• မိန်းမတွေကို သတိထား
    -----
    တရုတ်ဆိုရိုးတစ်ခုရှိတယ်။ ပြောပြမယ်

    အမေ့ကို ချစ်ဖွယ်သောစကားဆို

    အဖေ့ကို လေးစားစွာ ဆက်ဆံ

    အစ်ကိုတွေကို ချစ်အောင်ပြော

    အစ်မတွေကို နှစ်သက်အောင်ပြော

    ကလေးတွေကို စိတ်ပါလက်ပါဆက်ဆံ

    ဆွေမျိုးတွေကို မျှဝေလိုစိတ်ထား

    မိတ်ဆွေတွေကို ရယ်ရယ်မောမောပြော

    ဂုဏ်ရှိသူတွေကို ယဉ်ကျေးစွာပြော

    ဈေးသည်ကို ပြတ်ပြတ်ပြော

    ဖောက်သည်ကို ရိုးသား

    အလုပ်သမားကို ယဉ်ကျေး

    နိုင်ငံရေးသမားကို သတိထား

    ဘုရားသခင်ကို တိတ်ဆိတ်စွာရှိခိုး

    အင်း

    ဇနီးမယားကိုလား

    ဟုတ်ကဲ့

    ကိုယ့်မိန်းမကိုတော့

    ပြန်မပြောနဲ့ နားထောင်တဲ့

    ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းတစ်ပုဒ်ပြောပြဦးမယ်

    (၁)

    “မောင်”

    “ဘာလဲ”

    “ကျွန်မ ဝနေလားဟင်”

    “ဝနေတယ်”

    “အေးပေါ့ ဝနေပြီ ပြောတော့မှာပေါ့ ... ရှင် ခိုးခိုးကြည့်နေတဲ့ ဟိုဘက်အိမ်က ကောင်မ ငါးဖောင်ရိုးလိုတော့ မဟုတ်ဘူးပေါ့”

    “တိုးတိုးပြောပါကွာ ... ဟိုကကြားသွားပါ့မယ်”

    “ကြားကြား”

    (၂)

    “မောင်”

    “ပြော”

    “ကျွန်မ ဝလာလား”

    “မဝဘူး”

    “ကလိမ် ... ရှင်ဘယ်တုန်းက လိမ်ပြောတတ်တာလဲ ... ရှေ့တင်တောင် ဒီလောက် လိမ်နေတာ နောက်ကွယ်ဆို ပိုဆိုးတော့မှာပဲ”

    (၃)

    “မောင်”

    “ကျွန်မ ဝနေလားဟင်”

    “အင်း နည်းနည်းလေးတော့ ပြည့်တေ့တေ့ဖြစ်နေတယ်”

    “ဘာ ကျွန်မကို ဖောနေသလိုလို ဖောင်းနေသလို ကျန်းမာရေး မကောင်းသလိုလိုပြောတာ ... အေးလေ မြန်မြန်သေစေချင်နေမှာပေါ့”

    (၄)

    “မောင်”

    “ကျွန်မ ဝနေလားဟင်”

    “မသိတော့ဘူးကွာ”

    “ဪ ... ခုတော့ မသိတော့ဘူးပေါ့ ... ခုတော့ ကျွန်မဘာဖြစ်နေတယ်ဆိုတာ ရှင်က မကြည့်ချင် လောက်အောင် ဖြစ်နေပြီပေါ့ ... ရှင်ကန်းနေပြီပေါ့”

    (၅)

    “မောင်”

    “ဘာလဲ”

    “ကျွန်မ ဝနေသလားဟင်”

    “မင်းစိတ်ထဲမှာ ထင်တဲ့အတိုင်းပဲ”

    “ရှင်က ကျွန်မထင်တဲ့အတိုင်းပဲဆိုတော့ ဘာလဲ ကျွန်မကို အဖက်မလုပ်ချင်တဲ့သဘောလား ... ရှင်ပဲ မင်းကို မရရင် သေရပါတော့မယ်ဆိုပြီး မျက်ရည်ကျပြခဲ့တာ မေ့နေပြီလား”

    (၆)

    “မောင်”

    “အင်း”

    “ကျွန်မ ဝနေပြီလား”

    ယောကျ်ားက ပြန်မပြော

    “မောင်”

    ဘာမျှ မတုံ့ပြန်

    “ဘာလဲ ရှင် နားပင်းနေပြီလား”

    (The Way You Treat Your Wife)

    #တင်ညွန့်

    ၁၆.၁.၂၀၂၁

    #credit #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
    မိန်းမတွေကို သတိထား ----- တရုတ်ဆိုရိုးတစ်ခုရှိတယ်။ ပြောပြမယ် အမေ့ကို ချစ်ဖွယ်သောစကားဆို အဖေ့ကို လေးစားစွာ ဆက်ဆံ အစ်ကိုတွေကို ချစ်အောင်ပြော အစ်မတွေကို နှစ်သက်အောင်ပြော ကလေးတွေကို စိတ်ပါလက်ပါဆက်ဆံ ဆွေမျိုးတွေကို မျှဝေလိုစိတ်ထား မိတ်ဆွေတွေကို ရယ်ရယ်မောမောပြော ဂုဏ်ရှိသူတွေကို ယဉ်ကျေးစွာပြော ဈေးသည်ကို ပြတ်ပြတ်ပြော ဖောက်သည်ကို ရိုးသား အလုပ်သမားကို ယဉ်ကျေး နိုင်ငံရေးသမားကို သတိထား ဘုရားသခင်ကို တိတ်ဆိတ်စွာရှိခိုး အင်း ဇနီးမယားကိုလား ဟုတ်ကဲ့ ကိုယ့်မိန်းမကိုတော့ ပြန်မပြောနဲ့ နားထောင်တဲ့ ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းတစ်ပုဒ်ပြောပြဦးမယ် (၁) “မောင်” “ဘာလဲ” “ကျွန်မ ဝနေလားဟင်” “ဝနေတယ်” “အေးပေါ့ ဝနေပြီ ပြောတော့မှာပေါ့ ... ရှင် ခိုးခိုးကြည့်နေတဲ့ ဟိုဘက်အိမ်က ကောင်မ ငါးဖောင်ရိုးလိုတော့ မဟုတ်ဘူးပေါ့” “တိုးတိုးပြောပါကွာ ... ဟိုကကြားသွားပါ့မယ်” “ကြားကြား” (၂) “မောင်” “ပြော” “ကျွန်မ ဝလာလား” “မဝဘူး” “ကလိမ် ... ရှင်ဘယ်တုန်းက လိမ်ပြောတတ်တာလဲ ... ရှေ့တင်တောင် ဒီလောက် လိမ်နေတာ နောက်ကွယ်ဆို ပိုဆိုးတော့မှာပဲ” (၃) “မောင်” “ကျွန်မ ဝနေလားဟင်” “အင်း နည်းနည်းလေးတော့ ပြည့်တေ့တေ့ဖြစ်နေတယ်” “ဘာ ကျွန်မကို ဖောနေသလိုလို ဖောင်းနေသလို ကျန်းမာရေး မကောင်းသလိုလိုပြောတာ ... အေးလေ မြန်မြန်သေစေချင်နေမှာပေါ့” (၄) “မောင်” “ကျွန်မ ဝနေလားဟင်” “မသိတော့ဘူးကွာ” “ဪ ... ခုတော့ မသိတော့ဘူးပေါ့ ... ခုတော့ ကျွန်မဘာဖြစ်နေတယ်ဆိုတာ ရှင်က မကြည့်ချင် လောက်အောင် ဖြစ်နေပြီပေါ့ ... ရှင်ကန်းနေပြီပေါ့” (၅) “မောင်” “ဘာလဲ” “ကျွန်မ ဝနေသလားဟင်” “မင်းစိတ်ထဲမှာ ထင်တဲ့အတိုင်းပဲ” “ရှင်က ကျွန်မထင်တဲ့အတိုင်းပဲဆိုတော့ ဘာလဲ ကျွန်မကို အဖက်မလုပ်ချင်တဲ့သဘောလား ... ရှင်ပဲ မင်းကို မရရင် သေရပါတော့မယ်ဆိုပြီး မျက်ရည်ကျပြခဲ့တာ မေ့နေပြီလား” (၆) “မောင်” “အင်း” “ကျွန်မ ဝနေပြီလား” ယောကျ်ားက ပြန်မပြော “မောင်” ဘာမျှ မတုံ့ပြန် “ဘာလဲ ရှင် နားပင်းနေပြီလား” (The Way You Treat Your Wife) #တင်ညွန့် ၁၆.၁.၂၀၂၁ #credit #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
    Haha
    1
    ¡ 0 Comments ¡0 Shares ¡164 Views
  • ကလေးတွေဆော့ထားတာ
    ကလေးတွေဆော့ထားတာ
    Care
    1
    ¡ 0 Comments ¡0 Shares ¡69 Views
  • နှုတ်ချိုတိုင်း မသာယာပါနဲ့
    ******************
    တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ အိမ်တစ်အိမ်မှ ဒိန်ခဲတစ်တုံးကိုခိုးယူပြီး သစ်ပင်တစ်ပင်ပေါ်သို့ နားနေတယ် ။ ဒိန်ခဲနံ့ရသော မြေခွေး တစ်ကောင်ဟာ ကျီးကန်းနားသို့ နီးကပ်စွာ လာလေ၏ ထိုအခါ မြေခွေးဟာ အဲဒီဒိန်ခဲတုံးကို ဘယ်လိုကြံလျှင် ပိုင်ဆိုင်ရမည်ဟု တွေးတောနေပါတော့တယ် ။

    မြေခွေးလည်း"မင်္ဂလာနံနက်ခင်းလေးပါ မရွှေကျီး ၊ နေကောင်း ကျန်းမာတော် မူရဲ့လား ။အမွေးအတောင် တွေ လှပသလို မရွှေကျီးရဲ့အသံကလည်း သာယာမှာပဲနော် "ဟု ကျီးကန်းကိုပြောကြားလိုက်၏။ ထိုအခါ ကျီးကန်းဟာ မြေခွေးရဲ့ အသံကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိ၏ ။
    ထိုအခါ မိမိဒိန်ခဲအောက်သို့ကျ ပြီးမြေခွေးစာ
    ဖြစ်ရ ရှာတော့တယ်။
    Ref : The Fox and the Crow { Ref = Reference }

    ကျွန်မပတ်ဝန်းကျင်မှာ လူတစ်ချို့ ဒီပုံပြင်တိုလေးက မြေခွေးလို ရှိတတ်ကြပါတယ် ။ မနာလိုမှုတွေ ဖြစ်သောအခါများတွင် လူတစ်ချို့ကမြေခွေးလို ချိုသာသောစကားပြော၍ မြှောက်ပင့်တတ်လေ့ရှိကြ၏ ။ ထိုသူတို့ဟာ သူတစ်ပါးကို နာကျင်အောင် ထိခိုက်အောင် လုပ်ချင်သူသာ ဖြစ်ပါတယ် ။

    မြှောက်ပင့်မှုကို ကြိုက်သူဟာ တစ်ခါတလေမှာ ဒုက္ခတွေ ရတတ်ပါတယ် ။ ကျွန်မတို့ ကြိုးစားနေတဲ့ အချိန်မှာ ဒုက္ခဖြစ်အောင် လူတစ်ချို့က ချိုသာမှုများဖြင့်ပြောဆို၍ မှောင်းထုတ်တတ်လေ့ရှိတတ်ပါတယ် ။ အဲဒီလို ကြိုးစားနေတဲ့ ကာလမှာ စကားချိုတိုင်း မသာယာမိဖို့ သတိပြုရန် လိုအပ်ပါတယ် ။

    အတုအယောင် ဟန်ဆောင်၍ မြှောက်ပင့်သူတို့ရဲ့ စကားကို နားထောင်မိသော သူဟာ ထိုက်သင့်တဲ့ အဖိုးအခကို ပေးကြရမှာသာ ဖြစ်ပါတယ် ။

    အတုအယောင်တို့ရဲ့စကားတိုင်းမှာကိုယ်က မသာယာဖို့ လိုအပ်ပါတယ် ။အကယ်၍ သာယာခဲ့မိလျှင် ကိုယ်ဆီက တစ်ခုခု ပေးတတ်ရ၏ ။

    Credit
    နှုတ်ချိုတိုင်း မသာယာပါနဲ့ ****************** တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ အိမ်တစ်အိမ်မှ ဒိန်ခဲတစ်တုံးကိုခိုးယူပြီး သစ်ပင်တစ်ပင်ပေါ်သို့ နားနေတယ် ။ ဒိန်ခဲနံ့ရသော မြေခွေး တစ်ကောင်ဟာ ကျီးကန်းနားသို့ နီးကပ်စွာ လာလေ၏ ထိုအခါ မြေခွေးဟာ အဲဒီဒိန်ခဲတုံးကို ဘယ်လိုကြံလျှင် ပိုင်ဆိုင်ရမည်ဟု တွေးတောနေပါတော့တယ် ။ မြေခွေးလည်း"မင်္ဂလာနံနက်ခင်းလေးပါ မရွှေကျီး ၊ နေကောင်း ကျန်းမာတော် မူရဲ့လား ။အမွေးအတောင် တွေ လှပသလို မရွှေကျီးရဲ့အသံကလည်း သာယာမှာပဲနော် "ဟု ကျီးကန်းကိုပြောကြားလိုက်၏။ ထိုအခါ ကျီးကန်းဟာ မြေခွေးရဲ့ အသံကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိ၏ ။ ထိုအခါ မိမိဒိန်ခဲအောက်သို့ကျ ပြီးမြေခွေးစာ ဖြစ်ရ ရှာတော့တယ်။ Ref : The Fox and the Crow { Ref = Reference } ကျွန်မပတ်ဝန်းကျင်မှာ လူတစ်ချို့ ဒီပုံပြင်တိုလေးက မြေခွေးလို ရှိတတ်ကြပါတယ် ။ မနာလိုမှုတွေ ဖြစ်သောအခါများတွင် လူတစ်ချို့ကမြေခွေးလို ချိုသာသောစကားပြော၍ မြှောက်ပင့်တတ်လေ့ရှိကြ၏ ။ ထိုသူတို့ဟာ သူတစ်ပါးကို နာကျင်အောင် ထိခိုက်အောင် လုပ်ချင်သူသာ ဖြစ်ပါတယ် ။ မြှောက်ပင့်မှုကို ကြိုက်သူဟာ တစ်ခါတလေမှာ ဒုက္ခတွေ ရတတ်ပါတယ် ။ ကျွန်မတို့ ကြိုးစားနေတဲ့ အချိန်မှာ ဒုက္ခဖြစ်အောင် လူတစ်ချို့က ချိုသာမှုများဖြင့်ပြောဆို၍ မှောင်းထုတ်တတ်လေ့ရှိတတ်ပါတယ် ။ အဲဒီလို ကြိုးစားနေတဲ့ ကာလမှာ စကားချိုတိုင်း မသာယာမိဖို့ သတိပြုရန် လိုအပ်ပါတယ် ။ အတုအယောင် ဟန်ဆောင်၍ မြှောက်ပင့်သူတို့ရဲ့ စကားကို နားထောင်မိသော သူဟာ ထိုက်သင့်တဲ့ အဖိုးအခကို ပေးကြရမှာသာ ဖြစ်ပါတယ် ။ အတုအယောင်တို့ရဲ့စကားတိုင်းမှာကိုယ်က မသာယာဖို့ လိုအပ်ပါတယ် ။အကယ်၍ သာယာခဲ့မိလျှင် ကိုယ်ဆီက တစ်ခုခု ပေးတတ်ရ၏ ။ Credit
    Care
    1
    ¡ 0 Comments ¡0 Shares ¡245 Views
  • တစ်နေ့တာ ပြီးဆုံးခြင်းရဲ့
    ညတစ်ည ဖြစ်တယ်...

    ပျော်ခဲ့တာရှိမယ် စိတ်မကောင်းဖြစ်ခဲ့မိတာရှိမယ်
    ဒါတွေအားလုံးက ပြီးဆုံးခဲ့ပါပြီ

    ဘယ်သူ့အပေါ်မှာမှ
    မတရားလုပ်ခဲ့တာ မရှိတဲ့နေ့အတွက်ဂုဏ်ယူလိုက်ပါ...
    ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်ပါ...
    အိပ်မက်လှလှမက်ပါစေ ကလေးငယ်
    တစ်နေ့တာ ပြီးဆုံးခြင်းရဲ့ ညတစ်ည ဖြစ်တယ်... ပျော်ခဲ့တာရှိမယ် စိတ်မကောင်းဖြစ်ခဲ့မိတာရှိမယ် ဒါတွေအားလုံးက ပြီးဆုံးခဲ့ပါပြီ ဘယ်သူ့အပေါ်မှာမှ မတရားလုပ်ခဲ့တာ မရှိတဲ့နေ့အတွက်ဂုဏ်ယူလိုက်ပါ... ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်ပါ... အိပ်မက်လှလှမက်ပါစေ ကလေးငယ် ✨
    0 Comments ¡0 Shares ¡347 Views
  • မောင် က...ကျွန်မအတွက်တော့
    ရာသီဥတုလေးလိုပါပဲ။

    ဒီနေ့နဲ့ မနက်ဖြန်တူချင်မှ တူတာလေ ...

    နွေးထွေးချင်တဲ့အချိန်
    အရမ်းနွေးထွေးနေတတ်ပြီး....

    အေးစက်သွားတဲ့အခါကျတော့လဲ
    တိတ်ဆိတ်နေတတ်ပြန်ရော။

    ကျွန်မက မေ့ထားချင်ယုံလေးဆို
    မောင်က မေ့သွားခဲ့တာမျိုးလေ။

    ကျွန်မဆိုတာ
    မောင်လိုက်မရှာတဲ့ပစ္စည်းပစ္စယလေးတခုပါ။

    တကယ်လို့များ

    မောင်သာကမ္ဘာကြီးဖြစ်ခဲ့ရင်
    ကျွန်မက ပန်းကလေးအဖြစ်နဲ့

    မောင်သာ လမင်းကြီးဖြစ်ခဲ့ရင်
    ကျွန်မက ကြယ်တာရာလေးအဖြစ်နဲ့

    ကမ္ဘာကြီးကိုလှပအောင် ၊
    လမင်းကြီးရဲ့အလင်းရောင်ပိုမိုလင်လက်နိုင်အောင်
    ဝန်းရံချင်တာမျိုးပါ မောင်။

    #ခင်လေး
    မောင် က...ကျွန်မအတွက်တော့ ရာသီဥတုလေးလိုပါပဲ။ ဒီနေ့နဲ့ မနက်ဖြန်တူချင်မှ တူတာလေ ... နွေးထွေးချင်တဲ့အချိန် အရမ်းနွေးထွေးနေတတ်ပြီး.... အေးစက်သွားတဲ့အခါကျတော့လဲ တိတ်ဆိတ်နေတတ်ပြန်ရော။ ကျွန်မက မေ့ထားချင်ယုံလေးဆို မောင်က မေ့သွားခဲ့တာမျိုးလေ။ ကျွန်မဆိုတာ မောင်လိုက်မရှာတဲ့ပစ္စည်းပစ္စယလေးတခုပါ။ တကယ်လို့များ မောင်သာကမ္ဘာကြီးဖြစ်ခဲ့ရင် ကျွန်မက ပန်းကလေးအဖြစ်နဲ့ မောင်သာ လမင်းကြီးဖြစ်ခဲ့ရင် ကျွန်မက ကြယ်တာရာလေးအဖြစ်နဲ့ ကမ္ဘာကြီးကိုလှပအောင် ၊ လမင်းကြီးရဲ့အလင်းရောင်ပိုမိုလင်လက်နိုင်အောင် ဝန်းရံချင်တာမျိုးပါ မောင်။ #ခင်လေး
    0 Comments ¡0 Shares ¡475 Views
  • မင်းမသိတာကလွဲရင်
    ဒီအလွမ်းတွေကလဲ
    မင်းဆီကို နေ့တိုင်းရောက်ဖြစ်တယ် ။
    မင်းမရှိတာကလွဲရင်
    အရင်လိုပါပဲ
    ကော်ဖီတွေလည်း ပုံမှန်သောက်ဖြစ်တယ် !!

    #ပုရစ်
    မင်းမသိတာကလွဲရင် ဒီအလွမ်းတွေကလဲ မင်းဆီကို နေ့တိုင်းရောက်ဖြစ်တယ် ။ မင်းမရှိတာကလွဲရင် အရင်လိုပါပဲ ကော်ဖီတွေလည်း ပုံမှန်သောက်ဖြစ်တယ် !! #ပုရစ်
    0 Comments ¡0 Shares ¡199 Views
  • မောင် က...ကျွန်မအတွက်တော့
    ရာသီဥတုလေးလိုပါပဲ။

    ဒီနေ့နဲ့ မနက်ဖြန်တူချင်မှ တူတာလေ ...

    နွေးထွေးချင်တဲ့အချိန်
    အရမ်းနွေးထွေးနေတတ်ပြီး....

    အေးစက်သွားတဲ့အခါကျတော့လဲ
    တိတ်ဆိတ်နေတတ်ပြန်ရော။

    ကျွန်မက မေ့ထားချင်ယုံလေးဆို
    မောင်က မေ့သွားခဲ့တာမျိုးလေ။

    ကျွန်မဆိုတာ
    မောင်လိုက်မရှာတဲ့ပစ္စည်းပစ္စယလေးတခုပါ။

    တကယ်လို့များ

    မောင်သာကမ္ဘာကြီးဖြစ်ခဲ့ရင်
    ကျွန်မက ပန်းကလေးအဖြစ်နဲ့

    မောင်သာ လမင်းကြီးဖြစ်ခဲ့ရင်
    ကျွန်မက ကြယ်တာရာလေးအဖြစ်နဲ့

    ကမ္ဘာကြီးကိုလှပအောင် ၊
    လမင်းကြီးရဲ့အလင်းရောင်ပိုမိုလင်လက်နိုင်အောင်
    ဝန်းရံချင်တာမျိုးပါ မောင်။

    #ခင်လေး
    မောင် က...ကျွန်မအတွက်တော့ ရာသီဥတုလေးလိုပါပဲ။ ဒီနေ့နဲ့ မနက်ဖြန်တူချင်မှ တူတာလေ ... နွေးထွေးချင်တဲ့အချိန် အရမ်းနွေးထွေးနေတတ်ပြီး.... အေးစက်သွားတဲ့အခါကျတော့လဲ တိတ်ဆိတ်နေတတ်ပြန်ရော။ ကျွန်မက မေ့ထားချင်ယုံလေးဆို မောင်က မေ့သွားခဲ့တာမျိုးလေ။ ကျွန်မဆိုတာ မောင်လိုက်မရှာတဲ့ပစ္စည်းပစ္စယလေးတခုပါ။ တကယ်လို့များ မောင်သာကမ္ဘာကြီးဖြစ်ခဲ့ရင် ကျွန်မက ပန်းကလေးအဖြစ်နဲ့ မောင်သာ လမင်းကြီးဖြစ်ခဲ့ရင် ကျွန်မက ကြယ်တာရာလေးအဖြစ်နဲ့ ကမ္ဘာကြီးကိုလှပအောင် ၊ လမင်းကြီးရဲ့အလင်းရောင်ပိုမိုလင်လက်နိုင်အောင် ဝန်းရံချင်တာမျိုးပါ မောင်။ #ခင်လေး
    0 Comments ¡0 Shares ¡426 Views
  • မောင် က...ကျွန်မအတွက်တော့
    ရာသီဥတုလေးလိုပါပဲ။

    ဒီနေ့နဲ့ မနက်ဖြန်တူချင်မှ တူတာလေ ...

    နွေးထွေးချင်တဲ့အချိန်
    အရမ်းနွေးထွေးနေတတ်ပြီး....

    အေးစက်သွားတဲ့အခါကျတော့လဲ
    တိတ်ဆိတ်နေတတ်ပြန်ရော။

    ကျွန်မက မေ့ထားချင်ယုံလေးဆို
    မောင်က မေ့သွားခဲ့တာမျိုးလေ။

    ကျွန်မဆိုတာ
    မောင်လိုက်မရှာတဲ့ပစ္စည်းပစ္စယလေးတခုပါ။

    တကယ်လို့များ

    မောင်သာကမ္ဘာကြီးဖြစ်ခဲ့ရင်
    ကျွန်မက ပန်းကလေးအဖြစ်နဲ့

    မောင်သာ လမင်းကြီးဖြစ်ခဲ့ရင်
    ကျွန်မက ကြယ်တာရာလေးအဖြစ်နဲ့

    ကမ္ဘာကြီးကိုလှပအောင် ၊
    လမင်းကြီးရဲ့အလင်းရောင်ပိုမိုလင်လက်နိုင်အောင်
    ဝန်းရံချင်တာမျိုးပါ မောင်။

    #ခင်လေး
    မောင် က...ကျွန်မအတွက်တော့ ရာသီဥတုလေးလိုပါပဲ။ ဒီနေ့နဲ့ မနက်ဖြန်တူချင်မှ တူတာလေ ... နွေးထွေးချင်တဲ့အချိန် အရမ်းနွေးထွေးနေတတ်ပြီး.... အေးစက်သွားတဲ့အခါကျတော့လဲ တိတ်ဆိတ်နေတတ်ပြန်ရော။ ကျွန်မက မေ့ထားချင်ယုံလေးဆို မောင်က မေ့သွားခဲ့တာမျိုးလေ။ ကျွန်မဆိုတာ မောင်လိုက်မရှာတဲ့ပစ္စည်းပစ္စယလေးတခုပါ။ တကယ်လို့များ မောင်သာကမ္ဘာကြီးဖြစ်ခဲ့ရင် ကျွန်မက ပန်းကလေးအဖြစ်နဲ့ မောင်သာ လမင်းကြီးဖြစ်ခဲ့ရင် ကျွန်မက ကြယ်တာရာလေးအဖြစ်နဲ့ ကမ္ဘာကြီးကိုလှပအောင် ၊ လမင်းကြီးရဲ့အလင်းရောင်ပိုမိုလင်လက်နိုင်အောင် ဝန်းရံချင်တာမျိုးပါ မောင်။ #ခင်လေး
    0 Comments ¡0 Shares ¡432 Views
  • မိမိကိုယ်ကိုယ် အားကိုးတတ်သော မိန်းကလေးဟာ
    ဘယ်လိုဒဏ်ရာမှ မရနိုင်ပါဘူး အမျိုးသမီးလေးတို့ရေ

    ကိုယ်ပိုင်ငွေရှိထားဖို့လိုတယ် ပညာရှာ၊ အလုပ်ကိုအာရုံစိုက်၊ လှအောင်နေ ၊ ငွေကိုတတ်နိုင်သမျှငယ်ရွယ်တုန်းရှာ ၊
    အဲ့တာမှ အမှန်တကယ် ဘဝရဲ့ လုံခြုံပြည့်စုံမှု ။

    ကိုယ့်ကိုကိုယ် အကောင်းဆုံးထားနိုင်ရင် ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာမလိုပါဘူး ။
    မိမိကိုယ်ကိုယ် အားကိုးတတ်သော မိန်းကလေးဟာ ဘယ်လိုဒဏ်ရာမှ မရနိုင်ပါဘူး အမျိုးသမီးလေးတို့ရေ💕 ကိုယ်ပိုင်ငွေရှိထားဖို့လိုတယ် ပညာရှာ၊ အလုပ်ကိုအာရုံစိုက်၊ လှအောင်နေ ၊ ငွေကိုတတ်နိုင်သမျှငယ်ရွယ်တုန်းရှာ ၊ အဲ့တာမှ အမှန်တကယ် ဘဝရဲ့ လုံခြုံပြည့်စုံမှု ။ ကိုယ့်ကိုကိုယ် အကောင်းဆုံးထားနိုင်ရင် ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာမလိုပါဘူး ။ 😊
    0 Comments ¡0 Shares ¡355 Views
  • တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။

    #crd_to_owner_with_respect
    တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။ #crd_to_owner_with_respect
    Like
    2
    ¡ 0 Comments ¡0 Shares ¡762 Views
  • ပျော်စရာ ရှိရင်လဲ မင်းနဲ့ အတူတူ
    ဝမ်းနည်းစရာ ရှိရင်လဲ မင်းလက်ကလေးဘဲ
    တွဲထားချင်တယ် ။
    ကံကိုလဲမယုံံဘူး ကံတွေလဲ မကုန်ချင်ဘူး ။
    ရှင်းရှင်းပြောရရင် ကိုယ့်ရဲ့သေးငယ်တဲ့
    သာမာန်ဘဝလေးထဲမှာ မင်းနဲ့အတူတူ
    အိုမင်းသွားလိုတယ် ဒီလောက်ပါဘဲ
    ပျော်စရာ ရှိရင်လဲ မင်းနဲ့ အတူတူ ဝမ်းနည်းစရာ ရှိရင်လဲ မင်းလက်ကလေးဘဲ တွဲထားချင်တယ် ။ ကံကိုလဲမယုံံဘူး ကံတွေလဲ မကုန်ချင်ဘူး ။ ရှင်းရှင်းပြောရရင် ကိုယ့်ရဲ့သေးငယ်တဲ့ သာမာန်ဘဝလေးထဲမှာ မင်းနဲ့အတူတူ အိုမင်းသွားလိုတယ် ဒီလောက်ပါဘဲ 🤍
    Love
    1
    ¡ 0 Comments ¡0 Shares ¡233 Views
  • တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
    ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...

    တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
    ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...

    တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
    ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...

    တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
    သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...

    အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
    ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...

    အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
    ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...

    ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...

    အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
    သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
    ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်...

    #Credit_to_the_Original_Uploader
    #စာပေဗဟုသုတများ
    #စာပေချစ်သူ
    #မေတ္တာဖြင့်
    #crd_to_owner_with_respectcrd
    တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်... တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ... တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော... တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင် သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး... အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး... အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး... ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ... အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... #Credit_to_the_Original_Uploader #စာပေဗဟုသုတများ #စာပေချစ်သူ #မေတ္တာဖြင့် #crd_to_owner_with_respectcrd
    Like
    3
    ¡ 0 Comments ¡0 Shares ¡758 Views
More Results