင့်... ရှိပါတယ်။ သည်းချေ မှာ ကျောက်တည်သော်၎င်း ဆီအိမ်နဲ့ ဆီးလမ်းကြောင်းမှာကျောက်တည်လျင်သော်၎င်း ကျောက်ကပ်မှာ ကျောက်တည်လျင်သော်၎င်း... တောင်ဆီးဖြူ(တောဆီးဖြူ ၊မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူ။ လက်တဆုပ်ခန့်ကိုရေသေခြာဆေးပြီး ရေသင့်ရုံထည့်(တလီတာ) သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။ ရေကိုသေခြာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင်သောက်ပေးပါ။ ၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်... ကျောက်ကြေပြီး ကျောက်ကျ ပါတယ်။ ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး.. ရှင်းပြလိုက်တာ... ကျနော်ပြောတဲ့အတိုင်း သေခြာလုပ်မယ်တဲ့... မပျောက်လို့ကတော့ နောက်တခါ သူ့ရှေ့ရောက်ရင်... တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ... ကဲ .... မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး... ကျောက်တည်ခြင်း ဝေဒနာကို ကုသဘူးပါသလား..? သက်သာပျောက်ကင်းမယ်လို့ရော.. ယုံကြည်ပါသလား... အမစန်းစန်းမြင့်ကတော့.... ကျနော့်အတွက် အကျီ၂ထည်နဲ့ ပုဆိုး၂ထည် ဝယ်ပြီး အိမ်အထိ လာပို့သွားသလို... ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း ကျနော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့ ကျနော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။ ဗဟုသုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။ ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ) #crd_to_owner_with_respect #alinthitmedia
    Like
    Care
    2
    · 0 Comments ·0 Shares ·141 Views
  • အရိုးအစစ်ကိုသန်မာစေတယ်
    ခွန်းအားကိုတိုးစေတယ်
    မျက်စိကြည်စေတယ်
    သွေးသားကိုကောင်းစေတယ်လေ
    ငါးသားလေးချက်
    အရိုးအစစ်ကိုသန်မာစေတယ် ခွန်းအားကိုတိုးစေတယ် မျက်စိကြည်စေတယ် သွေးသားကိုကောင်းစေတယ်လေ ငါးသားလေးချက်
    Like
    Care
    2
    · 2 Comments ·0 Shares ·112 Views
  • ပျားရည်စစ်ရတယ
    ပျားရည်စစ်ရတယ
    Love
    Care
    2
    · 1 Comments ·0 Shares ·71 Views
  • အရင်က ဦးလေးဟာ မကြာခဏဆိုသလို ပင်ပန်းလွယ်တယ်၊ ခြေကုန်လက်ပန်းကျပြီး နုံးချိနေတာ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသည်းက ကောင်းကောင်း အလုပ်မလုပ်တာ၊ အသည်းအဆီဖုံးနေတာ ကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဦးလေးက မန်ကျည်းရွက်စိမ်း ရေနွေး ကို ပြုတ်သောက်ဖို့ ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။
    ဦးလေးက ပြုတ်သောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးသွားပြီး၊ လေပြေ၊ ဗိုက်ချောင်သွားတယ် လို့ ပြောပါတယ်။ အခုထိလည်း ရံဖန်ရံခါ ပြန်ပြုတ်သောက်နေတုန်းပဲတဲ့။
    "မန်ကျည်းရွက်စိမ်း" ရဲ့ အစွမ်းသတ္တိများ
    • သွေးသန့်တယ်: သွေးလည်ပတ်မှု ကောင်းစေတယ်။
    • လေခိုတာ ထုတ်တယ်: ဗိုက်ပွတာ၊ လေထိုးလေအောင့်တာကို သက်သာစေတယ်။
    • အဆိပ်အတောက်တွေ ဖယ်ရှားတယ်: အစာချေစနစ်ကို သန့်စင် ဆေးကြောပေးတယ်။
    • အအေးမိ၊ ချောင်းဆိုးတာပါ သက်သာစေနိုင်တယ်။
    ပြုလုပ်နည်း (အရမ်းလွယ်ကူပါတယ်)
    1. ပါဝင်ပစ္စည်း: မန်ကျည်းရွက်စိမ်း လက်တစ်ဆုပ်စာ ယူပါ။
    2. ပြုတ်ခြင်း: ရေ ၁ လီတာ (တစ်ပုလင်း) ထည့်ပြီး ၁၅ မိနစ်ခန့် ဆူအောင် ပြုတ်ပါ။
    3. သောက်သုံးပုံ: မနက်စာနဲ့ ညစာ စားပြီးတဲ့အခါ တစ်နေ့ ၂ ကြိမ်၊ နွေးနွေးလေး သောက်ပါ။
    4. ပုံမှန်သောက်သုံးမှု: ၃ ရက်မှ ၅ ရက် ဆက်တိုက် သောက်ပြီးရင် ၅ ရက် နား ပါ။ ပြီးမှ ပြန်လုပ်ပါ။
    ကိုယ့်ကိုယ်ကိုယ် လေးလံနေတယ်၊ မောပန်းနွမ်းနယ်နေတယ်၊ အားမရှိဘူး၊ ဒါမှမဟုတ် အသည်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ (မျက်လုံးဝါတာ၊ အသားဝါတာ) ရှိတယ်ဆိုရင်တော့ ဒီသဘာဝနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်နော်!

    #alinthitmedia
    အရင်က ဦးလေးဟာ မကြာခဏဆိုသလို ပင်ပန်းလွယ်တယ်၊ ခြေကုန်လက်ပန်းကျပြီး နုံးချိနေတာ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသည်းက ကောင်းကောင်း အလုပ်မလုပ်တာ၊ အသည်းအဆီဖုံးနေတာ ကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဦးလေးက မန်ကျည်းရွက်စိမ်း ရေနွေး ကို ပြုတ်သောက်ဖို့ ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။ ဦးလေးက ပြုတ်သောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးသွားပြီး၊ လေပြေ၊ ဗိုက်ချောင်သွားတယ် လို့ ပြောပါတယ်။ အခုထိလည်း ရံဖန်ရံခါ ပြန်ပြုတ်သောက်နေတုန်းပဲတဲ့။ 🌱 "မန်ကျည်းရွက်စိမ်း" ရဲ့ အစွမ်းသတ္တိများ • သွေးသန့်တယ်: သွေးလည်ပတ်မှု ကောင်းစေတယ်။ • လေခိုတာ ထုတ်တယ်: ဗိုက်ပွတာ၊ လေထိုးလေအောင့်တာကို သက်သာစေတယ်။ • အဆိပ်အတောက်တွေ ဖယ်ရှားတယ်: အစာချေစနစ်ကို သန့်စင် ဆေးကြောပေးတယ်။ • အအေးမိ၊ ချောင်းဆိုးတာပါ သက်သာစေနိုင်တယ်။ 🍵 ပြုလုပ်နည်း (အရမ်းလွယ်ကူပါတယ်) 1. ပါဝင်ပစ္စည်း: မန်ကျည်းရွက်စိမ်း လက်တစ်ဆုပ်စာ ယူပါ။ 2. ပြုတ်ခြင်း: ရေ ၁ လီတာ (တစ်ပုလင်း) ထည့်ပြီး ၁၅ မိနစ်ခန့် ဆူအောင် ပြုတ်ပါ။ 3. သောက်သုံးပုံ: မနက်စာနဲ့ ညစာ စားပြီးတဲ့အခါ တစ်နေ့ ၂ ကြိမ်၊ နွေးနွေးလေး သောက်ပါ။ 4. ပုံမှန်သောက်သုံးမှု: ၃ ရက်မှ ၅ ရက် ဆက်တိုက် သောက်ပြီးရင် ၅ ရက် နား ပါ။ ပြီးမှ ပြန်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးလံနေတယ်၊ မောပန်းနွမ်းနယ်နေတယ်၊ အားမရှိဘူး၊ ဒါမှမဟုတ် အသည်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ (မျက်လုံးဝါတာ၊ အသားဝါတာ) ရှိတယ်ဆိုရင်တော့ ဒီသဘာဝနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်နော်! #alinthitmedia
    Like
    Love
    Care
    3
    · 2 Comments ·0 Shares ·195 Views
  • "လူမထွက်ပါနဲ့ သားရယ်"

    အ မေ
    သား ပစ္စည်းလေးပါးမပြည့်စုံဘူးအမေ
    သာသနာ့ဝန်ထမ်းရတာ ပင်ပမ်းလို့
    လူထွက်ပါရစေနော် အမေ

    - - - - - - -

    သား

    အခု သားတို့ ငယ်လတ်ကြီး စာပေတွေသင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေမဟုတ်လား

    အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဖြစ် ကပ်ဆိုက်နေတဲ့အချိန်မှာ
    တနိ ုင်ငံလုံးကိုယ်တော်တွေ အကုန်လူထွက်ကြတယ် ဒါပေမဲ့ သူဟာ အသက်သာသေရင်သေပါစေ ယုတ်ညံ့တဲ့အဝတ်နဲ့မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချုပီး
    လူမထွက်ခဲ့ဘူးသား

    သင်္ကန်းလှူမဲ့လူမရှိလို့ နှစ်ထပ်သင်္ကန်းကြီးကို
    တခြမ်းခွဲပြီး ဆွမ်းနဲ့လဲစားခဲ့ရတယ်
    ဖိနပ်လှူမဲ့သူမရှိလို့ ပေါက်နေတဲ့ဖိနပ်ကိုဖာပြီးစီးရတယ်
    အချိုပွဲဆိုတာ ဘာမှန်းမသိခဲ့ဘူး လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို သုတ်စားခဲ့ရသတဲ့ လယ်သမားတယောက်လှူတဲ့
    ဘဲဥဆွမ်းဟာ အကောင်းဆွမ်းဆိုပြီး မှတ်တမ်း
    တင်ထားခဲ့တယ်သားရဲ့

    သား ဆွမ်းကွမ်းပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက်
    ဆိုးနေလို့လား

    ဗုံးကြဲလေယာဉ်တွေလာလို့ စာမူတွေပွေ့ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်းမနည်းဘူးသားရဲ့

    အဲဒီလိုအသက်ဘေးကြားထဲကနေ သားတို့့အခုလို ပညာတွေသင်နိ ုင်အောင် ကျမ်းပေါင်းမြောက်များစွာကို ရေးသားပေးခဲ့တာပါသားရယ် ဆရာတော်ကြီး
    အသက်နဲ့ရင်းပြီး ရေးခဲ့ရတဲ့ကျမ်းတွေကို သားတို့က လွယ်လင့်တကူ သင်ယူကြရတာပါ အဲဒါကို
    သားတို့က ပစ္စည်းလေးပါးမပြည်စုံယုံနဲ့ လူထွက်မယ်ဆိုတော့ မရှက်ဘူးလားသားရယ်

    မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း
    စစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို အရယူသွားခဲ့တာပါ

    လယ်တီဆရာတော်ဘုရားကြီးတို့ဆိုရင်
    စာဖတ်စရာလျှပ်စစ်မီး မရှိခဲ့ပါဘူး အဲဒီလောက်
    မပြည့်စုံတဲ့ကြားထဲကနေ စာတွေချ ကျမ်းတွေပြုစု
    ပြီး အရိယာစခန်းကို တက်လှမ်းခဲ့တာပါသားရယ်

    သား အခု မပြည့်စုံဘူးဆိုတာ
    အဲဒီဆရာတော်ကြီးတွေလောက် ဆိုးနေလို့လား

    သာသနာပြုနေလျှက်တဲ့လူတွေကဲ့ရဲ့ ဝေဖန်ခံနေရတာကို ခံစားနေရလို့ ဝမ်းနည်းနေတာလား

    သားရယ်
    ဘုရားရှင်ဟာ အဆဲခံရဘူးတယ် တံတွေးနဲ့အထွေးခံရဘူးတယ် တဝါတွင်းလုံးဆွမ်းမရလို့
    မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေးခဲ့ရဘူးတယ် အလောင်ကအဝတ်ကိုခွါပြီး သင်္ကန်းရုံခဲ့ရဘူးတယ်
    အသက်ကို ရန်ရှာခံရဘူးတယ်

    ကဲ ဘုရားရှင်တောင်မလွတ်တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့လား

    သား ရဟန်းဝတ်နဲ့နေသမျှကာလပတ်လုံး
    အမေ ဂုဏ်ရှိနေပါတယ်သားရယ်
    သားကို အမေရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေတာပါ ဘုရားရှင်တောင် ပါရမီဖြည့်ရာကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာပါ သားအခု ရဟန်းဘဝကို ရ နေတာဟာ ဘယ်လောက်ထိကံကောင်းလည်း
    တွေးကြည့်ပေါ့

    သားရယ်

    ငါ့သားရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ့
    အမေရပ်တည်နေတာပါ အမေဘယ်လောက်ပဲ
    ပင်ပမ်းပါစေ ကြမ်းတမ်းပါစေ သားကိုရဟန်းဝတ်နဲ့တွေ့နေသမျှ အမေ ကျေနပ်နေမှာပါ
    သားလူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့
    လူတွေကို ပြရမလဲသားရယ်

    အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ

    အမေမစားရချင်နေပါစေ သားကို လှူမှာပါ

    အမေ ရှာသမျှ သားအတွက်ပါ

    တခုပဲ တောင်းဆိုချင်တာပါ

    ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ သတ္တိမျိုးနဲ့
    သာသနာပြုပါသားရယ်

    အမေ့ကို ရှိခိုးတာ မကြည်ပါရစေနဲ့
    အမေကပဲ ရှိခိုးပါရစေနော်

    လူ မထွက်ပါနဲ့
    သားရယ်

    သာသနာတော်ကြီးဟာ
    အသက်ငင်နေလို့

    ဘုရားရှင်သာသနာတော်ကို အသက်နဲ့လဲပြီး
    စောင့်ထိမ်းနေတဲ့
    သားရဟန်းရဲ့ မယ်တော်ဖြစ်ပါရစေ
    သားရယ်

    Credit ဦးမြင့်ခိုင်
    "လူမထွက်ပါနဲ့ သားရယ်" အ မေ သား ပစ္စည်းလေးပါးမပြည့်စုံဘူးအမေ သာသနာ့ဝန်ထမ်းရတာ ပင်ပမ်းလို့ လူထွက်ပါရစေနော် အမေ - - - - - - - သား အခု သားတို့ ငယ်လတ်ကြီး စာပေတွေသင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေမဟုတ်လား အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဖြစ် ကပ်ဆိုက်နေတဲ့အချိန်မှာ တနိ ုင်ငံလုံးကိုယ်တော်တွေ အကုန်လူထွက်ကြတယ် ဒါပေမဲ့ သူဟာ အသက်သာသေရင်သေပါစေ ယုတ်ညံ့တဲ့အဝတ်နဲ့မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချုပီး လူမထွက်ခဲ့ဘူးသား သင်္ကန်းလှူမဲ့လူမရှိလို့ နှစ်ထပ်သင်္ကန်းကြီးကို တခြမ်းခွဲပြီး ဆွမ်းနဲ့လဲစားခဲ့ရတယ် ဖိနပ်လှူမဲ့သူမရှိလို့ ပေါက်နေတဲ့ဖိနပ်ကိုဖာပြီးစီးရတယ် အချိုပွဲဆိုတာ ဘာမှန်းမသိခဲ့ဘူး လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို သုတ်စားခဲ့ရသတဲ့ လယ်သမားတယောက်လှူတဲ့ ဘဲဥဆွမ်းဟာ အကောင်းဆွမ်းဆိုပြီး မှတ်တမ်း တင်ထားခဲ့တယ်သားရဲ့ သား ဆွမ်းကွမ်းပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက် ဆိုးနေလို့လား ဗုံးကြဲလေယာဉ်တွေလာလို့ စာမူတွေပွေ့ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်းမနည်းဘူးသားရဲ့ အဲဒီလိုအသက်ဘေးကြားထဲကနေ သားတို့့အခုလို ပညာတွေသင်နိ ုင်အောင် ကျမ်းပေါင်းမြောက်များစွာကို ရေးသားပေးခဲ့တာပါသားရယ် ဆရာတော်ကြီး အသက်နဲ့ရင်းပြီး ရေးခဲ့ရတဲ့ကျမ်းတွေကို သားတို့က လွယ်လင့်တကူ သင်ယူကြရတာပါ အဲဒါကို သားတို့က ပစ္စည်းလေးပါးမပြည်စုံယုံနဲ့ လူထွက်မယ်ဆိုတော့ မရှက်ဘူးလားသားရယ် မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း စစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို အရယူသွားခဲ့တာပါ လယ်တီဆရာတော်ဘုရားကြီးတို့ဆိုရင် စာဖတ်စရာလျှပ်စစ်မီး မရှိခဲ့ပါဘူး အဲဒီလောက် မပြည့်စုံတဲ့ကြားထဲကနေ စာတွေချ ကျမ်းတွေပြုစု ပြီး အရိယာစခန်းကို တက်လှမ်းခဲ့တာပါသားရယ် သား အခု မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးတွေလောက် ဆိုးနေလို့လား သာသနာပြုနေလျှက်တဲ့လူတွေကဲ့ရဲ့ ဝေဖန်ခံနေရတာကို ခံစားနေရလို့ ဝမ်းနည်းနေတာလား သားရယ် ဘုရားရှင်ဟာ အဆဲခံရဘူးတယ် တံတွေးနဲ့အထွေးခံရဘူးတယ် တဝါတွင်းလုံးဆွမ်းမရလို့ မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေးခဲ့ရဘူးတယ် အလောင်ကအဝတ်ကိုခွါပြီး သင်္ကန်းရုံခဲ့ရဘူးတယ် အသက်ကို ရန်ရှာခံရဘူးတယ် ကဲ ဘုရားရှင်တောင်မလွတ်တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့လား သား ရဟန်းဝတ်နဲ့နေသမျှကာလပတ်လုံး အမေ ဂုဏ်ရှိနေပါတယ်သားရယ် သားကို အမေရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေတာပါ ဘုရားရှင်တောင် ပါရမီဖြည့်ရာကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာပါ သားအခု ရဟန်းဘဝကို ရ နေတာဟာ ဘယ်လောက်ထိကံကောင်းလည်း တွေးကြည့်ပေါ့ သားရယ် ငါ့သားရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ့ အမေရပ်တည်နေတာပါ အမေဘယ်လောက်ပဲ ပင်ပမ်းပါစေ ကြမ်းတမ်းပါစေ သားကိုရဟန်းဝတ်နဲ့တွေ့နေသမျှ အမေ ကျေနပ်နေမှာပါ သားလူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့ လူတွေကို ပြရမလဲသားရယ် အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ အမေမစားရချင်နေပါစေ သားကို လှူမှာပါ အမေ ရှာသမျှ သားအတွက်ပါ တခုပဲ တောင်းဆိုချင်တာပါ ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ သတ္တိမျိုးနဲ့ သာသနာပြုပါသားရယ် အမေ့ကို ရှိခိုးတာ မကြည်ပါရစေနဲ့ အမေကပဲ ရှိခိုးပါရစေနော် လူ မထွက်ပါနဲ့ သားရယ် သာသနာတော်ကြီးဟာ အသက်ငင်နေလို့ ဘုရားရှင်သာသနာတော်ကို အသက်နဲ့လဲပြီး စောင့်ထိမ်းနေတဲ့ သားရဟန်းရဲ့ မယ်တော်ဖြစ်ပါရစေ သားရယ် Credit ဦးမြင့်ခိုင်
    Love
    Care
    3
    · 0 Comments ·0 Shares ·200 Views
  • -----နနွင်းနက်-----

    မြန်မာ့ဆေးကျမ်း အလိုအရ နနွင်းနက် ဟာ -
    (က) မြွေဆိပ်သာမက၊ သတ္တဝါအမျိ်ုးမျိုးတို့၏ အဆိပ္ကို ပြီးစေပါတယ်တဲ့။ မြွေအပါအ၀င် အဆိပ်ရှိ သတ္တဝါတွေ အကိုက်ခံရပါက နနွင်းနက် ကို သွေး၍လိမ်းပေးခြင်းဖြင့် အဆိပ်တွေ သူ့အလိုလို ပြန်ထွက်လာစေပါတယ်။

    (ခ) နနွင်းနက် ကို ဆန်ဖြင့် ရောချက်လိုက်တဲ့အခါ၊ ထမင်းဟာ အနက်ရောင်ပြောင်းသွားပါတယ်။ သို့သော် ထမင်း အနံ့ရော အရသာပါ စားလို့အရသာရှိပါတယ်။ ၄င်းထမင်းကို စားခြင်းဖြင့် အာဟာရ သိဒ္ဓိပြည့်၀ပါတယ် တဲ့။

    (ဂ) တရုတ် လူမျိုးများနဲ့၊ အိန္ဒိလူမျိုးများဟာ ကျားခွန်အား (ကာမ) အားတိုးဆေးအဖြစ် နနွင်းနက်ကို ပါးပါးလွီး၍ ပျားရည်ဖြင့်စိမ်၍ သောက်ကြပါတယ်တဲ့။

    #နနွင်းနက်

    ၁။ ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တားဆီးပါတယ် ။
    ကင်ဆာဖြစ်မယ့်အနေအထားကို ပြောင်းပေးနိုင်ပါတယ် ။

    ၂။ အဆုပ်ရောဂါများဖြစ်သည့် လေပြွန်ရောင်ခြင်း ၊ နမိုးနီးယား ၊
    ပန်းနာရင်ကြပ် ဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ် ။

    ၃။ အင်တီအောက်ဆီဒင့်သတ္တိ ရှိတဲ့အတွက် အိုမင်း ယိုယွင်းခြင်း
    တို့ကို တားပေးနိုင်ပါတယ် ။

    ၄။ ရောင်ရမ်းခြင်းတွေကို တားပေးပါတယ် ။
    ရောဂါမှန်သမျှရဲ့ အစဦးဖြစ်စဉ်ဟာ ရောင်ရမ်းခြင်း ဖြစ်ပါတယ် ။

    ၅။ နာကျင်မှုတွေ ပျောက်စေပါတယ် ။
    သြားနာ သွားကိုက် ၊ အဆစ်အမြစ် ကိုက်ခဲခြင်း တွေကို ပျောက်စေပါတယ် ။

    .

    ဆေးဝါးအဖြစ် ထုတ်လုပ်ထားတာတွေ ရှိပါတယ် ။
    အညွှန်းကြည့်ပြီး သုံးနိုင်ပါတယ် ။

    ကိုယ့်မှာ နနွင်းမှုန့် ရှိခဲ့ရင်တော့ ဟင်းထဲ ထည့်ချက်လို့ပဲ ဖြစ်ဖြစ် ၊
    ဖျော်လို့ပဲ သောက်သောက် ၊ အလျှင်းသင့်သလို သုံးနိုင်ပါတယ် ။
    ခါးတော့ တော်တော် ခါးပါတယ် တဲ့ ။

    နနွင်းနက်ရဲ့ဆေးဖက်ဝင်ပုံကိုတော့ ရှေ့နေကြီး ကိုအောင်ဇော်ဦးနည်းလမ်းပေးလို့ ဖောက်သည်ချလိုက်ပါ့မယ်
    ကိုအောင်ဇော်ဦးကိုယ်တိုင် ရသာယနဆေးကျမ်းကနေကူးယူပြီးဖော်စပ်ထားတာပါ
    လက်တွေ့လည်း သူ့ရဲ့မိခင်ကြီးကိုလည်းသုံးစွဲစေပြီး အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို သူကိုယ်တိုင်လည်းသုံးစွဲရင်း လက်တွေ့အကျိုးထူးရနေကြောင်းပြောပြပါတယ်

    ဆေးဖော်စပ်နည်းကတော့
    နနွင်းခါးအမှုန့် ၂၅ ကျပ်သား (ပရဆေးဆိုင်မှာ မေးဝယ်ပါ အိမ်သုံးနနွင်းထက် အရောင်နည်းနည်းဖျော့ပြီး လိမ္မော်ရောင်ဆန်ပါတယ် ပိုလည်းခါးပါတယ်) နနွင်းနက်အမှုန့် ၅ ကျပ်သား မကျည်းမှည့်အနှစ် ၂ က်ပြ္ခဲသား ရိုးရိုးဆား ၁ ကျပ်သား (အိုင်အိုဒင်းဆားမဟုတ်) ဆင်တုံးမနွယ်အမှုန့် ၅ ကျပ်သား (ပရဆေးဆိုင်မှာဝယ်ပါ ဆင်တုံးမနွယ်ပေါရင် ကိုယ်တိုင်အခြောက်ခံ ထောင်းပါ) အဲဒီအမှုန့်အချိန်အဆအားလုံးကို ပျားရည်စစ်စစ်နဲ့ သမပါ ပျားရည်က အများကြီးမလိုပါ နှံ့နှံ့စပ်စပ်မွှေပြီး ဆေးလုံးလို့ရရုံသာထည့်ပါ ဒီလိုတေထားတဲ့ဆေးကို ညအိပ်ယာဝင်တိုင်း မန်ကျည်းစေ့တစ်စေ့စာလောက်ပဲ ရေအေးနဲ့သောက်ပေးရပါတယ် အိုမင်းမစွမ်းရှိသော် အားအင်တို့ကိုပြည့်ဖြိုးစေပြီး အသက်ကိုလည်းရှည်စေပါတယ် က်ားက်ားမမ အသက်ငယ်သော် အကုန်လန်းတယ်လို့ အဆိုရှိပါတယ် အဲ အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို ဆိုလိုခြင်းဖြစ်ပါတယ် အားလုံးကျန်းမာချမ်းသာကြပါစေ ။

    CRD....ဆရာတောင်တွင်းကြီးမဟာတံခွန်[ မြန်မာ့တိုင်းရင်းဆေးပညာ ]
    -----နနွင်းနက်----- မြန်မာ့ဆေးကျမ်း အလိုအရ နနွင်းနက် ဟာ - (က) မြွေဆိပ်သာမက၊ သတ္တဝါအမျိ်ုးမျိုးတို့၏ အဆိပ္ကို ပြီးစေပါတယ်တဲ့။ မြွေအပါအ၀င် အဆိပ်ရှိ သတ္တဝါတွေ အကိုက်ခံရပါက နနွင်းနက် ကို သွေး၍လိမ်းပေးခြင်းဖြင့် အဆိပ်တွေ သူ့အလိုလို ပြန်ထွက်လာစေပါတယ်။ (ခ) နနွင်းနက် ကို ဆန်ဖြင့် ရောချက်လိုက်တဲ့အခါ၊ ထမင်းဟာ အနက်ရောင်ပြောင်းသွားပါတယ်။ သို့သော် ထမင်း အနံ့ရော အရသာပါ စားလို့အရသာရှိပါတယ်။ ၄င်းထမင်းကို စားခြင်းဖြင့် အာဟာရ သိဒ္ဓိပြည့်၀ပါတယ် တဲ့။ (ဂ) တရုတ် လူမျိုးများနဲ့၊ အိန္ဒိလူမျိုးများဟာ ကျားခွန်အား (ကာမ) အားတိုးဆေးအဖြစ် နနွင်းနက်ကို ပါးပါးလွီး၍ ပျားရည်ဖြင့်စိမ်၍ သောက်ကြပါတယ်တဲ့။ #နနွင်းနက် ၁။ ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တားဆီးပါတယ် ။ ကင်ဆာဖြစ်မယ့်အနေအထားကို ပြောင်းပေးနိုင်ပါတယ် ။ ၂။ အဆုပ်ရောဂါများဖြစ်သည့် လေပြွန်ရောင်ခြင်း ၊ နမိုးနီးယား ၊ ပန်းနာရင်ကြပ် ဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ် ။ ၃။ အင်တီအောက်ဆီဒင့်သတ္တိ ရှိတဲ့အတွက် အိုမင်း ယိုယွင်းခြင်း တို့ကို တားပေးနိုင်ပါတယ် ။ ၄။ ရောင်ရမ်းခြင်းတွေကို တားပေးပါတယ် ။ ရောဂါမှန်သမျှရဲ့ အစဦးဖြစ်စဉ်ဟာ ရောင်ရမ်းခြင်း ဖြစ်ပါတယ် ။ ၅။ နာကျင်မှုတွေ ပျောက်စေပါတယ် ။ သြားနာ သွားကိုက် ၊ အဆစ်အမြစ် ကိုက်ခဲခြင်း တွေကို ပျောက်စေပါတယ် ။ . ဆေးဝါးအဖြစ် ထုတ်လုပ်ထားတာတွေ ရှိပါတယ် ။ အညွှန်းကြည့်ပြီး သုံးနိုင်ပါတယ် ။ ကိုယ့်မှာ နနွင်းမှုန့် ရှိခဲ့ရင်တော့ ဟင်းထဲ ထည့်ချက်လို့ပဲ ဖြစ်ဖြစ် ၊ ဖျော်လို့ပဲ သောက်သောက် ၊ အလျှင်းသင့်သလို သုံးနိုင်ပါတယ် ။ ခါးတော့ တော်တော် ခါးပါတယ် တဲ့ ။ နနွင်းနက်ရဲ့ဆေးဖက်ဝင်ပုံကိုတော့ ရှေ့နေကြီး ကိုအောင်ဇော်ဦးနည်းလမ်းပေးလို့ ဖောက်သည်ချလိုက်ပါ့မယ် ကိုအောင်ဇော်ဦးကိုယ်တိုင် ရသာယနဆေးကျမ်းကနေကူးယူပြီးဖော်စပ်ထားတာပါ လက်တွေ့လည်း သူ့ရဲ့မိခင်ကြီးကိုလည်းသုံးစွဲစေပြီး အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို သူကိုယ်တိုင်လည်းသုံးစွဲရင်း လက်တွေ့အကျိုးထူးရနေကြောင်းပြောပြပါတယ် ဆေးဖော်စပ်နည်းကတော့ နနွင်းခါးအမှုန့် ၂၅ ကျပ်သား (ပရဆေးဆိုင်မှာ မေးဝယ်ပါ အိမ်သုံးနနွင်းထက် အရောင်နည်းနည်းဖျော့ပြီး လိမ္မော်ရောင်ဆန်ပါတယ် ပိုလည်းခါးပါတယ်) နနွင်းနက်အမှုန့် ၅ ကျပ်သား မကျည်းမှည့်အနှစ် ၂ က်ပြ္ခဲသား ရိုးရိုးဆား ၁ ကျပ်သား (အိုင်အိုဒင်းဆားမဟုတ်) ဆင်တုံးမနွယ်အမှုန့် ၅ ကျပ်သား (ပရဆေးဆိုင်မှာဝယ်ပါ ဆင်တုံးမနွယ်ပေါရင် ကိုယ်တိုင်အခြောက်ခံ ထောင်းပါ) အဲဒီအမှုန့်အချိန်အဆအားလုံးကို ပျားရည်စစ်စစ်နဲ့ သမပါ ပျားရည်က အများကြီးမလိုပါ နှံ့နှံ့စပ်စပ်မွှေပြီး ဆေးလုံးလို့ရရုံသာထည့်ပါ ဒီလိုတေထားတဲ့ဆေးကို ညအိပ်ယာဝင်တိုင်း မန်ကျည်းစေ့တစ်စေ့စာလောက်ပဲ ရေအေးနဲ့သောက်ပေးရပါတယ် အိုမင်းမစွမ်းရှိသော် အားအင်တို့ကိုပြည့်ဖြိုးစေပြီး အသက်ကိုလည်းရှည်စေပါတယ် က်ားက်ားမမ အသက်ငယ်သော် အကုန်လန်းတယ်လို့ အဆိုရှိပါတယ် အဲ အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို ဆိုလိုခြင်းဖြစ်ပါတယ် အားလုံးကျန်းမာချမ်းသာကြပါစေ ။ CRD....ဆရာတောင်တွင်းကြီးမဟာတံခွန်[ မြန်မာ့တိုင်းရင်းဆေးပညာ ]
    Love
    Care
    2
    · 2 Comments ·0 Shares ·210 Views
  • သွေးလေးဖက်နာရောဂါဝေဒနာရှင်များအတွက်
    သတင်းကောင်း ဖတ်ကြည့်ပေးနော်
    _____________

    မိမိကိုယ်တိုင်မှီဝဲစားသုံးဖို့ဖော်စပ်ထားတဲ့
    ဆေ:စွမ်းကောင်းတစ်လက်ကိုပြန်လည်ဝေမျှလိုက်ပါတယ် ။
    လိုအပ်သောပစ္စည်း ---
    ၁ ။ ထန်းလျှက်မဲ တစ်ပိသာ ။
    ၂ ။ ဇီးဖြူသီး တစ်ပိသာ ။
    ပြုလုပ်နည်း ---
    ဇီးဖြူသီးပြုတ်အစေ့ထုတ် ညက်အောင်ထောင်းပါ တသတသတသနငမပတပဆကတသသနသမသ်စ
    ထန်းလျှက်ကိုရေနဲ့ကျိူ အရေစစ် ဇီဖြူသီးထောင့်နှင့် ရောပြုတ်ပြီး အနှစ်ရသည်ထိချက်ပါ ။
    ရပြီဆိုရင်ဘူးထဲထည့်ပြီး မနက်ထမင်းမစားမှီတစ်နေ့တစ်ဇွန်းစားသုံးခြင်းဖြင့်သက်သာပျောက်ကင်းကြောင်းသတင်းကောင်းလေးပါးပါရစေမိတ်ဆွေ
    ကိုယ်တွေ့မို့ မျှဝေပေးတာပါနော်

    ကျေးဇူးပြုပြီး မျှဝေပေးကြပါ
    ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
    #Credit
    ++++++++++++
    ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
    ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
    အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

    လေးစားစွာဖြင့်မူရင်းရေးသားသူကို
    #Creditပေးပါတယ်
    သွေးလေးဖက်နာရောဂါဝေဒနာရှင်များအတွက် သတင်းကောင်း ဖတ်ကြည့်ပေးနော် _____________ မိမိကိုယ်တိုင်မှီဝဲစားသုံးဖို့ဖော်စပ်ထားတဲ့ ဆေ:စွမ်းကောင်းတစ်လက်ကိုပြန်လည်ဝေမျှလိုက်ပါတယ် ။ လိုအပ်သောပစ္စည်း --- ၁ ။ ထန်းလျှက်မဲ တစ်ပိသာ ။ ၂ ။ ဇီးဖြူသီး တစ်ပိသာ ။ ပြုလုပ်နည်း --- ဇီးဖြူသီးပြုတ်အစေ့ထုတ် ညက်အောင်ထောင်းပါ တသတသတသနငမပတပဆကတသသနသမသ်စ ထန်းလျှက်ကိုရေနဲ့ကျိူ အရေစစ် ဇီဖြူသီးထောင့်နှင့် ရောပြုတ်ပြီး အနှစ်ရသည်ထိချက်ပါ ။ ရပြီဆိုရင်ဘူးထဲထည့်ပြီး မနက်ထမင်းမစားမှီတစ်နေ့တစ်ဇွန်းစားသုံးခြင်းဖြင့်သက်သာပျောက်ကင်းကြောင်းသတင်းကောင်းလေးပါးပါရစေမိတ်ဆွေ ကိုယ်တွေ့မို့ မျှဝေပေးတာပါနော် ကျေးဇူးပြုပြီး မျှဝေပေးကြပါ ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည် #Credit ++++++++++++ ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့် ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။ အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လေးစားစွာဖြင့်မူရင်းရေးသားသူကို #Creditပေးပါတယ် 🙏🙏🙏
    Like
    Care
    2
    · 0 Comments ·0 Shares ·329 Views
  • ကျွန်မတို့ အဘွားလည်း အရင်က ဒီလိုပဲ ဖြစ်ဖူးတယ်
    နေပူပြင်းပြင်းတွေ့ရင် သွေးတိုးတတ်တယ်။ ခဏလေး လမ်းလျှောက်ပြီးပြန်လာတာနဲ့ ခေါင်းမူး၊ မျက်လုံးတွေဝါး၊ နားထင်ကိုက်ပြီး အမြဲတမ်း အိပ် အနားယူနေရတယ်။

    တစ်နေ့မှာတော့ အိမ်နားက အဒေါ်တစ်ယောက်က "ဒန့်ဒလွန်ရွက်" ကို စမ်းကြည့်ဖို့ အကြံပေးတယ်။ ဒါနဲ့ ကျွန်မတို့လည်း အရွက်နုလေးတွေကို ခူး၊ သန့်စင်အောင်ဆေးပြီး ရေနွေးနဲ့ ပြုတ်ကာ နွေးနွေးလေး တစ်ငုံချင်း သောက်ကြည့်တယ်။ နည်းနည်းတော့ ခါးပေမယ့် သောက်လို့တော့ ရပါတယ်။

    ၂ ရက် ၃ ရက်လောက် ဆက်သောက်ပြီးတဲ့နောက်မှာတော့ ခေါင်းမူးတာတွေ သက်သာလာတယ်၊ အိပ်ပျော်တာ ပိုကောင်းလာတယ်၊ အရင်လို မျက်လုံး လွယ်လွယ် မဝါးတော့ဘူး။ အပ်ချုပ်ရင်လည်း အရင်ကလို ခဏခဏ နားစရာ မလိုတော့ဘူး။

    ကျွန်မတို့ အထူးကောင်းတယ်လို့ ယူဆတဲ့ ဒန့်ဒလွန်ရွက်ရဲ့ အကျိုးကျေးဇူးများကတော့...
    • သွေးပေါင်ချိန်ကို မျှတအောင် ထိန်းညှိပေးနိုင်ခြင်း
    • သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးနိုင်ခြင်း
    • ဗီတာမင်အေ မြင့်မားစွာ ပါဝင်လို့ မျက်စိ အားကောင်းစေခြင်း
    • ကယ်လ်ဆီယမ်များစွာ ပါဝင်လို့ အရိုးနဲ့သွားတွေကို
    သန်မာစေခြင်း
    • ဟင်းသီးဟင်းရွက် အများစုထက် ပရိုတင်းဓာတ်ပိုများလို့
    ခွန်အားဖြစ်စေခြင်း
    • ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ပါဝင်လို့
    ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး အသားအရေ မပျက်စီးစေခြင်း
    • ညအိပ်ရာဝင်ခါနီး သောက်ရင် ကောင်းကောင်း အိပ်ပျော်
    စေခြင်း

    အဘွားပုံမှန်လုပ်တဲ့ နည်းလမ်းကတော့...
    • အရွက်စိမ်းသုံးနည်း -
    ဒန့်ဒလွန်ရွက် လက်တစ်ဆုပ်ကို သေချာဆေးပါ။ ရေ ၁ လီတာခန့်ကို ဆူအောင်တည်ပြီး အရွက်တွေထည့်ကာ ၅-၇ မိနစ်လောက် ထပ်ပြုတ်ပါ။ ရေကို စစ်ယူပြီး ညနေဘက် နွေးနွေးလေး သောက်ပါ။
    • အရွက်ခြောက်သုံးနည်း -
    ဒန့်ဒလွန်ရွက်တွေကို ဆေးပြီး နေလှန်းအခြောက်ခံကာ ပုလင်းထဲ ထည့်သိမ်းထားပါ။ သောက်မယ်ဆိုရင် လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းခန့်ကို ရေနွေးထဲမှာ လက်ဖက်ရည်ကြမ်းဖျော်သလို စိမ်ပြီး သောက်ပါ။

    ဒီလို ကိုယ့်အနီးအနားမှာ ရှိတဲ့ အကောင်းစားပစ္စည်းမျိုးကို ဈေးကြီးပေးပြီး ရှာဝယ်စရာမလိုပါဘူး
    မှန်မှန်လေး ရက်အနည်းငယ် သောက်လိုက်ရုံနဲ့ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းလာတာကို ခံစားရမှာပါ။ စမ်းကြည့်ပါ၊ တကယ် အကျိုးရှိပါတယ်လို့ ကျွန်မ ထင်ပါတယ်။

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေ 🙏🏻

    MON SOUNG
    #MONSOUNG
    #fblifestyle
    ကျွန်မတို့ အဘွားလည်း အရင်က ဒီလိုပဲ ဖြစ်ဖူးတယ် 🌿 နေပူပြင်းပြင်းတွေ့ရင် သွေးတိုးတတ်တယ်။ ခဏလေး လမ်းလျှောက်ပြီးပြန်လာတာနဲ့ ခေါင်းမူး၊ မျက်လုံးတွေဝါး၊ နားထင်ကိုက်ပြီး အမြဲတမ်း အိပ် အနားယူနေရတယ်။ 😣 တစ်နေ့မှာတော့ အိမ်နားက အဒေါ်တစ်ယောက်က "ဒန့်ဒလွန်ရွက်" ကို စမ်းကြည့်ဖို့ အကြံပေးတယ်။ ဒါနဲ့ ကျွန်မတို့လည်း အရွက်နုလေးတွေကို ခူး၊ သန့်စင်အောင်ဆေးပြီး ရေနွေးနဲ့ ပြုတ်ကာ နွေးနွေးလေး တစ်ငုံချင်း သောက်ကြည့်တယ်။ နည်းနည်းတော့ ခါးပေမယ့် သောက်လို့တော့ ရပါတယ်။ 🍵 ၂ ရက် ၃ ရက်လောက် ဆက်သောက်ပြီးတဲ့နောက်မှာတော့ ခေါင်းမူးတာတွေ သက်သာလာတယ်၊ အိပ်ပျော်တာ ပိုကောင်းလာတယ်၊ အရင်လို မျက်လုံး လွယ်လွယ် မဝါးတော့ဘူး။ အပ်ချုပ်ရင်လည်း အရင်ကလို ခဏခဏ နားစရာ မလိုတော့ဘူး။ 🌱 ကျွန်မတို့ အထူးကောင်းတယ်လို့ ယူဆတဲ့ ဒန့်ဒလွန်ရွက်ရဲ့ အကျိုးကျေးဇူးများကတော့... • သွေးပေါင်ချိန်ကို မျှတအောင် ထိန်းညှိပေးနိုင်ခြင်း • သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးနိုင်ခြင်း • ဗီတာမင်အေ မြင့်မားစွာ ပါဝင်လို့ မျက်စိ အားကောင်းစေခြင်း • ကယ်လ်ဆီယမ်များစွာ ပါဝင်လို့ အရိုးနဲ့သွားတွေကို သန်မာစေခြင်း • ဟင်းသီးဟင်းရွက် အများစုထက် ပရိုတင်းဓာတ်ပိုများလို့ ခွန်အားဖြစ်စေခြင်း • ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ပါဝင်လို့ ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး အသားအရေ မပျက်စီးစေခြင်း • ညအိပ်ရာဝင်ခါနီး သောက်ရင် ကောင်းကောင်း အိပ်ပျော် စေခြင်း 🍃 အဘွားပုံမှန်လုပ်တဲ့ နည်းလမ်းကတော့... • အရွက်စိမ်းသုံးနည်း - ဒန့်ဒလွန်ရွက် လက်တစ်ဆုပ်ကို သေချာဆေးပါ။ ရေ ၁ လီတာခန့်ကို ဆူအောင်တည်ပြီး အရွက်တွေထည့်ကာ ၅-၇ မိနစ်လောက် ထပ်ပြုတ်ပါ။ ရေကို စစ်ယူပြီး ညနေဘက် နွေးနွေးလေး သောက်ပါ။ • အရွက်ခြောက်သုံးနည်း - ဒန့်ဒလွန်ရွက်တွေကို ဆေးပြီး နေလှန်းအခြောက်ခံကာ ပုလင်းထဲ ထည့်သိမ်းထားပါ။ သောက်မယ်ဆိုရင် လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းခန့်ကို ရေနွေးထဲမှာ လက်ဖက်ရည်ကြမ်းဖျော်သလို စိမ်ပြီး သောက်ပါ။ ဒီလို ကိုယ့်အနီးအနားမှာ ရှိတဲ့ အကောင်းစားပစ္စည်းမျိုးကို ဈေးကြီးပေးပြီး ရှာဝယ်စရာမလိုပါဘူး 💚 မှန်မှန်လေး ရက်အနည်းငယ် သောက်လိုက်ရုံနဲ့ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းလာတာကို ခံစားရမှာပါ။ စမ်းကြည့်ပါ၊ တကယ် အကျိုးရှိပါတယ်လို့ ကျွန်မ ထင်ပါတယ်။ ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေ 🙏🏻 MON SOUNG #MONSOUNG #fblifestyle
    Like
    Care
    2
    · 1 Comments ·0 Shares ·379 Views
  • မာလကာရွက်ရဲ့ အံမခန်း သွားနဲ့ခံတွင်းဆိုင်ရာ အစွမ်းထက်မှုများ!

    မာလကာရွက်ကို ရှေးယခင်ကတည်းက သွားနဲ့ခံတွင်းထိန်းသိမ်းမှုအတွက် အသုံးပြုခဲ့ကြတာပါ။ သူ့မှာပါတဲ့ ဘက်တီးရီးယားဆန့်ကျင်တဲ့အာနိသင်၊ ရောင်ရမ်းကျစေတဲ့အာနိသင် နဲ့ လန်းဆန်းစေတဲ့ဂုဏ်သတ္တိ တွေကြောင့် နေ့စဉ်ခံတွင်းသန့်ရှင်းရေးကို ထောက်ပံ့ပေးနိုင်ပါတယ်။

    မာလကာရွက်ကို သွားနဲ့ခံတွင်းကျန်းမာရေးအတွက် လွယ်ကူသက်သာစွာ အသုံးပြုနိုင်တဲ့ နည်းလမ်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်နော်:

    ၁။ အရွက်နုလေးတွေကို ဝါးစားခြင်း

    မာလကာရွက်နုသန့်သန့် (၂)ရွက်မှ (၃)ရွက်ကို ရွေးချယ်ပါ။

    ဖြည်းဖြည်းချင်း မိနစ်အနည်းငယ်ကြာအောင် ဝါးစားပေးပါ။

    အကျိုးကျေးဇူး - နာကျင်မှုကို သက်သာစေ၊ ရောင်ရမ်းမှုကို လျော့ကျစေ၊ ခံတွင်းနံ့ကို လန်းဆန်းစေပါတယ်။

    ၂။ အိမ်လုပ် ခံတွင်းသန့်ဆေးရည်

    မာလကာရွက် (၅)ရွက်မှ (၇)ရွက်ကို ရေ (၁)ခွက်နဲ့ ၁၀ မိနစ်ခန့် ဆူအောင်ပြုတ်ပါ။

    အရည်ကို စစ်ယူပြီး အအေးခံပါ။

    တစ်နေ့လျှင် (၁)ကြိမ် သို့မဟုတ် (၂)ကြိမ် ခံတွင်းဆေးပေးပါ။

    အကျိုးကျေးဇူး - သွားချေးတွေကို လျော့ကျစေ၊ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပြီး သွားဖုံးတွေကို သက်သာစေပါတယ်။

    ၃။ အရွက်နဲ့ဆား အနှစ်လိမ်းဆေး

    လတ်ဆတ်တဲ့မာလကာရွက်တွေကို ကြိတ်ချေပြီး အနှစ်ပြုလုပ်ပါ။

    ဆားအနည်းငယ် ထည့်ပြီး ရောမွှေပါ။

    နာကျင်တဲ့သွား သို့မဟုတ် သွားဖုံးပေါ်မှာ (၅)မိနစ်ခန့် လိမ်းပေးပြီးမှ ရေနဲ့ဆေးချပါ။

    အကျိုးကျေးဇူး - သန့်ရှင်းစေ၊ သွားကျဉ်ခြင်းကို လျော့ပါးစေပြီး ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်ရှိပါတယ်။

    မှတ်ချက်: မာလကာရွက်က ပရော်ဖက်ရှင်နယ် သွားနဲ့ခံတွင်းကုသမှုကို အစားထိုးလို့မရပေမယ့်၊ ပုံမှန်သွားတိုက်ခြင်းနဲ့ ခံတွင်းသန့်ရှင်းရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။

    #alinthitmedia #health #ကျန်းမာရေး #သဘာဝဆေးနည်း #မာလကာရွက် #သွားနဲ့ခံတွင်း #သွားဖုံးကျန်းမာရေး #သွားကိုက်
    🦷 မာလကာရွက်ရဲ့ အံမခန်း သွားနဲ့ခံတွင်းဆိုင်ရာ အစွမ်းထက်မှုများ! ✨ မာလကာရွက်ကို ရှေးယခင်ကတည်းက သွားနဲ့ခံတွင်းထိန်းသိမ်းမှုအတွက် အသုံးပြုခဲ့ကြတာပါ။ သူ့မှာပါတဲ့ ဘက်တီးရီးယားဆန့်ကျင်တဲ့အာနိသင်၊ ရောင်ရမ်းကျစေတဲ့အာနိသင် နဲ့ လန်းဆန်းစေတဲ့ဂုဏ်သတ္တိ တွေကြောင့် နေ့စဉ်ခံတွင်းသန့်ရှင်းရေးကို ထောက်ပံ့ပေးနိုင်ပါတယ်။ မာလကာရွက်ကို သွားနဲ့ခံတွင်းကျန်းမာရေးအတွက် လွယ်ကူသက်သာစွာ အသုံးပြုနိုင်တဲ့ နည်းလမ်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်နော်: ၁။ အရွက်နုလေးတွေကို ဝါးစားခြင်း မာလကာရွက်နုသန့်သန့် (၂)ရွက်မှ (၃)ရွက်ကို ရွေးချယ်ပါ။ ဖြည်းဖြည်းချင်း မိနစ်အနည်းငယ်ကြာအောင် ဝါးစားပေးပါ။ အကျိုးကျေးဇူး - နာကျင်မှုကို သက်သာစေ၊ ရောင်ရမ်းမှုကို လျော့ကျစေ၊ ခံတွင်းနံ့ကို လန်းဆန်းစေပါတယ်။ ၂။ အိမ်လုပ် ခံတွင်းသန့်ဆေးရည် မာလကာရွက် (၅)ရွက်မှ (၇)ရွက်ကို ရေ (၁)ခွက်နဲ့ ၁၀ မိနစ်ခန့် ဆူအောင်ပြုတ်ပါ။ အရည်ကို စစ်ယူပြီး အအေးခံပါ။ တစ်နေ့လျှင် (၁)ကြိမ် သို့မဟုတ် (၂)ကြိမ် ခံတွင်းဆေးပေးပါ။ အကျိုးကျေးဇူး - သွားချေးတွေကို လျော့ကျစေ၊ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပြီး သွားဖုံးတွေကို သက်သာစေပါတယ်။ ၃။ အရွက်နဲ့ဆား အနှစ်လိမ်းဆေး လတ်ဆတ်တဲ့မာလကာရွက်တွေကို ကြိတ်ချေပြီး အနှစ်ပြုလုပ်ပါ။ ဆားအနည်းငယ် ထည့်ပြီး ရောမွှေပါ။ နာကျင်တဲ့သွား သို့မဟုတ် သွားဖုံးပေါ်မှာ (၅)မိနစ်ခန့် လိမ်းပေးပြီးမှ ရေနဲ့ဆေးချပါ။ အကျိုးကျေးဇူး - သန့်ရှင်းစေ၊ သွားကျဉ်ခြင်းကို လျော့ပါးစေပြီး ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်ရှိပါတယ်။ မှတ်ချက်: မာလကာရွက်က ပရော်ဖက်ရှင်နယ် သွားနဲ့ခံတွင်းကုသမှုကို အစားထိုးလို့မရပေမယ့်၊ ပုံမှန်သွားတိုက်ခြင်းနဲ့ ခံတွင်းသန့်ရှင်းရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။ #alinthitmedia #health #ကျန်းမာရေး #သဘာဝဆေးနည်း #မာလကာရွက် #သွားနဲ့ခံတွင်း #သွားဖုံးကျန်းမာရေး #သွားကိုက်
    Like
    Care
    2
    · 2 Comments ·0 Shares ·268 Views
  • အိမ်တွင်းဆရာဝန်ကြီးများ ဗဟုသုတဆိုတာရှာရခက်တယ်

    1 - တစ်နေ့့ပန်းသီးတစ်လုံးစားရင် ဆရာဝန်မ လို

    2 - ပင်စိမ်းရွက်တစ်နေ့တစ်ရွက်စားပါက က=င်ဆာမဖြစ်ပါ

    3 - သံပုယိုသီးတစ်နေ့တစ်လုံးစားပါကအဆီ
    ကျ၍ ဝ၍ မလာနိုင်ပါ

    4 - တစ်နေ့နွ.ားနို့စစ်စစ်တစ်ခွက်သောက်ပါက
    အရိုးပွရောဂါမဖြစ်ပါ

    5 - တစ်နေ့ကိုရေ ၃ လီတာသောက် ( ရေသန့်၃ ဘူး ) ရောဂါကင်းဝေးမယ်

    6 - နေ့လည်ခင်းတစ်ရေးအိပ်သင့်တယ် ၁၀ မိနစ် ၂၀ မိနစ် နိုးကြားမှု့ကိုလှုံဆော်ပေး အားအင်ပြည့်စေတယ်. အလုပ်လုပ်ဖို့အားအင်ပြည့်လန်းဆန်းစေတယ်

    - မိနစ် ၃၀ အိပ်ရင် မှုးနောက်နောက်ဖြစ်စေ
    ဆစတသနသမစအစအစစအးအ
    - မိနစ် ၆၀ မှတ်ညာဏ်တိုးတက်စေ
    - မိနစ် ၉၀ စိတ်ခံစားမှုမှတ်ညာဏ်နဲ့တီထွင်မှု့တွေတိုးတက်စေ

    7 - သဘာဝဆေ:ဖက်ဝင်ဖျော်ရည်

    အအေးမိရင်- မုန်လာဥနီ နာနတ်သီး ဂျင်း ကြ္က်သွန်ဖြူအားလုံးရောဖျော်သောက်

    အစာမကြေလျှင် - နာနတ်သီး မုန်လာဥနီ ရှောက်သီး ပူစီနာ ရောဖျော်သောက်

    မှတ်ဉာဏ်ကောင်းလိုလျှင် - သလဲသီး စပျစ် ရောဖျော်

    အ.ရ+က်နာကျ - ပန်းသီး မုန်လာဥနီ ရှောက်သီး ရောဖျော်

    မောပန်းလျှင် - ပန်းသီးအစိမ်းရောင် မုန်လာဥနီ ရှောက်သီး ဟင်းနုနွယ်ရောဖျော်

    ဝမ်းချုပ်လျှင် - မုန်လာဥနီ ပန်းသီး ဂေါ်ဖီစိမ်း ရောဖျော်

    စိတ်ဖိစီးလျှင် - ငှက်ပျောသီး စတော်ဘယ်ရီ သစ်တော်သီး ရောဖျော်သောက်

    မျက်လုံးကောင်းရန် - မုန်လာဥနီ
    ရုတ်နံနံ ရောဖျော်သောက်

    ကျောက်ကျလျှင် - လိမ္မော် ပန်းသီး
    ဖရဲသီး ရှောက်သီး ရောဖျော်သောက်
    စစစစစစစစစ
    အကြောရောင်လျှင် -မုန်လာဥနီ နာနတ်သီး သ.ရုတ်နံနံ ရှောက်သီးရောဖျော်သောက်

    ပြည်တည်နာရှိလျှင် - ဂေါ်ဖီ မုန်လာဥနီ သ.ရုတ်နံနံရောဖျော်

    ရင်ကျပ်လျှင် - မုန်လာဥနီ ပန်းသီး ဟင်းနုနွယ် ရှောက်သီး ကြ္က်သွန်ဖြူ

    စိတ်ကျရောဂါရှိလျှင် - မုန်လာဥနီ ပန်းသီး ရဲယိုသီး ဟင်းနုနွယ်

    ဆီးချိုရှိလျှင် - မုန်လာဥနီ ဟင်းနုနွယ် သ. ရုတ်နံနံ

    ခေါင်းကိုက်လျှင် - ပန်းသီး သခွားသီး သ.ရုတ်နံနံ ကိုက်လန် ဂျင်း

    သွေ:တိုးရှိလျှင် - ပန်းသီး သ.ရုတ်နံနံ သခွားသီး ဂျင်း

    အအေးမိလျှင် - မုန်လာဥနီ ဂျင်း ကြ္က်သွန်ဖြူ နာနတ်သီး

    ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
    ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
    အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်

    #အိမ်တွင်းကျန်းမာရေး
    #specialnoted
    #ကျန်းမာရေးဗဟုသုများ #hilightseveryonefollowers
    #fblifestyle
    အိမ်တွင်းဆရာဝန်ကြီးများ ဗဟုသုတဆိုတာရှာရခက်တယ် 1 - တစ်နေ့့ပန်းသီးတစ်လုံးစားရင် ဆရာဝန်မ လို 2 - ပင်စိမ်းရွက်တစ်နေ့တစ်ရွက်စားပါက က=င်ဆာမဖြစ်ပါ 3 - သံပုယိုသီးတစ်နေ့တစ်လုံးစားပါကအဆီ ကျ၍ ဝ၍ မလာနိုင်ပါ 4 - တစ်နေ့နွ.ားနို့စစ်စစ်တစ်ခွက်သောက်ပါက အရိုးပွရောဂါမဖြစ်ပါ 5 - တစ်နေ့ကိုရေ ၃ လီတာသောက် ( ရေသန့်၃ ဘူး ) ရောဂါကင်းဝေးမယ်🥰 6 - နေ့လည်ခင်းတစ်ရေးအိပ်သင့်တယ် ၁၀ မိနစ် ၂၀ မိနစ် နိုးကြားမှု့ကိုလှုံဆော်ပေး အားအင်ပြည့်စေတယ်. အလုပ်လုပ်ဖို့အားအင်ပြည့်လန်းဆန်းစေတယ် - မိနစ် ၃၀ အိပ်ရင် မှုးနောက်နောက်ဖြစ်စေ ဆစတသနသမစအစအစစအးအ - မိနစ် ၆၀ မှတ်ညာဏ်တိုးတက်စေ - မိနစ် ၉၀ စိတ်ခံစားမှုမှတ်ညာဏ်နဲ့တီထွင်မှု့တွေတိုးတက်စေ 7 - သဘာဝဆေ:ဖက်ဝင်ဖျော်ရည် အအေးမိရင်- မုန်လာဥနီ နာနတ်သီး ဂျင်း ကြ္က်သွန်ဖြူအားလုံးရောဖျော်သောက် အစာမကြေလျှင် - နာနတ်သီး မုန်လာဥနီ ရှောက်သီး ပူစီနာ ရောဖျော်သောက် မှတ်ဉာဏ်ကောင်းလိုလျှင် - သလဲသီး စပျစ် ရောဖျော် အ.ရ+က်နာကျ - ပန်းသီး မုန်လာဥနီ ရှောက်သီး ရောဖျော် မောပန်းလျှင် - ပန်းသီးအစိမ်းရောင် မုန်လာဥနီ ရှောက်သီး ဟင်းနုနွယ်ရောဖျော် ဝမ်းချုပ်လျှင် - မုန်လာဥနီ ပန်းသီး ဂေါ်ဖီစိမ်း ရောဖျော် စိတ်ဖိစီးလျှင် - ငှက်ပျောသီး စတော်ဘယ်ရီ သစ်တော်သီး ရောဖျော်သောက် မျက်လုံးကောင်းရန် - မုန်လာဥနီ ရုတ်နံနံ ရောဖျော်သောက် ကျောက်ကျလျှင် - လိမ္မော် ပန်းသီး ဖရဲသီး ရှောက်သီး ရောဖျော်သောက် စစစစစစစစစ အကြောရောင်လျှင် -မုန်လာဥနီ နာနတ်သီး သ.ရုတ်နံနံ ရှောက်သီးရောဖျော်သောက် ပြည်တည်နာရှိလျှင် - ဂေါ်ဖီ မုန်လာဥနီ သ.ရုတ်နံနံရောဖျော် ရင်ကျပ်လျှင် - မုန်လာဥနီ ပန်းသီး ဟင်းနုနွယ် ရှောက်သီး ကြ္က်သွန်ဖြူ စိတ်ကျရောဂါရှိလျှင် - မုန်လာဥနီ ပန်းသီး ရဲယိုသီး ဟင်းနုနွယ် ဆီးချိုရှိလျှင် - မုန်လာဥနီ ဟင်းနုနွယ် သ. ရုတ်နံနံ ခေါင်းကိုက်လျှင် - ပန်းသီး သခွားသီး သ.ရုတ်နံနံ ကိုက်လန် ဂျင်း သွေ:တိုးရှိလျှင် - ပန်းသီး သ.ရုတ်နံနံ သခွားသီး ဂျင်း အအေးမိလျှင် - မုန်လာဥနီ ဂျင်း ကြ္က်သွန်ဖြူ နာနတ်သီး ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့် ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။ အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်🥰🥰 #အိမ်တွင်းကျန်းမာရေး #specialnoted #ကျန်းမာရေးဗဟုသုများ #hilightseveryonefollowers #fblifestyle
    Love
    Care
    2
    · 0 Comments ·0 Shares ·439 Views
More Results